This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, October 29, 2012

အိဒ်ပွဲတော်အတွင်း နွားလည်လှီးရန် ကြိုးစားသူအား နွားသတ်၍သေဆုံး



ပါလစ္စတိုင်းနိုင်ငံ မြို့တော် ဂါဇာမြို့တွင်
အောက်တိုဘာ ၂၇ရက်နေ့(စနေနေ့)က
ကျရောက်သော အစ္စလာမ်ဘာသာတို့၏ အိဒ်ပွဲတော်အတွင်း နွားလည်လှီးရန်

ကြိုးစားသူ ပါလစ္စတိုင်းအမျိုးသား တစ်ဦးအား နွားသတ်၍ သေဆုံးသွားကြောင်း ယင်းအစိုးရမှ တရားဝင်
သတင်းထုတ်ပြန်သည်။

ကမ္ဘာတ၀ှမ်း၌ အစ္စလာမ်တို့၏ အိဒ်ပွဲတော် ၄ရက်အတွင်း နွားနှင့် ဆိတ်ကို သောကြာနေ့က စတင်လည်လှီးသတ်ဖြတ်မှု စ တင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဂါဇာမြို့အတွင်း တိရစ္ဆာန်များကို သတ်ဖြတ်ရန်ကြိုးစားသူ လူပေါင်း ၁၅၀ ဦးမှာလည်း ဆေးကုသရန် ဆေးရုံသို့ရော က်ရှိနေကြောင်း ဂါဇာမြို့ရှိ ကျန်းမာရေးဝန်ကြီး
ဌာနမှ Ashraf al-Kidra ကဆိုသည်။

ပါကစ္စတန်နိုင်ငံ ပါရှာဝါမြောက်ဘက်တွင် လည်းနွားလှီရန် ပြုလုပ်စဉ် နွားတစ်ကောင်
လွတ်မြောက်ပြီး ကလေးတဦးပါဝင် လူကြီး ၂ဦးဒဏ်ရာရခဲ့ပြီး အဆိုပါလွတ်မြောက်နွား
အား လူ ဒါစင်ခန့်ပြန်လည် ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့ရသည်ဟု ဆိုသည်။



ရွှေမြန်မာမီဒီယာဂရု

မူရင်းလင့် >>> http://ww2.cox.com/myconnection/arizona/today/news/world/article.cox?moduleType=apNews&articleId=DA25VVTO0

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်


ရခိုင်ပြည်နယ်မှာ တကျော့ပြန် ပြန်ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေ အတွင်း လူပေါင်း သောင်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အဲဒီလူတွေဟာ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကပြောပါတယ်။

မြန်မာ အစိုးရ ကတော့ အနည်းဆုံး လူ ပေါင်း ၂ သောင်းလောက်ဟာ သူတို့ရဲ့ အိုအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကြေညာထားပြီး၊ အဲဒီထဲက အများစုဟာ မွတ်စလင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ရဲ့ ကိန်းဂဏန်းတွေ အရ ကတော့ မြန်မာအစိုးရ ဖေါ်ပြချက်ရဲ့ ငါးဆလောက် ရှိနေပါတယ်။

ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ အရေ အတွက်ဟာ ပြီးခဲ့တဲ့ ဇွန်လက စလို့ ဖြစ်ပွား ခဲ့တဲ့ အဓိကရုဏ်းတွေ နောက်ပိုင်း အရေအတွက် အားလုံးကို ဖေါ်ပြထားတာ ဖြစ်ပါတယ်။

တခိျု့ သတင်းတွေ အရ လှေတွေနဲ့ ထွက်ပြေးကြသူ အများ အပြားဟာ ပင်လယ် ထဲမှာ သေဆုံး ကုန်ပြီး တခိျု့လည်း ပျောက်ဆုံး နေကြ တယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကုလသမဂ္ဂ ရဲ့ ကိန်းဂဏန်းတွေ အရ ကတော့ မြန်မာအစိုးရ ဖေါ်ပြချက်ရဲ့ ငါးဆလောက် ရှိနေ

ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား


ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက် မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့ ။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေ ပေါင်းစပ်ရှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီး အကောင်းတိုင်း ပြန်ယူတော့မယ်တဲ့ ။ 
ကျွန်တော်တို့ သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ ဒီလေယာဉ်တွေဟာ ဗြိတိသျှ သမိုင်းတင် မဟုတ်ပါဘူး ။ ကျွန်တော်တို့ နိုင်ငံသမိုင်းလည်းဖြစ်ပါတယ် ။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ ။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို တူးဖော်ခွင့် ပေးခဲ့မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ် ။ဟုတ်ပြီ ။ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင် ဘဲစားဘဲခြေ လေး ကစားကြည့်ရအောင် ။ ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား ငမောက်ကြီး ဘယ်ရောက်နေတုန်း ။
ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။
 ၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။ သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။ အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။ အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား ပြီးတော့
သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ ကြီးကို ရောပြန်ပေးနိုင်မလား ။
ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ် ။ ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ ဖြစ်နိုင်ပါတယ် ပြီးတော့ ဗြိတိသျှ ပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှူ အနုပညာပစ္စည်းတွေ ပြန်ပေးမလား ။ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား ။အခုဗြိတိသျှ ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ ။ကျွန်တော်တို့နိုင်ငံကနန်းစဉ်ကျောက်တွေနဲ့လုပ်ထားတာပါ ။တန်ဖိုးလား ။ဟုတ်ကဲ့ ဗြိတိသျှနဲ့ပြင်သစ်နှစ်နိုင်ငံကမြေတွေကို အကုန်ဝယ်လို့ရနိုင်ပါတဲ့ တန်ဖိုးတွေပါ ။ ဒါတွေပြန်ပေးမလား ။ စပစ်ဖိုင်းယားတွေဟာ ဗြိတိသျှရဲ့ အမျိုးသားရေးဂုဏ်တစ်ခုပါ ။တကယ်လေးစားဖွယ်ကောင်းပါတယ် ။ဒီတော့ကာ ဗြိတိသျှတွေဆီရောက်နေတဲ့ ကျွန်တော်တို့ နန်းစဉ်ပတ္တမြားတွေကရော တန်ဖိုးမဲ့ခဲ့ပြီလား ။ဓါးပြတိုက်ယူသွားတဲ့ ကျောက်တွေမို့ အောက်ဈေးနဲ့ပဲ ရနိုင်တာပေါ့လို့ ဖြေသိမ့်တော့မှာလား ။အဲဒီကျောက်တွေကရော ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်တစ်ခုမဟုတ်တော့ဘူးလား ။ကမ္ဘာ့ကျောက်မျက်ရတနာလောကမှာ ပတ္တမြားငမောက်ဆိုတာ ဒဏ္ဍာရီအဆန်ဆုံး နာမည်အကြီးဆုံးပါ ။ Burmese Royal Ruby လို့တသွယ် SuFaYarLatt's Ruby လို့တနည်း နဲ့ ခုချိန်ထိ နာမည်ကြီးဆဲပါ ။တသသပြောလို့မဆုံးတဲ့ ကမ္ဘာ့ကျောက်မျက်လောကရဲ့ စနိုးဝှိုက်ပုံပြင်တစ်ခုပါ ။ ကိုင်း ....အဲဒါနဲ့ တည့်-တည့် ပြန်ချိန်းလိုက်ရအောင်လား ။နိုင်ငံရေးစကားနဲ့ဆိုရရင် Win-Win အခြေအနေပါပဲဗျာ ။ 
 အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆ စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တယ် ။အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာအနှံပြန့်ကျဲနေပါတယ် ။ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်းတည်း အကောင်းပတိ ရှိနေပါတယ် ။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင် ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ ။ ဒါမှမဟုတ် ၁၀ စီးကို ပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအတိုင်းပြန်ဆင်ပြီး အပျော်တမ်းကလပ်ပုံစံ သို့မဟုတ် ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာသူတွေအတွက် မောင်းနှင်စီးနင်းနိုင်အောင် လုပ်ထားခဲ့မယ်ဆိုရင် ???? ။ 
သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။ ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကျွန်တော်တို့ဆီလာကြည့်လာလေ့လာရမှာပါ ။အဲဒီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့ မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေ ထိုင်ယူနေရုံပါပဲ ။ဘယ်လောက်ကြာအောင် ထိုင်ယူနေမှာလဲ ။ဒီလေယာဉ်တွေ မြန်မာနိုင်ငံမှာရှိနေသမျှ နဲ့ နောင် သားစဉ်မြေးဆက်အထိ နှစ်ထောင်ပေါင်းများစွာ နိုင်ငံခြားငွေ သဲ့ယူလို့ရမဲ့ အရာတွေပါ ။ 
သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ယဉ်ကျေးမှူအမွေအနှစ်တွေ ပြန်တောင်းတယ် ။ကဲ.ဒါ ရာဇဝတ်မှူလည်းမဟုတ်ဘူး ။ မလုပ်ရတဲ့ စည်းမျဉ်းလည်း မဟုတ်ဘူး ။သူတို့လူမျိုးဟာကျတော့ သိတတ်ပြီး ကျွန်တော်တို့ ဟာတွေကျတော့ ခပ်တည်တည်နဲ့ ပြတိုက်ထဲထည့်ပြီး သူတို့နိုင်ငံက လုပ်စားပြစား ဂုဏ်ယူနေတာတော့ မဟုတ်သေးဘူးခင်ဗျ ။
Credit to Nain koNain 
 Jenny Princess Yukiko Chu အင်တာနက်စာမျက်နှာသတင်းမှ

