This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Tuesday, April 30, 2013
ရုံးပတီသီး နှင့် ဆီးချို
သောက်ကြည့်လိုက်အုန်းမယ်
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆီးချိုတင်မက သွေးချိုလည်း ပျောက် ပါတယ်။
ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။ ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ 
ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ 
လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။
၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့် လေးမိုင်အတွင်း၌သာ အသုံးပြုနိုင်မည်
Share This
Tags
Untitled
အသစ်ချထားပေးလျှက်ရှိသည့် ၁၅၀၀ ကျပ်တန် မိုဘိုင်းတယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့် လေးမိုင်ပတ်လည်အတွင်းသာ ဆက်သွယ်ဆောင်ရွှက်ခြင်းပြုလုပ်နိုင်မည်ဟုသိရှိရသည်။
အဆိုပါတန်ဖိုးနည်းဖုန်းလိုင်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ တာဝါတိုင်ပေါင်း ၂၈၂ခုတည်ဆောက်ထားရှိသည်ဟုသိရပြီး အဆိုပါတာဝါတိုင်ဧရိယာအတွင်း၌ ပြည်တွင်း
၊ပြည်ပခေါ်ဆိုမှုများကို ပြုလုပ်နိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။
စီဒီအမ်အေဖုန်းလိုင်းများအတွက်ယခင်တည်ဆောက်ထားရှိသည့် တာဝါတိုင်များမှာ နည်းပညာအရ မိုင် ၂၀ အတွင်း၌ ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည်ဟု သိရပြီး ယခုချထားပေးလျှက်ရှိသည့် ၁၅၀၀ ကျပ်တန် MEC အမှတ်တံဆိမ်ပါ တယ်လီဖုန်းလိုင်းများမှာ တာဝါတိုင်နှင့် လေးမိုင်အတွင်းမျှသာ ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည့်အတွက် များစွာ ကွာဟမှု ရှိသည်ဟု သိရသည်။
ဂျီအက်အမ် ဖုန်းလိုင်းများ၏ တာဝါတိုင်များမှာ နည်းပညာအရ ၁၀ မိုင်အတွင်း ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်ကြောင်း.စီဒီအမ်အေ ၄၅၀ များအတွက်စိုက်ထူးထားသည့် တာဝါတိုင်များသည် အတားအဆီးများမရှိသည့် လွင်ပြင်ဒေသများနှင့် ပင်လယ်ကမ်းရိုးတမ်း ဒေသများ၌ မိုင် ၂၀ နှင့် အထက်ကိုပင်ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည်ဟုဆက်သွယ်ရေးနည်းပညာ ကျွမ်းကျင်သူတစ်ဦးကပြောသည်။
အဆိုပါဖုန်းလိုင်းများသည် ဧပြီလ ၂၄ ရက်နေ၌ စတင်ချထားပေးခဲ့ သည့် ဖုန်းလိုင်းများဖြစ်ပြီး ရပ်ကွက်.ကျေးရွာများ၌ကံစမ်းမဲ စနစ်ဖြင့် ရောင်းချပေးခဲ့ သည့် ဖုန်းလိုင်းများဖြစ်ပြီး လာမည့်လစဉ်အတိုင်း၌လည်း အဆိုပါအရေအတွက်အတိုင်း တစ်နိုင်ငံလုံး၌ ချထားပေးမည်ဖြစ်သည်။
Credit to >> Internet Journal
ရေမလို အဝတ်လျှော်စက် LG ကထုတ်မည်
Photo: ရေမလို အဝတ်လျှော်စက် LG ကထုတ်မည်
ဘယ်လိုနည်းပညာနဲ့ ထုတ်မလဲတော့မသိဘူး။ တောင်ကိုရီးယား LG ကတော့ ရသုံးစရာ မလိုတဲ့ အဝတ်လျှော်စက် ထွင်မတဲ့လေ။ 
ဖြစ်နိုင်ပါ့မလားလို့တောင် စဉ်းစားကြည့်တယ်။ LG ကတော့ ထုတ်လုပ် မှာ ဖြစ်တယ်လို့ နိုင်ငံတကာ နည်းပညာ သတင်းများ က ဖော်ပြ ထားကြပါတယ်။ အပူချိန်၊ လျှပ်စစ်၊ ဖိအား စွမ်းအင် သုံးမျိုးကို အခြေခံ လို့ အဝတ်အထည်တွေကို သန့်ရှင်းအောင် လုပ်လို့ ရမယ့် ဖော်မြူလာ ကို LG ကို ဖန်တီးအောင်မြင်ထားတယ်လို့ဆို ပါတယ်။ 
သို့ပေမယ့် Development အဆင့်မှာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ များမကြာမီ နှစ်များအတွင်းမှာ မြင်တွေ့လာရမယ့် LG ရဲ့  ကမ္ဘာ့ ပထမဆုံး ရေမလို အဝတ်လျှော်စက် ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: tecblog
Aung Kham (TSJ team)
TechSpace Journal
ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘောနစ်မြုပ်..
ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘောနစ်မြုပ်
4.28.10
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ အချင်းချင်းတိုက်မိပြီး မြန်အောင်သင်္ဘောမှာ လုံးဝနစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင် သင်္ဘောသည် စက်သုံးဆီများအား မော်လမြိုင် ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာခဲ့ရာ ဧပြီ ၂၈ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မှော်ဝန်းမီးပြဗော်ယာသို့ ကွေ့လာချိန်တွင် သီလ၀ါ MIPL ဆိပ်ကမ်း၌ မော်တော်ကားများချပြီး ရန်ကုန်မြစ်ဝသို့ ပြန်လည်ထွက်ခွာလာသော Malacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင် သင်္ဘော၏ ၀ဲဘက်အလယ်ပိုင်းတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် မြန်အောင်သင်္ဘောမှာ တစ်ဖက်သို့ တိမ်းစောင်းခဲ့ကာ ရေများဝင်ရောက်၍ မျောပါသွားခဲ့ပြီး Chokey shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ်ကမ်း အနီးတွင်) လုံးဝနစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
နစ်မြုပ်ခဲ့သည့် မြန်အောင် ရေယာဉ်တွင် သင်္ဘောသား ၁၇ ဦး ပါဝင်ပြီး၊ ယင်းသင်္ဘောသားများအား တပ်မတော်(ရေ)မှ စစ်သင်္ဘောနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေယာဉ်တို့မှ အသီးသီး ကယ်တင်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း သိရသည်။
4.28.10
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)
မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင်သင်္ဘောအား ရေယာဉ်မှူး ဦးစံတင်မောင်းနှင်ခဲ့ပြီး၊ Malacca Highway သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး(Pilot 39)တို့ အသီးသီး မောင်းနှင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ မြန်အောင်ရေနံတင် သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းရင်းအား ရေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှူးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အခြားတာဝန်ရှိ အဖွဲ့အစည်း အသီးသီး ပါဝင်သောအထူး စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားခဲ့သည်။
