This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, January 6, 2013

ဆက်သွယ်ရေးအခက်အခဲဖြစ်နေပါကြောင်း

ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာတွင် (G S M ) နှင့် (C D M A)
ဖုန်းလိုင်းများဆက်သွယ်ရာတွင် အခက်အခဲများစွာ ရှိနေပါသည်။ ဖုန်းလိုင်းမရသဖြင့် အမှု့ထမ်း       အရာထမ်း ဆရာ ဆရာမများ ဒေသတွင်း ပြည်သူများ ဝယ်ယူပြီးသားဖြစ်သော ထိုဖုန်းများကို
မည်သို့လုပ်ရမည် မသိဖြစ်နေပါတယ်။ ဝယ်ယူစဉ်က အားလုံးအစဉ်ပြေပါမယ် လိုင်းလည်းရမယ်
ပြောရတာလည်း လိုင်းကောင်းပါတယ်လို့ ပြောပြီးတော့ အခုလက်ထဲသို့ ဖုန်းရောက်လာစဉ်မှာ အခက်အခဲများစွာနဲ့တွေ့နေပါတယ်။ သိတဲ့သူတွေနဲ့ နားလည်းတဲ့သူတွေက ဆက်သွယ်ရေးတိုင်များ
လာရောက်မဆိုက်သေးလို့ပြောနေပါတယ်။ ထိုကြောင့် တိုင်အမြန်ဆိုက်ထူပေးပါရန်နှင့် အမှု့ထမ်း       အရာထမ်း ဆရာ ဆရာမများ ဒေသတွင်းရှိ ပြည်သူများ အခက်အခဲများကို အမြန်းဆုံး ဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြပေးပါသည်။
(မှတ်ချက်) ဆိုဒ်တာဝန်ရှိသူများဒီပို့စ်လေးအားစီစစ်ပြီးချပေးပါကြပါရန်
ဒေသခံပြည်သူများရဲ့ အခက်အခဲများကို ကူညီပေးပါကြပါရန်
လေးစာသောအားဖြင့်…..
(ရိုးရိုးလေး)

ကိုမြအေး ခေါင်းဆောင် သော ၈၈ ကျောင်းသားများ KIA ဌာနချုပ်လိုင်ဇာကို ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေKIA အပေါ် အစိုးရစစ်ဆင်မှု ရုတ်တရက် ရပ်တန့်သွား

KIA အပေါ် အစိုးရစစ်ဆင်မှု ရုတ်တရက် ရပ်တန့်သွား
Saturday, 05 January 2013

အစိုးရတပ်ဖွဲ့များသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)ဌ
ာနချုပ်ဖြစ်သော
လိုင်ဇာကို ပြင်းထန်စွာ စစ်ဆင်နေရာမှ ယနေ့မနက်ပိုင်းမှ ညနေအထိ ရုတ်တရက် ရပ်ဆိုင်းလိုက်သည်ဟု လဂျားယန်စစ်မျက်နှာရှိ ABSDF
ကျောင်းသားခေါင်း ဆောင်တဦးက ဆိုပါသည်။

“ ဘာကြောင့်လဲတော့ မသိဘူး၊ ဒီနေ့မနက်ကနေ ညနေအထိ မြေပြင်
တပ်ရော၊ လက်နက်ကြီးရော၊ လေတပ်ပါ ရုတ်တရက် ရပ်တန့်လိုက်တယ်။ တကယ်တော့ သူတို့တက်မလာရင် ကျနော်တို့က လိုက်တိုက်မှာ မဟုတ်ဘူး။ အခုသူတို့နားတော့ ကျနော်တို့လည်း နားတာပေါ့” ဟု ဆိုပါသည်။

တိုက်ပွဲများသည် ဇန်န၀ါရီလ (၃) ရက် မနက်တွင် နမ်ဆမ်ယန်ရှိ KIA တပ်စခန်းသို့ ခလရ (၂၉၈)၊ ခမရ (၃၈၄)၊ (၃၈၅)၊ (၃၈၆)၊ (၃၉၀) တပ်ဖွဲ့များ
ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ နေ့လည် ၁၂ နာရီခွဲအချိန်တွင်
လေကြောင်းမှ လာရောက်ပစ်ကူပေး ခဲ့ပြီး တိုက်ပွဲပေါင်း(၈) ကြိမ်
ဖြစ်ပွားခဲ့ပါသည်။

အလားတူ ဇန်န၀ါရီလ (၃) ရက်တွင် မြန်မာ့လေတပ်မှ G-4 Super Galeb တိုက်လေယာဉ် (၂) စီးသည် နေ့လည် (၁၂) နာရီခွဲ တွင်လဂျားယန်
အထက် တောင်ကုန်းရှိ KIA တပ်စခန်းကို ဒုံးကျည်များအပါဝင် ဗုံးကျဲခဲ့ပါသည်။ ထို့အပြင် ၁၂ နာရီ ၄၅ မိ နစ်အချိန်တွင်လည်း နမ်ဆမ်ယန်ရှိ KIA တပ်ဖွဲ့ကို လေယာဉ် (၂) စီးဖြင့် ပစ်ခတ်ခဲ့သည်။

ကချင်ပြည်နယ်အရှေ့ပိုင်း ပန်ဝါဒေသ နယ်ခြားမှတ်တိုင် (၆) ရှိ KIA တပ်စခန်းသို့ တိုက်လေယာဉ် (၂) စီး ဖြင့်ဗုံးကျဲသလို ဒုံး ကျည်ဖြင့်လည်း ပစ်ခတ်ခဲ့ပြီး ခလရ (၁၀)၊ (၇၇)၊ (၁၃)၊ (၇၄) တပ်ဖွဲ့များက ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့ပါသည်။

