This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, May 31, 2013

Mobile ကွန်ယက်နည်းပညာ (မြန်မာလို)


မင်္ဂလာပါခင်ဗျာ... သန်းထိုက်(ရွှေအရိပ်) ရေးသားပြုစုထားတဲ့ Mobile ကွန်ယက်နည်းပညာ စာအုပ်ကလေးကို မျှဝေပေးလိုက်ပါတယ်... Mobile ကွန်ယက်နည်းပညာ စာအုပ်တွင် အခန်း (၆) ခန်းပါဝင်ပြီး ၄င်းကောင်းတို့မှာ အခန်း(၁) စတင်လေ့လာ Mobile နည်းပညာ အခန်း(၂) Mobile ချိတ်ဆက်ခြင်းနည်းပညာ အခန်း(၃) CDMA 800 နှင့်အသုံးချနည်းပညာ အခန်း(၄) GSM/ WCDMA နှင့်အသုံးချနည်းပညာ အခန်း(၅) Internet ဆိုင်ရာအသုံးချနည်းပညာ အခန်း(၆) Mobile တို့၏ လျှို့ဝှက် Key များ စသည်တို့ပါဝင်ပါတယ်.... အရင်ကတင်ပေးပြီးသားပါ လင့်သေနေပြီး ပြန်တင်ပေးဖို့တောင်းထားလို့ လေ့လာလိုတဲ့သူများအတွက် Sharebeast, Minus နှစ်နေရာတင်ပေးထားပါတယ်...
Mobile ကွန်ယက်နည်းပညာ (မြန်မာလို)
Sharebeast
>>>  Download  <<<
Minus
>>>  Download  <<<
Download ယူနည်း

========================================================
Download ကို နှိပ်လိုက်လျှင် ပွင့်လာသောဆိုက်၏ ညာဘက်အပေါ်ဒေါင့်တွင် 
Please wait 5 seconds ဆိုတာပေါ်လာပြီး အချိန်ပြည့်ပါက
SKIP AD ကိုရောက်သွားပါမည် SKIP AD ကို ထပ်ပ်လိုက်လျှင်
Download လင့်ကို ရောက်ပါမည်။ 
========================================================

စိန့်မေရီ ဘုရားကျောင်း တာဝန်ခံက ရဲတိုက်ကို စတင်တိုက်ခိုက်ခြင်း မဟုတ်ဟု ငြင်းဆို(ရဲတိုကှ်ဆန္ဒပြပုံ video နှင့်ရဲစခန်းမှ ပြောပြချက် video ဖေါ်ပြလိုက်ပါသည်)

