This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, August 8, 2013

မြန်မာနိုင်ငံမှာ အစိုးရတပ်အပြင် အခြားလက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံး ၇ ခုဟာ ကလေးစစ်သားတွေကို စုဆောင်းအသုံးပြုတာတွေ ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်

Thursday, August 8, 2013

ကလေးစစ်သား ၆၈ ဦးလွှတ်ပေးတဲ့အတွက် ကုလကြိုဆို

မြန်မာစစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် အသုံးပြုမှု အဆုံးသတ်ရေး ကြိုးပမ်းမှုအနေနဲ့ ကလေးစစ်သား ၆၈ ဦးကို တပ်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။

အခုအချိန်အထိဆိုရင်တော့ မြန်မာစစ်တပ်အနေနဲ့ စစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၇၆ ဦးကို မိဘတွေထံကို ပြန်လည် ပေးအပ်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၄ ခုနှစ် အစောပိုင်း နောက်ဆုံးထားပြီး စစ်တပ်အတွင်းက ကျန်နေတဲ့ ကလေးစစ်သားတွေကို ပြန်လွှတ်ပြီး မိဘလက်ထံ လွှဲပြောင်းပေးမယ်လို့ ပြီးခဲ့တဲ့နှစ်က မြန်မာအစိုးရက ကတိက၀တ် ပြုထားခဲ့ပါတယ်။

အခုလို ကလေးစစ်သားတွေ ပြန်လွှတ်ပေးတာကို ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအကြီးအကဲ Shalini Bahuguna က ကြိုဆိုပါတယ်။ ဒါပေမဲ့လို့ စစ်တပ်အတွင်းမှာရှိတဲ့ ကလေးငယ်တွေအားလုံးကို အစုလိုက် ပြန်လွှတ်ပေးဖို့ အချိန်ကျနေပြီလို့တော့ သတိပေးပါတယ်။

တပ်တွင်းက အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ဖို့အတွက်၊ တပ်တွင်းမှာ စာရင်းကောက်ခံမှုတွေကို အရှိန်မြှင့် ဆောင်ရွက်သင့်တယ်လို့လည်း အကြံပြုပါတယ်။

ဒါ့အပြင် အစိုးရတပ်ကမဟုတ်တဲ့ မြန်မာနိုင်ငံတွင်း အခြားလက်နက်ကိုင် တပ်တွေအတွင်းက အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကိုလည်း ချက်ခြင်း ပြန်လွှတ်ဖို့ UNICEF ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတပ်အပြင် အခြားလက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံး ၇ ခုဟာ ကလေးစစ်သားတွေကို စုဆောင်းအသုံးပြုတာတွေ ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Thit Htoo Lwin - News

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ လာမယ့် သီတင်းပတ် ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ဖျက်သိမ်း

Thursday, August 8, 2013

Snowden ခိုလှုံခွင့်ပေးမှုကြောင့် ပူတင်နဲ့တွေ့ဆုံရေး အိုဘားမားဖျက်သိမ်း

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ လာမယ့် သီတင်းပတ် ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောပါတယ်။ ဒီလို ဆွေးနွေးပွဲအစီအစဉ် ဖျက်သိမ်းတာဟာ ရှားရှားပါးပါး သံတမန်ရေး တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း St. Petersburg မှာ ပြုလုပ်မယ့် စက်မှုထိပ်သီး စီးပွားရေးနိုင်ငံ ၂၀ - G20 ထိပ်သီးစည်းဝေးပွဲကို တတ်ရောက်ဖို့ သမ္မတ အိုဘားမားအနေနဲ့ ရုရှားကို သွားရောက်ဖို့ အစီအစဉ်ရှိတုန်းပဲလို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ကြေညာပါတယ်။ ဒီအစည်းအဝေးပြီးရင် မူလ မော်စကို ကို သွားမယ့် အစီအစဉ်ဖျက်ပြီး၊ ဆွီဒင်နိုင်ငံဘက်ကို သွားဖို့ ရည်ရွယ်ထားတယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ အစီအစဉ် အသေးစိတ်တွေကို ဖောက်ထုတ်ဖွင့်ချခဲ့တဲ့ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) ကို ရုရှားကနေ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ယာယီ ခုံလှုံခွင့်ပေးတဲ့အပေါ် သမ္မတ အိုဘားမားအစိုးရအတွက် ဒေါသဖြစ်စေခဲ့ပါတယ်။