''သင်္ဘောတိုက်မိခဲ့ပြီးချိန်မှာပဲ တပ်မတော်(ရေ)နဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရေယာဉ်တွေက ချက်ချင်းကယ်တင်နိုင်ခဲ့လို့ လူအသေ အပျောက်မရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သင်္ဘောလုံးဝ နစ်မြုပ်သွားတဲ့ နေရာက သင်္ဘောတွေ သွားလာနေတဲ့ ရေလမ်းကြောင်းနဲ့လည်း လွတ်ကင်းမှုရှိလို့ သင်္ဘောတွေ သွားလာမှုကို ထိခိုက်မှုမရှိပါဘူး။
 ရေနံတင်သင်္ဘောကလည်း စက်သုံးဆီတွေကို မော်လမြိုင်ဆိပ်ကမ်းမှာ ချထားခဲ့ပြီးဖြစ် တဲ့အတွက် မြစ်ရေပြင်ညစ်ညမ်းမှု ဖြစ်စဉ်အတွက် စိုးရိမ်စရာမရှိပါဘူး။ အခုဖြစ်စဉ်ကို အထူးစုံစမ်းစစ်ဆေး ရေးခုံရုံးဖွဲ့ပြီး စစ်ဆေးသွားမှာပါ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်း မောင်က ပြောကြားခဲ့သည်။
4.28.10
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)
က်ရှိတွင် ရန်ကုန်မြစ်ကြောင်း အတွင်း မြန်အောင်သင်္ဘော နစ်မြုပ်ခဲ့သည့်နေရာ၌ အချက်ပြ မီးဗော်ယာတစ်လုံးချထားပြီး ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောသည် အလျား ၆၃ ဒသမ ၅ မီတာ၊ အနံ ၁၃ မီတာ၊ ရေစူး ၃ မီတာနှင့် တန်ချိန် ၁၁၂၅ တန်ရှိပြီး၊ Malacca Highway သင်္ဘောမှာ တန်ချိန် ၁၇၀၀၀ ရှိကြောင်း သိရသည်။
Malacca Highway သင်္ဘောအား လက်ရှိတွင် ထွက်ခွာခွင့်မပြုဘဲ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားထားကြောင်း သတင်းရရှိပါသည်။ နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောအား မြန်မာ့ရေန ဓာတုလုပ်ငန်းမှ အမြန်ဆုံးပြန် လည်ဆယ်ယူ သွားမည်ဖြစ်ကြောင်းလည်း သတင်း ရရှိပါသည်။
ဥရောပ ၆ နိုင်ငံခရီးနှင့် သဉ္ဇာနွယ်ဝင်း
 (rating: 1.5 | 2 votes | 507 views)
သဉ္ဇာနွယ်ဝင်းက မိသားစုနဲ့ အတူ ဧပြီ ၈ ရက်နေ့က ဥရောပ ၆ နိုင်ငံကို အပန်းဖြေခရီးသွားခဲ့ပြီး ဧပြီ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာပါတယ်။ ၆ နိုင်ငံ ခရီးစဉ်မှာတော့ အနုပညာနဲ့ ပတ်သက်တာတွေ မလေ့လာဖြစ်ခဲ့ပေမယ့် ဗိသုကာလက်ရာ တွေတော့ လေ့လာဖြစ်ခဲ့ကြောင်း သဉ္ဇာနွယ်ဝင်း ပြောပါတယ်။ ”သူတို့ နိုင်ငံ တွေရဲ့ လူနေမှုပုံစံတော့ကြိုက်တယ်။ သူတို့နိုင်ငံက အနုပညာနဲ့ပတ်သက်တာတွေ တော့ မလေ့လာဖြစ်ခဲ့ဘူး။ 
သူတို့ရဲ့ ဗိသုကာလက်ရာတွေတော့ လေ့လာခဲ့တယ်။ ရောမ နိုင်ငံက ဗိသုကာလက်ရာကတော့ အကောင်းဆုံးပါပဲ။ အမှတ်တရကတော့ထွေထွေထူးထူး မရှိခဲ့ပါဘူး။ ဒါပေမဲ့ မိသားစုနဲ့သွားရတဲ့အတွက် တအားပျော်ပါတယ်” လို့ ပြော ပါတယ်။ နှစ်သစ်ရောက်လာပြီ ဖြစ်တဲ့အတွက် နှစ်ဟောင်းထက် အနုပညာအလုပ်ကိုပိုကြိုးစားပြီး လုပ်သွားမှာ ဖြစ်ကြောင်း၊ လူတွေ အကုန်လုံးကိုလည်း စိတ်ရှည်ရှည် ထားပြီး ဆက်ဆံသွားမှာဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။
