This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, July 25, 2012

ဦး လဆန်အောင်ဝါ နှင့် ဦးမင်းညို ပူးပေါင်း၍ ဒေသခံများလယ်ယာမြေ အဓမ္မသိမ်း ဆည်း


KNG

ကချင်ပြည်နယ် မြစ်ဆုံတဖက်ကမ်းရှိ နောင်းခိန်း (Nawng Hking) ကျေးရွာမှ ၈ မိုင်အကွာရှိ ဘွေဒေါ့ကျေးရွာသားများ၏ လယ်ယာမြေ များ ကို ဦးမင်းညို နှင့် လဆန်အောင်ဝါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အချို့လယ်မြေများကို သိမ်းဆည်းလိုက်ပြီး နောက်ထပ် ပြောင်း ရွှေ့ပေးရန် ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း သိရသည်။

အိမ်ခြေ ၃၀ ကျော်မှီခိုလျက်ရှိသော ဘွေဒေါ့ (Bwi Daw) ကျေးရွာတွင် ဧပြီလကုန်ပိုင်းမှစ၍ ပြောင်းရွှေ့ရန် ပိုမိုဖိအားပေးခံခဲ့ရပြီး ယခုလ အ တွင်းမူ လက်န

အထွတ်အမြတ်ထားရာနှင့် လျှပ်ပေါ်လော်လည် အတွဲအဖက်များ


ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံပင်ဖြစ်ပါစေ မိမိနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို နိုင်ငံ၏ပြယုဂ်တစ်ခုအဖြစ် တန်ဖိုးထားထိန်းသိမ်းကြသည်မှာ သံသယဖြစ်စရာ စိုးစဉ်းမျှမရှိချေ။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများမှာ နိုင်ငံအနှံ့ လက်ညှိုးထိုးမလွဲအောင် များပြားပါသည်။ သို့သော် လူအချို့၏ လွဲမှားသော အသုံးချမှုများကြောင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအပေါ် မြန်မာပြည်သူအချို့၏ တန်ဖိုးထားမှုမှာ မေးခွန်းထုတ်စရာဖြစ်လာသည်။

မကြာသေးမီက မြန်မာဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ်ထားရာ ဘုရားပုထိုးစေတီများကို နောက်ခံထား၍ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီဟု အများကသတ်မှတ်ထားသည့် ၀တ်စားဆင်ယင်မှုများဖြင့် ဓာတ်ပုံများ ရိုက်ကူးလာသည်ကို တွေ့လာရသည်။ ယင်းဓာတ်ပုံများအနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ၌ လူပြောအများဆုံး ဖြစ်လာသည့် ဓာတ်ပုံတစ်ပုံမှာ ပုဂံဘုရားများကို နောက်ခံထား၍ မော်ဒယ်တစ်ဦး

မြန်မာပြည်ရောက် ထိုင်းဘုရင်ရဲ့ အုတ်ဂူ


-

တောင်သမန်အင်းနားက လင်းဇင်းကုန်းသုဿန် ဖယ်ရှားရေးမှာ သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါးရဲ့ ဂူပြဿဒ်လည်း ပါဝင်သွားဖွယ် ရှိပါတယ်။

ဒီအကြောင်း ဧရာဝတီက မြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီရေးသားချက်ကို စနေနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာ မျက်နှာဖုံးမှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။
စာဖတ်သူတဦးကတော့ "ဗိုလ်ချူပ်မဟနော်၇ထာ၏အုတ်၈ူ ကိုယခုအခါ အယုဒယ မြို့အနီးတွင် ထိန်းသိမ်းပြသထားသည်ကို မြန်မာ တို့နမူ

ရခိုင်ပြည်တွင် အကြမ်းဖက်ပြီး တိမ်းရှောင်သွားသူ ၁၅၆၅ ဦးကို BGBက မြန်မာသို့ အဓမ္မပြန်ပို့ဆောင်ခဲ့


ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသောဘင်္ဂလီများအား BGB က နယ်စပ်တွင် ဖမ်းဆီးကာ ပြန်လည်၍ ယမန်နေ့ကအထိ စုစုပေါင်း ၁၅၆၅ ဦးပို့ဆော

"ကားလိုမြန်သော ရထား ရန်ကုန်-မန်း ပြေးဆွဲရန် ဂျပန်သုတေသနစတင်"