စနိုဒန်ကို သူလျှိုလုပ်မှုနဲ့ အရေးယူဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ပြန်အပ်ဖို့ သမ္မတ အိုဘားမားက ရုရှားကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီတောင်းဆိုချက်ကို မစ္စတာ ပူတင် က ပယ်ချခဲ့တာပါ။ ဒါ့အပြင် ရုရှားနဲ့ အမေရိကန်ကြား ကိစ္စရပ် အချို့မှာလည်း သဘောကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

ဒီအထဲမှာတော့ ဥရောပမှာ အမေရိကန်ဘက်က ဒုံးကာကွယ်ရေးစနစ် ထားရှိဖို့ကိစ္စ၊ လူ့အခွင့်အရေးကိစ္စ၊ ဆီးရီးယား ပြည်တွင်းစစ်မှာ ဆီးရီးယားသမ္မတ ဘက်ရှာ အယ် အာဆပ် အစိုးရတပ်တွေအတွက် ရုရှားက လက်နက်တင်ပို့တဲ့ ကိစ္စရပ်တွေ ပါဝင်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့က ဆီးရီးယား သူပုန်တွေကို ထောက်ခံထားတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)

Thit Htoo Lwin - World News

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ မြေကွက် ဈေးနှုန်းများမှာ မေလကုန်ပိုင်းမှ စတင်၍ တဖြည်းဖြည်း တက်လာရာ ယခုအချိန်တွင် ၃၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာ

Thursday, August 8, 2013

ဒဂုံဆိပ်ကမ်း မြေကွက်ဈေး နှစ်လအတွင်း ၃၀ ရာခိုင်နှုန်းတက်ဟုဆို

ဝင်ငွေနည်း လူတန်းစားများအတွက် ရည်ရွယ်သည့် အိမ်ရာလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ မြေကွက် ဈေးနှုန်းများမှာ မေလကုန်ပိုင်းမှ စတင်၍ တဖြည်းဖြည်း တက်လာရာ ယခုအချိန်တွင် ၃၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အိမ်ရာ စီမံကိန်းများ ရုပ်လုံးပေါ်လာခြင်းနှင့် မြို့ပြဧရိယာ တိုးချဲ့မည့် သတင်းများကြောင့် ရင်းနှီးမြှုပ်နှံသူများနှင့် ဝယ်ရောင်းသမားများက မြေကွက်များကို ဝယ်ယူကာ ဈေးမြှင့် ခေါ်ဆိုနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ပြောဆိုသည်။
“မေလတုန်းက အဓိက လမ်းမကြီးတွေပေါ်မှာ ရှိတဲ့ ပေ ၄၀ x ပေ ၆၀ မြေ တစ်ကွက်ကို ၇၀၀ (ကျပ်သိန်း) လောက်ပဲ ရှိတာ။ အခု ၁၀၀၀ (ကျပ်သိန်း) ကျော်လောက် ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ယင်းမြို့နယ်ရှိ အိမ်ရာ စီမံကိန်းများ ဆောက်လုပ်လျက်ရှိသော (၆၀) ရပ်ကွက် နှင့် (၆၁) ရပ်ကွက် တို့ရှိ မြေကွက်များကို အဓိကထား၍ ဈေးနှုန်းမြှင့် ခေါ်ဆိုလျက် ရှိသော်လည်း အရောင်းအဝယ်သည် သိသိသာသာ တက်လာခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ ရှိကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောဆိုသည်။

အဆိုပါ မြို့နယ်တွင် မြေကွက် ဈေးနှုန်းများ တက်လာသော်လည်း ရန်ကုန်မြို့ရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်း များသည် ပုံမှန်အတိုင်းသာ ရှိပြီး အရောင်းအဝယ် အေးကာ အငှားသာ ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် အကျိုးဆောင်များထံမှ သိရသည်။

The Voice Weekly

Thit Htoo Lwin - News

မြန်မာနိုင်ငံအတွင်းရှိ နို့မှုန့်များအပေါ် သုံးစွဲသူများက စိုးရိမ်ထိတ်လန့်

Wednesday, August 7, 2013

Dumex နို့မှုန့်များ အန္တရာယ်ကင်းရှင်းကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ဘက်တီးရီးယားပါဝင်မှုကြောင့် နယူးဇီလန်နိုင်ငံမှ တင်သွင်းသည့် နို့မှုန့်အားလုံးအား တရုတ်အစိုးရမှ ပိတ်ပင်လိုက်သည့် နောက်တွင် မြန်မာနိုင်ငံအတွင်းရှိ နို့မှုန့်များအပေါ် သုံးစွဲသူများက စိုးရိမ်ထိတ်လန့်သွားကြသည်။ ကလေးငယ်များ သောက်သုံးခြင်း ဖြစ်၍ မိဘများက စိတ်ပူကြခြင်းလည်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး Dumex  နို့မှုန့်များ ဖြန့်ချိလျက်ရှိသည့် မိုအေးရှားကုမ္ပဏီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အန္တရာယ်ကင်းရှင်းကြောင်း ရှင်းလင်းခဲ့သည်။