ဤကဲ့သို့ အစိုးရ စစ်ဆင်ရေး ပြင်းထန်နေရာမှ ရပ်တန့်သွားခြင်း ဖြစ်ပါသည်။ ဤရပ်တန့်မှုသည် ကိုမြအေး ခေါင်းဆောင် သော ၈၈ ကျောင်းသားများ KIA ဌာနချုပ်လိုင်ဇာကို ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေပါသည်။ အလားတူ အစိုးရလက် နက်ကြီးများ တရုပ်ပြည်သို့ ကျရောက်ခဲ့သဖြင့် တရုပ်အစိုးရမှ ကန့်ကွက်ထားချိန်နှင့်လည်း တိုက်ဆိုင်ပါသည်။

ကချင်ကိုထိုးစစ်ရပ်တန့်၇န် သွေးစည်းညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ကြေညာချက်ထုတ်ပြီး ပြင်းထန်စွာ ကန့်ကွက်ထားသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်

ထို့အပြင် အမေရိကန်အပါဝင် UN ကလည်း စိုးရိမ်ကြောင်း ပြောကြားထား
သည်လည်း ရှိပြီး KNU အဖွဲ့ မှ သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံ၌ KIA စစ်ဆင်နေမှုကို ရပ်တန့်ပေးရန် တောင်းဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေ
သည်ဟု အကဲခတ်များက ဆို ပါသည်။

ဤအချိန်၌ နိုင်ငံတော်လုံခြုံရေး ပြည်တောင်စုဝန်ကြီး ဦးဆောင်မင်းသည်၊ “ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါမှာ ဥပဒေ ဘောင်အတွင်းမှာရှိတဲ့ ကိစ္စတွေ
အားလုံး ကျနော်အနေနဲ့ လိုက်လျောပေးနိုင်တယ်။ KIA နဲ့လည်း ဆွေးနွေးဖို့ အဆင်သင့် ရှိနေတယ်" စသဖြင့် ပြည်တွင်းမီဒီယာ၌ ထုတ်ပြောနေချိန်နှင့် တိုက်ဆိုင်နေပါသည်။

တိုက်ပွဲများသည် အစိုးရဖက်မှ အကျအဆုံးများလှပြီး စစ်ကူထပ်မံ လိုအပ်နေ
ပါသည်။ အစိုးရစစ်ကူများသည် ထပ်မံပေး ပို့နိုင်ခြင်း မရှိတော့ဟု အကဲခတ်
များက ဆိုပါသည်။ တိုက်ပွဲအနိုင်အရှုံးကို တွက်ချက်မည်ဆိုပါကအစိုးရသည်
အကျအဆုံးများလှပြီး၊ ပစ်အားများသလောက် အမှတ်(၇၇၁)လဂျားယန်ကုန်း
တခုသာ သိမ်းပိုက် ရရှိခဲ့သည့် အခြေအနေတွင်ရှိနေပါသည်။

ဤသို့ကြောင့် မည်သည့်အခြေအနေကြောင့် ပစ်ခတ်မှု ရပ်တန့်သွားသည်ကို မသိရသေးသော်လည်း နှစ်ဖက်အောက် ခြေတပ်များမှာမူဝမ်းသာနေလိမ့်မည်ဟု ABSDF တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်တဦးက ဆိုပါသည်။

ရွှေဟင်္သာသတင်းဌာန

အိန္ဒိယနိုင်ငံ ဘတ်ကားပေါ်တွင် အဓမ္မကျင့်ခံရပြီး ဆေးရုံတွင် သေဆုံးခဲ့ သည့် ဆေးကျောင်းသူဖြစ်စဉ်အား ကျန်ရစ်သူများမှ ပြန်လည်ပြောပြ

Kotoke Gyi shared Zaw Win's photo.
အိန္ဒိယနိုင်ငံ ဘတ်ကားပေါ်တွင် အဓမ္မကျင့်ခံရပြီး ဆေးရုံတွင် သေဆုံးခဲ့ သည့် ဆေးကျောင်းသူဖြစ်စဉ်အား ကျန်ရစ်သူများမှ ပြန်လည်ပြောပြ

အိန္ဒိယနိုင်ငံ ဒေလီမြို့က ဘတ်စကားတစီး ပေါ်မှာ ပြီးခဲ့တဲ့ လက အုပ်စုနဲ့ အဓမ္မမုဒိမ်း ပြုကျင့် ခံခဲ့ရပြီး ရိုက်နှက် ခံရလို့ သေဆုံးခဲ့ရ တဲ့ ဆေးကျောင်းသူလေးနဲ့ အတူပါလာတဲ့ အမျိုးသားမိတ်ဆွေက သူတို့ရဲ့ ထိတ်လန့် တုန်လှုပ်စရာ အတွေ့အကြုံကို ပထမဆုံး အကြိမ် ပြန်ပြောပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရုပ်မြင်သံကြား လိုင်းက မေးမြန်းခန်းမှာ အဲဒီအမျိုးသားက သူတို့ကို ဘယ်လို တိုက်ခိုက်ခဲ့တယ်ဆိုတာကို ပြောခဲ့တာဖြစ်ပြီး သူ့ရဲ့ နာမည်ကိုတော့ ဖေါ်ပြခဲ့ခြင်း မရှိပါဘူး။