ရဲတိုက်က စိန့်မေရီ ဘုရားကျောင်း ကိုယ်တော်မြတ် ဗိမ္မာန်တော်တွင် ပြောင်းပြန်ကျောပေး ဝတ်ပြုနေစဉ် (ဝဲ) ဆိုင်းဘုတ်ကိုင်၍ တကိုယ်တော် ဆန္ဒပြနေသည့် သရုပ်ဆောင် ရဲတိုက် (အလယ်) ဘုရားကျောင်း ဥက္ကဋ္ဌ ဦးရစ်ချက်က ရဲတိုက်ကို ရေတိုက်နေစဉ် (ယာ) (ဓာတ်ပုံ – စိန့်မေရီ ဘုရားကျောင်း)
ရန်ကုန်မြို့ စိန့်မေရီ ကသီဒြယ် ဘုရားကျောင်း တာဝန်ရှိသူများက သရုပ်ဆောင် ရဲတိုက်ကို စတင် ထိုးကြိတ်ခြင်း မဟုတ်ဘဲ ရဲတိုက်က စတင် တိုက်ခိုက်သည်ကို ပြန်လည် ခုခံခြင်းသာဖြစ်ကြောင်း အဆိုပါ ဘုရားကျောင်း၏ ကျောင်းထိုင် ဆရာတော် ဒေါမနစ် ဦးသက်တင်က ဧရာဝတီသို့ ပြောသည်။
မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် သရုပ်ဆောင်ရဲတိုက်က စိန့်မေရီ ကသီဒြယ် ဘုရားကျောင်း ဝန်းအတွင်း တကိုယ်တော် ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ဧရာဝတီက သွားရောက်မေးမြန်းရာ ကျောင်းထိုင် ဆရာတော်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
သရုပ်ဆောင်ရဲတိုက်က မေ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တခါ၊ မွန်းတည့် ၁၂ နာရီကျော်တွင် တခါ၊ နေ့လယ် ၂ နာရီကျော်တွင် တတိယ အကြိမ် ဘုရားကျောင်းအတွင်း ဝင်ရောက်လာပြီး တကိုယ်တော် ဆန္ဒပြခဲ့သည့် အတွက် ဘုရားကျောင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ရဲစခန်းသို့ ဖုန်းဆက်ခေါ်လိုက်ရာ ဗိုလ်တထောင် ရဲစခန်းမှ တာဝန် ရှိသူများက ရဲတိုက်အား လာရောက် ခေါ်ဆောင်သွားခဲ့သည့် ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သည်။
အင်တာနက် စာမျက်နှာများတွင် ရဲတိုက်က ဘုရားဝင်ဖူးခြင်းကို ဘာသာမတူ၍ ပိတ်ပင်ခံရကြောင်း၊ ဘုရားကျောင်းမှ ဝိုင်းဝန်း ထိုးနှက်ကြကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားသည့် အပေါ် “ဘယ်ဧည့်သည်မဆို ဘာသာတူတူ မတူတူ ၀င်ထွက် လေ့လာနိုင်ပါတယ်။ မြန်မာပြည်မှာ ကျောင်းတက်နေတဲ့ ဗိသုကာ ကျောင်းသားတွေ အများစု လေ့လာနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် လေ့လာသူတွေကို ကူညီပေးတယ်။ ဘယ်သူ မလာရဘူး၊ ဘယ်သူလာရမယ် ဆိုတာ မရှိဘူး” ဟု ဖာသာ ဒေါမနစ် ဦးသက်တင်က ရှင်းပြသည်။
သရုပ်ဆောင် ရဲတိုက်သည် ဘုရားကျောင်းအတွင်း မလျော်ကန်သည့် အပြုအမူများ ပြုလုပ်ခဲ့ရုံမက မီဒီယာသမားများကို ခေါ်ဆောင်လာကာ တကိုယ်တော် ဆန္ဒပြခြင်း ပြုလုပ်ခဲ့သည့်အတွက် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကက်သလစ် ဘာသာဝင်တွေရဲ့ အထွက်အမြတ် ထားတဲ့ နေရာတခု ဖြစ်တဲ့ အတွက် တနေရာရာကို ၀တ်ပြုဖို့ သွားမယ်ဆိုရင် သင့်မြတ်လျောက်ပတ်တဲ့ ရိုသေ သမှုရှိရမယ်။ ကက်သလစ် ဘာသာဝင်တွေရဲ့ ၀တ်နည်းကို မသိရင်တောင်မှ Respect ရှိရမယ်။ ပထမအကြိမ်လာတဲ့အခါမှာ ရဲတိုက်ဆိုတဲ့လူက ဘုရားကျောင်း လိုက်ကြည့်တယ်၊ အေးအေးဆေးဆေးပဲ။ အဲဒီအချိန်မှာ ဘုရားကျောင်းက ဝန်ထမ်းတွေရှိတယ်။ ဘယ်သူလာလာ သူတို့ သတိမထားမိဘူး။ သူတို့ သတိထားမိတဲ့ အချက်က စန်ကျူရီ တံခါး ဖွင့်တာ ပိတ်တာကိုပဲ သတိထားမိတယ်” ဟု ကျောင်းထိုင် ဆရာတော်က ဆက်ပြောသည်။
စန်ကျူရီတံခါးဆိုသည်မှာ ခရစ်ယာန် ဘာသာဝင်များပင် ဝင်၍မရသည့် နေရာ ဖြစ်ကြောင်း၊ စန်ကျူရီ တံခါး ဖွင့်သံကို ဝန်ထမ်းများ ကြားလိုက်ချိန်တွင် ရဲတိုက်က အထဲရောက်နေပြီ ဖြစ်သောကြောင့် ဝန်ထမ်းများက အထဲဝင်၍ မရဘဲ အပြင်မှ ကြည့်ရှုပါရန် ပန်ကြားကြောင်း သိရသည်။
ဆရာတော်က “ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ပြောပြီး သူလည်း နားထောင်တယ်။ ပြီးသွားတော့ သူ ထွက်သွား ပါတယ်။ ဒုတိယအကြိမ် နေ့လယ်ပိုင်း ၁၂ နာရီ ၁၀ မိနစ်မှာ ပြန်ရောက်လာတယ်။ ဘုရားကျောင်းက ၈ ခွဲကနေ ၁၂ နာရီအထိ၊ ၂ နာရီကနေ ၆ နာရီအထိပဲ ဖွင့်တော့ သူလာတဲ့အချိန် တံခါးပိတ်နေပြီ၊ ဒါကြောင့် ဘုရားကျောင်းထဲ ၀င်လို့မရတော့ဘူး။ဝတ်ပြုချင်ရင် ဗိမာန်တော် ရှိတယ်ဆိုပြီး ကျောင်းက ကိုတင်ဦးနဲ့ ကိုရေမွန်က လိုက်ပြတယ်။ ကျနော်တို့ အထွတ်အမြတ် ထားတဲ့ ကိုယ်တော် ဗိမာန်ရောက်တော့ အထဲမှာ ၀တ်ပြုသူနှစ်ဦး ရှိတာတောင် တံခါးကို ဆောင့်ပြီး ၀ုန်းကနဲ တွန်းဖွင့်တယ်” ဟု စိန့်မေရီ ကျောင်းထိုင် ဆရာတော်က ဆိုသည်။
ရဲတိုက်သည် ဗိမာန်တော်ကို နောက်ကျောပေး၍ တခြားသူများနှင့် ပြောင်းပြန် ၀တ်ပြုကြောင်း၊ နေကာမျက်မှန်နှင့် ဦးထုပ် ဝတ်ထားသဖြင့် ချွတ်ခိုင်းလိုက်ရကြောင်း သူက ဆက်ပြောသည်။
“ကျနော်တို့က ခွင့်လွှတ်လို့ ရပေမယ့် ဘာသာဝင်တွေ အတွက် စော်ကားခြင်း တမျိုးလည်း ဖြစ်တယ်။ သူများတွေ ဘယ်ဘက်လှည့်လဲ၊ ဘယ်လိုထိုင်လဲ မြင်နေတာပဲ။ အထွက်အမြတ်ထားတဲ့ ကိုယ်တော်မြတ်ဆိုတဲ့ ကိုးကွယ်တဲ့ နေရာကို ကျောခိုင်းပြီးတော့ သူ့ရဲ့ အပြုအမူက မထီမဲ့မြင် ဖြစ်နေတယ်ပေါ့နော်။ နောက်ပြီး ဘုရားရဲ့ မယ်တော်ဂူကိုလည်း သူက ကျောခိုင်းပြီး ထပ်ဝတ်ပြုပါတယ်။ ဒါ ကျနော်တို့ အထွတ်အမြတ် ထားတဲ့နေရာပေါ့” ဟု ကျောင်းထိုင်ဖာသာ ဒေါမနစ် ဦးသက်တင်က ဆိုသည်။
ရဲတိုက်သည် စာရွက်ကိုင်၍ ဆန္ဒမပြမီပင် ကက်သလစ် ဘာသာဝင်များ၏ ဓလေ့ထုံးစံများကို ပြောင်းပြန် ပြုလုပ်နေကြောင်း၊ ထိုကဲ့သို့သော အပြုအမူမျိုးကို တားမြစ်ရမည်ဖြစ်ကြောင်း၊ ဘာသာဓလေ့ကို နားမလည်လျှင်လည်း တခြားသူများကို ကြည့်၍ ဝတ်ပြုနိုင်ကြောင်း ဖာသာက ရှင်းပြသည်။
“တတိယအကြိမ်မှာ သူ စာရွက်ကိုကိုင်ပြီး ပြန်လာတယ်။ ကျနော်တို့က ကျနော်တို့ ဘာသာမှာ ဆန္ဒပြတယ် ဆိုတာ မလုပ်ကြဘူး။ ၈၈ အရေးအခင်းမှာတောင် ကျနော်တို့ ကက်သလစ် ဘာသာဝင်တွေ အပြင်ထွက်ပြီး ဆုတောင်း မေတ္တာပို့တယ်၊ ပုတီး စိတ်ကြတယ်။ ဒို့အရေးလို့ အော်ပြီး ဆန္ဒမပြကြဘူး။ ဖယောင်းတိုင်ထွန်းတယ်၊ ဆုတောင်းပေးတယ်၊ ဒီလိုဆန္ဒပြခြင်းကို ကျနော်တို့ဘာသာမှာ လက်မခံကြဘူး။ နောက် ကျနော်တို့ကိုလည်း ဆန္ဒပြလို့ မရဘူး။ ဒါ ပြည်သူပိုင် နယ်မြေမဟုတ်ဘူး။ ဘုရားကျောင်းဝင်း ဆိုတာ ဘာသာပိုင် နယ်မြေ” ဟု ၎င်းက ပြောသည်။
ရဲတိုက်က ဆန္ဒပြရာတွင် “ဘုရားဝတ်ပြုခြင်းမှာ ဆူပူအုံကြွမှု ပြုလုပ်ခြင်း မဟုတ်” ဆိုသည့် စာတန်းကို ကိုင်ဆောင်ထား သော်လည်း ရဲတိုက် အနေဖြင့် ဆူပူအုံကြွမှု ဖြစ်စေရန် ပြုလုပ်နေခြင်းဟု ယုံကြည်၍ ရနိုင်ကြောင်း၊ ရဲတိုက် ဘုရားကျောင်းသို့ တတိယအကြိမ် ပြန်လာရာတွင် မီဒီယာများကို ခေါ်လာကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းမှာ ဘာသာသာသနာကို ညှိုးနွမ်း စေရန် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“သူတို့ ၀က်ဘ်ဆိုက်တွေမှာ သတင်းအမှားတွေ တင်ကြတယ်။ ဒါ ကျနော်တို့ ခရစ်ယာန်ဘာသာကို စော်ကားတာပဲ။ ဘာသာရေး အဓိကရုဏ်း ဖြစ်အောင် လုပ်တဲ့ ရည်ရွယ်ချက်တခုပဲလို့ ကျနော်တို့ ဆိုလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကက်သလစ် ဘာသာဝင်တွေ သူများနဲ့ အဓိကရုဏ်းဖြစ်တာ တခါမှ မရှိဘူး။ ကိုယ့်ဘုရားကို ချစ်လို့ ကိုယ့်ဘာသာကိုယ် တိတ်တိတ်ဆိတ်ဆိတ် နေနေကြတာ။ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေနဲ့ ဘာပြဿနာမှ မရှိဘူး။ ကျနော်တို့ ကျောင်းဝင်းထဲကို ဗုဒ္ဓဘာသာ ဘုန်းကြီးတွေလည်း ၀င်နေ သွားနေတာပဲ” ဟု ကျောင်းထိုင် ဆရာတော်က ဆိုသည်။
ရဲတိုက် ဆန္ဒပြနေသည့် အချိန်တွင် မီဒီယာ သမားများက ဓာတ်ပုံများ ရိုက်နေ၍ ဝန်ထမ်းများက သာသနာ့ အကျိုးဆောင် လူကြီးများနှင့် ရဲစခန်းကို ဖုန်းဆက် ခေါ်လိုက်ကြောင်း သိရသည်။
ဆရာတော်က “ကျနော်တို့က မထိရဲဘူး။ ကျနော်တို့က သွားပြီး ရိုက်လို့လည်း မရဘူး။ ဘာဖြစ်လဲ၊ ဘာပြဿနာရှိလဲလို့  မေးတော့လည်း သူက မပြောဘူး။ သူ့ကို ထိုးနှက်ကြတယ်လို့ သူက ပြောတယ်။ ရဲတွေ ရောက်တဲ့အချိန်မှာ ဒီဘုရားကျောင်းက ကိုတင်ဦးကို သူ စထိုးလိုက်တယ်။ ပြန်ခုခံလိုက်တဲ့ အချိန်မှ မီဒီယာသမားတွေ အဲဒီဓာတ်ပုံကို အမိအရ ယူလိုက်ပြီး ဘုရားကျောင်းကလူတွေက ထိုးနှက်ပါတယ်လို့ ပြောတယ်။ သူအရင်လုပ်တယ် ဆိုတာ သူဝန်ခံပါတယ်၊ဒါပေမယ့် ၀က်က်ဆိုက်တွေမှာ တက်နေတာက ကျနော်တို့ လုပ်ပါတယ်လို့ တက်နေတယ်။ အဲဒါက သတင်းအမှားပါ” ဟု ဆိုသည်။
ရဲတိုက်ကို ဝိုင်းဝန်း ထိုးနှက်ကြသည်ဟူသော သတင်းနှင့် ပတ်သက်၍ ဖြစ်စဉ် အစအဆုံးတွင် ရှိနေခဲ့သည်ဟု ဆိုသော ဘုရားကျောင်းမှ ကိုတင်ဦးကလည်း ရဲတိုက်က စတင် ထိုးခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“သူက အရင်ကျနော့်ကို စထိုးတာပါ။ ထိုးတဲ့အချိန်မှာလည်း ရဲတွေရှိပါတယ်။ ကျနော်က ကာလိုက်တဲ့ အချိန်မှာ ကျနော့် လက်က သူလည်ပင်းနား ရောက်သွားတယ်။ ဒါပေမယ့် သူစထိုးတယ်၊ သူလုပ်တယ်ဆိုတာ နောက်တော့ ရဲတွေရှေ့မှာ ၀န်ခံပါတယ်၊ တောင်းပန်ပါတယ်။ ဘာမှမဟုတ်ဘူး၊ ပြီးသွားပြီ ဆိုပြီး ဆိုင်းဘုတ်ကို ချလိုက်တယ်။ ရဲတွေရောက်လာတော့ သူကိုယ်တိုင်က ဖမ်းပါ၊ ကျနော့်ကို ဖမ်းပါလို့ ပြောတယ်” ဟု ကိုတင်ဦးက ရှင်းပြသည်။
ရဲတိုက်က သူကိုယ်တိုင် ဆန္ဒပြခြင်းဖြစ်သည်ဟု ရဲများရှေ့တွင် ဝန်ခံကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြရန် ခွင့်တောင်း ခြင်းလည်း မပြုခဲ့ကြောင်း ပြောသည်ဟု သိရသည်။
“ရဲတိုက်က အသည်းကွဲရင် မျက်ရည်လည်းကျတယ် ဆိုလား ပြောသွားသေးတယ်။ ဆန္ဒပြဖို့ နေရာလည်း မဟုတ်ဘူး၊ သူမှားနေတယ်။ အပြန်အလှန်လေးစားမှု ရှိရမှာပေါ့” ဟု ကိုတင်ဦးက ဆိုသည်။
ဆိုင်းဘုတ်ကိုင်၍ ဆန္ဒပြနေချိန်တွင် ရဲတိုက်က အင်္ဂလိပ်ဘာသာဖြင့် စကားများ ပြောနေကြောင်း၊ ဘုရားကျောင်း သာသနာပြု အဖွဲ့ဥက္ကဋ္ဌဦးရစ်ချက်က ရေတဗူးနှင့် အအေးတဗူး တိုက်ခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်တထောင် ရဲစခန်း တာဝန်ရှိသူ တဦးက “ဘုရားကျောင်းက သာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဦးရစ်ချက်က အကြောင်းကြားလာလို့ သွားရောက် ထိန်းသိမ်းတာပါ။ သူ့ကို လက်ရှိတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၀/ ၂၉၅ (က) နဲ့ အမှုဖွင့် ဆောင်ရွက်နေပါတယ်။ ဘာသာသာသနာကို ညှိုးနွမ်းစေအောင် ရည်ရွယ်ကြံစည်ပြုမူမှု ဆိုတဲ့ ပုဒ်မပါ။ဒီအမှုက ပုဒ်မအရတော့ အာမခံမရပါဘူး။ လောလောဆယ်တော့ ထိန်းသိမ်းထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး သရုပ်ဆောင်ရဲတိုက်ကို ဆက်သွယ်ရာ ၎င်း၏ဖုန်းမှာ စက်ပိတ်ထား သကဲ့သို့ ရဲတိုက်နှင့် နီးစပ်ရာ မိတ်ဆွေများထံမှလည်း သတင်းမရပေ။
ရဲတိုက် ဆန္ဒပြမှု ဖြစ်စဉ်နှင့် ပတ်သက်၍ စိန့်မေရီ ဘုရားကျောင်းမှ တာဝန်ရှိသူများကမူ မည်သည့် တုန့်ပြန်ခြင်းမျှ မပြုလိုကြောင်း၊ ဘာသာရေး အထိကရုဏ်းများလည်း မဖြစ်လိုကြောင်း၊ ငြိမ်းချမ်းစွာ ပြီးဆုံးလိုကြောင်း ပြောသည်။
“ကျနော်တို့ကတော့ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ နောက် ဘာသာရေးအရ မတော်မတရားတဲ့ သတင်းတွေ ဖြစ်နေတာ၊ တက်နေတာကိုလည်း ရပ်စေချင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ဆက်လုပ်သွားမယ် ဆိုတာ ရည်ရွယ်ချက် မရှိဘူး။ ကျနော်တို့က သူပြေငြိမ်းရင် ပြေငြိမ်းချင်တယ်။ အဖြစ်မှန်ကိုတော့ ပေးစေချင်တယ်။ ဘာသာ တခုနဲ့တခု အကြားမှာ ဒီသံသယတွေ မဖြစ်စေချင်ဘူး” ဟု စိန့်မေရီ ကျောင်းထိုင်ဆရာတော်က ဧရာဝတီသို့ ပြောသည်။
စိန့်မေရီ ကသီဒြယ် ကက်သလစ် ဘုရားကျောင်းသည် ယခင်က ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း) တွင် နှစ် ၃၀၀ ရှိခဲ့ပြီး ယခု ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်သည့် အသင်းဝင် ၈၀၀၀ ရှိကြောင်း သိရသည်။
ဆက်လက်၍ ဆရာတော်က “သူဘာ ဘာသာ ကိုးကွယ်လည်း ဆိုတာ ကျနော်တို့မသိဘူး။ ကျနော်တို့က သူဘာဘာသာပဲ
ကိုးကွယ်နေပါစေ တရားမှန်ရင် မေတ္တာရှိရမယ်လို့ ခံစားရတယ်။ အချင်းချင်း လေးစားရမယ်၊ ကျနော်လည်း စေတီပုထိုးတွေ သွားရင် ဖိနပ်ချွတ်ရမယ်၊ ရိုသေသမှု ပြုတဲ့ အမူအရာမျိုးနဲ့ နေထိုင်ရမယ်။ ကျနော်က သွားပြီး ငါ ဒီဘာသာ မယုံကြည်ဘူး လုပ်ချင်တာလုပ်မယ်ဆိုပြီး သွားလုပ်လို့မရဘူး။ ဒါက ဆူပူမှုကို ဖန်တီးချင်တာပဲ။ ကျနော်တို့က တည်ငြိမ်အေးချမ်း ချင်တယ်။
ကျနော်တို့က ဘာသာတရား လုပ်နေတဲ့သူတွေမို့လို့ သူ့ကို ဘာမှမလုပ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
http://burma.irrawaddy.org/archives/40840
မှ
အောက်မှသွားရောက်ကြည်ရူ့ နိုင်ပါသည်..။ရဲတိုက် ဆန္ဒ ဖေါ်ထုတ်ပုံ video  လေးပါ......
(76) May 28, 2013 7:03pm
ရဲစခန်းမှ    ရဲတိုက်   နဲ့ပတ်တက်တဲ့ သတင်းအချက်လက်   တင်ပြထားသည့် videoလေးပါအောက်မှာသွားရောက်ကြည့်ရူ့ပါ။
(76) ရဲ တိုက် ဟာ အစွန်းရောက် muslim တစ် ယောက်ပါ။
နွေည

