This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, May 2, 2012

You Tube ဗီဒီယိုတွေကို Bufferingစောင့်နေတဲ့အချိန် မပျင်းချင်ရင်

You Tube ဗီဒီယိုတွေကို Bufferingစောင့်နေတဲ့အချိန် မပျင်းချင်ရင်

                  ကျွန်တော်တို့မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့လပိုင်းလောက်ကပဲ You Tube ဆိုဒ်တွေကိုဖွင့်ပေးလိုက်ပါတယ်။ ဒါပေမယ့်ဗီဒီယိုတွေကိုကြည့်ရင် ကွန်နက်ရှင်အခက်အခဲကြောင့် Buffering စောင့်ရတာ အတော်လေးကိုကြာလှပါတယ်။ ဒါပေမယ့် မသိသူကျော်သွားသိသူဖော်စားဆိုတဲ့အတိုင်းပဲ ဒီနည်းလေးက သိတဲ့သူနည်းလှပါတယ်။
                   You Tube မှာ Buffering စောင့်နေရင်အလယ်မှာ လယ်နေတဲ့အလုံးလေးရှိပါတယ်။ အဲ့ဒါလေးလည်နေတဲ့အချိန်မှာ Arrow Button တစ်ခုခုကိုနှိပိလိုက်ရင် လည်နေတဲ့အလုံးလေးဟာ Snake Game အဖြစ်ပြောင်းသွားပါလိမ့်မယ်။
                ဂိမ်းလည်းဆော့ရင်း ဗီဒီယိုလည်းကြည့်ရင်းပေါ့ဗျာ . . .။
                 အားလုံးပျှော်ရွှင်ကြပါစေ။

စုရင်ခွင်က ပညာ့ အလင်းရောင်




အိမ့်သံစဉ်
ပညာရွှေအိုး လူမခိုး ဆိုတဲ့ စကားပုံနဲ့ အညီ သူတပါး ခိုးယူလုယူမှု အန္တရယ်က ကင်းဝေးစေဖို့ ပညာ အလင်းရောင် ရဖို့အတွက် “စုရင်ခွင်” လို့ အမည်ရတဲ့ ပညာဒါန ကျောင်းလေးကို NLD လူငယ်များက ဦးစီးပြီး ကွမ်းခြံကုန်းမြို့နယ်၊ မရမ်းကျေးရွာမှာ၂၀၁၁ ဇူလိုင်လ အတွင်းဖွင့်လှစ်ခဲ့ပါတယ်။

လာမယ့် ပညာသင်နှစ်မှာ ကျောင်းဆောင်လေးကောင်းဖို့အတွက် မြေအလျှုရှင်ဦးဝင်းဦး နှင့် ဒေါ်လင်းထိန် မိသားစုမှ မြေကို လှူဒါန်းခဲ့ပြီး မရမ်းကျေးရွာ ပြည်သူများကလဲ စေတနာထက်သန်စွာ ပါဝင်ဆောက်လုပ် လှူဒါန်းခဲ့ကြပါတယ်။
“စုရင်ခွင်” ပညာကျောင်းဆောင်ဖွင့်ပွဲကို ဧပြီလ (၂၉) ရက်နေ့မှာ စည်းကားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးခဲ့ ပါတယ်။ ထိုအခမ်းအနားသို့ တက်ရောက်လာသူများမှာ တောင်တွင်းကြီးမြို့နယ် NLD အဖွဲ့ချုပ်မှ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ မရမ်းကျေးရွာ အုပ်ချုပ်ရေးမူးနှင့် တကွ ကျေးရွာသူ ကျေးရွာသားများ စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။

စုရင်ခွင် ပညာဒါန ကျောင်းလေးကလာမည့်(၂၀၁၂-၂၀၁၃)ပညာသင်နှစ်အတွက် သူငယ်တန်းမှ န၀မတန်း အထိ ကျောင်းသား  ကျောင်းသူ (၁၀၀) ကျော်ကို လက်ခံထားရှိပြီး စေတနာဝန်ထမ်း ဆရာ(၆)ဦးက သင်ကြား ပို့ချပေးသွားမှာ ဖြစ်ပါကြောင်း အမေ့အိမ် (mother’s Home)ပညာရေး ကွန်ရက်မှာဖော်ပြ ထားပါတယ်။







