Wednesday, August 1, 2012

လောက မှာ ငွေ ရှိ ရင် ဘာမဆို ဖြစ်တယ် ဆို တဲ့ အမြင် က မှား နေသလို ပဲ ငွေ ဆို တာ သိပ် အရေးမကြီး ပါဘူး ဆို တဲ့ အယူအဆ က လဲ မမှန်ပြန်ဘူး

လောက မှာ ငွေ ရှိ ရင် ဘာမဆို ဖြစ်တယ် ဆို တဲ့ အမြင် က မှား နေသလို ပဲ ငွေ ဆို တာ သိပ် အရေးမကြီး ပါဘူး ဆို တဲ့ အယူအဆ က လဲ မမှန်ပြန်ဘူး။ အကို မြင် တာ လေးတွေ ပြော ကြည့်မယ် နော်။
1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို ဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

စားချင်စိတ် မရှိ ရင် ရှိလာ အောင် သမားတော် တွေ နဲက ပြသပြီး ကုသလို့ ရနိုင်တယ်။ ဒီလို ကုသ ဖို့ က ငွေ အမြောက်အများ လို တယ်။ အဆိုးဆုံး က စားချင်းစိတ် ပြင်းပြင်းထန်ထန်ရှိ နေပြီး အစားအစာ ၀ယ်စရာ ငွေ မရှိ တဲ့ ဘ၀ ပဲ ဖြစ်တယ်။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

ပျော်ရွှင်ခြင်း ကို ငွေ နဲ့ တိုက်ရိုက် ၀ယ် လို့ မရတာ တော့ အမှန်ပဲ။ ပျော်ရွှင်မှု တစ်ကီလို ပေးပါလို့ တော့ ၀ယ်လို့ မရနိုင်ဘူး ပေါ့။ ဒါပေမဲ့ အကို တို့ ကာမဘုံသား တွေ အတွက်တော့ ငွေကြေး နဲ့ ပျော်ရွှင်မှု က ဆက်စပ် နေတာ ပါပဲ။ အလှူအတန်းပဲ ပေးပေး အပျော်ခရီးပဲ ထွက်ထွက် ငွေမရှိ ရင် မဖြစ်နိုင်ဘူး မဟုတ်လား။ ငွေ မသုံး ပဲ ရနိုင် တဲ့ ပျော်ရွှင် မှု တွေ ရှိ တာ တော့ အမှန်ပဲ..လူအများစု က တော့ ရွှေတိဂုံ ရင်ပြင်တော် မြှ တံမျက်စီးလှည်း လို့ ရတဲ့ ပျော်ရွှင်မှု ထက် ဘာလီ နဲ့ ဖူးခက် ကမ်းခြေ တွေ ကို အပျော်ခရီးထွက် ရ တဲ့ အရသာ ကို ပို တောင့်တ ကြမှာ အမှန်ပဲ နော်။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို  ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။

အင်း..ဒါလဲ စဉ်းစားစရာပဲနော်။ ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို  ဝယ်နိုင် သလို ပိုက်ဆံ အများကြီးပေး မှ လဲ အကောင်းစား မိန်းမ တွေ ကို ရနိုင် တာ က လောကတံထွာ ဓမ္မတာ ဖြစ် နေလို့ ပါပဲ။ ကြေးငွေ ကုဋေ ကုဋာချီ ပိုင်ဆိုင် ရမယ် ဆို ရင် ငြင်းနိုင်မဲ့ မိန်းမ သိပ်များများ စားစား မရှိ လောက်ပါဘူး။ သူတို့ ကို တော့ အာဇာနည် တွေ အဖြစ် အကို ဦးညွှတ် ပါတယ်။ မေတ္တာ တရား နဲ့ ငွေကြေး က တိုက်ရိုက် အချိုး မကျ ပေမဲ့ သဟဇာတ တော့ ဖြစ်နေတာ အမှန်။ ဆင်းရဲလွန်းတဲ့ ဘ၀၀န်းကျင် မှာ မေတ္တာ ရှင်သန်ဖို့ အလွန် ခက်ပါလိမ့်မယ်။


4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို ဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို
ဝယ်လို့မရဘူး။

ကျန်းမာခြင်း ဆို တာ အနာရောဂါ မရှိခြင်းပါပဲ။ အနာရောဂါမရှိဖို့ က သန့်ရှင်းစင်ကြယ်တဲ့ ပတ်ဝန်းကျင် အာဟာရပြည့်ဝတဲ့ အစားအစာ နဲ့ ဆေးကုသစောင့်ရှောက်မှု တွေ လို အပ်တယ်။ အထက် ကလိုပဲ ငွေပေး ပြီး ကျန်းမာခြင်း တစ်ပေါင် လောက် ရောင်း ပါလို့ တော့ ၀ယ် လို့ မရပေမဲ့ ယနေ့ ကျန်းမာရေးကဏ္ဍ မှာ ငွေကြေး အရင်းအနှီး ထရီလီယံ ချီ လည်ပတ် နေတာ ကို ကြည့် ရင် ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး ဆို တဲ့ စကား က အပြည့် အ၀ မမှန်ကန်ပါ။