ပထမဆုံး သူနဲ့ သူရဲ့ ဆေးကျောင်းသူ မိတ်ဆွေကို ဘတ်စကားပေါ် ညာပြီး ခေါ်တင်ခဲ့တယ်လို့ ပြောပြပါတယ်။ တကယ့် ခရီးသည်တင် ကား ထင်ပြီး ဘတ်စကားခ တောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကားတံခါးတွေ သော့ချလိုက်ပြီး သူ့မိတ်ဆွေ အမျိုးသမီးကို ကားပေါ်ပါတဲ့ အမျိုးသားတွေက စကြနောက်ကြ တာကြောင့် သူနဲ့ ရန်ဖြစ်ကြ တယ်လို့ ပြောပါတယ်။

ဒီနောက် တယောက်က သံဒုတ်နဲ့ သူ့ကိုရိုက်လိုက်ပါတယ်။ သူသတိမလစ်ခင် သူ့မိတ်ဆွေ အမျိုးသမီးကို အဲဒီလူတွေက ဆွဲခေါ်သွားတယ်လို့ ပြောပါတယ်။

ဒေလီမြို့ကို တနာရီလောက် ကားပတ်မောင်းနေချိန်မှာ ကားပေါ်ပါ အမျိုးသားတွေက အမျိုးသမီးလေးကို ရက်ရက်စက်စက် ရိုက်နှက် အဓမ္မမုဒိမ်းပြုကျင့်ကြပြီး သူတို့ နှစ်ယောက်စလုံးကို အဝတ်ဗလာနဲ့ ကားပေါ်က ပစ်ချခဲ့ပါတယ်။

ဒီလိုပစ်ချပြီး ကားဒရိုင်ဘာက ကားနဲ့ ကြိတ်သတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ သူ့မိတ်ဆွေ အမျိုးသမီးကို ကားမကြိတ်မိခင် လက်မတင်လေး သူဆွဲပြီး ရှောင်လိုက်နိုင် တယ်လို့ ပြောပါတယ်။

အမျိုးသမီးလေး သွေးထွက်လွန်နေလို့ လမ်းသွားလမ်းလာတွေကို အကူအညီ တောင်းပေမယ့် နာရီဝက်လောက် ကယ်သူမရှိ ဖြစ်နေခဲ့ပြီးမှ ရဲကား ၃ စီး ရောက်လာခဲ့တယ်။

ဒါပေမယ့် ရဲတွေ ရောက်လာလာချင်း အဝတ်အစားတွေ ဘာတွေ မပေး၊ ဘာမှ မလုပ်ဘဲ ဘယ်ရဲဌာနအပိုင် ဖြစ်တယ်ဆိုတာ အချင်းချင်း စကားများ ငြင်းခုံနေ ကြသေးတယ်လို့ ပြောပါတယ်။

နောက်ပြီး နီးနီးနားနားမှာရှိတဲ့ ဆေးရုံကို ခေါ်သွားမယ့်အစား အဝေးကြီးက ဆေးရုံကို ခေါ်သွားတယ်။ ဆေးရုံရောက်ပြန်တော့လည်း အကြာကြီး စောင့်နေရတယ်၊ သူတို့အတွက် အဝတ်အစားကိုတောင် မနည်းတောင်းပန် ယူရတယ်လို့ ဆိုပါတယ်။

သူတို့ကို တိုက်ခိုက်ခဲ့သူတွေကို တိရိစ္ဆာန်တွလို့ သူက ခေါ်ဝေါ်ခဲ့ပြီး သူ့မိတ်ဆွေ အမျိုးသမီး သေမယ်လို့ သူလုံးဝ မျှော်လင့် မထားခဲ့ဘူးလို့ ပြောပါတယ်။

အမျိုးသား ၅ ဦးကို မုဒိမ်းမှု၊ လူသတ်မှုတွေနဲ့ စွဲဆို ထားလိုက်ပြီ ဖြစ်ပါတယ်။

သူက လူတွေရဲ့ ကူညီလိုတဲ့ လူမှုရေး စိတ်ဓာတ်နည်းပါးမှု ၊ ရဲ နဲ့ အစိုးရ အာဏာပိုင်တွေကို ဝေဖန်ခဲ့ပါတယ်။ ဖယောင်းတိုင်မီး ထွန်းညှိ ဆုတောင်းရုံနဲ့ လူတွေရဲ့ စိတ်ဓာတ် မပြောင်းလဲနိုင်ဘူး။ သူတို့ရဲ့ အတွေ့အကြုံကို လူတွေ သင်ခန်းစာယူဖို့ လိုတယ် ။ ဒါမှ နောင်မှာ အသက်တွေကို ကယ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လောလောဆယ် လမ်းမတွေမှာ ကန့်ကွက် ဆန္ဒပြနေသူတွေကတော့ ယဉ်ကျေးမှုအခြေခံနဲ့ အမျိုးသမီးတွေ အပေါ်မှာ ထားတဲ့ သဘောထားတွေကို အောက်ခြေက စပြီးပြောင်းလဲဖို့ လိုတယ်လို့ ပြောနေကြ ပါတယ်။

BBC News Via Credit: Thit Htoo Lwin blog

အတူယှဉ်တွဲမနေထိုင်လိုသည့် ရခိုင်လူမျိုးတို့၏ တောင်းဆိုချက်များအား အုပ်ချုပ်ရေးအာဏာပိုင်များမှ အလေးထားသင့်ဟု ဒေါက်တာအေးမောင်ဆို

Sa Maung shared Zaw Mintun Zawmintun's photo.
အတူယှဉ်တွဲမနေထိုင်လိုသည့် ရခိုင်လူမျိုးတို့၏ တောင်းဆိုချက်များအား အုပ်ချုပ်ရေးအာဏာပိုင်များမှ အလေးထားသင့်ဟု ဒေါက်တာအေးမောင်ဆို

