This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, July 20, 2013

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် လက်နက် ကိုင်ဆောင်လာသူအား စစ်ဆေးတွေ့ရှိ အရေးယူ

ရန်ကုန်၊ ဇူလိုင် ၁၉

၁၉.၇.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ရွေတိဂုံစေတီတော် တောင်ဘက်မုခ် အလယ်ပစ္စယံ စောင်းတန်းတွင် လုံခြုံရေးဝန်ထမ်း ဦးအေးကြည်နှင့် ကိုရဲရင့်အောင်တို့မှ မသင်္ကာတွေ့ ရှိသူ
သိန်းမျိုးဆွေ၊ (၂၆)နှစ်၊ (ဘ)ဦးအုန်းမြင့်၊ ရေဥက္ကံရွာ ၊ လှိုင်သာယာမြို့နယ် နေသူအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ဓါးအိမ်ပါ ဓါးဦးချွန်တစ်ချောင်းအား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဒဂုံမြို့မရဲစခန်း(ပ) ၁၆၃/၂၀၁၃ ၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အရေးယူ
ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Dictionary ကို အလွယ်တကူအသုံးပြုချင်ကြတဲ့ သူငယ်ချင်းတွေအတွက်Oxford Dictionary of English T 4.3.059 ( Android Application )

Dictionary ကို အလွယ်တကူအသုံးပြုချင်ကြတဲ့ သူငယ်ချင်းတွေအတွက်ပါ။ Oxford Dictionary လေးပါ။ စာအုပ်တွေ၊ computer တွေနဲ့လည်း အသုံးပြုပြီးသားဖြစ်ကြတဲ့ အတွက် ထွေထွေထူးထူးတော့ ရှင်းပြစရာမလိုတော့ဘူးလို့ထင်ပါတယ်ဗျာ။  ဒီ app လေးကို ကိုယ့်ဖုန်းထဲကို install လုပ်ပြီး အသုံးပြုရုံပါပဲဗျာ။ အသံထွက်ပါ ပါဝင်တဲ့အတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။ Android version 2.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်ဗျာ။

အောက်က link ကနေ download လုပ်နိုင်ပါပြီဗျာ။

ဖုန်းနဲ့မကြာခဏဓာတ်ပုံရိုက်တတ်သူတွေအတွက် InstaPlace Pro v1.2 Apk (16.39 Mb)

InstaPlace Pro v1.2 Apk (16.39 Mb)
=====================

InstaPlace Proအသုံပြုတဲ့ သူငယ်ချင်းတွေအတွက် 18 ရက်နေ့ Update လေးတင်ပေးလိုက်ပါတယ်
ဒီဆော့ဝဲလေးကတော့ ဖုန်းနဲ့မကြာခဏဓာတ်ပုံရိုက်တတ်သူတွေကြိုက်နှစ်သက်ကြမှာပါ။
ဥပမာ- ကျွန်တော်က Paris ရောက်နေလို့ Paris မျှော်စင်ကြီးကိုဓာတ်ပုံရိုက်လိုက်တယ်ဆိုပါစို့ ။ ဓာတ်ပုံထဲမှာ မိမိရောက်နေတဲ့ နေရာဒေသရဲ့ နာမည်ကို InstaPlace ဆော့ဝဲက auto ဖြည့်ပေးသွားမှာပါ။ I love Paris ဆိုပြီးတော့ပေါ့ ။ ဒီဆော့ဝဲကိုအသုံးမပြုခင်မှာ ဖုန်းမှာအင်တာနက်တော့ဖွင့်ထားဖို့လိုပါတယ်။ ပေါ်ချင်တဲ့ စာလုံးဒီဇိုင်းကိုလည်းကြိုက်တာပြောင်းနိုင်ပါသေးတယ်။ Google Play မှာ download လုပ်မှုအများဆုံး application စာ၇င်းဝင်တဲ့ ဓာတ်ပုံဆော့ဝဲလေးလည်းဖြစ်ပါတယ်။
https://play.google.com/store/apps/details?id=air.byss.mobi.instaplace
မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်လိပ်စာမှာရယူနိုင်ပါတယ်