မြန်မာနိုင်ငံ

မြန်မာနိုင်ငံမှ Dumex နို့မှုန့်များတွင်မူ နယူးဇီလန်နိုင်ငံက Fonterra ကုန်ပစ္စည်းကို သုံးစွဲသော်လည်း ဘက်တီးရီးယားပါဝင်သည့် ထုတ်လုပ်မှုအမှတ်စဉ် (batch no.) နှင့် မြန်မာနိုင်ငံသို့ တင်သွင်းသည့် ထုတ်လုပ်မှု အမှတ်စဉ် တူညီမှုမရှိကြောင်း၊ “production line  လည်း မတူပါဘူး”ဟု မိုအေးရှား၏ marketing executive အရာရှိ ဦးသီဟခိုင်က မဇ္ဈိမသို့ ပြောသည်။

“နယူးဇီလန်နိုင်ငံက Fonterra ကုန်ပစ္စည်းကို မလေးရှားနိုင်ငံကတစ်ဆင့် တင်သွင်းပြီး Dumex ထုတ်လုပ်ထားတယ်ဆိုပေမယ့် Dumex အသုံးပြုတဲ့ ကုန်ပစ္စည်းအမျိုးအစားမှာ အန္တရာယ်မရှိကြောင်း လုံးဝအာမခံ ပါတယ်။ ယုံကြည်စိတ်ချစွာသုံးစွဲဖို့ အသိပေးလိုပါတယ်” ဟု မိုအေးရှား၏ nutrition  manager အရာရှိ ဒေါက်တာနှင်းနှင်းအေးက မီဒီယာများသို့ ရှင်းလင်းတင်ပြသည်။

ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံကလည်း ထိုင်းအစားအစာ နှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့ကလည်း နယူးဇီလန်ရှိ Fonterra ကုမ္ပဏီမှ ထုတ်ပြီး ထိုင်းနိုင်ငံတွင်Anmum, Anlene နှင့် Anchor^Fernleaf  အမှတ်တံဆိပ်များဖြင့် ဖြန့်ချိသည့် နို့ထွက်ကုန်နှင့် နို့မှုန့်များကို ဈေးကွက်အတွင်းမှ ချက်ချင်းပြန်လည်ရုပ်သိမ်းရန် ကြေညာချက်ထုတ်ပြန်ရာ လူအများက စိတ်ဝင်စားပြီး စိုးရိမ်စိတ်လည်း ပိုလာကြသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ နယူးဇီလန်နိုင်ငံမှတင်သွင်းသည့် နို့မှုန့်များကို တရုတ်နိုင်ငံမှ ပိတ်ပင်လိုက်ခြင်းနှင့် ထိုင်းနိုင်ငံက ထုတ်ပြန်သည့် ကြေညာချက်များအပေါ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာထွန်းဇော်က “ကျွန်တော်တို့ဌာနမှာ မှတ်တမ်းတင်ထားတဲ့ နို့မှုန့်ထုတ်ကုန်တွေရဲ့ မှတ်တမ်းတွေကို စစ်ဆေးနေပါတယ်။ အခုချိန်ထိတော့ အထောက်အထား မတွေ့သေးပါဘူး”ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေသည်။

နို့မှုန့်များတင်သွင်းခြင်းနှင့်ပတ်သက်ပြီး နမူနာပစ္စည်းများကို စစ်ဆေးထားရာတွင်၎င်း အန္တရာယ်ဖြစ်စေသည့် အနေအထား မတွေ့ရှိကြောင်း၊ နောက်ဆုံးအတည်ပြုချက်ရယူပြီးလျှင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာနက တရားဝင်ကြေညာသွားမည်ဟု ၎င်းကရှင်းပြသည်။