5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကိုဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို
ဝယ်လို့မရဘူး။
ဒီ အချက် ကတော့ သိပ် အများကြီးပြောစရာ မရှိပါ။ အသိပညာ အရင်းအမြစ် တွေ ကို စာအုပ် နဲ့ အခြားသော မီဒီယာတွေ မှာ သိမ်းဆည်းထားလို့ ပိုက်ဆံမရှိ ရင် ပညာ မရှိ နိုင်တဲ့ ခေတ် ကို ရောက် နေပါပြီနော်။ မိတ်ဆွေ ဆရာဝန်မလေး တစ်ယောက် အင်္ဂလန် ကို ပညာတော်သင်ဆု ရလို့ သွားတာ တောင် အစပိုင်း အတွက် ဒေါ်လာ ၅၀၀၀ လောက် ဆောင်ယူ သွား ရပါ သတဲ့။

6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကိုဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။

အကို တို့ က ရိုးသားစွာ ကျင့်ကြံ နေထိုင်ခဲ့ပေမဲ့  တတိယကမ္ဘာ မှာ ပဲ ချို့တဲ့စွာ နေ နေ ရပါတယ်။ အချို့သော ဘာရာဇာ ညာရာဇာ ဆိုသူများ က တော့ ပထမကမ္ဘာ က နိုင်ငံကြီးတွေ မှာ တောင် တင့်တင်စွာ နေနိုင်ဖို့ ဗီဇာ လွယ်လွယ် ရနေကြပါတယ်။


7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို ဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို
ဝယ်လို့မရဘူး။

တစ်ခါတုန်းက မိတ်ဆွေ ဆရာဝန်တစ်ယောက်ပေးတဲ့ (ဈေး အတော်ကြီးတဲ့) အိပ်ဆေး သောက်ဖူးတယ်။ တစ်ခါမှ ဒီလောက် ချိုမြိန်စွာ မအိပ်စက်ဖူးပါဘူး။ အဲဒီဆေး ကို စွဲ သွားမှာ စိုးလို့ ဘာဆေး လဲ ဆို တာ မှတ်မထားတော့ ပါဘူး ထပ် လဲ မတောင်းတော့ ပါဘူး။


8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို
ဝယ်လို့မရဘူး။
 အကို သိတဲ့ မြန်မာ့ လူ့ အဖွဲ့ အစည်း က တော့ ပိုက်ဆံရှိခြင်း ကိုယ်၌က လေးစားစရာ ပဲ ဆို တာ မျိုး ခံယူထားတာ တွေ့ နေ ရပါတယ်။ အကို တို့ လို လခစားဝန်ထမ်းတွေ ထက် ချဲဒိုင်ကိုင် လို့ ကြီးပွား နေသူ တွေ လောက မှာ ပို မျက်နှာပန်းပွင့် သလို တောင် ဖြစ်နေတယ်။

9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)
ကို ဝယ်လို့မရဘူး။

ကိုရီးယား မင်းသား မင်းသမီးတွေ က တော့ ငွေ သိန်းသန်းချီ ပေးဆပ်ပြီး လှပ တင့်တယ်မှု (Beauty) ကို ၀ယ်ယူ နေကြပါတယ်။ မြန်မာပြည်တောင် ကူးစက်စပြုလာပါပြီကော။

10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန် (Time) ကို ဝယ်လို့မရဘူး။

အကို က တော့ ပိုက်ဆံ မရှိ လို့ တနင်္လာ နေ့ က နေ သောကြာ နေ အထိ တစ်ပတ် ကို နာရီ ၄၀ အချိန် ကို ရောင်းစား နေရပါတယ်။ အကို့ အချိန်တွေ ကို ၀ယ်လို့ ရ ရင် ပြန်ဝယ် ချင်ပါရဲ့။

11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို ဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
နည်းပညာ ဈေးကွက်ကြီး အံ့မခန်း ကြီးထွား လာ နေပါတယ်။

12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances)  ဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကို
ဝယ်လို့မရဘူး။

ငွေကြေး က မိတ်ဆွေ စစ် မစစ် ကို စမ်းသပ် ပေးတတ်ပါသေးတယ်။ လူဆင်းရဲ တစ်ယောက် မှာ မိတ္တဗလ ရှိဖို့တော့ အတော် ခဲယဉ်းပါလိမ့်မယ်။

13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant)  ထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကို
ဝယ်လို့မရဘူး။

အင်း ဒါလဲ စဉ်းစားစရာ နော်။ သစ္စာရှိမှု (Faithfulness) ကိုဝယ်လို့ ရမ ရ တော့ မသိဘူး။ သစ္စာမဲ့ မှု ကို တော့ ၀ယ်လို့ ရနေ တာ အမှန်ပဲ ဆို တော့ သစ္စာရှိမှု (Faithfulness) ကိုလဲ ၀ယ် ရင် ရ ကောင်း ပါရဲ့။ အခြေအနေ အရ ပေါ့ နော်။


