This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, December 28, 2012

"ထလော့ မြန်မာ" နိုင်ငံရေး သီချင်း ဖြန့်ချီမယ်





Hip Hop အဆိုတော် နေဇော် သီဆိုထားတဲ့ "ထလော့မြန်မာ" MTV single albumကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ စတင် ကျင်းပမယ့် NLD ပညာရေးအထောက်အကူပြု ဂီတပွဲတော်မှာ NLD ပါတီ ရံပုံငွေ အဖြစ် ဖြန့်ချီသွားမှာဖြစ်ပါတယ်။ 

ဓာတ်ပုံများ- Nay Zaw Th-z's facebook


အဆိုပါ အယ်လဘမ်ကို ဒါရိုက်တာ ကြည်ဖြူသျှင်မှ စီစဉ် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

ဖြန့်ချီမယ့် ထလော့  မြန်မာ တေးအယ်လဘမ်က မြန်မာနိုင်ငံမှာ ပထမဆုံးဖြန့်ချီလိုက်တဲ့ နိုင်ငံရေး သီချင်း အယ်လဘမ်လည်း ဖြစ်ပါတယ်။ ဒီ အယ်လ်ဘမ်မှာ တေးသီချင်း ၄ ပုဒ်ပါဝင်ပြီး၊ တချပ်ကို မြန်မာ ငွေ ကျပ် ၆ဝဝ နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။  http://blog.irrawaddy.org/2012/12/blog-post_9236.html

ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်


လာမယ့် ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ ဆက်သွယ်ရေးဟာ ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်လို့ မိုဘိုင်း ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အ ဖမ်းခံရ


လင်းသန်

အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ဖမ်းဆီး လိုက်သော နိုင်ငံခြားသားများတွင် မြန် မာနိုင်ငံသား တချို့ ပါဝင်ကြောင်း သတင်းရရှိသည်။

မြန်မာ၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားသား ၂၁ ဦးကို တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီယား အခြေစိုက် Chosun သတင်းတပုဒ်အရ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အရေအတွက်၊ ၄င်းတို့၏ အမည်နာမများကို သိရှိရန် တောင်ကိုရီယား အ ခြေ စိုက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ကိုနေထွန်းနိုင်က တရားရေး ၀န်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေး အ ရာရှိ များထံ သွားရောက်စုံစမ်းခဲ့သော်လည်း ထိမ်းသိမ်းခံထားရသူများ၏ လုံခြုံရေးအတွက် လူဦးရေနှင့် ကိုယ်ရေး အချက်အလက်များ အသိပေး ခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော် အတည်ပြု ပြောနိုင်တာကတော့ သူတို့ဟာ ဒီ ကိုရီယားမှာ အခြေစိုက်တဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့အဖွဲ့တွေထဲက မဟုတ်ဘူး ဆိုတာပါဘဲ။ သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေး ခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။ ဒါကလည်း အမေရိကန်တို့ သြဇီတို့မှာလို တခြားနိုင်ငံတွေက အခြေ အနေလိုမျိုးပေါ့” ဟု ကိုနေထွန်းနိုင်က ဆိုသည်။

တောင်ကိုရီယားနိုင်ငံတွင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ အနေဖြင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများ ရှိသော်လည်း အများ စုမှာ သက်ဆိုင်ရာ အခြေစိုက် အဖွဲ့အစည်းများမှတဆင့် လျှောက်ထားကြကြောင်း၊ ကိုရီယားအစိုးရကလည်း အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေကို နားလည် သဘောပေါက်သည့်အတွက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်လျှင် အလွန်အကျွံ ကိုင်တွယ်မှု ပြု လေ့ မရှိကြောင်း သူက ဆက်ပြောသည်။

လတ်တလော တောင်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား ၁ ထောင် ၀န်းကျင် ခန့်ရှိနိုင်ပြီး ဒုက္ခသည် အ ဖြစ် နေထိုင်နေသူပေါင်း ရာဂဏန်းမျှ ရှိကြောင်း ကိုနေထွန်းနိုင်က ဆိုသည်။

အတုအယောင် နိုင်ငံရေးခိုလှုံခွင့် ရရန် ကြိုးစားသော နိုင်ငံခြားသားများကို တောင်ကိုရီယား လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့သည် ဒုက္ခသည်အဖြစ် ရရှိရေးအတွက် ပွဲစားများကို ငွေ ကြေးပေးကာ ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း Chosun သတင်းတွင် ဖော်ပြ ထားသည်။

၎င်းတို့အထဲမှ တချို့သည် ပါကစ္စတန် အတိုက်အခံ နိုင်ငံရေးအဖွဲ့မှဟု ဆိုပြီး တာလီဘန်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် တောင်ကိုရီယားနိုင်ငံတွင် နေထိုင်ခွင့်ရရန် လိမ်လည် လျှောက်ထားခဲ့ကြောင်း တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ပြောဆိုခဲ့ သည်။

သို့သော် တောင်ကိုရီယား လ၀ကမှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် ၎င်းတို့သည် တောင်ကိုရီယား နိုင်ငံတွင် ဆက်လက်နေ ထိုင် ခွင့် ရရန် ကြိုးစားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ခိုလှုံခွင့် တောင်းသူများကလည်း နောက်ပိုင်း တွင် ၀န်ခံခဲ့သည်ဟု သိရသည်။

နိုင်ငံခြားသားများအနေဖြင့် ဒုက္ခသည်အဆင့် သတ်မှတ်ရေးအတွက် တောင်ကိုရီယား အစိုးရက တင်ပြလာသူများ၏ လျှောက်လွှာများကို စိ စစ်၍ ပယ်ချခြင်း၊ သို့မဟုတ် တရားရုံးတခုတွင် အသနားခံခြင်း လုပ်ဆောင်နိုင်ခွင့် ရှိသည်ဟု သိရှိရသည်။

၁၉၉၇ ခုနှစ်တွင် တောင်ကိုရီယားနိုင်ငံ၌ ဒုက္ခသည်အဆင့် သတ်မှတ်ပေးခဲ့သူ ၁၂ ဦးရှိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် လူဦးရေ ၁၀၀ ကျော် အ ထိ ရှိလာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁၀ ဆအထိ မြင့်တက်လာလာကြောင်း တောင်ကိုရီးယား လဝကက ပြောဆိုထားသည်။

လ၀က အရာရှိများ အဆိုအရ ဒုက္ခသည်လျှောက်ထားသည့် လျှောက်လွှာအများစုသည် သံသယဖြစ်စရာများ တွေ့ရကြောင်း ဆိုသည်။

