This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, August 1, 2012

အီရန်နိုင်ငံ၌ တာလီဘန် အကြမ်းဖက် အဖွဲ့ရုံးခန်း ဖွင့်လှစ်ခွင့်ပေး


ကဘူး၊ သြဂုတ် ၁။

အီရန်နိုင်ငံတွင်း၌ တာလီဘန် အကြမ်းဖက်အဖွဲ့ရုံးခန်း ဖွင့်လှစ်ခွင့် ပေးလိုက်ပြီး ယင်းအဖွဲ့ ကိုလည်း မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း အမေရိကန် နှင့် အာဖဂန် ထောက်လှမ်းရေး အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal တွင် ဖော်ပြထားသည်။

အမေရိကန် တပ်ဖွဲ့ဝင်များ အာဖဂန်နိုင်ငံ၌ ရေရည် တပ်စွဲခွင့်ပေးမည့် အမေရိကန်-အာဖဂန် မဟာမိတ် စာချုပ်ခဲ့ခြင်းကို တုံပြန်သည့် အနေဖြင့် တာလီဘန် အကြမ်းဖက်အဖွဲ့ကို တရားဝင်ရုံးခန်း ဖွင့်ခွင့်ပေးခြင်း ဖြစ်နိုင်ကြောင်း ထောက်လှမ်းရေး အရာရှိများက ပြောကြားသွားသည်။

ထို့ အပြင် အီရန်နိုင်ငံ၏ နူကလီးယား စွမ်းအင် အစီအစဉ်ကို အနောက်နိုင်ငံ

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ နှစ် ၂၀ ကျော်အတွင်း ထောက်ပံ့ငွေ ဒေါ်လာ ၈၅ သန်းပေးမည်


ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၈၅ သန်းကို လာမည့် အောက်တိုဘာလတွင် စတင်ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စပါမယ်လာကော့စ်က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ၁၉၈၇ နောက်ပိုင်းချေးငွေအသစ်ထုတ်ပေးမှုကို ရပ်ဆိုင်းထားခဲ့သောကြောင့် ယခုထောက်ပံ့ငွေမှာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့ကြေးကို မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၏ အြေ

ဒီမိုကရေစီနှင့် ဆန္ဒထုတ်ဖော်ယဉ်ကျေးမှု


နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒပြနိုင်ပါပြီ။
အစိုးရသစ်တက်လာပြီး ၁၅ လအကြာ ပေါ်ပေါက်လာသော ထိုအခွင့်အလမ်းက မြန်မာနိုင်ငံ၏  ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် မြန်ဆန်ချောမွေ့ရန်၊ ပြည်သူများနှင့် အုပ်ချုပ်သူများ၏ ခေတ်မီ၊ ရင့်ကျက်မှုကို အကဲဖြတ်ရန် ရှိနေပါသည်။ တရားဝင်ဆန္ဒပြနိုင်သောနည်းဥပဒေပြဋ္ဌာန်းပြီး သုံးပတ်ကျော်လာသောအခါ ပြည်သူအချို့မှာ အာဏာပိုင်အချို့၏ တာဝန်ယူမှု၊ ရင့်ကျက်မှုကြောင့် ဥပဒေနှင့်အညီ ဆန္ဒပြခွင့်ရသူများရှိသကဲ့သို့ ပြည်သူအချို့မှာ အာဏာပိုင်အချို့၏    ခေတ်နောက်ပြန်ဆွဲသော အပြုအမူများကြောင့် ဆန္ဒဖော်ထုတ်ခွင့် မရကြသေးပေ။
ဆန္ဒပြခွင့် နည်းဥပဒေ သို့မဟုတ် ဥပဒေဆိုင်ရာ လှပသော အသုံးအနှုန်းဖြင့် ဆိုပါက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီ တန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာန က ၂၀၁၂ ဇူလိုင် ၅ ရက်က ထုတ်ပြန်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၈၊ ပုဒ်မ ၃၅၄၊ ပုဒ် မခွဲ(ခ)ပါ “နိုင်ငံသားတိုင်းသည် လက်နက်မပါဘဲ ငြိမ်းချမ်းစွာစု ဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”ဟူသော အချက်နှင့်အညီ ရေးဆွဲခဲ့သော ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၁ ဒီဇင်ဘာ ၂ ရက်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီ တ

မွေးဖွားနှုန်းများသော ဘင်္ဂါလီများကို အိမ်ထောင်ပြုခြင်း၊ သားသမီးယူခြင်းများတွင် ဥပဒေဖြင့် ကန့်သတ်ရန်မရှိ


ရခိုင်ပြည်နယ်ရှိ လူဦးရေ မွေးဖွားနှုန်းများသော ဘင်္ဂါလီ လူမျိုးများ၏
အိမ်ထောင်ပြုခြင်း၊ သာသမီး ယူခြင်းများတွင် ဥပဒေဖြင့်
ကန့်သတ်ရန် မရှိသော်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်အညီ နေထိုင်ပြုမူသွားရန် ၀ိုင်းဝန်းပြော ကြားရမည် ဖြစ်ကြောင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။

