This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အလုပ်သမားရေးရာ. Show all posts
Showing posts with label အလုပ်သမားရေးရာ. Show all posts

Thursday, June 26, 2014

ထိုင်း ရောက် မြန်မာ အလုပ်သမား တွေနဲ့ မိုဘိုင်းဖုန်း လူမှု ကွန်ရက် သုံးစွဲမှု............


Bookmark and Share [ ]

ထိုင်း စစ်တပ်က အာဏာ သိမ်းပြီးတဲ့ ကာလမှာ ထိုင်းနိုင်ငံမှာ ရှိတဲ့ တရားမဝင် အလုပ်သမား တွေကို ဖမ်းဆီး
နေရပ်ပြန်ပို့နေတာကတော့ နေ့စဉ်လိုလို ပါ။ အနယ်နယ် အရပ်ရပ်က တရား မဝင်အလုပ်သမားတွေရှိရာ နေ
ရာတွေမှာ ရှောင်တခွင် ဝင်ရောက် စစ်ဆေးတာတွေနဲ့ အဖမ်းအဆီး တွေကလည်း ဆက်တိုက် ဆိုသလို ရှိနေ
တာပါဘဲ။


ဒါတွေကို မြန်မာအလုပ်သမားတွေကတော့ မြန်မာချင်း စည်းလုံးညီညွတ်စွာနဲ့ မိုဘိုင်းဖုန်းကို အသုံးပြုပြီးအင်
တာနက် အွန်လိုင်း ဖေ့စ်ဘုတ် Line ( လိုင်း ) စတဲ့ လူမှုကွန်ရက်တွေ ကနေ တယောက်ကို တယောက် သ
တင်းပေးကာ ရှောင်ရှားနေ နိုင်ကြတယ်လို့ သိရပါတယ်။ ဒါတွေက ဒီအချိန်မှာ သူတို့အတွက် မရှိမဖြစ်အသုံး
ဝင်လာတာ ဖြစ်ပါတယ်။

“ ဒီအချိန်မှာ ကျတော်တို့ မစည်းရုံးရင် ဘယ်ဖြစ်မလဲ။ ဘယ်မှာ ဘာရှိတယ်။ ဘယ်နေရာ မှာ ရဲဝင်တယ်။ အဲ
လိုမျိုး တယောက်နဲ့ တယောက် သိနေ ရမယ်လေ။ ဒီနေ့ မလာကြနဲ့ ရဲဝင်နေတယ်။ သိတဲ့ တယောက် က
ပြောလာရင် ကျတော်တို့ မသွား တော့ဘူး။ အဲလိုမှ မလုပ်ဘူး၊ မပြော ကြဘူး ဆိုရင် သွားပြီပေါ့။ အားလုံး
ထောင်ထဲ ရောက်ကုန်မှာ" ဆိုပြီး မြန်မာ အလုပ်သမား ခေါင်းဆောင် တဦးက ဧရာဝတီကို ရှင်းပြပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအများစုမှာ လက်ကိုင်ဖုန်း၊ အိတ်ဆောင် လက်တော့ ကွန်ပြူတာတွေ
နဲ့ အသားကြနေပြီသား ဖြစ်ကြပါတယ်။


အခုလို အဖမ်းအဆီးများတဲ့ ကာလမှာ အဓိက နေ့စဉ်ကြုံတွေ့နေတဲ့ ပြဿနာကတော့ သွားရေး လာရေး ပဲ ဖြစ်
ပါတယ်။ တရားဝင် အလုပ်သမား လက်မှတ် ရှိသည်ဖြစ်စေ အလုပ်လုပ်ရမယ့် နေရာက သတ်မှတ် ထားတဲ့
နေရာမှာသာ လုပ်ကိုင်ခွင့် ရှိတာပါ။


အဲလိုမျိုး အလုပ်တွေကလည်း များသောအားဖြင့် အိမ်ဖော်အလုပ်နဲ့ ခြံအလုပ်တွေပဲ ဖြစ်ပါတယ်။ အဲဒီ မှာ နေ၊
အဲဒီမှာ စား ဆိုတဲ့သဘောပေါ့။

ဒါပေမယ့် မြန်မာအလုပ်သမားတွေကတော့ ဝင်ငွေပိုရတဲ့ အပြင်က ဆောက်လုပ်ရေး လုပ်ငန်းအပြင် တခြား
နေ့စားအလုပ်မျိုးတွေ လုပ်ကြ တာပါ။ ဒီလို လုပ်ကြတဲ့အခါလည်း သူတို့ရဲ့ လုံခြုံရေးကို အင်တာနက်၊ လူမှု ကွန်ရက်တွေနဲ့ သတင်းမေးပြီး မှ  သွားသင့် မသွား သင့်ကို ဆုံးဖြတ်ကြတယ်။


ထိုင်း ရောက် မြန်မာအလုပ်သမားတွေကတော့ အင်တာနက် လူမှုကွန်ရက်တွေ၊ မိုဘိုင်းဖုန်းတွေနဲ့ လက်
ကိုင် ကွန်ပျူတာတွေကို အကျိုး ရှိရှိ သုံးရင်း မလိုလားအပ်တဲ့ ဖမ်းဆီးခံရမယ့် ဘဝတွေ ကိုကျော်လွှားနေနိုင်
တာကတော့ လက်တွေ့ပါ။

ငြိမ်းဇော် ~

The Irrawaddy's Blog by အိမ့်သံစဉ်

Wednesday, May 14, 2014

ထိုင်းနှင့် မလေးရှားရောက် မြန်မာလုပ်သားများ စာရင်းကောက်မည်...................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

photo:www.asianews.it

ယနေ့အချိန်အထိ စာရင်းအတိအကျ မရှိသေးသော ထိုင်းနှင့် မလေးရှား နိုင်ငံတွင် ရောက်ရှိနေ သည့် မြန်မာအလုပ်သမားဦးရေ စာရင်းကို အဆိုပါ နိုင်ငံများရှိ လူမှု အဖွဲ့အစည်းများမှတစ်ဆင့် ကောက် ယူသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

လူမှုအဖွဲ့အစည်းများ ကောက်ယူ ရရှိသည့် အချက်အလက်များကို စုစည်းရန် သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာ အလုပ်သမား သံအရာရှိကိုလည်း ညွှန်ကြားထားပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အမြန်ဆုံး သိရအောင် လုပ်မယ်။ အတိအကျတော့ မဟုတ်ဘူး၊ အနီးစပ်ဆုံးရအောင် ကြိုးစားမယ်” ဟု ဦးထင်အောင်က ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားသော်လည်း ထိုင်းနိုင်ငံရောက် မြန် မာများက ငါးသန်းခန့် ရှိသည်ဟု ပြောဆိုကြကြောင်း၊ မလေးရှား နိုင်ငံတွင်လည်း မြန်မာလုပ်သား နှစ်သိန်း ငါးသောင်း ရှိသည်ဟု ခန့်မှန်းသော်လည်း ယင်းဦးရေထက် ပိုများနိုင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အထောက်အထားဖြင့် လုပ်ကိုင်သည့် မြန်မာဦးရေ ၂ ဒသမ ၃ သန်း ရှိကြောင်း ချူလာလောင်ကွန်း တက္ကသိုလ်နှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့၏ စစ်တမ်းအရ သိရှိရသည်။

The Voice Journal
ရန်ကုန်၊ မေ ၁၁
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Tuesday, May 13, 2014

နိုင်ငံသားများနှင့်တန်းတူ အခွင့်အရေး ပေးမည်ဟု ထိုင်းနှင့် မလေးရှား အစိုးရ ကတိပေး............


 
ထိုင်းနှင့် မလေးရှား နိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အနည်းဆုံးလုပ်ခ သတ်မှတ်ရေး ရရှိရေးအပြင် အဆိုပါ နိုင်ငံသားများနည်းတူ အခွင့်အရေး ပေးမည်ဟု ထိုင်းနှင့် မလေးရှား အစိုးရတို့က ကတိပေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

မြန်မာအလုပ်သမားများအရေး ကိစ္စနှင့် ပတ်သက်၍ မေလ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ အဆိုပါ နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ရန်ကုန်မြို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

အနည်းဆုံး သတ်မှတ်ထားသည့် လုပ်အားခ မရရှိမှုအပြင် အခွင့်အရေး ချိုးဖောက်ခံရခြင်း စသည့် အလုပ်သမား ပြဿနာများကို သက်ဆိုင်ရာ နိုင်ငံရှိ လူမှုအဖွဲ့အစည်းများမှ တစ်ဆင့် တိုင်ကြားနိုင်ပြီး ယင်းသို့ တိုင်ကြားပါက သက်ဆိုင်ရာ နိုင်ငံအစိုးရကို တင်ပြကာ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း
ဦးထင်အောင်က ဆိုသည်။

“သူတို့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ပေးမယ်လို့ ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံစလုံးက ကတိပေးတယ်” ဟု ၎င်းက ရှင်းပြသည်။

မလေးရှားနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံတွင် အလုပ်သမား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်တစ်ဦးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ယင်းနိုင်ငံများရှိ စက်ရုံများသို့ သွားရောက်ကာ မြန်မာလုပ်သားများနှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြန်မာလုပ်သားများ အကြမ်းဖက် ခံရမှုမျိုး ထပ်မံ မဖြစ်ပွားအောင် လုပ်ဆောင်ပေးမည်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက ကတိပေးခဲ့ပြီး မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးနှင့် မြန်မာအလုပ်သမား သံအရာရှိတို့ အနည်းဆုံး တစ်လတစ်ကြိမ် တွေ့ဆုံ ဆွေးနွေးရန်လည်း သဘောတူညီမှု ရရှိခဲ့ကြောင်း ဦးထင်အောင်က ပြောကြားသည်။

ထိုင်းနှင့် မလေးရှား နိုင်ငံတို့တွင် သတ်မှတ်ထားသည့် အနည်းဆုံး လုပ်အားခ မရရှိခြင်း၊ လုပ်အား ခေါင်းပုံဖြတ်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်း စသည့် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း မြန်မာလုပ်သားများထံမှ သိရှိရသည်။

မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံတွင် သုံးသန်းဝန်းကျင် ရှိပြီး မလေးရှားနိုင်ငံတွင် နှစ်သိန်းငါးသောင်း ဝန်းကျင်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

Copy from - The Voice Weekly

Wednesday, January 1, 2014

မလေးရှားတွင် မြန်မာအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံရ

Tuesday, December 31, 2013

ကိုဈာန်

မလေးရှားနိုင်ငံ ပီနန်ပြည်နယ် ဂျာလမ်ဘာရူးဒေသ ကမ်ပွန်ဆီတိုးလ်က မီးရထားလမ်း တခုဘေးမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံခဲ့ရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ နဂါစာရီ စက်မှုဇုန်နားမှာ အသတ်ခံရတာလို့ အလုပ်သမား ၂ ဦးရဲ့ နာရေးကို လိုက်လံ ကူညီပေးနေတဲ့ ပီနန် နာရေးကူညီမှု အသင်းမှ ဦးပုညက ပြောဆိုပါတယ်။

“စက်မှုဇုန်နားမှာပါ။ ငွေကြေးအရှုပ်အရှင်းကြောင့် ဖြစ်နိုင်ခြေ ရှိပါတယ်။ မုဒိန်းမှုလုံးဝ မပါပါဘူး။ နှစ်ယောက်လုံးက အသတ်ခံရတာ။ နောက်ပြီးတော့ ပစ္စည်းလုတာတွေ ဘာတွေလည်း မပါဘူး။ ရဲက မသင်္ကာသူတွေကို ဖမ်းထားတယ်။”
အသတ်ခံရသူ ၂ ဦးဟာ အသက် ၁၉ နှစ်အရွယ် မဌေးဌေးသန်းနဲ့ အသက် ၄၁ အရွယ် မငယ်တို့ ဖြစ်ကြပြီး မသင်္ကာဖွယ်ရာ မြန်မာ ၂ ဦးကို ခေါ်ယူ စစ်ဆေးနေတယ်လို့ ပြည်နယ်မှုခင်း စုံစမ်းရေးဌာနရဲ့ လက်ထောက်အကြီးအကဲ မာဇလန်ကီဇာက ပြောကြောင်း သည်စတား အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်တဲ့နေရာအနီးက ဘတ်စကားမှတ်တိုင်မှာ ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူတွေ အသက် ၃၀ အရွယ် မြန်မာအမျိုးသား ၂ ယောက်ကို မျက်မြင် သက်သေတဦးရဲ့ ပြောပြချက်တွေအပေါ် မူတည်ကာ အခင်းဖြစ်ပြီး မိနစ် ၃၀ အတွင်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီး ၂ ဦးဟာ စက်ရုံအလုပ်သမားဟောင်းတွေ ဖြစ်ကြပြီး လမ်းလျှောက်လာတုန်း တိုက်ခိုက်ခံရတာလို့ စုံစမ်းစစ်ဆေးရေးအရာရှိ ကီဆာက ပြောပါတယ်။

လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ပြီး ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာ ရှိရင် အနီးဆုံး ရဲစခန်းကို ဆက်သွယ်သတင်းပေးကြဖို့လည်း မက်ဇလန်ကီဆာက တိုက်တွန်းထားပါတယ်။

မြန်မာအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားရေးရာ တာဝန်ရှိသူကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရ ဖြစ်နေပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကလည်း မြန်မာအလုပ်သမားတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့အတွက် မြန်မာအလုပ်သမား ၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားဦးရေဟာ တရားဝင် ၃ သိန်းနဲ့ တရားမဝင် ၄ သောင်း ရှိတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ စာရင်းအရ သိရပါတယ်။

Saturday, December 28, 2013

မလေးရှားက မြန်မာအလုပ်သမားအရေး စိုးရိမ်စရာ မရှိတော့ဟု ဆို ..........................