ရန်ကုန်-မန္တလေး အမြန် ရထား ပြေးဆွဲကြာချိန်ကို ထက်ဝက် လျှော့ချရန် အတွက် ဂျပန် ပညာရှင်များ ဆန်းစစ် သုတေသန ပြုလုပ် နေကြပြီဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

 လက်ရှိတွင် ရန်ကုန်-မန်း အမြန်ရထား ပြေးဆွဲကြာချိန်မှာ ၁၄ နာရီဖြစ်ပြီး ၈ နာရီဖြင့် အရောက် သွားနိုင်ရန်အတွက် ဂျပန် အစိုးရက ကူညီသွားမည်ဟု သိရသည်။

 ''ရန်ကုန်-မန္တလေးလမ်းပိုင်း ကို ဂျပျန် ပညာရှင်တွေ လေ့လာပြီး တာနဲ့ အစီရင်ခံစာ ထွက်လာပါမယ်။ ဒီအစီရင်ခံစာကို နှစ်ဖက် ညှိနှိုင်းပြီး ဆက် လက် ဆောင်ရွက်ကြပါမယ်'' ဟု ၄င်းကပြောသည်။ ၃၈၅ မိုင် ရှည်လျားသည့် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမြန်ရထား၊ စာပို့နှင့် ရိုးရိုး ရထားများ ပြေးဆွဲ နေသော်လည်း ဂျပန်အစိုး ရက အမြန်ရထား ပြေးဆွဲချိန်ကိုသာ ထက်ဝက် လျော့ကျသွားရန် ကူညီပေး မည်

တာဝန်ကျေပါစေ! ! !



ပုံမှာ မြင်ရတဲ့ တာဝန်ကျေပါစေ ဆိုတဲ့ ဆိုင်းဘုတ်ကတော့ အောင်လံမြို့က အရက်ဆိုင် တဆိုင်က ချိတ်ဆွဲထားတာ ဖြစ်ကြောင်း myanmar jokes ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့ရပါတယ်။
စာဖတ်ပရိသတ်များ အတွက် ထူးဆန်းမှုဖြစ်သွား မယ် ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။

သူက တာဝန်ကျေမှုကို ၂ ပိုင်းခွဲထားတာပါ။
အရက်ရောင်းသူတာဝန်နဲ့ အရက်သောက်သူ တာ

ဦးသိန်းစိန်ထောက်ခံပွဲ ဘန်ကောက်မှာ ပြုလုပ်




ဘစောတင်
ထိုင်းအခြေစိုက် အဖွဲ့အစည်းတချို့ နှင့် ရွှေ့ပြောင်း မြန်မာအလုပ်သမားတချို့
တနင်္လာနေ့ နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့သို့ သွားရောက်ပြီး
ရခိုင်ဒေသ ပဋိပက္ခနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်၏ ရပ်တည်ချက်ကို အပြည့်အ၀ထောက်ခံကြောင်း
ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲသို့ မြန်မာနိုင်ငံသား ရဟန်းသံ

မြန်မာတွေ ဘယ်လောက်ဆင်းရဲသလဲ



ဆင်းရဲမွဲတေမှုကို အကြမ်းအားဖြင့် တနေ့ဝင်ငွေ တစ်ဒေါ်လာအောက် ရသူတွေ ဘယ်လောက်များလဲ ဆိုတာနဲ့ တိုင်းတာတယ်။ ၂၀၀၅ မှာ ကမ္ဘာ့ဘဏ်က ၁. ၂၅ ဒေါ်လာ ဆိုပြီး ဆင်းရဲမွဲတေမှုလိုင်းကို ပြန်သတ်မှတ်တယ်။

လက်ရှိ မြန်မာရဲ့ ဆင်းရဲမှုနှုန်းက တနိုင်ငံလုံးအတိုင်းအတာ ၂၆. ၅ ရာခိုင်နှုန်း ဆိုတယ်။
ဆိုလိုရင်းက လူလေးယောက်မှာ တယောက်က ဆင်းရဲတယ်ပေါ့။
ဒါပေမယ့် တိုင်းရင်းသား ညီအကိုတွေကြေ