                                   ဓာတ်ပုံများ - အမေ့အိမ် ပညာရေး ကွန်ရက်

၂၀၁၂ ခုနှစ်တွင် လူကြိုက်များလာမည့် အိုင်တီပစ္စည်း ၁၁ မျိုး



1544 PS Vita
Play Station Vita
၂၀၁၂ ဖေဖော်ဝါရီလ မှ ထွက်ရှိမယ်လို့ ကြေညာထားတဲ့ Sony မှထုတ်လုပ်သော Play Station Vita များဖြစ်ပါသည်။ Smart Phone နဲ့ Tablet တို့လူကြိုက်များနေချိန်မှာ Sony Handy Game console ပျောက်ကွယ်သွားမနိုင်ပါဘူး။ ၅လက်မ ဖန်သား မျက်နှာပြင်နဲ့ အတွင်ရော၊ အပြင်ပါ နည်းပညာအဆင့်မြင့်ထားတဲ့ Play Station Vita ကို ၂၀၁၂ ဖေဖော်ဝါရီလ မှာ တွေ့မြင် ရတော့ မှာဖြစ်ပါသည်။

1544 iphone-5
iPhone 5
iPhone 5 ကိုတော့ ၂၀၁၂ စက်တင်ဘာမှ ဖြန့်ချိမယ်လို့ ခန့်မှန်းထားပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ထွက်ရှိရန် နှောင့်နှေးခဲ့တဲ့ iPhone 5 မှာ သူမတူတဲ့ စွမ်းဆောင်ချက်တွေ တွေ့မြင်ရမှာဖြစ်ပါသည်။ အိတ်ဆာင် Projector အနေနဲ့ရော၊ ဂိမ်းစက်အနေနဲ့ရော၊ Entertainment ပစ္စည်းတစ်ခု အနေနဲ့ရော တွေ့မြင်ရမည့် iPhone 5 ဟာ စမတ်ဖုန်းလောကကို အမှန်တကယ် ဦးဆောင်နိုင်မယ့် စံနမူနာ ပစ္စည်းတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ 

1544 ipad-3
iPad 3
ယမန်နှစ် မတ်လမှ စတင်ပြီး ယနေ့တိုင် အရောင်းသွက်လျက်ရှိတဲ့ iPad 2 နေရာကို အစားထိုးဖို့ iPad 3 ဈေးကွက်ထဲကို ဝင်ရောက် လာပါတော့မယ်။ ဖေဖော်ရီလအတွင်း ဖြန့်ချိနိုင်မယ်လို့ သတင်းများ ထွက်ပေါ်နေပါသည်။ ဖန်သားပြင် resolution မြင့်မားပြီး၊ Processor အထူးကောင်းမွန်တဲ့အတွက် Tablet တွေရဲ့ အောင်မြင်မှုကို ကျော်လွာနိုင်ဦးမှာဖြစ်ပါသည်။

1544 Samsung Galaxy S II
Samsung Galaxy S II
Sasumg Galaxy S II ကတော့ ၂၀၁၁ ခုနှစ်အတွင်းမှာ iPhone 4s ကိုကျော်လွန်ပြီး ကမ္ဘာ့အရောင်းသွက်ဆုံး စမတ်ဖုန်းအဖြစ် စံချိန်တင်သွားပါသည်။ ၂၀၁၂ ခုနှစ်မှာ ယင်းဖုန်းအားဈေးနှုန်း ကျဆင်းမှာဖြစ်တဲ့အတွက် ထပ်ပြီး အရောင်းသွက်ဦးမှာ ဖြစ်ပါသည်။ ​ပြီးတော့ Ice Cream Sandwich OS ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ကင်မရာ Resolution မြင့်မြင့်၊ ဖန်သားပြင် ခပ်ကျယ် ကျယ်ရှိတဲ့ Samsung Galaxy S II ဟာ အာရှကော ဥရောပမှာပါ နံပါတ် ၁ အဖြစ် ဆက်လက်တည်ရှိနေဦးမည် ဖြစ်ပါသည်။

1544 ultrabooks
Ultrabook
၂၀၁၁ နှစ်ကုန်ပိုင်းမှာ တစ်ဟုန်ထိုး အောင်မြင်လာတာကတော့ Ultrabook များဖြစ်ပါသည်။ အင်မတန်ပါးလွားပြီး၊ သယ်ဆောင်ရ လွယ်ကူတဲ့ Ultrabook တွေဟာ နည်းပညာပိုင်းမှာလဲ အားနည်းမသွားပါဘူး။ HP နဲ့ LG တို့ကတော့ Ultrabook ဖြန့်ချိရာမှာ ​ဈေး ကွက်အကြီးဆုံး ရယူထားနိုင် သူတွေဖြစ်ပါသည်။ Apple မှလည်း အရည်အသွေးမြင့် Ultrabook များကို ၂၀၁၂ မှာထုတ်လုပ်ဖြန့်ချိ ဦးမှာဖြစ်တဲ့အတွက် Ultrabook ရဲ့ နှစ်သစ် ပြိုင်ပွဲကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမှာဖြစ်ပါသည်။