Friday, December 27, 2013

မလေးရှားမှာ အန္တရာယ်အခက်အခဲတွေရင်ဆိုင်နေရတဲ့  မြန်မာအလုပ်သမားတွေရဲ့ ကိစ္စ  မြန်မာ အစိုးရ 
နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ အလုပ်သမား အေဂျင်စီက လူတွေ ဘယ်လို ကူညီပေးနေတယ် ဆိုတာကို သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးရဲ့ ဖေ့စ်ဘုတ်က တဆင့် အခုလို သတင်းထုတ်ပြန်ထားပါတယ်။ 



မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် ပြီးခဲ့သည့် ဇွန်လဆန်း ၃ ရက်က မြန်မာ အလုပ်သမား တဦး ၏ ရုပ် အလောင်း ကို မလေးရှား ရဲ တပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဓာတ်ပုံ – Straits Times)

မလေးရှားရှိ မြန်မာသံရုံးမှ မြန်မာအလုပ်သမားဆိုင်ရာသံအရာရှိ ဦးစိုးဝင်း၊ မြန်မာ သံရုံး အရာရှိ(၁)ဦး၊ (မြန်မာအလုပ်သမားများကို စေလွှတ်လိုက်သော) မလေးရှားအလုပ်သမားအေဂျင်စီတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ကွာလာ လမ်ပူမှ ဆာရာဝပ်ပြည်နယ်သို့ လေကြောင်းခရီးဖြင့် ထွက်ခွါခဲ့ကြောင်း၊ 
မြန်မာ အလုပ်သမားများ ကူညီရေးအဖွဲ့သည် ဆာရာဝပ်ပြည်နယ် မြို့တော် ကူချင်းသို့ ယနေ့ နေ့လည် ပိုင်းတွင် ရောက်ရှိခဲ့ပြီး မနက်ဖြန် နေ့လည် ၁၂ နာရီ လေယာဉ်ဖြင့် စက်ရုံတည်ရှိရာသို့ ဆက်လက် ထွက်ခွါမည် ဖြစ်ကြောင်း၊ 
ကူချင်းမှ စက်ရုံသို့ မော်တော်ကားဖြင့် ၁၄ နာရီ ခရီးရှိပြီး လမ်းခရီး စိတ်ချရမှု မရှိခြင်းကြောင့် မနက်ဖြန်မှ ဆက်လက် ထွက်ခွါရန် ဖြစ်ကြောင်း၊ မလေးရှားရှိ မြန်မာသံရုံးကလည်း မလေးရှား အစိုးရသို့ အဆိုပါ
ဖြစ်စဉ်အား အသိပေး၍ ကာကွယ်စောင့်ရှောက်မှု အမြန်ဆုံးပေးရန် တောင်းဆို ထားပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ပေးထားသဖြင့် မြန်မာ အလုပ်သမားများ၏ အခြေအနေမှာ စိုးရိမ်စရာ မရှိတော့ကြောင်း၊ 
မြန်မာအလုပ်သမားများ၏ အခြေအနေမှာလက်ရှိအချိန်တွင် အေးဆေးတည်ငြိမ်နေပြီ ဖြစ်ကြောင်း၊ 
မြန်မာအလုပ်သမားများထံသို့ မြန်မာအလုပ်သမားအေဂျင်စီမှ တာဝန်ရှိသူအချို့ ရောက်ရှိနေပြီ ဖြစ်ပြီး စက်ရုံ တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားများ၏ အခွင့်အရေး၊ လုံခြုံမှုကို ညှိနှိုင်းလျက် ရှိကြောင်း၊ 
နောက်ထပ် မြန်မာအလုပ်သမားအေဂျင်စီ(၂)ခုမှ တာဝန်ရှိသူများ မြန်မာနိုင်ငံမှ ယနေ့ လေကြောင်းခရီး
ဖြင့် မလေးရှားသို့ လိုက်ပါသွားကြပြီ ဖြစ်ကြောင်း၊ 
မလေးရှားရောက် မြန်မာ(စစ်ကိုင်းတိုင်းဒေသကြီးမှ)ဇနီးမောင်နှံ(၂)ဦးက မြန်မာအလုပ်သမားများအတွက် ဆန်များ လာရောက်လှူဒါန်းပေးအပ်ထားပြီး ဖြစ်၍ အစားအသောက် အခက်အခဲ ပြေလည်နေပြီ ဖြစ်
ကြောင်း၊ 
မြန်မာနိုင်ငံသံရုံးမှ အလုပ်သမားအရာရှိနှင့် သံရုံးတာဝန်ရှိသူများသည် မြန်မာအလုပ်သမားအေဂျင်စီ၊ မလေးအလုပ်သမားအေဂျင်စီ၊ စက်ရုံတာဝန်ရှိသူများ၊ မလေးရှားအစိုးရမှ သက်ဆိုင်ရာ စသည်တို့ ပါဝင်
သော အလုပ်ရှင်(အလုပ်သမားအေဂျင်စီပါဝင်)-အလုပ်သမား-(၂နိုင်ငံ)အစိုးရ (၃)ပွင့်ဆိုင် တွေ့ဆုံပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာအလုပ်သမားများ၏ အခက်အခဲများ၊ လုံခြုံဘေးကင်းမှု၊ ရေရှည်အာမခံချက် စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် 
ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ 
အထက်က အတိုင်း အစိုးရအရာရှိတဦးက သတင်းထုတ်ပြန်ထားသော်လည်း မလေးရှားက လာတဲ့ တချို့ သတင်းတွေမှာ ယနေ့ ညနေပိုင်းအထိ ထိရောက်တဲ့ ကူညီမှုမျိုး အစိုးရပိုင်းဆီက မရသေးဘဲ စိုးရိမ်နေရဆဲ
ဖြစ်တယ်လို့ ကာယကံ ရှင်တချို့က ပြောနေကြပါတယ်။  
ဒါပေမယ့် ဧရာဝတီကတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။ 




အိမ့်သံစဉ် ~

Monday, December 23, 2013

မင်းပြားမြို့နယ်မှ ပျောက်ဆုံး အမျိုးသမီး ၆ ဦး မိဘများ လက်သို့ ပြန်လည် လွဲပြောင်း ......................









(နိရဉ္စရာ- ၂၂ ဒီဇင်ဘာ ၂၀၁၃)

Minbya signboardရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျေးရွာအချို့မှ အလုပ် လုပ်ရင်း ပျောက်ဆုံးသွား
ခဲ့သည့် အမျိုးသမီးငယ် (၆) ဦးအား မင်းပြားရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ မိဘများထံသို့ ယမန်နေ့က လွှဲ
ပြောင်း အပ်နှံလိုက်သည်ဟု သတင်း ရရှိသည်။

၎င်းအမျိုးသမီးငယ် (၆) ဦးအား မင်းပြားမြို့ပေါ် ရပ်ကွက် အချို့မှ အုပ်ချုပ်ရေးမှူးများ ရှေ့မှောက်တွင်
ရဲတပ်ဖွဲ့မှ လွှဲပြောင်း ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ဦးဝင်းကျော်က ပြော
ကြားသည်။

“ မနေ့ကည နေ့လယ် ၁၂ နာရီမှာ မင်းပြားရဲ စခန်းကို ရောက်ပါတယ်။ တစ်ဦးချင်းစီကို ရဲက စစ်
ဆေးချက်တွေ ယူပါတယ်။ ညနေပိုင်း ၅ နာရီခန့်မှာ မိဘ ဖြစ်သူတွေထံကို လွှဲပြောင်း ပေးအပ်ပါ
တယ်။

အဲဒီ အမျိုးသမီးငယ် တွေကို လွှဲပြောင်းတာမှန်ကန်ကြောင်း မင်းပြားမြို့ပေါ် အလယ်ပိုင်း၊ အောက်
ရွာပိုင်းရွာနဲ့ ဈေးဟောင်းပိုင်းက ရပ်ကွက် အုပ်ရေးမှူးတွေက အသိသက်စေ အဖြစ် လက်မှတ်ရေး
ထိုးပြီး လွှဲပြောင်း လိုက်တာပါ” ဟု ယင်းက ဆိုသည်။

မင်းပြားမြို့နယ် သင်ပုန်းချောင်း အုပ်စု အ၀ရွာ၊ ပြားရှည်ပြင်ရွာနှင့် ခွဆုံရွာတို့မှ မချိုချိုဝင်း (၁၇) နှစ်
မဌေးဌေးးသန်း( ၂၂) နှစ်၊ မသင်းသင်းစိုး( ၁၅) နှစ်၊ မစိုးစိုး (၂၂) နှစ် ၊ မလှဖြူ (၁၄) နှစ်၊ မလုံးလုံး
(၂၃) နှစ် တို့ သည် မြေပုံမြို့နယ်ရှိ လမ်းလုပ်ငန်းခွင် တစ်ခုမှ အလုပ် လုပ်နေစဉ် ယခုလဆန်းပိုင်း
က ပျောက်ဆုံးသွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် သူမတို့ (၆) ဦးအား တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဆောက်လုပ်ရေး လုပ်
ငန်းခွင် တစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

“ သူတို့ကို မိဘတွေ မသိဘဲနဲ့ ခေါ်ယူသွားတာက အေဘီစီ ဆောက်လုပ်ရေး ကုမ္ပဏီ ၀န်ထမ်းတွေ
ဖြစ်ကြတဲ့ ကိုထိန်လင်းနဲ့ ကိုရာဇာတို့ ဖြစ်ကြပါတယ်။ သူတို့ကို တနင်္သာရီတိုင်းမှာ အလုပ် လုပ်ဖို့
ခေါ်သွားတယ်လို့ သိရပါတယ်။ ခေါ်သွားတဲ့ သူတွေကို တရားစွဲ မစွဲဆိုတာကတော့ မနက်ဖြန်မှ သိ
ရမယ်။ မိဘတွေက သမီးဖြစ်သူတွေကို မေးမြန်းပြီး ကျေနပ်မူ ရှိတယ်ဆိုရင် တရားမစွဲဘူး။ မကျေနပ်
ရင် တရားစွဲမယ်” ဟု သူက ဆက်လက် ရှင်းပြ ပြောဆိုသည်။

မင်းပြား ရဲစခန်းတွင် တာဝန်ရှိ ရဲအရာရှိမှ နောက်နောင် ယခုကဲ့သို့ ဥပဒေနှင့် မညီဘဲ သွားလာ
ခေါ်ဆောင်မူများ မပြုလုပ်ကြရန်နှင့် ယခုလုပ်ရပ်နှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ မည်သို့ ရှိ
သည်ကို ရှင်းပြ ပြောဆိုမူများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုအခါ ၎င်းအမျိုးသမီးငယ်များမှာ နေရပ်ကျေးရွာ အသီးသီးသို့ မိဘများနှင့် အတူ ရောက်ရှိသွားခဲ့
ပြီဟု သိရသည်။

နိဉ္စရာ-သတင်းဋ္ဌာန by admin

Wednesday, December 18, 2013

ချင်းမိုင်မြို့ရှိ ယောက်ျားလေး လိင်လုပ်သားထဲတွင် မြန်မာနိုင်ငံ ရှမ်း၊ ကယားနှင့် ကရင်ကဲ့သို့သော တိုင်းရင်းသားများက အများဆုံးဖြစ်

ထိုင်းက မြန်မာ လိင်အလုပ်သမားများ ဘဝ ခက်ခဲကြမ်းတမ်း

ငြိမ်းငြိမ်း

မြန်မာ့လူ့ အဖွဲ့အစည်းတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းသည် မလုပ်သင့်မလုပ်အပ်သည့် အရာတခုအဖြစ် အများက လက်ခံ ယုံကြည်ထားသော်လည်း နယ်စပ်၏ တဖက်ထိုင်းနိုင်ငံရှိ ယောက်ျားလေး လိင်လုပ်သားများ ထဲတွင် မြန်မာနိုင်ငံမှ ပြောင်း ရွှေ့ခိုလှုံနေထိုင်သူများက အချိုးအစား ကြီးမားစွာ ပါဝင်နေသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာပြောင်းရွှေ့နေထိုင်သူများသည် ၎င်းတို့၏ ကိုယ်ခန္ဓာကို ရှိုးဘား (show bar) များ သို့မဟုတ် အခြား ဖျော်ဖြေရေးဆိုင်ရာ နေရာများတွင် လိင်ကိစ္စအတွက် ရောင်းချခဲ့ကြသည်။ ဘားများသည် တရားဝင် ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း ရွှေ့ပြောင်း ခိုလှုံနေထိုင်သူများ ဘားတွင် မလုပ်လုပ်ခွင့်မရှိပါ။ ရလဒ် အနေဖြင့် ယောက်ျားလေး လိင်လုပ်သားအများစုသည် ၎င်းတို့၏ ၀င်ငွေရာရှိရာ အရင်းအမြစ်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြ သည့်အတွက် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများခံစားရသည့် အခါတွင် ဆေးဝါးကုသမှု ခံယူနိုင်ခြင်း မရှိကြပေ။

“ကျနော်တို့ ဘားမှာ အလုပ်လုပ်နေတဲ့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား လူငယ် အများစုက မြန်မာနိုင်ငံက ဖြစ်ပါတယ်” ဟု ချင်းမိုင်မြို့တွင် လိင်တူချင်းချစ်ခင်သူများအတွက် ဖွင့်လှစ်ထားသော ဘားတခုမှ အမည်မဖော်လိုသူ အလုပ်သမား တဦးက ပြောသည်။

ယောက်ျားလေး လိင်လုပ်သားများသည် လိင်တူဆက်ဆံသူများဟု အများက ယူဆထားကြသော်လည်း အချို့ ပြောင်းရွှေ့ ခိုလှုံလာသူများသည် မိသားစုကိုထောက်ပံ့နိုင်ရန်အတွက်သာ ယောက်ျားများနှင့် လိင်ဆက်ဆံကြခြင်းဖြစ်ကြောင်းလည်း သူကဆိုသည်။

ချင်းမိုင်မြို့ရှိ ယောက်ျားလေး လိင်လုပ်သားထဲတွင် မြန်မာနိုင်ငံ ရှမ်း၊ ကယားနှင့် ကရင်ကဲ့သို့သော တိုင်းရင်းသားများက အများဆုံးဖြစ်သည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း၌ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသား လူနည်းစုပြည်နယ်များ ထိခိုက်ပျက်စီး ခဲ့ရပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

ယောက်ျားလေး လိင်လုပ်သား ၅၀ တွင် တ၀က်ခန့်မှာ ရှမ်းပြည်နယ်မှ ရောက်လာသော ပြောင်းရွှေ့ ခိုလှုံသူများ ဖြစ်နေသည်ဟု လိင်လုပ်ငန်းစီးပွားရေးနှင့် ကလေးသူငယ်လူကုန်ကူးမှု ပပျောက်ရေး ဆောင်ရွက်နေသော Urban Light နှင့် Love 146 အမည်ရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းနှစ်ခုက ယခုနှစ် အစောပိုင်းတွင် ချင်းမိုင်မြို့ရှိ အနှိပ်ခန်းများနှင့် ဘားများတွင် တွေ့ဆုံမေးမြန်းလေ့လာမှုများပြုလုပ်ပြီး ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။

“Show Bar မှာအလုပ်လုပ်တဲ့ လူငယ်တယောက်ဟာ တလကို ဘတ် ၂၀၀၀၀ ကနေ ၄၀၀၀၀ ကြား (အမေရိကန်ဒေါ်လာ ၆၂၅ မှ ၁၂၅၀ကြား) ရနိုင်ပါတယ်” ဟု လိင်တူချစ်ခင်သူများအတွက် ဖွင့်လှစ်ထားသည့် အခြား ဘားတခုမှ အမည်မဖော် လိုသူ စားပွဲထိုး တဦးက ဧရာဝတီသို့ပြောသည်။ စားပွဲထိုးများက ယောက်ျားလေး လိင်လုပ်သားများလောက် ၀င်ငွေမရ ရှိ ကြောင်းနှင့် တခါတခါရံ ၎င်းတို့နှင့် ဖောက်သည်များတွေ့ဆုံနိုင်ရန် ကိုယ်စားလှယ်အဖြစ် ကြားဝင်ချိတ်ဆက်ပေးရခြင်းမျိုး လည်း ရှိကြောင်းပြောသည်။