ရန်ကုန်၊ ဇန်န၀ါရီ ၅။

ရခိုင်ပြည်နယ်အတွင်း ဒုတိယအကြိမ် လူမျိုးစု ပဋိပက္ခများ ဖြစ်ပွား ခဲ့ပြီးနောက် ရခိုင်လူမျိုးများအနေဖြင့် အတူယှဉ်တွဲ မနေထိုင်လိုသည့်
တောင်းဆိုချက်များအား အုပ်ချုပ်ရေးအာဏာပိုင်များမှ အလေးထား
ဆောင်ရွက်သင့်ကြောင်း ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ
ဒေါက်တာ အေးမောင်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂၊ ဇွန်လတွင် ပထမအကြိမ် လူမျိုးစု ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလအတွင်းတွင်လည်း ဒေသမငြိမ်သက်မှု
ကြောင့် ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ယနေ့လက်ရှိ အခြေအနေသည် လူတစ်ဦးတစ်ယောက်နှင့် သက်ဆိုင်ခြင်းမရှိတော့ဘဲ လူမျိုးစုများ
ထိရိုက် ခတ်သွားခဲ့ကြောင်းနှင့် လူမျိုးရေး၊ဘာသာရေး အသွင်သဏ္ဍန်ထိ ကူးပြောင်းခဲ့ကြောင်း ဆက်လက် ပြောကြားသည်။

“နောင်တစ်ချိန် ထပ်မဖြစ်စေဖို့က အတူယှဉ်တွဲနေထိုင်လို့ ဘယ်လိုမှ မရတော့ဘူးလို့ တောင်းဆိုနေတဲ့ ရခိုင်လူမျိုးတွေရဲ့ ဆန္ဒကို အလေး ထားသင့်တယ်။ ကြောက်စရာ ကောင်းတဲ့ အယူဝါဒရှိတဲ့ လူမျိုးတွေက အရမ်းအန္တရယ်ရှိတယ်။ ရခိုင်လူမျိုးတွေအနေနဲ့လည်း ယနေ့လက်ရှိ ကျင့်သုံးမယ်ဆိုတဲ့ နိုင်ငံသားဥပဒေအတိုင်း ကျင့်သုံးဖို့၊ ဥပဒေကို အလေးထားဖို့ တောင်းဆိုနေကြတယ်။ အရင်ကလို နိုင်ငံတစ်ခု လုံးရဲ့ ရေရှည် အနာဂတ်ကို မျက်ကွယ်ပြုပြီး ကိုယ့်အတွက်ပဲ ကြည့်
ခဲ့တဲ့ လူတွေ ထပ်ပေါ်လာရင် ဒီကိစ္စတွေက ပြီးသွားမှာ မဟုတ်ဘူး။
နောက်ပြီး အတူယှဉ်တွဲမနေနိုင်ဘူးလို့ ပြောတဲ့သူက လူ့အခွင့်အရေး
ပေတံနဲ့ အပုတ်ခံရတယ်ဗျ” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

ဆက်လက်ပြီး “ဘင်္ဂါလီတွေ ဒေသခံတွေကို စော်ကားခဲ့တာတွေ၊ စီးပွား
ရေးတောင့်တင်း နေတာတွေဟာ အစိုးရအဆက်ဆက်က မြောက့်ပင့်ခဲ့
တာကြောင့် လို့ယူဆတယ်။ ခေတ်အဆက်ဆက် လက်ပေးလာက်ယူ နည်းတွေ မျိုးစုံနဲ့ နိုင်ငံတွင်းက ပင်လယ်ကမ်းစပ်မြို့တွေ၊ မြဝတီလို
နယ် စပ်မြို့တွေမှာလုပ်ငန်းရှင်ကြီးတွေအဖြစ် အကုန်ရောက်နေတယ်။ နယ်စပ်ကို ဘယ်လောက် ပိတ်ပိတ် ဝင်နေဦးမှာဘဲ။ကျွန်တော်တို့ဆီမှာ
ပင်လယ် လမ်းကြောင်း၊ ကုန်းတွင်းလမ်းကြောင်းကလည်း လုံခြုံမှု မရှိဘူး။ လူတွေကလည်း ကြောက်လန့်နေရတယ်။ဒေသတွင်းမှာ ရှိတဲ့ စစ်တပ်က လည်း ချွတ်ချုံကြနေတယ်။ ဒီတော့ နောက်ကျောကို လုံအောင် ကာရမယ်။ ပြီးမှ ဒီမှာရှိတဲ့ လူတွေကို ဥပဒေအရ ခွဲခြားပေးပြီး ရှိတဲ့ပြည် နယ်နဲ့ တိုင်း
တွေမှာ ဘယ်လို ခွဲထားရမလဲဆိုတာကို အစိုးရက စဉ်းစားသင့်နေပြီ” ဟု
ပြောကြားသည်။

လူမျိုးစု ပဋိပက္ခသို့ အသွင်ဆောင်နေခြင်းကြောင့် “အစ္စရေးနဲ့ ဂါဇာလို ကျွန်တော်တို့ဆီမှာလည်း အုတ်တံတိုင်းကာမှ ဖြစ်တော့မယ်” ဟု
ဒေါက်တာ အေးမောင်က ဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင်း ပဋိပက္ခနှင့် ပက်သက်၍ ညွှန်းဆို သွားခဲ့သည်။

