Wednesday, May 2, 2012

ခန္ဓာကိုယ် တစ်ဝက်သာရှိသော မိန်းကလေး

Inbox
x

ဦးဦး မှော်ဆရာ
9:25 AM (2 hours ago)

to O
ခန္ဓာကိုယ် တစ်ဝက်သာရှိသော မိန်းကလေး



          ခြေထောက်တွေ နဲ့ လက်တွေ လုံးဝမပါတဲ့ ဖရီဒါ ပွတ်ရှ်ကင့် ကို ၁၉၂၃ ခုနှစ် 
ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ ကုန်းမောက် ၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ မွေးဖွားခဲ့
ပါတယ် ။ သူမရဲ့ အခြေအနေခုလိုဖြစ်ရတာ သူမအမေ သူမကိုကိုယ်ဝန်ဆောင်စဉ်တုန်းက တတ်ယောင်ကားဆရာဝန်တစ်ယောက်နဲ့ အူအတက်ဖြတ်ခဲ့လို့ လို့ ဖရီဒါက ပြောလေ့ရှိပါတယ် ။
ဒါပေမဲ့ ဒီအပြောဟာ ကျိုးကြောင်းဆီလျော်မှုမရှိသလို ၊ တရာစွဲဆိုထားတဲ့ မှတ်တမ်းတွေလည်း 
မရှိပါဘူး။ ဒါကြောင့် ဒီဖြေရှင်းချက်ဟာ သူမ လူထူးလူဆန်းပြပွဲတွေမှာ ၀င်ရောက်ပြသတဲ့အခါမှ 
ပေါ်လာတဲ့ ထွင်လုံးလှိမ့်လုံးသာ ဖြစ်နိုင်ပါတယ် ။

ဖရီဒါ ပွတ်ရှ်ကင့်ဟာ လူသားများ၏ စိတ်ဓါတ်တက်ကြွဖွယ် ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ် ။
သူမရဲ့ အခြေအနေကိုကြည့်မိသူတိုင်း သူမဘ၀ဟာ ကိုယ်တိုင် ဘာမှမလုပ်နိုင်တဲ့
အခြေအနေပဲလို့ တွေးမိပါလိမ့်မယ် ။ သူမကိုယ်တိုင်ကတော့ သူမရဲ့ဘ၀ဟာ ဘာမှ
မလုပ်နိုင်မကိုင်နိုင်တဲ့ ဘ၀ပဲလို. တစ်ခါမှ မတွေးခဲ့ပါဘူး ။ ဖ၇ီဒါကတော့ သူမရဲ့ 
အခြေအနေအားလုံးကို အရှိအတိုင်းလက်ခံခဲ့ပြီး တခြားသူတွေလိုပဲ သူမလည်း 
ရှင်သန်ရပ်တည်နေနိုင်ဖို့ အပတ်တကုတ်ကြိုးစားခဲ့ပါတယ် ခုလို သူမရဲ့ စိတ်ဆန္ဒ
ပြင်းပြမှုရဲ့ နောက်ကွယ်က စေ့ဆော်တွန်းအားပေးခဲ့တာကတော့ သူမရဲ့ အမေပါပဲ ..

သူမဟာ မကြာခင်မှာပဲ ကိုယ်တိုင် အစားစာနိုင်လာသလို ၊ တခြားကလေးတွေလို ဆော့ကစားခြင်းများအပြင် အပ်ချုပ်ခြင်း ၊ ဇာထိုးခြင်း တို့ကိုပါ လုပ်နိုင်ခဲ့ပါတယ် ။ 
ဒါတွေအပြင် အလွန်အံ့သြစရာကောင်းတဲ့ ထူးခြားချက်တစ်ခုကတော့ သူမရဲ့ ပုခုံး နဲ့ 
မေးစေ့ကြားမှာ ဘောလ်ပင်ကိုညှပ်ပြီး ရှင်းလင်းသေသပ်စွာ စာရေးသားနိုင်တဲ့အပြင် ၊ 
စာစီစာကုံး၊ ၀တ္ထုတိုပြိုင်ပွဲများတွင်လည်း ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပါတယ် ။ ဖရီဒါ ရဲ့ သွားလာလှုပ်ရှားနိုင်မှုက အကန့်အသတ်နဲ့သာဖြစ်လို့ နေ့စဉ် သူမကျောင်းသွားတဲ့အခါတိုင်း သူမအမေကိုယ်တိုင် ချီပြီးလိုက်ပို့တယ်။ အပြန်မှာတော့ သူမရဲ့ အစ်ကို နဲ့ အစ်မတို့က 
ပြန်ခေါ်လာရတယ် ။