1544 apple-tv
Apple TV
Apple မှ အွန်လိုင်း အင်တာနက် TV ကို ၂၀၁၃ မတိုင်မီ တွေ့မြင်ရတော့မှာ ဖြစ်ပါသည်။ Apple မှ နေ့စဉ်ထုတ်လွင့်တဲ့ TV channel တွေကို Apple TV နဲ့ ကြည့်ရှုနိုင်အောင် ဖန်တီးပေးလိုက်ခြင်း ဖြစ်ပါသည်။ အရွယ်အစားအားဖြင့် ၃၂ လက်မ မှ ၃၇ လက်မအထိရှိတဲ့ Apple TV တို့ရဲ့ အခြား အင်တာနက် TV တို့ထက် ထူးခြားကောင်းမွန်မှုကို တွေ့မြင်ရတော့မည် ဖြစ်ပါသည်။ 
 
1544 nintendo Wii U
 Nintendo Wii U
Nintendo ကုမ္ပဏီမှ လက်ကိုင် Nintendo ဂိမ်းစက်များကတော့ လူတိုင်းသိကြမှာ ဖြစ်ပါတယ်။ ပြီးတော့ Wii ဂိမ်းစက်တွေဟာ ဆိုရင် Xbox နဲ့အပြိုင် ဈေးကွက်နေရာယူနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ Nintendo နဲ့ Wii ဂိမ်းစက်နှစ်ခုလုံးမှ နည်းပညာကိုပေါင်း စပ်ပြီး Nintendo Wii U ဆိုပြီး လက်ကိုင်ဂိမ်းစက်အကြီးစားကို ၂၀၁၂ ဇွန်လမှာဖြန့်ချိတော့မှာဖြစ်ပါတယ်။ ဒီဇိုင်းအနေနဲ့ရော၊ အရည်အသွေးပိုင်းမှာသာ ယခင် Nintendo ဂိမ်းစက်များ ထက် အထူးကောင်းမွန်တဲ့ Nintendo Wii U ကို ကမ္ဘာတစ်ဝမ်း ဂိမ်းခရေ ဇီတို့ စောင့်မျော်လျက် ရှိကြပါတယ်။ 

1544 window 8
 Window 8
၂၀၁၂ နှစ်စပိုင်းမှာဖြန့်ချိတော့မယ့် Window 8 ဟာဆိုရင်လည်း လူတိုင်း စောင့်မျော်နေတဲ့ ကမ္ဘာကျော် OS တစ်ခုဖြစ်ပါတယ်။ Apple ရဲ့ Mac OS X Lion ထက်များစွာသာလွန်ပြီး Software ရော Hardware ပါ ယခင် Window 7 ထက်များစွာကောင်းမွန်တဲ့ Window 8 မှာ မြန်မာစာစနစ်လည်း ပါဝင်မည်ဖြစ်ပါသည်။

1544 windows phone-8

Windows Phone 8 (Apollo)
Windows Phone 8 ကတော့ Window Phone 7 အစားဝင်ရောက်လာမဲ့ OS အသစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အောက်တိုဘာ ၂၀၁၂ မှာ ဖြန့်ချိဖို့ စီစဉ်ထားပြီးဖြစ်တဲ့အတွက် Window Phone 7 OSကို အခမဲ့ဖြန့်ချိ ပေးလိုက်ပါပြီ။ Apple ရဲ့ iOS 5 နဲ့ Google ရဲ့ Ice Cream Sandwich OS တို့ အောင်မြင်နေချိန်မှာ Microsoft ရဲ့Window Phone OS လည်း ပျောက်ကွယ်မသွားပါဘူး။ ပိုမိုမြန်ဆန်တဲ့ Window Phone 8 OS ကို Nokia, LG, Samsung နဲ့ HTC တို့က အဓိကထား အသုံပြုမှာဖြစ်ပါသည်။ 