ယောက်ျားလေး လိင်လုပ်သားများသည် ၎င်းတို့ အတွက်ဖောက်သည်ကို Santitham၊ Chiang Mai Land နှင့် Night Bazaar စသည့် ချင်းမိုင်မြို့၏ လူသိများသည့် နေရာများတွင် ရှာဖွေတတ်ကြသည်။ သူတို့၏ အလုပ်က ရေရှည်မဟုတ်ပါ။ “အများစုက သူတို့ရဲ့ နုပျိုမှုကို ထိန်းသိမ်း မထားနိုင်ဘူးလေ၊ အများဆုံး ၃ နှစ်လောက်ကြာတဲ့ အခါ သူတို့ထွက်သွားကြ တာပဲ” ဟု လုပ်သက် ၁၀ နှစ်ကျော်ပြီဖြစ်သော အဆိုပါ စားပွဲထိုးကပြောသည်။

ငယ်ရွယ်သော ယောက်ျားလေး လိင်လုပ်သား အများအပြားသည် မူးယစ်ဆေးသုံးစွဲသွားကြသည် သို့ မဟုတ် HIV ရောဂါပိုး ကူးစက်ခံကြရသည် ဟုလည်းပြောသည်။ သိုသော်လည်း Show Bar များရှိ အလုပ်သမားများက ယောက်ျား လေး လိင်လုပ်သားများ အနေဖြင့် NGO များထံမှ အကူအညီတောင်းခံ၍ မရနိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် သူတို့ အလုပ်သည် ဥပဒေကို ဆန့်ကျင်ချိုးဖောက်နေသည့် အတွက် ထုတ်ဖော်မပြောဆိုလို၍ ဖြစ်ကြောင်း ပြောကြသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းခိုလှုံသူများသည် ဥပဒေအရ အိမ်အကူများ အဖြစ် သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဈေးဆိုင်များတွင်သာ အလုပ်လုပ်ခွင့်ရှိသည်။

“တချို့ကောင်လေးတွေက ယောက်ျား ဧည့်သည်တွေနဲ့ အတူတူ ညဖက်မှာ အပြင်ကို မထွက်ချင်ဘူး။ အပြင်ဖက်မှာ သူ တို့ရဲ့ သူငယ်ချင်းတွေ တွေ့သွားမှာစိုးတယ်လေ။ ကျနော်တို့ ဘားမှာ အဲဒီပြဿနာရှိတယ်။ ဧည့်သည်က ကျနော်တို့ကို ခေါ် ပြီးပြောရင် ကျနော်တို့ကလည်း ပိုက်ဆံပြန်လျော်ပေးရတယ်” ဟုလည်း ဘား အလုပ်သမားတဦးက ပြောပြသည်။ ဧည့်သည်များက တညလုံးစာအတွက် ထိုင်းဘတ်ငွေ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၉၀ခန့်) ပေးသည် ဟုလည်း သူကပြောသည်။

လိင်လုပ်သား အဖြစ်လုပ်ကိုင်သည့် ရွှေ့ပြောင်းနေထိုင်သူတဦးကို ရဲအဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခြင်း ပြုနိုင်ပြီး ထိုင်းနိုင်ငံမှ ပြန်လည် နှင်ထုတ်ခြင်းနှင့်လည်း ကြုံတွေ့နိုင်သည် ဟုသိရသည်။ “လုံခြုံရေးအတွက်ကတော့ ဘားပိုင်ရှင်တွေက တာဝန်ယူရတယ်” ဟု အာဏာပိုင်များသို့ လာဘ်ငွေပေးရသည်ကို ရည် ညွှန်း၍ မြန်မာစားပွဲထိုး တဦးက ဧရာဝတီကိုပြောပြသည်။ “အလုပ် လုပ်နေတုန်း အဖမ်းခံရတဲ့ လူငယ်တယောက်ကို ပြန် လွှတ်ပေးဖို့ ဆိုရင် ဘတ် ၄၀၀၀ လောက် ပေးရတယ်” ဟုလည်း သူကပြောသည်။

လွန်ခဲ့သော ၂ နှစ်က ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS က ၂၀၁၆ ခုနှစ် တွင် HIV အသစ်ကူးစက်ခြင်းနှင့်သေဆုံးခြင်းများကို “သုည အထိလျှော့ချရန်” ဦးတည်ချက် ချမှတ်ခဲ့သည်။

“UNAIDS ရဲ့ သုည အထိလျှော့ချရေး ဦးတည်ချက်အတိုင်းဖြစ်နိုင်ဖို့ အခုထိတော့ မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရွှေ့ပြောင်း ခိုလှုံလာသူတွေ ART ဆေးဝါးရရှိနိုင်ရေးနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ကျန်းမာရေးမူဝါဒကို တချို့ ဆေးရုံတွေမှာ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်မပေးနိုင်သေးလို့ပါ” ဟု ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)မှ ၀န်ထမ်းတဦး ဖြစ်သော Hark Murng ကပြောသည်။ ART ကုထုံး သို့မဟုတ် antiretroviral therapy ဆိုသည်မှာ HIV ပိုး၏ သက်ရောက်မှုကိုထိန်းချုပ်ရန်နှင့် ရောဂါတိုးပွားမှုကို ရပ်တန့်စေရန်အတွက် antiretroviral (ARV) ဆေးများပေး၍ ကုသခြင်းဖြစ်သည်။

“အရင်က ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေကို ARV ဆေးပေးတဲ့ မူဝါဒ မရှိဘူး။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားတွေ လည်း ဘတ် ၂၈၀၀ ပေးပြီး ကျန်းမာရေး အာမခံလျှောက်ထားနိုင်တဲ့ လက်ရှိ မူဝါဒကြောင့် ARV ဆေးတွေ ရရှိနေပါပြီ” ဟု သူက ဆက်ပြောသည်။

ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)မှ ယောက်ျားလေး လိင်အလုပ်သမားများလည်း အခြား ထိုင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်ဆောင်ရွက်နေသည်။ ၁၀၀ ကျော်ခန့်ရှိမည့် ယောက်ျား၊ မိန်းမ နှင့် ကလေးငယ်များ သည် ၎င်းတို့၏ အစီအစဉ်ဖြင့် ကျန်းမာရေးနှင့် အခြားထောက်ပံ့မှုများ ရရှိခဲ့ပြီး ဖြစ် သည်ဟု ဆိုသော်လည်း အရေအတွက် အတိအကျကို ခန့်မှန်းရန် ခက်ခဲကြောင်း Hark Murng ကပြောသည်။

“သူတို့က သူတို့ရဲ့ ပြဿနာကို ပွင့်ပွင့်လင်းလင်းပြောဖို့ တွန့်ဆုတ်နေကြတယ်” ဟု သူကဆိုသည်။

ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)က ရှမ်း၊ ကချင်၊ ဗမာ၊ ကရင်၊ အခါ နှင့် လားဟူ တိုင်းရင်းသားများ နှင့်လည်း အလုပ်လုပ်နေသည်ဟု Hark Murng ကဆိုသည်။

ယခင်အပတ်က ဘန်ကောက်မြို့တွင်ပြုလုပ်ခဲ့သော AIDS ဆိုင်ရာ အာရှနှင့် ပစိဖိတ်ဒေသ ၁၁ကြိမ်မြောက် နိုင်ငံတကာ ကွန်ဂရက် (ICAAP11) သို့ နိုင်ငံပေါင်း ၈၀မှ ကိုယ်စားလှယ် ၄၀၀၀ နီးပါးတက်ရောက်ပြီး HIV ကာကွယ်တားဆီးရေး အတွက် ဆွေးနွေးခဲ့ကြသည်။

အာရှနှင့် ပစိဖိတ်ဒေသတွင် လူ ၄.၉ သန်းခန့် HIV ပိုးကူးစက်ခံထားရသည်ဟု UNAIDS ၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

Tuesday, September 10, 2013

ခွေးတစ်ကောင်လောက်တောင် တန်ဘိုးမရှိဘူးလား ဟု သေဆုံးသူ ဧ။် ဦးလေး တော်စပ်သူ ကဆို

 i Love Myanmar's photo.
တောက်... သတ္တိရှိရင် ထွက်လာခဲ့... မြန်မာပြည်က မိန်ကလေးရဲ့ လက်သန်းတစ်ချောင်းနဲ့ဘဲ စိန်ခေါ်တယ်... လာရင်ဆိုင်လိုက်.... 
------------------------
ခွေးကိုဆဲတဲ့မြန်မာအလုပ်သမားကို ထိုင်းလူမျိုးက သေနတ်ဖြင့်ပစ်သတ်
9.9.2013
ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ခ်ျရနပ် ကွက်တွင်နေထိုသင်ည့်ရာဘာခြံအလုပ်သမား တစ်ဦး အား ခွေးကို ဆဲဆိုသဖြင့် ထိုင်းလူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆နာရီကျော်ခန့် က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသည့် ရာဘာခြံ အလုပ်သမားတစ်ဦး အချိုရည်နှင့် မုန်.များ ယူဆောင်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန် လာသည့်အခါ ခွေးပိုင်ရှင်က အိမ်ရှေ့မှ စောင့်နေပြီးညာဘက်ရင်အုံနှင့် ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်၂ချက် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

ဦးလေး တော်စပ်သူ ကိုဇော်ဇော် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတတယ်လို့ဗျာ။ အချိုရည်ဗူးနဲ့ မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေးကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ် ဆိုလည်းတစ်မျိုး။ ကျနော်တို့ မြန်မာတွေဟာ ခွေးတစ်ကောင်လောက်တောင် တန်ဘိုးမရှိဘူးလား။ အသက်တစ်ချောင်းဗျာ။ ဘ၀တစ်ခု ဒီလို လုပ်ချင်တိုင်း လုပ်လို့ရစတမ်းလားဗျာ” ဟု ထိခိုက်ကြေကွဲ စာဆို သည်။

ကိုသိန်းမင်းစံသည် ထားဝယ်ခရိုင် ပေလာမြို့နယ်၊ ပလရွာ မှ ဦးကျော်မင်း+ ဒေါ်ထွေးရီ တို့၏ သား လူပျို လူလွတ်ဖြစ်ကြောင်း သိရသည်။ ယခု လုပ်ကိုင်နေသည့် ရာဘာခြံတွင် ၄နှစ်တိုင် အလုပ်လုပ်ကိုင်နေ သည့် အလုပ်သများတစ်ဦးဖြစ်သည်။ အလောင်းအား စက်တင်ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်ခဲ.ပြီးဖြစ်သည်

သတင်းဓာတ်ပုံ= ရွှေလုပ်သား
Myanmar daily news

Monday, September 2, 2013

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀နီးပါး အဖမ်းခံရတယ်လို့ သိရ

Sunday, September 1, 2013

မလေးရှားနိုင်ငံမှာ မြန်မာ၂၀၀ နီးပါး ထပ်မံအဖမ်းခံရ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjfvyoRcdP0wqJLnHL3UvylRPfDWEK0Pec0R9Goxp0jND9UcTvLDcfCLVoBs5EylBl7SIA1LPxNkzSdXWBWQt6OkqVE-j8QbJ6zp4s-ceWu7oAE7bHCyMOApki2THLVWNmT_5WuiWR4kiH/s1600/17.jpgမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀နီးပါး အဖမ်းခံရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေထဲမှာ ချင်းတိုင်းရင်းသား ၁၀၀ ခန့်ပါဝင်ပြီး သူတို့ဟာ ခရစ်ယန်ဘာသာဝင်တွေမို့ တနင်္ဂနွေနေ့ ဘုရားကျောင်းကိုအလာမှာ အဖမ်းခံရတာဖြစ်ပါတယ်။

ကွာလာလမ်ပူမြို့ နေရာ ၃နေရာလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး စောစောပိုင်းမှာ နိုင်ငံကူးလက်မှတ် စစ်ဆေးမူတွေလုပ်သလို နိုင်ငံကူးလက်မှတ် မိတ္တူကိုင်ဆောင်ထားသူတွေရဲ့ လက်မှတ်တွေကိုလည်း စစ်ဆေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စစ်ဆေးပြီး လက်မှတ်မပါသူတွေ၊ လက်မှတ်အတုကိုင်သူစတဲ့ သူတွေကို ဖမ်းတာဖြစ်ပါတယ်။ အဖမ်းခံရသူတွေကို လော်ရီကားတွေနဲ့ တင်သွားတယ်လို့ ကွာလာလမ်ပူမြို့ သွေးလှူအဖွဲ့က ကိုသက်က ပြောပါတယ်။

“လော်လီကား အရှည်ကြီး ၅ စင်းလောက်နဲ့ လူတွေကို မတ်တပ်ရပ်ပြီး အပြည့်တင်သွားတယ်၊ ကျနော့်အထင်တော့ တစ်စီးကို ၆ဝ လောက်တော့ပါလိမ့်မယ်၊ ဗမာရော၊ ဘင်္ဂလားရော၊ နီပေါရော အကုန်ရောနေတာပေါ့”

အဲဒီဖမ်းဆီးမှုတွေမှာ မြန်မာနိုင်ငံသား ၇၀ ကျော်လောက်ပါနိုင်တယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာတချို့ကပြောပါတယ်။ ဘုရားရှိခိုးကျောင်းမှာ အဖမ်းခံရတဲ့ ချင်းတိုင်းရင်းသားတွေကို ဒီကနေ့ Miharja မှာ ဖမ်းခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က ၀င်ဖမ်းတာဖြစ်ပါတယ်။

ကလေးတွေနဲ့ မိခင်တွေကိုတော့ မဖမ်းပဲ ကျန်သူတွေကို လော်ရီကား ၂ စီး နဲ့ တင်သွားတယ်လို့ Chinland Guardian သတင်းစဉ်မှာဖေါ်ပြပါတယ်။

RFA Burmese

Thit Htoo Lwin - News

Wednesday, July 31, 2013

မလေးရှားသို့ အလုပ်သမားများ စေလွှတ်ရန် ပြန်ခွင့်ပြုပြီ ....................................................