ပါကစ္စတန် လူ့အခွင့်အရေးခေါင်းဆောင် ဗီဇာ အငြင်းပယ်ခံရ


မဇ္ဈိမသတင်းဌာန |
ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ မူဆလင်များ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အချက် အလက်များ လာရောက် လေ့လာ ရယူရန် အတွက် မြန်မာ နိုင်ငံသို့ လာ ရောက်လိုသည့် ပါကစ္စတန် လူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် Ansar Burney နှင့် လုပ်ဖော်ကိုင်ဖက် တဦးတို့အား မြန်မာ နိုင် ငံမှ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ် လိုက် ကြောင်း သိရသည်။

မည်သည့် လူ့အခွင့်အရေးလှုပ်ရှားသူ၊ စာနယ်ဇင်းသမားများကိုမှ အချက်အလက် ရှာဖွေလေ့လာရေး မစ်ရှင်အဖြစ် မြန်မာနိုင်ငံသို့ လာ ရောက်ခွင့် မပြုနိုင်ကြောင်း လန်ဒန်ရှိ Ansar Burney Trust International သို့ မြန်မာသံရုံးမှ အကြောင်း ကြားလာခြင်း ဖြစ်သည်။

“သူတို့နိုင်ငံကို စာနယ်ဇင်းသမားတွေနဲ့ လူ့အခွင့်အေ

လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးဆွေးနွေးချက်



ဓာတ်ပုံ-ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့လွှတ်တော် အတွင်း ယနေ့ဆွေးနွေးချက် - - -

ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပထေဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုး များဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာ ဆိုလို့ရှိရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီမိခင်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကိုဆိုလိုတာလို့

မြန်မာကျောင်းထိုင် ဆရာတော် ဆက်ထားခွင့် ထိုင်း ခွင့်ပြု



ချင်းမိုင် ဝပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်းသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်း လာရောက် လည်ပတ်စဉ် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းတွင် မြန်မာ ကျောင်းထိုင်ဆရာတော်ကို ဆက်လက်ထား ရှိရန် ထိုင်းအာဏာပိုင်များက သဘောတူခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဝပ်ဆိုင်းမွန်း ကျောင်း၌ မြန်မာ ဆရာတော်များ ဆက်လက် ကျောင်းထိုင်ခွင့် ရရှိသည့် အကြောင်း ယမန်နေ့က ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး

တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသား ၉၇၄ ယောက်မှ ငြိမ်းချမ်းစွာ ပညာသင် ကြားခွင့်ရရှိရေး သမ္မတကြီးထံ စာပို့


မောင်ရမ္မာ

စစ်တွေမြို့တွင် တည်ရှိသော တက္ကသိုလ်၊ ကောလိပ် အဆင့် ကျောင်း (၃) ကျောင်းမှ ကျောင်းသူ ကျောင်းသား ၉၇၄ ယောက်မှ ငြိမ်း ချမ်းစွာ ပညာသင်ကြားခွင့် ရရှိရေး အတွက် သမ္မတကြီးထံ စာရေး တောင်းဆိုလိုက်သည်ဟု သိရသည်။

အကြမ်းဖက် ဆူပူမူ ဖြစ်ပွားသည်မှာ တစ်လကျော် ရှိခဲ့ပြီ ဖြစ်သော်လည်းလုံခြုံရေးကြောင့် ယခု အချိန်ထိ ပညာကိုကောင်းမွန်စွာမသင် ကြား နိုင်ဘဲ ဖြစ်နေသဖြင့် ကျောင်းသား ၉၇၄ ယောက်က လက်မှတ်ရေးထိုးပြီး သမ္မတကြီး ဦးသိန်းစိန်ထံ ငြိမ်းချ

How To Jailbreak The IPhone 4S And IPad 2 With Absinthe For Windows


iPhone 4S (iOS 5.0 or 5.0.1) ၊ iPad2 iOS 5.0.1 ကို Windows OS ပေါ်မှာ Jailbreak လုပ်ရန်အတွက်www.Greenpois0n.Com မှာ ရှိတဲ့ ကို Absinthe V0.2 (Win) Download ပြုလုပ်လိုက်ပါ။ MAC OS ကနေ Jailbreak ပြုလုပ်လိုတယ်ဆိုရင် Absinthe V0.2 (Mac) ကို Download ပြုလုပ်လိုက်ပါ။ Linux အတွက်လည်းabsinthe v2.0 Linuxဆိုပြီးရှိပါတယ်။
မိမိ phone ရဲ့ iOS က ဘယ်လောက်လ

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့အလင်း မျက်နှာဖုံး သတင်းဓာတ်ပုံတွင် ဖော်ပြ