SEA Games ကို ဖိလစ်ပိုင် သပိတ်မှောက်မည်ဟုဆို



ရန်ကုန်၊ မေ ၂၉

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ကို သပိတ်မှောက်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အားကစား ကော်မရှင်ဥက္ကဋ္ဌ ရစ်ချီဂါစီယာ(Richie Garcia) က ဖိလစ်ပိုင်သတင်းစာ The Philippine Star သို့ မေလ ၂၈ ရက်နေ့က ပြောကြားလိုက်သည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံက ဆုတံဆိပ်ရနိုင်သည့် အားကစားနည်း များကို ဦးစားပေး ရွေးချယ်ထားခြင်းကြောင့် သပိတ်မှောက်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံက (၂၆) ကြိမ်မြောက် အင်ဒိုနီးရှား SEA Games တွင် နိုင်ငံအလိုက် ရပ်တည်မှု၌ အဆင့်ခုနစ်သာ ရခဲ့သည်ကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရချိန်၌ အဆင့်တက်ရန် နည်းမျိုးစုံ ကြိုးစားခဲ့ပြီး အိုလံပစ် အားကစားအချို့နေရာတွင် ရိုးရာ အားကစားနည်းများကို အစားထိုး ခဲ့ကြောင်း ၄င်းက စွပ်စွဲပြောဆိုခဲ့သည်။

အင်ဒိုနီးရှားတွင်ကျင်းပသည့် (၂၆) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အားကစားနည်း ၃၆ မျိုးအနက် ဖိလစ်ပိုင် နိုင်ငံက ဆုရခဲ့သည့် အားကစားနည်း ၁၆ မျိုးကို မြန်မာနိုင်ငံက ထည့်သွင်းကျင်းပမှု မရှိသည့်အချက်က သပိတ်မှောက်ရသည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း ပြောဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌကို အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေးကော်မတီ အစည်းအဝေး တွင် ထည့်သွင်းဆွေးနွေးရန် အကြုံပြု ထားသည်ဟု ဖိလစ်ပိုင်နိုင်ငံ အားကစား ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲဝင်မည့် ဖိလစ်ပိုင် အားကစားသမားများကို ထောက်ပံ့မှုများ ရပ်ဆိုင်းမည် မဟုတ်သော်လည်း ဆုရနိုင်ခြင်း မရှိသည့် အားကစားနည်း များက အားကစားသမား များကိုမူ ထောက်ပံ့မှုများ လျှော့ချသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းကြောင့် စင်ကာပူနိုင်ငံတွင် ကျင်းပမည့် (၂၈)ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အငြင်းပွားမှု မဖြစ်ရန် အားကစားဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများ ရေးဆွဲရန် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေးကော်မတီသို့ တောင်းဆိုမည် ဖြစ်ကြောင်း The Philippine Star ကို ပြောဆိုခဲ့သည်။

ဗီယက်နမ်ရိုးရာ ကိုယ်ခံပညာ ဗိုဗီနမ်၊ ကမ္ဘောဒီးယားရိုးရာ အားကစား ကမ်ပိုနှင့် မြန်မာရိုးရာ ခြင်းလုံး အားကစားနည်း သုံးမျိုးမှ ရွှေတံဆိပ်ဆု ၄၄ မျိုးကို မြန်မာနိုင်ငံက အများဆုံရနိုင်သည့် အတွက် နိုင်ငံ အလိုက် ရပ်တည်မှုအဆင့် ဖော်ပြချက်တွင် ထည့်မတွက်ရန် မြန်မာနိုင်ငံအားကစား ဝန်ကြီးဌာနကို တောင်းဆိုမည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အားကစားကော်မရှင်ဥက္ကဋ္ဌ က ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် အားကစားနည်း ၃၃ မျိုးထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း တရားဝင်ကြေညာ ခဲ့ရာတွင် ဖိလစ်ပိုင်နိုင်ငံ အားကစားဝန်ကြီး နှင့်အဖွဲ့က သဘောတူကြောင်း ပြောကြားခဲ့သည်။

The Voice Weekly

လွန်ခဲ့သော နှစ်40 ကျော်က ရေးခဲ့တဲ့ ၀တ္ထု - ကိုးသင်္ချိုင်းသံဓား ( ဓူဝံ )




Download - သင်္ချိုင်းသံဓား-ဓူဝံ.pdf

လူကြိုက်များတဲ့ MX Player 1.7.15






လူကြိုက်များတဲ့ MX Player လေးက version အသစ်လေးထွက်လို့
လာပြန်ပါပြီ အခု version လေးက 4.2 jelly bean နဲ့ ကိုက်ညီမှုရှိပါတယ်
အင်းပြောနေတာကြာပါတယ် လိုချင်သူများဒေါင်းတော့ဟေ့..
version 1.7.15
ဖိုင်ဆိုဒ်က - 7MB

ရင်သားကင်ဆာကုသရန် အကူအညီလိုအပ်နေ


Photo: ရင်သားကင်ဆာကုသရန် အကူအညီလိုအပ်နေ
.............................................................

ဧရာဝတီတိုင်းဒေသကြီး၊မော်လမြိုင်ကျွန်းမြို့နယ်၊ကျွဲရေကျော်ကျေးရွာ
မှ မသီတာအေးဖြစ်ပါတယ်။ရင်သားကင်ဆာကြောင့် ရန်ကုန်ပြည်သူ့
ဆေးရုံကြီးအမျိုးသမီးခွဲစိတ်ဆောင်(၇/၈) ကုတင်အမှတ်(၁)မှာတက်ရောက်
ဆေးကုသမှုခံယူနေပါတယ်။

တာဝန်ကျဆရာဝန်များရဲ့ပြောကြားချက်အရ
ခွဲစိတ်ဖြတ်တောက်လိုက်လျှင်အသက်ရှင်နိုင်မယ်လို့သိရပါတယ်။လူမမယ်
ခလေးငယ်နှစ်ဦးနဲ့ရုန်းကန်နေရတဲ့သူမအတွက် အသက်ရှင်ဖို့အကူအညီ
များလိုအပ်နေပါတယ်။

ဆက်သွယ်ရန်-0931360040

 Credit to>>>Maung Koko
ဧရာဝတီတိုင်းဒေသကြီး၊မော်လမြိုင်ကျွန်းမြို့နယ်၊ကျွဲရေကျော်ကျေးရွာ
မှ မသီတာအေးဖြစ်ပါတယ်။ရင်သားကင်ဆာကြောင့် ရန်ကုန်ပြည်သူ့
ဆေးရုံကြီးအမျိုးသမီးခွဲစိတ်ဆောင်(၇/၈) ကုတင်အမှတ်(၁)မှာတက်ရောက်
ဆေးကုသမှုခံယူနေပါတယ်။

တာဝန်ကျဆရာဝန်များရဲ့ပြောကြားချက်အရ
ခွဲစိတ်ဖြတ်တောက်လိုက်လျှင်အသက်ရှင်နိုင်မယ်လို့သိရပါတယ်။လူမမယ်
ခလေးငယ်နှစ်ဦးနဲ့ရုန်းကန်နေရတဲ့သူမအတွက် အသက်ရှင်ဖို့အကူအညီ
များလိုအပ်နေပါတယ်။

ဆက်သွယ်ရန်-0931360040

Credit to>>>Maung Koko

Graffiti သမား အာကာကျော်အား မရမ်းကုန်းစည်ပင်မှ တရားစွဲ



By Popular News | Thursday, 30 May, 2013

မြန်မာ Graffiti အနုပညာသည် အာကာကျော်အား ယနေ့တွင် မရမ်းကုန်း မြို့နယ် စည်ပင်ရုံးမှ အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း ၄င်း၏ ပြောကြားချက်အရ သိရသည်။