ဖရီဒါ ပွတ်ရှ်ကင့် နှင့် သူ့အမေ




         1933 ခုနှစ်တွင် ကမ္ဘာတလွှားမှ ထူးထူးဆန်းဆန်းအကြောင်းအရာများကို ရှာဖွေ
ရေးသားလေ့ရှိတဲ့ ရောဘတ် ရစ်ပလေ ဟာ ဖရီဒါ ရဲ့အကြောင်းကိုကြားပြီး သူမ နဲ့ 
သူမမိသားစုကို လာရောက်တွေ့ဆုံခဲ့တယ် ။ဒီနောက်မှာတော့ သူ့ရဲ့ နိုင်ငံကျော်
ကာတွန်းစာအုပ်မှာ သူမရဲ့အကြောင်းကို "ခန္ဒာကိုယ် တစ်ဝက်သာရှိသော မိန်းကလေး
ဆိုတဲ့ နာမည်နဲ့ ဖေါ်ပြခဲ့ပါတယ် ။ ဒါ့အပြင် ရစ်ပလေ က သူမကို ချီကာဂို မှာကျင်းပတဲ့ 
၁၉၃၃ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲကို လာရောက်ဖို.လည်း ဖိတ်ခေါ်ခဲ့ပါတယ်။



                                            ရောဘတ် ရစ်ပလေ


          သူမအသက် ၉ နှစ်အရွယ်မှာ သူမရဲ့ အမေနဲ့အစ်မတို့အပါအ၀င် ရစ်ပလေ ရဲ့ 
လူထူးလူဆန်းပြပွဲမှာ လူထူးလူဆန်းကလေး ဘက်တီ လို ၀ီလီယံ နဲ့အတူ ပါဝင်ပြသခဲ့ပါတယ် ။ သူမလုပ်ရတာကတော့ သူမကိုယ်ကို မိတ်ဆက်စကားပြောပြီး စာအနည်းငယ်ရေးပြရတာပါ ။
ဒါပေမဲ့ ဒါကိုမြင်ရတဲ့ ပွဲကြည့်ပရိသတ်တွေကတော့ အလွန်အံ့အားသင့်ခဲ့ရပါတယ် ။သူမဟာ ငါးမိနစ်ခန့်ကြာတဲ့ ဒီလိုအစွမ်းပြမှုမျိုးကို တစ်ရက် တစ်ရက်မှာ အကြိမ်ပေါင်းများစွာ 
လုပ်ဆောင်ပြ၇ပါတယ် ။သူမ ရစ်ပလေ နဲ့အတူလိုက်ပြီး နယ်လှည့်ပြပွဲပြသခဲ့တာ ခြောက်နှစ်လောက်ကြာလာတဲ့အခါမှာတော့ သူမဆီမှာ ၀င်ငွေဒေါ်လာ သန်းနဲ့ချီ 
ရှိလာခဲ့ပါပြီ ။ အဆိုပါအလုပ်အပြင် အပိုဝင်ငွေရရှိစေရန် သူမရဲ့ ဓါတ်ပုံပါတဲ့ 
အမှတ်တရကဒ်လေးတွေ ရောင်းချပါတယ် ။ ဒေါ်လာအနည်းငယ်ပိုပေးရတဲ့ ကဒ်မှာတော့ 
သူမကိုယ်တိုင် ပခုံးနဲ့မေးစေ့ကိုသုံးပြီး ရေးထားတဲ့စာ နဲ့ လက်မှတ်ပါထိုးပေးထား ပါတယ် ။ (အောက်ကပုံကိုကြည့်ပါ။)



         ဖရီဒါ ပွတ်ရှ်ကင့်ကိုယ်တိုင် ပခုံး နဲ့ လက်ကိုအသုံးပြုပြီး လက်မှတ်ရေးထိုးထားသော အမှတ်တရ ကဒ်