  အိမ့်သံစဉ် 

Inline image 5
နေပြည်တော်တွင် လွှတ်တော် တက်ရောက်နေသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြလာပါတယ်။

ယမန်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို လွှတ်တော် သတင်းဓာတ်ပုံအဖြစ် မျက်နှာဖုံးဖော်ပြချက်လည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်တုန်းက ကမ္ဘာ့ မီဒီယာတွေက မြိုင်မြိုင်ဆိုင်ဆိုင်ဖော်ပြနေချိန်မှာ
နိုင်ငံပိုင် မြန်မာသတင်းစာတွေက ဖော်ပြဖို့အေ

သီရိလင်္ကာနိုင်ငံမှ တမီလ်ကျား သင်ခန်းစာ


စောခိုလုံ |
သတင်းဝေဖန်ချက်

မြန်မာနှင့် သီရိလင်္ကာတို့က ရာစုနှစ်ပေါင်းများစွာကပင် ဘာသာတရား၊ ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံခဲ့ကြသည်။
နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်း ၆ဝ ကျော် ရှိခဲ့ပြီ ဖြစ်သည်။
သီရိလင်္ကာနိုင်ငံက သူတို့နိုင်ငံရှိ တိုင်းရင်းသား သူပုန်အုပ်စုတခု ဖြစ်သည့် 'တမီလ်ကျားများ'ဟု လူသိများကြသည့် တမီလ် အီလမ်
ကျားလွတ်မြောက်ရေးအဖွဲ့ (LTTE) ကို ၂ဝဝ၉ ခုနှစ်၊ မေလတွင် အဆုံးသတ် စစ်ဆင်ရေး ဆင်နွှဲကာ တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သည်။
ဤသို့ဖြင့် သီရိလင်္ကာနိုင်ငံတွင် ဆယ်စုနှစ် ၃ ခုကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို နိဂုံးကမ္ပတ် အဆုံးသတ်နိုင်ခဲ့ကြသည်။
တမီလ်ကျားများကို တိုက်ခိုက်အနိုင်ယူပြီး တလအကြာ ၂ဝဝ၉ ခုနှစ်၊ ဇွန်လတွင် သီရိလင်္ကာ သမ္မတ မဟိန္ဒရာ ရာဂျာပက်ဆာ (Mahindra Rajapaksa) က မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့ပြီး နိုင်ငံအကြား ထေရဝါဒ ဗုဒ္ဓဘာသာ ကူး

ပြုပြင်ပြောင်းလဲရေး အကျိုးခံစားရသူများနှင့် မခံစားရသူများ


သန်းစိုးလှိုင်၊
ဇူလိုင် ၂၂၊ ၂၀၁၂
ပြီးခဲ့တဲ့ ၁ နှစ်ခွဲတာကာလလုံးလုံး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာကို မြန်မာပြည်တွင်းကသာမက နိုင်ငံတကာ ကပါ စိတ်ဝင်စားနေခဲ့ကြပါတယ်။
ပြည်တွင်းက ပြည်သူတွေအဖို့ မြန်မာပြည်ကြီး ပြောင်းလဲနေပြီ ရှေ့ကိုရွေ့နေပြီလို့ အပြင်ကသူတွေ ပြောတော့မှ မြန်မာပြည်ထဲနေသူတွေက ကိုယ့်ဟာကိုယ် ပြန်ကြည့်ပြီး ဒါကိုရွေ့နေတယ်ခေါ်တာလားလို့ မှတ်ယူလိုက်ရသူတွေလည်း မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေပြီ ခေတ်ပြောင်းနေပြီ စနစ်ပြောင်းနေပြီဆိုတာ သတင်းစာမှာ၊ ဂျာနယ်မှာ ဖတ်ရပေမယ့် ကိုယ်တကယ် လက်တွေ့ဆက်ဆံနေရတဲ့ အာဏာပိုင်တွေ၊ လူနေမှု ဘ၀တွေက မပြောင်းလဲသေးလို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေရဲ့ အများစုဖြစ်တဲ့လ

ဗမာအစိုးရအား အလုပ်ကျွေးပြုနေသော တာမခံမှ မူးယစ်ဘုရင်လင်မယားအား KIA တပ်ရင်း ၆ မှ ဖမ်းဆီး