မနေ့ညက ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန် ရယက ရုံးက ခေါ်တာနဲ့ သွားတော့ မရမ်းကုန်း စည်ပင်က တရားစွဲထားကြောင်းနဲ့ မနက် ပြန်လာဖြေရှင်းဖို့ပြောမှ ကျွန်တော့်ကို တရားစွဲထားမှန်း သိရတယ်။ စည်ပင်ကတော့ ကျွန်တော်တို့ အခု စည်ပင်ဥပဒေနဲ့ပဲ တရားစွဲထားပြီး မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရဲ့ ပြောကြားချက်အရတော့ အကြမ်းဖျင်း ဒဏ်ငွေဆောင်ရမယ်လို့တော့ သိထားတယ်ဟု ၄င်းကဆိုသည်။

ကိုအာကာကျော်အနေဖြင့် သမ္မတ ဦးသိန်းစိန်၏ Graffiti ပုံကို သမ္မတကြီး၏ နိုင်ငံတကာ ငြိမ်းချမ်းရေး ဆု သွားရောက်လက်ခံယူနေချိန် ခရီးစဉ်အတွင်း ကမ္ဘာအေးဘုရားလမ်းပေါ်၌ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ဟိုတယ်မှာ ဒေါ်လာနှင့် မြန်မာငွေ ခိုးယူသူအား ဖမ်းဆီးရမိ



ဟိုတယ်၏ မြေအောက်ခန်းရှိ မီးခံသေတ္တာ အတွင်းမှ ဒေါ်လာနှင့် မြန်မာငွေ ခိုးယူသူအား ဖမ်းဆီးရမိ ကြောင်း မေလ (၃၀)ရက်နေ့ မှာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါတယ်။

၂၃.၅.၂၀၁၃ ရက်နေ့ ညနေပိုင်းတွင် ပုဇွန်တောင်မြို့နယ်၊ ဟိုတယ်တစ်ခု၏ မြေအောက်ခန်းရှိ မီးခံသေတ္တာ အတွင်းမှ အမေရိကန်ဒေါ်လာ ၁၅၂၀ ၊ မြန်မာငွေ ၁၃၈၂၄၅ ကျပ်တို့ ပျောက်ဆုံးနေခဲ့ တယ်လို့ သိရပါတယ်။ 

အဆိုပါ ပျောက်ဆုံးမှု ကို ဟိုတယ်ရှိ CCTV မှတ်တမ်းများအရ ညစောင့် ၀န်ထမ်းဖြစ်သူ အောင်ကိုကို၏ မသင်္ကာဖွယ် လှုပ်ရှားမှုများ တွေ့ရှိကြောင်း ဟိုတယ်တာဝန်ရှိသူ တစ်ဦးမှ ပုဇွန်တောင်မြို့မ ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ပုဇွန်တောင်မြို့မရဲစခန်း (ပ)၁၀၁/၂၀၁၃ ၊ပုဒ်မ ၃၈၁ ဖြင့်အမှုဖွင့် စုံစမ်းခဲ့ပါတယ်။

အဆိုပါမသင်္ကာသူ အောင်ကိုကို(ဘ)ဦးနေ၀င်း အား အသေးစိတ် စစ်ဆေးခဲ့ရာ ဟိုတယ်မှ ပျောက်ဆုံးသွားသည့် ဒေါ်လာနှင့်မြန်မာငွေများကို ခိုးယူခဲ့ပြီး ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ကုလားတစ်ဦးထံ ဒေါ်လာငွေ ၁ ဒေါ်လာလျှင် ၉၁၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ရာ
ငွေကျပ် ၁၃၈၀၀၀၀ိ/- ရရှိခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

 အဆိုပါရရှိငွေဖြင့် ရွှေဘုံသာလမ်းရှိ ရွှေဆိုင်မှ ရွှေချိန် (၁)ကျပ်သား ရွှေတုံးတစ်တုံး ၀ယ်ယူခဲ့ကြောင်း၊ ကျန်ငွေများကို သုံးစွဲခဲ့ရာ ငွေကျပ် ၃သိန်းသာ ကျန်ရှိတော့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ ပုဇွန်တောင်မြို့မ ရဲစခန်းမှ သက်သေခံပစ္စည်း များသိမ်းဆည်းကာ အောင်ကိုကိုအား ဖမ်းဆီးအရေးယူ ထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားပါတယ်။

သစ်ထူးလွင်

တက်တူးဝါသနာရှင်များအတွက်.....

internet/oddstuffmagazine

အခုကတော့ facebook lock ကျသွားပြီဆိုရင်

 
                   အခုကတော့ facebook lock ကျသွားပြီဆိုရင်တော့ ကြိုးစားကြည့်လို့ ရမယ် အချက်တွေကို ပြောပြချင်တာပါ။

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လ စီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များ များ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်ရာကောင်းပေမယ့် အကောင့်ကို ပြန်ရနိုင်ပါတယ်။ ဒါကြောင့် Lock ကျနေသောအကောင့် ကိုပြန်လိုချင်သူများ အောက်ပါ အတိုင်း လုပ်ဆောင်ရန် လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ြ ပီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ် ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည် မကောင်းပါဘူး။

ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရ တာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။

ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထား တဲ့အ တွက် သူသတ်မှတ်ထားတဲ့ Step အတိုင်း သွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေး ချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုး မျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ် ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်း တယ် ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်း သိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်

ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်း မပြည့်ပြည့်အောင်
မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက် တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများ များပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်က လုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲ သင့်သေးပါဘူး သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက် လာတတ် ပါတယ်။

ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့ မဟုတ်ပါ ဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါ တယ်… အချိန်အကြာကြီး ယူဖြည့်လို့ မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး facebook အကောင့် Lock ကျခြင်းမှ ကင်းဝေးပြီး အဆင်ပြေကြပါစေ!!!

လားရှိုးပဋိပက္ခ ပျက်စီးမှုတန်ဖိုး သိန်း ၆ဝဝ ရှိ လုံခြုံရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

သိင်္ဂီထွန်း

ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခများမှ မီးလောင်ပြီး ပျက်စီးဆုံးရှုံးခဲ့မှု တန်ဖိုး သိန်း၆ဝဝ နီးပါးရှိပြီး လုံခြုံရေးအတွက် အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းလိုက်သည်ဟု လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းလိုက်သည့် လုံခြုံရေးအဖွဲ့များတွင် အထွေထွေအုပ်ချုပ်ရဲမှူး၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် သံဃာတော်များ ပါဝင်ပြီး ''လုံခြုံရေးအဖွဲ့ ငါးဖွဲ့ချထားတယ်။ ညနေကမှ အစည်းအဝေးလုပ်တာဆိုတော့ ကျွန်တော်တို့လည်း အသေးစိတ်ကိုတော့မသိရသေးဘူး'' ဟု ဦးဝေလင်းက ပြောသည်။ ရိုက်နှက်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် အခြေအနေကို ထိန်းသိမ်းရန် ဖွဲ့စည်းခြင်းဟုလည်း သူက ဆိုသည်။

ပဋိပက္ခများအတွင်း လားရှိုးမြို့ အမှတ် (၈) ရပ်ကွက်တွင် ယမန်နေ့ညနေက မီးရှို့မှုဖြစ်ပွားခဲ့ပြီး ဗလီတစ်လုံး၊ အစ္စလာမ် မိဘမဲ့ ကျောင်းနှင့် ပြန်/ဆက်ဌာနပိုင်ဆိုင်ခန်း နှစ်ခန်းအပါအဝင် ပုဂ္ဂလိက ဆိုင်ခန်းများနှင့် ဂိုထောင်များ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး အတိအကျမှာ ၅၈၃ ဒသမ ၈ သိန်း ဖြစ်သည်ဟုလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်သည်။

ထို့အပြင် မေလ၂၉ရက်နေ့လည်တွင် အမှတ် (၇) ရပ်ကွက်၌ လူတစ်စုက အကြမ်းဖက်ရိုက်နှက်မှုကြောင့် အစ္စလာမ်ဘာသာ ဝင်တစ်ဦးသေဆုံးကာ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လားရှိုးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုခံယူနေသည်။ တစ်ဦးမှာ ဦးခေါင်းဒဏ်ရာရကာ ခွဲစိတ်ခန်းသို့ ပို့ထားရကြောင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနမှ သိရသည်။

ထိုရပ်ကွက်တွင်ပင် သတင်းထောက် နှစ်ဦးအား ရိုက်နှက်မှုဖြစ်ပွားရာ တစ်ဦးမှာ ဦးခေါင်းကွဲခဲ့ပြီး တစ်ဦးမှာ သံတုတ်ဖြင့် နောက်ကျောကို ရိုက်နှက်ခြင်းခံခဲ့ရသည်။ ''ကျွန်တော်တောင် အခုပဲ အရိုက်ခံလိုက်ရတယ်။ ကျွန်တော်က ခေါင်းကွဲသွားတယ်။ ကျွန်တော့်သူငယ်ချင်းကိုလည်း နောက်ကနေ သံတုတ်နဲ့ ရိုက်လိုက်တယ်။ ခုထိမထနိုင်ဘူး။ ကင်မရာထဲက မန်မိုရီကတ် (Memory Card) ကိုလည်း ယူထားလိုက်တယ်။ ဆေးခန်းတွေ လည်း ပိတ်တယ်'' ဟု လားရှိုးဒေသခံ အလွတ်တန်းသတင်းထောက် ကိုခွန်ဇော်ဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ည ၈ နာရီမှာလည်း ညကိုးနာရီကျော်လျှင် မထွက်ရအမိန့် ပုဒ်မ ၁၄၄ ချက်ချင်းထုတ်ပြန်ခဲ့ရပြီး ရဲတပ်ဖွဲ့နှင့် စစ်တပ်အင်အားများ ချထားခဲ့သေးသော်လည်း နေ့လည်ပိုင်းတွင် ပြန်လည်ဖြစ်ပွားခဲ့သည်။

''မြို့ကကျယ်တော့ လုံခြုံရေးယူနိုင်တဲ့ နေရာတော့ အေးချမ်းပေမယ့် မြို့ပြင်တွေမှာတော့ နေ့လည်ပိုင်းမှာ လှုပ်လှုပ်၊ လှုပ်လှုပ်ဖြစ်နေတုန်းပဲ'' ဟု ကျားဖြူပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း စံမင်းကပြောသည်။