ညိမ်းပြည့်စုံ


ပြဿနာများကြောင့် ယာယီရပ်ဆိုင်းထားသည့် မလေးရှားသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများ ပို့ဆောင်ရန် ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်ပြီး အလုပ်သမားကတ် များလည်း လုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“ပြဿနာတွေ ဖြစ်နေလို့ အလုပ်သမားပို့ခွင့်ကို ယာယီ ရပ်ခိုင်းလိုက်ပေမယ့် အေဂျင်စီတွေက အခက်အခဲတွေနဲ့ ကြုံရတယ်။ သွားချင်နေတဲ့ လုပ်သားတွေကလည်း ကြန့်ကြာနေရတယ်။ အခုတော့ မလေးရှားမှာ အခြေအနေတွေ ငြိမ်နေပြီဆိုတော့ အလုပ်သမား ပို့လွှတ်ဖို့ကို ခွင့်ပြုလိုက်တာ” ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ဧရာဝတီသို့ ပြောသည်။

မလေးရှားသို့ မြန်မာလုပ်သားများ ပို့လွှတ်ခွင့်ကို ပြန်လည် ခွင့်ပြုလိုက်သော်လည်း လုပ်သားစေလွှတ်မည့် အေဂျင်စီများ အနေဖြင့် အချက် ၉ ချက် ပါရှိ ခံဝန်ကတိ သဘောတူ စာချုပ်ချုပ်ဆိုရမည် ဖြစ်ကြောင်း၊ သဘောတူ လက်မှတ်ထိုးပြီး မှသာ လုပ်သားစေလွှတ်ခွင့် ရှိမည် ဖြစ်ကြောင်း နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ၂ စောင်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသို့ လုပ်သားပို့ရန် သဘောတူစာချုပ်တွင် အလုပ်ခေါ်စာ၊ စက်ရုံ၏ လိပ်စာတို့ မှန်ကန်မှု ရှိခြင်း၊ လုပ်သားများ အတွက် အန္တရာယ်ကင်း၍ အေးချမ်းသော နေရာဖြစ်ခြင်း၊ လစာနှင့် ခံစားခွင့် မှန်ကန်မှုရှိခြင်း၊ မြန်မာ လုပ်သားများသည် မလေးရှားနိုင်ငံ၏ ဥပဒေများအတိုင်း ခံစားခွင့်ရှိခြင်း၊ တစုံတရာကြောင့် ထိခိုက်၊ သေဆုံးခဲ့ ပါက နစ်နာကြေး၊ လျော်ကြေးရရန် ဆောင်ရွက်ပေးခြင်း၊ လုပ်သား အလုပ်သက်တမ်း ကုန်ပါက လေယာဉ်လက်မှတ်ကို အေဂျင်စီက စီစဉ်ပေးခြင်း၊ လုပ်သားများ ပြဿနာပေါ်လာလျှင် အေဂျင်စီက တာဝန်ယူ အကုန်အကျခံကာ ဖြေရှင်းပေးခြင်း စသည်တို့ ပါရှိသည်။

မလေးရှားသို့ မြန်မာ လုပ်သားများ ပို့လွှတ်ခွင့်ကို ဇွန်လ ၁၃ ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ ထိုပြဿနာ များကြောင့် ၁ လကျော် အတွင်း မြန်မာလုပ်သား ၃ ထောင်ကျော် ပြည်တွင်းသို့ ပြန်လာခဲ့ကြောင်း၊ ယခု ထိုပြဿနာများ ငြိမ်သက်သွားပြီ ဖြစ်သည့်အတွက် ဇူလိုင် ၃၀ ရက်နေ့မှ စ၍ လုပ်သားများ စေလွှတ်ရန် ပြန်လည် ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီအချက်တွေကလည်း အခုမှ ရေးတဲ့ အသစ်တွေ မဟုတ်ဘူး။ ပြည်ပအလုပ်အကိုင်နဲ့ ပတ်သက်တဲ့ လုပ်ငန်းလိုင်စင် ရကတည်းက လိုက်နာရမယ့် အချက်တွေမှာ ပါတဲ့ ဟာတွေပဲ” ဟု ဒေါ်ခင်နွေဦးက ဆိုသည်။

နေပြည်တော်ရှိ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတွင် သဘောတူ လက်မှတ် ရေးထိုးရမည်ဖြစ်ပြီး စည်းကမ်းချက်များကို ဖောက်ဖျက်ပါက လိုင်စင် သိမ်းမည် ဖြစ်ကြောင်း သိရသည်။

“အခုလို လုပ်သားပြန်လွှတ်ဖို့ ခွင့်ပြုလိုက်မှ အဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ ဒီကနေ လုပ်သားစေလွှတ်ဖို့ ရပ်ထား လိုက်ရတဲ့ အတွက် ဟိုဘက်က အလုပ်ခေါ်စာတွေ ရတယ်။ ဒါပေမယ့် ဒီဘက်က မပို့နိုင်တာတွေ ဖြစ်လာတယ်။ ဒီတော့ ဟိုဘက်ကုမ္ပဏီကို လျော်ကြေးတွေ ပေးရတယ်” ဟု Royal Four Sea ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

Wednesday, June 19, 2013

မလေးရှားရှိ တရားမဝင်မြန်မာလုပ်သား အားလုံး တရားဝင် အထောက်အထား ထုတ်ပေးမည်



အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက် အထားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သားများကို တရားဝင်အထောက်အထား ထုတ်ပေးသည့် ပုံစံမျိုးအတိုင်း မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများကို နှစ်နိုင်ငံ အစိုးရညှိနှိုင်းကာ တရားဝင် အထောက်အထား ရရှိအောင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီက လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

"သံရုံးမှာ ဝန်ထမ်းအင်အားက နည်းနေတယ်။ လုပ်နေရတဲ့ လုပ်ငန်းစဉ်က များတယ်။ ဝန်ထမ်းအင်အား တိုးဖို့ လိုတယ်"ဟု အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တရားဝင်အထောက် အထားမရှိသဖြင့် မြန်မာအလုပ်သမား ၁၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် အလုပ်သမား ၃၀၇ ဦးမှာ အထောက်အထား မရှိသဖြင့် ဆက်လက်ဖမ်းဆီးခံ ထားရဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံမှ ဇွန်လ ၁၅ရက်နှင့် ၁၆ရက် နေ့တို့တွင် ပြန်လာသူစုစုပေါင်း ၄၅၉ ဦး ရောက်ရှိလာပြီး ၄င်းတို့မှာအကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူများ မဟုတ်ကြောင်း၊ အကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူ ၂၅ဦးမှာ ဇွန်လ ၁၇ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ နောက်ထပ်ပြန်လာရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင် တရားဝင် အထောက်အထား(Certificate of Identity) ပြုလုပ်နေသူ ၁၄၀ ဦးရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ထံမှ သိရှိရသည်။

The Voice Weekly
သတင်းမှ သိသမျှ

Tuesday, June 18, 2013

@ ကာတာရောက် ဒုက္ခအိုးများ ဘဝ

  •ှQLG ကိုနောက်ထပ် ထပ်မလာကြပါနဲ. ရွှေမြန်မာ တွေ ကြိုသတိပေးတာပါ နောက်မှနောင်တတွေရကြမှဆိုးလို.ပါ နောက်ထပ်ရောက်မဲ.သူတွေရှိတယ်ဆိုတာ အသံကြားတော. ရင်ထဲတောင်မကောင်းဘူး မအူမလည်နဲ. ကိုယ်တွေတုန်းကလိုပဲ ဘာဖြစ်ဖြစ် ဆိုရင်တော. အေးဂျင်.ကိုပိုက်ဆံလက်မလွန်သေးဘူး ဗီဆာမရသေးဘူးဆိုရင် မလာကြပါနဲ. အမှန်တစ်ကယ်ဆို အေးဂျင်. ကို ပိုက်ဆံ အများဆုံး ၃ သိန်းထက်မပိုပါဘူး ဘာလို.လဲဆိုတော. ကုမ္မှဏီက အေးဂျင်.ကို အလုပ်သမားရှာဖို. တစ်ယောက်ကို ၅ သိန်းနီးပါးပေးထားပြီးသားပါ ကိုယ်လိုချင်တဲ. position ကို အားမနာပါနဲ. အေးဂျင်.ပြောတိုင်းလဲမယုံပါနဲ. ရရာနဲ.တော. ဒီ QLG ( Qatar Luxery Group ) ကိုမလာပါနဲ. တစ်ကယ်မကောင်းပါဘူး ဗျာ ကုမ္မဏီအရမ်းကောင်းပါတယ် ( ကာတာ နိင်ငံပိုင် စီးပွားရေးလုပ်ငန်းစုကြီးပါ ကာတာဘုရင်မရှယ်ရာအများဆုံးပါပါတယ် ) ဒါပေမဲ. လူနည်းစုဖြစ်တဲ. အဂံလန်နိင်ငံသားတွေရဲ.ခြယ်လှယ်မှု.အောက်မှာ အခြေခံအလုပ်သမားတွေ လစာနည်းခြင်း အလုပ်ချိန် တစ်နေ. ၁၂ နာရီ ဆားဗစ် money မရှိပါဘူး တစ်ပါတ် တစ်ရက်ပိတ်ရက် အပြင် တစ်မန်းနီးက နှစ်လပေါင်းမှ ၃၀၀ လောက်ပဲရပါတယ် တစ်ယောက်တစ်မျိုး အရူးထပြီး အချိန်အမျိုးမျိုး ပလန်အမျိုးမျိုး ပါးစပ်ထဲရှိတိုင်း ဆွဲတာမို.လို. မလာစေချင်တာပါ ၀န်ထမ်း စာ မကောင်းပါ ၊ နားနေခန်း မရှိပါ ၊ လော်ကာမရှိပါ အဆောင်ကောင်းပါတယ် မြန်မာဆိုနှိမ်ပါတယ် ဘယ်လိုဖြစ်ဖြစ် လုပ်မယ်ဆိုတဲ.သူတွေဆိုရင်တော. မတားပါဘူး ကိုယ်.သမိုင်းနှင်.ကိုယ်ပါ တစ်ကယ်ကြုံတွေရတဲ.သူတွေရဲ. ခါးသီးတဲ.ကိုယ်တွေ.တွေဖြစ်တာကြောင်.ပြန်လည်မျှဝေတာပါ တစ်ခုပြောချင်တာက TLE မှ ပုဂ္ဂိုလ်များ မိမိ ငွေရရင်ပြီးရောဆိုပြီး ကိုယ်.ကို ယုံကြည်လို. အလုပ်လာအပ်တဲ. မြန်မာအချင်းချင်းအပေါ် မရက်စက်ပါနဲ. မလိမ်ပါနဲ. နှစ်ဖက်ခွမစားပါနဲ. 
    ခင်ဗျားတို. လုပ်တာ များနေပါပြီ ကျွန်တော်တို. မြန်မာလူ ၅၀ နီးပါနဲ.တင် တစ်ယောက် ၆ သိန်း နဲ. ခင်ဗျားတို. တော်တော်ခိုင်နေပါပြီ နာမည်တွေတပ်မပြောချင်ဘူးဗျာ နောက်လာမဲ.သူတွေကို ဒီဒုက္ခတွင်းထဲတော. ထိုးမထည်.ပါနဲ. မက်နဲ. ခင်ဗျားတို.ဘယ်လိုနားလည်မှု.လဲဆိုတာတော.မသိဘူး ကျနော်တို.ကတော.နောက် ရွှေတွေမလာစေချင်ဘူး တစ်ခြားနိင်ငံတွေတစ်ပုံကြီးပါဗျာ တစ်ခြားဂွင်တွေနဲ.လုပ်စားပါ 
    အိုတီကြေးပါမရပါ သတင်းအတိအကျသိချင်တဲ.သူတွေကတော. 

    universalguesi@gmail.com

    linnhtetthu89@gmail.com 

    nyanwinhtet.love@gmail.com

    Sithu linn ( face book ) 

    popularsexykoko99@gmail.com 

    thetswe137@gmail.com များသို. တိုက်ရိုက်ဆက်သွယ်ပြီးအသေးစိတ်မေးမြန်းနိင်ပါတယ်

    ( TLE အေးဂျင်.တည်နေရာကတော. ရန်ကင်းစင်တာ အနီးနား ဒိုရာဓါတ်ပုံတိုက်ရှေ. တည်.တည်.) 

    @ ကာတာရောက် ဒုက္ခအိုးများ

Thursday, June 6, 2013

မလေးရှားတွင် မြန်မာများကို အဖမ်းအဆီးကြမ်း

လင်းသန့်

မလေးရှားတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို သတိပေးပြီးနောက် ကွာလာလမ်ပူမြို့တွင် မြန်မာများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ရက်သတ္တ တပတ်အတွင်း အမည်မသိ လူအုပ်စု၏ တိုက်ခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား ၃ ဦးထက် မနည်း သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။

မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ပစ္စည်းဥစ္စာ ဆုံရှုံးခြင်းတို့ ဖြစ်ပွားမှုအတွက် မလေးရှား သံအမတ်ကြီး မစ္စတာ အာမတ်ဖိုင် ဆဲလ်ဘင် မိုဟာမက်အား နိုင်ငံခြားရေး ဒု ၀န်ကြီး ဦးဇင်ယော်က ပြစ်မှုကျူးလွန်သူများကို ချက်ချင်း စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးရန်၊ ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် မလေးရှား အစိုးရက လိုအပ်သည်များကို အရေးယူ ဆောင်ရွက်ပေးရန် စသည်တို့ကို သတိထောက်လွှာ ပေးပို့၍ အကြောင်းကြားခြင်း ဖြစ်သည်။

ယင်းသို့ သတိထောက်လွှာ ပေးပို့ပြီးနောက် ယမန်နေ့ညမှ စတင်ကာ တရားဝင် အလုပ်လုပ်နေသည့်မြန်မာများရော တရားမဝင် အလုပ်လုပ်နေသည့် မြန်မာများကိုပါ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

“အခု အော်ပရာစီ (ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးမှု) တွေကို မလေး ရဲတွေ၊ လ၀ကတွေ၊ ရာလာ (ပြည်သူ့စစ်) တွေပါတဲ့ အဖွဲ့တွေက အထူးစီမံချက်နဲ့ မနေ့ညကရော၊ ဒီတမနက်လုံး မြန်မာမှန်သမျှ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းတယ်။ အဲဒီနေရာက အမည်းရောင်လို့ ပြောနေကြတဲ့ ဆာလာရမ်းဘက်မှာ အဓိက လုပ်တာပါ” ဟု မလေးရှားနိုင်ငံရောက် မြန်မာတဦးဖြစ်သူ ဦးဝင်းအောင်က ဧရာဝတီကို ပြောသည်။

ယမန်နေ့ညနှင့် ယနေ့ ဖမ်းဆီးမှုများကြောင့် အနည်းဆုံး မြန်မာ ၁၀၀ ခန့် အဖမ်းခံရကြောင်း၊ ထိုကဲ့သို့ ရှောင်တခင် ဖမ်းဆီးမှုမျိုး ယခင်က ရှိခဲ့သော်လည်း ယခု ဖမ်းဆီးမှုမှာ အပြင်းထန်ဆုံး လူဖမ်းပွဲဖြစ်သည်ဟု ကွာလာလမ်ပူရှိ မျက်မြင် မြန်မာတဦးက ပြောသည်။

အမည်မဖော်လိုသူ မြန်မာတဦးကလည်း “လုပ်တာကလည်း လူအုပ်လိုက်၊ လုပ်တာလည်း တပုံစံတည်း၊ လုပ်သွားတဲ့ လူတွေကို ဖမ်းရမယ့်အစား သူတို့က မြန်မာမြင်တိုင်း အကုန် ဖမ်းတော့တာပဲ” ဟု ဆိုသည်။

မလေးရှားတွင် လာရောက်နေထိုင် အလုပ်လုပ်နေကြသော ရခိုင်နှင့် မြန်မာများ ယခင်က တိုက်ခိုက်မှု အကြိမ်ကြိမ် ခံခဲ့ရသော်လည်း မလေးရှား သတင်းမီဒီယာ တော်တော်များများက မဖော်ပြခဲ့ကြကြောင်းလည်း သူက ဆက်ပြောသည်။

