Monday, June 19, 2017

၂၀၁၇-၁၈ မိုဘိုင်းဖုန်းရောင်းအားအကောင်းဆုံး ထိပ်တန်းကုမ္ပဏီ(၁၀)ခု

မိုဘိုင်းဖုန်းတွေဟာ လူတွေရဲ့နေထိုင်ရှင်သန်မှုမှာ မရှိမဖြစ်လိုအပ်တဲ့အသုံးအဆောင်အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါ တယ်။ မိုဘိုင်းဖုန်းတွေရဲ့အသုံးဝင်မှုတွေဟာလည်း အားလုံးလည်းလက်တွေ့ဖြစ်ပါတယ်။ မိုးဘိုင်းဖုန်းရယ်လို့စတင်ဖြစ် လာပြီး လွန်ခဲ့တဲ့နှစ်(၂၀)ကျော်ကို ပြန်ကြည့်ရင် ဆဲလ်ဖုန်းတွေဟာ ဖုန်းဆက်ခေါ်ဖို့၊ မက်ဆေ့ခ်ျပို့ဖို့လောက်ပဲ အသုံးဝင် ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စမတ်ဖုန်းတွေက အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ ဒါဟာ ခေတ်မီတဲ့သိပ္ပံနည်းပ ညာရဲ့ပြယုတ်တစ်ခုပဲမဟုတ်ပါလား။ ဒီလိုတီထွင်ဆန်းသစ်မှုတွေလည်း ပေါ်ထွန်းလာခဲ့သလို မိုဘိုင်းဖုန်းတီထွင်တဲ့ကုမ္ပဏီတွေကလည်း အပြိုင်အဆိုင် Latest Modelတွေကို တစ်မျိုးပြီးတစ်မျိုးထုတ်လာခဲ့ကြပါတယ်။ ၂၀၁၇-၁၈မှာ ရောင်းအားအကောင်းဆုံး မိုဘိုင်း ဖုန်းကုမ္ပဏီတွေရဲ့အမည်စာရင်းကို ဖော်ပြချင်ပါတယ်။ ဒီကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကပြည်သူတွေနဲ့ ရင်းနှီးပြီး သားကုမ္ပဏီတွေဖြစ်လို့ ဗဟုသုတရမယ်လို့ ထင်ပါတယ်။ များသောအားဖြင့် ဖုန်းတွေကို ရေကြောင်းကပဲ သယ်ယူတင် ပို့တာဖြစ်လို့ သင်္ဘောကုန်ယူနစ်နဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ၁၀။ ViVO (၄၄ သန်း) တရုတ်နိုင်ငံထုတ် VIVOမိုဘိုင်းဖုန်းဟာ ၂၀၀၉ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး Brandမှာပါဝင်နိုင်ခဲ့တာ အလွန်ချီးကျူးဖို့ကောင်းပါတယ်။ ကိုယ်ပိုင်ဆော့ဝဲနဲ့ ဟန်းဆက် အမျိုးမျိုးကို ထုတ်လုပ်ခဲ့ပြီး သူတို့ရဲ့ရောင်းအား ယူနစ်(၄၄)သန်းအထိရှိခဲ့ပါတယ်။ ၉။ TCL – Alcatel (၄၈ သန်း) TCL-Alcatel မိုဘိုင်းဖုန်းကုမ္ပဏီကလည်း တရုတ်နိုင်ငံကပဲ ထုတ်တာဖြစ်ပြီး ၂၀၀၄ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ TCL-Alcatelက ထုတ်တဲ့ ဟန်းဆက်အမျိုးအစားတွေဟာ ဟောင်ကောင်မှာအလွန်နာမည်ကြီး ဈေးကွက် လည်းကောင်းမွန်ခဲ့ပါတယ်။ သူတို့ကုမ္ပဏီက ထုတ်တဲ့ဟန်းဆက်အမျိုးအစားတွေကတော့ Pop၊ Idolနဲ့ Pixiတို့ဖြစ်ကြ ပြီး သူတို့ရဲ့ရောင်းအားက ယူနစ်(၄၈)သန်းအထိရှိပါတယ်။ ၈။ Oppo (၅၀ သန်း) Oppoတံဆိပ်ကတော့ မြန်မာပြည်သူတွေရင်းနှီးပြီးသားဖြစ်မှာပါ။ ဆယ်လ်ဖီဘုရင်လို့ နာမည်ကျော်ကြားတဲ့ Oppoကုမ္ပ ဏီကို ၂၀၀၁ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ရောင်းအားက ယူနစ် သန်း(၅၀)ရှိပါတယ်။ ကုမ္ပဏီစတင် တည်ထောင်ခါစက Oppo MP3တွေကို ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှ စမတ်ဖုန်းတွေကို တီထွင်ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ Oppoတံဆိပ်ကို အိန္ဒိယ၊ တရုတ်၊ အာရပ်နိုင်ငံများ၊ ဥရောပ၊ သြစတြေးလျ၊ အမေရိကန်နဲ့ အရှေ့တောင် အာရှတို့မှာလည်း တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ပါတယ်။ READ “ဖုန်းနှင့်မခွဲနိုင်ခြင်းရောဂါ” အကြောင်းတစေ့တစောင်း ၇။ ZTE (၅၆ သန်း) တရုတ်နိုင်ငံကထုတ်တဲ့ ZTEကုမ္ပဏီဟာ (၁၉၈၅)ခုနှစ်ကတည်းက တည်ထောင်ထားတာမို့လို့ မိုဘိုင်းလောကမှာ ကြာ မြင့်စွာရပ်တည်ထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ရဲ့ကုမ္ပဏီဟာ အလွန်ကြီးကျယ်ပြီး တရုတ်ပြည်သူပေါင်း(၇) သောင်းလောက်ကို အလုပ်ပေးထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဆော့ဝဲလ်၊ Telecom Services၊ တက်ဘလက်နဲ့ စမတ်ဖုန်းများစွာကိုလည်း ထုတ်လုပ်ပါတယ်။ နောက်ပြီး သူတို့ရဲ့မိုဘိုင်ဖုန်းဟာ ထိပ်တန်းမိုဘိုင်ဖုန်းတွေအနက် ဈေး အသက်သာဆုံးဖုန်းတွေလည်းဖြစ်ကြပါတယ်။ ၆။ LG (၅၉ သန်း) တောင်ကိုရီးယားအခြေစိုက် LGတံဆိပ်ဟာ ၁၉၅၈ခုနှစ်ကတည်းက စတင်တည်ထောင်ထားပြီး မိုဘိုင်းဖုန်းတွေမပေါ် ခင်ကတည်းက လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ် နာမည်ကျော်ကြားသူပါ။ ပြည်တွင်း LGကုမ္ပဏီမှာ အလုပ် သမားပေါင်း(၈)သောင်းလောက်အလုပ်လုပ်ကြသလို ကမ္ဘာ့အနှံ့ကုမ္ပဏီခွဲပေါင်းကလည်း ၁၁၀လောက်ရှိပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့မိုဘိုင်းဖုန်းရောင်းအားက ယူနစ်(၅၉)သန်းအထိရှိနေတာဖြစ်ပါတယ်။ ၅။ Xiaomi (၆၅ သန်း) တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ အခြေစိုက်ထားတဲ့ Xiaomiမိုဘိုင်းဖုန်းတွေကတော့ ပြီးခဲ့တဲ့နှစ်အနည်းငယ်တွင်းမှ ပေါ်လာ တာဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ မိုဘိုင်းဖုန်းရောင်းအားအကောင်းဆုံးစာရင်း နံပါတ်(၅)မှာ ချိတ်ခဲ့ပါတယ်။ Xiaomiကုမ္ပဏီဟာ ၂၀၁၀ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဟန်းဆက်တွေကို ကွာလတီကောင်းကောင်းနဲ့ ထုတ်လုပ်ပေမယ့် ဈေးနှုန်းကသက်သာတော့ သူတို့ရဲ့Brandဟာ အချိန်တိုအတွင်းမှာ နာမည်ကျော်လာတာဖြစ်ပါ တယ်။ ၄။ Lenovo – Motorola (၇၂ သန်း) ၂၀၁၁ခုနှစ်ကနေစပြီး