“ဒီပြဿနာကို ကြည့်လိုက်တဲ့အခါ လောလောဆယ်တော့ခိုးဝင်တာ မတွေ့ဘူး။ လူဦးရေပေါက်ဖွားတာများတယ်။ လူဦးရေ
ပေါက်ဖွားတာများတော့ ဆင်းရဲတာပေါ့။ ကျွေးရ၊ မွေးရတာ ခက်တာပေါ့။ ကျွန်တော်တို့ မြန်မာမှာတော့ မိန်းမတစ်ယောက်ပဲ ယူကြ
တာပဲ။ ဥပဒေက မိန်းမတစ်ယောက်ထဲပဲ ယူရမယ်လို့ မရှိဘူး။ ဟိုကတအားများတယ်။ လေးယောက်ယူခွင့်ရှိတယ်။ အဲ့တော့  မြန်မာ
နိုင်ငံမှာနေပြီး မြန်မာနိုင်ငံသားဖြစ်ချင်တယ်ဆိုရင် ဥပဒေအရ မရှိသော်လည်း မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာတွေကိုတော့  လိုက်
နာဖို့သင့်တာပေါ့။ ဒါတွေက ကျွန်တော်တို့ဝိုင်း လုပ်ကြရမယ့် ဟာတွေ။ ခင်ဗျား မိန်းမ လေးယောက်မယူနဲ့လို့ ဥပဒေမှ ထုတ်လို့မရတာ။

ကလေးတွေအများကြီးမမွေးနဲ့လို့ ထုတ်လို့မရဘူး။ သို့သော်လည်း မြန်မာနိုင်ငံထဲမှာ နေတော့မယ် မြန်မာနိုင်ငံသားဖြစ်ချင်တယ် ဆို ရင်တော့ ဒီ   Custom    (ထုံးတမ်း အစဉ်အလာ)လိုက်ဖို့ လိုတာပေါ့။ ဒီလူေ

အိုဘားမား၏ The Beast စီးတော်ယာဉ်


အိုဘားမားရဲ့ စီးတော်ယာဉ်ကား
အမေရိကန်မှ လန်ဒန်သို့ တကူးတက သယ်လာသည့် အိုဘားမားစီးမည့် သမ္မတသုံးကားမှာ The Beast ဟု အမည်ပေးထားသည့် ဇိမ်ခံကားဒီးလက်အမျိုးအစားကားကြီးဖြစ်ပြီး ဂျိန်းစဘွန်းစီးသည့် ကားကဲ့သို့ Pump action ဖြင့် ပစ်နိုင်သည့် သေနတ်များ တပ်ဆင်ထားပြီး ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်ပေးထားသည်။
အမေရိကန်သမ္မတစီးမည့် The Beast ကားကြီးသည် ယခုနှစ်ဆန်းကမှ ထုတ်လုပ်ပြီးစီးခဲ့သည့် ကားသစ်ကြီး ဖြစ်ပြီး အိုဘားမား ပထမဆုံး စတင်သုံးမည့် သမ္မတသုံး

လူတိုင်းမသိသော...ဗဟုသုတ( ၃၀ )


ကျွန်တော်ပြန်ရှယ် ထားတာပါ...အားပေးပါဦးနော်....
(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ ချေလို့မရပါဘူးခင်ဗျာ

(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်

(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်ထက် ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်

 (4) ညာသန်လူတွေဟာ ဘ...ယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ်

(5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို မသိရင်တောင် ကြားဖူးကြမှာပါ ဘုရင်မကြီးဟာ လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တယ်။

(6) နာဇီခေါင်းဆောင်ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့) တစ်လုံးသာ ရှိပါတယ်

(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်

(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်)ပေါင်း 336 ရှိပါတယ်

(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု မဖြစ်စေရန် ဂရုစိုက်ပါ အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ ကွဲထွက်သွားနိုင်သောကြောင့်ဖြစ်သည်

 (10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင် ဆက်လက် အသက်ရှင်နေနိုင်ပါသည်၊၊ ထိုသို့သေဆုံးသွားခြင်းမှာလည်း ဆယ့်ငါးရက်တိုင် အစာမစားရသောကြောင့်သာဖြစ်ပါသည်

 (11) ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးချင်း

တာလီဘန် ခြိမ်းခြောက်မှု မြန်မာ မွတ်စလင်များ ဆန့်ကျင်


ကျော်ခ

မြန်မာနိုင်ငံကို ပါကစ္စတန် နိုင်ငံအခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ Tehreek-e – Taliban (TTP) က ခြိမ်းခြောက်မှု အပေါ် နိုင်ငံ အ တွင်း နေထိုင်သူ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ပါတီ ခေါင်းဆောင်များက ဆန့်ကျင်ကြောင်း ပြောဆိုသည်။

TTP အဖွဲ့က ပါကစ္စတန်နိုင်ငံ အနေဖြင့် အစ္စလမ်မာဘတ် မြို့ရှိ မြန်မာသံရုံးကို ပိတ်ပစ်၍ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်ရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍လည်း “သွေးနှင့် လက်စားချေမည်” ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်နေ့က

အငြိမ်းစား ဗိုလ်မှူးကြီးသန်းရွှေ ကွယ်လွန်



ဒီကနေ့ သတင်းစာနာရေးကြော်ငြာမှာ အငြိမ်းစား ဗိုလ်မှူးကြီးသန်းရွှေ ကွယ်လွန်တဲ့သတင်း ဖော်ပြထား

သျှမ်းဧကရာဇ် စဝ်ဆေခန်ဖှ၏ အင်ပါယာနန်းတော် တရုတ်အ စိုးရက ပြန်လည် တည်ဆောက်


မွေခေါဝ်

တရုတ်နိုင်ငံ ရွှေလီဒေသရှိ သျှမ်းဧကရာဇ် စဝ်ဆေခန်ဖှ (၁၂၉၁-၁၃၆၄)၏ နန်းတော်ကို ဆရာတော် ဦးဝိသုဒ္ဓိဉာဏ ဦးဆောင်ဦးရွက်မှုဖြင့် ရွှေ လီဒေသ အုပ်ချုပ်ရေးနှင့် ငွေရှင်တစ်ဦးတို့ ပူးပေါင်းပြီး ပြန်လည်တည်ဆောက်ပေးနေကြောင်း သိရှိရပါသည်။