                                                     လူထူးလူဆန်းကလေး ဘက်တီ လို ၀ီလီယံ

            ဒီနောက်မှာတော့ ဖရီဒါက ပြပွဲတွေပြသနေတာကနေ ခဏတာ အနားယူခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ နာမည်ကြီး ဆပ်ကပ်အဖွဲ့ဖြစ်တဲ့ ပီ တီ ဘာနမ် အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ် ။ ဒီဆပ်ကပ်အဖွဲ့နဲ့ လိုက်လံပြသတဲ့အချိန်မှာတော့ သူမရဲ့ အစ်မကလည်း ကျွမ်းကျင်တဲ့ ကောင်းကင်ကျွမ်းဘားသမား နဲ့ အကမယ်အဖြစ်ပါဝင်ပြသခဲ့ပြီး ၊ သူမအမေကတောင် 
ဆပ်ကပ်အဖွဲ့မှာ အတွင်းရေးမှုးအဖြစ် လုပ်ဆောင်ခဲ့ပါတယ် ။၁၉၄၄ ခုနှစ်မှာ သူမတို
ဆပ်ကပ်ပြပွဲမှာ မီးအကြီးအကျယ်လောင်ခဲ့တော့ လူ ၁၆၇ ယောက်ပဲ လွတ်မြောက်ခဲ့ပါတယ် ။ ကံကောင်းလှတဲ့ ဖ၇ီဒါ ကို ဆပ်ကပ်အဖွဲ့ဝင်တစ်ဦးက ကယ်ထုတ်သွားလို. အသက်
ချမ်းသာရာရခဲ့ပါတယ် ။ ဒီလို ကြောက်မက်ဖွယ်ရာအဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရပေမဲ့လည်း 
သူမဟာ ဆပ်ကပ်အဖွဲ့ဆီပြန်သွားခဲ့ပြီး ပြပွဲတွေဆက်လက်ပြသခဲ့တာ ၁၉၅၅ ခုနှစ်ထိပါ ။ 
၁၉၅၅ ခုနှစ်မှာတော့ " မူဝါဒများဆိုင်ရာ ပြင်ဆင်ချက်ဥပဒေ " ထုတ်ပြန်ပြီး 
လူထူးလူဆန်းပြပွဲတွေကို တားမြစ်ပိတ်ပင်ခဲ့တဲ့အတွက် ဖရီဒါရဲ့ ပြပွဲပြသနေမှုတွေ 
အဆုံးသတ်ခဲ့ရပါတယ် ။ သူမမှာတောင့်တင်းတဲ့ ငွေကြေးပိုင်ဆိုင်မှုလည်းရှိခဲ့ပြီဖြစ်လို့ 
သူမအလုပ်များမှ အနားယူပြီးနောက်မှာ ကယ်လီဖိုးနီးယားမှာရှိတဲ့အိမ်ကို လှသထက်
ပိုလှအောင် သူမကိုယ်တိုင် ဆီဆေးတွေချယ်သ၇င်း အေးချမ်းစွာ အချိန်တွေ 
ကုန်ဆုံးခဲ့ပါတယ် ။ လူထုရဲ့မြင်ကွင်းကနေ ဆယ်စုနှစ်ချီပြီး ပျောက်ကွယ်နေခဲ့ပေမဲ့ 
သူမ လုံးဝအိမ်ထောင်မပြုခဲ့ပါ ။





          ၂၀၀၀ ပြည့်နှစ် ခရစ်စမတ်ပွဲတော်နေ့မှာတော့ ထူးခြားချက်ပေါင်းများစွာနဲ့ ရှင်သန်ခဲ့တဲ့ 
ဖရီဒါ ပွတ်ရှ်ကင့်ရဲ့ ဘ၀အဆုံးသတ်ခဲ့ရပါတယ် ။သူမဟာ အသက် ၇၇ နှစ်အရွယ်မှာ
 ဆီးအိမ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့တာဖြစ်တယ် ။သူမကွယ်လွန်တဲ့ သတင်းက သတင်းဌာနများရဲ့ ခေါင်းကြီးသတင်းတစ်ခုဖြစ်ခဲ့ပါတယ် ။သူမကွယ်လွန်သွားခဲ့သော်လည်း 
 "ခန္ဒာကိုယ် တစ်ဝက်သာရှိသော မိန်းကလေး" ဟာ လူအများရဲ့ စိတ်ဝိဥာဉ်ကို လွှမ်းမိုးနေဆဲပါ


0 ကွန်မန့်ရေးရန်:

Post a Comment