Lenovoလျှပ်စစ်ကုမ္ပဏီနဲ့ Motorola ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး Lenovo – Motorola ဟန်းဆက်တစ်ခုကို တီထွင်ခြဲ့ကပါတယ်။ ကုမ္ပဏီနှစ်ခုရဲ့ ဆန်းသစ်တဲ့နည်းပညာအသစ်တွေ ပေါင်းစပ်ပြီး ထုတ်လုပ် ထားတဲ့ မိုဘိုင်းတွေဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံးမိုဘိုင်းဖုန်းစာရင်းမှာ ယူနစ်(၇၂)သန်းရောင်းအားနဲ့ အဆင့် (၄)မှာ ချိတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဟန်းဆက်ဖုန်းအမျိုးအစားတွေဟာ အရှေ့တောင်အာရှမှာသိပ်မတွင်ကျယ်ပေမယ့် ဥရောပနဲ့ အခြားတိုက်တွေမှာတော့ နာမည်ကြီးတဲ့ Brandတစ်ခုဖြစ်ပါတယ်။ READ Facebookက သိနေတဲ့ သင့်အကြောင်းတွေကို ဘယ်လိုဖျက်မလဲ ၃။ Huawei (၁၀၄ သန်း) တရုတ်နိုင်ငံရဲ့ နာမည်ကြီးဆုံးမိုဘိုင်းဖုန်းကုမ္ပဏီဖြစ်တဲ့ Huaweiကတော့ ရောင်းအား ယူနစ်(၁၀၄)သန်းနဲ့ အဆင့်(၃) မှာရပ်တည်နိုင်ခဲ့ပါတယ်။ Network၊ စမတ်ဖုန်း၊ ကွန်ပြူတာ၊ တက်ဘလက်အပြင် အခြားဆော့ဝဲလ်အမျိုးမျိုးကိုလည်း ထုတ်လုပ်ပြီး ကမ္ဘာ့အနှံ့ တင်ပို့ရောင်းချတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကုမ္ပဏီခွဲပေါင်း (၁၆)ခုရှိသလို ပြည် တွင်းအခြေစိုက်ကုမ္ပဏီမှာလည်း အလုပ်သမားပေါင်း(၁)သိန်းခွဲလောက် အလုပ်ရနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ ၂။ Apple (၂၂၅ သန်း) တည်ထောင်သူ စတိဂျော့ဗ်စမှစပြီး Appleကုမ္ပဏီတံဆိပ်ဟာ တစ်ကမ္ဘာလုံးကို စိုးမိုးထားနိုင်တဲ့ တံဆိပ်ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အချမ်းသာဆုံးနိုင်ငံ(၄၀)လောက်က Appleတံဆိပ်ကို အသုံးပြုကြပြီး I Phone၊ I Pad၊ လက်တော့ပ် စတာတွေဟာ အသုံးပြုနေတဲ့ Customerအားလုံးကလည်း Appleရဲ့အရည်အသွေးကို ဘယ်ကုမ္ပဏီ မှလိုက်မမီဘူးဆိုတာ လက်ခံထားကြပါတယ်။ ၁။ Samsung (၃၂၀ သန်း) Samsungကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံးကုမ္ပဏီအဖြစ်ရပ်တည်နေပါတယ်။ ၁၉၆၉ခုနှစ် တောင် ကိုရီးယားနိုင်ငံမှာစတင်တည်ထောင်ခဲ့တဲ့ Samsung ကမ္ဘာ့အနှံ့နိုင်ငံ(၈၀)မှာ ရောင်းအားအကောင်းဆုံးဖြစ်သလို ပြည်တွင်းကုမ္ပဏီမှာလည်း အလုပ်သမားဦးရေ (၃)သိန်းလောက်ရှိပါတယ်။ Samsungက Appleထက် ရောင်းအား အကောင်းဆုံးဖြစ်နေရခြင်းမှာ Modelမျိုးစုံဟန်းဆက်တွေထွက်သလို သာမန်ပြည်သူလူတန်းစားလည်း ၀ယ်ယူနိုင်လို့ ဖြစ်ပါတယ်။ *M2T* (Shwemom) Source ; Worldstopbest.com

0 ကွန်မန့်ရေးရန်:

Post a Comment