“နိုင်ငံခြားသာတွေ ဒုက္ခသည်အဖြစ် လျှောက်ထားကြရင် သူတို့ရဲ့ လျှောက်လွှာကို လက်ခံသည်ဖြစ် စေ၊ ပယ်ချလိုက် ရင်ဖြစ်စေ သူတို့ဟာ တောင်ကိုရီယားမှာ ၁ နှစ်ကနေ ၂ နှစ်အထိ တရားဝင် ဥပဒေကြောင်းအရ ရှိနေပိုင်ခွင့် ရှိပါတယ်” ဟု တောင်ကိုရီယား လ၀က အရာရှိ တဦး က Chosun သတင်းဌာနသို့ ပြောထားသည်။

အဆိုပါ တောင်ကိုရီယား ဥပဒေပါ အခွင့်အရေးကြောင့် လျှောက်ထားသူများ များပြားနေခြင်းဖြစ်ကြောင်း သူက မှတ်ချက်ပေးသည်။

“ဒုက္ခသည် လျှောက်ထားသူတွေဟာ ဒီမှာ နေထိုင်ခွင့်က ဆုံးဖြတ်ချက် တစုံတရာ မကျမချင်း နေလို့ရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ယုံ ကြည်မှုရှိကြတာကြောင့် အခုလို လုပ်ကြတာပါ။ ကျနော်တို့ကလည်း သံသယဖြစ်စရာ လျှောက် ထားသူတွေကို စုံစမ်းစိစစ်မှုတွေ စလုပ်ပြီး လုပ်ထုံလုပ်နည်းအရ မလျော်ညီတာတွေ တော်တော်များများ ဖော်ထုတ် တွေ့ရှိလာဖွယ် ရှိပါ တယ်” ဟု အဆိုပါ တောင်ကိုရီယား လ၀က အရာ ရှိက ဆက်ပြောထားသည်။

အိမ်ရာမူဝါဒနှင့် တန်ဖိုးနည်းအိမ်ရာ


hlyothwetuyin | 12/27/2012 05:30:00 AM |
ဒီမိုကရေစီ ခေတ်သစ်တည်ဆောက်မှု အချိန်ကာလကို တွက်စစ်လျှင် ၂ နှစ်နီးပါး ရှိလာပေပြီ။ အဆိုပါကာလအတွင်း နိုင်ငံ တစ်ဝန်း အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ချက် များမှာ ကျေနပ်အား ရဖွယ် မရှိသေးကြောင်း တွေ့ရှိရ၏။ ပြန်လည်သုံးသပ်ကြည့်လျှင် မှတ်မှတ်ရရ
အလွန်ထင်ရှားသော လုပ်ငန်းရှင်တစ်ဦးက အများပိုင် ကုမ္ပဏီတစ် ခုထူထောင်ပြီး မန္တလေးမြို့တွင် မြို့သစ်နှင့် အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည့် အစီအစဉ်နှင့် အစုရှယ်ယာများ ခေါ်ယူမည့် သတင်းကြေညာချက်ဖြင့် ၂၀၁၂ ခုနှစ် ခေတ်သစ်အိမ်ရာ ဖွံ့ ဖြိုးရေးကဏ္ဍကို စတင်ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့လေသည်။

လုပ်ပိုင်ခွင့်မရှိဘဲ ခြေလှမ်းကျဲသော အဆိုပါ လှုပ်ရှားမှုမှာ အချိန်တိုအတွင်း ဇီဝိန်ချုပ်သွားခဲ့၏။ ထို့နောက် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် နိုင်ငံရေးပါတီတစ်ရပ်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့တွင် ဆင်းရဲသား မြို့တော် တည်ထောင်ရေးဟု အမည်ပေးထားသော စီမံကိန်းဖဲကြိုးကို မဆီမဆိုင် ဖြတ်ဖို့ကြိုးစားခဲ့ပြန်၏။

ဖဲကြိုးနှင့် ကတ်ကြေးကို ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က အချိန်မီ သိမ်းယူလိုက်၍ ဆင်းရဲသား ပြည်သူတို့ သက်သာရာရသွားခဲ့လေသည်။
၂၀၁၂ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ကျင်းပခဲ့သော စီမံကိန်းကော်မရှင် ဒုတိယအစည်းအဝေး၌ ကော်မရှင်ဥက္ကဋ္ဌဖြစ်သော နိုင်ငံတော်သမ္မတကြီးက
မြို့ပြနှင့်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အခြေခံ လိုအပ်ချက်ဖြစ်သည့် City Plan, Town Plan နှင့်
Village Plan များကို ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၏ City Plan များကို လေ့လာဆွေးနွေးအကောင်အထည်ဖော်ဆောင်
ရွက်ကြရန်နှင့် ကျေးလက်ဖွံ့ဖြိုးရေးသည် အခြေခံလိုအပ်ချက်ဖြစ်သကဲ့သို့ အနာဂတ်မြို့ပြများ၏ စနစ်တကျမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် များစွာအရေးပါလာမည်ဖြစ်ကြောင်း ပြောကြားခဲ့၏။

ထို့အပြင် နိုင်ငံတော်သမ္မတကြီးက ကော်မရှင်အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သော ၂၀၁၂ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ပြည်သူများ နေရေးထိုင်ရေးခက်ခဲသည့်
အပိုင်း၊ မီးဘေးစိုးရိမ်ရသည့်အပိုင်း၊ မြို့ပြအင်္ဂါရပ်နှင့် မညီညွတ်သည့်အပိုင်းကို ၂၀၁၅ ခုနှစ်မတိုင်မီ နှစ်စဉ်တစ်နှစ်ချင်း ပြည်သူအကြား ပြည်သူ့ဆန္ဒနှင့်အညီ
သိသိသာသာ တိုးတက်အောင် ပြောင်းလဲဆောင်ရွက်မည့် လတ်တလော စီမံချက်ဖြင့် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း
ဆွေးနွေးမှာကြားခဲ့ပေသည်။