မေလ ၂၉ ရက်တွင် လားရှိုးမြို့ရှိ မြို့မဈေးနှင့် ဈေးဆိုင်များအားလုံး ပိတ်ထားကြပြီး မနက်ပိုင်းတွင် အခြေအနေ တည်ငြိမ် မှုရှိကြောင်းဒေသခံများကပြောကြသည်။

ယနေ့ နေ့လည်ပိုင်းတွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူတို့သည် လားရှိုးမြို့ သာသနာ့ဗိမာန်တွင် သံဃာတော်များ၊ အစ္စာလာမ်ဘာသာရေးခေါင်းဆောင်များ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသေးသည်။

ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေးငွေစာရင်ရှင်တမ်း


၂၀၁၃ ခုနှစ် မေလ ၃၀ ရက်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ ကျင်းပပြီးစီးပြီးနောက် ကျန်ရှိ ငွေစာရင်းရှင်းတမ်း ရှင်းလင်းရန်နှင့် ကော်မတီဖျတ်သိမ်းရန်အတွက်  နောက်ဆုံး ညှိနှိုင်း အစည်းအဝေးကို ၂၀၁၃ ခုနှစ် မေလ ၂၆ ရက်နေ့ နံနက် ၉း၃၀ နာရီမှ ၁၂း၀၀ နာရီအထိ Kenkoo Plaza ( Ikebukuro ) 7 F, တွင် ကျင်းပခဲ့ကြပြီး ဖြစ်ပါသည်။ 
အစည်းဝေးမှ ဘဏ္ဍာရေးဆပ်ကော်မတီမှ ငွေစာရင်းရှင်းလင်းခြင်း၊ စာရင်းစစ်မှ စစ်ဆေးပြီးသည့်နောက် ကော်မတီအား တရားဝင်ဖျတ်သိမ်းရန် ကြေငြာချက် တစောင်အား ပြန်ကြားရေးကော်မတီမှ ထုတ်ပြန်သွားမည် ဖြစ်ပြီး လက်ကျန်ငွေ ( ၃၇၅,၅၁၇ - ယန်း)ကိုလဲ မြန်မာပြည်တွင်းရှိ ရေအခက်အခဲ့ဒေသသို့ NLD တဆင့်ပေးပို့ လှုဒန်းသွားရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

လားရှိုး အကြမ်းဖက်မှုတွင် မသင်္ကာသူ ၃၅ ဦး ရဲက ဖမ်းဆီးထား


 မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လားရှိုး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မင်္သကာသူ ၃၅ ဦးကို မြို့နယ် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ခရိုင် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။ ထိုဖမ်းဆီး ထားသူများမှာ ပဋိပက္ခတွင် ပါဝင်သူများဟု ယူဆရပြီး အခင်း စတင် ဖြစ်ပွားသည့် နေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ခရိုင်ရဲ စခန်းမှ တာဝန်မှူးက ပြောသည်။ ---


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Thursday, May 30, 2013

လားရှိုး အကြမ်းဖက်မှုတွင် မသင်္ကာသူ ၃၅ ဦး ရဲက ဖမ်းဆီးထား

 မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လားရှိုး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မင်္သကာသူ ၃၅ ဦးကို မြို့နယ် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ခရိုင် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

ထိုဖမ်းဆီး ထားသူများမှာ ပဋိပက္ခတွင် ပါဝင်သူများဟု ယူဆရပြီး အခင်း စတင် ဖြစ်ပွားသည့် နေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ခရိုင်ရဲ စခန်းမှ တာဝန်မှူးက ပြောသည်။

“တနေ့က၊ စဖြစ်တဲ့နေ့က ၂၀ ဖမ်းထားပါတယ်။ နောက်နေ့မှာတော့ ၁၅ ယောက် ဖမ်းဆီးထာပါတယ်” ဟု တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

ယနေ့ အကြမ်းဖက်မှုများ ငြိမ်သက်နေပြီ ဖြစ်သော်လည်း မြို့အစွန်ရှိ ရပ်ကွက်များ၌ လူစုရုံးနေသည် ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေကြောင်းလည်း ခရိုင်ရဲစခန်း တာဝန်မှူးက ဆိုသည်။

သို့သော် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ထို နှစ်ရက်တာအတွင်း လားရှိုးမြို့ပေါ် ဆူပူ ဖျက်ဆီးမှုများတွင် ဦးဆောင်ပါဝင်သူဟု ယူဆရသူ ၂၅ ဦးအား လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

“ဖမ်းဆီးထားသူ အားလုံးဟာ လားရှိုး မြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပါတယ်။ အခြားဒေသများမှ လားရှိုးမြို့ကို လာရောက်ပြီး ဆူပူအကြမ်းဖက်မှုများ မပြုလုပ်နိုင်စေရန်အတွက် မနေ့က စပြီး မြို့ဝင် ဂိတ်များမှာလည်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း” ဟု ဦးရဲထွဋ် က ရေးသားထားသည်။

ပဋိပက္ခကြောင့် ပိတ်ထားသော မြို့မဈေးနှင့် ဆိုင်ခန်းအချို့လည်း ပြန်ဖွင့်ပြီဖြစ်ကြောင်း လာရှိုးမြို့နေ ဒေသခံများ ထံမှ သိရသည်။

“ဒီနေ့ မြို့ ပေါ်မှာတော့ ဘာသံမှ မကြားဘူး။ မြို့မဈေးလည်း ပြန်ဖွင့်ပြီ။ လူစုလူဝေးတွေတော့ ရှိသေးတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ကြဘူး” ဟု လားရှိုးမြို့နေ ကိုနေဖြိုး က ပြောသည်။

ပဋိပက္ခကြောင့် နေအိမ် ဆုံးရှုံးခံရသူများအတွက် အမှတ် ၇ နှင့် အမှတ် ၈ ရပ်ကွက်တို့တွင် ဒုက္ခသည် စခန်း နှစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ကိုနေဖြိုးက ပြောပြသည်။

ပုဒ်မ ၁၄၄ အား ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်သည်။

“နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်သူတွေ၊ ဘာသာရေး ခုတုံးလုပ်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ရဲတွေ စစ်တပ်တွေကလည်း သူတို့အလုပ် သူတို့ တာဝန်ကြေအောင် လုပ်နေကြပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မူဆယ်မြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းဖိုးအောင် က ပြောသည်။

အကြမ်းဖက်မှုများကြောင့် ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် ၂ စီး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဘာသာရေး အဆောက်အအုံ ၃ လုံး၊ မော်တော်ဆိုင်ကယ် ၁၁ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒု-ဝန်ကြီး ဦးရဲထွဋ် ၏ ဖေ့ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။

စောဇင်ညီ |  ရန်ကုန် (မဇ္ဈိမ)။ ။
Mizzima - News in Burmese

Lainnya dari Crime



အမေရိကန်အတွက် မြန်မာ့အရေးဟာ ဘာကြောင့်အရေးကြီးသလဲ



မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မေလ ၃၀ ရက် ၂၀၁၃ ခုနှစ်

ယခင်သတင်းပတ်က သွားရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် အမေရိကန်ခေါင်းဆောင်နှင့် ပိုမိုရင်းနှီး ရန်ဖြစ်သလို မြန်မာပြည်တွင်း တိုးတက်မှု အခြေနေများကို ဆွေးနွေးရန် တို့ဖြစ်ပြီး ပို၍ခိုင်မာလာသည့် ဆက်ဆံရေးတစ်ခု၏ သင်္ကေတဖြစ်ပါသည်။

ထို့အတွက်ကြောင့် မြန်မာပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာနိုင်ငံအတွင်း အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်နိုင်ရန် လမ်းခင်းပေးခြင်းများကို ဝါရှင်တန်က အတိအလင်း ထောက်ခံလိုက်ပါသည်။

သို့သော် နောက်ကွယ်မှ အဓိကအကြောင်းအရင်းသည် စစ်ရေးနှင့် စီးပွားရေးအာဏာကြီးထွားလာသည့် တရုတ်ပြည်အား ကန့်သန့် ထိန်းချုပ်ရေး မဟာဗျူဟာတစ်ရပ်အတွက် စည်းရုံးနေခြင်း ဖြစ်ပါသည်။

အမှန်တကယ်တွင် တရုတ်အနေဖြင့် အမေရိကန်-မြန်မာဆက်ဆံရေး၏ အရေးကြီးသော အခန်းကဏ္ဍတွင် ရှိပါသည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က အမေရိကန်အနေဖြင့် တရုတ်ကိုဆန့်ကျင့်ရန် မဟုတ်ပါဟု သတိပေး ပြောကြားခဲ့ဖူးသည်။ ဒါဟာ ၂၁ ရာစု၏ ကြီးမားသည့်နိုင်ငံရေးအရ ကစားခြင်းများအား လိမ်လိမ်မာမာ ဖုံးကွယ်ထားသည့် သံခင်းတမံခင်းတစ်ခုသာ ဖြစ်သည်။

အမေရိကန်စစ်တပ်နှင့် မြန်မာစစ်တပ်အကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကုန်သွယ်ခြင်းတို့အား တိုးမြှင့်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် နိုင်ငံရေး၊ စစ်ရေးအဆင့် အထိ တိုးမြှင့်လိုက်ပါသည်။ အလားတူလုပ်ဆောင်မှုများအား ထိုင်းနိုင်ငံ၊ တရုတ်တိုင်ပေ၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံများတွင် တွေ့မြင်နိုင် ပါသည်။

အာရှတိုက်အား ပြန်လည် အာရုံစူးစိုက်ခြင်းသည် ဝါရှင်တန်၏ အာရှနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်။ အဆိုပါ ကြိုးပမ်းမှုတွင် ဒေသအတွင်း နိုင်ငံများ၏ ရေတပ် အရည်အသွေးတိုးမြှင့်ခြင်း၊ သြစတြေးလျနိုင်ငံတွင် မရိန်းတပ်သား ၂,ဝဝဝ ထားရှိခြင်းနှင့် အာဆီယံနိုင်ငံများတွင် အပေါင်းလက္ခဏာဆောင်သော ပါဝင်ပတ်သက်မှုများ တိုးမြှင့်ခြင်းတို့ ပါဝင်သည်။

ဘေဂျင်းအနေဖြင့် အဆိုပါ ရန်လိုမှုများအား ကန့်သတ်ချင်နေပြီ ဖြစ်သည်။ အခြားသော အာရှနိုင်ငံများနှင့် ရေပိုင်နက်အငြင်းပွားမှုများ တိုးများလာခြင်းကြောင့် တပ်များတိုးမြှင့်ချထားခြင်းသည် ဒေသတွင်းနိုင်ငံ များနှင့် ဆက်ဆံရေးမှာ တည်ငြိမ်မှု မရှိပါ။

