မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မေလ ၃၀ ရက် ၂၀၁၃ ခုနှစ်
ယခင်သတင်းပတ်က သွားရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်သည်
အမေရိကန်ခေါင်းဆောင်နှင့် ပိုမိုရင်းနှီး ရန်ဖြစ်သလို မြန်မာပြည်တွင်း
တိုးတက်မှု အခြေနေများကို ဆွေးနွေးရန် တို့ဖြစ်ပြီး ပို၍ခိုင်မာလာသည့်
ဆက်ဆံရေးတစ်ခု၏ သင်္ကေတဖြစ်ပါသည်။
ထို့အတွက်ကြောင့် မြန်မာပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှ င့် မြန်မာနိုင်ငံအတွင်း အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်နိုင်ရန် လမ်းခင်းပေးခြင်းများကို ဝါရှင်တန်က အတိအလင်း ထောက်ခံလိုက်ပါသည်။
သို့သော် နောက်ကွယ်မှ အဓိကအကြောင်းအရင်းသည် စစ်ရေးနှင့်
စီးပွားရေးအာဏာကြီးထွားလာသည့် တရုတ်ပြည်အား ကန့်သန့် ထိန်းချုပ်ရေး
မဟာဗျူဟာတစ်ရပ်အတွက် စည်းရုံးနေခြင်း ဖြစ်ပါသည်။
အမှန်တကယ်တွင်
တရုတ်အနေဖြင့် အမေရိကန်-မြန်မာဆက်ဆံရေး၏ အရေးကြီးသော အခန်းကဏ္ဍတွင် ရှိပါသည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က အမေရိကန်အနေဖြင့်
တရုတ်ကိုဆန့်ကျင့်ရန် မဟုတ်ပါဟု သတိပေး ပြောကြားခဲ့ဖူးသည်။ ဒါဟာ ၂၁ ရာစု၏
ကြီးမားသည့်နိုင်ငံရေးအရ ကစားခြင်းများအား လိမ်လိမ်မာမာ ဖုံးကွယ်ထားသည့်
သံခင်းတမံခင်းတစ်ခုသာ ဖြစ်သည်။
အမေရိကန်စစ်တပ်နှင့်
မြန်မာစစ်တပ်အကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်
ကုန်သွယ်ခြင်းတို့အား တိုးမြှင့်ခြင်းဖြင့် မြန်မာနိုင်ငံနှင့်
ဆက်ဆံရေးတွင် နိုင်ငံရေး၊ စစ်ရေးအဆင့် အထိ တိုးမြှင့်လိုက်ပါသည်။
အလားတူလုပ်ဆောင်မှုများအား ထိုင်းနိုင်ငံ၊ တရုတ်တိုင်ပေ၊
တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံများတွင် တွေ့မြင်နိုင် ပါသည်။
အာရှတိုက်အား ပြန်လည် အာရုံစူးစိုက်ခြင်းသည် ဝါရှင်တန်၏ အာရှနိုင်ငံများ၊
အထူးသဖြင့် အရှေ့တောင်အာရှနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းမှုတစ်ရပ်
ဖြစ်သည်။ အဆိုပါ ကြိုးပမ်းမှုတွင် ဒေသအတွင်း နိုင်ငံများ၏ ရေတပ်
အရည်အသွေးတိုးမြှင့်ခြင်း၊ သြစတြေးလျနိုင်ငံတွင် မရိန်းတပ်သား ၂,ဝဝဝ
ထားရှိခြင်းနှင့် အာဆီယံနိုင်ငံများတွင် အပေါင်းလက္ခဏာဆောင်သော
ပါဝင်ပတ်သက်မှုများ တိုးမြှင့်ခြင်းတို့ ပါဝင်သည်။
ဘေဂျင်းအနေဖြင့် အဆိုပါ ရန်လိုမှုများအား ကန့်သတ်ချင်နေပြီ ဖြစ်သည်။
အခြားသော အာရှနိုင်ငံများနှင့် ရေပိုင်နက်အငြင်းပွားမှုများ
တိုးများလာခြင်းကြောင့် တပ်များတိုးမြှင့်ချထားခြင်းသည် ဒေသတွင်းနိုင်ငံ များနှင့် ဆက်ဆံရေးမှာ တည်ငြိမ်မှု မရှိပါ။
ထို့အပြင် ရည်ရွယ်ချက်ရှိရှိ နိမ့်ချထားသည့် တရုတ်ငွေကြေးတန်ဖိုးကြောင့်
ဖြစ်ပေါ်ရသည့် စီးပွားရေးနှင့် ကူးသန်းရေးဝယ်ရေး မညီမျှခြင်းများ အားလည်း ဆိုးရိမ်လျက်ရှိသည်။
ဤအခြေအနေများသည် တရုတ်နှင့်အမေရိကန်တို့၏ မြန်မာပြည်အပေါ် ပထဝီ
နိုင်ငံရေးအရ ပြိုင်ဆိုင်မှု မြင့်မားလာလိမ့်မည် ဟု ရည်ညွှန်းခြင်းဖြစ်သည်။