“ခရီးသွားဧည့်သည်တွေ လည်ပတ်ဖို့နဲ့ သမိုင်းအစဉ်အဆက်က အမွေအနှစ်တွေကို ထိန်းသိမ်းဂုဏ် ယူဖို့ ရည်ရွယ်ပြီး ကြီးကျယ်ခမ်းနားစွာ ပြန် ဆောက်ပေးတာ ဖြစ်ပါတယ်” ဟု ရွှေလီဒေသခံတစ်ဦးက ပြောပါ သည်။

စဝ်ဆေခန်ဖှ၏ နောက်ဆုံးနန်းတော်တည်ရှိရာ ကော

အစိုးရတပ်နယ်မြေရှင်းလင်းရေးကြောင့် သျှမ်းပြည်တပ်မတော် စစ်ရေးလေ့ကျင့်


သျှမ်းသံတော်ဆင့်

အစိုးရတပ် နယ်မြေရှင်းလင်းရေး မကြာခဏလုပ်သောကြောင့် သျှမ်းပြည်တပ်မတော်နှစ်ခုလုံးနှင့် တိုက်ပွဲ များ ဖြစ်ပွားပြီးနောက်ပိုင်း RCS S/SSA ကလည်း ယခုအပတ်အတွင်း စစ်ရေးလေ့ကျင့်မှု ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

“အမှတ် ၁ ကျိုင်းတုံ စစ်ဒေသ လွယ်ကော်ဝမ်းဌာနချုပ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ရေးလေ့ကျင့်မှု အကြီး အကျယ်လုပ်တယ်။ လက်နက် ကြီး တွေလဲပစ်လို့ နယ်စပ်ေ

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း ဝန်ကြီး ထပ်လောင်းပြောဆို


မျိုးမျိုး | အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂

မြန်မာနိုင်ငံရှိ တိုင်းရင်းလူမျိုးစု ၁၃၀ ကျော်တွင် ရိုဟင်ဂျာ ဟူ၍ မပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်ရီ က ထပ်လောင်း ပြောကြားလိုက်သည်။

ကိုလိုနီခေတ်အပြင် လွတ်လပ်ရေးရပြီးနောက် ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းများကို ကိုးကား၍ ဝန်ကြီး ဦးခင်ရီက ရန်ကုန်မြို့ ပြည် လမ်း ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးဟောင်းတွင် ဇူလိုင်လ ၃ဝ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသွားခြင်း ဖြစ် သည်။

“ကျနော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စု ရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင် လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃

KIO မသင်္ကာမှုဖြင့် အစိုးရစစ်သားများ ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ယိခူးရွာသား အလောင်း တွေ့ရှိ


KNG

မြန်မာအစိုးရစစ်တပ်မှ ပြန်လွတ်ပေးလိုက်ကြောင်း ပြောဆိုခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ် ယိခူးကျေးရွာမှ ကချင် လွပ်မြောက်ရေးအဖွဲ့ KIO နှင့် မသင်္ကာသူဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) သည် ရက်အ တော်ကြာပျောက်ဆုံးနေရာမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် ၄င်း၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

အစိုးရစစ်တပ်များသည် ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) အား ဖမ်းဆီးခေါ်ဆောင်သွားစဉ် ရိုက်နှက်နှိပ်စက်မှု အမျိုးမျိုးပြု လုပ်ခဲ့ ခြင်းကြောင့် သေဆုံး

အီရန် ဒုံးကျည်တိုက်ခိုက် မှု အမေရိကန်ရေတပ် သင်္ဘော ခုခံနိုင်စွမ်းမရှိကြောင်း အီရန်ပါမောက္ခပြောကြား


ပါရှန်ပင်လယ်ကွေ့အတွင်းရှိ  အမေရိကန်ရေတပ် သင်္ဘောများသည်  အီရန်၏ ဒုံးကျည်များနှင့်  အလျင်အမြန်တိုက်ခိုက်မှုကို  ခုခံနိုင်စွမ်းရှိမည်မဟုတ်ကြောင
်း တီဟီရန်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ မိုဟာမက်မရန်ဒီက Press TV သတင်းဌာနသို့ ဇူလိုင် ၂၉ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအမေရိကန်ရေတပ်သင်္ဘောများသည် အီရန်နိုင်ငံ၏ ဒုံးကျည်များကို ခုခံနိုင်စွမ်းရှိမည်မဟုတ် ကြောင်းနှင့် အီရန်ရေတပ်နှင့် ကုန်းတွင်းအခြေစိုက်တပ်ဖွဲ့များသည် အမေရိကန် သင်္ဘောများကို အလျင်အမြန်တိုက် ခိုက်နိုင်စွမ်းရှိကြောင်း မရန်ဒီကပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး တွန်ဒိုနီလွန်က