“မနှစ်က ရခိုင်ကိစ္စဖြစ်ပြီး နောက်ပိုင်း ဒီက ရခိုင်တွေ၊ မြန်မာတွေ ဆက်တိုက် တိုက်ခိုက် ခံလာခဲ့ရတာ၊ မြန်မာ သံရုံးကလည်း လုံးဝ အားမကိုးရဘူး” ဟု သူက ဆိုသည်။

ဒုတိယ ရဲမင်းကြီး Amar Singh Ishar Singh ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြရာ၌ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များ ဖြစ်ပွားမှု ဂယက်က ကွာလာလမ်ပူကို ရိုက်ခတ်ခြင်း ဖြစ်နိုင်ကြောင်း၊ တင်းမာမှုများကို ထိန်းချုပ်ရန် မြန်မာ ၆၀ ခန့်ကို ဖမ်းဆီးထားကြောင်း ရေးသားထားသည်။

မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမ၀င် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူ ရာနှင့်ချီ၍လည်း ရှိကြောင်း သိရသည်။

Friday, May 24, 2013

လက်တဖက်ဖြတ်လိုက်ရသောမိန်းကလေးငယ်အားအလုပ်ရှင်မှတာဝန်ယူပေးခြင်းမရှိပါ၊ ဒီကစ္စကိုအလုပ်သမားရုံး နှင့် သက်ဆိုင်ရာ အစီုးရဌာနများသိစေချင်

 သက်ဆိုင်ရာ အစီုးရဌာနများသိစေချင်ပါတယ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ နယ်၊ ကြူဝတ်အု ပ်စု၊့ကန်သာယာကျေးရွာ တွင်နေထိုင်သူ

မအေးအေးမြင့်အသက် ၁၄ နှစ်သည်ကြံသကာချက်ရာ
... အ လုပ်ထဲတွင်ကြံကြိတ်စက် ပင်နံယံအသွားထဲသို့လက်ပါသွားရာ
၁၃ -၁၁ -၂၀၁၂ ရက်နေ့တွင်ပြည် ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး
၁၄ ရက်နေ့တွင်ဘယ်ဘက်လက်အရင်းပိုင်မှဖြတ်လိုက်ရပါသည်။

လက်တဖက်ဖြတ်လိုက်ရသောမိန်းကလေးငယ်အားအလုပ်ရှင်မှတာဝန်ယူပေးခြင်းမရှိပါ၊ ဒီကစ္စကိုအလုပ်သမားရုံး နှင့် သက်ဆိုင်ရာ အစီုးရဌာနများသိစေချင်ပါတယ်

Friday, May 10, 2013

မြန်မာပြည်က အခြေခံလုပ်သားလူတန်းစားတွေရဲ့ ဘ၀ ဒီထက်ပိုမြင့်မားလာပါစေ.


ကျွန်တော် မိတ်ဆွေတွေနဲ့ (၈)မိုင် မရမ်းကုန်းမီးပွိုင့်အနီးက ဟိုင်နန်စားတော်ဆက်ကို ညစာစားဖို့ ရောက်ခဲ့တယ်။
ဆိုင်ထဲဝင်တဲ့ လမ်းထိပ်နားက အမှိုက်ပုံမှာ ဦးလေးကြီးအရွယ် စည်ပင်သန့်ရှင်းရေးဝန်ထမ်းတစ်ဦး အမှိုက်တွေ လာလာပုံနေပါတယ်။
သူငယ်ချင်းတွေ ရောက်မလာသေးလို့ ကျွန်တော်ကားပေါ်မှာထိုင်စောင့်နေစဉ် အဲဒီလူကြီးက အမှိုက်ပုံထဲက ရောင်းလို့ရမယ့် ဂျပ်စက္ကူတွေရွေးနေတယ်။
ရုတ်တရက်တော့ နဲနဲအမြင်ကပ်သွားမိတယ်။ လုပ်ရမယ့် အလုပ်တွေတော့ မလုပ်ပဲ ဂျပ်စက္ကူတွေ ရောင်းစားဖို့ ပဲ ရှာနေတယ်ဆိုပြီးတော့ပေါ့။
ခဏနေသူငယ်ချင်းတွေရောက်လာတော့ ကျွန်တော်တို့ ဆိုင်ထဲဝင်လိုက်ကြတယ်။
ဟင်းပွဲမှာတာများသွားလို့ စားလို့မကုန်ပဲ ကျန်နေတဲ့ဟင်းပွဲတွေ အများကြီးပဲ။ ဒီတိုင်းချန်ထားပစ်ခဲ့ကြတယ်။

ဆိုင်ကအထွက် ည(၁၀)နာရီလောက်ရှိပြီ။
ခုနက ဦးလေးကြီးကို အမှိုက်ပုံနား ပလက်ဖောင်းပေါ်မှာ အိပ်လျက်သားတွေ့လိုက်ရတယ်။
သူခုနက ရှာနေတဲ့ ဂျပ်စက္ကူလေးကို ခင်းလျက်သားနဲ့ပေါ့။
မြင်ရတော့ ရင်ထဲမှာ မကောင်းဘူးဖြစ်သွားတယ်။

တကယ်ဆို ဘယ်သူပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလို ပလက်ဖောင်းပေါ်မှာအိပ်နေရဖို့ မထိုက်တန်ပါဘူး။
သူ့မှာလည်း သား၊ သမီး၊ မိသားစုတွေရှိကြမှာပါ။ သူ့မိသားစုတွေ သူဒီလို ပလက်ဖောင်းပေါ်အိပ်နေတာ မြင်ရင် စိတ်ကောင်းကြပါ့မလား။
ကိုယ်ချင်းစာစိတ်နဲ့ တွေးကြည့်မိတယ်။

ကျွန်တော်ခုနက လမ်းဘေးမှာ သူငယ်ချင်းတွေကို စောင့်နေတုန်း ခဏလေးမှာတောင် ခြင်အရမ်းကိုက်တာ
အခု အိပ်နေရှာတဲ့ ဦးလေးကြီးကိုလည်း ခြင်ဘယ်လောက်ကိုက်ရှာမလဲ။ ပင်ပန်းမှုတွေက ခြင်ကိုက်တဲ့ဒဏ်ကို ကျော်လွန်သွားလို့ မမှုတော့ပြီလား။

အဲဒီဦးလေးကြီး ညစာရော စားပြီးရဲ့လား။ စားပြီးလည်း ဟင်းကောင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်။ တကယ်ဆို ကျွန်တော်တို့ ဆိုင်မှာ ပိုတဲ့ဟင်းတွေအများကြီးပါ။ ပါဆယ် ထုပ်ယူလာပြီး အဲဒီဦးလေးကြီးကိုပေးလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ စိတ်ထဲ နောင်တရနေမိတယ်။

ခုနက ဂျပ်စက္ကူတွေ ရှာနေတာကို ဆန္ဒစောစွာ အပြစ်တင်ခဲ့မိတာလည်း ခွင့်လွှတ်ပါ ဦးလေးရယ်။
ကောင်းသော အိပ်ခြင်းလေး ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးနိုင်ခဲ့တယ်...

ကျွန်တော်တို့ မြန်မာပြည်က အခြေခံလုပ်သားလူတန်းစားတွေရဲ့ ဘ၀ ဒီထက်ပိုမြင့်မားလာပါစေ.........လို့လည်း ထပ်မံဆုတောင်းချင်ပါသေးရဲ့
ကျွန်တော် မိတ်ဆွေတွေနဲ့ (၈)မိုင် မရမ်းကုန်းမီးပွိုင့်အနီးက ဟိုင်နန်စားတော်ဆက်ကို ညစာစားဖို့ ရောက်ခဲ့တယ်။
ဆိုင်ထဲဝင်တဲ့ လမ်းထိပ်နားက အမှိုက်ပုံမှာ ဦးလေးကြီးအရွယ် စည်ပင်သန့်ရှင်းရေးဝန်ထမ်းတစ်ဦး အမှိုက်တွေ လာလာပုံနေပါတယ်။ 
သူငယ်ချင်းတွေ ရောက်မလာသေးလို့ ကျွန်တော်ကားပေါ်မှာထိုင်စောင့်နေစဉ် အဲဒီလူကြီးက အမှိုက်ပုံထဲက ရောင်းလို့ရမယ့်  ဂျပ်စက္ကူတွေရွေးနေတယ်။
 ရုတ်တရက်တော့ နဲနဲအမြင်ကပ်သွားမိတယ်။ လုပ်ရမယ့် အလုပ်တွေတော့ မလုပ်ပဲ ဂျပ်စက္ကူတွေ ရောင်းစားဖို့ ပဲ ရှာနေတယ်ဆိုပြီးတော့ပေါ့။
ခဏနေသူငယ်ချင်းတွေရောက်လာတော့ ကျွန်တော်တို့ ဆိုင်ထဲဝင်လိုက်ကြတယ်။
ဟင်းပွဲမှာတာများသွားလို့ စားလို့မကုန်ပဲ ကျန်နေတဲ့ဟင်းပွဲတွေ အများကြီးပဲ။ ဒီတိုင်းချန်ထားပစ်ခဲ့ကြတယ်။

ဆိုင်ကအထွက် ည(၁၀)နာရီလောက်ရှိပြီ။
ခုနက ဦးလေးကြီးကို အမှိုက်ပုံနား ပလက်ဖောင်းပေါ်မှာ အိပ်လျက်သားတွေ့လိုက်ရတယ်။
သူခုနက ရှာနေတဲ့ ဂျပ်စက္ကူလေးကို ခင်းလျက်သားနဲ့ပေါ့။
မြင်ရတော့ ရင်ထဲမှာ မကောင်းဘူးဖြစ်သွားတယ်။

တကယ်ဆို ဘယ်သူပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလို ပလက်ဖောင်းပေါ်မှာအိပ်နေရဖို့ မထိုက်တန်ပါဘူး။
သူ့မှာလည်း သား၊ သမီး၊ မိသားစုတွေရှိကြမှာပါ။ သူ့မိသားစုတွေ သူဒီလို ပလက်ဖောင်းပေါ်အိပ်နေတာ မြင်ရင် စိတ်ကောင်းကြပါ့မလား။
ကိုယ်ချင်းစာစိတ်နဲ့ တွေးကြည့်မိတယ်။

ကျွန်တော်ခုနက လမ်းဘေးမှာ သူငယ်ချင်းတွေကို စောင့်နေတုန်း ခဏလေးမှာတောင် ခြင်အရမ်းကိုက်တာ 
အခု အိပ်နေရှာတဲ့ ဦးလေးကြီးကိုလည်း ခြင်ဘယ်လောက်ကိုက်ရှာမလဲ။ ပင်ပန်းမှုတွေက ခြင်ကိုက်တဲ့ဒဏ်ကို ကျော်လွန်သွားလို့ မမှုတော့ပြီလား။

အဲဒီဦးလေးကြီး ညစာရော စားပြီးရဲ့လား။ စားပြီးလည်း ဟင်းကောင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်။ တကယ်ဆို ကျွန်တော်တို့ ဆိုင်မှာ ပိုတဲ့ဟင်းတွေအများကြီးပါ။ ပါဆယ် ထုပ်ယူလာပြီး အဲဒီဦးလေးကြီးကိုပေးလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ စိတ်ထဲ နောင်တရနေမိတယ်။

ခုနက ဂျပ်စက္ကူတွေ ရှာနေတာကို ဆန္ဒစောစွာ အပြစ်တင်ခဲ့မိတာလည်း ခွင့်လွှတ်ပါ ဦးလေးရယ်။
ကောင်းသော အိပ်ခြင်းလေး ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးနိုင်ခဲ့တယ်...

ကျွန်တော်တို့ မြန်မာပြည်က အခြေခံလုပ်သားလူတန်းစားတွေရဲ့ ဘ၀ ဒီထက်ပိုမြင့်မားလာပါစေ.........လို့လည်း ထပ်မံဆုတောင်းချင်ပါသေးရဲ့

Tuesday, May 7, 2013

အိမ်ဖော်မလေးကို ညှင်းဆဲပြီး မျက်နှာကိုကျဉ်ပွေ့ နဲ့ ထုတဲ့ အိမ်ရှင်အမျိုးသမီးကိစ္စ

အိမ်ဖော်မလေးကို ညှင်းဆဲပြီး မျက်နှာကိုကျဉ်ပွေ့ နဲ့ ထုတဲ့ အိမ်ရှင်အမျိုးသမီးကိစ္စ စံနမူနာဖြစ်ရေးအတွက် ထိရောက်ပြင်းထန်စွာ အရေးယူရန်လို


မေ-၀၆

အိမ်၌ ခိုင်းစေရန် လခတစ် လကျပ် (၃၀၀၀၀)ဖြင့် ခေါ်ယူထားခြင်းခံရသော နွမ်းပါးအိမ် ဖော် မိန်းကလေး တစ်ဦးအား တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက် အိမ်အမှတ်(၄၉)၊ ၄ လွှာနေ အိမ်ရှင်အမျိုး သမီးဖြစ် သူ တင်တင်ရီမှ နေ့စဉ်ဆိုသလို ညှင်းဆဲမှုများပြုလုပ်ခဲ့ပြီး အလုပ် ကို အကြောင်းပြ၍ အိမ်ဖော်ဖြစ်သူ မတင်တင်ထွေး အသင်(၁၈) နှစ်အား အိမ်ရှင်ဒေါ်တင်တင်ရီ မှ ရိုက်ပုတ်နှိပ်စက်ခဲ့ရာ အိမ်ဖော် ဖြစ်သူ မတင်တင်ထွေးမှာ နှုတ် ခမ်းကွဲ၊ ဘယ်ညာမျက်လုံးညိုမဲစွဲ၊ ညာမျက်လုံးဖူးရောင်၊ ဘယ်မျက်လုံးသွေးခြေ ဥသည့် အပြင် အခြား သော ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ယင်းအိမ်ရှင်အမျိုးသမီးအား စံနမူနာအဖြစ် ပြင်းထန်ထိရောက်စွာ အရေးယူရန်လိုကြောင်း တာမွေမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်းဆွေကဆိုသည်။