စာရေးသူအနေဖြင့် သမ္မတကြီး ပြောကြားသကဲ့သို့ ပြည်သူတို့၏ နေရေးထိုင်ရေးခက်ခဲသည့် အပိုင်းကို သိသိသာသာ ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရ၏ အိမ်ရာ မူဝါဒ (Housing Policy) လိုအပ်ချက်ရှိကြောင်း ဆွေးနွေးလိုပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၉၆ အရ ပြည်ထောင်စု ဥပဒေပြုစာရင်းတွင် အိမ်ရာနှင့် အဆောက်အအုံများ (Housing and Buildings) ပါဝင်သဖြင့် အိမ်ရာမူဝါဒကို ပြည်ထောင်စုအစိုးရကသာ ချမှတ်ပေးနိုင်မည် ဖြစ်ပါသည်။ မူဝါဒ လမ်းညွှန်ချက် မရှိဘဲ လတ်တလောဖြစ်စေ၊ ကာလတိုဖြစ်စေ၊ ကာလရှည်ဖြစ်စေ
လုပ်ငန်းအကောင်အထည်ဖော်မှုမှန်သမျှသည် ရေကြောင်းပြမပါဘဲ သင်္ဘောကို မောင်းနှင်သကဲ့သို့ ခရီးမတွင်နိုင်ပေ။ လမ်းကြောင်းမှား၍ လိုရာခရီးမရောက်ဘဲ သောင်တင်သွားလျှင်လည်း ဆုံးရှုံးမှုများကို ရင်ဆိုင်ကြုံတွေ့ကြရမည် ဖြစ်ပေသည်။ ထို့အပြင် မူဝါဒ မရှိသော လုပ်ငန်း မှန်သမျှသည် အဂတိလေးပါးနှင့် မကင်းနိုင်သဖြင့် ပြည်သူတို့၏ အကျိုးစီးပွားနှင့် ဓမ္မာသောကဖြစ်လေ့ရှိပေသည်။ ဒီမိုကရေစီ နိုင်ငံများ၌ အစိုးရသည် ပြည်သူတို့၏ လိုလားချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာကဏ္ဍ၏ လုပ်ငန်းဆိုင်ရာ မူဝါဒအဖြစ် ချမှတ်ပေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အတတ်ပညာရှင်များ၊
ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူများ(Stakeholders) အားလုံးက ၀ိုင်းဝန်းအကောင် အထည် ဖော်ကြရမည် ဖြစ်ပေသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ(၃၆)၊ ပုဒ်မခွဲ(ဂ)တွင် “နိုင်ငံတော်သည် အများပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်း မြှင့်တင်ရေးကို ရှေးရှုဆောင်ရွက်မည်” ဟူသော ပြဋ္ဌာန်းချက်ပါရှိပြီး ဖြစ်၏။ ထို့ပြင် တစ်ဝနိုင်ငံတော်သမ္မတကြီးကလည်း အထက်ပါအတိုင်း ပြည်သူများ နေရေးထိုင်ရေးခက်ခဲသည့် အပိုင်းကို ပြည်သူ့ဆန္ဒနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့၏။ သို့ရာတွင် ပြည်ထောင်စုအတွင်းရှိ ပြည်နယ်တိုင်း
ဒေသကြီးအားလုံး တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း မဖြစ်ကြရလေအောင် အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းကို ထိန်းညှိပေးမည့် ပြည်ထောင်စုအစိုးရ၏
အိမ်ရာမူဝါဒမှာ ယခုအချိန်အထိ အထင်အရှားပေါ်ပေါက်လာခြင်း မရှိသေးပေ။

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေအရ နေရေး ထိုင်ရေး အခက်အခဲရှိသည့် ပြည်သူများ အားလုံးအတွက် အိမ်ရာလိုအပ်ချက်ကို တစ်ပြိုင်တည်းဖြည့် ဆည်းပေးရန် မဖြစ်နိုင်သည့် အလျောက် ပြည်ထောင်စုအစိုးရ၏ အိမ်ရာမူဝါဒဖြင့် ဦးစားပေးမှုကို သတ်မှတ်ပေးနိုင်မည် ဖြစ်ပေသည်။

ယေဘုယျအားဖြင့် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများကဲ့သို့ ၀င်ငွေ အလွှာအလိုက် ၀ယ်ယူနိုင်စွမ်းရှိသော အိမ်ရာများ (Affordable Housing) ကို ဆောက်လုပ်ကြရမည် ဖြစ်သော်လည်း ၂၆ ရာခိုင်နှုန်းသော ဆင်းရဲမွဲတေသူများ အပါအ၀င် ၀င်ငွေနည်းသော ပြည်သူများ၏ နေရေးလိုအပ်ချက်ကို အတိအလင်း ဦးစားပေးသတ်မှတ်၍ ဖြည့်ဆည်းရမည်သာ ဖြစ်ပါသည်။

မျက်မှောက်ကာလ နိုင်ငံပိုင်ကဏ္ဍ (Public Sector ) မှ ဆောက်လုပ်လျက်ရှိသော လုံးချင်းနေအိမ်များ၊ တိုက်ခန်းများ စသည့်အိမ်ရာစီမံကိန်းများတွင် တန်ဖိုးနည်းအိမ်ရာများ လုံးဝပါဝင်ခြင်း မရှိပေ။
ထို့အပြင် ပွင့်လင်းမြင်သာမှုမရှိသော ဖြည့်ဆည်းမှု အခင်းအကျင်း၌ ပြည်သူ့ကဏ္ဍဖြင့် မွေးဖွားပေးခဲ့သည့် အိမ်ရာသားသမင်ကို အရေခြုံအိမ်ရာလိုအပ်မှု(Artificial Demand )ကျားဆိုးက ၀ါးမျိုဖျက်ဆီးခြင်းလည်း ခံရပြန်၏။ ၁၉၉၈ ခုနှစ်က ရန်ကုန်မြို့တွင် မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနသည် လှိုင်သာယာတွင်
ကျန်စစ်သားအိမ်ရာ၊ ဗိုလ်အောင်ကျော်အိမ်ရာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) တွင် အောင်ဇေယျအိမ်ရာစသည့် တန်ဖိုးနည်းအိမ်ရာ အိမ်ခန်းပေါင်း ၃၀၀၀ ခန့် ဆောက်လုပ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် မြိုင်ဟေ၀န်အိမ်ရာ၊ တော်ဝင်အိမ်ရာ စသည့် တန်ဖိုးနည်းအိမ်ရာ အိမ်ခန်း ၁၀၀၀ ခန့် တည်ဆောက်ခဲ့ကြောင်း တွေ့ရှိရ၏။ တဲပေါ်မှ တိုက်ပေါ်တင် စီမံကိန်းအရ အဆိုပါ ဌာနအဖွဲ့အစည်းနှစ်ရပ်သည်
အိမ်ထောင်စု ပေါင်း ၁၅၀၀၀ ခန့်ကို တိုက်ခန်းများပေါ်သို့ တင်ပေးနိုင်ခဲ့၏။
ယင်းကာလမတိုင်မီ သုဝဏ္ဏတန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ တောင်ဥက္ကလာပမြင်သာတန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ သာကေတမြင်သာတော်လမ်း ပျဉ်ထောင်သွပ်မိုး
တန်ဖိုးနည်း လုံးချင်းအိမ်ရာစီမံကိန်း၊ သာကေတ သန်လျင်တံတား၌ အသုံးပြုပြီး သစ်သားများကို ပြန်လည်သုံးစွဲသည့် ပျဉ်ထောင်သွပ်မိုးတန်ဖိုးနည်း လုံးချင်းအိမ်ရာ စီမံကိန်း စသည်များကိုလည်း ခေတ်အဆက်ဆက် တည်ဆောက်ခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်၏။ သို့သော် ဒီမိုကရေစီခေတ်သစ် တွင်မူ အဆိုပါ ဌာနနှစ်ခုစလုံးမှ ၀င်ငွေနည်းပြည်သူများအတွက် မည်သည့် တန်ဖိုးနည်းအိမ်ရာ ကိုမျှ ဟုတ်တိပတ်တိ တစ်လုံးမျှ မဆောက်နိုင်ခဲ့သေးသည်မှာ ပြည်ထောင်စုအစိုးရ၏ အိမ်ရာမူဝါဒနှင့် တွန်းအားပေးမှု အားနည်းခြင်းကြောင့် ဖြစ်မည်ဟု ကောက်ချက်ချရန်မှ တစ်ပါး အခြားမရှိနိုင်ပေ။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်ထုတ် မြန်မာအလင်းသတင်းစာ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်
(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)တွင် အိမ်ခန်းပေါင်း ၉၀၀၀ ကျော်ကို စည်ပင်ဘဏ်နှင့် အခြားဘဏ်များ၏ ရင်းနှီးမှုဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း သတင်းတစ်ရပ်ပါရှိ၏။ သတင်းစာအရ သင့်တင့်လျောက်ပတ်သော တန်ဖိုးနည်းအိမ်ရာဟု သိရပြီး အချို့သော ဂျာနယ်သတင်းများ၌ ယာဉ်ရပ်နားရန် နေရာ၊ အပန်းဖြေနေရာ၊ လူနေဆိုင်ခန်းနှင့် စူပါမားကက်များပါဝင်ကြောင်း၊ တစ်ခန်းလျှင် ကျပ်သိန်း ၄၀၀ မှ ၅၀၀ ခန့်ဟု တန်ဖိုးခန့်မှန်းခြေများ ဖော်ပြကြသည်ကိုလည်း တွေ့ရှိရပြန်ရာ တန်ဖိုးနည်း အစစ်အမှန်ဖြစ်ပါမည်လောဟု ယုံရခက်ခက် ဖြစ်နေလေ၏။