နယူးဇီလန်

နယူးဇီလန်ရှိ ပင်ရင်းကုမ္ပဏီ၏ ကြေညာချက်အရ ထိုင်း၊ တရုတ်အပါအ၀င် နိုင်ငံ ခုနစ်နိုင်ငံသို့ ဖြန့်ချိခဲ့သော နို့ထွက်ကုန် တန် ၁၀၀၀ တွင် အစာအဆိပ်ဖြစ်စေသော ဘက်တီရီးယားပိုးများ ပါဝင်နေသည်ဟု ဆိုသည်။

Fonterra  အနေဖြင့် ၎င်း၏ကုန်ပစ္စည်းများမှာ သန့်ရှင်းမှုမရှိကြောင်း တွေ့ရှိခဲ့သည်ဟု ကြေညာခဲ့ပြီး တရုတ် နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိ နို့ထွက်ပစ္စည်း တန်ချိန်ပေါင်း ၁၀၀၀ ကျော်အား ပြန်လည်ရုပ်သိမ်း ရန် ဆော်သြထားသည်။

မသန့်ရှင်းမှုဖြစ်နိုင်ခြေရှိသည့် စားသုံးကုန်များတွင် ကလေးသူငယ်များ သောက်သုံးသည့် နို့မှုန့်များ၊ အားကစားသမားများ သောက်သုံးသော ဖျော်ရည်များ၊ ပရိုတိန်းဖျော်ရည်များနှင့် တခြားသော ယမကာ စားသောက်ကုန်များ ပါဝင်သည်။

 အေးမြင့်စန်း

Mizzima - News in Burmese

Thit Htoo Lwin - News

Facebook version 3.5 official ပါ။Official ဆိုတော့ အရင် beta တွေ ထက်တော့ ထူးခြားမှာအမှန်ပါ

Facebook apk v3.5 official


Facebook version 3.5 official ပါ။Official ဆိုတော့ အရင် beta တွေ ထက်တော့ ထူးခြားမှာအမှန်ပါ။နောက်ပြီး Facebook apk ဆိုတော့ အထူးတလည် မိတ်ဆက်ပေးစရာတော့ မလိုလောက်ဘူးထင်တယ်ဗျ

သူက မိမိ ဖုန်းကနေပြီး facebook ပေါ်အလွယ်တကူတက်ရောက်နိုင်အောင် လုပ်ပေးမယ့် Apk လေးပါ

Size ~ 17 MB
OS ~ Android OS
Version ~3.5 (official)

Hello Music ၀န်ဆောင်မှု အသုံးပြုခအတွက် လစဉ်ကြေးတစ်လလျှင် ကျပ် ၂၀၀၀

၁၅၀၀ တန် စီဒီအမ်အေဖုန်းများ ဖုန်းခေါ်စဉ် သီချင်းသံကြားသည့်စနစ် အသုံးပြုသူ နှစ်သောင်းခွဲကျော်ရှိ

ယုဝေ | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၃

ဧပြီလအတွင်းက စတင်ချထားပေးခဲ့သည့် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် မိုဘိုင်းဖုန်းများအတွက် ဖုန်းခေါ်စဉ် စောင့်ဆိုင်းတေးသံ (caller Ring Back Tone ) စနစ်ကို အသုံးပြုသူမှာ သြဂုတ်လ ပထမပတ်အထိနှစ်သောင်းကျော်ရှိနေပြီဖြစ်သည်ဟု ယင်းဝန်ဆောင်မှုကိုပေးသည့် MTS (Myanmar Telecommunication & Technology Services) ကုမ္ပဏီမှ ဈေးကွက်နှင့် လူထုဆက်ဆံရေးမန်နေဂျာ ဦးသက်ဇင်က ပြောသည်။

“Hello Music” ဟု နာမည်ပေးထားသည့် ယင်းဝန်ဆောင်မှုကို ပြီးခဲ့သည့်မေလအတွင်းက စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လဆန်းအထိ အသုံးပြုသူ နှစ်သောင်းကျော်ရှိနေခြင်း ဖြစ်သည်။

ယင်းဝန်ဆောင်မှုအသုံးပြုခြင်းနှင့်ပတ်သက်ပြီး “အခုထိဖုန်း ring tone ထည့်တာကတော့ စီဒီအမ်အေ ၁၅၀၀ တန်ဖုန်းတွေပါပဲ။ ကြိုက်တဲ့သီချင်းကို ကျွန်တော်တို့ရဲ့ဝက်ဘ်ဆိုဒ်မှာ ရွေးချယ်နိုင်ပါတယ်။ကိုယ်ကြိုက်တဲ့သီချင်းက ၀က်ဘ်ဆိုဒ်မှာ မရှိရင်လည်း သက်ဆိုင်ရာဌာနကို ဖုန်းဆက်ပြီးပြောပြပေးလို့ ရပါတယ်” ဟု ပြောသည်။

အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ဇူလိုင်လနောက်ဆုံးပတ်ခန့်က MTS ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပြီး ယင်းဝန်ဆောင်မှုကို အသုံးပြုလိုပါက ဖုန်းနံပါတ်-၁၂၁၂ သို့ ခေါ်ကာ ၀န်ဆောင်မှုရယူနိုင်မည်ဖြစ်သည်။ ယင်းအပြင် ၃၃၃ သို့ “register” ဟု ရိုက်၍ စာတိုပို့စနစ်ပေးပို့ခြင်းဖြင့်လည်း ဆောင်ရွက်နိုင်သည်။

အဆိုပါ Hello Music ၀န်ဆောင်မှု အသုံးပြုခအတွက် လစဉ်ကြေးတစ်လလျှင် ကျပ် ၂၀၀၀ နှင့် သီချင်းတစ်ပုဒ်အတွက် ငွေကျပ် ၃၀၀ ပေးဆောင်ရမည်ဖြစ်သည်။

Hello Music ၀န်ဆောင်မှုမှာ ဖုန်းခေါ်ဆိုရာတွင် ပုံမှန်အသံအစား မိမိနှစ်သက်သော Music Clip များနှင့် အစားထိုးခြင်းဖြစ်ပြီး ယခုအသစ်ထပ်မံထွက်ရှိလာသော ၁၅၀၀ တန် စီဒီအမ်အေ ၀၉၃ ... နှင့် စသောဖုန်းများအတွက် Myanmar Telecommunication & Technology Services Co., Ltd. (MTS) မှ ၀န်ဆောင်မှုပေးခြင်းဖြစ်သည်။

ယင်းဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် မိတ်ဆွေသူငယ်ချင်းများထံသို့ Music Clip များ လက်ဆောင်ပေးနိုင်ခြင်း၊ မိတ်ဆွေတစ်ဦးချင်းအလိုက် နှစ်သက်ရာ Music Clip အား ခွဲခြားသတ်မှတ်နိုင်ခြင်းနှင့် ဖုန်းအတွင်း သတ်မှတ်ထားသောအုပ်စုများအား မိမိနှစ်သက်ရာ Music Clip များ သတ်မှတ်နိုင်ခြင်း စသည့် ၀န်ဆောင်မှုများကို ရယူနိုင်ကြောင်းသိရသည်။

ယင်းဝန်ဆောင်မှုနှင့်ပတ်သက်ပြီး အခြားမိုဘိုင်းဖုန်းများတွင်လည်း ဆောင်ရွက်နိုင်ပြီး ၁၅၀၀ တန်ဖုန်းများအတွက်မူ ပြီးခဲ့သည့် မေလကမှ စတင်ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ ၁၅၀၀ တန်မိုဘိုင်းဖုန်းများကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများမှတစ်ဆင့် ချထားပေးခြင်းဖြစ်သည်။

ငွေသိန်း ၂၅၀နှင့် အမျိုးသမီး အငှားကားပေါ်တွင် သတိလစ်ပြီး ငွေများပျောက်နေ



ဇော်ဇော်ထွေး | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၃၇ မိနစ်

ငွေကျပ်သိန်း ၂၅၀ သယ်ဆောင်လာသဖြင့် အငှားကားငှားစီးခဲ့သူ အမျိုးသမီးတစ်ဦး ကားပေါ်တွင် သတိလစ်သွားခဲ့ပြီး ငွေများလည်း ပျောက်ဆုံးနေမှုတစ်ခု မြောက်ဥက္ကလာပ ရဲစခန်းတွင် သြဂုတ် ၅ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ငွေများ ပျောက်ဆုံးသွားသည့် အမျိုးသမီးသည် အသက် ၂၅ နှစ်အရွယ် လက်ကိုင်ဖုန်း ၀ယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။

