Sunday, January 6, 2013

မန်းမြန်မာပလာဇာပေါ်မှ ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

Kotoke Gyi shared Infinity Power's photo.
မန်းမြန်မာပလာဇာပေါ်မှ ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး
...................................................................................................
မန္တလေး၊ ဇန်နဝါရီ၎။

မန္တလေးမြို့ရှိ ၂၇-၂၈လမ်း၊၈၄-၈၅လမ်းကြား ၂၅ထပ်ရှိသော မန်းမြန်မာ ပလာဇာ ၁၇ထပ်ပေါ်မှ အသက်၁၇နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ဇန်န၀ါရီ၎ရက် နေ့လည်၁၁နာရီ၅မိနစ်တွင် ပြုတ်ကျသေဆုံးမှုတစ်ခုဖြစ် ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမိန်းကလေးမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် သဲကုန်းရပ်တွင်
နေထိုင်သူတစ်ဦး ဖြစ်ကြောင်းနှင့် ဆောက် လုပ်ရေးလုပ်ငန်းတွင် ပန်းရံ လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်းနှင့် ၀ဲယာနဖူးပေါက်၊ ညာခြေသလုံးရိုးကျိုး၊ ဘယ်ခြေဖ၀ါးပေါက်၊ ခြေမျက်စိရိုးကျိုးကာ သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ပန်းရံအလုပ်သမများကို မေးမြန်းရာ
“ထမင်း စားချိန်မှာ သူကအပေါ်ထပ်က အခန်းတစ်ခန်းထဲမှာ ပိတ်မိ
နေခဲ့တာ ထင် တယ်၊ အဲဒီမှာ တခြားအခန်းတစ်ခန်းကနေအောက်ကို ဆင်းလို့ရတဲ့အတွက် အခန်းကူးတဲ့အခါမှာ အခုလို ပြုတ်ကျသေဆုံး
တာလို့ ထင်ပါတယ်” ဟု ပြောကြားသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သတ်၍ အမှတ်၆ရဲစခန်းမှ တာဝန်ယူကာ
သေမှုသေခင်း အမှတ်၁/၂၀၁၃ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။

မျိုးသန့် 

 The Myanma Age
မျိုးသန့်

..............................
.....................................................................
မန္တလေး၊ ဇန်နဝါရီ၎။

မန္တလေးမြို့ရှိ ၂၇-၂၈လမ်း၊၈၄-၈၅လမ်းကြား ၂၅ထပ်ရှိသော မန်းမြန်မာ ပလာဇာ ၁၇ထပ်ပေါ်မှ အသက်၁၇နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ဇန်န၀ါရီ၎ရက် နေ့လည်၁၁နာရီ၅မိနစ်တွင် ပြုတ်ကျသေဆုံးမှုတစ်ခုဖြစ် ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမိန်းကလေးမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် သဲကုန်းရပ်တွင်
နေထိုင်သူတစ်ဦး ဖြစ်ကြောင်းနှင့် ဆောက် လုပ်ရေးလုပ်ငန်းတွင် ပန်းရံ လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်းနှင့် ၀ဲယာနဖူးပေါက်၊ ညာခြေသလုံးရိုးကျိုး၊ ဘယ်ခြေဖ၀ါးပေါက်၊ ခြေမျက်စိရိုးကျိုးကာ သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ပန်းရံအလုပ်သမများကို မေးမြန်းရာ
“ထမင်း စားချိန်မှာ သူကအပေါ်ထပ်က အခန်းတစ်ခန်းထဲမှာ ပိတ်မိ
နေခဲ့တာ ထင် တယ်၊ အဲဒီမှာ တခြားအခန်းတစ်ခန်းကနေအောက်ကို ဆင်းလို့ရတဲ့အတွက် အခန်းကူးတဲ့အခါမှာ အခုလို ပြုတ်ကျသေဆုံး
တာလို့ ထင်ပါတယ်” ဟု ပြောကြားသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သတ်၍ အမှတ်၆ရဲစခန်းမှ တာဝန်ယူကာ
သေမှုသေခင်း အမှတ်၁/၂၀၁၃ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။

မျိုးသန့် 

The Myanma Age
မျိုးသန့်

0 ကွန်မန့်ရေးရန်:

Post a Comment