ရခိုင်ပြည်နယ် မြေပုံမြို့က မန္တလေးကို ရှောင်တိမ်းလာရသူ




မန်းသားလေး ပေးပို့သည်။


ရခိုင်ပြည်နယ် မြေပုံမြို့တွင် စခန်းမှုး၊ နယ်ထိန်းနှင့် အပေါင်းပါတစ်ချို့ ဈေးဆိုင်ခန်းနှစ်ခန်းရှိ တံခါးသော့များကို ရိုက်ချိုးကာ ဆိုင်အတွင်းရှိ ပစ္စည်းများကို ဥပဒေမဲ့ ၀င်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်နေ့ မြေပုံမြို့ လမ်းထောင်းကြီးကျေးရွာ အမှတ်(၂) ကန္နားလမ်းရှိ ဦးစံထွန်းကြည် ပိုင်ဆိုင်သော ဆိုင်ခန်းကို စခန်းမှုး ဦးသန်းဝင်း၊ နယ်ထိန်း ဦးသောင်းတင်၊ ဘိလပ် စာရေးမ ဒေါ်သီတာအေးနှင့် စာရေး ဦးမော

ဥပုသ်နေ့နဲ့ပတ်သတ်သမျှ သိကောင်းစရာများ



ဝါတွင်းကာလလည်း နီးလာပြီးမို့ ဥပုသ်နေ့အကြောင်းနဲ့ပတ်သတ်သမျှကို သိရှိနားလည်ဖို့ရန် လိုမယ်ထင်လို့ မိမိသိရှိသမျှ စုံလင်အောင် ရေးသားတင်ပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ၀သထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

 ကိုယ်ကျင့်သီလမပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့ အတွက် နေ့ရက်များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည်ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာကို အောက်ပါ အတိုင်း တွေ့ရပါတယ်။

တစ်လကို (၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။ (၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။ (၃) ပန္နရသီ

ဂျာနယ် ၂ စောင်ကို အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်း


ရန်ကုန် အခြေစိုက် The Voice ဂျာနယ်နှင့် Envoy ဂျာနယ် တို့ကို ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးက ယနေ့မှစ၍ ထုတ်ဝေခွင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေ (ဓာတ်ပုံ – ဧရာဝတီ)
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ၂၀၁၁ ခုနှစ် ညွှန်ကြားချက် ၄၄ ကို ဖောက်ဖျက်မှုနှင့် ယင်း ဂျာနယ်များကို ရက်အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်း ဖြစ်ကြောင်း ယနေ့ ရန်ကုန် စာပေစိစစ်ရေးဌာနတွင် ကျင်းပပြုလုပ်သော သတင်း

အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုစာရင်း ကောက်ပြီဟုဆို


ဇူလိုင်လ ၃၁ ရက်။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များအနေနဲ့ ပိုင်ဆိုင်မှု ပစ္စည်းများနဲ့ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကြပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဝင်များအားလုံး စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြကြရန် အမိန့်တစ်ရပ် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

စီး

အမျိုးသမီးများအတွက် အဆိုးရွားဆုံးနေရာ


Tuesday, 31 July 2012
ယခုလအတွင်း ဖြစ်ပျက်ခဲ့သည့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်တခုတွင် အမျိုးသမီးတဦးအား ကာယအိနြေ္ဒ ပျက်ပြားသည်အထိ စော်ကားမှုသည် ပြည်သူများကြားတွင် အထိတ်တလန့် ဖြစ်ပေါ်စေခဲ့သည်။ ၄င်းအမျိုးသမီးငယ် တစ်ဦးသည် ည (၉)နာရီ ကျော်တွင် ဘားတခုမှ ထွက်အလာတွင် လူ (၁၈) ဦးမှ သူမအား ဆံပင်ကို ဆွဲကာ လမ်းဘေးသို့ ခေါ်ဆောင်သွားပြီး အင်္ကျီကို ဆုတ်ဖြဲပြီး၊ ကင်မရာရှေ့တွင် ပြုံးစေ၍ ဗွီဒီယို ရိုက်ကူးခဲ့သည်။ ၄၅ မိနစ်

ဝိတ်ပြားရှင်နှင့် နှစ်ကျပ်ခွဲရွာမှ ဇာတ်လမ်းတစ်ပုဒ်

(ရေးသားသူ နေရဲနီ)
Inbox
x





ဒီမိုဝေယံ







ဝိတ်ပြားရှင်နှင့် နှစ်ကျပ်ခွဲရွာမှ ဇာတ်လမ်းတစ်ပုဒ်



(ရေးသားသူ နေရဲနီ)





ပုပ္ပားအရပ်တွင် နှစ်ကျပ်ခွဲဟူသော ရွာတစ်ရွာရှိလေ၏။ ဘာပစ္စည်းဘဲ ဖြစ်ဖြစ်နှစ်ကျပ်ခွဲထက် ပိုမရောင်းရ။ ထူးခြားသည်က ထိုရွာတွင် ကျောင်းထိုင်ဘုန်းကြီး မရှိခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် ရောက်လာသမျှ ဘုန်းကြီးအပေါင်း ကျောင်းထိပ်သရက်ပင်ရှိ သရဲထက်ကြီးေ

ဦးအောင်သိန်းလင်း ဂယက် ကြံ့ခိုင်ရေး ပါတီ အတွင်း အကြီး အကျယ် သဘောကွဲလွဲမှု ဖြစ်ပေါ်