Inline image 1
ဇူလှိုင်လ ၂၂ ရက်နေ့တွင် တာမခံမှ မူးယစ်ဆေးဝါးမျိုးစုံရောင်းဝယ်ေ
ဖာက်ကားသူ ဦးဒရှီဂမ်မွန်းနှင့် ဒေါ်သက်ရှည် တို့လင်မယားအား ဖားကန့်အခြစိုက် KIA တပ်ရင်း ၆မှ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးလိုက်ပြီ ဖြစ်ပါသည်။ ထိုလင်မယားအား KIA တပ်ရင်း ၆ မှ ကြိမ်ဖန်များစွာ သတိပေးခဲ့သော်လည်း လိုက်နာခြင်း မရှိ

ယနေ့ထွက်မယ့် Popular News မျက်နှာဖုံးမှာတင်ထားတဲ့ လမ်းတခြမ်းခင်း၊ဦးဏှောက်တခြမ်းသုံး အောင်သိန်းလင်းကတရုပ်သတင်းဌာနကဘာသာပြန်လွဲတာပါဆိုပြီး အရှုးကွက်နင်းဖြေရှင်းပြီ မြစ်ဆုံကိစ္စသဘောထားကို ပြည်သူသဘောထားနဲ့တသားတည်းပါဆိုဘဲ................




Inline image 5

Inline image 7
“ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျနော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်” ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့် သ လားဟု မေးမြန်းရာတွင် “ဆောက်ကို ဆောက်ရမှာပေါ့၊ ကျနော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက်နို

မြန်မာပြည်မှသယ်ယူလာသော ဟီရိုးဟင်းအမြောက်အများ ယူနယ်ပြည်နယ်တွင်တရုပ်ရဲတို့ဖမ်းမိ


Inline image 2
တနင်္လာနေ့လည်ပိုင်းက ယူနန်ပြည်နယ်အတွင်းရှိ Lincangမြို့အနီးတွင် တရုပ်ရဲတို့မှ အမျိုးသမီး၂ဦးမောင်းနှင်လာသော ထရပ်ကားအားစစ်ဆေးရာ
ဘိန်းဖြူဟီရိုးဟင်း ၁၁.၈၅ကီလိုဂရမ်နှင့် စိတ်ကြွဆေးအနည်းငယ်ဖမ်းဆီးမိခဲ့ကြောင်းချိုင်းနားဒေလီအင်တာနက်စာမျက်နှာ

မြန်မာကိုပညာပြနေတဲ့တရုတ်... မြန်မာ့ဆန်တင်ပို့မှု တရုတ်လက်မခံ



by အေးနိုင်(photo-MRTV4)

Inline image 4
မြန်မာနိုင်ငံဘက်က တင်ပို့နေတဲ့ဆန်ကို တရုတ်ဘက်အခမ်းက အခုရက်ပိုင်းအတွင်း တင်းကျပ်စိစစ်လိုက်တဲ့အတွက် ဆန်တင်ပို့မှု ရပ်ဆိုင်းရေတာ့မယ့်
အခြေအေန ဆိုက်နေတယ်လို့ ဆန်စပါးလုပ်ငန်း အသိုင်းအ၀ိုင်းက ပြောပါတယ်။

နယ်စပ်ကနေ ဆန်တင်သွင်းနေတာကို တရုတ်ဘက်က ရက်ပိုင်းအတွင်း တင်းကျပ်လိုက်တဲ့အတွက် မြန်မာ့ဆန်တင်ပို့မှု ရပ်ဆိုင်းခဲ့ရတာပါ။

နဂိုကတည်းက မြန်မာ့ဆန်ဟာ အရည်အသွေးနိမ့်လို့

NLD ညီလာခံ ကိုယ်စားလှယ်တစ်ထောင်ကျော် တက်ဖို့ရှိ



2012-07-24

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီညီလာခံ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ကော်မရှင်အဆင့်ဆင့်ကို ဖွဲ့စည်းလျက်ရှိရာမှာ
တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ တိုင်းနဲ့ပြည်နယ် တစ်ဝက်လောက်မှာ မြို့ နယ်အဆင့်တွေ ဖွဲ့စည်းပြီးပြီ ဖြစ်ကြောင်း
 NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောပါတယ်။

"တိုင်းနဲ့ ပြည်နယ် တစ်ဝက်လောက်က မြို့ နယ်အဆင့်အထိ ရောက်သွားပြီ။ ရပ်ကွက်ကျေးရွာတော့ မဆက်နိုင်သေးဘူး။ ကျွန်တော်တို့
ရက်ကို သတ်မှတ်တာကို အမြန်ဆုံးဖြစ်အော