1544 kindle-fire

Kindle Fire in the UK
ဈေးနှုန်းအားဖြင့် အခြား Tablet များထက် အင်မတန်သက်သာတဲ့ Amazon ရဲ့ Kindle Fire ကို အင်္ဂလန်မှာ ဖြန့်ချိပြီးဖြစ်ပါတယ်။ ၂၀၁၂ မှာ ကမ္ဘာအနှံ့ဖြန့်ချိမယ့် Kindle Fire ဟာ ဈေးသက်သာပေမယ့် အခြား Tablet နဲ့ iPad များနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပါသည်။

1544 asus-tramsformer-prime

Asus Transformer Prime
Asus မှ ထုတ်လုပ်မည့် Transformer Prime ကတော့ ၂၀၁၁ နှစ်ကုန်ပိုင်းလောက်တည်းက ဖြန့်ချိပြီးဖြစ်ပါသည်။ Android အသုံး​ပြုထားတဲ့ Tablet ဆိုပေမယ့် Keyboard တပ်ဆင်လိုက်တဲ့အခါ Netbook ကဲ့သို့ အသုံးပြုလို့ရတဲ့ Asus Transformer Prime မှာ Nvidia quad-core processor အသုံးပြုထားပါတယ်။ လက်ရှိမှာ Honycomb OS နဲ့သာ တွေ့မြင်ရသေးပေမဲ့ ၂၀၁၂ မှာတော့ ICS အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် လူကြိုက်များ လာမယ့် Tablet တစ်မျိုးဖြစ်ပါသည်။
Ref:http://www.shwelone.com

ကျွန်တော်သိတဲ့မိုနာလီဇာအကြောင်းလေးပါ.

ဘာရယ်မဟုတ်ပါဘူး။မိုနာလီဇာအပြုံးက ဘာလို့ ကမ္ဘာကျော်တာလဲ ဆိုတဲ့အကြောင်းပေါ့။

မိုနာလီဇာအကြောင်းပြောရင် သူမကို ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗန်ချီအကြောင်း ပြောရင်မပြီးဘူးလို့ ထင်ပါတယ်။ လီယိုနာဒိုကို ဧပြီလ ၁၅ရက် ၁၄၅၂ခုနစ် အီတလီမှာ မွေးဖွားခဲ့တယ်။ လီယိုနာဒိုက ငယ်ငယ်ကတည်းက ပန်းချီဆွဲတာ ၀ါသနာပါခဲ့ပြီး နောက်ပိုင်း ပန်းချီပညာဘက်တွင်သာမက ပန်းပု၊ ဗိသုကာ ဆေးပညာရပ်များမှာပါ ထွန်းကားခဲ့ပါသေးတယ်။ ဒါတင်မကသေးပါဘူး သူ့ကိဲု သိပံလောကရဲ့ ဘိုးအေကြီးလို့လဲ သမုတ်ကြသေးတယ်။ သူဖန်တီးခဲ့တဲ့ အရာတွေများမှာတော့ မိုနာလီဇာက အကျော်ကြားဆုံးပင်။ မိုနာလီဇာ ဘာလို့ကျော်ကြားတာလဲ မေးလိုက်လို့ ရှိရင် သူမရဲ့ အပြုံးလို့ ၁၀၀ မှာ ၉၉ ယောက်က ဖြေကြမှာ မလွဲပါ။



















မိုနာလီဇာနဲ့ခေတ်ပြိုင် ပန်းချီကားထဲက မိန်းမများ (ရဖေးလ်နှင့် မိုက်ကယ်အိန်ဂျယ်လို ပန်းချီ)

မိုနာလီဇာရဲ့ အပြုံးက ဘာလို့ကျော်ကြားတာလဲ။ လီယိုနာဒိုကပဲ တော်လို့လား။ ပန်းချီကားထဲက အမျိုးသမီးကပဲ ချောလွန်းလို့လား။ သေချာတာကတော့ လီယိုနာဒိုရဲ့ ပန်းချီပညာက တော်လွန်းလို့ ဖြစ်နိုင်ပါတယ်။ ပန်းချီထဲက အမျိုးသမီးက လှလွန်လွန်းလို့တော့ မဖြစ်နိုင်ပါ။ မျက်ခုံးမွေးမပါ။ ခနာကိုယ်ကလည်း သိပ်ပြီးမလှ။ ခေတ်ပြိုင် မိုက်ကယ်အိန်ဂျယ်လိုနှင့် ရဖေးလ်ပန်းချီကားတွေထဲက မိန်းမတွေနဲ့ယှဉ်လိုက်ရင်တော့ တော်တော်အကျဉ်းတန်တာအမှန်ပင်။ ဒါဆိုမိုနာလီဇာ ဘာလို့နာမည်ကြီးရတာလဲ စမ်းစစ်ကြည့်ရအောင်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ဆီ ပြန်မသွားသေးပဲ ၂၀ရာစု အစောပိုင်းကို ပြန်ကြည့်ရအောင်။

မိုနာလီဇာကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Lourve Museumမှာ ၁၉၁၁ထိ ဘယ်သူမှ ရှိတယ်လို့တောင် မထင်ခဲ့ပါဘူး။ ဒါပေမယ့် ၁၉၁၁ သြဂုတ်လ ၂၁ရက်နေ့မှာ မိုနာလီဇာပန်းချီကားက ပျောက်ချင်းမလှ ပျောက်သွားတယ်။ အားလုံးက မိုနာလီဇာကို လုံးဝပြန်မရနိုင်တော့ဘူးလို့ ထင်ခဲ့တယ်။ အဲဒီအချိန်မှာ မိုနာလီဇာက ပိုပိုပြီင်္းနာမည်ကြီးလာသတဲ့။ ဒီလို့နဲ့ပဲ နှစ်နှစ်ကြာပြီးတဲ့နောက် အီတလီရဲ့ တစ်နေရာမှာ မိုနာလီဇာက ပြန်ပေါ်လာပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ Lourveက အီတလီလူမျိုး မျိုးချစ်စိတ်ဓါတ်အပြည့်ရှိတဲ့ Vincenzo Peruggiaဆိုတဲ့ Lourveရဲ့ ၀န်ထမ်းတစ်ယောက်က အီတလီလူမျိုး လီယိုနာဒို ဆွဲခဲ့တဲ့ မိုနာလီဇာကို အီတလီလူမျိုးတွေ လက်ထဲမှာပဲ ရှိရမယ်လို့ ယူဆပြီး ခိုးယူခဲ့တာပါ။ နှစ်နှစ်လောက်ကြာပြီး အီတလီမှာရှိတဲ့ ပြတိုက်တစ်ခုကို ရောင်းလိုက်ရာကနေ ဒီခိုးမှုကြီး ပေါ်ပေါက်ခဲ့ရတာပါ။ နောက်တော့လည်း ပိုင်ရှင်တွေ ဖြစ်တဲ့ ပြင်သစ်တွေလက်ထဲကို ပြန်အပ်ခဲ့ရပါတယ်။ ခိုးတဲ့သူကတော့ မျိုးချစ်စိတ်နဲ့ခိုးခဲ့တာမို့လို့ လအနည်းငယ်ပဲ ထောင်ကျခဲ့တယ်။ ဒါက နာမည်ကြီးရခြင်း ၁ တစ်ချက်ပေါ့။

နောက်ထပ်နာမည်ကြီးရခြင်း အကြောင်းကတော့ မိုနာလီဇာရဲ့ ကိုယ်နေဟန်ထားပါပဲ။ လီယိုနာဒိုက တြိဂံအခြေခံကို ယူပြီး မိုနာလီဇာရဲ့ ကိုယ်နေဟန်ထားကို တီထွင်ရေးဆွဲခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပန်းချီဆရာတွေ တော်တော်များများက မိုနာလီဇာရဲ့ ဟန်ကို အတုယူခဲ့ကြတာပါ။ ဘယ်ဘက်လက်ပေါ် ညာဘက်လက်တင်ထားတဲ့ နေရာက တြိဂံရဲ့ အောက်ခြေဖြစ်ပြီး ရင်သား၊ လည်တိုင်၊ မျက်နှာတွေက အပေါ်ကို အဖျားရှူးတက်သွားပါတယ်။ နောက်ပြီး မိုနာလီဇာက အပျိုစင်မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက အိမ်ထောင်သည်ဆိုရင် ညာဘက်လက်သူကြွယ်မှာ လက်စွပ်ဝတ်ပြီးရေးဆွဲလေ့ရှိတတ်ပါတယ်။ မိုနာလီဇာမှာတော့ မရှိပါဘူး။ ဒါပေမယ့် ပုံဆွဲသူက သူမရဲ့ ညာဘက်လက်ကို ဘယ်ဘက်ပေါ်မှာ တင်တဲ့ သင်္ကေတသုံးပြီး မိုနာလီဇာက အိမ်ထောင်ရှိတဲ့သူ ဖြစ်ပြီး၊ သစ္စာရှိတဲ့ အမျိုးသမီးလို့ ရေးဆွဲခဲ့ပါတယ်။ နောက်ထပ်ထူးခြားတဲ့ အချက်ကတော့ မျက်နှာပေါ်မှာ အမွှေးအမျှင်တွေ ကင်းနေခြင်းပါပဲ။ မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊ ဘာဆိုဘာမှ မရှိတာပါပဲ။ မိုနာလီဇာတို့ ခေတ်ကတည်းက မျက်ခုံးမွှေးရိတ်တဲ့ခေတ် ထွန်းကားနေပါပြီ။