“ဒီမှာကတော့ အတူယှဉ်တွဲ နေထိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒီနေ့ထိ ကျွန်တော်တို့ဆီက လယ်တွေ၊ သခွါးခင်းတွေကို မကြာခဏ လာ ဖျတ်ဆီး တယ်။ အခုဆို အလုပ်မယ့်သူတွေတောင် မရှိတော့ဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက သူတို့ဘာသာ လုပ်နေတယ် ဆိုပေမယ့် ထောင့်စေ့
အောင် လုပ်လား၊မလုပ်လား ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူးလေ” ဟု
မြောက်ဦးမြို့တွင် နေထိုင်သော ဒေသခံ ကိုအောင်စိုးမြင့်က ၎င်းတို့၏ အခြေအနေအား ပြောကြားသည်။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် သမ္မတထံသို့ တင်ပြ ခဲ့ပြီးနောက် “ကော်မရှင်ဆိုတာက စုံစမ်းတာပဲရှိမယ်။ သွားကြည့် ကြတယ်။
မေးသင့်တာမေးတယ်။ အစီအရင်ခံစာလည်း တင်ပြီးပြီ။ အစီရင်ခံစာကို အကောင်အထည်ဖော်ရမှာက အုပ်ချုပ်ရေးအာဏာပိုင်ဗျ။ အဲဒီနေရာမှာ လည်း အုပ်ချုပ်ရေးက နှစ်မျိုးရှိတယ်။ ဒေသနဲ့ ဗဟိုပေါ့ဗျာ။ ဒေသအုပ်ချုပ်ရေး
အာဏာပိုင်ရဲ့ ပြုမှုဆောင်ရွက်ပုံဟာ အရမ်းကို အရေးကြီးတယ်။ ကျွန်တော် ကတော့ သိပ်အားမရဘူး။ ဒေသအာဏာပိုင်တွေရဲ့ ဖွဲ့စည်းပုံကလည်း မခိုင်မခန့် ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ ဒုတိယအကြိမ်
ဖြစ်ပြီးတော့ ပဋိပက္ခအလွန် ချဉ်းကပ်ပုံက ပဋိပက္ခအသွင်ဆောင်တဲ့ ပုံစံမျိုး
တွေ ဖြစ်လာရင် အရမ်း အန္တရယ် ရှိတယ်” ဟု ဒေါက်တာ အေးမောင်က
ပြောကြားသည်။

စူးရှ The Myanma Age

နယ် စပ်မြို့တွေမှာလုပ်ငန်းရှင်ကြီးတွေအဖြစ် အကုန်ရောက်နေတယ်။ နယ်စပ်ကို ဘယ်လောက် ပိတ်ပိတ် ဝင်နေဦးမှာဘဲ။ကျွန်တော်တို့ဆီမှ

ဇာတ်တော်လာ ကြောက်စရာကောင်းသော ယောက်ျားမာယာများ

Kotoke Gyi shared အရှင်ကောမလ ဆန်နီနေမင်း's photo.
ဇာတ်တော်လာ ကြောက်စရာကောင်းသော ယောက်ျားမာယာများ

ဘာဖြစ်လို့ ကြောက်စရာကောင်းတဲ့ ယောက်ျားမာယာလို့ အမည်ပေးရသလဲဆိုတော့ မွေးကင်းစကလေးငယ်ကနေ ဘုံ(၇)ဆင့်၊ တိုက်အပေါ်ဆုံးထပ်မှာ ဘယ်ယောက်ျားလေးမှ မတွေ့မမြင်ဖူးအောင် ထိန်းသိမ်းထားတဲ့ မိန်းကလေးကို ဖျက်ဆီးဖို့ရန် ကြံစည်နိုင်တဲ့ ယောက်ျားတို့ရဲ့ မာယာဟာ ပေါ့သေးသေးမဟုတ်တာကြောင့် ကြောက်စရာကောင်းတဲ့ ယောက်ျားမာယာလို့ အမည်ပေးလိုက်တာပါ။ ဒီလို မာယာရှိတဲ့ ယောက်ျားများ ကမ္ဘာပေါ်တွင် ရှိနေတယ်ဆိုတာကို မိန်းကလေးများသိရှိပြီး သတိထားရှောင်ကြဉ်နိုင်စေရန် ရေးသားတင်ပြပေးလိုက်တာပါ။

ယောက်ျားလေးတွေအကြောင်း မရေးလို့လည်း မဖြစ်ပြန်ပြန်ဘူးလေ။ မနေ့က မိန်းမပျက်အင်္ဂါ(၂၅)ချက်ကို ဇာတ်တော်ထဲမှ ကောက်နှုတ်တင်ပြပေးခဲ့ရာ ယောက်ျားသားများမှ မိန်းမသားများအတွက် ရှောင်ကြဉ်စရာရေးပြီးရင် မိန်းမသားများအနေနဲ့လည်း ဘယ်လိုယောက်ျားသားများကို ရှောင်ကြဉ်ရမလဲဆိုတဲ့ အချက်အလက်တွေ ရှာဖွေရေးသားတင်ပြပေးပါဦးဆိုလို့ ခုလို ရေးသားတင်ပြပေးလိုက်တာပါ။

ဘယ်လိုကြောက်စရာကောင်းတဲ့ မာယာတွေလဲဆိုတာသိရအောင် ဇာတ်တော်ကို အကျဉ်းချုပ်ရေးသားပေးပါမယ်။ ဒီဇာတ်လမ်းလေးကို ပြီးဆုံးအောင်ဖတ်ကြည့်ရင် သိရပါလိမ့်မယ်။