ထွက်ပြေးလာသူလူပေါင်း၂၀၀၀ကျော် မောင်တော မြောက်ပိုင်းတွင် နေရာချထားမည်



ယခု ရက်ပိုင်းအတွင်း ရခိုင်ပြည်
နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်း
ဖက်မှုကြောင့် ထွက်ပြေးလာသည့် ဘင်္ဂလီ
လူမျိုး ၂၀၀၀ ကျော်ကို မောင်တောမြို့

နယ် တောင်ပြို အနီးတွင် နေရာချထားရန် အာဏာပိုင်
များမှ စီစဉ်နေသည်။
သူတို့အား နေရာချထားမည့်နေရာမှာ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို
အနီး လိပ်ရ ဆိုသည့်နေရာတွင် ဖြစ် ကြောင်း မောင်းတောမြို့မှ မြို့မိ မြို့ဘ
တဦးကပြောသည်။

“ဒီနေ့ မနက်က သူတို့ကို လက်ခံ မခံဆိုတဲ့ကိစ္စကို အာဏာပိုင်တွေ မြို့
မိမြို့ဘတွေနဲ့ ဆရာတော် ကေတုကျောင်းမှာ ဆွေးနွေးကြတယ်။
ဘယ်သူမှလက်ခံဖို့ သဘောမတူဘူး။ ကွပ်ကဲရေးမှူးကလည်း
လက်ခံဖို့ဆန္ဒမရှိဘူး။

နောက်ပိုင်းမှာ ဖြေရှင်းဖို့ကောင်းသွားအောင် ပြည်နယ်ဝန်ကြီးချုပ်ကလည်း လက်ခံဖို့တိုက်တွန်းတဲ့အတွက် လက်ခံဖို့ဖြစ်သွားတယ်” ဟု ဆွေးနွေးပွဲ
တက်ရောက်ခဲ့သည့် အဆို ပါ မြို့မိမြို့ဘက ပြောသည်။

လက်ခံရန်သဘောတူရခြင်းမှာ လူ့အခွင့်အရေးနှင့်  နိုင်ငံတကာမှလည်း အမြင်ရှင်းရန်
ဆိုသည့် အချက်များလည်းပါဝင်ကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

ဆွေးနွေးပွဲသို့ နစက ကွပ်ကဲရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ စစ်တပ်မှ
တပ်ရင်းမှူးအဆင့် ရှိသူ တစ်ဦးနှင့် မြို့မိမြို့ဘ ၇ ဦးတက်ရောက်ခဲ့ကြောင်း
သိရသည်။

ယခု ရောက်ရှိလာသည့် သူများမှာ ကျောက်ဖြူဘက်မှ စက်လှေများနှင့်ထွက်ပြေးလာ
သူများဖြစ်ပြီး ယမန်နေ့က သူတို့ကို ကျောက်ပန်းတူတွင် နေရာချထားရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် လိပ်ရတွင် နေရာချထားရန် ပြောင်းလဲ
စီစဉ်ခြင်းဖြစ်သည်။

လိပ်ရတွင် ရောက်ရှိနေသည့် လူအရေအတွက် စုစုပေါင်း ၂၀၀၀ ကျော်ခန့် ရှိပြီး
သူတို့ကို ရေကြောင်းမှ တဆင့် စက်လှေများနှင့် ပြောင်းရွှေ့ပေးခဲ့ပြီး တချို့ကို ကားများနှင့်ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။

By နိရဉ္စရာ သတင်းဌာန

သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းကို ၂၀၁၄ ခုနှစ်မှစ၍ လုံးဝ ရပ်ဆိုင်းမည်၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ငါးပုံ တစ်ပုံသာကျန်