ထိုင်းနိုင်ငံရောက်မြန်မာရဟန်းသံဃာများ ဆန္ဒပြ



ထိုင်းနိုင်ငံရောက်မြန်မာရဟန်း
သံဃာတို့လက်တွင် " Rohingya No"ဟု ရေးထိုးကာ
ယနေ့ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားတို့ နှင့်အတူ ဆန္ဒပြခဲ့ကြသည်။ ကချင်ဒေသတွင်ဖြစ်ပွားနေသောပြည်တွင်းစစ်အမြန်ဆုံးရပ်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်၊မြန်ပြည်ပြန်ခွင့်နှင့်
၂၀၁၅ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရန်စသည့်တောင်းဆိုချက်

ရခိုင် နယ်ခြားစောင့်တပ် ဖွဲ့ရန် သမ္မတကြီး ထံ တင်ပြထား . . .

Inbox
x






မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနှင့် ရခိုင်ဒေသတွင်း လုံခြုံရေးအတွက် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ပြည်သူ့စစ် ဖွဲ့စည်းရေး ကိစ္စများအတွက် ရခိုင်ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ်၌ မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဒေသခံတိုင်းရင်းသား လူမျိုးများ၏ အသက် အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုပြဿနာသည် လတ်တလော အခြေအနေတွင် တည်ငြိမ်နေသည့်တိုင် ရေရှည်

အမှန်မြင်ဘို့ ၊ ဥာဏ်ယှဉ်စို့


အရင်က လွှတ်တော်ထဲမှာ တပ်မတော်အရာရှိ လွှတ်တော်ကိုယ်စားလှယ် တွေ အိပ်နေတဲ့ပုံတွေ အင်တာနက်မှာတက်ပြီး တပ်မတော်အရာရှိ တွေကို အသုံးမကျတဲ့ကောင်တွေ ဆိုပြီး အမျိုးမျိုးပြောခဲ့ဆိုခဲ့ကြတယ် ၊ ခု နောက်ထပ် ပင်နီတိုက်ပုံဝတ် အမတ်တွေပုံ ထပ်ပြီးတက်လာတယ် ဒီလိုပဲ အိပ်နေကြတဲ့ပုံတွေပါဘဲ ဒီအခါမှာတော့ ပထမတစ်ခါလောက် အသံမထွက်လာကြတော့ဘူး ။

အဖြစ်မှန်က ဒီလိုမဟုတ်ဘူး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေဟာ မနက်ပိုင်းတစ်ပိုင်းလုံးလွှတ်တော်အစည်းဝေးတက် ၊ ပြီးတော့နေ့လည်စာသုံးဆောင် ၊ ပြီးတော့ နေ့လည်ပိုင်းအစီအစဉ်တွေမစခင်မှာ မိမိတို့ရဲ့ ထိုင်ခုံကလေးတွေမှာထိုင်ပြီး ခဏတဖြုတ်ဆိုသလို နားကြတယ် ဒီအချိန်မှာ ဓါတ်ပုံရိုက်ရင်တော့ ဒီလိုပုံတွေဟာ တစ်သက်လုံးတ

ဦးအောင်သိန်းလင်းက တရုတ်သတင်းစာဖော်ပြချက်ကို ငြင်းဆို



ဓာတ်ပုံ- Popular Myanmar News Journal's facebook
မကြာခင်က ပွဲဆူသွားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဦးအောင်သိန်းလင်းက ယနေ့ ထွက်ရှိ တဲ့ ပေါ်ပြူလာ ဂျာနယ်မှာ တုံ့ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံထုတ် သတင်းစာတခုဖြစ်တဲ့ Southern Weekend အပတ်စဉ် သတင်းစာ မှာ ဖော်ပြထားချက်တွေဟာ မိမိဖြေဆိုမှုနှင့် လွဲမှားနေတယ်လို့ ပေါ်ပြူလာ သတင်းဂျာနယ်ကို ဇူလိုင်လ ၂၃ ရက်နေ့က ဆက်သွယ် မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်တဲ့။
တရုတ်ထုတ်
南方周末 - Southern Weekly (Southern Weekend) အပတ်စဉ် သတင်းစာမှာ သူပြောခဲ့တာ ကို ဖော်ပြထားတာကတော့ " မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာ ဦးသိန်းစိန် တယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပဲ၊ လွှတ်တော်ရဲ့ အ