ထို့အပြင် ရည်ရွယ်ချက်ရှိရှိ နိမ့်ချထားသည့် တရုတ်ငွေကြေးတန်ဖိုးကြောင့်
ဖြစ်ပေါ်ရသည့် စီးပွားရေးနှင့် ကူးသန်းရေးဝယ်ရေး မညီမျှခြင်းများ အားလည်း ဆိုးရိမ်လျက်ရှိသည်။

ဤအခြေအနေများသည် တရုတ်နှင့်အမေရိကန်တို့၏ မြန်မာပြည်အပေါ် ပထဝီ နိုင်ငံရေးအရ ပြိုင်ဆိုင်မှု မြင့်မားလာလိမ့်မည် ဟု ရည်ညွှန်းခြင်းဖြစ်သည်။ လေချိုသွေးရန်အတွက် နေပြည်တော်သို့ ဘေဂျင်း နှင့် ဝါရှင်တန်မှ အာဏာပိုင်များ တဖွဲဖွဲ ရောက်လာပါလိမ့်ဦးမည်။

ကီးဘုတ်အဖြစ်လည်း အသုံးပြုနိုင်သည့် iPhone 5 ကာဗာ



By ရိုးရာလေး 30 May 2013

iPhone 5 အတွက် ထုတ်လုပ်ထားတဲ့ ကျောကပ်ကာဗာ ဖြစ်ပါတယ်။ ကာဗာ အနေနဲ့တောင် မဟုတ်ပါဘူး။ သူ့ကို ကီးဘုတ်အနေနဲ့ရော အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၂ မီလီမီတာသာ ထူတဲ့ Ultra-Thin Magnetic ကီးဘုတ်၊ Controller ဖြစ်ပါတယ်။ ကြိုးမဲ့ Bluetooth ဆက်သွယ်ရေးစနစ်ကို အသုံးပြုပါတယ်။

Apple ရဲ့ iPhone 5 အတွက်ပဲ သီးသန့်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အရမ်းလည်းပါးတဲ့အတွက် အားကို ဘယ်လိုသိမ်းဆည်းထားမလဲလို့တောင် သံသယ ဝင်ချင်စရာ ရှိပါတယ်။ အမှန်တော့ အားသွင်းစရာ အပေါက်ပါရှိပြီး အားတစ်ခါသွင်းပြီးရင် နာရီပေါင်း ၄၀ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ကီးဘုတ်မှာပါဝင်တဲ့ လက်ကွက်များကလည်း Phone ထဲမှ Keyboard များလိုပါပဲ။ သူ့မှာ သံလိုက်ဓာတ်ပါပါတယ်။ ဒါကြောင့် iPhone 5
နောက်ကျောမှာ တပ်ထားရင် အလိုလိုတွယ်ကပ်နေမှာ ဖြစ်ပါတယ်။

ကာလ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင်ရှိပြီး CES မှ ပြသလျက်ရှိတဲ့ ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။

Ref: techblog
ကီးဘုတ်အဖြစ်လည်း အသုံးပြုနိုင်သည့် iPhone 5 ကာဗာ

    By ရိုးရာလေး  30 May 2013 
   
iPhone 5 အတွက် ထုတ်လုပ်ထားတဲ့ ကျောကပ်ကာဗာ ဖြစ်ပါတယ်။ ကာဗာ အနေနဲ့တောင် မဟုတ်ပါဘူး။ သူ့ကို ကီးဘုတ်အနေနဲ့ရော အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၂ မီလီမီတာသာ ထူတဲ့ Ultra-Thin Magnetic  ကီးဘုတ်၊ Controller ဖြစ်ပါတယ်။ ကြိုးမဲ့ Bluetooth ဆက်သွယ်ရေးစနစ်ကို အသုံးပြုပါတယ်။ 

Apple ရဲ့ iPhone 5 အတွက်ပဲ သီးသန့်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အရမ်းလည်းပါးတဲ့အတွက် အားကို ဘယ်လိုသိမ်းဆည်းထားမလဲလို့တောင် သံသယ ဝင်ချင်စရာ ရှိပါတယ်။ အမှန်တော့ အားသွင်းစရာ အပေါက်ပါရှိပြီး အားတစ်ခါသွင်းပြီးရင် နာရီပေါင်း ၄၀ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ကီးဘုတ်မှာပါဝင်တဲ့ လက်ကွက်များကလည်း Phone ထဲမှ  Keyboard များလိုပါပဲ။ သူ့မှာ သံလိုက်ဓာတ်ပါပါတယ်။  ဒါကြောင့် iPhone 5 
နောက်ကျောမှာ တပ်ထားရင် အလိုလိုတွယ်ကပ်နေမှာ ဖြစ်ပါတယ်။ 

ကာလ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင်ရှိပြီး CES မှ ပြသလျက်ရှိတဲ့ ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။
 
Ref: techblog

Internet Speed Meter for android အင်တာနက် အမြန်နှုန်းကို အပေါ် ဘားတန်း မှာ ဖော်ပြပေးပါမယ်

Internet Speed Meter for android
အင်တာနက် အမြန်နှုန်းကို အပေါ် ဘားတန်း မှာ ဖော်ပြပေးပါမယ် ။

download လုပ်တဲ့ အချိန် 1 စကန့် ဘယ်လောက် Kb နှုန်း နဲ့ ဒေါင်း နေ လဲ ဆို တာ ကို လဲ သိရှိနိုင်ပါမယ် ။သွင်း ထားသင့် တဲ့ ဆော့ဝ် လေးပါ ။


Download From Mobile House

http://www.mediafire.com/?6mx8s0d7uxccuh2


Thursday, May 30, 2013

ပဿနာဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမား



ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူနေစဉ်အခါ၌ ကျောင်းဒါယကာကြီး အနာထပိဏ် သူဌေးအား အလှူဒါနနှင့် ပတ်သက်၍ ဝေလာမသုတ်တရားတော်ကို မိန်.တော်မူသည်။

၁။ ဝေလာမသုတ်တရားတော် အကျဉ်းချုပ်ကား … ရှေးအခါက ဝေလာမအမည်ရှိ ပုဏ္ဏားသူဌေးကြီးသည် မဟာဒါနအလှူတော်ကို ပေးလှူ၏။ ယင်းအလှူ၌ ငွေဒင်္ဂါး အပြည့်ပါသော ရွှေခွက်ကြီး ရှစ်သောင်းလေးထောင်၊ ရွှေဒင်္ဂါး အပြည့်ပါသော ငွေခွက်ကြီးပေါင်း ရှစ်သောင်းလေးထောင် စသည်ဖြင့် ရှစ်သောင်းလေးထောင်ပေါင်း များစွာသော ရတနာ ခုနှစ်ပါး ဆင်မြင်းကျွဲနွား၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအစုံပေါင်း များစွာကို ပေးလှူသည်။ အလှူတော်ကြီးသည်ကား မြစ်ရေအလျင်ကြီး တရဟောစီးသကဲ့သို. အကြီးအကျယ်လှူခြင်း ဖြစ်ပေသည်။

၂။ သာသနာပအခါ၌ ဤမျှကြီးကျယ်သော ဝေလာမပုဏ္ဏား၏ မဟာအလှူတော်ကြီးသည် သာသနာတော်တွင်း၌ အယူသီလနှင့်ပြည့်စုံသော ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသလောက် အကျိုးမကြီးချေ။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင် တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၃။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ရာကို ကျွေးမွေးပေးလှူရသည်ထက် သောတာပန်တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၎။ သောတာပန်တစ်ရာကို ပေးလှူရသည်ထက် သကဒါဂါမ် တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၅။ သကဒါဂါမ်တစ်ရာကို ပေးလှူးရသည်ထက် အနာဂါမ် တစ်ယောက်ကို ပေးလှူရသည်က ပို၍ အကျိုး ကြီးမားသည်။

၆။ အနာဂါမ်တစ်ရာကို ပေးလှူရသည်ထက် ရဟ န္တာတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၇။ ရဟ န္တာတစ်ရာကို ပေးလှူရသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၈။ ပစ္စေကဗုဒ္ဓါတစ်ရာကို ပေးလှူရသည်ထက် သဗ္ဗညုဘုရားတစ်ဆူကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၉။ ဘုရားရှင်အားပေးလှူရသည်ထက် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းရသည်က ပို၍ အကျိုးကြီးမားသည်။

၁၀။ ထို.ထက် မိမိကိုယ်တိုင် သရဏဂုံ ဆောက်တည်ခြင်းက ပို၍အကျိုးကြီး၏။

၁၁။ ထို.ထက် မိမိကိုယ်တိုင် ငါးပါးသီလစောင့်ထိန်းခြင်းက ပို၍ အကျိုးကြီးမား၏။

၁၂။ ထို.ထက် မေတ္တာဘာဝနာကို နံ.သာတစ်ခါရှူမျှ ပွားခြင်းက ပို၍ အကျိုးကြီး၏။

၁၃။ ထို.ထက် အနိစ္စဝိပဿနာ ဘာဝနာကို နို.တစ်ညှစ်မျှ ပွားခြင်းက ပို၍ အကျိုးကြီးမား၏။ …

ဟူ၍ ဟောကြားတော်မူပေသည်။ ယင်းတရားအားလုံးကို ခြုံ၍ သုံးသပ်လိုက်သောအခါ …

(၁)မှ(၉) အထိသည် … ဒါန ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၂)မှ(၁၁) အထိသည်… သီလ ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၁၂)မှာ သမထဘာဝနာ ကုသိုလ်မျိုး ဖြစ်၍ (၁၃)မှာ ဝိပဿနာ ဘာဝနာ ကုသိုလ်မျိုးဖြစ်သည်။

သို.ဖြစ်၍ မြတ်စွာဘုရားသည် ဤဝေလာမသုတ်တော်ဖြင့် …. ဒါနကုသိုလ်ထက် သီလကုသိုလ်မျိုးက မြတ်သည်၊ သီလကုသိုလ်မျိုးထက် သမထဘာဝနာ ကုသိုလ်မျိုးက မြတ်သည်၊ သမထ ဘာဝနာကုသိုလ်မျိုးထက် ဝိပဿနာဘာဝနာ ကုသိုလ်မျိုးက မြတ်သည် ဟူ၍ ခွဲခြားသတ်မှတ်တော် မူကြောင်းကို သိရှိရပေသည်။ ဤသည်ကို သိရှိခြင်းဖြင့် ဝိပဿနာဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမားသည်ကို နှိုင်းယှဉ် သိရှိနိုင်မည် ဖြစ်ပါသည်။