28mt
ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ရန် အေရှားဝေါလ်ဆိပ်ကမ်းသို့ သယ်ဆောင်လာသည့် သစ်လုံးတင်ယာဉ်များကို တွေ့ရစဉ်

မြန်မာနိုင်ငံအနေဖြင့် သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းအား ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ လုံးဝ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ် လုပ်ငန်း၏ စီမံချက်များအရ သိရှိ ရသည်။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် စီမံချက်များ ရေးဆွဲထားရာတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ သစ်အလုံးပြည်ပတင်ပို့ခြင်းအား ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွားမည်ဖြစ်ပြီး သစ်အခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့သွားရန် ရှိသည်ဟု သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံမှ နှစ်စဉ် ကျွန်းနှင့် သစ်မာထုတ်ယူမှုကိုလည်း လျှော့ချသွားရန် စီစဉ်ထားပြီး ကျွန်းအား ၁၅ ရာခိုင်နှုန်း သစ်မာအား ၂၀ ရာခိုင်နှုန်း လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ပဲခူးရိုးမဒေသ၌ သစ်ထုတ်လုပ်ခြင်းအား အမြန်ဆုံးလျှော့ချ ထုတ်လုပ်ရန်အတွက် ဦးစားပေး သတ်မှတ်ထားကြောင်းနှင့်  ပဲခူးရိုးမတွင် ကျွန်းကို ၇၅ ရာခိုင်နှုန်းနှင့် သစ်မာကို ၂၂ ရာခိုင်နှုန်း အချိုးကျ လျှော့ထုတ်သွားရန်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ သစ်အလုံးလိုက် ပြည်ပတင်ပို့မှုရပ်ဆိုင်း (Log Export Ban) ခြင်းကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်သည်နှင့် မြန်မာ့သစ်လုပ်ငန်း၏ လက်ရှိကျင့်သုံးနေသည့် ရောင်းဝယ်ရေးစနစ်၊ ဖြန့်ဖြူးမှုစနစ်၊ အရောင်းဈေးနှုန်း၊ ငွေကြေး စီမံခန့်ခွဲမှုနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေခံယူနစ်များ အားလုံးကို ပြုပြင်ပြောင်းလဲမည် ဖြစ်ကြောင်းလည်း သိရသည်။
Log Export Ban သစ်အလုံးလိုက် ပြည်ပတင်ပို့ခြင်း ရပ်ဆိုင်းပြီး ကျွန်းနှင့် သစ်မာ လျှော့ချထုတ်မည့် အစီအစဉ်ကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ရာရောက်ကြောင်း ဖော်ပြထားသည်။
သို့သော် မှောင်ခိုထုတ်ယူကာ တရားမ၀င်နယ်စပ်များမှတစ်ဆင့် တင်ပို့နေမှုများကို တိကျစွာတားဆီးနိုင်ပါမှ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်မည်ဟုလည်း သစ်အချောထည် လုပ်ငန်းရှင်အချို့က သုံးသပ်သည်။
မြန်မာနိုင်ငံ၏ သဘာဝသစ်တောကြီးများ ဖုံးလွှမ်းမှုဧရိယာမှာ ယခုအခါတွင် နိုင်ငံ့ဧရိယာအကျယ် အ၀န်း၏ ငါးပုံ ပုံလျှင် တစ်ပုံဝန်းကျင်သာ ကျန်ရှိတော့ကြောင်း ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးသိန်းလွင်က ပြောကြားခဲ့ပြီးဖြစ်သည်။
၎င်းက သြဂုတ်လ ၁၇ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ သဘာဝသစ်တောကြီးများ ဖုံးလွှမ်းမှုမှာ ကုန်းဘောင်ခေတ်က နိုင်ငံ့အကျယ်အ၀န်း၏ ၇၀ရာခိုင်နှုန်း ရှိသော်လည်း ၁၉၆၂ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်း ကျန်ရှိကြောင်း၊ ၂၀၀၅ ခုနှစ် ၅၁ ရာခိုင်နှုန်း ကျန်ရှိပြီး ၂၀၀၈ ခုနှစ်တွင်မူ ၂၄ ရာခိုင်နှုံန်းသာ ကျန်ရှိတော့သည်ဟု စာရင်းအတိအကျဖြင့် ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ကျွန်း ၃၇၁၀၀၀ တန်နှင့် သစ်မာ ၁၇၈၉၄၀၀ တန် ထုတ်ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ တန်ချိန်ကို အခြေခံထားပြီး နှစ်အလိုက် လျော့ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
28mt3
28mt2

by-news-eleven