မိုနာလီဇာရဲ့ အကျော်ကြားဆုံးအရာကတော့ သူမရဲ့ ဘာမှန်းမသိတဲ့ အပြုံးပေါ့။ ကလေးဘ၀တုန်းက ကျွန်တော်က လူကြီးတွေကို လိုက်မေးဖူးတယ်။ မိုနာလီဇာက ဘာလို့ အကြာကြီးပြုံးရတာလဲလို့ပေါ့။ တကယ်တော့ မိုနာလီဇာရဲ့ အပြုံးလှရခြင်း အကြောင်းရင်းက လီယိုနာဒိုကြောင့်ပါ။ လီယိုနာက မိုနာလီဇာကို အချိန်ပေးပြီး ရေးဆွဲခဲ့တယ်။ မိုနာလီဇာရဲ့ နှုတ်ခမ်းထောင့်လေးတွေကို ခပ်ရေးရေး အရိပ်တွေထည့်ပေးခဲ့တယ်။ အဲဒါ့ကြောင့်မို့လားမသိ မိုနာလီဇာကို တိုက်ရိုက်မကြည့်ဘဲ အမှတ်တမဲ့ကြည့်လိုက်ရင် သူမရဲ့ အပြုံးက ပိုပိုပြီး အသက်ဝင်လာပါတယ်။ သူမကို ကြည့်မိတဲ့သူတိုင်းကို ကြည်နူးသွားစေတယ်။ အကျည်းတန်တဲ့ မိုနာလီဇာက သူမရဲ့ အပြုံးတစ်ချက်နဲ့ပဲ လူတွေကို သွက်သွက်ခါ ရူးသွားစေနိုင်တယ်။ အဲဒီလောက်တောင်ပဲ မိုနာလီဇာက စွမ်းခဲ့တာပါ။

နောက်ပြီး မိုနာလီဇာရဲ့ ပန်းချီကားမှာ လျှို့ဝှက်ချက်တွေ ရှိနေပါသေးတယ်။ အဲဒီလျှို့ဝှက်ချက်က ပန်းချီကားထဲက အမျိုးသမီးက ဘယ်သူလဲဆိုတာပါပဲ။ မိုနာလီဇာကို ဘယ်သူဘယ်ဝါဆိုပြီး သမိုင်းပညာရှင်တွေက ခန့်မှန်းကြပေမယ့် သေသေချာချာတော့ လက်ဆုပ်လက်ကိုင်မပြနိုင်ကြပါဘူး။ အဲဒီအချိန်တုန်းက ပုံတူဆွဲပေးပြီးရင် ပုံတူပန်းချီအဆွဲခံရတဲ့ သူတွေကို ပန်းချီကားအပ်ရပါတယ်။ လီယိုနာဒိုကတော့ အပ်လည်းမအပ်ခဲ့ဘူး။ အီတလီကနေ ပြင်သစ်ကို ပြောင်းသွားတာတောင် ကိုယ်နဲ့တပါတည်း ယူသွားပါတယ်။ နောက်ပြီး မိုနာလီဇာကို ဆွဲတာ ၁၅၀၃ခုနှစ်ကနေစဆွဲတာ သုံးလေးငါးနှစ်လောက် အချိန်ယူရပါတယ်။ ၁၅၁၉မှာ လီယိုနာဒိုသေသွားမှသာ သူ့အခန်းထဲမှာ ပန်းချီကားကို ပြန်ရှာတွေ့လိုက်ရပါတယ်။
လီယိုနာဒို (၁၄၅၂- ၁၅၁၉)
မိုနာလီဇာနဲ့ လီယိုနာဒို