သူမသည် လွန်ခဲ့သော သုံးလခန့်ကတည်းက သိကျွမ်းပြီး လက်ကိုင်ဖုန်း အရောင်းအ၀ယ် ပူးတွဲလုပ်ကိုင်သူ တရုတ်လူမျိုး သူဌေးတစ်ဦးက တယ်လီဖုန်းရောင်းရငွေများ ပြန်ပေးမည်ဖြစ်သဖြင့် တာမွေမြို့နယ် သီတာလမ်းထိပ်သို့ ဇူလိုင် ၃၀ ရက် မွန်းလွဲတွင် လာရောက်ရန် ချိန်းဆိုသဖြင့် သွားရောက်ခဲ့ကြောင်း ရဲကို ထွက်ဆိုထားသည်။

သို့သော် ထိုသူရောက်မလာသဖြင့် ဆက်သွယ်လိုက်ရာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်အနီးရှိ စားသောက်ဆိုင် တစ်ခုသို့ ထပ်ချိန်းဆိုသဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုဆိုင်သို့ ရောက်သောအခါ တရုတ်သူဌေး၏ တပည့်ဆိုသူ ပေးသည့် ငွေကျပ်သိန်း ၂၅၀ ကို ရေတွက်ယူပြီး ထိုသူကပင် ငှားပေးသည့် ကားနှင့်
ပြန်လာခဲ့သည်ဟု သူမက ရဲကို တိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထို့နောက် ကားပေါ်တွင် လိုက်ပါလာရင်း ဖုန်းပြောနေစဉ် သတိလစ်သွားခဲ့ပြီး ညသန်းခေါင်အချိန်တွင် ပြန်နိုးလာသဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကားလမ်းဘေး တစ်နေရာတွင် ရောက်ရှိနေကြောင်း သိခဲ့ရသည်ဟုလည်း ကာယကံရှင်က ရဲကို တိုင်တန်းထားသေးသည်။

ထို့ပြင် သူမနှင့်အတူပါလာသော ငွေ ကျပ်သိန်း ၂၅၀ သည်လည်း ပျောက်ဆုံးနေသလို ဘောင်းဘီအိတ်ထဲတွင် ပါလာသော ငွေကျပ် တစ်သိန်းငါးသောင်းနှင့် သူ့ဖုန်းပါ ပျောက်ဆုံးသွားခဲ့သည်ဟုလည်း ရဲကို ပြောကြားထားသည်။

၎င်းအမျိုးသမီးသည် သူနှင့်အတူလက်တွဲ အလုပ်လုပ်ကိုင်ခဲ့သည်ဆိုသော တရုတ်သူဌေး၏ အမည်နှင့် သူ့ထံ ငွေများလာပေးသည့် ထိုသူဌေး၏ တပည့်အမည်တို့ကို မသိရှိကြောင်းလည်း ရဲများကို ထွက်ဆို ထားသည်။

သူမသည် ညသန်းခေါင်အချိန် ပြန်နိုးလာချိန် ရောက်ရှိနေသည်မှာလည်း ဆင်ခြေဖုံးမြို့နယ်ဖြစ်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာအနီး ကားလမ်းဘေးတွင် ဖြစ်ကြောင်းလည်း ရဲက အတည်ပြုထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ငွေများကို ခိုးယူသွားသူကို စုံစမ်းပေးပါရန် ၎င်းအမျိုးသမီးက မြောက်ဥက္ကလာပ ရဲစခန်း၌ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ရဲစခန်းက အမှုအမှတ်(ပ)၆၂၀/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ ဖြင့် တရားစွဲဆိုမည်ဟု သတင်းထုတ်ပြန် ထားသည်။

Mizzima - News in Burmese

ကြက်ဥပြုတ်သယ်ဘဝမှ အိုင်တီ Developer တစ်ယောက် ဖြစ်လာသူ


Wednesday, August 07, 2013

အမည် အပြည့်အစုံကတော့ Emerson Paguia လို့ခေါ်ပါတယ်။ ဖလစ်ပိုင်နိုင်ငံ Zambales ပြည်နယ်မှာ နေထိုင် ပါတယ်။ မိဘဆင်းရဲ တာကြောင့် အထက်တန်းကျောင်းသာ ပြီးအောင်တတ်နိုင်ခဲ့ပြီး တက္ကသိုလ်ဆက်မတတ် နိုင်ခဲ့ပါဘူး။