လေချိုသွေးရန်အတွက် နေပြည်တော်သို့ ဘေဂျင်း နှင့် ဝါရှင်တန်မှ
အာဏာပိုင်များ တဖွဲဖွဲ ရောက်လာပါလိမ့်ဦးမည်။
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မေလ ၃၀ ရက် ၂၀၁၃ ခုနှစ်
ယခင်သတင်းပတ်က သွားရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် အမေရိကန်ခေါင်းဆောင်နှင့် ပိုမိုရင်းနှီး ရန်ဖြစ်သလို မြန်မာပြည်တွင်း တိုးတက်မှု အခြေနေများကို ဆွေးနွေးရန် တို့ဖြစ်ပြီး ပို၍ခိုင်မာလာသည့် ဆက်ဆံရေးတစ်ခု၏ သင်္ကေတဖြစ်ပါသည်။
ထို့အတွက်ကြောင့် မြန်မာပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊
သို့သော် နောက်ကွယ်မှ အဓိကအကြောင်းအရင်းသည် စစ်ရေးနှင့် စီးပွားရေးအာဏာကြီးထွားလာသည့် တရုတ်ပြည်အား ကန့်သန့် ထိန်းချုပ်ရေး မဟာဗျူဟာတစ်ရပ်အတွက် စည်းရုံးနေခြင်း ဖြစ်ပါသည်။
အမှန်တကယ်တွင် တရုတ်အနေဖြင့် အမေရိကန်-မြန်မာဆက်ဆံရေး၏ အရေးကြီးသော အခန်းကဏ္ဍတွင် ရှိပါသည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က အမေရိကန်အနေဖြင့် တရုတ်ကိုဆန့်ကျင့်ရန် မဟုတ်ပါဟု သတိပေး ပြောကြားခဲ့ဖူးသည်။ ဒါဟာ ၂၁ ရာစု၏ ကြီးမားသည့်နိုင်ငံရေးအရ ကစားခြင်းများအား လိမ်လိမ်မာမာ ဖုံးကွယ်ထားသည့် သံခင်းတမံခင်းတစ်ခုသာ ဖြစ်သည်။
အမေရိကန်စစ်တပ်နှင့် မြန်မာစစ်တပ်အကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကုန်သွယ်ခြင်းတို့အား တိုးမြှင့်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် နိုင်ငံရေး၊ စစ်ရေးအဆင့် အထိ တိုးမြှင့်လိုက်ပါသည်။ အလားတူလုပ်ဆောင်မှုများအား ထိုင်းနိုင်ငံ၊ တရုတ်တိုင်ပေ၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံများတွင် တွေ့မြင်နိုင် ပါသည်။
အာရှတိုက်အား ပြန်လည် အာရုံစူးစိုက်ခြင်းသည် ဝါရှင်တန်၏ အာရှနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်။ အဆိုပါ ကြိုးပမ်းမှုတွင် ဒေသအတွင်း နိုင်ငံများ၏ ရေတပ် အရည်အသွေးတိုးမြှင့်ခြင်း၊ သြစတြေးလျနိုင်ငံတွင် မရိန်းတပ်သား ၂,ဝဝဝ ထားရှိခြင်းနှင့် အာဆီယံနိုင်ငံများတွင် အပေါင်းလက္ခဏာဆောင်သော ပါဝင်ပတ်သက်မှုများ တိုးမြှင့်ခြင်းတို့ ပါဝင်သည်။
ဘေဂျင်းအနေဖြင့် အဆိုပါ ရန်လိုမှုများအား ကန့်သတ်ချင်နေပြီ ဖြစ်သည်။ အခြားသော အာရှနိုင်ငံများနှင့် ရေပိုင်နက်အငြင်းပွားမှုများ တိုးများလာခြင်းကြောင့် တပ်များတိုးမြှင့်ချထားခြင်းသည်
ထို့အပြင် ရည်ရွယ်ချက်ရှိရှိ နိမ့်ချထားသည့် တရုတ်ငွေကြေးတန်ဖိုးကြောင့်
ဖြစ်ပေါ်ရသည့် စီးပွားရေးနှင့် ကူးသန်းရေးဝယ်ရေး မညီမျှခြင်းများ အားလည်း ဆိုးရိမ်လျက်ရှိသည်။
ဤအခြေအနေများသည် တရုတ်နှင့်အမေရိကန်တို့၏ မြန်မာပြည်အပေါ် ပထဝီ နိုင်ငံရေးအရ ပြိုင်ဆိုင်မှု မြင့်မားလာလိမ့်မည် ဟု ရည်ညွှန်းခြင်းဖြစ်သည်။ လေချိုသွေးရန်အတွက် နေပြည်တော်သို့ ဘေဂျင်း နှင့် ဝါရှင်တန်မှ အာဏာပိုင်များ တဖွဲဖွဲ ရောက်လာပါလိမ့်ဦးမည်။
Posted in: နိုင်ငံရေး
0 ကွန်မန့်ရေးရန်:
Post a Comment