Friday, January 4, 2013

အ လုိ မ တူ ဘဲ ေ ဆ း မ င္ ေ ၾက ာ င် အ ထိုး ခံ ရ တဲ့ မိ န်း မ



by Aung Yin Nyein on Friday, January 4, 2013 at 6:41am 

Her World Magazine, 2007
OTELLI EDWARDS & PATRICK SIN ရဲ့
My Husband had tattooed by force ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။
  
# # # 
                     လွန်ခဲ့တဲ့ သြဂုတ်လက ယောက်ျားလေး သူငယ်ချင်းတစ်ယောက်နဲ့ Hawker Centre မှာ အက်ရှင်ဇာတ်ကားကြည့်၊ ညစာအတူစား၊ မိန်းကလေး သူငယ်ချင်း မီယာ့ တိုက်ခန်းကို ပြန်လာပြီး တဲ့နောက် နောက်တစ်နေ့ မနက် ၆ နာရီမှာ အဲဒိ အဖြစ်အပျက် ဖြစ်ခဲ့တာပါ။
ကာယကံရှင်ရဲ့ ဖွင့်ဟ၀န်ခံချက်

                    အိပ်ရာ ခုတင်ဘေး စားပွဲပေါ် စလင်းဘက်ဂ် အိတ်တင်ဖို့ ပြင်ဆင်လက်စ အခန်းထဲ လှမ်းဝင်လိုက်တဲ့ အချိန်မှာ အခန်းက မှောင်မည်းနေပါတယ်။ ဘေးဘီကို လှည့်ကြည့်ုလိုက်တော့ ကျွန်မရဲ့ နောက် ညာဘက်နားမှာ ရပ်နေတဲ့ နောက် အိမ်ထောင် ဂျွန့်ကို တွေ့ရတယ်။ သူ့ ထုံးစံအတိုင်း ကျွန်မကို ဒေါသတကြီး ကြည့်နေတယ်။ ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် ဘာအမှားအယွင်း တစ်ခုမှ သတိမထား မိပါဘူး။
                    သူက ကျွန်မ ဘယ်သွားနေတာလဲ၊ ဘယ်သူနဲ့ အပြင်ထွက်နေတာလဲလို့ မေးတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ရုပ်ရှင်ကြည့်၊ ညစာစားဖို့ အပြင်ထွက်ခဲ့တာလို့ ကျွန်မ အမှန်အတိုင်းပဲ ပြောပြလိုက်ပါတယ်။ ထုံးစံအတိုင်းပဲ၊ ကျွန်မ အဲဒီ သူငယ်ချင်းနဲ့ ည အတူအိပ်ခဲ့တယ်လို့ သူ အော်ဟစ် စွပ်စွဲပါတော့တယ်။
                    ရန်ပွဲ အရှိန် မြင့်တက်နေတုန်းမှာပဲ သူ စိတ်ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်တယ်။
                    ပြီးတော့ " အဲဒါ လုပ်ဖို့ ရယ်ဒီ " လို့ အော်ပြောလိုက်တယ်။
                    မှောင်နေတဲ့ ဧည့်ခန်းရဲ့ အရိပ်တွေဆီကနေ ဂျိမ်းစ် ထွက်လာတယ်။
                   ဂျိမ်းစ်က မီယာ့ တိုက်ခန်းမှာ နေတယ် ဆိုပေမဲ့ သူ့ကို ကျွန်မ သိတယ် ဆိုရုံလေးပါပဲ။ ဒီ အကြမ်းဖက်ဆန်တဲ့ အဖြစ်အပျက် မဖြစ်ခင် သီတင်းပတ်တွေကမှ ပိုသိလာတာပါ။ ဂျိမ်းစ် က ကျွန်မ ယောက်ျား ဂျွန်နဲ့ ပြီးခဲ့တဲ့ တစ်လလောက်ကမှ တွေ့ဆုံသိကျွမ်းခဲ့တာ ဆိုပေမဲ့ သူတို့နှစ်ယောက် မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးကျွမ်းဝင်သွားခဲ့ကြတယ်။ ဂျိမ်းစ်က ဆေးမင်ကြောင် ထိုးတဲ့ အလုပ်ကို တရားမ၀င်လုပ်နေတဲ့ ၀ါသနာရှင်တစ်ယောက်ပါ။ ကျွန်မ တစ်သက်တာလုံး အမာရွတ်စွဲကျန်ရစ်အောင် သူ့ ဆေးမင်ကြောင်စုတ်တံနဲ့ အထိုးခံရလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဖူးပါဘူးရှင်။
                   သူတို့နှစ်ယောက် ကျွန်မကို နောက်ကနေ ခပ်ကြမ်းကြမ်း ဆွဲခေါ်လိုက်တယ်။ အခန်းတံခါးလော့ခ်ချ ၊ ကျွန်မ မျက်နှာကို အ၀တ်နဲ့ စည်း၊ ပါးစပ်ထဲ အ၀တ်စုတ်တစ်ခု ထိုးထည့်ပြီး တိပ်နဲ့ ကပ်ထားလိုက်ကြတယ်။ အဲဒီနောက် ခုတင်တိုင်မှာ ခြေရော လက်ပါ ကန့်လန့်ဖြတ် အနေအထားနဲ့ နိုင်လွန်ကြိုးနဲ့  တုပ်၊ ဂျွန်က ကျွန်မရဲ့ ဘလောက်စ် အကျီင်္နဲ့ ဘရာစီယာကို ဆွဲဖြုတ်ပစ်လိုက်တယ်။
                   ###
                   ဆေးမင်ကြောင် ထိုးစက် တဒီးဒီး မြည်သံကို ပထမဆုံးအကြိမ် ကြားလိုက်ရတော့ ကျွန်မ သွေးပျက် ထိတ်လန့်သွားမိတယ်။ သူတို့ ကျွန်မရဲ့ ကိုယ်ခန္ဓာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ကြတော့မယ် ဆိုတာလည်း သိလိုက်တယ်။ ကျွန်မရဲ့ အော်ဟစ်ညည်းညူသံနဲ့ ဆေးမင်ကြောင် စုတ်တံရဲ့ နားမချမ်းသာဖွယ်ရာ အသံကို ဖုံးလွှမ်းသွားအောင်လို့ တက္ကနိုမြူးဇစ်ကို စတီရီယိုသံ ပြောင်းပြီး အသံချဲ့လိုက်ကြတယ်။
                   ဂျွန်က ကျွန်မကို ခြေထောက်တွေနဲ့ ကားယားခွထားပြီး လှုပ်လှုပ်ရှားရှား မလုပ်ဖို့ သတိပေးတယ်။ တကယ်လို့ ကျွန်မသာ လှုပ်ရှားမိရင် သူ သောက်နေတဲ့ စီးကရက်မီးနဲ့ ထိုးမှာပဲတဲ့။ နို့သီးခေါင်းလေးတွေနားက နူးညံ့တဲ့ အရေပြားကို ဂျိမ်းစ် ဆေးမင်ကြောင် စထိုးလိုက်တော့ ကျွန်မ ထိတ်လန့် မင်တက်သွားမိတယ်။ အရမ်း နာကျင်ပေမဲ့ ကျွန်မ မအော်နိုင်ပါဘူး။ အဲဒါက နေရာတစ်နေရာ တည်းကို ဆေးထိုးအပ်ချွန်ချွန်နဲ့ တစ်ချက်ပြီး တစ်ချက် ဆောင့်ထိုးနေတာနဲ့ တူတယ်။ အရုပ်ထိုးနေတုန်း သွေးတွေကို အ၀တ်တစ်ခုနဲ့ သုတ်နေလို့ အရေပြားက သွေးတွေ ယိုစီး ထွက်နေတယ် ဆိုတာ ကျွန်မ သိနေရတယ်။
                   ရင်သားတွေကို အရုပ်ထိုးပြီးသွားတော့ ဂျွန်က.......
                   " အခု မင်းကို ဘယ်သူမှ မလိုချင်ကြတော့ဘူး။ မင်း ငါ့ဆိ ပြန်လာရတော့မယ် " လို့ ကျေနပ်အားရနေတဲ့ ပုံစံနဲ့ ပြောတယ်။
                  ဂျွန်က ဘယ်နေရာပြီးရင် ဘယ်နေရာကို အရုပ်ထိုး ဆိုပြီး အမိန့်တွေ ပေးနေတယ်။
စာ ဆ က် စီ နေ သည် :P

0 ကွန်မန့်ရေးရန်:

Post a Comment