Wednesday, May 2, 2012

World War II Memorial သို့ >>>>>>

World War II Memorial သို့ .....

ကဲဒီတခါ လမင်းသွားတဲ့နေရာလေးဘာရယ်မဟုတ်ဘူး မောင်နှမတို့အတွက်တင်ပေးလိုက်ပါတယ်။။ ဓာတ်ပုံတင်ရင်ရာဇ၀င်အကြောင်းလေးပါသိသလောက်လေးရေးပေးထားပါတယ်။။ လိုအပ်တာနဲ့လွဲခဲ့တာများရှိရင် လမင်းမှာပဲတာဝန်ရှိပါတယ်။။
မြို့ထဲစ၀င်ပါပြီ ....ကားထဲကရိုက်လိုက်တာဆိုတော့ာဘာလည်းသိဘူးး :)
W0rld War II Memorial ကို May (29) 2004 စတင်ဖွင့်ခဲ့တာပါ။။။ အခုဆို (8) နှစ်ရှိသွားပြီပေါ့။။
လှပါပေတယ်...
မှတ်တမ်းတင်ခဲ့ပါတယ် ဒုတိယကမ္ဘာစစ်မှာ မြန်မာလည်းပါတော့ တွေ့ တာနဲ့ ရိုက်ခဲ့၏
သူတို့ရိုက်တာတွေ့ တော့ကိုယ်လည်းရိုက်ချင်တာပေါ့ ဓာတ်ပုံပြောတာနော်..:D
အ၀င်အ၀ရဲ့ အပေါ်မှာကပုံ
အရင်တစ်ခါအဖြူကိုလှမ်းတွေ့ လို့ ဘာလည်းမသိဘူးဆိုတာကို မကျေပွဲသွားခဲ့တာပါ။။။ Martin Luther King သူနာမည်နော် သူက လူမဲတွေရဲ့ အခွင့်အရေးရအောင်ကြိုးပမ်းခဲ့တာပေါ့။။ မြန်မာပြည်လိုဆို ဒေါ်အောင်ဆန်စုကြည်လိုမျိုးပေါ့ ငြိမ်းချမ်းရေးဆုတွေရခဲ့တယ်။။ အသက်ငယ်ငယ်နဲ့လုပ်ကြံခံရပြီသေသွားရရှာတယ်။။။
စ၀င်ပါပြီ ကင်မရာအသင့်ပြင်ထားပါပြီး..:)
ခန့်ညာစွာရုပ်တုပါ.. Washington DC မှာတည်ရှိပြီ စတင်ဖွင့်ခဲ့တာကတော့ August (22. 2011) မှာဖွင့်ခဲ့တာပါ ပထမဆုံးရောက်ခဲ့ရှိခဲ့တာပါ။။
သူမွေးနေ့က January 15. 1929 အသက်ခံရတာက April 4.1968 အသက်က 39 ပဲနေရရှာတယ်:( လမင်းတို့ဗိုလ်ချုပ်လည်း ၃၂ ပဲနေရရှာတယ်နော် အများအတွက်လုပ်တဲ့သူတွေ တော်ကြတတ်တဲ့သူတွေအသက်တိုကြတယ် ထင်တယ်။။ :P
အဝေးကနဲ့လှမ်ရိုက်လိုက်တာ Jefferson memorial .ပါ..
ရေကန်ထဲမှာသူတို့လေးတွေလည်းပျော်နေကြတယ်ထင်တယ်..
ဒီမှာလည်းတစ်တွဲပဲ နားနေကြပြီအေးဆေးပဲလူမကြောက်ပါ။။
ဒါကတော့ကိုရီးယား Memorial ပါ ကိုရီးယားစစ်ဖြစ်တော့ အမေရိကန်တွေသွားကူလို့ ကျဆုံးခဲ့တဲ့စစ်သားတွေအတွက် အမှတ်တရပေါ့။။။ အမေရိကန်တွေကသဘောကောင်းတယ် ဖြစ်ချင်တဲ့နေရာစစ်ဖြစ်ကြ သွားကူကြတာ လူတွေငွေတွေကုန်လိုက် တာသောက်သောက်လဲပဲ အခုတော့အကြွေးတွေဝိုင်လို့ပေါ့:P
တွေ့ ပြန်ပြီ သားသားမီးမီးလေးတွေ ဟီး
နေ၀င်ချိန်ဆိုတော့ အမြန်ရိုက်လိုက်တာ အိမ်ပြန်နောက်ကျနေပြီ။။။ မြို့ ထဲဆိုတော့လည်းတွေ့ တာရိုက်ခဲ့ပါတယ်။။။ ပြန်ပါပြီ နေ၀င်အလှကားထဲကရိုက်လိုက်တာ အိမ်ရောက်တော့ တော်တော်ကိုမိုးချုပ်နေပါပြီ။။ ဗိုက်ဆာလိုက်တာလွန်ပါရော အပြင်စာမစားတတ်တော့ ခက်တာပေါ့ ဟီး တမျိုးမထင်နဲ့နော်ဈေးကြီးလို့ :P လမင်းဘယ်သွားသွားသူငယ်ချင်းတွေတော့သတိတရအမြဲသွားတတ်တဲ့နေရာမှတ်တမ်းတင်ခဲ့ပါတယ်။ ကိုယ်နေတဲ့နေရာလေးတင်ပေးတော့ ဗဟုသုတလည်းရရောက်ဖူးသလိုမျိုးခံစားရတာပေါ့။။ လမင်းကတော့မြန်မာပြည်အနှံလျှောက်သွားချင်ပါတယ်။။ အရမ်းလည်းလွမ်းလှပါပြီ မြန်မာပြည်လည်းအမြန်ပြန်ချင်နေပါပြီ..:(

0 ကွန်မန့်ရေးရန်:

Post a Comment