သေဆုံးပြီဟု ထင်မှတ်ထားသည့် ကလေးငယ် ထထိုင်ပြီး ရေတောင်းသောက်


ဘရာဇီးနိုင်ငံမှ အသက် နှစ်နှစ်အရွယ်ကလေးငယ် Kelvin Santos သည် နမိုးနီးယား ရောဂါ ခံစားနေရပြီး ဝေဒနာမှ သက်သာခြင်းမရှိသဖြင့် ဘရာဇီးနိုင်ငံ ဘီလမ်မြို့ ဆေးရုံရှိဆရာဝန်များက လက်လျှော့ခဲ့ပြီးနောက် မကြာမီ သေဆုံးသွားခဲ့သည်။
 ဆေးရုံမှလည်း စစ်ဆေးမှုများပြုလုပ်ပြီးနောက် Kelvin လေးမှာ သေဆုံးခဲ့ရပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။
           ထို့နောက် ထိုကလေး၏ အသုဘတွင် အလော

ကိုယ့်တိုင်းပြည်နစ်နာမှု့တွေ ကာကွယ်သင့်ပြီ မြန်မာ့ဆင်တွေ နယ်စပ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ရောင်းချ


မြန်မာနိုင်ငံတောအုပ်တွေမှာ ကျက်စားနေထိုင်တဲ့ ဆင်တွေကိုဖမ်းဆီးပြီး နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ရောင်းချ နေမှုသည် အနာဂတ်မျိုးစိတ်ပျက်သုန်းရေးအတွက် စိုးရိမ်စရာများဖြစ်လာတော့မည်ဟု Ecologist Film Unit (EFU) သက်ရှိသတ္တဝါ၊ တိရစ္ဆာန်၊ သစ်ပင် စသည်တို့နှင့် ပတ်ဝန်းကျင်ဆက်စပ်မှုအခြေအနေကို လေ့လာသော ပညာရှင်များ အဖွဲ့စုံစမ်းပြီး ကြေညာလိုက်သည်။
ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို အလုပ်အကေ

သောက်စရာ အချိုရည်လား၊ ကြောက်စရာ အချိုရည်လား


သောက်စရာ အချိုရည်လား၊ ကြောက်စရာ အချိုရည်လား


အားဖြည့်အချိုရည် နှင့် ယမကာ ရောသောက်ပြီး သေဆုံးသွားသည့် အသက် ၁၆ နှစ် အရွယ် ကျောင်းသူ
"---အားဖြည့်အချိုရည်ကို အရက်နှင့် ရောသောက်သောအခါ နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကို ထိခိုက်စေသည်။ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေသည်---"
နယူးယောက်မြို့တော်ဝန် မစ်ချယ်ဘလွန်းဘတ်- Michael Bloomberg သည် အဝလွန်မှုကို တိုက်ဖျက်ရန် တက်ကြွစွာကြိုးပမ်းလျက်ရှိသည်။
ယခုလည်း အဝလွန်မှု လျော့ပါးစေရန် ခြေလှမ်း

ဦးနေမျိုးဝေကို ရဲကစစ်ဆေး


ဇေကမ္ဘာကုမ္ပဏီက မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို အသေရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီး မင်္ဂလာဒုံ ရဲစခန်းက ဦးနေမျိုးဝေကို ဒီကနေ့  ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်က မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဦးဆောင်ပြီး တောင်သူလယ်သမားများ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒပြပွဲပြုလုပ်နေစဉ်။
ဒီကနေ့ ခေါ်ယူစစ်ဆေးတာကို ထွက်ဆိုခဲ့တာ

သမိုင်းဘူတာရုံရှေ့ မြန်မာ့မီးရထားပိုင်မြေတွင် ကျူးကျော်ဆိုင်ခန်းဖွင့်လှစ်ထားသူများအား စတင်ဖယ်ရှား


ရန်ကုန်၊ ဇူလိုင်-၂၄
ရန်ကုန်မြို့၊ သမိုင်းဘူတာရုံရှေ့ရှိ မြန်မာ့မီးရထားပိုင်မြေများတွင် ကျူးကျော်ဆိုင်ခန်းဖွင့်လှစ်ထားသူ ၂၂ ဦးအား ယနေ့(ဇူလိုင် ၂၄ ရက်) နံနက် ၆ နာရီမှ စတင်ဖယ်ရှားရှင်းလင်းနေကြောင်း မြန်မာ့မီးရထားတိုင်းအမှတ်(၇)မှ မန်နေဂျာကပြောသည်။