”အဓိကကတော့ နှစ်သစ်မှာ အနုပညာအလုပ်ကို ပိုကြိုးစားပြီး လုပ်သွားမယ်။ ပရိသတ်တွေလည်း ကိုယ့်ကို အားပေးရကျိုးနပ်အောင် ပိုကြိုးစားသွားမယ်။ ပြီးတော့ စိတ် ရှည်ရှည်လေး ထားမယ်။ အဝတ်အစားတွေကိုလည်း ပုံစံတစ်မျိုးနဲ့ဝတ်ဖြစ်သွားမယ်” လို့ပြောပါတယ်။ ဇာတ်ကား ရိုက်ကူးမှုတွေကိုတော့ မေလဆန်းမှသာ ပြန်လည်ရိုက် ကူးသွားမှာဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။
တွယ်တာ
By Popular Myanmar
အဆိုဘက်ကို ခြေလှမ်းဖြစ်လာသူ ဝါဆိုမိုးဦး
 (rating: 0 | 0 votes | 539 views)
ရုပ်ရှင်သရုပ်ဆောင် အတတ်ပညာဆိုတာ လေ့လာသင်ယူလို့ မကုန်ပါဘူးလို့ဆိုလာသူ ဝါဆိုမိုးဦးက သရုပ်ဆောင် ဘက်သာမက အဆိုဘက်ကို ခြေလှမ်းစတော့မယ်လို့ ပြော ပြခဲ့ပါတယ်။ အနုပညာ အားလုံးကိုချစ်တဲ့ ဝါဆို မိုးဦးက အဆိုပိုင်း ကိုလည်း စီစဉ်ထားပြီး တစ်ကိုယ်တော် အခွေထုတ် ဖို့အထိ တော့မလုပ်နိုင်သေး ပေမယ့်အတွဲခွေ တွေမှာတော့ သီဆိုသွား မှာဖြစ်ကြောင်း ပြောလာပါတယ်။ ကိုယ်က သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် သီချင်းစဆိုဆိုချင်း ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ရ လဲလို့ မေးကြည့်တော့ “စဆိုတုန်းကဆိုရင် ကြောက်တယ်။ 
အသံဝင်ပြီး အဆင်မပြေဖြစ်မှာ ကြောက်တယ်။ ပရိသတ်တွေက ကိုယ် ဖျော်ဖြေနေတဲ့အချိန်မှာ ဘာမှ မပြောဘူး။ အနုပညာရှင်ကို ချစ်ကြတာကိုး။ ကိုယ်က စင်ပေါ်မှာဆို၊ သူတို့က စင်အောက်က နေလိုက်ဆို၊ လက်ခုပ်တီးပြီး အားပေးကြတာ အဆင်ကိုပြေနေတာပဲ။ 
အခုတော့  အေးဆေးလေးဖြစ်သွားပါပြီ”လို့ ပြောပြခဲ့ပါတယ်။ ဇာတ်ကား ရိုက်တဲ့ အခါ ပရိသတ်တွေ  ပေးတဲ့မှတ်ချက်နဲ့ သီချင်းဆိုတဲ့အခါ ပရိသတ်ပေးတဲ့ မှတ်ချက် ဘယ် အရာက ဝါဆိုမိုးဦးကို ပိုရင်ခုန်စေလဲလို့မေးတော့…”ဇာတ်ကားက ရိုက်ပြီးမှ ဖြန့်တယ်ဆိုတော့ ပရိသတ်ပေး တဲ့မှတ်ချက်က စောင့်ရတာ နည်းနည်းကြာတယ်။ ထပ်ပြီး လေ့လာတယ်။ အနုပညာ၊ သရုပ်ဆောင်ပညာ ဆိုတာ ဘယ်သောအခါမှ လေ့လာလို့ ကုန်ဆုံးတဲ့ အရာမဟုတ်ပါဘူး”လို့ ပြောပြခဲ့ပါတယ်။
ထူးထူး
By Popular Myanmar
ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ်ကာ ဆူပူအုံကြွမှုပုံစံဖြစ်ပါက ထိရောက်စွာအရေးယူမည်
Photo: ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ်ကာ ဆူပူအုံကြွမှုပုံစံဖြစ်ပါက ထိရောက်စွာအရေးယူမည်
Monday, April 29, 2013  