http://www.amyokaungtarr.com/2013/07/instaplace-pro-v12-apk-1639-mb.html

သမီးရည်းစားချိန်းတွေ့ရာမှ အလိုမတူပြုကျင့်မှုဖြစ်ပွား

Friday, July 19, 2013

လားရှိုးမြို့အတွင်း ညဉ့်အချိန်မတော် သမီးရည်းစား ချိန်းတွေရာမှ အဓမ္မသားမယား အဖြစ်ပြုကျင့်ခံရပြီး အမှတ်(၁)ရဲစခန်းသို့ တိုင်တန်းအမှုဖွင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၁)၊ ပါရမီလမ်းသွယ်(၇)တွင် နေထိုင်သော အမျိုးသမီးငယ် တစ်ဦးသည်ရပ်ကွက်(၇)ကွက်သစ်နေ ယူစွပ်(ခ) မျိုးဝင်းခိုင်(၂၁)နှစ် ဆိုသူနှင့်သမီးရည်းစားဖြစ်ခဲ့ပြီး ဧပြီလ(၈)ရက်နေ့ ညဥ့် ၁၂နာရီခန့်တွင် ပန်းခြံအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင် အနောက်ဖက် သစ်သားခုံပေါ်တွင်အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့သားမယားအဖြစ် ပြုကျင့်သည်ကို ချက်ချင်းမပြောခဲ့ဘဲနေခဲ့ရာ ကိုယ်ဝန်နှစ်လ ရှိလာသည့် အခါမှသာ အလိုမတူဘဲ သားမယား ပြုကျင့်သော ရည်းစားဖြစ်သူ ယူစွပ်(ခ) မျိုးဝင်းနိုင်အား အရေးယူပေးပါရန် ဇူလိုင်လ (၇)ရက်နေ့တွင် လားရှိုးမြို့ အမှတ်(၁) ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း ယင်းရဲစခန်းမှ သိရသည်။

ယင်းအမှုကိစ္စနှင့်ပတ်သက်၍ အမှတ်(၁) ရဲစခန်းမှ (ပ) ၃၆၂/၁၃ ပြစ်မှုပုဒ်မ ၃၇၆ဖြင့် ယူစွပ်(ခ)မျိုးဝင်းနိုင်အားအမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

စိုင်းကံသာ(လားရှိုး)

မြန်မာ့ခေတ်

ကျပ်ငွေ ၃ ဘီလီယံကျော် ရှိသော MPU Network ကို ထပ်မံ တိုးချဲ့ဆောင်ရွက်ရန် ရှိ

ပြည်တွင်းဘဏ် ၁၇ ခုတွင် အသုံးပြုနေသည့် Myanmar Payment Union MPU အတွင်း ထည့်ဝင်ငွေ ပမာဏမှာ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံ (ဒေါ်လာ၎ သန်း) ခန့် ရှိနေပြီး နောက်ပိုင်း တွင် အာဆီယံနှင့် အခြား နိုင်ငံများ အထိ ကွန်ရက် ဆက်လက် တိုးချဲ့ သွားရန် ရှိကြောင်း MPU အလုပ် အမှုဆောင် ဦးဇော်လင်းထွန်းက ပြောကြားခဲ့သည်။

MPU Network ATM စက်များတွင် ပြည်တွင်း ဘဏ်များမှ ထုတ်ဝေသော ကတ်များ အပြင် နိုင်ငံ တကာ Visa, Master, CUP, JCB ကတ် တို့ကိုလည်း ထည့်သွင်း အသုံးပြု နိုင်ပြီး နောက် ပိုင်းတွင် MPU ကတ်များကို အာဆီယံ နိုင်ငံများ သို့ပါ သယ်ဆောင် အသုံးပြု နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် MPU ကတ်ကို နိုင်ငံ တကာနှင့် ချိတ်ဆက် နိုင်ရန် Co-brand Card ဖြစ်လာရန်၊ B-commerce ကို အထောက် အပံ့ ဖြစ်စေ ရန်နှင့် APN integration ဖြစ်လာရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် MPU ကတ်ကို အစိုးရ ဘဏ်သုံးခုနှင့် ပုဂ္ဂလိက ဘဏ် ၁၄ ခု စုစုပေါင်း ဘဏ် ၁၇ ခုတွင် တပ်ဆင် အသုံးပြု နေပြီး တစ်နိုင်ငံလုံး အနှံ့တွင် MPU Network ATM ၂၆၄ ခု၊ POS ၁ဝ၃၈ ခုရှိကာ ငွေပြောင်း၊ ငွေထုတ် ပြုနိုင်ပြီ ဖြစ်ကြောင်း စက်ဖြင့် ငွေလွှဲပြောင်း ရာတွင် အောင်မြင်မှုမှာ ၇၁ ဒသမ ၁၉ ရာခိုင်နှုန်းခန့် ရှိကြောင်း

Read More >> http://www.myawady.net.mm/allnews/local/item/19945-2013-07-19-08-35-34

ဘွဲ့ရ အလုပ် လက်မဲ့ များကို ငါးနှစ်တာ ကာလ အတွင်း သင်တန်း ပေးပြီး Telenor က အဆက် မပြတ် အလုပ် ခန့်ထားမည်

ပြည်တွင်းရှိ ဘွဲ့ရ အလုပ် လက်မဲ့ များကို ငါးနှစ်တာ ကာလ အတွင်း သင်တန်းများ ပေးပြီး Telenor ဝန်ထမ်းများ အဖြစ် အဆက် မပြတ် အလုပ် ခန့်ပေးမည် ဖြစ်ကြောင်း ဆက်သွယ် ရေး ကုမ္ပဏီ၏ မြန်မာပြည် တာဝန်ခံ ဖြစ်သူ Petter Furberg က ယမန် နေ့က ပြောကြား ခဲ့သည်။