““ကျွန်မနေပြည်တော်မှာ ရောက်နေတုန်း ဒီအိမ်ဖော်မလေးကို အိမ်ရှင်အမျိုးသမီးက မတရား ရိုက်ပုတ် ညှင်းဆဲတာကိုသိရပြီး သက်ဆိုင်ရာတွေနဲ့ အမြန်ဆက်သွယ်ပြီး အဲဒီအိမ်ဖော်မလေးကို ကယ်တင်ဖို့ကြိုးစား ခဲ့ပါတယ်။ ကျွန်မသိရသလောက် ဒီအိမ်ဖော် မလေးကို အိမ်ရှင် အမျိုးသမီး က ငွေ တစ်ထောင် ခိုးတယ် ၊ ရေမချိုးဘူး၊ ပန်းကန်မဆေးဘူး၊ တံမျက်စဉ်းမလှဲဘူးစတဲ့ အကြောင်းပြချက်တွေနဲ့ ရိုက်နှက်ခဲ့တာ သိရသလောက် ဒီကလေးစရောက်တဲ့ နေ့ကစပြီး နှိပ်စက်တာ၊ ကလေးကို ကယ်ဖို့ တာမွေစခန်းကတာဝန် ရှိသူတွေသွားတော့လည်း အိမ်ရှင်အမျိုးသမီးက တံခါးလုံးဝမဖွင့် ပေးဘဲ တံခါးဖွင့်တဲ့အခါ နှိပ်စက် ခံထား ရတဲ့ အိမ်ဖော်မလေးက တာဝန်ရှိသူတွေဆီပြေးပြီး အကူ အညီတောင်းတာကိုတောင် အိမ် ရှင် အမျိုးသမီး က လက်နဲ့ကာ ထားသေးတယ်။ ဒီကိစ္စကို တာဝန် ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူဖို့လိုပါတယ်။ ဒီအမျိုးသမီးကို ထိထိရောက်ရောက် အရေးယူတာက စံနမူနာ တစ်ခု ဖြစ်သွားရင် ဒီလို အဓမ္မညှင်းဆဲ မှုတွေ လျာ့သွားနိုင်ပါတယ်””ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေး ကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ ကဆို သည်။

အဆိုပါ အိမ်ဖော်မလေး အား အိမ်ရှင်အမျိုးသမီးမှ မ တရားညှင်းဆဲမှုနှင့်ပတ်သက်၍အရေး ယူဆောင်ရွက် ထားရှိမှု အခြေအနေအား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်၊ စခန်းမှူး ရဲအုပ်ကျော် ကျော်ခိုင်တို့အား Hot News မှ တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း ယင်းအမျိုးသမီးအား အချုပ် တွင်း ထိန်းသိမ်းထားကြောင်း၊ စခန်းမှ ပုဒ်မ-၂၉၄၊ ၃၂၆၊ ၃၂၅၊ ၄၃၂ (ပ)၁၈၅/၁၃ ဖြင့် အရေး ယူဆောင်ရွက်လျက် ရှိကြောင်း ပြောကြား ခဲ့သည်။ နှိပ်စက်ခံရ သော အိမ်ဖော်အမျိုးသမီးလေး ၏ ပြောပြမှုအရ အိမ်ရှင်ဖြစ်သူ မှာ အလုပ် မလုပ် သည်ကို အကြောင်းပြ၍ ငရုတ်ကျည်ပွေ့ ဖြင့် မျက်နှာသို့ထုကြောင်း၊ ဓားဦး ချွန်ဖြင့် ထိုးဆွမှုပြုကြောင်း၊ မိန်းမအင်္ဂါစပ်အားလည်း ဆေး လိပ်မီးနှင့်ထိုးထားကြောင်း၊ ရင် ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့် ထုကြောင်း သိရှိခဲ့သည်။

ခန့်ခန့်(ဒဿနိက)
ံHotNewsWeekly
စာပေဝေမျှသူ
မော်နီကာ

Sunday, March 31, 2013

ဂျော်ဒန်မှာ အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လာပြီး...



ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက ၁၀၀ နီးပါးလောက်ဟာ စက်ရုံအုပ်ချုပ်ရေးက အလုပ်သမားအခွင့်အရေး ဆက်လက် ချိုးဖေါက်နေတာကြောင့် သူတို့ သဘောဆန္ဒအတိုင်း အလုပ်ထွက်လိုက်ကြပြီး မတ်လ ၂၉ ရက် ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။

အခုပြန်ရောက်လာတဲ့ အလုပ်သမားတွေဟာ စာချုပ်သက်တမ်းမပြည့်ခင် အလုပ်ထွက်လိုက်ကြတဲ့အတွက် အလုပ်သမားတစ်ဦးကို ဒေါ်လာ (၁၄၀) လျှော်ကြေးပေးပြီး ပြန်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။



CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ စက်ရုံကကျွေးတဲ့ အစားအသောက်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေးအရာရှိတွေရဲ့ ဆက်ဆံရေးညံ့ဖျင်းမှုနဲ့ လစာငွေနည်းပါးမှုတွေကြောင့် ဖြေရှင်းပေးဖို့  စက်ရုံအာဏာပိုင်တွေကို ဆန္ဒပြ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် စက်ရုံဖက်က မလိုက်လျောတာကြောင့် မူလက CMJ စက်ရုံမှာ မြန်မာနိုင်ငံသား အလုပ်သမား ၂၀၀၀ နီးပါးရှိခဲ့ပေမယ့် အခုတော့ ထက်ဝက်လောက် ပြန်လာကြတယ်လို့လည်း သိရပါတယ်။

ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံး မရှိတာကြောင့် အလုပ်သမားတွေရဲ့ နစ်နာမှုကို တိုင်ကြားနိုင်တဲ့ အဖွဲ့အစည်း မရှိတဲ့အပြင် မြန်မာနိုင်ငံက ကိုယ်စားလှယ်လွှတ်ပြီး ဖြေရှင်းပေးမယ်လို့ သူတို့ သိရှိခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

RFA

Saturday, March 16, 2013

ဂျော်ဒန်မှ မြန်မာ လုပ်သားများ မိခင်နိုင်ငံ ပြန်နိုင်ရေး မသေချာမရေရာ


မေခ


ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံတွင် အဆင်မပြေမှုများ ကြုံတွေ့ရသဖြင့် ဆန္ဒပြခဲ့ကြသော မြန်မာအလုပ်သမား ၁၀၀၀ ကျော်ကို မိခင် နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေးမှာ အလုပ်ရှင်နှင့်အလုပ်သမား ချုပ် ဆိုထားသော စာချုပ်ပေါ် မူတည် သည့်အတွက် ပြန်လည်ခေါ်ယူ နိုင် ရေး မသေချာသေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

အစိုးရအနေဖြင့် ဂျော်ဒန်ရောက် မြန်မာအလုပ်သမားအရေး တတ်စွမ်းသမျှဖြေရှင်းပေးနေပြီး မြန်မာ အစိုးရ အရာရှိ ၂ ဦး ကို ဂျော်ဒန်နိုင်ငံ စေလွှတ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် ဂျော်ဒန်သံရုံး မရှိသည့်အတွက် ဗီဇာကို အိန္ဒိယနိုင်ငံရှိ ဂျော်ဒန်သံရုံးတွင်ဗီဇာလျှောက် ထားဆဲ ဖြစ်ကြောင်း၊ဂျော်ဒန်နိုင်ငံသို့ မြန်မာအလုပ်သမား ၁၀၀၀ ကျော် တရားမ၀င် စေလွှတ်ခဲ့သော New Shan ကုမ္ပဏီသည် အစိုးရ ထံ တွင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိဘဲ ထို ကုမ္ပဏီ ကို စိစစ်ရန်မှာ ဂျော်ဒန်နိုင်ငံသို့ မြန်မာအရာရှိကိုယ်စားလှယ်များ ရောက်ရှိမှ သာ စစ်ဆေးနိုင်မည် ဖြစ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။

အစ္စရေးရှိ မြန်မာသံရုံး၏ ညှိုနှိုင်းပေးမှုဖြင့် CMJစက်ရုံက မြန်မာအလုပ်သမားများကို လစာနှင့်အပိုဆုကြေးတိုးမြှင့်ပေးမည်ဟု တရားဝင်ပြော ဆိုထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် လစာတိုးပေးခြင်းမရှိဟု အလုပ်သ မားများထံမှ ပြန်လည်ကြားသိရကြောင်း၊ ဂျော်ဒန်ရှိ မြန်မာအလုပ် သ မားအရေးကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) နှင့်ပူးပေါင်းဖြေရှင်းလျက်ရှိကြောင်း သိရှိရသည်။

“နိုင်ငံတကာမှာ အလုပ်လုပ်နေတဲ့ကုမ္ပဏီက လစာတိုးပေးမယ်ပြောပြီး မတိုးပေးဘူးဆိုရင် သူ ဘယ်လို ရပ်တည် မလဲ။ ကလိမ်ကကျစ် ကျလို့ မရဘူး။ အဲဒီစက်ရုံမှာ နိုင်ငံခြားသားလူမျိုး ၇ မျိုး အလုပ်လုပ်နေတယ်။ မြန်မာအလုပ်သမားကိုပဲ တိုးပေးလို့ မရဘူး။ ကျန်တဲ့ လူတွေက ထကန့်ကွက်မှာ ပေါ့။ တိုးပေးချင်လို့ လည်း တိုးတာမဟုတ်ဘူး။ လစာတိုးပေးတယ်ဆိုတာ သူ့ဟာသူကာကွယ်ဖို့ လုပ်တာ ။ ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်) ဘက်က ပါလုပ်ပေးနေတာပါ”ဟု ဦးမျိုးအောင်က ရှင်းပြသည်။

ဂျော်ဒန်နိုင်ငံ၊ Century Miracle (CMJ) အထည်ချုပ်စက်ရုံတွင် အခက်အခဲများကြုံတွေ့နေရသဖြင့် ဆန္ဒပြခဲ့ကြသော မြန်မာအလုပ်သမား များ အရေးကို အစိုးရက တာဝန်ယူဖြေရှင်းပေးခဲ့သည်ဟု သတင်း ထုတ်ပြန်ချက်မှာ မဟုတ်မှန်ဘဲ လက်တွေ့ ဖြစ်ရပ်နှင့် ကွဲလွဲနေကြောင်း ဂျော်ဒန်မှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားများက ပြောသည်။

မတ်လ ၁၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဂျော်ဒန် နိုင်ငံ Ramthat မြို့ CMJ အထည်ချုပ်စက်ရုံတွင် သွားရောက် လုပ်ကိုင်နေသော မြန်မာ အလုပ်သမားများ၏ အခွင့်အရေးဆုံးရှုံးနစ်နာမှု မရှိ စေရန် ဆောင်ရွက်ထားမှုကို မေးမြန်းရာ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းကမြန် မာအလုပ် သမားများ၏အရေးကို မြန်မာသံရုံးက ဖြေရှင်းပေး လျက်ရှိပြီး အခြေခံလစာ ၆ ရာခိုင်နှုန်းတိုးမြှင့်ပေးရန် နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ သည့် အပြင် ချုပ်လုပ်သည့်အထည်အပေါ် အပိုဆုကြေး ၅ ရာခိုင်နှုန်းထပ်တိုးမြှင့်ပေးရန်လည်း သဘောတူညီခဲ့ကြောင်း၊ သဘောတူညှိုနှိုင်း ပြီး နောက် မတ်လ ၉ ရက်နေ့တွင် အလုပ်သမား ၃၀၀ ကျော်၊ မတ် ၁၀ ရက်နေ့တွင် အလုပ်သမား ၈၀၀ ခန့် အလုပ်ပြန်ဝင်ကြပြီး မတ်လ ၁၁ ရက်နေ့တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့်အလုပ် ပြန်ဝင် နေကြပြီဖြစ်ကြောင်း၊ မိခင်နိုင်ငံပြန်လိုသော အလုပ်သမားများလည်းရှိကြောင်း ဖြေကြားခဲ့သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုဝန်ကြီးဒေါ်ဝင်းမော်ထွန်း၏ ပြောဆိုချက်မှာ လက်တွေ့ ဖြစ်ရပ်များ နှင့် ကွဲလွဲနေပြီး မြန်မာ အလုပ်သမားများ အားလုံး လုပ်ငန်းခွင်သို့ ပြန်လည်ဝင် ရောက်နေပြီ ဆိုသည်မှာ မဟုတ်ကြောင်း၊ လစာတိုးမြှင့် ပေးသည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသော မြန်မာ အလုပ်သမားများက ဆိုသည်။

“ဒုဝန်ကြီးက မတ်လ ၉ ရက်နေ့မှာ အလုပ်သမား ၃၀၀ ကျော် အလုပ်ပြန်ဝင်နေပြီ။ ၁၀ ရက်နေ့မှာ အလုပ်သမား ၈၀၀ ခန့် အလုပ် ပြန်ဝင် တယ် လို့ ပြောတယ်။ အဲဒါမ ဟုတ် ဘူး။ နောက် တာဝန်ရှိသူတွေ လာညှိုနှိုင်းပေးတယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဒီနေ့ထိ ဘယ်သူမှလာ တာမရှိသေးပါဘူး။ နောက် ဆက်မနေချင်ရင် အလုပ်ရှင်က လေယာဉ်လက်မှတ် စီစဉ် ပေးမယ် ပြော တယ်။ အဲဒါကလည်း မဟုတ်ပါဘူး။ အားလုံးက ပြန်ချင်သူတွေချည်းပဲ။ ဒါပေမဲ့ ပြန်ရင် လျှော်ရမယ့် ငွေမရှိလို့ မပြန်ကြရတာပါ” ဟု ဂျော်ဒန်CMJ အထည်ချုပ်စက်ရုံတွင် မီးပူတိုက် အလုပ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသူ မြန်မာအလုပ်သမား ကိုထွန်းထွန်းစိုးက ပြောသည်။

ထို့အပြင် မြန်မာအစိုးရတာဝန်ရှိသူများ၏ ညှိုနှိုင်းပေးမှုအရ အလုပ်ရှင်နှင့်အလုပ်သမားပြေလည်ပြီး အခြေခံလစာနှင့် အပိုဆုကြေး တိုးမြှင့်ပေး သည်ဆိုသော ပြောဆိုချက်မှာလည်း မဟုတ်မှန်ကြောင်း၊ CMJ စက်ရုံတွင် နိုင်ငံခြားသား အလုပ်သမား အမြောက်အမြား အလုပ်လုပ်နေကြပြီး မြန်မာအလုပ်သမားများမှာ မည်သည့် ခံစားခွင့်မှ မရရှိသည့် အပြင် အလုပ်ရှင်၏ နှိမ်ချဆက်ဆံခရမှုများကိုလည်း ကြုံတွေ့ရကြောင်း CMJ စက်ရုံတွင် အလုပ်လုပ်ခဲ့သူ မဇာနည်ဝင်းရွှေက ပြောသည်။

“ကျမက အရင်ထဲက ထွက်စာ တင်ထားလို့ ကိုယ့်နိုင်ငံကိုယ် ပြန်လာရတာပါ။ ၂ နှစ်ပဲ လုပ်ခဲ့တာပါ။ အမှန်က ၂ နှစ်လောက် လုပ်ပြီးရင် အလုပ် ရှင်က ပြန်ဖို့ လေယာဉ် လက်မှတ် စီစဉ်ပေးရမှာပါ။ ဒါပေမယ့် မစီစဉ်ပေးတဲ့ အပြင် မိခင်နိုင်ငံ ပြန်သွားလို့ဆိုပြီး လူမှုဖူလုံရေးကြေးနဲ့ အသက် အာမခံကြေး တို့ဖြတ်ပါတယ်။ အမှန်က ကျမပြန်ရင် ဒေါ်လာ ၅၂၂ ကျော် ရရမှာဖြစ်ပေမယ့် အလုပ်ရှင်ကဖြတ်တောက်တော့ ဒေါ်လာ ၁၀၀ ပဲ ရခဲ့တယ်” ဟု မဇာနည်ဝင်းရွှေက ဆိုသည်။