Inbox
x





တရုတ် နိုင်ငံ တွင်း ထုတ် ဝေသည့် သတင်း တစ်စောင် ဖြစ်သော Southern Weekend China
နှင့် မေးမြန်းမှု တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(ပြည်ခိုင်ဖြိုးပါတီ) ဗဟို  အလုပ်
အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြော ဆို မှု ကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ  အတွင်း သဘောထား ကွဲ လွဲ မှု များ ဖြစ် ကာ စနေ နေ့ 
က တက္ကသိုလ် ရိပ်သာ လမ်းသစ် ရှိ ကြံ့ခိုင်ရေး ပါတီ ရုံး တွင် ခေါင်းဆောင်
အချို့  အကြီး
အကျယ် အငြင်း ပွား မှု ဖြစ်ကာ ကိုယ် ထိ လက် ရောက်မှု ဖြစ် ခဲ့ သည် ဟု အမည် မဖော်
လို သည့် ကြံ့ခိုင်ရေး ပါတီ ရန်ကုန် တိုင်း စည်း

လောက မှာ ငွေ ရှိ ရင် ဘာမဆို ဖြစ်တယ် ဆို တဲ့ အမြင် က မှား နေသလို ပဲ ငွေ ဆို တာ သိပ် အရေးမကြီး ပါဘူး ဆို တဲ့ အယူအဆ က လဲ မမှန်ပြန်ဘူး

လောက မှာ ငွေ ရှိ ရင် ဘာမဆို ဖြစ်တယ် ဆို တဲ့ အမြင် က မှား နေသလို ပဲ ငွေ ဆို တာ သိပ် အရေးမကြီး ပါဘူး ဆို တဲ့ အယူအဆ က လဲ မမှန်ပြန်ဘူး။ အကို မြင် တာ လေးတွေ ပြော ကြည့်မယ် နော်။
1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို ဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

စားချင်စိတ် မရှိ ရင် ရှိလာ အောင် သမားတော် တွေ နဲက ပြသပြီး ကုသလို့ ရနိုင်တယ်။ ဒီလို ကုသ ဖို့ က ငွေ အမြောက်အများ လို တယ်။ အဆိုးဆုံး က စားချင်းစိတ် ပြင်းပြင်းထန်ထန်ရှိ နေပြီး အစားအစာ ၀ယ်စရာ ငွေ မရှိ တဲ့ ဘ၀ ပဲ ဖြစ်တယ်။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

ပျော်ရွှင်ခြင်း ကို ငွေ နဲ့ တိုက်ရိုက် ၀ယ် လို့ မရတာ တော့ အမှန်ပဲ။ ပျော်ရွှင်မှု တစ်ကီလို ပေးပါလို့ တော့ ၀ယ်လို့ မရနိုင်ဘူး ပေါ့။ ဒါပေမဲ့ အကို တို့ ကာမဘုံသား တွေ အတွက်တော့ ငွေကြေး နဲ့ ပျော်ရွှင်မှု က ဆက်စပ် နေတာ ပါပဲ။ အလှူအတန်းပဲ ပေးပေး အပျော်ခရီးပဲ ထွက်ထွက် ငွေမရှိ ရင် မဖြစ်နိုင်ဘူး မဟုတ်လား။ ငွေ မသုံး ပဲ ရနိုင် တဲ့ ပျော်ရွှင် မှု တွေ ရှိ တာ တော့ အမှန်ပဲ..လူအများစု က တော့ ရွှေတိဂုံ ရင်ပြင်တော် မြှ တံမျက်စီးလှည်း လို့ ရတဲ့ ပျော်ရွှင်မှု ထက် ဘာလီ နဲ့ ဖူးခက် ကမ်းခြေ တွေ ကို အပျော်ခရီးထွက် ရ တဲ့ အရသာ ကို ပို တောင့်တ ကြမှာ အမှန်ပဲ နော်။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို  ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။

အင်း..ဒါလဲ စဉ်းစားစရာပဲနော်။ ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို  ဝယ်နိုင် သလို ပိုက်ဆံ အများကြီးပေး မှ လဲ အကောင်းစား မိန်းမ တွေ ကို ရနိုင် တာ က လောကတံထွာ ဓမ္မတာ ဖြစ် နေလို့ ပါပဲ။ ကြေးငွေ ကုဋေ ကုဋာချီ ပိုင်ဆိုင် ရမယ် ဆို ရင် ငြင်းနိုင်မဲ့ မိန်းမ သိပ်များများ စားစား မရှိ လောက်ပါဘူး။ သူတို့ ကို တော့ အာဇာနည် တွေ အဖြစ် အကို ဦးညွှတ် ပါတယ်။ မေတ္တာ တရား နဲ့ ငွေကြေး က တိုက်ရိုက် အချိုး မကျ ပေမဲ့ သဟဇာတ တော့ ဖြစ်နေတာ အမှန်။ ဆင်းရဲလွန်းတဲ့ ဘ၀၀န်းကျင် မှာ မေတ္တာ ရှင်သန်ဖို့ အလွန် ခက်ပါလိမ့်မယ်။


4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို ဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို
ဝယ်လို့မရဘူး။

ကျန်းမာခြင်း ဆို တာ အနာရောဂါ မရှိခြင်းပါပဲ။ အနာရောဂါမရှိဖို့ က သန့်ရှင်းစင်ကြယ်တဲ့ ပတ်ဝန်းကျင် အာဟာရပြည့်ဝတဲ့ အစားအစာ နဲ့ ဆေးကုသစောင့်ရှောက်မှု တွေ လို အပ်တယ်။ အထက် ကလိုပဲ ငွေပေး ပြီး ကျန်းမာခြင်း တစ်ပေါင် လောက် ရောင်း ပါလို့ တော့ ၀ယ် လို့ မရပေမဲ့ ယနေ့ ကျန်းမာရေးကဏ္ဍ မှာ ငွေကြေး အရင်းအနှီး ထရီလီယံ ချီ လည်ပတ် နေတာ ကို ကြည့် ရင် ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး ဆို တဲ့ စကား က အပြည့် အ၀ မမှန်ကန်ပါ။