Telenor ဆက်သွယ်ရေး ကုမ္ပဏီ အနေဖြင့် လုပ်ငန်း လိုင်စင် ရရှိရန် သက်ဆိုင်ရာ ဌာန များနှင့် ညှိနှိုင်း ဆွေးနွေး နေပြီး လိုင်စင် ရရှိ ပါက ရှစ်လအတွင်း ဆင်းကတ် များ ရောင်းချ ပေး မည် ဖြစ်သည်။ ယင်းသို့ လုပ်ဆောင် နိုင်ရေး အတွက် ကွန်ရက်များ ချိတ်ဆက် ဆောင်ရွက် နိုင်ရန် ပြည်တွင်း ကုမ္ပဏီ များနှင့် ပူးပေါင်း လုပ်ဆောင် နေကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာ စနစ် လုပ်ကိုင်ခွင့် လိုင်စင် ရရှိပါက ဝန်ထမ်းများ ခေါ်ယူပြီး သင်တန်းများ ပေးသွား မည်ဖြစ်သည်။ Telenor ကုမ္ပဏီ အနေဖြင့် တစ်နှစ် အတွင်း တစ်နိုင်ငံလုံး 2G, 3G ရရှိမည် ဖြစ်ပြီး ငါးနှစ် အတွင်း အင်တာနက်နှင့် အချက် အလက် ရယူမှု ကို တစ်နိုင်ငံလုံး အသုံးပြု နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ တပ်ဆင်ကာ လငါး နှစ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း များတွင် လိုအပ်သော လုပ်သား အင်အားကို ပြည်တွင်း ဘွဲ့ရ အလုပ် လက်မဲ့ များကို သင်တန်း ပေးပြီး ခန့်အပ် ပေးမည် ဖြစ်ကြောင်း မြန်မာပြည် တာဝန်ခံက

Read More >> http://www.myawady.net.mm/allnews/local/item/19946-2013-07-19-08-43-48

ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ ဆွမ်းကပ်ပွဲ ဦးရွှေမန်းတက်ရောက်

အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီနေ့ပြုလုပ်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက မိသားစုနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ဆွမ်းကပ်ပွဲဟာ အထူးခြားဆုံးဖြစ်သလို၊ ပဏ္ဍိတရာမရွှေတောင်ကုန်း ဆရာတော်ကြီးကလည်း ကိုယ်ကျိုးမကြည့်ပဲ ပူးပေါင်းဆောင်ရွက်ကြဖို့ တရားဒေသနာချီးမြှင့်တယ်လို့ အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက RFA ကို ပြောပါတယ်။

"သိပ်ထူးခြားတာ၊ ကျနော်တောင် အံ့သြသွားတယ်၊ ကျနော်က အလယ်ခေါင်က၊ ဘယ်ဘက်က ကိုရွှေမန်း၊ ညာဘက်က ဒေါ်အောင်ဆန်းစုကြည် တရားနာကြတယ်၊ အစအဆုံး ရေစက်ချတဲ့အထိပေါ့၊ ထမင်းစားဝိုင်းကျတော့ တစ်ဝိုင်းထဲပါပဲ၊ ကျနော်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သူရရွှေမန်းရယ်၊ နောက်သူရရွှေမန်းဇနီးရယ် အဲဒါအလှူတုန်းက၊ နောက်ပြီးတော့ ပဏ္ဍိတဆရာတော်ကြီးကတော့ ဒီနှစ်တရားဟောတာ ဒီလိုပဲပြေလည်အောင် လုပ်ကြတဲ့ကိစ္စတွေမှာကတော့ စေတနာအရင်းခံဖြစ်နဲ့ သွားကြတယ်ဆို ကောင်းတယ်ပေါ့နော်၊ တခါတလေကျတော့လည်း ကိုယ့်ရဲ့အကျိုးကို မျှော်ကိုးပြီးတော့ လုပ်ကြကိုင်ကြတာတွေလည်း ရှိတတ်တယ်ပေါ့၊ အဲဒါတွေကိုတော့ မဖြစ်စေချင်ဘူးပေါ့နော်၊ နိုင်ငံအတွက် အကျိုးကျေးဇူးကြည့်ပြီးတော့ လုပ်တဲ့သဘောမျိုးလုပ်တာတွေကို ဖြစ်စေချင်တဲ့သဘော အဲဒီလိုမိန့်တယ်၊ အတိုလေးပေါ့"

ဆွမ်းကပ်လှူပွဲကို သီတဂူဆရာတော် အရှင်ဥာဏိဿရ၊ အရှင်စန္ဒာဓိကနဲ့ ချမ်းမြေ့ဆရာတော်တို့ ကြွရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၈ နာရီလောက်မှာ နိုင်ငံတော်အစီအစဉ်နဲ့ အာဇာနည်ဗိမာန်မှာ သွားရောက်ဂါဝရပြုခဲ့ပြီးတဲ့နောက် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဆရာတော်ကြီးတွေကို ဆွမ်းကပ်တရားနားခဲ့တာဖြစ်ပါတယ်။