တစ်ခါက ရှင်ဘုရင်နဲ့ပုဏ္ဏားကြီးတို့ဟာ မိတ်ဆွေတွေမို့ နှစ်ဦးဆုံတဲ့အခါ ကြွေအန်ကစားလေ့ ရှိကြပါတယ်။ အဲဒီလို ကစားတဲ့အခါ ပုဏ္ဏားကြီးက သူ့အိမ်မှာ မွေးစားထားတဲ့မိန်းကလေးဟာ ဘယ်သူနဲ့မှ မတွေ့မထိဖူး။ ဖောက်ပြန်ခြင်းမရှိဘူးဆိုပြီး ရွတ်ဆိုကာ အန်စာတုံးပစ်ကစားတယ်။ အဲဒီစကားဟာ မှန်ကန်နေတာမို့ ပုဏ္ဏားကြီးက အမြဲနိုင်ပြီး မင်းကြီး အမြဲရှုံးလေတယ်။

ဒါနဲ့ မင်းကြီးက ပုဏ္ဏားအိမ်မှာ ဘယ်ယောက်ျားလေးမှ မတွေ့မမြင်ဖူး၊ မတွေ့ထိဖူးတဲ့မိန်းကလေး ရှိမရှိကို စုံးစမ်းခိုင်းရာ ကလေးငယ်ဘ၀တည်းက ဘုံ(၇)ဆင့်တိုက်ပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မိန်းကလေးတစ်ယောက် ပုဏ္ဏားကြီးမှာရှိတယ်လို့ သိရတာနဲ့ မင်းကြီးက အရက်သေစာသောက်စားတဲ့ လူတစ်ယောက်ကိုခေါ်ပြီး သင်ဟာ ပုဏ္ဏားကြီးအိမ်က အမျိုးသမီးကို ဖျက်ဆီးပေးနိုင်မလား။ ပေးနိုင်ရင် ငွေပေးမယ်ပြောတော့ အရက်သမားက ရတယ်၊ မပူနဲ့၊ သူမာယာသုံးပြီး ဖျက်ဆီးနိုင်အောင် ကြိုးစားမယ်လို့ပြောပြီး မင်းကြီးဆီက ငွေယူခဲ့လေတယ်။

အရက်သမားဟာ ပုဏ္ဏားကြီးအိမ်ရဲ့ အခြေအနေကိုလေ့လာကြည့်တဲ့အခါ ဘုံ(၇)ဆင့်စလုံးရဲ့ တံခါးမုခ်တိုင်းတွင် မိန်းမအစောင့်အရှောက်များသာထားပြီး ယောက်ျားဆိုရင် အနားမကပ်ရအောင် ပြုလုပ်ထားတာကို တွေ့ရတယ်။ အမှိုက်သွန်လှည်းကိုပင် အ၀င်အထွက်စစ်ဆေးတယ်။ ပုဏ္ဏားကြီးအိမ်က မိန်းကလေးရဲ့ အထိန်းတော်ကြီးတစ်ယောက်သာ ပန်းနံ့သာများဝယ်ရန် နေ့စဉ်အပြင်ထွက်ရတယ်။ ဒါနဲ့ အရက်သမားလည်း ဘယ်ရမလဲ၊ ယောက်ျားမာယာသုံးမယ်ဆိုပြီး ပုဏ္ဏားကြီးအိမ်အနီး လမ်းမတွင် ပန်းနံ့သာဆိုင်ကြီးတစ်ဆိုင်ကို ခမ်းနားစွာဖွင့်ထားလိုက်တယ်။

နေ့စဉ် အပြင်ထွက်ဈေးဝယ်ရတဲ့ အထိန်းတော်ကြီးဟာ ပန်းနံ့သာဆိုင်အသစ် ခမ်းခမ်းနားနားတွေ့ရတော့ စိတ်ဝင်စားပြီး လေ့လာကြည့်တဲ့အခါ ဆိုင်ရှင်အရက်သမားလည်း အထိန်းတော်မိန်းမကြီးကိုမြင်တာနဲ့ ခြေရင်းတွင်လှဲပြီး ခြေထောက်ဖက်ပြီး အမေရယ် ဒီလောက်ကြာအောင် ဘယ်သွားနေလဲ အမေ့ကိုရှာလိုက်ရတာ ကြာလှပါပြီလို့ပြောရင်း ငိုနေပါတော့တယ်။ အရက်သမား စီစဉ်ထားတဲ့အတိုင်း နဘေးကလူတွေကလည်း အထိန်းတော်ကြီးကြားအောင် သားအမိဆိုတာ ဟုတ်မှာပဲ၊ မျက်နှာချင်းကလည်း ဆင်လိုက်တာလို့ပြောပြီး နဘေးကနေ တွန့်ပေးကြတယ်။ အဲဒီလို ဘေးက၀ိုင်းပြောပေးမှုကြောင့် အထိန်းတော်ကြီးဟာ မိခင်ပျောက်တဲ့ သားတစ်ယောက်လို့ ထင်မြင်လာပြီး သူပါရောငိုမိနေလေရဲ့။

ဒီလိုနဲ့ အရက်သမားနဲ့အထိန်းတော်ကြီးတို့ဟာ သားအမိလိုဖြစ်သွားကြတဲ့အခါ အရက်သမားက အထိန်းတော်ကြီးကို နန်းတော်တွင်းသာ သုံးဆောင်နိုင်တဲ့ အလွန်လှပတဲ့ ပန်းနံ့သာအမွေးအကြိုင်တွေ အခမဲ့ပေးပြီး စည်းရုံးလေတော့တယ်။ အထိန်းတော်ကြီးက အဖိုးတန်တဲ့ပန်းတွေ အများကြီးယူလာတော့ ပုဏ္ဏားကြီးရဲ့ မိန်းကလေးက ဒီပန်းတွေ ဘယ်ကရတာလဲလို့ မေးတဲ့အခါ ငါ့သား ပေးလိုက်တာ။ ဒါနဲ့ မိန်းကလေးက အမေ့သား ဘယ်အရွယ်လောက်ရှိပြီလဲလို့မေးတော့ သမီးနဲ့ရွယ်တူလောက်ပဲ၊ လူချော လူခန့်ကြီးလို့ ဖြေလိုက်တယ်။ ပုဏ္ဏားအဘိုးကြီးမှလွဲပြီး တခြားယောက်ျားလေး မမြင်ဖူးရှာတဲ့ မိန်းကလေးဟာ ရွယ်တူယောက်ျားလေး၊ ခန့်ချောကြီးလည်းပြောလိုက်ရော စိတ်ဝင်စားသွားလေတယ်။