ဂျော်ဒန်နိုင်ငံ၌ ကျန်ရှိနေသေးသော မြန်မာအလုပ်သမားများမှာ အလုပ်ရှင်နှင့် လာရောက် ညှိနှိုင်းပေးမည်ဆိုသော မြန်မာအစိုးရ အရာရှိများ စောင့်ဆိုင်းနေကြောင်း၊ အလုပ်သမား ၀န်ကြီးဌာနမှ အရာရှိ ၂ ဦး လာရောက်ညှိုနှိုင်း ပေး မည်ဆိုသော်လည်း မတ် ၁၃ ရက်နေ့ထိ မည်သူမှ မလာရောက်သေးကြောင်း၊ လက်ရှိတွင် မြန်မာအလုပ်သမား ၄၀၀ ကျော်မှာ လုပ်ငန်းခွင် ၀င်ရောက်ခြင်း မပြုဘဲ ဆန္ဒထုတ်ဖော်နေ ဆဲဖြစ်ကြောင်း သိရှိရသည်။

“အလုပ်ပြန်ဆင်းသူတွေက ပြန်မယ်ဆိုရင် အလုပ်ရှင်ကို ပေးရမယ့် လျော်ကြေးပေးဖို့ မရှိလို့ ပြန်ဆင်းကြတာ။ ဘယ်သူမှ အလုပ်ပြန်မဆင်း ချင်ကြဘူး” ဟု ၎င်းက ပြောသည်။

အချို့သော မြန်မာ အလုပ်သမားများက မိမိတို့၏ ကိုယ်ပိုင်စရိတ်နှင့် မြန်မာနိုင်ငံ ပြန်လာနေကြပြီး လုပ်ငန်းခွင် ၀င်ရောက်ခြင်း မရှိသေးသော အလုပ်သမား ၄၀၀ ကျော်မှာလည်း ပြသနာ ဖြေရှင်းပေးမည့် မြန် မာအစိုးရ အရာရှိများ မတ် ၁၆ ရက်နေ့ ထိ ဂျော်ဒန်နိုင်ငံ မရောက်ရှိပါက လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက်ကြရမည်ဖြစ်ကြောင်း၊ ဂျော်ဒန် ဥပဒေ အရ ရက်ရှည်ဆန္ဒပြ ပါကဆန္ဒပြသော အလုပ်သမားများ အရေးယူ ခံရမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျော်ဒန်နိုင်ငံ CMJ စက်ရုံသို့ မြန်မာအလုပ်သမား ၁၀၀၀ တာဝန်ခံခေါ်ယူခဲ့သူများမှာ ကိုစိုင်းထွန်း၊ မဇင်မင်းဝင်း၊ မနန်းတို့ သုံးဦးဖြစ်ပြီး ၎င်းတို့ ၃ ဦးသည် CMJ စက်ရုံတွင် မြန်မာစကားပြန် အလုပ်လုပ်နေကြ သူများဖြစ်သည်ဟု သိရှိရသည်။

CMJ အထည်ချုပ်စက်ရုံမှာ ဂျော်ဒန် နိုင်ငံတွင် လာရောက် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ တခု ဖြစ်ပြီး ဂျော်ဒန်နိုင် ငံသားပိုင် ကုမ္ပဏီ မဟုတ်သော်လည်း ဂျော်ဒန် အလုပ်သမား ဥပ ဒေအရ အလုပ်ရှင်ကိုသာ အသာစီး ပေးထားသောသဖြင့် အလုပ်သမား များ မှာ အထိနာရကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ပြောသည်။

Sunday, March 3, 2013

ဂျော်ဒန်ရောက် CMJ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမားများ၏ ဆန္ဒပြမှု ပြဿနာဖြစ်စဉ် (13.2.2013) (Wed:) တွင်စက်ရုံမှကျွေးသောထမင်းကိုစား၍ အလုပ်သမားများ ၀မ်းလျှောခဲ့ကြ