မြန်မာနိုင်ငံသဘင်ပညာရှင် များအစည်းအရုံး(ဗဟို)မှ ရိုးရာ ယဉ်ကျေးမှုဇာတ်သဘင်နှင့်သီဆို တီးမှုတ်တင်ဆက်မှုဆိုင်ရာ စည်း ကမ်းချက်များကို ဧပြီ(၂၆)ရက်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဇာတ်သဘင်အဖွဲ့များ လိုက် နာရမည့်အချက်များမှာ ဇာတ်ပွဲ စတင်ရာတွင် ဘုရားကန်တော့ ခန်း၊ နတ်ကတော်အက၊ အပျို တော်အကစသည့်အစီအစဉ်များကို သမားစဉ်များတင်ဆက်ခဲ့သည့် အစီအစဉ်များအတိုင်း နောက် ပိုင်းဇာတ်တော်ကြီးများကို အလေး အနက်ထားတင်ဆက်ခြင်း (သို့) ဇာတ်ကောင်သဏ္ဍာန်နှင့် ဟန် အသွင်ဆောင်သော အော်ပရာ ပြဇာတ်ကြီးများ ပါဝင်ကပြနိုင်ရ မည်။ 
အငြိမ့်သဘင်အဖွဲ့များ အနေဖြင့် ခွန်းတောက်၊ မေတ္တာ ပို့နှုတ်ခွန်းဆက်စသည်တို့ဖြင့် အငြိမ့်သမားစဉ်များပါရှိရမည့် အပြင် ရှေးရိုးနှင့် ခေတ်ဆန်း မြန်မာအကများ ပါဝင်ရမည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဆန့် ကျင်သော သရုပ်ပျက်ဝတ်စား ဆင်ယင်မှုများနှင့် ကကွက်များ ကို လုံးဝတားမြစ်ထားပြီးလူရွှင် တော်များ၏ အပြုသဘောဆောင် သော ဟာသပျက်လုံးများ ပျက် နိုင်သော်လည်း မိမိပျက်လုံးကို မိမိတာဝန်ယူရမည်။ ဘာသာရေး နှင့်ပတ်သက်သော ပျက်လုံးများ နှင့် အခြားဘာသာရေးနှင့် သက် ဆိုင်သော ပျက်လုံးများကို လုံးဝ တားမြစ်ထားသည်။
ဗလာဆိုင်းနှင့် ဧည့်ခံဆိုင်း အဖွဲ့များ လိုက်နာရမည့် အချက် များမှာ ရေခင်း၊ ဗြော၊ ယိုးဒယား၊ မြင်းတက် စသည့်အစီအစဉ်များ ကို ရှေးဆရာကြီးများ ချမှတ်ခဲ့ သော တီးလက်တီးချက်သမားစဉ် များကို အလေးအနက်ထားတီး ခတ်ရမည်။ နတ်ဆိုင်းအဖွဲ့များနှင့် နတ်ကတော်များအတွက်မှာ ရွှေ တိုက်စာရင်းဝင် နတ်ချင်းများ၊ မဟာဂီတသီချင်းကြီးများ၊ ရှေး ဆရာများနှင့် နောက်ဆရာများ ရေးသားသော အပျော်ချော့သီ ချင်းများကို နတ်လမ်းစဉ်၊ နတ် စည်းကမ်းနှင့်အညီ သီဆိုတီးမှုတ် ကပြခြင်းကို သမားစဉ်မပျက် ဆောင်ရွက်ရမည်။ နတ်လမ်းစဉ် နှင့် မသက်ဆိုင်သော ခေတ်ပေါ် သီချင်းများ၊ ခေတ်ပေါ်တူရိယာ များအသုံးပြုသီဆိုခြင်း၊ ကပြခြင်း၊ ရိုးရာနတ်ပညာရပ်များကို ထိခိုက် ညှိုးနွမ်းစေသော အပြုအမူ အဟောအပြောများကို လုံးဝ တားမြစ်သည်။
ထို့အပြင် ဇာတ်သဘင်နှင့် အငြိမ့်သဘင်များ ခေတ်အကြိုက် တေးများ ဖျော်ဖြေရာတွင် မြန်မာ သံအပါအ၀င် မိနစ်(၉၀)ထက် မပိုစေရဘဲ ဆိုင်းအဖွဲ့များ ခေတ် အကြိုက်တေးသီချင်းဖျော်ဖြေရာ တွင် မိနစ်(၆၀)ထက်မပိုရပေ။ ယင်းဖျော်ဖြေသီဆိုမှု၊ ကပြတင် ဆက်မှုများတွင် တေးသံရှင် အမျိုး  သမီးများအနေဖြင့် လုံခြုံစွာ ၀တ် စားဆင်ယင်၍ သရုပ်ပျက်စွာ လှုပ် ရှားကပြသီဆိုမှုမပြုရပေ။