အဲဒီအချိန်ကစပြီး မိန်းကလေးဟာ လူချောလူခန့်ကြီးဆိုတာကို စဉ်းစားကြည့်နေမိတယ်။ အရက်သမားကလည်း မိန်းကလေးအခြေအန ဘယ်လိုရှိလဲဆိုတာကို အထိန်းတော်ကြီး မေးတဲ့အခါ မိန်းကလေးက လှတယ်။ ကိန္နရီလေးလိုပဲ။ အထိန်းတော်ကြီးလည်း အရက်သမားက နေ့စဉ် မိန်းကလေးအကြောင်းမေးတာကို သတိထားမိပြီး စိတ်ဝင်စားနေမှန်းသိတဲ့အတွက် အဲဒီမိန်းကလေးကို တွေ့ရဖို့တောင် မလွယ်ကြောင်း ပြောပြပါတယ်။ ဒါနဲ့ အရက်သမားလည်း ရိုးရိုးနည်းနဲ့မရရင် ယောက်ျားမာယာ နောက်တစ်နည်းသုံးမယ်ဆိုပြီး ဆိုင်မဖွင့်ဘဲ နေလိုက်တယ်။

အထိန်းတော်ကြီး ပန်းလာယူတဲ့အခါ အရက်သမား ဘယ်သွားလို့ ဆိုင်မဖွင့်တာလဲ။ ဘာဖြစ်နေလို့လဲလို့ စုံးစမ်းကြည့်လိုက်တော့ နေမကောင်းမှန်းလည်းသိရော အရက်သမားထံ သွားမေးလေတယ်။ အရက်သမားက အထိန်းတော်ကြီးကို အကျွန်ုပ် မိန်းကလေးရဲ့ အလှအပကိုသာကြားရပြီး မမြင်တွေ့ရရင် သေရပါတော့မယ်။ အဲဒါကြောင့် အမေဖြစ်သူ အထိန်းတော်ကြီး ကူညီပေးပါဆိုပြီး မာယာအကုန်သုံးကာ ပြောပါလေတော့တယ်။

အထိန်းတော်ကြီးလည်း မနေနိုင်တော့တဲ့အဆုံး ကူညီပေးမယ်ပြောပြီး အရက်သမားကို အမှိုက်တွန်းလှည့်တွင်ထည်ကာ အပေါ်မှ ပန်းများနဲ့ဖုံးပြီး မိန်းကလေးအဆောင်တွင်း ခေါ်ဆောင်ပေးလိုက်တယ်။ မိန်းကလေးလည်း အခန်းတွင်းမှာရောက်လာတဲ့ အရက်သမားကိုတွေ့တဲ့အခါ သက်တူရွယ်တူချင်းမို့ ချစ်ခင်မိသွားရှာတယ်။ သူတို့နှစ်ယောက်ဟာ ပုဏ္ဏားကြီးလာရင် အရက်သမားက ပုန်းနေပြီး ကျန်တဲ့ချိန်မှာ နှစ်ယောက်သား အကြည့်စိုက်နေလေရဲ့။

နှစ်ရက်သုံးရက်အတူနေပြီးတော့ မိန်းကလေးက အရက်သမားကို ပြန်ဖို့သင့်ပြီလို့ ပြောတဲ့အခါ ပုဏ္ဏားကို တံတောင်နဲ့ထောင်းပြီးမှ ပြန်မယ်လို့ ယောက်ျားဖြစ်ပေမဲ့ မာယာသုံးပြီး ကနွဲ့ကလျပြောတာနဲ့ မိန်းကလေးလည်း စီစဉ်ပေးမယ်လို့ ကတိပေးလိုက်တယ်။ ပုဏ္ဏားကြီး မိန်းကလေးအခန်းဝင်လာတဲ့အခါ မိန်းကလေးက စောင်းတီးပေးပါ၊ ကချင်တယ်လို့ပြောတာနဲ့ ပုဏ္ဏားကြီးက ကောင်းပြီ တီးပေးမယ်ဆိုပြီး စောင်းတီးပေးနေလေတယ်။ ဒါတင်မကဘဲ မိန်းကလေးက သူကတာကို ပုဏ္ဏားကြီးမြင်မှာ ရှက်တယ်။ တစ်ယောက်တည်း ကချင်တယ်ဆိုပြီး ပုဏ္ဏားကြီးမျက်နှာကို အ၀တ်စည်းထားလိုက်တယ်။