5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကိုဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို
ဝယ်လို့မရဘူး။
ဒီ အချက် ကတော့ သိပ် အများကြီးပြောစရာ မရှိပါ။ အသိပညာ အရင်းအမြစ် တွေ ကို စာအုပ် နဲ့ အခြားသော မီဒီယာတွေ မှာ သိမ်းဆည်းထားလို့ ပိုက်ဆံမရှိ ရင် ပညာ မရှိ နိုင်တဲ့ ခေတ် ကို ရောက် နေပါပြီနော်။ မိတ်ဆွေ ဆရာဝန်မလေး တစ်ယောက် အင်္ဂလန် ကို ပညာတော်သင်ဆု ရလို့ သွားတာ တောင် အစပိုင်း အတွက် ဒေါ်လာ ၅၀၀၀ လောက် ဆောင်ယူ သွား ရပါ သတဲ့။

6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကိုဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။

အကို တို့ က ရိုးသားစွာ ကျင့်ကြံ နေထိုင်ခဲ့ပေမဲ့  တတိယကမ္ဘာ မှာ ပဲ ချို့တဲ့စွာ နေ နေ ရပါတယ်။ အချို့သော ဘာရာဇာ ညာရာဇာ ဆိုသူများ က တော့ ပထမကမ္ဘာ က နိုင်ငံကြီးတွေ မှာ တောင် တင့်တင်စွာ နေနိုင်ဖို့ ဗီဇာ လွယ်လွယ် ရနေကြပါတယ်။


7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို ဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို
ဝယ်လို့မရဘူး။

တစ်ခါတုန်းက မိတ်ဆွေ ဆရာဝန်တစ်ယောက်ပေးတဲ့ (ဈေး အတော်ကြီးတဲ့) အိပ်ဆေး သောက်ဖူးတယ်။ တစ်ခါမှ ဒီလောက် ချိုမြိန်စွာ မအိပ်စက်ဖူးပါဘူး။ အဲဒီဆေး ကို စွဲ သွားမှာ စိုးလို့ ဘာဆေး လဲ ဆို တာ မှတ်မထားတော့ ပါဘူး ထပ် လဲ မတောင်းတော့ ပါဘူး။


8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို
ဝယ်လို့မရဘူး။
 အကို သိတဲ့ မြန်မာ့ လူ့ အဖွဲ့ အစည်း က တော့ ပိုက်ဆံရှိခြင်း ကိုယ်၌က လေးစားစရာ ပဲ ဆို တာ မျိုး ခံယူထားတာ တွေ့ နေ ရပါတယ်။ အကို တို့ လို လခစားဝန်ထမ်းတွေ ထက် ချဲဒိုင်ကိုင် လို့ ကြီးပွား နေသူ တွေ လောက မှာ ပို မျက်နှာပန်းပွင့် သလို တောင် ဖြစ်နေတယ်။

9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)
ကို ဝယ်လို့မရဘူး။

ကိုရီးယား မင်းသား မင်းသမီးတွေ က တော့ ငွေ သိန်းသန်းချီ ပေးဆပ်ပြီး လှပ တင့်တယ်မှု (Beauty) ကို ၀ယ်ယူ နေကြပါတယ်။ မြန်မာပြည်တောင် ကူးစက်စပြုလာပါပြီကော။

10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန် (Time) ကို ဝယ်လို့မရဘူး။

အကို က တော့ ပိုက်ဆံ မရှိ လို့ တနင်္လာ နေ့ က နေ သောကြာ နေ အထိ တစ်ပတ် ကို နာရီ ၄၀ အချိန် ကို ရောင်းစား နေရပါတယ်။ အကို့ အချိန်တွေ ကို ၀ယ်လို့ ရ ရင် ပြန်ဝယ် ချင်ပါရဲ့။

11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို ဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
နည်းပညာ ဈေးကွက်ကြီး အံ့မခန်း ကြီးထွား လာ နေပါတယ်။

12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances)  ဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကို
ဝယ်လို့မရဘူး။

ငွေကြေး က မိတ်ဆွေ စစ် မစစ် ကို စမ်းသပ် ပေးတတ်ပါသေးတယ်။ လူဆင်းရဲ တစ်ယောက် မှာ မိတ္တဗလ ရှိဖို့တော့ အတော် ခဲယဉ်းပါလိမ့်မယ်။

13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant)  ထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကို
ဝယ်လို့မရဘူး။

အင်း ဒါလဲ စဉ်းစားစရာ နော်။ သစ္စာရှိမှု (Faithfulness) ကိုဝယ်လို့ ရမ ရ တော့ မသိဘူး။ သစ္စာမဲ့ မှု ကို တော့ ၀ယ်လို့ ရနေ တာ အမှန်ပဲ ဆို တော့ သစ္စာရှိမှု (Faithfulness) ကိုလဲ ၀ယ် ရင် ရ ကောင်း ပါရဲ့။ အခြေအနေ အရ ပေါ့ နော်။


14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို  ဝယ်လို့ရချင် ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့မရဘူး။