အထူးသဖြင့် “သင့်တင့်လျောက်ပတ်သော” တန်ဖိုးနည်း အိမ်ရာစီမံကိန်းဟူသော ဝေါဟာရသစ်ကို အဓိပ္ပာယ်မည်သို့ ဖွင့်ရမည်နည်းဟုလည်း စဉ်းစားရခက်နေပြန်၏။

ထို့နောက် တစ်ဖန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ မြေဧက ၂၂၀ ခန့်တွင် အိမ်ရာစီမံကိန်းများကို Precast စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ် ကြောင်းနှင့် ငွေကြေးအပြည့်အ၀ ရင်းနှီး၍ ၃ နှစ်အတွင်းပြီးအောင် ဆောင်ရွက်နိုင်သူများထံမှ တင်ဒါ အဆိုပြုလွှာများ ပေးသွင်းရန် ကြော်ငြာချက်ကို တွေ့ရှိပြန်ပါသည်။ အဆိုပါ ကြော်ငြာတစ်ခုလုံးကို အခေါက်ခေါက်အခါခါ အပြန်ပြန်အလှန်လှန် ဖတ်ကြည့်ရာ “တန်ဖိုးနည်း” ဟူသော စကားလုံးမှာ လုံးဝမပါရှိကြောင်း တွေ့ရှိရ၏။

အထက်ပါ ကြော်ငြာနှစ်ခုကို ယှဉ်၍ သုံးသပ်ကြည့်သောအခါ ရန်ကုန်မြို့တော်စည်ပင်၏ စီမံကိန်းသည် “ငွေကိုရင်းမည့် စီမံကိန်း” ဖြစ်၍ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ စီမံကိန်းသည် “မြေကိုရင်းမည့်စီမံကိန်း” ဟု ခန့်မှန်းနိုင်ပေသည်။ မည်သည့်စီမံကိန်းဖြစ်စေ ၀င်ငွေနည်း ပြည်သူတို့အတွက် အရစ်ကျငွေပေးသွင်းစနစ်ဖြင့် ၀ယ်ယူနိုင်မည့် တန်ဖိုးနည်းအိမ်ရာ အစစ်အမှန် မပါဝင်လျှင် “ရွှေစော်နံပြန်လိုက်ဦး” ဟု ဆိုချင်ပါသည်။

အမှန်အားဖြင့် ရန်ကုန်မြို့တွင် သာမက မန္တလေးမြို့အပါအ၀င် ပြည်နယ်တိုင်းဒေသကြီးများရှိ မြို့ကြီးများ၌ တန်ဖိုးနည်းအရောင်း အိမ်ရာ (Purchasing Flat) သို့ မဟုတ် အငှားအိမ်ရာ(Rental Flat)များကိုလည်း ဆောက်လုပ် သင့်၏။ အဆိုပါ မြို့ကြီးများတွင် လွတ်လပ်ရေး ရရှိပြီးနောက် လွန်ခဲ့သော အနှစ် ၅၀ ကျော်က ပြည်တော်သာ စီမံကိန်းအရ ဆောက်လုပ်သည့် အငှားအိမ်ရာ အဟောင်းများကိုသာ အားပြုနေကြရပြီး ၀န်ထမ်းများမှာလည်း ရရှိသော လစာဖြင့် ပြင်ပတွင် အိမ်ငှားနေထိုင်ရန် လုံးဝလက်လှမ်း မမီကြပေ။ ၎င်းတို့အတွက် အငှားအိမ်ရာများကို တိုးချဲ့ဆောက်လုပ်ပေးရန် အထူးလိုအပ်လျက်ရှိရာ ပြည်ထောင်စုအစိုးရ၏ အိမ်ရာမူဝါဒတွင် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် မလွဲမသွေ ဦးစားပေးရမည့် အိမ်ရာစီမံကိန်းတစ်ရပ်ဖြစ်ကြောင်းလည်း တင်ပြလိုပါသည်။

လူဦးရေ အများဆုံးဖြစ်သော ရန်ကုန်မြို့တွင် လက်ရှိလူဦးရေ ငါးသန်းအနက် ဆင်းရဲမွဲတေသူ ၂၆ ရာခိုင်နှုန်းမှာ လူဦးရေ ၁၃ သိန်း ဖြစ်၏။ ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရန်အတွက် ဆင်းရဲမွဲတေသူ ၁၀ ရာခိုင်နှုန်းအား နေရေးဆင်းရဲမှုမှ ၂ နှစ် အတွင်း လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်ရန် လိုအပ်ပါသည်။

