Wednesday, May 2, 2012

ဆေးပညာနောက်ဆုံးတွေ့ ရှိချက်များ

ဆေးပညာနောက်ဆုံးတွေ့ ရှိချက်များ
Posted by AF in ဆောင်းပါးများ


စိတ်စွမ်းအားထိန်းချုပ်ကုသခြင်းဖြင့်ဆီးဝမ်းမထိန်းနိုင်ရောဂါကုသနိုင်

- အသက်အရွယ်အပိုင်းအခြားတစ်ခုသို့ ရောက်ရှိလာသော အမျိုး သမီးများ၏ သုံးပုံတစ်ပုံခန့်သည် ဆီးဝမ်း မထိန်းချုပ်နိုင်သောရောဂါ ဖြစ်လာတတ်ကြသည်။
- ထိုရောဂါဖြစ်လာရခြင်းမှာ ဆီးအိမ် အလုပ်လုပ်ခြင်း ပုံမှန်ထက် လွန်ကဲလာမှုကြောင့်ဟုသိရှိရသည်။
- အသက် ၆၂ နှစ်အရွယ်အမျိုးသမီးများအားစမ်းသပ်သုတေသနပြု ရာမှထွက်ပေါ်လာသောတွေ့ရှိမှုမှာအထူးစိတ်ဝင်စားစရာကောင်းလှသည်။
- ရောဂါဖြစ်နေသူများအား အသက်ရှူခြင်းကို ပြင်းပြင်းရှူသွင်းရှူ ထုတ်ပြုလုပ်စေပြီး စိတ်ကူးအတွေးများကို ထိန်းချုပ်စေခြင်း လေ့ကျင့် ပေးမှုကြောင့် တစ်ပတ် အတွင်း ဆီးသွားကြိမ်ရေ ၃၈ ကြိမ် မှ ၁၂ ကြိမ် ထိလျော့ကျသွားကြောင်း တွေ့ရှိရသည်။
- ဤလေ့ကျင့်ကုသမှုသည် အမျိုးသမီးများ၏ကိုယ်ခန္ဓာအတွင်း ထိန်းသိမ်းနိုင်မှုစွမ်းအားပိုလာကြောင်း ဆေးသုတေသီများက နောက်ဆုံး တွေ့ရှိခဲ့ခြင်း
ပင်ဖြစ်သည်။
လက်ညှိုးထက်လက်သူကြွယ် ပိုရှည်သော အမျိုးသားများ ဆီးကျိတ်ကင်ဆာ သတိပြုစရာ
- လက်သူကြွယ်သည် လက်ညှိုးထက်ပို၍ရှည်နေသော အမျိုးသား များ အတွက်ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေပိုမိုများနေကြောင်း အင်္ဂလန် ထုတ် ‘ကင်ဆာဂျာနယ်’ သုတေသီများကထုတ်ဖော်ခဲ့ကြသည်။
- လက်ညှိုး ပိုရှည်သူများအတွက် အခွင့်အလမ်းမှာ ဆီးကျိတ် ကင်ဆာဖြစ်နိုင်ခြေ ၃၃ ရာခိုင်နှုန်း လျော့ကျနိုင်ကြောင်း တွေ့ရှိရသည်။
- ယောက်ျားငယ်တစ်ဦးသည် မိခင်ကိုယ်ဝန် သားအိမ်အတွင်းရှိစဉ် ကပင် လက်ညှိုးပိုရှည်သော ယောက်ျားကလေးငယ်၏ ကပ်ပယ်အိတ် (ဝှေးစေ့)အတွင်းမှ ထုတ်ပေးသော ဟော်မုန်းထိတွေ့ရရှိမှု ပို၍ နည်းကြောင်းကို ဆေးသုတေသီများ လေ့လာတွေ့ရှိခဲ့ကြသည်။
- ၄င်းဟော်မုန်းထိတွေ့မှုကြောင့် နောင်တွင်ဖြစ်ပွားလာနိုင်သောရောဂါ ဖြစ်သည့် ဆီးကျိတ်ကင်ဆာကို ကာကွယ်တားဆီးနိုင်သည်။
You might like:

0 ကွန်မန့်ရေးရန်:

Post a Comment