Tuesday, April 30, 2013

အဆိုဘက်ကို ခြေလှမ်းဖြစ်လာသူ ဝါဆိုမိုးဦး


 (rating: 0 | 0 votes | 539 views)
ရုပ်ရှင်သရုပ်ဆောင် အတတ်ပညာဆိုတာ လေ့လာသင်ယူလို့ မကုန်ပါဘူးလို့ဆိုလာသူ ဝါဆိုမိုးဦးက သရုပ်ဆောင် ဘက်သာမက အဆိုဘက်ကို ခြေလှမ်းစတော့မယ်လို့ ပြော ပြခဲ့ပါတယ်။ အနုပညာ အားလုံးကိုချစ်တဲ့ ဝါဆို မိုးဦးက အဆိုပိုင်း ကိုလည်း စီစဉ်ထားပြီး တစ်ကိုယ်တော် အခွေထုတ် ဖို့အထိ တော့မလုပ်နိုင်သေး ပေမယ့်အတွဲခွေ တွေမှာတော့ သီဆိုသွား မှာဖြစ်ကြောင်း ပြောလာပါတယ်။ ကိုယ်က သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် သီချင်းစဆိုဆိုချင်း ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ရ လဲလို့ မေးကြည့်တော့ “စဆိုတုန်းကဆိုရင် ကြောက်တယ်။ 
အသံဝင်ပြီး အဆင်မပြေဖြစ်မှာ ကြောက်တယ်။ ပရိသတ်တွေက ကိုယ် ဖျော်ဖြေနေတဲ့အချိန်မှာ ဘာမှ မပြောဘူး။ အနုပညာရှင်ကို ချစ်ကြတာကိုး။ ကိုယ်က စင်ပေါ်မှာဆို၊ သူတို့က စင်အောက်က နေလိုက်ဆို၊ လက်ခုပ်တီးပြီး အားပေးကြတာ အဆင်ကိုပြေနေတာပဲ။ 
အခုတော့  အေးဆေးလေးဖြစ်သွားပါပြီ”လို့ ပြောပြခဲ့ပါတယ်။ ဇာတ်ကား ရိုက်တဲ့ အခါ ပရိသတ်တွေ  ပေးတဲ့မှတ်ချက်နဲ့ သီချင်းဆိုတဲ့အခါ ပရိသတ်ပေးတဲ့ မှတ်ချက် ဘယ် အရာက ဝါဆိုမိုးဦးကို ပိုရင်ခုန်စေလဲလို့မေးတော့…”ဇာတ်ကားက ရိုက်ပြီးမှ ဖြန့်တယ်ဆိုတော့ ပရိသတ်ပေး တဲ့မှတ်ချက်က စောင့်ရတာ နည်းနည်းကြာတယ်။ ထပ်ပြီး လေ့လာတယ်။ အနုပညာ၊ သရုပ်ဆောင်ပညာ ဆိုတာ ဘယ်သောအခါမှ လေ့လာလို့ ကုန်ဆုံးတဲ့ အရာမဟုတ်ပါဘူး”လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
By Popular Myanmar

0 ကွန်မန့်ရေးရန်:

Post a Comment