အဆိုပါ ၁၀ ရာခိုင်နှုန်းသည် လူဦးရေ ငါးသိန်းဖြစ်၍ ပျမ်းမျှ အိမ်ထောင်စုအရွယ်အစား (Family Size) ကို တစ်အိမ် ထောင်လျှင် လူငါးဦးနှုန်းဖြင့် အိမ်ထောင်စု တစ်သိန်းအတွက် တန်ဖိုးနည်းအိမ်ရာ တစ်သိန်းတိတိ လိုအပ်မည်ဖြစ်ပါသည်။ နှစ်စဉ်လူဦးရေတိုးပွားမှုအရ အိမ်ရာလိုအပ်ချက်ကလည်း ၃၀၀၀၀ ခန့်ရှိ
နေပြန်သေးရာ စာရေးသူတို့ နိုင်ငံတွင် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးကို မလွဲမသွေ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက်
လုပ်ငန်းလမ်းညွှန်ဖြစ်သော အိမ်ရာမူဝါဒကို ပြည်ထောင်စုအစိုးရက အ မြန်ဆုံးချမှတ်ပြီး တန်ဖိုးနည်းအိမ် ရာကိုလည်း မူဝါဒအရ အတိအလင်း ဦးစားပေးသတ်မှတ် အ ကောင်အထည်ဖော်ရန် လိုအပ် ကြောင်း နှိုးဆော်တိုက်တွန်းအပ် ပါသည်။

အထူးသဖြင့် ၁၂-၁၂-၂၀၁၂ နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ သတင်းတစ်ပုဒ်အရ ဘရာဇီးနိုင်ငံတွင် ၀င်ငွေနည်း သော မိသားစုများအတွက် ၂၀၁၄ ခုနှစ်မတိုင်မီ ၂ နှစ်အတွင်း တန် ဖိုးနည်းအိမ်ရာ သုံးသန်းတိတိ ဆောက်လုပ်မည်ဟူသော မင်္ဂလာ သတင်းကို သမ္မတကိုယ်တိုင် အသံလွှင့်ကြေညာသကဲ့သို့စာရေး သူတို့၏ နိုင်ငံတွင်လည်း ဒီမိုကရေ စီခေတ်သစ်၌ ခတ်ကွင်းပြင်ကာ လ ၂ နှစ်အလွန် နောင်လာမည့် ၂ နှစ်အတွင်း ဘရာဇီးထက် အဆ တစ်ရာလျှော့၍ တန်ဖိုးနည်းအိမ် ရာ ၃၀၀၀၀ ခန့်ပင်ဖြစ်စေ၊ ထို့ ထက်ပို၍ ဖြစ်စေ ဆောက်လုပ် မည်ဖြစ်ကြောင်း သမ္မတကြီးကိုယ် တိုင် ပြည်ထောင်စုအစိုးရ အိမ်ရာ မူဝါဒနှင့်တကွ ကြေညာနိုင်ပါက ပြည်သူအပေါင်းတို့ အတိုင်းအ ထက်အလွန် ရွှင်မြူးအားရ ကြိုဆိုမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသတည်း။ ။

ရေးသားသူ- မြင့်မိုရ်ဆွေ - 7Day News Journal


မက်ဆီကို နိုင်ငံ၏ရေအောက်ပြတိုက်


သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီတစ်ခါတော့ ပြတိုက်လေးတစ်ခုကို ကြည့်ကြရအောင်ပါ၊ ကုန်းပေါ်က ပြတိုက်တွေကို ကြည့်ရတာ ရိုးမယ်နော်၊ ဒီတော့ ရေအောက်က ပြတိုက်ကို သွားကြည့်ကြမယ်နော်....


မက်ဆီကို နိုင်ငံ၏ရေအောက်ပြတိုက်သည် ကမ္ဘာ့လှည့်ခရီးသည်များကို အံ့မခန်း ဆွဲဆောင်ထားပါသည်။ မက်ဆီကိုနိုင်ငံ ရေအောက်ပြတိုက်တွင် ကျောက်ဆစ် ပန်းပုရုပ်တုများ ကို ရေအောက် သန္တာကျောက်တန်းများနှင့်အတူ သဘာဝအလှနှင့်ထပ်ဟက် အက်စပ်နေစေရန် ထားရှိကာ ကမ္ဘာပေါ်မှထူးခြားသော ရေအောက်ပြတိုက် တစ်ခုဖြစ်ပါသည်.။ စာရင်းကိန်းဂဏန်း တွက်ချက်ထားမှုများအရ ထိုရေအောက်ပြတိုက် မက်ဆီကိုသို့ လာရောက်သည့် တစ်နှစ်လျှင် ကမ္ဘာလှည့် ခရီးသွားအရေအတွက်သည် 750,000 visitors ရှိသည်ဟုသိရပါသည်။ ထိုရအောက်ပြတိုက်တွင် ကျောင်းပန်းပုရုပ်တုများ၊ ကျောင်းပန်းရံများ၊ ကျောက်ပန်းဆွဲများနှင့် အခြားစိတ်ဝင်စားစရာလေ့လာစရာ များကိုထားရှီကြောင်းသိရပါသည်.။ထိုပြတိုက်၏အမည်ကိုတော့ Jason deCaires Taylor ဖြစ်ကြောင်းလည်း သိရပါသည်.။ ထိုပြတိုက်သည် မက်ဆီကိုနိုင်ငံ Caribbean ပင်လယ် အနီးတွင်တည်ရှိပြီး ဧရိယာအကျယ်အ၀န်းအနေ နှင့်ကတော့ 4520 squares feet (420 meters squares) အကျယ်အ၀န်းအတွင်း တည်ရှိပါသည်။
ပုံ(2)
  ပုံ(3)
  ပုံ(4)
ပုံ(5)
ပုံ(6)
ပုံ(7)
ပုံ(8)
ပုံ(9)
ပုံ(10)
ပုံ(11)
ပုံ(12)
ပုံ(13)
  ပုံ(14)
ပုံ(15)
ပုံ(16)
ပုံ(17)
ပုံ(18)
ပုံ(19)
 
ပုံ(20)

 ကျနော့ရဲ့ သူငယ်ချင်းတွေ ကောင်းသော လိုအင်ဆန္ဒနဲ့ပြည့်စုံနိုင်ကြပါစေ...
မူရင်းလင့်ခ် shweba ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။ 
B7844954863C785ACEBAC345C407964B.png image by naykhayan

လူမှောင်ခိုဂိုဏ်းတွေ တရုတ်ဖြိုခွင်း



25/12/12 | |
ဗွီအိုအေ (မြန်မာပိုင်း)