Moe Moe shared မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)'s photo.
ဂျော်ဒန်ရောက် CMJ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမားများ၏ ဆန္ဒပြမှု ပြဿနာဖြစ်စဉ် (13.2.2013) (Wed:) တွင်စက်ရုံမှကျွေးသောထမင်းကိုစား၍ အလုပ်သမားများ ၀မ်းလျှောခဲ့ကြပါသည်။ နောက်တစ်ရက် (14.2.2013) (Thu:)တွင်ဝမ်းလျှောသည့်သူများ အတွက်ဆေးခွင့်တောင်းရာ ဆေးခွင့်မပေးခဲ့ပါ။ ဒါကိုရုံးခန်းသို့ သူတို့ကျွေးတဲ့ထမင်း ၊ ဟင်း ပန်ကန်ကိုယူပြီး ကောင်းမွန်စွာပြောပြီးတင်ပြခဲ့သော်လည်း တာဝန်ရှိတရုတ်လူမျိုးမှ ရိုင်းပျစွာပြောဆိုဆက်ဆံပြီး အမူအရာကြမ်းတမ်းစွာဖြင့် ခုံကိုလက်သီးဖြင့်ထုခဲ့ပါသည်။ ထို့ကြောင့် မြန်မာတာဝန်ခံ ဦးရဲထွန်းမှ စက်ရုံတွင်း၌အလုပ်သမားများအုံကြွက်လာမှုများ မဖြစ်စေရန် မြန်မာအလုပ်သမား အမျိုးသား/သမီးအယောက်(၂၀)ကျော်အား တိုင်ပင် ဆွေးနွေးရန်ခေါ်ဆောင်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် တောင်းဆိုချက်(၃)ချက်ကို မြန်မာအလုပ်သမားများမှ တစ်ညီတစ်ညွတ်တည်းတောင်းဆိုခဲ့ကြပါသည်။ (၁) အခြေခံလစာကို အမေရိကန်ဒေါ်လာ(၁၅၅ ဒေါ်လာ) မှ (ဒေါ်လာ ၂၀၀) သို့ တိုးမြှင့်ပေးရန်၊ (၂) လူမျိုးခွဲခြားဆက်ဆံခြင်းမျာကို အခြားလူမျိုးများနည်းတူ တန်းတူဆက်ဆံ ပေးရန်၊ (၃) ကျန်းမာရေးနှင့်ညီညွတ်ပြီး မြန်မာလူမျိုးများနှင့်ကိုက်ညီသောအစား အသောက်များကျွေးရန်၊ အခြေခံလစာကိုတိုးမြှင့်တောင်းဆိုရခြင်းမှာ ဒီနိုင်ငံကငွေကြေး(အခေါ်အဝေါ် JD)သည် ဒေါ်လာထက်မြင့်ပြီး ကွာခြားချက်မှာ ဒေါ်လာ ၁၀၀လျှင် JD ၇၀ဖြစ်ပါသည်။ အလုပ်သမားများသည် စက်ရုံမှကျွေးသော ထမင်း၊ဟင်းများလည်းမကောင်းသောကြောင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်ရခြင်း ၊ လုပ်အားခနှင့် သုံးစွဲမှုကုန်ကျစရိတ်မမျှတမှုစသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရပါသည်။ ယခုနှစ်တွင် ကုန်ဈေးနှုန်းပိုမြင့်လာသဖြင့် မူလအဆင်မပြေမှုအပြင် အခက်အခဲများမှာ ပိုမိုဆိုးရွားလျက်သာရှိနေရပါသည်။ ဤကဲ့သို့ မိမိတို့၏ အခက်အခဲအကြပ်အတည်းများဖြင့်သာ လုံးပန်းနေရသဖြင့် မိသားစုများထံသို့ ငွေပို့နိုင်ရန်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ပါ။ အချိန်ကုန်၍လူပင်ပန်းမှုများသာဖြစ်နေကြရ ပါသည်။ သို့ဖြစ်ပါ၍ အလုပ်သမားများမှ ယင်းဒုက္ခများမခံစားနိုင်ပဲမခံမရပ်နိုင်သောကြောင့် အဆုံးတွင် အလုပ်သမားများအားလုံးမှအထက်ပါအချက်များအား အသနားခံတောာင်းခံ ခဲ့ကြပါသည်။ (17.2.2013) (Sun:) တွင် Aman စက်မှုဇုန်ရှိ အလုပ်သမားရုံး နှင့် CMJ စက်ရုံသို့ တိုင်ကြားစာပို့ခဲ့ပါသည်။ အလုပ်သမားရုံးသို့တိုင်ကြားစာ သွားရောက်ပို့ရာတွင် အကြီးအကဲနှင့်မတွေ့ခဲ့ရပဲ ရုံးတာဝန်ခံ(ဤနိုင်ငံသား)နှင့်သာတွေ့ပြီး ၄င်း၏ပြောကြားမှု များဟုဆိုကာ မြန်မာတာဝန်ခံ ဦးရဲထွန်းမှစကားပြန်ပေးခဲ့ပါသည်။ ( ''မင်းတို့ ခုလိုတောင်းဆို ချင်ရင် ဒီအလုပ်သမားရုံးနဲ့မင်းတို့အခုအလုပ်လုပ်နေတဲ့ စက်ရုံကို (၁၄)ရက်ကြိုတင်အကြောင်း ကြားပြီးတင်မှ တရားဝင်တယ်။ ဒီတော့အခု မင်းတို့က(၁၄)ရက်ကြိုတင်အကြောင်းမကြားပဲ ဒီလိုလုပ်တဲ့အတွက် တရားမ၀င်တာကြောင့် မင်းတို့ကိုတရားစွဲပြီးဒဏ်ကြေးပေးဆောင် ခိုင်းလို့ရတယ်။ ဒါကြောင့် အလုပ်ပြန်ဆင်းပါ ၊ မဆင်းရင် ပထမဆုံးရက်ကို JD ၅၀ ဖြတ်မယ်။ နောက်ရက်တွေထပ်ပျက်ရင် တစ်ရက်ကို JD ၅ကျပ်နှုန်းနဲ့ဖြတ်သွားလိမ့်မယ်'' ) ယင်းမှာ ဦးရဲထွန်း၏ စကားပြန်ပြောကြားချက်ဖြစ်ပါသည်။ နောက်တစ်ရက် (19.2.2013) (Tue:) တွင် အဆောင်၌အထက်ပါသတိပေးစာ လာကပ်ထားပါသည်။ အလုပ်သမားများ၏လစာရငွေမှာ ဒေါ်လာဖြစ်ပြီး ဖြတ်မည့်ငွေမှာ JD ဟု ဆိုသဖြင့် မတရားမှုမှာသိသာလှပါသည်။ အမှန်တွင်လစာရသင့်သည်မှာJDဖြစ်ပြီး ဒေါ်လာနှင့် နှိမ်ပေးခြင်းဖြစ်ပါသည်။ ယင်းကိစ္စနှင့်ပတ်သတ်၍ မြန်မာလူမျိုးတို့၏ တာဝန်ခံဖြစ်သူ မြန်မာပြည်ပေါက် မွတ်စလင်လူမျိုး ဦးရဲထွန်းမှ company ပိုင်ရှင်သူဌေးနှင့် တွေ့ဆုံဆွေးနွေးပေးမည်ဟုဆိုကာ ခေါ်ဆိုသဖြင့် (25.2.2013) (Mon:) နေ့လည် 2:00 တွင် အစည်းအဝေးခန်းမသို့ အလုပ်သမား ၂၀ ကျော်မှ အလုပ်သမားများ၏ကိုယ်စားသွားရောက်ခဲ့ပါသည်။ ဂျော်ဒန်နိုင်ငံ အလုပ်သမားရုံးမှ တာဝန်ရှိသူ (၂)ဦး အရင်လာရောက်ခဲ့ရာ အလုပ်သမားများမှ မှတ်တမ်းတင် ဗွီဒီယို၊ဓါတ်ပုံရိုက်သောအခါတွင် လုံးဝလက်မခံပဲ ခါးသီးစွာငြင်းပယ်ခဲ့ပါသည်။ အစည်းအဝေး လာရောက်သူများမှာ ယောင်္ကျားလေးများဖြစ်သည်ကိုအကြောင်းပြ၍ မိန်းကလေး (၅)ဦးအား ခေါ်ဆောင်ခိုင်းကာ အချိန်ဆွဲပြီး အစည်းအဝေးကိုခေတ္တရပ်ဆိုင်းထားပါသည်။ မိန်းကလေးများ ရောက်လာသော်လည်း ''သူဌေးက ၄င်း၏အလုပ်မပြီးသေးသဖြင့် ခဏစောင့်ပါ''ဟု ဦးရဲထွန်းနှင့် အားဝေ ဆိုသော စကားပြန်တစ်ယောက်ကပြောခဲ့ပါတယ်။ ထိုသို့စောင့်နေစဉ်တွင် အဆောင်မှကျန်ရှိနေခဲ့သောမိန်းကလေးတစ်ဦးအား ခေါ်ဆောင်လာခဲ့ပါသည်။ ယင်းမိန်းကလေးမှာ မည်သည့်အကြောင်းကြောင့်ခေါ်လာမှန်းမသိပဲ အထက်လူကြီးမှခေါ်သဖြင့်လိုက်လာခဲ့ခြင်းသာဖြစ်ပါသည်။ အမှန်မှာ ဦးရဲထွန်းမှ ၄င်းတို့၏ လူအဖြစ်ခေါ်ဆောင်လာခြင်းသာဖြစ်ပြီး အလုပ်သမားအချင်းချင်း သူ့ဘက်ကိုယ့်ဘက် သူ့လူ ကိုယ့်လူ ဤသို့ဖြစ်ကာသွေးကွဲစေရန် လိမ်ညာမှုတစ်ခုသာဖြစ်ပါသည်။ အလုပ်သမားများမှ ၂နာရီ စမည့်အစည်းအဝေးကို ၄နာရီအထိ စောင့်ဆိုင်းခဲ့သော်လည်း ဤသို့ အချိန်များဆွဲ ၊ သူဌေးလည်းရောက်မလာ ၊ ဦးရဲထွန်းမှလည်း မူမမှန်သော အပြုအမူလုပ်ဆောင်မှုများကြောင့် မယုံသင်္ကာဖြစ်ကာ ဆက်လက်မစောင့်ဆိုင်းတော့ပဲပြန်လာခဲ့ကြပါတယ်။ ထိုအချိန်မှစ၍ မြန်မာတာဝန်ခံ ဦးရဲထွန်း ကို ယနေ့အချိန်ထိမတွေ့ရတော့ပဲ ပုန်းရှောင်နေပါသည်။ (27.2.2013) (Wed:) နေ့လည် 12:00 အချိန်တွင်သူဌေးနှင့်တွေ့ပေးမည်ဟု အေးဂျင့် ကိုစိုင်း မှ ချိန်းဆိုသဖြင့် အဆောင်အောက်တွင်အလုပ်သမားများမှစောင့်ဆိုင်းနေစဉ် CMJ စက်ရုံမှလွှတ်လိုက်သည်ဟုဆိုကာ ဤနိုင်ငံမှရဲများရောက်လာပါသည်။ ဤသည်မှာ တဖက်လှည့်ဖြင့် အလုပ်သမားများ ထိတ်လန့်ဆူပူပြီး အပြစ်ဖြစ်အောင်လုပ်ခြင်းဖြစ်ပါသည်။ အေးဂျင့် ကိုစိုင်းမှ အလုပ်သမားများအားမခေါ်ပဲ '' CMJ စက်ရုံသို့သွားရောက် ကာသူဌေးနှင့်တွေ့ခဲ့ပြီးပြီ။ သူဌေးက အလုပ်သမားများအားအလုပ်ပြန်ဆင်းရန်နှင့် မဆင်းပါက မည်သို့မျှတာဝန်ယူဖြေရှင်းပေးမည်မဟုတ် ''ဟုဆိုသည့် ၄င်း၏နှုတ်ထွက်စကားကိုသာကြားခဲ့ ကြရပါသည်။ ( ပြဿနာဖြစ်ချိန်ကာလမှစ၍ ယနေ့အချိန်ကာလထိ သူဌေးဆိုသူနှင့်တိုက်ရိုက် တွေ့ဆုံပေးခြင်းမရှိပဲ ဦးရဲထွန်း ၊ အေးဂျင့် ကိုစိုင်း တို့၏လိမ်ညာမှုများဖြင့်သာ အချိန်ဆွဲလှည့်စား ခံနေကြရပါသည်။ မည်သူ့ထံမျှလည်း ယခုအချိန်ထိ အကူအညီရရှိခြင်းမရှိသေးပါဘူး။) အကူအညီလိုအပ်လျှက်ရှိပါသည်။ ကျေးဇူးပြု၍အောက်ပါဖုန်းနံပါတ်နှင့် E mail တို့သို့ ဆက်သွယ်ကူညီပေးပါရန် ......... ph: 00962-787372905, 00962-777813917, 00962-7774174109, 00962-777429461, 00962-777865365 E mail: koko4693@gmail.com , decemberei0988@gmail.com , kyawzinoo.kyaw1989@gmail.com
ဂျော်ဒန်ရောက် CMJ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမားများ၏ ဆန္ဒပြမှု ပြဿနာဖြစ်စဉ် (13.2.2013) (Wed:) တွင်စက်ရုံမှကျွေးသောထမင်းကိုစာ
း၍ အလုပ်သမားများ ၀မ်းလျှောခဲ့ကြပါသည်။ နောက်တစ်ရက် (14.2.2013) (Thu:)တွင်ဝမ်းလျှောသည့်သူများ အတွက်ဆေးခွင့်တောင်းရာ ဆေးခွင့်မပေးခဲ့ပါ။ ဒါကိုရုံးခန်းသို့ သူတို့ကျွေးတဲ့ထမင်း ၊ ဟင်း ပန်ကန်ကိုယူပြီး ကောင်းမွန်စွာပြောပြီးတင်ပြခဲ့သော်လည်း တာဝန်ရှိတရုတ်လူမျိုးမှ ရိုင်းပျစွာပြောဆိုဆက်ဆံပြီး အမူအရာကြမ်းတမ်းစွာဖြင့် ခုံကိုလက်သီးဖြင့်ထုခဲ့ပါသည်။ ထို့ကြောင့် မြန်မာတာဝန်ခံ ဦးရဲထွန်းမှ စက်ရုံတွင်း၌အလုပ်သမားများအုံကြွက်လာမှုများ မဖြစ်စေရန် မြန်မာအလုပ်သမား အမျိုးသား/သမီးအယောက်(၂၀)ကျော်အား တိုင်ပင် ဆွေးနွေးရန်ခေါ်ဆောင်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် တောင်းဆိုချက်(၃)ချက်ကို မြန်မာအလုပ်သမားများမှ တစ်ညီတစ်ညွတ်တည်းတောင်းဆိုခဲ့ကြပါသည်။ (၁) အခြေခံလစာကို အမေရိကန်ဒေါ်လာ(၁၅၅ ဒေါ်လာ) မှ (ဒေါ်လာ ၂၀၀) သို့ တိုးမြှင့်ပေးရန်၊ (၂) လူမျိုးခွဲခြားဆက်ဆံခြင်းမျာကို အခြားလူမျိုးများနည်းတူ တန်းတူဆက်ဆံ ပေးရန်၊ (၃) ကျန်းမာရေးနှင့်ညီညွတ်ပြီး မြန်မာလူမျိုးများနှင့်ကိုက်ညီသောအစား အသောက်များကျွေးရန်၊ အခြေခံလစာကိုတိုးမြှင့်တောင်းဆိုရခြင်းမှာ ဒီနိုင်ငံကငွေကြေး(အခေါ်အဝေါ် JD)သည် ဒေါ်လာထက်မြင့်ပြီး ကွာခြားချက်မှာ ဒေါ်လာ ၁၀၀လျှင် JD ၇၀ဖြစ်ပါသည်။ အလုပ်သမားများသည် စက်ရုံမှကျွေးသော ထမင်း၊ဟင်းများလည်းမကောင်းသောကြောင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်ရခြင်း ၊ လုပ်အားခနှင့် သုံးစွဲမှုကုန်ကျစရိတ်မမျှတမှုစသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရပါသည်။ ယခုနှစ်တွင် ကုန်ဈေးနှုန်းပိုမြင့်လာသဖြင့် မူလအဆင်မပြေမှုအပြင် အခက်အခဲများမှာ ပိုမိုဆိုးရွားလျက်သာရှိနေရပါသည်။ ဤကဲ့သို့ မိမိတို့၏ အခက်အခဲအကြပ်အတည်းများဖြင့်သာ လုံးပန်းနေရသဖြင့် မိသားစုများထံသို့ ငွေပို့နိုင်ရန်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ပါ။ အချိန်ကုန်၍လူပင်ပန်းမှုများသာဖြစ်နေကြရ ပါသည်။ သို့ဖြစ်ပါ၍ အလုပ်သမားများမှ ယင်းဒုက္ခများမခံစားနိုင်ပဲမခံမရပ်နိုင်သောကြောင့် အဆုံးတွင် အလုပ်သမားများအားလုံးမှအထက်ပါအချက်များအား အသနားခံတောာင်းခံ ခဲ့ကြပါသည်။ (17.2.2013) (Sun:) တွင် Aman စက်မှုဇုန်ရှိ အလုပ်သမားရုံး နှင့် CMJ စက်ရုံသို့ တိုင်ကြားစာပို့ခဲ့ပါသည်။ အလုပ်သမားရုံးသို့တိုင်ကြားစာ သွားရောက်ပို့ရာတွင် အကြီးအကဲနှင့်မတွေ့ခဲ့ရပဲ ရုံးတာဝန်ခံ(ဤနိုင်ငံသား)နှင့်သာတွေ့ပြီး ၄င်း၏ပြောကြားမှု များဟုဆိုကာ မြန်မာတာဝန်ခံ ဦးရဲထွန်းမှစကားပြန်ပေးခဲ့ပါသည်။ ( ''မင်းတို့ ခုလိုတောင်းဆို ချင်ရင် ဒီအလုပ်သမားရုံးနဲ့မင်းတို့အခုအလုပ်လုပ်နေတဲ့ စက်ရုံကို (၁၄)ရက်ကြိုတင်အကြောင်း ကြားပြီးတင်မှ တရားဝင်တယ်။ ဒီတော့အခု မင်းတို့က(၁၄)ရက်ကြိုတင်အကြောင်းမကြားပဲ ဒီလိုလုပ်တဲ့အတွက် တရားမ၀င်တာကြောင့် မင်းတို့ကိုတရားစွဲပြီးဒဏ်ကြေးပေးဆောင် ခိုင်းလို့ရတယ်။ ဒါကြောင့် အလုပ်ပြန်ဆင်းပါ ၊ မဆင်းရင် ပထမဆုံးရက်ကို JD ၅၀ ဖြတ်မယ်။ နောက်ရက်တွေထပ်ပျက်ရင် တစ်ရက်ကို JD ၅ကျပ်နှုန်းနဲ့ဖြတ်သွားလိမ့်မယ်'' ) ယင်းမှာ ဦးရဲထွန်း၏ စကားပြန်ပြောကြားချက်ဖြစ်ပါသည်။ နောက်တစ်ရက် (19.2.2013) (Tue:) တွင် အဆောင်၌အထက်ပါသတိပေးစာ လာကပ်ထားပါသည်။ အလုပ်သမားများ၏လစာရငွေမှာ ဒေါ်လာဖြစ်ပြီး ဖြတ်မည့်ငွေမှာ JD ဟု ဆိုသဖြင့် မတရားမှုမှာသိသာလှပါသည်။ အမှန်တွင်လစာရသင့်သည်မှာJDဖြစ်ပြီး ဒေါ်လာနှင့် နှိမ်ပေးခြင်းဖြစ်ပါသည်။ ယင်းကိစ္စနှင့်ပတ်သတ်၍ မြန်မာလူမျိုးတို့၏ တာဝန်ခံဖြစ်သူ မြန်မာပြည်ပေါက် မွတ်စလင်လူမျိုး ဦးရဲထွန်းမှ company ပိုင်ရှင်သူဌေးနှင့် တွေ့ဆုံဆွေးနွေးပေးမည်ဟုဆိုကာ ခေါ်ဆိုသဖြင့် (25.2.2013) (Mon:) နေ့လည် 2:00 တွင် အစည်းအဝေးခန်းမသို့ အလုပ်သမား ၂၀ ကျော်မှ အလုပ်သမားများ၏ကိုယ်စားသွားရောက်ခဲ့ပါသည်။ ဂျော်ဒန်နိုင်ငံ အလုပ်သမားရုံးမှ တာဝန်ရှိသူ (၂)ဦး အရင်လာရောက်ခဲ့ရာ အလုပ်သမားများမှ မှတ်တမ်းတင် ဗွီဒီယို၊ဓါတ်ပုံရိုက်သောအခါတွင် လုံးဝလက်မခံပဲ ခါးသီးစွာငြင်းပယ်ခဲ့ပါသည်။ အစည်းအဝေး လာရောက်သူများမှာ ယောင်္ကျားလေးများဖြစ်သည်ကိုအကြောင်းပြ၍ မိန်းကလေး (၅)ဦးအား ခေါ်ဆောင်ခိုင်းကာ အချိန်ဆွဲပြီး အစည်းအဝေးကိုခေတ္တရပ်ဆိုင်းထားပါသည်။ မိန်းကလေးများ ရောက်လာသော်လည်း ''သူဌေးက ၄င်း၏အလုပ်မပြီးသေးသဖြင့် ခဏစောင့်ပါ''ဟု ဦးရဲထွန်းနှင့် အားဝေ ဆိုသော စကားပြန်တစ်ယောက်ကပြောခဲ့ပါတယ်။ ထိုသို့စောင့်နေစဉ်တွင် အဆောင်မှကျန်ရှိနေခဲ့သောမိန်းကလေးတစ်ဦးအား ခေါ်ဆောင်လာခဲ့ပါသည်။ ယင်းမိန်းကလေးမှာ မည်သည့်အကြောင်းကြောင့်ခေါ်လာမှန်းမသိပဲ အထက်လူကြီးမှခေါ်သဖြင့်လိုက်လာခဲ့ခြင်းသာဖြစ်ပါသည်။ အမှန်မှာ ဦးရဲထွန်းမှ ၄င်းတို့၏ လူအဖြစ်ခေါ်ဆောင်လာခြင်းသာဖြစ်ပြီး အလုပ်သမားအချင်းချင်း သူ့ဘက်ကိုယ့်ဘက် သူ့လူ ကိုယ့်လူ ဤသို့ဖြစ်ကာသွေးကွဲစေရန် လိမ်ညာမှုတစ်ခုသာဖြစ်ပါသည်။ အလုပ်သမားများမှ ၂နာရီ စမည့်အစည်းအဝေးကို ၄နာရီအထိ စောင့်ဆိုင်းခဲ့သော်လည်း ဤသို့ အချိန်များဆွဲ ၊ သူဌေးလည်းရောက်မလာ ၊ ဦးရဲထွန်းမှလည်း မူမမှန်သော အပြုအမူလုပ်ဆောင်မှုများကြောင့် မယုံသင်္ကာဖြစ်ကာ ဆက်လက်မစောင့်ဆိုင်းတော့ပဲပြန်လာခဲ့ကြပါတယ်။ ထိုအချိန်မှစ၍ မြန်မာတာဝန်ခံ ဦးရဲထွန်း ကို ယနေ့အချိန်ထိမတွေ့ရတော့ပဲ ပုန်းရှောင်နေပါသည်။ (27.2.2013) (Wed:) နေ့လည် 12:00 အချိန်တွင်သူဌေးနှင့်တွေ့ပေးမည်ဟု အေးဂျင့် ကိုစိုင်း မှ ချိန်းဆိုသဖြင့် အဆောင်အောက်တွင်အလုပ်သမားများမှစောင့်ဆိုင်းနေစဉ် CMJ စက်ရုံမှလွှတ်လိုက်သည်ဟုဆိုကာ ဤနိုင်ငံမှရဲများရောက်လာပါသည်။ ဤသည်မှာ တဖက်လှည့်ဖြင့် အလုပ်သမားများ ထိတ်လန့်ဆူပူပြီး အပြစ်ဖြစ်အောင်လုပ်ခြင်းဖြစ်ပါသည်။ အေးဂျင့် ကိုစိုင်းမှ အလုပ်သမားများအားမခေါ်ပဲ '' CMJ စက်ရုံသို့သွားရောက် ကာသူဌေးနှင့်တွေ့ခဲ့ပြီးပြီ။ သူဌေးက အလုပ်သမားများအားအလုပ်ပြန်ဆင်းရန်နှင့် မဆင်းပါက မည်သို့မျှတာဝန်ယူဖြေရှင်းပေးမည်မဟုတ် ''ဟုဆိုသည့် ၄င်း၏နှုတ်ထွက်စကားကိုသာကြားခဲ့ ကြရပါသည်။ ( ပြဿနာဖြစ်ချိန်ကာလမှစ၍ ယနေ့အချိန်ကာလထိ သူဌေးဆိုသူနှင့်တိုက်ရိုက် တွေ့ဆုံပေးခြင်းမရှိပဲ ဦးရဲထွန်း ၊ အေးဂျင့် ကိုစိုင်း တို့၏လိမ်ညာမှုများဖြင့်သာ အချိန်ဆွဲလှည့်စား ခံနေကြရပါသည်။ မည်သူ့ထံမျှလည်း ယခုအချိန်ထိ အကူအညီရရှိခြင်းမရှိသေးပါဘူး။) အကူအညီလိုအပ်လျှက်ရှိပါသည်။ ကျေးဇူးပြု၍အောက်ပါဖုန်းနံပါတ်နှင့် E mail တို့သို့ ဆက်သွယ်ကူညီပေးပါရန် ......... ph: 00962-787372905, 00962-777813917, 00962-7774174109, 00962-777429461, 00962-777865365 E mail: koko4693@gmail.com , decemberei0988@gmail.com , kyawzinoo.kyaw1989@gmail.com