ပန်းချီကားထဲက အမျိုးသမီးက မသိလိုက် မသိဖာသာနဲ့ မပြီးသွားသေးပါဘူး။ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ မိုနာလီဇာကို လေဆာတွေသုံးပြီး အမျိုးမျိုးလေ့လာခဲ့ကြတယ်။ အဲဒီတော့မှပဲ မိုနာလီဇာ ဘယ်သူမှန်းသိကြတော့တယ်။ ပန်းချီကားထဲက မိုနာလီဇာက ပန်းချီကား ကိုယ်တိုင်ဖန်တီးခဲ့တဲ့ လီယိုနာဒိုပဲလေ။ လီယိုနာဒိုက အမျိုးသားအချင်းချင်း စိတ်ဝင်စားတဲ့သူပါ။ အဲဒီတော့ သူ့ရဲ့ပုံတူကို သူ့ကိုယ်သူမြင်တဲ့ အမြင်တွေနဲ့ ရေးဖွဲ့ခဲ့ခြင်းသာ ဖြစ်ပါတယ်။ လီယိုနာဒိုမှာ ကိုယ်ပိုင်မှတ်စု စာအုပ်တွေရှိပါတယ်။ သူ့အမြင်တွေ၊ သူ့ဖန်တီးမှုတွေ၊ သူ့တွေ့ရှိမှုတော်တော်များများကို သာမန်လူတွေဖတ်လို့မရအောင် လက်ရေးတွေ ပြောင်းပြန်ရေးခဲ့ပါတယ်။ သူ့စာကို ဖတ်ချင်ရင် မှန်ထောင်ပြီး ဖတ်ရသတဲ့။ ကျွန်တော့် စိတ်အထင်တော့ လီယိုနာဒိုက မိုနာလီဇာကို အဲဒီလိုဖန်တီးခဲ့တာလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်ရေး ခဲခြစ်ပုံတူပန်းချီနဲ့ မိနာလီဇာတို့ရဲ့ မျက်နှာအနေအထားတွေက ပြောင်းပြန်ဖြစ်နေလို့ပါပဲ။ မိုနာလီဇာကို မှန်ထောင်ပြီးတော့ကြည့်။ မှန်ထဲမှာ ထင်နေတဲ့ မိုနာလီဇာနဲ့ လီယိုနာဒိုရဲ့ ပုံတူတွေကို တိုက်ကြည့်။ မျက်နှာအကျ၊ နှာခေါင်း မေးရိုး စတာတွေတူနေတာ တွေ့ရပါလိမ့်မယ်ခင်မျာ။ ။

ဆက်စပ်သောပို့စ်။

မိုနာလီဇာဆိုတာ မိန်းမမဟုတ်ပါဘူးတဲ့.....




(မိုနာလီဇာအကြောင်းကို ကျောင်းမှာ သင်ခဲ့သမျှ၊ လေ့လာခဲ့ကမျှကို မှတ်မိသလောက်ရေးထားခြင်းသာ ဖြစ်ပါသည်။ အချက်အလက်များမှားနေပါက စာရေးသူ၏ အမှားသာ။ နောက်ထပ် ကမ္ဘာကျော် ပန်းချီကားတွေအပြင် တခြားအနုပညာလက်ရာတွေအကြောင်း ရေးပေးပါဦးမည်။)

ဒါဆို သူလေးကရော ဘူလေးတုန်း။


Views: 27
အမျိုးအစား/ကဏ္ဍ: ရသ

အလုပ်သမားရပိုင်ခွင့်နှင့်ပတ်သတ်၍ အလုပ်သမားအဖွဲ့များက သင်တန်းပေးမည်


ယမင်း (မြစ်မခ)
ဧပြီ(၂)ရက်၊ ၂၀၁၂ခုနှစ်။

အလုပ်သမားအဖွဲ့အစည်းများက အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်ပတ်သတ်၍ သင်တန်းများပို့ချ ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်းများထံက သိရှိရသည်။

လှိုင်သာယာ၊ တိုင်ရီဖိနပ်စက်ရုံမှ အခြေခံအလုပ်သမားအဖွဲ့အစည်းရှိအဖွဲ့ဝင် (၄၀)ဦးဝန်းကျင်အား လုပ်သား စီးပွားဘာသာရပ်၊ လုပ်သား ဥပဒေဘာသာရပ်၊ နိုင်ငံတကာအလုပ်သမားစံနူန်းဘာသာရပ်များကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“အလုပ်သမားအဖွဲ့ခေါင်းဆောင်တွေကို သုံးပွင့်ဆိုင်(စီးပွားရေးလုပ်ငန်းရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စား လှယ်) ညှိနိုင်းတိုင်ပင်၊ ဖြန်ဖြေခြင်းနဲ့ဆိုင်တာတွေကို ဆွေးနွေးမယ်၊ အလုပ်သမားတွေရပိုင်ခွင့်ကို ဘယ်လို ယူနိုင်လဲဆိုတာတွေ ဆွေးနွေးသွားမှာဖြစ်တယ်”ဟု တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ဥပဒေ အတိုင်ပင်ခံ ရှေ့နေဖိုးဖြူကပြောသည်။