တရုတ်နိုင်ငံမှာ ရောင်းစားခံရမယ့် ကလေးသူငယ် ၈၉ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ လူမှောင်ခိုဂိုဏ်း လို့ ခေါ်တဲ့ အဖွဲ့အစည်း အတော်များများကို နှိမ်နင်းနိုင်ခဲ့ပြီး လူပေါင်း ၃၅၅ယောက်ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ ဂွမ်ဒေါင်းနဲ့ ဆီချွမ်နယ်ဒေသအပါအဝင် တော်တော်များများမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ကစပြီး စီမံချက်ချ ဆောင်ရွက်ခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ဖော်ပြလိုက်ပါတယ်။
ကယ်တင်နိုင်ခဲ့တဲ့ ကလေးသူငယ်တွေကို လောလောဆယ် တရုတ်အစိုးရက စောင့်ရှောက်ထားခဲ့ပြီး သက်ဆိုင်ရာ မိဘတွေနဲ့ဆက်သွယ်ဖို့ ကြိုးစားနေကြပါတယ်။

တရုတ်နိုင်ငံမှာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေကို မှောင်ခိုရောင်းဝယ်တဲ့ လုပ်ငန်းတွေကြီးတွေ ကြီးထွားလာတာလည်းဖြစ်ပါတယ်။ တစ်အိမ်ထောင်ကို ကလေးတစ်ယောက်သာရှိရမယ်ဆိုတဲ့ မူဝါဒကြောင့် ဒီလိုမှောင်ခိုမှုကြီးထွားလာတယ်လို့ အကဲခတ်တွေ က ပြောဆိုကြ ပါတယ်။ ယောက်ျားလေးတွေကို ဝယ်ယူလိုသူရှိသလို၊ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကိုလည်း သူတို့သမီးလောင်းလျာတွေအဖြစ် ဝယ်ယူလာကြတာဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် အတွင်း တရုတ်အာဏာပိုင်တွေဟာ လူမှောင်ခိုဂိုဏ်း ၃၀၀၀ကျော်ကို နှိမ်နင်းနိုင်ခဲ့ပြီး ကလေးသူငယ် ၉၀၀၀ ခန့်နဲ့ အမျိုးသမီး ၁၅၀၀၀ကျော်ခန့်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ရှင်ဟွာသတင်းဌာနက ဆိုခဲ့ပါတယ်။

ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးအလားအလာ



21/12/12 | (VOAမြန်မာပိုင်းအစီအစဉ်မှ)
ကိုရန်နိုင်

တောင်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့ ဆက်ဆံရေးအပေါ်မှာ မသေချာမရေရာမှုတွေနဲ့ အခွင့်အရေးရော နှစ်မျိုးလုံးရောထွေးနေပါတယ်။ တောင်ကိုရီးယားရဲ့ သမ္မတသစ်ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်သဘောထားကို ရိုးတိုးရိပ်တိတ် ဖွင့်ပြောခဲ့ပြီးဖြစ်တဲ့အကြောင်းကိုတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Steve Herman က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

သမ္မတအဖြစ်နဲ့ ရွေးချယ်ခံရပြီး ပထမဆုံးနေ့မှာပဲ၊ Saenuri ပါတီက Park Geun-hye ဟာ တောင်ကိုရီးယားအမျိုးသားဂူဗိဗ္မာန်ကို သွားရောက်ပြီးတော့၊ သူမရဲ့ ဖခင်အပါအဝင် ကွယ်လွန်သွားခဲ့တဲ့ သမ္မတ ၃ ဦးကို သွားရောက် ဂါရဝပြုခဲ့ပါတယ်။ အဲဒီ့နောက် သူမရဲ့ မိဘ ၂ ပါးရဲ့ အုတ်ဂူမှာ အမွှေးတိုင်ထွန်းညှိခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်က စစ်အာဏာသိမ်းမှုနဲ့ စတင်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတဟောင်း Park Chung-hee ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာကို နှစ်အတော်ကြာ ထိန်းချုပ်ခဲ့တာပါ။ အဲဒီနောက် ၁၉၇၉ ခုနှစ်မှာ သူရဲ့ ထောက်လှမ်းရေးအကြီးအကဲရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

Park Geun-hye မိခင်ဟာလည်း ၁၉၇၄ ခုနှစ်မှာ မြောက်ကိုရီးယားဘက်က သူလျှိုသေနတ်သမားတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ဒါကြောင့် သမ္မတအဖြစ် ပထမဆုံးအရွေးခံရတဲ့နေ့မှာကိုပဲ မြောက်ကိုရီးယားနိုင်ငံဟာ မစ္စပါခ့်စိတ်ထဲမှာ အတော်လေးကို လွှမ်းမိုးနေခဲ့တာဖြစ်ပါတယ်။ သူမအစိုးရလက်ထက်မှာ နိုင်ငံတော်လုံခြုံရေးကိစ္စက ထိပ်ဆုံးက ဦးစားပေးကိစ္စရပ်ဖြစ်တယ်လို့ သူမကကြေငြာလိုက်ပါတယ်။

”မြောက်ကိုရီးယားဘက်က တာဝေးပစ်ဒုံးကျည်ပစ်လွှတ်တာက တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ ဘယ်လောက်အထိ စိုးရိမ်စရာကောင်းတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို တွေ့နိုင်တယ်”လို့ သူမက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံဘက်က အဆင့်ဆင့်ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်ကို အာကာသထဲကို ပစ်လွှတ်ခဲ့ပါတယ်။ ကြာသာပတေးနေ့က ရုပ်မြင်သံကြားကနေ ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာတော့ ၊ မစ္စပါခ့်က လုံခြုံရေးအင်အားကောင်းတာ နဲ့ ယုံကြည်မှုကို အခြေခံတဲ့ သံတမန်ဆက်ဆံရေးတွေအပေါ်မှာ အခြေခံပြီး ၊ ကိုရီးယားကျွန်းဆွယ်မှာ ခေတ်သစ်တခုကို စတင်ဖွင့်လှစ်သွားမယ်လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွေမှာတော့ ၊ သူမဟာ ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ်ယူနိုက်တက်ပါတီက မွန်ဂျေအင်းနဲ့ သဘောထားတွေ မတူခဲ့ကြပါဘူး။ မွန်ဂျေအင်းက သူ့အနေနဲ့ တကယ်လို့သာ သမ္မတအဖြစ်နဲ့ အရွေးခံရမယ် ဆိုရင် မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကင်ဂျုံအမ်းနဲ့ ကြိုတင်သတ်မှတ်ချက်တွေ မထားပဲ ဆွေးနွေးမှုတွေလုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ မစ္စပါခ့်ကတော့ - မြောက်ကိုရီးယားဘက်က မကြာသေးခင်က စစ်ရေးအရ ရန်စတိုက်ခိုက်ခဲ့တာတွေအပေါ်မှာ အရင်ဆုံးတောင်းပန်မှ ၊ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုလုပ်မယ်လို့ ပြောပါတယ်။