(ရတနာဝါသဘုရားကျောင်း)


ဒီနေရာမှ ကူးယူမျှဝေပါသည်။
                                                                                       လေးစားစွာဖြင့်    ....    မောင်မြင့်
http://satekuupuyar.blogspot.com/2013/05/blog-post_5043.htm

အရှေ့တောင်အာရှ လိင်ကျွန်များဘဝ

ထိုင်းနိုင်ငံ ပက်ပုံးလမ်းတွင် ဖြစ်သည်။ ပေါ့ပ်ဂီတ သံတွေက လွင့်ပျံ့ ထွက်လာသည်။ သူမအမည်က မိုင်းလီ။ အသက် ၂၄ နှစ်သာ ရှိသေးပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်မြို့က အပျော်မယ်လေး တစ်ယောက် ဖြစ်သည်။ နက်မှောင်သည့် ဆံပင်ရှည်ရှည် နှင့် နှစ်လိုဖွယ် မျက်နှာ ထားရှိသည်။ သူမ ဘဝနှင့် သူမအလှက မထင်ရက်စရာ ဖြစ်သည်။ ထိုင်းတက္ကသိုလ် တစ်ခုတွင်တိရစ္ဆာန် ဆေးကု ဘာသာရပ်ဖြင့် တက်ရောက် ပညာသင် ကြားခဲ့သည်။

၁၉၉၇ ခုနှစ် အာရှစီးပွား ပျက်ကပ်တွင် မိသားစု ဘဝပျက်ပြီး သူမလည်း ဤဘဝသို့ ရောက်ခဲ့ ရသည်ဟု ဆိုသည်။ မိုင်းလီ ကဲ့သို့ ထိုင်းနိုင်ငံရှိ အမျိုးသမီး ပေါင်းများစွာ ဘဝတွေ ပျက်ခဲ့ရသည်။ စီးပွားပျက်မှု ပေါင်းများစွာတွင် အရှေ့တောင် အာရှ၏ လူကုန်ကူးမှု ဝဲဂယက်အတွင်း သက်ဆင်း ခဲ့ကြရသည်။ အမျိုးသမီးပေါင်း များစွာကို လိင်ကုန်ကူးရန် အတွက် သာမက ခိုင်းစေရန်နှင့် ကိုယ်တွင်း အင်္ဂါ အစိတ် အပိုင်းများ ဖြတ်တောက် ယူရန် အတွက်ပါ ကုန်ကူးကြတော့သည်။ ထိုအထဲတွင် ကလေးလိင် ကျွန်အဖြစ် ခိုင်းစေရန် အပြစ်မဲ့သော ငယ်ရွယ်သည့် မိန်းကလေးငယ် ပေါင်းများ စွာလည်း ပါဝင်သည်။
မိုင်းလီက - "အခြေအနေက တကယ့်ကို ဆိုးပါ တယ်။ ကျွန်မအထင် သနားကြင်နာတတ် တဲ့ ယောက်ျားတွေ ဒီလောကကြီးမှာ မရှိတော့ဘူးလို့တောင် ထင်မိတယ်။ ယောက်ျားဆိုတာ အမျိုးသမီးနဲ့ ကလေးတွေအပေါ် သနားကြင်နာ လိမ့်မယ်လို့ ထင်ထားတာ။ ဒါတွေနဲ့ အမြတ်ထုတ် လိမ့်မယ်လို့ ထင်ကို မထားတာ။ ယောက်ျား အများစုက မင်းသား ရုပ်ခေါင်း စွပ်ထားတဲ့ ဘီလူးတွေ ဖြစ်နေ တယ်" ဟု ပြောလိုက်သည်။ သူမ ထောက်ပြလိုက်သည့် အနေအထားကလည်း လက်ခံချင်စရာဖြစ်သည်။
မကြာသေးမီက ထိုင်းရဲအရာရှိ တစ်ဦးသည် လမ်ပီနီတွင် ၁၂ နှစ်သမီးလေးကို မုဒိမ်းကျင့်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုရဲအရာရှိထောင်ဒဏ်အနှစ် ၂၀ ကျသွား သည်။ ထိုသို့ရက်စက်မှုပေါင်း များစွာနှင့် ရင်းနှီး ပေးဆပ်ခဲ့ပြီးမှ ထိုင်းလွှတ်တော်က နိုင်ငံတကာ ဥပဒေများအတိုင်း ကလေးသူငယ် အဓမ္မကျင့်မှုနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြဋ္ဌာန်းရန် ထောက်ခံကြ တော့သည်။ မိုင်းလီက ထမင်းစားရင်း "လူတွေက ကလေးတွေကို ရောင်းတယ်၊ ဝယ်တယ် ဆိုပြီး လုပ်နေကြတယ်" ဟု ပြောလိုက်သည်။ သူမသည် ကိုယ့်ခန္ဓာကိုယ် ရောင်းစားနေရသော်လည်း ငွေကြေးများများစားစား မရ။ ရသမျှငွေကိုလည်း သူမမိသားစုအတွက် ချင်ရိုင်းသို့ ပြန်ပို့ရန် စုဆောင်းထားရသည်။
"ကျွန်မမှာ ညီမလေးသုံးယောက် ရှိတယ်။ ကျွန်မမှငွေမပို့ရင် စားစရာမရှိဘူး။ ကျွန်မ အေအိုင်ဒီအက်စ်ဖြစ်မှာတော့ စိုးရိမ်တယ်။ ဒါပေမဲ့ လိင်ကုန်ကူးတယ်ဆိုတာ ဟိုးရှေးရှေးကတည်းက လုပ်လာကြတာပဲ။ သမိုင်းစကတည်းက ရှိတယ်လို့တောင် ပြောကြတယ်။ ဒီလောက်အခြေခိုင်ပြီး မချိုးဖျက် နိုင်ခဲ့တဲ့ လုပ်ငန်းကြီးတစ်ခုလေ" ဟု သူမက ဆိုသည်။ မိုင်းလီတစ်ယောက် အဘယ်ကြောင့် မနှစ်မြို့သည့်လောကကြီးထဲတွင် ကျင်လည် နေရသနည်း။ "ကျွန်မခန္ဓာကိုယ်က ပိုက်ဆံဖြစ်နေ တယ်လေ။ ယောက်ျားတွေအသားအရေ၊ အရောင်အသွေး၊ အမူအရာတွေကို သိပ်ရွေးတယ်။ အဝေ့အဝိုက် အကွေ့အကောက် တွေများရင် ပိုကြိုက်တယ်။ သူတို့ကြိုက်ရင် ပြီးပြီ။ ကျွန်မမှာ ရွေးချယ်ခွင့်မှမရှိတာ။မျက်ရည်ပဲ ရှိတာလေ" ဟု ပြောသည်။
ထိုင်းနှင့် အရှေ့တောင်အာရှက အမျိုးသမီးများသည် လိင်ကုန်ကူးသည့် ဈေးကွက်တွင် လူကြိုက်များသည်။ ပက်ပုံးလမ်းပေါ်က တိရစ္ဆာန်ရုံနှင့် ဘန်ကောက် မီးနီလမ်းရှိ ဆိုင်ကောင်းဘွိုင်တို့တွင် သူတို့နှင့်ပြည့်နေသည်။ မြောက်ပိုင်းမှ အသားဖြူဖြူ ထိုင်းပျိုဖြူများသည် မွန်ဂိုနှင့် တိဘက် မျိုးနွယ်များ ဖြစ်ကြသဖြင့် မွတ်ဆလင်နှင့် မလေးတောင်ပိုင်း သူတွေထက် အကြိုက်ပို များသည်။ အင်ဒိုမလေးများနှင့် ဘင်္ဂလားဒေ့ရှ်မှ အမျိုးသမီးများကိုမူ ထိုင်းနိုင်ငံသို့ လိင်ကျွန်အဖြစ် လာရောက်ခြင်းအား ပိတ်ပင်ထားသည်။
အိန္ဒိယနိုင်ငံတွင် ဟိမဝန္တာဘက်မှ လာသော ဖြူဖြူချောချောစွဲမက်စရာ ကောင်းသည့် မိန်းကလေးများကို ကာလကတ္တားသို့ ခေါ်လာကြပြီး သူတို့အမူအရာ၊ အရည်အသွေးအလိုက် အော်ဒါရှိသည့် နိုင်ငံများသို့ တစ်ဆင့်ပြန်ပို့သည့် လုပ်ငန်း ခေတ်စားသည်။ မလေးရှားကဲ့သို့ အစ္စလာမ်မစ် နိုင်ငံများတွင် လိင်ကုန်ကူးမှုကို တားမြစ်ထားသော်လည်း ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသော ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် လိင်ကုန်ကူးမှုမှာ တစ်နေ့တခြားတိုးပွား လျက်ရှိနေသည်။ ဆွီဒင်နိုင်ငံတွင် ပြည့်တန်ဆာလုပ်ခြင်း ကို တရားဥပဒေအရ တားမြစ် ပိတ်ပင်ထားသည်။
ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်း က အတိတ်ဇာတ်ကြောင်းတွေ အများကြီး ရှိသည်။ ၂၀၀၂ ခုနှစ် စစ်တပ်ကအာဏာ သိမ်းပြီးနောက် နိုင်ငံခြားတပ်သားပေါင်း ၁၁၀၀ ဦးကို နိုင်ငံအတွင်းသို့ ခေါ်လာခဲ့သည်။ ထိုအထဲတွင် အမေရိကန်စစ်သား များလည်း ပါသည်။ ထိုင်းပြည်ထဲရေးဝန်ကြီး ကလည်း ထိုင်းနိုင်ငံအတွင်း ထိုစစ်သားများပျော်ပျော်ပါးပါး လိင်ကစားနိုင်ရန် ဥပဒေများ ထုတ်ပြန်ပြီး အကာအကွယ်ပေးထားသည်။ ဘားဆိုင်များကို နံနက် ၂ နာရီအချိန်တွင် ပိတ်ရမည် ကိုထပ်ပြီး အချိန်တိုးချဲ့ပေး လိုက်သည်။ ပြည့်တန်ဆာနှင့် ဇိမ်ခန်းခတွေဈေးတက် ကုန်သည်။ မိုင်းလီက ဆွေးမြည့်စွာဖြင့် "ကျွန်မကိုစိတ်မကောင်းမဖြစ်ပါနဲ့။ ကလေးတွေကိုပဲ စိတ်ပူပါရှင်။ သူတို့အတွက်က ပိုပြီးအန္တရာယ် များပါတယ်"ဟု ပြောလိုက်သည်။
ကလေးသူငယ်များကို မုဒိမ်းကျင့်မှု များသည် တောင်အာဖရိကတွင် မြင့်မားလာပြီး အရှေ့တောင်အာရှသို့ပါ တောမီးပမာ ကူးစက်လာသည်။ ကမ္ဘောဒီးယားနိုင်ငံ ကလေးလိင်ကျွန် လုပ်ငန်းသည် ကမ္ဘာ သိထင်ရှားခဲ့သည်။ ကွန်မြူနစ် ဗီယက်နမ် နိုင်ငံတွင်လည်း ကလေးသူငယ် အဓမ္မကျင့် ခံရမှုပေါင်း ၃၅၀၀ ခန့်တက်လာသည်။ ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် သာမန်အမှုများ ထက် မုဒိမ်းမှုများ ၉၀ ရာခိုင်နှုန်းကျော် တိုးတက်မြင့်မားလာသည် ဆိုခြင်းက အာရှ၏ စိုးရိမ်စရာ အနေအထားဖြစ်သည်။ အရှေ့တောင်အာရှကို ဖြတ်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်ပေါင်း သုံးသိန်းခန့် လိင်ကုန်ကူးခြင်း ခံနေရသည်။
အများစုမှာ ထိုင်းနိုင်ငံနှင့် တရုတ်ပြည်နယ်စပ် တို့တွင် အလုပ်လုပ်နေကြရပြီး၊ ဘန်ကောက် လမ်းမများ ပေါ်သို့ ရောက်လာသူများပင် ရှိသည်။ အရှေ့တောင်အာရှတွင် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရမည်လား ဟူသည့် အထင်နှင့် တရုတ်ပြည်မှထွက်လာ သည့် သူများပင်ရှိသည်။ သူတို့တွင် ပိုက်ဆံလည်း တစ်ပြားမှပါမလာ။ မိသားစုပျောက် ဆုံးနေသူတွေလည်း ထိုအထဲတွင်ပါသည်။ သူတို့ကိုယ်သူတို့ ရောင်းစားခဲ့သူများလည်း ပါသည်။ လာအိုနှင့် မြန်မာတောများကို ငှက်ဖျားဒဏ်တွေ ကြံ့ကြံ့ခံရင်း ဖြတ်လာကြ ရသည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ ဗင်ကားများဖြင့် ခိုးလိုက်ပြီး သူတို့ရောက်လာကြသည်။ ၄င်းတို့အား ချုပ်ကိုင်သူများ ကလိမ်ကကျစ် များ၏ အပေးအယူ အမျိုးမျိုးတွင် ဒေါ်လာ ၂၀၀၀မှ ၄၀၀၀ ခန့် အထိ ဈေးပေါက်သော်လည်း သူတို့တန်ဖိုး အမှန်ကို မသိရသူတွေများသည်။ သူတို့ကို ခေါ်လာသူတွေကိုပင် ကယ်တင်ရှင်ကြီးတွေ အထင်ဖြင့် ထားရာနေ၊ စေရာသွား၊ ခိုင်းတာ လုပ်နေကြရသူများ ရှိသည်။
အချို့ မိန်းကလေးများ ဆိုလျှင် ၄င်းတို့အား ချုပ်ကိုင်သူများနှင့် ပွဲစားများကြားတွင် ခုနစ်ကြိမ်မှ ဆယ်ကြိမ်ခန့်အထိ လွှဲအပြောင်းခံခဲ့ကြရသည်။ မိန်းကလေးများ၏ ဘဝမှာ သနားစရာ ကောင်းလှသည်။ အချို့မှာ ပြန်ပေးဆွဲခံ လာရခြင်းဖြစ်ပြီး၊ အချို့မှာ မိဘများကိုယ်တိုင်က ရောင်းစားလိုက်ခြင်းဖြစ်သည်။ အများစု မှာ မိဘမဲ့ဘဝများ၏ သားကောင်များ ဖြစ်ရသည်။ အနည်းငယ် ကံကောင်းသူလောက်သာ စက်ရုံအလုပ်ရုံ များတွင် အလုပ်သမားဘဝ ရောက်ကြရသည်။ မိန်းကလေး အများစုမှာ ချောချောလှလှလေးတွေ ဖြစ်သည်။ ရုပ်ရည်ချောမောလှပခြင်းက လိင်ကျွန်ဘဝ ရောက်ရန် အကြောင်းဖန်လာသလို ဖြစ်ခဲ့ရသည်။
အချို့ရုပ်ရည်ချောမောလှပသည့် မိန်းကလေးများသည် တိုကျိုနှင့် ကိပ်တောင်း မြို့များအထိ ခေါ်သွားခြင်းခံရသည်။ မိုင်းလီလို မိန်းကလေးမျိုးတွေ ထိုင်းနိုင်ငံတွင်များစွာရှိသည်။ သူတို့ဘဝတွေက အဆုံးအစမဲ့သော အလင်းပျောက်နေသည့် လိုဏ်ခေါင်းအတွင်း လျှောက်လှမ်းနေ ကြသလို ဖြစ်နေသည်။ "အိပ်မက်တော့ရှိတယ်။ ကျွန်မဖြစ်ချင်တာက ထိုင်းတစ်နိုင်ငံလုံးမှာ ရှိတဲ့ဆင်တွေကို ကယ်တင်ချင်တယ်။ တိရစ္ဆာန်တွေ အားလုံးကို ကယ်ချင်တယ်။ ဒါပေမဲ့ ခုတော့ ကျွန်မကိုယ်တိုင် တိရစ္ဆာန်တစ်ကောင်လို ဆက်ဆံခံနေရတယ်။ တကယ်လို့ ဆုတောင်း တိုင်းပြည့်မယ်ဆိုရင် ကျွန်မကိုလည်း လွတ်မြောက်ဖို့ ဆုတောင်းပေးပါလို့ ပြောချင်ပါတယ်"ဟု ဆိုလိုက်သည်။ မိုင်းလီက ရီဝေသောမျက်လုံးများဖြင့် အဝေးသို့ငေးကာ ဆွေးနေရှာသည်။ သူလည်း ဆုတောင်းနေမည်မှာ သေချာသည်။
အယ်ဒီတာတစ်ဦး
ရိုးရာလေး