သင်တန်းအား စီးပွားရေးပညာရပ်ဆိုင်ရာ ကျောင်းဆင်းများ၊ ဥပဒေပညာရပ်ဆိုင်ရာ ကျောင်းဆင်းများမှ ၂၀၁၂ ခုနှစ်၊ မေလ (၂၀) ရက်နေမှစ၍  အပတ်စဉ် တနင်္ဂနွေနေ့တွင် ဆူးလေ၊ ပန်းဆိုးတန်းမှတ်တိုင်၊ တိုက်အမှတ် ၁၈၅၊ ဒုတိယထပ်တွင် သင်ကြာပေးသွားမည်ဖြစ်သည်။

 “ကျွန်မတို့နိုင်ငံမှာ အခုဖြစ်ပေါ်နေတဲ့ အလုပ်သမားက လုပ်ခတို့ အချိန်တို့  အများကြီး နစ်နာဆုံးရှုံးနေတာ ကိုတွေ့ရတယ်။ အလုပ်သမားတွေဆို သူတို့ရပိုင်ခွင့်တောင် သူတို့မသိတဲ့သူတွေ အများကြီးတွေ့ရတယ်။ အဲဒါကြောင့် အခုသင်တန်းကလည်း အလုပ်သမားတွေအတွက်အထောက်အကူဖြစ်ဖို့ အတွက်ဆွေးနွေးမှာပါ” ဟု လှိုင်သာယာ၊ တိုင်ရီ ဖိနပ်စက်ရုံ အခြေခံအလုပ်သမား အဖွဲ့စည်း ဥက္ကဌဒေါ်မိုးဝေကပြောသည်။

လှိုင်သာယာမြို့နယ်၊ တိုင်ရီဖိနပ်စက်ရုံတွင် အလုပ်သမားတောင်းဆိုမှုများဖြစ်ပေါ်ခဲ့ပြီးနောက် မတ်လ (၂၃)ရက် နေ့တွင် အခြေခံအလုပ်သမားသမ္မဂအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ရာ ဧပြီလ (၂၅)ရက်နေ့တွင် အခြေခံ အလုပ်သမားအဖွဲ့စည်းအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့ကြောင်း၊ အဆိုပါ စက်ရုံတွင်း လူဦးရေ (၁၂၆၆) ဦးနှင့် လူဦးရေ (၂၀၀) ဦးဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့စည်း (၂) ခုရှိကြောင်း သိရသည်။

 “ကျွန်တော့်အမြင်တော့ ကောင်းတယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ခနဲ့ လစာမညီမျှဘူးလေ။ အဲဒါတွေကို ဘယ်လိုတောင်းဆိုရမယ်၊ ဘယ်လိုရယူနိုင်လဲဆိုတာကို အလုပ်သမားတွေသိလာမယ်ဆိုရင် ကောင်းပါတယ်” လှိုင်သာယာ၊ ၁၈ ရပ်ကွက်၊ ရွေရင်အေးဈေးအနီးတွင်နေထိုင်သူ ကိုစန်းဝင်းကပြောသည်။

အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးနှင့် အကျိုးခံစားခွင့်များကို အပြည့်အ၀ရရှိအောင်   ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ အလုပ်သမားများကလည်း စက်ရုံ၊အလုပ်ရုံ ဌာနအသီးသီးတွင် ထုတ်လုပ် ၀န်ဆောင်မှုများ အစဉ်တိုးတက်မှုရှိအောင် ဆောင်ရွက်ပေးမှ နိုင်ငံတော်၏ စိးပွားရေးတိုးတက်လာခြင်းနှင့် အတူ လူမှုရေးကာကွယ်စောင့်ရှောက်မှု၏ အကျိုးကျေးဇူးများကို ပြည်သူတစ်ရပ်လုံးနှင့် အလုပ်ရှင် အလုပ် သမားများအပါအ၀င် နောင်လာနောင်သားများ ခံစားခွင့်ရကြမည် ဖြစ်ပါကြောင်း ဆက်ပြောဆိုသည်။
 Shwe Myitmakha Media Group

မြန်မာ့ တိုရဲ ရှာပါး ဓာတ်ပုံများ....၃

မြန်မာ့ တိုရဲ ရှာပါး ဓာတ်ပုံများ....၂

မြန်မာ့ တိုရဲ ရှာပါး ဓာတ်ပုံများ....၁

ထွက်ကျ ကုန် ပြီ