၂၀၁၀ ခုနှစ်က လူ ၄၆ ယောက်သေဆုံးသွားတဲ့ တောင်ကိုရီးယားရေတပ်သင်္ဘောကို တော်ပီဒိုနဲ့ တိုက်ခိုက်ခံရမှုဟာ မြောက်ကိုရီးယားရဲ့ လက်ချက်ဖြစ်တယ် လို့ တောင်ကိုရီးယားက ပြစ်တင်လိုက်ပါတယ်။ အဲဒီနှစ်ကုန်ပိုင်း မှာလည်း တောင်ကိုရီးယား စစ်အခြေစိုက်စခန်းရှိတဲ့ ယောင်ဖြွန်းကျွန်းကို မြောက်ကိုရီးယားဘက်က ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက်အပါအ၀င် ၄ ယောက်သေဆုံးခဲ့ပါတယ်။

ကိုရီးယား ၂ နိုင်ငံကြားမှာ ဆက်ဆံရေးပြန်ပြီးတော့ နွေးထွေးလာအောင် ရည်ရွယ်ပြီးဖော်ဆောင်ထားတဲ့ နေခြည်ဖြာဝါဒအရ၊ တောင်ကိုရီးယားရဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂ ခုမှာ တောင်ကိုရီးယားက မြောက်ကိုရီးယားကို အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်ရာထူးကနေ အနားယူတော့မယ့် လက်ရှိသမ္မတ အီမြောင်ဘက် လက်ထက်မှာတော့၊ အကူအညီတွေအရမ်းလိုအပ်ပြီး ဆင်းရဲတဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ်ပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

”ဆိုးလ်တက္ကသိုလ်က မြောက်ကီုးရီးယားလေ့လာရေးဌာနက ပါမောက္ခ Yang Moo-jin ကတော့ - အခြေအနေတွေကို ပြောင်းပစ်ဖို့က လွယ်မှာမဟုတ်ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။ တောင်ကိုရီးယား သမ္မတသစ်ဟာ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား လက်ရှိရှိနေတဲ့ စစ်ရေးမဟာမိတ်အခြေအနေကို အလေးပေးပြောကြားသွားဖို့ရှိပါတယ်။ ကင်ဂျုံအမ်းရဲ့ မြောက်ကိုရီးယားအစိုးရဟာ တာဝေးပစ်ဒုံးကျည်နဲ့ နျူးကလီးယားလက်နက်ကို တည်ဆောက်ပြီး၊ သူတို့ဆက်ပြီးတော့ ရပ်တည်နိုင်ဖို့အတွက် ဆက်ပြီးတော့လုပ်နေပါတယ်။ ဒါကြောင့်၊ ကိုရီးယား ၂ နိုင်ငံကြားမှာ ထိရောက်တဲ့ ဆွေးနွေးမှုတွေဖြစ်လာဖို့ ခက်ခဲလိမ့်မှာဖြစ်ပါတယ်။”

တောင် နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံတို့ကြား ၃ နှစ်ကြားဖြစ်ခဲ့တဲ့ စစ်ပွဲကို ၁၉၅၃ ခုနှစ်က ငြိမ်းချမ်းရေးသဘောတူစာချုပ်နဲ့ အဆုံးသတ်ခဲ့တာမဟုတ်ဘဲ၊ တဘက်နဲ့တဘက် အပစ်အခတ်ရပ်စဲပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တကယ်တမ်းပြောရမယ်ဆိုရင်တော့ ကိုရီးယား ၂ နိုင်ငံကြားက စစ်ပွဲဟာ အဆုံးသတ်ခြင်းမရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါ့အပြင် တောင်ကိုရီုးယားနိုင်ငံဟာ မြန်မာနိုင်ငံကနေသွားရောက်ပြီးတော့ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ အတော်များများလည်း ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အခုလို တောင်ကိုရီးယားမှာ သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်လိုက်တဲ့အပေါ်မှာ အဲဒီမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့ သဘောထားနဲ့ သူတို့အပေါ် ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကိုဇော်မိုးအောင်က အခုလို ပြောပါတယ်။

”ကျနော်တို့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားအများစုကတော့ အခုလက်ရှိ မစ္စစ်ပက်ကွန်ဟဲကိုပေါ့နော်။ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့အပေါ်မှာ သိပ်ပြီးတော့ မနှစ်မြို့ဘူးခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုလက်ရှိ သမ္မတက နိုင်ငံခြားသား အခွင့်အရေးတွေအပေါ်မှာ သိပ်ပြီးတော့ အလေးထားဆောင်ရွက်ပေးတာမရှိတဲ့အတွက် အဓိက အကြောင်းအရင်းကတော့ သူတို့ပါတီကနေပြီးတော့ အမြဲတမ်း နိုင်ငံခြားသားနဲ့ပတ်သက်တဲ့ အခွင့်အရေးကိစ္စတွေမှာ အားလုံးတားမြစ်တာတွေရှိတယ်။ လှုံ့ဆော်ပေးတာတွေရှိတယ်။ အဲ့တာကြောင့်မို့လို့ ဒီပါတီက သမ္မတတက်ခဲ့မယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေအနေနဲ့ အခွင့်အရေး သိပ်ရမှာမဟုတ်ဘူး။ သူတို့တက်ရင် ငါတို့အခွင့်အရေးဆုံးရှုံးမှာဆိုတဲ့ အတွေးတွေပေါ့လေ။ အဲ့ဒီ့အတွေးတွေရှိကြတာမို့လို့ ဒီပါတီက တက်တဲ့သူတွေကို သိပ်ပြီးနှစ်သက်ခြင်းမရှိဘူးခင်ဗျ။”

ဒါပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံသားတဦး နဲ့ အိမ်ထောင်ကျပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား မကျင်လတ်ကတော့ အခုလိုမျိုး တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီးသမ္မတသစ်ရွေးချယ်လိုက်တာကို သဘောကျပြီး ထောက်ခံတယ်လို့ ပြောလိုက်ပါတယ်။

အိန္ဒိယ ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် သေဆုံး



25/12/12 | |
ဗွီအိုအေ (မြန်မာပိုင်း)

