Thursday, July 26, 2012

www.planet.com.mm အား CyberAttack တိုက်ခိုက်မှုဖြစ်

Posted: 25 Jul 2012 07:16 PM PDT
www.planet.com.mm အား CyberAttack တိုက်ခိုက်မှုဖြစ် မြန်မာ Web-Site များ နှင့် Sever များ Security ပိုင်းကို ပညာရှင်များ စောင့်ကြည့်ကာကွယ်သင့်

နေပြည်တော် ဇူလိုင် ၂၆

မြန်မာနိုင်ငံ၏ အင်တာနက်စာမျက်နှာ Webpage လောကတွင် အသုံးဝင်သော တစ်ခုဖြစ်သည့် www.planet.com.mm အား ယမန်နေ့ ည ၁၁ နာရီ ကျော်ခန့်တွင် အမည်မသိ Hacker တစ်စုမှ တိုက်ခိုက် ခဲ့ပါသည်။

 ည ၁၁ နာရီကနေ မနက် ၈ နာရီအထိ တိုက်ခိုက်ခံရတာပါ။ အခုတော့ ပြန်ဖွင့်လို့ ရနေပြီ ဖြစ်ပါတယ်။

တိုက်ခိုက်ပုံမှာ www.planet.com.mm စာမျက်နှာအား ဖွင့်လှစ်မရတော့ဘဲ ၄င်းတို့ဖော်ပြလိုသော HACKED BY AKINCILAR ဟူ၍ ပုံတစ်ပုံတွင် ၄င်းတို့ ကြွေးကြော်စာများနှင့်အတူ ပေါ်နေပြီး KUDUSGUNU.MP3 သီချင်းတစ်ပုဒ်အား MP3 ဖိုင်ဖြင့် Download ပေးထားပါသည်။

တိုက်ခိုက်ခံရလျှင်ခံရခြင်းစစ်ဆေးကြည့်ရာ ၄င်းတို့သုံးထားသော ပုံမှာ တူရကီနိုင်ငံရှိ Hosting Site တစ်ခုမှတင်ထားခြင်းဖြစ်ပြီး ဖြန့်ဝေသော KUDUSGUNU.MP3 သီချင်းအား NGO ဆိုဒ် တစ်ခု၏ Sever မှသုံးဆွဲ UPLOAD တင်ထားကြောင်း သိရှိရပါသည်။ အသေးစိတ် တိကျသော အချက်များကို ဆက်လက် စစ်ဆေး ဆောင်ရွက်နေကြောင်း အသိပေး အပ်ပါသည်။

www.planet.com.mm အနေဖြင့်လဲ သတင်းများ နှင့် အခြားကဏ္ဏများကို www.Facebook.com တွင်အချိန်နှင့်တစ်ပြေး ညီ ဆက်လက် လွှင့်တင်သွားမည်ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ Intrnet Website များ နှင့် Sever များ၊ Internet ချိတ်ဆက်ထားသော Bank Sever များအနေဖြင့် Security ပိုင်းတိုးမြှင့်ထားကြရန်လိုအပ်ပြီး ပညာရှင်များဖြင့် ပူးပေါင်း ကြိုတင် ကာကွယ်ထားကြရန်လိုအပ်ပါသည်။


မျိုးသန့် - ဖေ့စ်ဘုတ် 



0 ကွန်မန့်ရေးရန်:

Post a Comment