ဇာတ်သဘင်ပွဲသိမ်းချိန်ကို နံနက် (၆)နာရီ အငြိမ်သဘင်ပွဲ သိမ်းချိန်ကို ည(၂)နာရီ၊ ဆိုင်း အဖွဲ့သိမ်းချိန်ကို ည (၁)နာရီသတ် မှတ်ထားပြီး ယင်းအချိန်ထက်ပိုမို တင်ဆက်ရပါက အနုပညာကြေး ကို တစ်ညကြေးထက် (၅၀)ရာခိုင် နှုန်းကို ပွဲငှားသူ၊ ပွဲရှင်၊ ကန်ထရိုက် (သို့)တည်ထောင်သူမှ ထပ်ဆောင်း ပေးရမည်ဟုလည်း ပါရှိသည်။
မိမိတို့၏ တင်ဆက်ကပြမှု ကြောင့် ဆက်ဆံရေးမချေမငံဖြစ် ပြီး ပရိတ်သတ်နှင့် ဒေသခံများနှင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ ဆူပူအုံကြွမှု ဖြစ်ပွားခြင်းတို့မဖြစ်စေရန် အထူး သတိပြုရမည်ဖြစ်ပြီး မိမိတစ်ဦး တည်းကြောင့်ဖြစ်စေ၊ မိမိအဖွဲ့ ကြောင့်ဖြစ်စေ ပြဿနာကြီးငယ် ဖြစ်ပွားခဲ့ပါက သဘင်လောက တစ်ရပ်လုံး သဘင်ပညာရှင်အား လုံးနှင့်တကွ မှီခိုသူများ၏ စားဝတ် နေရေးနှင့် အကျိုးစီးပွားများ ထိ ခိုက်နစ်နာဆုံးရှုံးမှုများဖြစ်လာနိုင် သဖြင့် ပြဿနာကျူးလွန်သူကို အစည်းအရုံးအဆင့်ဆင့်မှ ခေါ်ယူ ဆွေးနွေးခြင်း၊ ဒဏ်ငွေတပ်ရိုက် ခြင်း၊ ပွဲကပြမှုပိတ်သိမ်းခြင်း၊ အစည်းအရုံးဝင်အဖြစ်မှ ထုတ်ပယ် ခြင်းတို့အထိ အပြစ်ဒဏ်ပေး၍ ထိ ရောက်ပြင်းထန်စွာ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
မိုးမြင့်ဆွေ
HotNews Weekly
သုံးခွမြို့ မှ GSM ဖုန်းလိုင်း ခေါ်မရ၊ ပြောမရ ဖြစ်နေရမှု
နေ့ ခင်းဘက် ဖုန်းတစ်ခါ ခေါ်ချင်ရင် လိုင်းအရမ်းကျပ်နေလို့ ခဏခဏ ခေါ်မှ လိုင်းဝင်ပြီး ဖုန်းတစ်ခါပြောမယ် ဆိုရင် လေးခါ ငါးခါ ခေါ်ဆိုနေရပါတယ်။ ဖုန်းပြောလို့ အဆင်မပြေဖြစ်လို့  မက့် ဆေ့ ပိုပြန်တော့လဲ မက်ဆေ့ ပိုလိုတောင်မရတာ အတော်ကြာနေပါပြီ။ ညနေ ၆နာရီ် ကျော်လာရင်
ဖုန်းခေါ်လို့  လုံးဝမရတော့ ပါ။ မက်ဆေ့ ပို့ လို့ လဲ မရတော့ ပါ။ တခြားမြို့ မှ သုံးခွမြို့ က ဖုန်းတွေကိုခေါ်ဆိုနေရင်လဲ (ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ)
 အဲဒီလိုပဲ ဖြေနေပါတယ်။ ထိုသို့ ဖုန်းလိုင်းများ ကျပ်နေရသည့် အတွက် နောက်ထပ် GSM ဖုန်းလိုင်းများ ချပေးမှာကို လက်ရှိ ဖုန်းသုံးစွဲ နေသူများမှ စိုးရိမ်ကြောင့်ကျ နေရတယ်လို့ မြို့ ခံတွေက ဆိုပါတယ်။