14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို  ဝယ်လို့ရချင် ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့မရဘူး။

အနားယူချိန်တွေ၊ အားလပ်ချိန်တွေ မရှိ ရင် ငြိမ်းချမ်းခြင်း (Peace) မရှိနိုင်ဘူး ဆို တော့ ငြိမ်းချမ်းခြင်း (Peace)  ကို လဲ ငွေ နဲ့ သွယ်ဝိုက်သော နည်း နဲ့ ၀ယ်လို့ ရတယ် ဆို ရာ ရောက်ပါတယ်။ အငြိမ်းစားယူတဲ့ လစာ ရ တာ ကို ထောက်ချင့်ပါနော်။

15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို  ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။

လုံးဝ မေ့ပျောက်ခြင်း က တော့ မာလကီးယား မှ ပဲ ရမယ်။ သို့မဟုတ် ဗုဒ္ဓ ဘာသာ လို ဆို ရင် တော့ ပရိနိဗ္ဗာန်ပြု မှ ပဲ ရမယ်။ ဘုရားသော် မှ မတတ်နိုင်တဲ့ ကိစ္စ ပေပဲ နော်။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။

တစ်ချို့ ဘ၀တဏှာ ကြီးသူ တွေ က တော့ မိမိ အလောင်း ကို Cryonics ပညာ နဲ့ ရေခဲစိမ် ထားတယ်..ပိုက်ဆံ ဘီလီယံချီ ကုန်တယ်။ ဆေးပညာ ထွန်းကားလာ ရင် ပြန်ရှင်နိုင်နိုးနိုးပေါ့။ ခရစ်တော် ကို ယုံ ကြည်ရင် တော့ ပိုက်ဆံ တောင် မလို ပဲ ပြန်ရှင် ကြမယ် ဆို တယ်။ အကိုတို့ ဗုဒ္ဓဘာသာ မှာ တော့ ပိုက်ဆံ မပြော နဲက ဘုရားသော် မှ လက်မှိုင်ချ ရတဲက ကိစ္စ ပဲ ဖြစ်ပါတယ်။

လောက မှာ ငွေပုံ မပေး နိုင်လို့ အခြောက်တိုက် အသေခံ ရသူ တွေ သာ များ ပါတယ်။ အကိုတို့ လဲ အပါ အ၀င် ပေါ့..ငွေကြေး အရ မကုနိုင်တဲ့ ရောဂါ ဖြစ်ရင် တော့ လောကကြီး ကို တာ့တာ ပဲ နော်။


17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး
သိက္ခာဆည်လို့မရဘူး။

နိုင်ငံကြီးတွေ မှာ တော့ Spin Doctors လို့ ခေါ်တဲ့ ပညာရှင်တွေ ရှိတယ်။ ကော်ပိုရေးရှင်းကြီးတွေ သိက္ခာ ကျ တဲ့ အခါ အဖတ်ဆယ် တဲ့ အလုပ် ကို ကြေးငွေ ကုဋေကုဋာ ယူပြီးလုပ်ပေးကြတယ်။ အင်္ဂလိပ်စကား မှာ White-Washing လို့ သုံးပါတယ်..ထုံးဖြူ ပြန်သုတ် တယ်ပေါ့ နော်။ ပိုက်ဆံ မရှိရင် တော့ တံတွေးခွက် ထဲ မျော ပြီ မှတ်။

18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင်တားနိုင်လိမ့်မယ်

၊ လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်
ပြန်ကာလို့မရဘူး။
၁ရ နဲ့ အတူတူ ပါပဲ။
19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။
 ၁ရ နဲ့ အတူတူ ပါပဲ။အကို တို့ လောက ကို မြင် နေရ တာ ကိုယ့်ဘာသာ ကိုယ် မြင်ချင် သလို မြင် နေရတာ လို့ ကိုယ့်ကိုယ် ကို ထင်ကြမယ်။ တကယ်တော့ သူများတွေ မြင်စေချင်တဲက အတိုင်း မြင်ခိုင်းတဲ့ အတိုင်း အကို တို့ က မြင် နေရတာ လေ။ ဒီ အကြောင်း ကို ရေး ရင် အကျယ် ဖြစ်သွားမယ်။ Meme Theory ကို နားလည် ဖို့ လို တယ်။ ကြုံ ရင် ပြော ပါမယ်။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို
သုံးချင်သူ။

(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

အပေါ် က ၁၉ ချက် ကို နားလည် ရင် ဒီ အချက် က မလို တော့ ပါဘူးေ နာ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ။

Lynn Htet Swe  မှော်ဆရာ မေးဂရုမှ မျှဝေခံစားသည်

0 ကွန်မန့်ရေးရန်:

Post a Comment