အနားယူချိန်တွေ၊ အားလပ်ချိန်တွေ မရှိ ရင် ငြိမ်းချမ်းခြင်း (Peace) မရှိနိုင်ဘူး ဆို တော့ ငြိမ်းချမ်းခြင်း (Peace)  ကို လဲ ငွေ နဲ့ သွယ်ဝိုက်သော နည်း နဲ့ ၀ယ်လို့ ရတယ် ဆို ရာ ရောက်ပါတယ်။ အငြိမ်းစားယူတဲ့ လစာ ရ တာ ကို ထောက်ချင့်ပါနော်။

15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို  ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။

လုံးဝ မေ့ပျောက်ခြင်း က တော့ မာလကီးယား မှ ပဲ ရမယ်။ သို့မဟုတ် ဗုဒ္ဓ ဘာသာ လို ဆို ရင် တော့ ပရိနိဗ္ဗာန်ပြု မှ ပဲ ရမယ်။ ဘုရားသော် မှ မတတ်နိုင်တဲ့ ကိစ္စ ပေပဲ နော်။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။

တစ်ချို့ ဘ၀တဏှာ ကြီးသူ တွေ က တော့ မိမိ အလောင်း ကို Cryonics ပညာ နဲ့ ရေခဲစိမ် ထားတယ်..ပိုက်ဆံ ဘီလီယံချီ ကုန်တယ်။ ဆေးပညာ ထွန်းကားလာ ရင် ပြန်ရှင်နိုင်နိုးနိုးပေါ့။ ခရစ်တော် ကို ယုံ ကြည်ရင် တော့ ပိုက်ဆံ တောင် မလို ပဲ ပြန်ရှင် ကြမယ် ဆို တယ်။ အကိုတို့ ဗုဒ္ဓဘာသာ မှာ တော့ ပိုက်ဆံ မပြော နဲက ဘုရားသော် မှ လက်မှိုင်ချ ရတဲက ကိစ္စ ပဲ ဖြစ်ပါတယ်။

လောက မှာ ငွေပုံ မပေး နိုင်လို့ အခြောက်တိုက် အသေခံ ရသူ တွေ သာ များ ပါတယ်။ အကိုတို့ လဲ အပါ အ၀င် ပေါ့..ငွေကြေး အရ မကုနိုင်တဲ့ ရောဂါ ဖြစ်ရင် တော့ လောကကြီး ကို တာ့တာ ပဲ နော်။


17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး
သိက္ခာဆည်လို့မရဘူး။

နိုင်ငံကြီးတွေ မှာ တော့ Spin Doctors လို့ ခေါ်တဲ့ ပညာရှင်တွေ ရှိတယ်။ ကော်ပိုရေးရှင်းကြီးတွေ သိက္ခာ ကျ တဲ့ အခါ အဖတ်ဆယ် တဲ့ အလုပ် ကို ကြေးငွေ ကုဋေကုဋာ ယူပြီးလုပ်ပေးကြတယ်။ အင်္ဂလိပ်စကား မှာ White-Washing လို့ သုံးပါတယ်..ထုံးဖြူ ပြန်သုတ် တယ်ပေါ့ နော်။ ပိုက်ဆံ မရှိရင် တော့ တံတွေးခွက် ထဲ မျော ပြီ မှတ်။

18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင်တားနိုင်လိမ့်မယ်
၊ လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်
ပြန်ကာလို့မရဘူး။
၁ရ နဲ့ အတူတူ ပါပဲ။
19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။
 ၁ရ နဲ့ အတူတူ ပါပဲ။အကို တို့ လောက ကို မြင် နေရ တာ ကိုယ့်ဘာသာ ကိုယ် မြင်ချင် သလို မြင် နေရတာ လို့ ကိုယ့်ကိုယ် ကို ထင်ကြမယ်။ တကယ်တော့ သူများတွေ မြင်စေချင်တဲက အတိုင်း မြင်ခိုင်းတဲ့ အတိုင်း အကို တို့ က မြင် နေရတာ လေ။ ဒီ အကြောင်း ကို ရေး ရင် အကျယ် ဖြစ်သွားမယ်။ Meme Theory ကို နားလည် ဖို့ လို တယ်။ ကြုံ ရင် ပြော ပါမယ်။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို
သုံးချင်သူ။

(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

အပေါ် က ၁၉ ချက် ကို နားလည် ရင် ဒီ အချက် က မလို တော့ ပါဘူးေ နာ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ။

Lynn Htet Swe  မှော်ဆရာ မေးဂရုမှ မျှဝေခံစားသည်

ဘင်္ဂလီများ၏ လူမျိုးဝါးမျို ကျူးကျော်သိမ်းပိုက်ခြင်းကို တားဆီးနိုင်မည့် ဗျူဟာများလိုအပ်နေ (ဘင်္ဂလီမျို၍ ရခိုင်ပြည် သုံးပုံတစ်ပုံ ကျဆုံးတော့မည်)


