Wednesday, May 02, 2012
zarny win
ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အမတ်များ လွှတ်တော်မှာ ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုကြပါတယ်။(ဓာတ်ပုံများ - ဧရာဝတီ)
လွှတ်တော်တက်ကျမ်းကျိန်မယ် လို့ တနင်္လာနေ့မှာ ကြေညာလိုက်တဲ့အတွက် ရက်အတန်ကြာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်/လေးစားလိုက်နာရေး ဝေါဟာရ ပြဿနာလည်း ငြိမ်သက်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို ဒီကနေ့ ရောက်လာပုံက နိုင်ငံတကာ စာနယ်ဇင်းများမှာ ထိပ်တန်းသတင်းတပုဒ် ဖြစ်နေပါတယ်။
NLD ရဲ့ ခြေလှမ်းကို လွှတ်တော်တွင်း၊ လွှတ်တော်ပ နိုင်ငံရေးသမားများက ကြိုဆိုနေကြပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဧရာဝတီ မြန်မာ နဲ့ အင်္ဂလိပ် သတင်းစာမျက်နှာတွေမှာ မကြာခင် ဖတ်ရှုရမှာ ဖြစ်ပါတယ်။
Posted in:
0 ကွန်မန့်ရေးရန်:
Post a Comment