ဒါကြောင့် မနီလာမြို့ ကိုသွားပြီး အလုပ်သွားလျှောက်တဲ့အခါ ဘယ်ကုမ္မဏီက သူ့ကိုလက်မခံပါဘူး။ အထက်တန်း ကျောင်း ပြီး တစ်ယောက်အနေနဲ့ အလုပ်ရှားတာကို သူသိလိုက်ပါတယ်။ Call Center တွေမှာ အထက်တန်းကျောင်းပြီးရုံနဲ့ အလုပ်ရနိုင်တယ်ဆိုတာ ကိုလည်း သိပေမယ့် သူဟာ စကားအပြောအဆို ညံ့ဖျင်းသူ တစ်ယောက်လို့လည်း သိထားတဲ့အတွက် ယင်းအလုပ်ကို မလျှောက်ခဲ့ပါဘူး။

ဒါနဲ့ မိသားစု စာဝတ်နေရေး ပြေလည်ဖို့အတွက် ကြက်ဥပြုတ်ရောင်းတဲ့ အလုပ်ကိုပဲ သူ စတင်လုပ်ကိုင်ပါတော့ တယ်။ နေ့ရောညပါ အားရင် အားသလို ကြက်ဥပြုတ်ရောင်းပါတယ်။ ဒီအတွက်လည်း ရထားစီးပြီး ခရီးသွားရတာပါ။ နောက်တော့ ရထားစီးဖို့ ပိုက်ဆံကိုတောင် မသုံးတော့ပဲ လမ်းလျှောက်သွားတဲ့အထိ သူ ချွေတာခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့ အင်တာနက် အသုံးပြုဖို့ပါ။ သူက အိုင်တီမှာ လေ့ လာ ချင်စိတ်လေး ရှိနေသူ ဖြစ်ပါတယ်။ ဒါနဲ့ ဝဘ်ဆိုဒ်တွေတစ်ခုပြီး တစ်ခုလေ့ လာ ရင်း အွန်လိုင်းအခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေ တွေ့ ပါတယ်။ နောက်တော့ Tesda က ပေးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ်မျိုးကိုတောင် ရှာတွေခဲ့ပြီး ပထမဆုံး အွန်လိုင်းကနေ စတင်လေ့လာပါတယ်။

အွန်လိုင်းမှာပဲ သူတို့ ပေးတဲ့ Tutorial တွေ၊ Test တွေ ကိုယ်တိုင် လေ့လာရင်း Data programming နဲ့ PHP Server site encryption သင်တန်းတက်ဖို့အတွက် စကော်လာရရှိခဲ့ပါတယ်။
ဒီအတွက် Quezon City က Informatics College မှာ သွားတက်
ရမှာပါ။ သူနေတဲ့ မြို့  Angono ကနေ ဆိုရင် ရထားစီးသွားရမှာ ဖြစ်ပေမယ့် ၃ နာရီလမ်းလျှောက်ခရီးကို သူရွေးချယ်ပါတယ်။ သူဟာ အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။

အသွားကော၊ အပြန်မှာပါ။ ကြက်ဥပြုတ်ရောင်းပြီး အတန်းထဲက စာတွေကိုလည်း စိတ်ဝင်တစား လေ့လာပါတယ်။ အလုပ်တစ်ဖက်နဲ့ စာကြိုးစားတဲ့ Emerson ဟာ အခန်းတွင်း စာမေးပွဲမှာ အမှတ်အများဆုံး ရရှိပြီး Top scholar တစ်ဦး ဖြစ်လာပါတယ်။ ဒါကြောင့် သင်တန်းပြီး သွားချိန် သူ့ကို ကျောင်းပိုင် Web development team ထဲ ဝင်ဖို့ ငှားရမ်းပြီး IT Project ကြီးများကို ဦးဆောင်စေပါတယ်။ လက်ရှိ Informatics College ရဲ့  အွန်လိုင်း Student Portal ကိုလည်း သူပဲ ဦးဆောင် ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။

ဒါကြောင့် သူဟာ ကြက်ဥပြုတ်ရောင်းတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို စွန့်လွတ်လိုက်ပါပြီ။ မိသားစု စားဝတ်နေရေးအတွက် ကွန်ပြူတာရှေ့ မှာ code တွေရေးရင် အဆင်ပြေနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့  ကြိုးစားမှု ကြောင့်လည်း လက်ရှိ ကျောင်းတက်နေစဉ်မှာပဲ အလုပ် Project များကို ဖန်တီးလို့ ပညာသင်ရင်း တစ်ဖက် အသက်မွေးဝမ်းကျောင်း လျက်ရှိတယ်လို့ သိရပါတယ်။