မိန်းကလေးက ပုဏ္ဏားကြီးအနား မထိတထိ ကတဲ့အခါ ပုဏ္ဏားကြီးခများ ပျော်နေရှာတယ်။ မိန်းကလေးက ပုဏ္ဏားကြီးရဲ့ နဖူးပြောင်ပြောင်ကြီးကို တံတောင်နဲ့ထောင်းချင်လိုက်တာ၊ အူယားနေတာပဲလို့ ပြောတဲ့အခါ ပုဏ္ဏားကြီးက ထောင်းစေဗျာ၊ ထောင်းစေဗျာလို့ ပြောရှာလေတယ်။ ဒါဆို ထောင်းမယ်နော်လို့ပြောပြီး ပုန်းနေတဲ့ အရက်သမားကို ခေါ်လိုက်တဲ့အခါ အရက်သမားက ပုဏ္ဏားကြီးနောက်ကျောမှရပ်ပြီး ဦးခေါင်းကို တံတောင်နဲ့ တအားထောင်းလိုက်တယ်။ ပုဏ္ဏားကြီးမှာ နာလွန်းလို့ ‘’အားခနဲ’’နဲ့ ဖြစ်သွားတယ်။ ဒါနဲ့ ဒီလက်ဟာ မိန်းကလေးလက် မဟုတ်ပါဘူးလို့ ပြောတဲ့အခါ မိန်းကလေးက ဟုတ်ပါတယ်။ ဒီမှာကြည့်ဆိုပြီး လက်ကို ထိုးပေးလိုက်တယ်။ ပုဏ္ဏားကြီးက ဟုတ်ပါရဲ့၊ လက်ကလေးက နု့ညံ့လိုက်တာ။ ထောင်းလိုက်တော့လည်း နာလိုက်တာနော်ဆိုပြီး ဖြစ်နေရှာလေရဲ့။

အရက်သမားလည်း မိန်းကလေးကို ဖျက်ဆီးပြီးပြီဆိုတဲ့အကြောင်း ရှင်ဘုရင်ကို အကြောင်းကြားလိုက်တယ်။ ဒါနဲ့ ရှင်ဘုရင်နဲ့ပုဏ္ဏားကြီးတို့ ကြွေအန်ကစားတဲ့အခါ ပုဏ္ဏားကြီး အရင်လိုရွတ်ဆိုပေမဲ့ မှန်ကန်တဲ့စကား မဟုတ်တော့တာကြောင့် ရှုံးလေတော့တယ်။

ဒါကတော့ ယောက်ျားတွေဟာ သူတို့လိုချင်တာ၊ ဖြစ်ချင်တာဆို မရ, ရအောင်ယူမယ်ဆိုပြီး တရားတာ၊ မတရားတာ နားမလည်ဘဲ မာယာသုံးပြီး ယူလေ့ရှိတယ်ဆိုတာကို သိထားဖို့ရန်အတွက် ဇာတ်တော်ထဲကနေ ကောက်နှုက်တင်ပြပေးလိုက်တာပါ။ ဇာတ်တော်အကျယ်ကို ဖတ်ချင်တယ်ဆိုရင်တော့ (အဏ္ဍဘူတဇာတ်၊ ဇာတကအဋ္ဌကထာ၊ ပထမအုပ်၊ စာမျက်နှာ(၃၀၈)တွင် ဖတ်ရှု့နိုင်ပါတယ်။

ယခုဖော်ပြခဲ့တဲ့ ယောက်ျားမာယာကို သဘောပေါက်နားလည်မယ်ဆိုရင် ကျန်တဲ့မာယာများကိုလည်း နည်းယူပြီး နားလည်စွာနဲ့ လူမိုက်ယောက်ျားများ ဖျက်ဆီးမှဘေးကနေ မိန်းကလေးများ ရှောင်ကြဉ်နိုင်လိမ့်မယ် ထင်ပါတယ်။

အရှင်ကောမလ ဆန်နီနေမင်း

မန်းမြန်မာပလာဇာပေါ်မှ ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

Kotoke Gyi shared Infinity Power's photo.
မန်းမြန်မာပလာဇာပေါ်မှ ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး
...................................................................................................
မန္တလေး၊ ဇန်နဝါရီ၎။

မန္တလေးမြို့ရှိ ၂၇-၂၈လမ်း၊၈၄-၈၅လမ်းကြား ၂၅ထပ်ရှိသော မန်းမြန်မာ ပလာဇာ ၁၇ထပ်ပေါ်မှ အသက်၁၇နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ဇန်န၀ါရီ၎ရက် နေ့လည်၁၁နာရီ၅မိနစ်တွင် ပြုတ်ကျသေဆုံးမှုတစ်ခုဖြစ် ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမိန်းကလေးမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် သဲကုန်းရပ်တွင်
နေထိုင်သူတစ်ဦး ဖြစ်ကြောင်းနှင့် ဆောက် လုပ်ရေးလုပ်ငန်းတွင် ပန်းရံ လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်းနှင့် ၀ဲယာနဖူးပေါက်၊ ညာခြေသလုံးရိုးကျိုး၊ ဘယ်ခြေဖ၀ါးပေါက်၊ ခြေမျက်စိရိုးကျိုးကာ သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ပန်းရံအလုပ်သမများကို မေးမြန်းရာ
“ထမင်း စားချိန်မှာ သူကအပေါ်ထပ်က အခန်းတစ်ခန်းထဲမှာ ပိတ်မိ
နေခဲ့တာ ထင် တယ်၊ အဲဒီမှာ တခြားအခန်းတစ်ခန်းကနေအောက်ကို ဆင်းလို့ရတဲ့အတွက် အခန်းကူးတဲ့အခါမှာ အခုလို ပြုတ်ကျသေဆုံး
တာလို့ ထင်ပါတယ်” ဟု ပြောကြားသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သတ်၍ အမှတ်၆ရဲစခန်းမှ တာဝန်ယူကာ
သေမှုသေခင်း အမှတ်၁/၂၀၁၃ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။

မျိုးသန့် 

 The Myanma Age
မျိုးသန့်

..............................
.....................................................................