Thursday, July 26, 2012

***လောကမှာ အတူမရှိတဲ့တရားလေးပါး***


ဒီတရားကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဥပသိကာ ငါးယောက်ကိုဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။
၁..-လောကမှာ
ရာဂထက် ပိုပူလောင်ပီးပိုပူပြင်းသော မီးဟူ၍အတူမရှိ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက
နေဆယ်စင်းထွက်လာလော အပူကမြင်ရဦးမယ် ကိုယ့်စိတ်သန္တန်မှာဖြစ်နေတဲ့ ရာဂဆိုတဲ့ မီးကမမြင်မသိသာပဲ
ပူလောင်သောကြောင့်ရာဂထက်ပိုပူပြင်းသောမီးမရှိ
လို့ဟောဖော်ညွှန်ပြဆုံးမခဲ့ခြင်းဖြစ်ပါသည်။
၂...-လောကမှာ ဒေါသလောက် ဖမ်းယူ
တတ် တဲ့နေရာမှာအတူမရှိ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက
ဒေါသကိုယခုလိုဟောသလဲဆို
ရင်ဒေါသဖြစ်နေသောလူတစ်ယောက်ကိုထိုသူ၏စိတ်ထဲတွင်တရိပ်ရိပ်
နှင့်ကြိတ်မနိုင်ခဲမရဖြစ်နေသော ဒေါသ သည်ဆွဲယူနေသည်မှာ အတူမရှိ
ဖြစ်လေသည်။
ဥပမာ-သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးနှင့် စကားများ
ရန်ဖြစ်လျှင် အရင်ခင်မင်ခဲ့ဘူးသော မျက်နှာကိုမှမထောက်ဒေါသ၏ ဖမ်းယူခြင်းကိုခံရပီး ခိုက်ရန်ဖြစ်ပွားသတ်ဖြတ်မိသည်များလည်း
ရှိသည်။
၃...-မောဟသည် ပိုက်ကွန်ယက်နှင့်တူရာမှာ အတူမရှိ။
ငါးဖမ်းပိုက်ကွန်တွင် မိနေသော ငါးများသည် ထိုပိုက်ကွန်ထဲတွင်သာ အုပ်မိုးခံရပီး အဘယ်မှမသွားမထွက်နိုင်သကဲ့သို့ ဘုရားအဆူဆူနှင့်လွဲပီး သံသရာဝဋ်ဆင်းရဲမှ မလွန်မြောက်နိုင်သည်မှာ မောဟဆိုသည့် ပိုက်ကွန်နှင့်တူရာမှာအတူမရှိသော အဝိဇ္ဇာပိုက်ကွန်ကြီး အုပ်မိုး
ထား၍ဖြစ်လေသည်။
၎..-တဏှာသည် မြစ်နဒီနှင့်တူရာမှာ အတူမရှိ။
မြစ်ရေသည် အဘယ်သို့ပင်ဖြည့်သော်လည်း ပြည့်သည်ဟူ၍မရှိသကဲ့သို့
မိမိကြင်လည်ရာ ဘဝသံသရာတလျှောက်လုံး တဏှာ၏အလို
ဆန္ဒကို မည်သို့ မည်မျှပင်ဖြည့်ဆည်းပေးစေကာမူပြည့်စုံသည် လုံလောက်သည်ဟူ၍မရှိခဲ့ပေ။
ဤတရားအဆုံးတွင် ဥပသိကာ ငါးယောက်ထဲမှတစ်ယောက်သည်
သောတာပန်တည်ခဲ့လေသည်။
ထိုအချင်းအရာကိုသိသော အရှင်အာနန္ဒာက
အရှင်ဘုရား အသွေးအသား ရိုးတွင်းထထိပေါက်အောင်
ကောင်းမွန်လွန်းလှတဲ့တရားတော်ကို နာယူရသော်လည်း
ငါးယောက်ထဲ တွင်မှတစ်ယောက်သာ
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါသလဲဟုအား
မလိုအားမရမေးသော်
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ချစ်သားအာနန္ဒာ
ငါဘုရား၏ ကောင်းမွန်လှသောတရားကို
လောကမှာကောင်းမွန်စွာယူနာနိုင်တဲ့ပုဂ္ဂိုလ်တွေဟာနည်းလှတယ် သံသရာတစ်လျှောက်လုံးမှာလောကီအာရုံတွေ နဲ့ပဲကြင်လည် လာကြ၍ဖြစ်တယ်ချစ်သားအာနန္ဒာ
ငါဘုရား၏တရားကိုနာကြားသူထိုငါးယောက်ထဲတွင်တစ်ယောက်သာ
သောတပန်တည်ရသလဲဆိုရင်
၁..-ပထမတစ်ယောက်ကား တရားနာရင်းအိပ်ငိုက်နေသူဖြစ်သည် ထိုပုဂ္ဂိုလ်သည် ဘဝပေါင်းများစွာက မြွေဘဝတွင်ကျင်လည်ခဲ့ရ၍ဖြစ်
သည် ချစ်သားအာနန္ဒာ
၂...-ဒုတိယတစ်ယောက်ကား တရားနာရင်း မြေကြီးကိုတုတ်နဲ့ကုတ်ခြစ်နေသူဖြစ်သည် ထိုပုဂ္ဂိုလ်
သည်တခြားသူမဟုတ် ဘဝပေါင်းများစွာက တီကောင်ဖြစ်ခဲ့ဘူးတယ် ချစ်သားအာနန္ဒာ
၃..-တတိယသစ်ပင်ကိုကိုင်ကာ တရားနာနေသူက ဘဝပေါင်းများစွာ
မျောက်ဘဝရခဲ့ဘူးသူဖြစ်သည် ချစ်သားအာနန္ဒာ
၎..-စတုတ္ထတစ်ယောက်ကား တရာနာရင်း ကောင်းကင်ကိုမော့မော့ကြည့်
နေသူသည် ဘဝပေါင်းများစွာကနက္ခတ်တာယာကြည့်သူဖြစ်ခဲ့ဘူး
တယ်ချစ်သားအာနန္ဒာ
၅..-နောက်ဆုံးတစ်ယောက်သည်သာလျှင် ငါဘုရား၏တရားကို ခေါင်းစိုက်
ပီး အာရုံစူးစိုက်စွာ (နားကတရားနာဉာဏ်ကခန္ဓာဘက်
လှည့်ကာ)နာသာကြောင့်ဖြစ်သည် ထိုပုဂ္ဂိုလ်သည် ဘဝပေါင်းများစွာက တရားဓမ္မတွေကိရွတ်ဖတ်လေ့လာဆည်းပူးနာကြားခဲ့ဘူးတဲ့
ကောင်းမှုထုံမှုန်းခဲ့ဘူးသောကြောင့်ဖြစ်တယ်ချစ်သားအာနန္ဒာ...
.........................
မူရင်းရေးသားသူ ။ ။
Chan Nyein Win(အရှင်ပုညာနန္နဟောကြားတော်မူသောတရားတစ်ပုဒ်မှ
ကောက်နှုတ်ဖော်
ပြပါသည်။)
တင်ပြသူ ။ ။နေမင်းခ( မန္တလေးသားလေး)

0 ကွန်မန့်ရေးရန်:

Post a Comment