Ref: dyknow
International news for myanmar

ဒု ၀န်ကြီး ၂ ဦးကို နောက်ထပ် ပူးတွဲ ဒုဝန်ကြီး တာဝန်ပေး



ဧရာဝတီ Thursday, August 8, 2013

ပြုပြင်ပြောင်းလဲရေး သင်္ကေတလို့ အမေရိကန် သတင်းဌာနတခုက သမ္မတ ဦးသိန်းစိန်ကို အမည်ကင်ပွန်း တပ်ခေါ်ဝေါ် သုံးနှုန်းခဲ့သလို အခုလည်း နောက်ထပ် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတရပ်အနေနဲ့ ဒု ၀န်ကြီး ၂ ဦးကို ပြောင်းလဲတာဝန်ပေးအပ်လိုက်ပြန်ပါတယ်။

အဆိုပါ ဦးဇင်ယော်( နိုင်ငံခြားရေး ဒု ၀န်ကြီး) ကို ပို့ဆောင်ရေး ဒု ၀န်ကြီး အဖြစ်နဲ့ ဦးမြင့်ဇော် ( လျှပ်စစ်စွမ်းအား ဒု ၀န်ကြီး ) ကို စွမ်းအင် ဒု ၀န်ကြီးတွေအဖြစ် ၀န်ကြီးဌာန ၂ ခုအတွက် ပူးတွဲတာဝန်ထမ်းဆောင်ဖို့ အတွက် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၇ ရက်နေ့ နေ့စွဲနဲ့ အမိန့်ထုတ်ပြန်တာဖြစ်ပါတယ်။

မကြာသေးမီကလည်း ထူးခြားမှုမရှိတဲ့ ဒုဝန်ကြီး အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။

သေးငယ်ပေမယ့် အစွမ်းပကားက ကြီးမားလှတဲ့ Android Assistant




ကျွန်တော်တို့ Android Internal storage တွေအနည်းဆုံး 1GB လောက်ပါတဲ့ ဖုန်းတွေမှာ တခါတခါ ဘာမှ မထည့်ပဲ ရပဲ Storage full ဖြစ်ဖြစ်နေတဲ့ ကိစ္စအတွက် အထူးသင့်လျော်တဲ့ app တခုဖြစ်သလို တခြား အသုံးတဲ့မယ့် tools တွေအများကြီးပါတဲ့ apk ဖိုင်လေး တခုကို မိတ်ဆက်ပေးချင်ပါတယ်။ သူ့ နံမယ်ကတော့ Android Assistant ဆိုတဲ့ app လေး တခုဖြစ်ပါတယ်။ အဲ့မှာဘာတွေပါလည်း ဆိုတော့



အပေါ်က screen shot လေးကို အရင်ပြောချင်ပါတယ် အဲ့ထဲက System clean ဆိုတာကို ၀င်လိုက်မယ်ဆိုရင်



ဒီ screen လေးပေါ်လာပါ့မယ် အဲ့မှာ Full Scan လေးကို နှိပ်လိုက်မယ်ဆို အခု ဖော်ပြပါ Scree Short
လေးမှာပါတဲ့အတိုင်း အနီရောင်လေးနဲ့ ပြထားတဲ့  ဟာလေးတွေက အသုံးမလိုဖျက်လို့ရတဲ့ files
တွေဖြစ်ပါတယ်။ ဘာမှ မထည့်ပဲနဲ့ Storage ပြည့်နေတဲ့ ဖုန်းတွေဆို Thumbnail Cache File ဆိုတဲ့နေရာမှာ
file size အများကြီးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အနီရောင်လေးတွေနဲ့ ပြထားဒါတွေ အားလုံးကို
ကလစ်ပေး ပေးပြီး Clean Selected ကို နှိပ်လိုက်ရင် အားလုံးကိုရှင်းပေးသွားပြီး Storage
တွေလည်းအများကြီးပေါ်လာပါလိမ့်မယ်။ Browser History ကနေ သူအောက်က ဟာလေးတွေကိုတော့
ကိုယ်ဖျက်ချင်မှ ဖျက်ပေါ့။ တချို့ဟာတွေက လိုတတ်လို့ပါ။ အဓိက ကျွန်တော် အဲ့ အကြောင်းလေးပဲ
ပြောချင်ပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာကိုယ်လေ့လာ ကြည့်ပါနော်

Android Assistant for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Android Assistant အားရယူရန် (Link 1)
Android Assistant အားရယူရန် (Link 2)
Google Drive မှ ဒေါင်းရန်

ပို့စ်ရေးသားသူ- ကိုကျတ်ကလေး (Myanmar Mobile Users Group)

From: Myanmar Mobile App