Wednesday, May 2, 2012

တနိုင်ငံလုံးဖုန်းပြောဆိုနိုင်သည့် ဧရိယာ ၈၀ ရာခိုင်နှုန်းရှိ

တနိုင်ငံလုံးဖုန်းပြောဆိုနိုင်သည့် ဧရိယာ ၈၀ ရာခိုင်နှုန်းရှိ

မြန်မာတစ်နိုင်ငံလုံးတွင် တယ်လီဖုန်းဆက်သွယ်ပြောဆိုနိုင်သည့်ဧရိယာ ၈၀ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။ မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းလိမိတက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်၏ ဒသမအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပရာ အဆိုပါအစည်းအဝေ၌ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင့်လွင်က အမှာစကားပြောကြားချက်တချို့ကိုကောက်နုတ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတ၀န်း တယ်လီဖုန်းပြောဆိုနိုင်သည့် ဧရိယာ ၈၀ ရာခိုင်နှုန်းရှိပြီး တယ်လီဖုန်းသိပ်သည်းဆအားဖြင့်နည်းကြောင်း သို့သော်လည်း အိပ်ချိန်းမရှိသောကျေးရွာများတွင် အနည်းဆုံး IP Star နှင့် တယ်လီဖုန်းလိုင်းများ တပ်ဆင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် GSM မိုဘိုင်းဖုန်း တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတ၀န်းလုံးရှိ တယ်လီဖုန်း ပြောဆိုဆက်သွယ်မှု အနေအထားကို နှိုင်းယှဉ်ပါက ရန်ကုန်မြို့၌ အများဆုံးဖြစ်ကြောင်း၊ လက်ရှိရန်ကုန်မြို့၌လည်း လိုအပ်သည့် မိုဘိုင်းတာဝါတိုင်တိုးချဲ့ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်မြို့၌ တည်ဆောက်ရမည့် တာဝါတိုင်များမှာ လိုအပ်သလောက် မရရှိသေးကြောင်း တယ်လီဖုန်းများ ကနဦးစတင်ရောင်းချပေးခြင်း မရှိခြင်းဖြစ်ကြောင်း ရန်ကုန်၌ လူဦးရေခြောက်သန်းခန့်ရှိပြီး လက်ရှိအချိန်အထိ သုံးသိန်းခုနှစ်သောင်းဝန်းကျင်ခန့် ဖုန်းအသုံးပြုလျက်ရှိကြောင်း သိရသည်။ လက်ရှိ နယ်၌စတင်ရောင်းချပေးလျက်ရှိသော ဖုန်းများ ရန်ကုန်မြို့သို့ စုပြုံအသုံးပြုလာမည်ဆိုပါက ကွန်ယက်များ ပြိုလဲသွားနိုင်မည်ဖြစ်ကြောင်း လက်ရှိဆောင်ရွက်နေသော ဆောင်ရွက်ချက်များအဆင်ပြေပါက Roaming စနစ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ရေးသားသူ - ထွန်းထွန်း

0 ကွန်မန့်ရေးရန်:

Post a Comment