မြန်မာ့မီးရထားပိုင်မြေအတွင်း ကျူးကျော်နေထိုင်ကြသူများအား ဖယ်ရှားပေးရန် လွန်ခဲ့သည့် တစ်နှစ်ကပင် သတိပေးစာများ ထုတ်ပြန်ထားခဲ့ ကြောင်း၊ ယခုကဲ့သို့ ရှင်းလင်းမှုများကို အသုတ်လိုက်

ဦးသိန်းညွန့်၏ ရခိုင်ကိစ္စ လွှတ်တော်တွင်းဆွေးနွေးချက် ရိုဟင်ဂျာဆိုသူက ဖုန်းဆက်ခြိမ်းခြောက်


သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်၏ ရခိုင်ပဋိပက္ခ လွှတ်တော်တွင်း ဆွေးနွေးပြောကြားမှုအပေါ် ၄င်း၏ ပါတီရုံးသို့ ၄င်းကိုယ်ကိုယ် ရိုဟင်ဂျာဟု ရည်ညွန်းသုံးစွဲခဲ့သူက သုံးကြိမ်တိုင်တိုင် ဖုန်းဆက်ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း--

မန်းတွင် ဓာတ်ဆီဆိုင်ဖွင့်လှစ်ခွင့်ပြုခြင်းနှင့်ပတ်သတ်၍ မန်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရှင်းလင်း


မန်းတွင်ဓာတ်ဆီဆိုင်ဖွင့်လှစ်ခြင်း မန်းလျှပ်စစ်ဝန်ကြီးရှင်းလင်းပွ
မန္တလေးမြို့ ပေါ်အပါအ၀င် မန္တလေးတိုင်း ဒေသကြီးအတွင်း စက်သုံးဆီ အရောင်းဆိုင် များဖွင်လှစ် ရောင်းချခွင့် ပြုနေခြင်းနှင့် ပတ်သတ်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဒေါက်တာ မြင့်ကြူက မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ဇူလိုင်လ ၂၄ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ယခင် တ.ရ.က ရုံးဟောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ၀န်ကြီးက အစိုးရသစ်လက်ထပ် စက်သုံးဆီအေ

ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအဖွဲ့များ အလုပ်သမားဝန်ကြီးနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီ


မြန်မာအလုပ်သမားအဖွဲ့များနှင့် အလုပ်သမားဝန်ကြီး တွေ့ဆုံနေစဉ်
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ၀န်ကြီးထံ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ခွင့်ပြုလိုက်ပါတယ်။

ဇူလိုင် ၂၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တချို့နဲ့ တွေ့ဆုံရာမှာ ၀န်ကြီးဦးအောင်ကြည်က တိုက်ရိုက်ဆက်သွယ်ခွင့် လမ်းဖွင့်ပေးလိုက်တာလို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။

“အရှေ့တောင် အာရှမှာ ရွှေ့ပြောင်းအလုပ်သမား အရေအတွ

အ.ထ.က(၁၀) ကျောင်းကို (မော်လမြိုင်) - ကျောက်တင်ကားဝင်တိုက်မှုဖြစ်ပွား

ကျောက်တင်ကားတစ်စီး ၀င်တိုက်မှု ဖြစ်ပွါးခဲ့ကြောင်း၊ သတင်းရရှိပါသည်။


ကားတိုက်မှုကြောင့်  ၁၀တန်း (A) ခန်းရှိ ကျောင်းးသား ၁၇ ဦးနှင့်
ကျောင်းဆရာမတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။


ထိုဒဏ်ရာရရှိသူတို့ ကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ကာ
ဆေးကုသမှုခံယူလျှက်

ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်

ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ
ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ်
download ဆွဲချင်သူများ
ဒီမှာ နှိပ်ပါ http://www.mediafire.com/?s0nt69m6ko8ek7s
(ကျေးဇူးတင်ပါတယ်)
http://www.facebook.com/BuddhismBeams
Photo: ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ် download ဆွဲချင်သူများ ဒီမှာ နှိပ်ပါ <a href=http://www.mediafire.com/?s0nt69m6ko