Written by မဟာပညာကျော်        PDF Print E-mail
ပထမပိုင်း
နိဒါန်း
မေလနှင့် ဇွန်လ အတွင်းက ရခိုင်ပြည်တွင် ဖြစ်ပျက်ခဲ့သော စစ်သွေးကြွ ရိုဟင်ဂျာခေါ် ဘင်္ဂလားဒေ့ခ်ျမှ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ ရခိုင်များကို အကြမ်းဖက်သတ်ဖြတ်ကာ ရွာများကို မီးတိုက် ဖျက်ဆီးခဲ့ခြင်းသည် သွေးရိုးသားရိုး မဟုတ်ကြောင်း အားလုံးသိရှိပြီးဖြစ်ပါသည်။ လူ့အခွင်အရေး အရေခြုံပြီး ရခိုင်ပြည်ကို ကျုးကျော်သိမ်းပိုက်ရန် ခေတ်သစ်လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ပြည်တွင်း အခြေစိုက် အင်ဂျီအိုများ၊ ပြည်ပ အင်ဂျီအိုများ နှင့် ပြည်ပအခြေစိုက် ရိုဟင်ဂျာခေါ် ဘင်္ဂလီများ စနစ်တကျ 547873 10150973548941374 1484605201 nလှုပ်ရှား နေကြခြင်းဖြစ်သည်။ AZG, UNHCR, WFT, အပါအ၀င် တခြား INGOs၊ NGOs အမှု့ထမ်းများကို ထိုကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး၊ တရားခွင်တင်ထားပြီး ဖြစ်ပါသည်။ သို့ရာတွင် အမျိုးသားလုံခြုံရေးကို ထိပါး စိန်ခေါ်နေသည့် ထိုအကြမ်းဖက် သမားများနှင့် သီးခြားရိုဟင်ဂျာ နိုင်ငံ ထူထောင်ရန်ကြိုးစားနေခြင်းကို ကာကွယ်တားဆီးရန်မှာ ဤမျှနှင့် မလုံလောက်သေးပေ။ အစိုးရအနေဖြင့် တိကျခိုင်မာသည့် (proactive strategy) ဗျူဟာများချမှတ် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ရခိုင်အဖွဲ

ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)မှ မစ္စတာကင်တားနားကို စာတစ်စောင်ပေးပို့


ဘင်္ဂလားဒေ့ခ်ျ အခြေစိုက် ရခိုင်အမျိုးသမီးများအစည်းအရုံး

(RWU)မှ ရခိုင်ပြည်တွင်း အဓိကရုဏ်းအပေါ်မှာ လာရောက်လည်ပတ်သော မစ္စတာကင်တားနားကို ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် စာတစ်စောင် ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

Inline image 4
ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)မှ မစ္စတာကင်တားနားထံသို့ ပေးပို့လိုက်သော စာတစ်စောင်ကို ရခိုင်အမျိုးသမီးများ အစည်းအရုံး၏ ဥက္ကဌဖြစ်သူ ဒေါ်စောမြရာဇာလ

ရခိုင်ပြည်နယ်အခြေအနေနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ ရှင်းလင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များက အခြားပြင်ပမှ သွေးထိုးလှုံ့ဆော်မှုနှင့် အားထုတ်မှုရှိသည်ကို သက်သေပြနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား





Inline image 1
ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများအား ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်းတွင် ဇူလိုင်လ ၃၀ ရက်နေ့က ရှင်းလင်းခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဦးစွာ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ရခိုင်ပြည်နယ်
အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အချို့၏ အ

လေးဖက်နာ ရောဂါအကြောင်း သိကောင်းစရာ



လေးဖက်နာ ရောဂါအကြောင်း သိကောင်းစရာ
လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ အဆစ်ရောင်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးထုကြား အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လေးဖက်နာရောဂါဟာ လူရဲ့ အသက်ကို ချက်ချင်းမသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှုမလုပ်ရင် နာတာရှည်ရောဂါသည်ဘ၀နဲ့အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။


အဲလိုမတိုင်ခင်မှာတော့ ဝေဒနာ ခံစားရသူ

ရိုဟင်ဂျာကိစ္စ ဖြေရှင်းပြီးမှ ရွေးကောက်ပွဲစနစ်သစ် စဉ်းစားသင့်ဟု ရခိုင်ပါတီဆို


လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation – PR စနစ်) ပြောင်းလဲ ကျင့်သုံးပါက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်အရေး ပိုမိုရှုပ်ထွေးလာဖွယ် ရှိသည့်အတွက် ၎င်းစနစ်ကို အချိန်ယူ လေ့လာ ဆန်းစစ်ရန် လိုကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က ပြောသည်။

“တကယ်လို့သာ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီးတော့ သမိုင်းကိစ္စကို ရှင်းရှင်းလင်းလင်း
ဖြစ်အောင် အရင်လုပ်ရမယ်။ ဒီလို မဟုတ်ဘူးဆိုရင် အဲဒီ PR စနစ်ကို အသုံးချပြီးတော့ ရခိုင်ပြည်နယ် နိုင်ငံရေး ဇာတ်ခုံကို မသမာတဲ့ နည်းတွေနဲ့ တက်လာမှာလည်း စိုးရိမ်စရာ ရှိတယ်” ဟု RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၂၇ ရက်နေ့တွင် ဒီမိုကရေစီ မိတ်ဆွေများ ၁ဝ ပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော် တွင် တွေ့ဆုံခဲ့ပြီး ၂၈ ရက်နေ့က ၁ဝ ပါတီ ပူးတွဲထုတ်ပြန်သည့် သဘောထားနှင့် ပတ်သက်၍ ၁ဝ ပါတီ အဖွဲ့ဝင်
ဖြစ်သည့် RNDP က သဘောမကျနိုင်ကြောင်း ဦးဦးလှစော က ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
10party
ရခိုင်ပြည်နယ်တွင် လူဝင်မှုနှင့် နိုင်ငံသားဖြစ်မှု ပြဿနာကို အစိုးရက ထိရောက်စွာ မကိုင်တွယ်နိုင်သေးမီ ဘင်္ဂါလီ မွတ်ဆလင် လူဦးရေ တိုးပွားလာနိုင်ပြီး မဲဆန္ဒရှင် အရေအတွက်အပေါ် အခြေခံသည့် P