အုပ်စုလိုက် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ကျောင်းသူလေးရဲ့ အမှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ လူထုကြီးရဲ့ ဆန္ဒပြပွဲအတွင်း အိန္ဒိယရဲ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီးနောက် - နယူးဒေလီဆေးရုံတရုံမှာ သေဆုံးသွားခဲ့ပါတယ်။
ရဲတွေနဲ့ ဆန္ဒပြလူအုပ်အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ဒဏ်ရာရခဲ့တာဖြစ်ပြီး - ၂ ရက်ကြာ ဒီကနေ့ အင်္ဂါနေ့မှာပဲ အဲ့ဒီ ရဲ သေဆုံးသွားခဲ့တာဖြစ် တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ဒီလအစောပိုင်းက ဖြစ်ခဲ့တဲ့ ဆေးကျောင်းသူတဦးကို အုပ်စုလိုက် ရိုက်နှက် အဓမ္မ ပြုကျင့်ခဲ့တဲ့ကိစ္စအပေါ် ကန့်ကွက်ဆန္ဒပြသူတွေ များလာတာ ကြောင့် ဒါကို ရဲတွေက ထိန်းချုပ်ဖို့ ကြိုးစားရင်း - အခုလို ဆူပူမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ဒီဇင်ဘာလ ၁၆ ရက်နေ့က အဓမ္မပြုကျင့်ခံရသူ မိန်းကလေးနဲ့ သူ့ရဲ့ ယောကျာ်းလေး သူငယ်ချင်း တယောက်ဟာ နယူးဒေလီမြို့မှာ ဘတ်စ်ကား တစင်းကို စင်းလုံးငှားစီးလာပြီးတဲ့နောက် - ဒီကျောင်းသူလေး အခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ မိန်းကလေး ဟာ ယောကျာ်းအုပ်စုတစုရဲ့ ကြိုးနဲ့တုတ် ရိုက်နှက် အဓမ္မ ပြုကျင့်တာကို ခံခဲ့ရပြီးနောက် ဘတ်စ်ကားပေါ်ကနေ ပစ်ချခဲ့ကြတာဖြစ်တယ်လို့ ပြောဆိုခဲ့ ပါတယ်။

လောလောဆယ်မှာတော့ ဒီမိန်းကလေးဟာ ဆေးရုံပေါ်မှာ အရေးပေါ် ဆေးကုသခံနေဆဲဖြစ်ပါတယ်။ မနေ့ကတော့ ဒေါသထွက်ဆန္ဒပြမှုတွေ ရပ်တန့်သွားစေဖို့အတွက် အာဏာပိုင်တွေဟာ နယူးဒေလီမြို့က လမ်းတွေနဲ့ ဘူတာရုံတွေကို ပိတ်ထားလိုက်ပါတယ်။

၂၅နှစ်ကျော်ကြာမှ ရှာတွေ့ ခဲ့သောအိမ်ဧည့်ခန်းအတွင်းရှိ ၁၆ရာစုက ရေတွင်း...


အင်္ဂလန်နိုင်ငံ ပလိုင်းမောက်ရှိ အိမ်တစ်အိမ်တွင် ၁၆ရာစုနှစ်မှ ၃၃ပေနက်သော ရေတွင်းတစ်တွင်း ဧည့်ခန်းအတွင်းရှိနေသည်ကို ၂၅နှစ်နီးပါးကြာမှ အိမ်ပိုင်ရှင် ဇနီးမောင်နှံက ထူးဆန်းစွာ တွေ့ရှိခဲ့သည်။ ပင်စင်စား အစိုးရ၀န်ထမ်းဖြစ်သူ မစ္စတာစတီးယားသည် လွန်ခဲ့သော ၂၅နှစ်ခန့်ကတည်းက ၀ယ်ယူခဲ့သော အိမ်၏ဧည့်ခန်းရှိ တစ်ခါမှ မရွှေ့ပြောင်းဖူးသော ဆိုဖာကုလားထိုင်ကို အလုပ်မှ အနားယူချိန်မှ ရွှေ့ပြောင်းထားရှိသည့်အခါ အောက်တွင် အဖုံးတစ်ခုဖြင့် ကာရံထားသော မြေကြီးများကို တွေ့ရှိရသည်။

၎င်းအိမ်ကို ဆောက်လုပ်စဉ်ကတည်းက ပါရှိသော အဆိုပါ မြေသားအုပ်ထားသည့် ရေတွင်းကို စူးစမ်းသည့်အနေဖြင့် စတင်တူးဆွကြည့်ရာမှ တစ်ပေအနက်ခန့် ရောက်သောအခါ ရေတွင်းကို အံ့အားသင့်စွာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။''ကျွန်တော် ပထမဆုံး တွေးမိတာက မြေကြီးအောက်မှာ ရွှေအိုးတလုံးများ တွေ့မလားပေါ့၊ ပြီးခဲ့တဲ့နှစ်က ကျွန်တော်ပင်စင်ယူပြီး အိမ်မှာနေကတည်းက အိမ်အလုပ်တွေ ရှင်းလင်းရေးလုပ်ရင်း ဒီလိုထူးထူးဆန်းဆန်း ရေတွင်းတစ်တွင်း တွေ့ခဲ့ရတာပေါ့''ဟူ၍ အိမ်ရှင်မစ္စတာစတီးယားက ပြောဆိုခဲ့သည်။

http://www.telegraph.co.uk/news/newstopics/howaboutthat/9506985/Wel...

ယိုကိုဟားမားက လူသေတွေအတွက် တည်းခိုခန်း

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ ဆင်ခြေဖုံးရှိ ဟိုတယ်၌ နေထိုင်သော ဧည့်သည်များအားလုံးမှာ ကွယ်လွန်ပြီးသူများ ဖြစ်ကြသည်။ ယိုကိုဟားမားမြို့၏ သင်္ဂြိုဟ်စက်သည် အလုပ်များလွန်းသောကြောင့် သေဆုံးသွားကြသူများသည် မိမိတို့၏အလှည့်ကို ရောက်အောင် စောင့်ဆိုင်းနေရသည်။ ယင်းကဲ့သို့ စောင့်ဆိုင်းနေစဉ်အတွင်း လူသေများကို အအေးဓာတ်ပေးထားသော ခေါင်းဂျပန်နိုင်ငံတွင် လူသေများအတွက် ဟိုတယ်ဖွင့်လှစ်တလားများ အတွင်းထည့်ကာ တည်းခိုနိုင်ရန်အတွက် ယခုကဲ့သို့လူသေ ဟိုတယ်ထားရှိရခြင်း ဖြစ်သည်။ အဆိုပါဟိုတယ်တွင် လူသေများ တစ်နေ့တာ တည်းခိုရန်အတွက် ၁၂,ဝဝဝ ယန်း (အမေရိကန် ၁၅၇ ဒေါ်လာ)ပေးရကြောင်း သိရသည်။
http://www.dailymail.co.uk/news/article-2036795/Lastel-Hotel-Yokoha...tel-dead.html