24-May နောက်ဆုံးထွက် Android Application (15မျိုး) Selection

4-May နောက်ဆုံးထွက် Android Application (15မျိုး) Selection

15 Paid Android Apps May 24, 2013
May-24 ရက်နေ့ ကနောက်ဆုံးထွက်ထားတဲ့ Android Application 15မျိုးကိုစုစည်းပြီး တင်ပေးလိုက်ပါတယ်
ဗျာ။ ဟိုတနေ့ကတင်ပေးလိုက်တဲ့ 18မျိုးနဲ့မတူပါဘူး အသစ်တွေချည်းဘဲထပ်ပြီးတင်ပေးလိုက်တာပါဗျာ။
အားလုံးက အသုံးတည့်မယ့် Application တွေချည်းပါဘဲ။ Application တွေရဲ့ နာမည်နဲ့ Version အသေး
စိတ်ကိုတော့အောက်မှာဖော်ပြပေးလိုက်ပါတယ်ဗျာ။

3D Design Battery Widget R3 v1.0
Adrian James 6Pack Abs Workout v3.0.0
AppMgr Pro III (App 2 SD) v3.11
Cloud SMS v2.1.13
DVD Profiler v1.0.1
edjing PRO DJ mixer turntables v1.2.1
Electrum Drum MachineSampler v4.7.2
GrooVe IP v1.3.9
K-@ Mail Pro - email evolved v1.32
My Alarm Clock v1.2
Next Launcher 3D v1.32
Photo Transfer App v2.5.1
Sliding Messaging Pro v6.051
Smart Cover v3.3.1
Week Calendar v1.0.2

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Read more »

မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံး သူများထဲတွင် လူရွှင်တော် ဒိန်းဒေါင်ဇနီး ပါဝင်


Photo: မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံး သူများထဲတွင် လူရွှင်တော် ဒိန်းဒေါင်ဇနီး ပါဝင်
Wednesday, May 29, 2013

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မေ ၂၅ ရက်နေ့က တိမ်းမှောက်ခဲ့သော မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံးသူများထဲတွင် သရုပ်ဆောင် လူ ရွှင်တော် ဒိန်းဒေါင်၏ ဇနီး မအေးအေး မွန် ပါဝင်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းရဲစခန်း အပိုင်၊ မိုင်တိုင်အမှတ် ၁၂၅/၄ ဖာလုံ ခန့်တွင် မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် ဘီးချော်မှုကြောင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦီး ရှိခဲ့သည်။ သေဆုံးသူထဲမှ ငါးဦးကို မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ဖြူးမြို့၊ အနောက်ဘက် သုသာန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်)က တာဝန်ယူ သဂြို င်္ဟ်ပေးခဲ့သည်။ ပျံလွန် တော်မူသွားသည့် သံဃာတော် တစ်ပါး ကို ဖြူးမြို့ မြို့ထောင်ကျောင်း ပဓာန နာယကဆရာတော်က ကြီးမှူးကာ မီး သဂြိုင်္ဟ်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိ အလောင်းများကို နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ အကူ အညီဖြင့် ရန်ကုန်သို့ သယ်ဆောင်ပေး ခဲ့ကြောင်း သိရသည်။

Mဘွယ်
Popular Myanmar News Journal
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မေ ၂၅ ရက်နေ့က တိမ်းမှောက်ခဲ့သော မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံးသူများထဲတွင် သရုပ်ဆောင် လူ ရွှင်တော် ဒိန်းဒေါင်၏ ဇနီး မအေးအေး မွန် ပါဝင်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းရဲစခန်း အပိုင်၊ မိုင်တိုင်အမှတ် ၁၂၅/၄ ဖာလုံ ခန့်တွင် မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် ဘီးချော်မှုကြောင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦီး ရှိခဲ့သည်။ သေဆုံးသူထဲမှ ငါးဦးကို မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ဖြူးမြို့၊ အနောက်ဘက် သုသာန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်)က တာဝန်ယူ သဂြို င်္ဟ်ပေးခဲ့သည်။ ပျံလွန် တော်မူသွားသည့် သံဃာတော် တစ်ပါး ကို ဖြူးမြို့ မြို့ထောင်ကျောင်း ပဓာန နာယကဆရာတော်က ကြီးမှူးကာ မီး သဂြိုင်္ဟ်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိ အလောင်းများကို နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ အကူ အညီဖြင့် ရန်ကုန်သို့ သယ်ဆောင်ပေး ခဲ့ကြောင်း သိရသည်။

Mဘွယ်
Popular Myanmar News Journal