ထိုကဲ့သို့ GSM ဖုန်း တာဝါတိုင်နှင့် သုံးစွဲသည့် GSM ဖုန်း အရေအတွက် မမျှတမှုတို့ကြောင့်   ဖုန်းပြောဆိုရမှု ခက်ခဲနေရတာကို သုံးခွမြို့ မှ ဆက်သွယ်ရေး တာဝန်ရှိသူများကလဲ ဘာမှပြုလုပ်ပေးခြင်း မရှိသည့်အတွက် သုံခွမြို့မှ ဖုန်းသုံးစွဲသူ(ပြည်သူ ပြည်သားများ) (တောင်သူ ဦးကြီးများ) ရဟန်း ရှင်လူ မြို့သူမြို့သားများဟာ GSM ဖုန်း သုံးစွဲရတာကို အလွန်ကိုပဲ အခက်အခဲ ကြုံတွေနေရပါကြောင်း သုံးခွမြို့မှ GSM ဖုန်းကိုင်ဆောင်သူ ပြည်သူများက Myanmar News Now ကို ပြောပါတယ်။
သစ်ထူးလွင်
တစ်တိုင်ထဲရှိတဲ့ သုံးခွမြို့ က ဖုန်းတာဝါတိုင်
တာမိုးညဲပြည်သူ့စစ်ပိုင် လောင်းကစားရုံဝင်ဖမ်းသည့် ရဲများ စစ်ဆေးခံနေရ
သျှမ်းသံတော်ဆင့်
လွန်ခဲ့သည့်နှစ်အတွင်းက သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ တာမိုးညဲပြည်သူ့စစ်ပိုင် လောင်းကစားရုံအား ရဲများဝင် ရောက် ဖမ်းဆီးသည့်ကိစ္စအပေါ် ၄င်းပြည်သူ့စစ်အဖွဲ့က ပြန်လည်တိုင်ကြားသဖြင့် ယခုအခါ မူစယ်ဒေသခံရဲများ စစ်ဆေးခံ နေရကြောင်း မူစယ် ရဲသတင်းရပ်ကွက် အဆိုအရ သိရသည် ။
ယခုလ ၂၇ ရက်နေ့က ကျောက်မဲခရိုင် ရဲမှူးကြီး မူစယ်သို့ ရောက်ရှိကာ မြို့နယ်ရဲမှူးနှင့် အောက်ခြေရဲဝန်ထမ်းများအား ယနေ့အထိ စစ်ဆေးနေကြောင်း မူစယ်ဒေသခံရဲဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
အဆိုပါ လောင်းကစားရုံ ဖမ်းဆီးစဉ်က တရုတ်လူမျိုး ၉ ဦးနှင့် မြန်မာ ရ ဦး ဖမ်းဆီးခံခဲ့ပြီး ၄င်းတို့အား ၆ လကျော် ကြာ ထိန်းသိမ်းထားရာမှ မတ်လ ၂၉ ရက်နေ့က တရားရုံးလွှတ်မိန့်ဖြင့် ပြန်လွှတ်ပေးခဲ့ရာ ရဲ ပြန်အပ်ငွေများ ကွာဟမှုရှိသည်ဟု စွပ်စွဲကာ ပြည်သူ့စစ်က တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည် ။
“လောင်းကစားရုံမှာ မန်နေဂျာလုပ်တဲ့ အရင်တပ်မတော်က ဗိုလ်မှူးဟောင်း ကျော်ဇေယျက ဖမ်းတုန်းက သိမ်းထားတဲ့ ငွေတွေ ရဲက ပြန်လွှဲပြောင်းတော့ ကွာဟမှုရှိနေတယ်ဆိုပြီးတိုင်တာ။ လာစစ်တာက ခရိုင်ရဲမှူးကြီးဆိုတော့ မူစယ်က မြို့နယ်မှူး ၊ စခန်းမှူး ၊ နယ်ထိန်းကအစ အောက်ခြေရဲတွေ အစစ်ခံနေရတာပေါ့ ” ဟု ဆိုသည် ။
အဆိုပါ လောင်းကစားဝိုင်းဖမ်းစဉ်က မူစယ်ခရိုင်ရဲမှူးကြီးကိုယ်တိုင် အသိသက်သေများဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့သော် လည်း ယခုအခါ ပြည်သူ့စစ်အဖွဲ့က ၄င်းနေရာမှာ လောင်းကစားရုံမဟုတ်ပဲ အလုပ်ရုံဖြစ်ကြောင်း ပြောဆိုနေသဖြင့် နောင်အခါ ရဲများအတွက် လောင်းကစားဝိုင်း ဖမ်းဆီးရာတွင် အခက်အခဲရှိကြောင်း၊ မဖမ်းလျှင်လည်း ပြည်သူများက ရဲများငွေယူ၍ လွှတ်ထားသည်ဟု ဝေဖန်တိုင်ကြားကြမည်ဖြစ်သဖြင့် ရဲဝန်ထမ်းများမှာ ဘေးကျပ်နံကျပ်ဖြစ်နေကြောင်း ၄င်းက ဆက်ပြောသည် ။