This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, April 23, 2012

NLD လွှတ်တော် မတက်ခြင်းအပေါ် အမြင်မတူမှုများ ..၊ ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး ဒီလိုဖြစ်စေချင်တယ်

Inbox
x

ဦးဦး မှော်ဆရာ mrsorcerer9@gmail.com
10:16 AM (24 minutes ago)

to O
NLD လွှတ်တော် မတက်ခြင်းအပေါ် အမြင်မတူ
By , on April 20, 2012 7:10 pm in သတင်း / 103 comments,  Hits: 4,546
Inline image 1
လွှတ်တော်ကိုယ်စားလှယ်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရာတွင် “အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပါမည်” ဆိုသည့် စကားရပ်နေရာတွင်“အခြေခံဥပဒေကို လေးစားလိုက်နာပါမည်”ဆိုသော စကားရပ်နှင့် အစားထိုး ပြင်ဆင်ပေးရန် NLD က တင်ပြခြင်းကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ပြင်ဆင်စရာမလိုကြောင်း အကြောင်းပြန်ခဲ့သည်။
ထို့ကြောင့် NLD ကိုယ်စားလှယ်များ လာမည့် ၂၃ ရက် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်နိုင်ခြေမရှိသေးကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ယနေ့ ပြောဆိုလိုက်သည့်အပေါ် တုံ့ပြန်ကြခြင်းဖြစ်သည်။
ယင်းသို့ NLD က လွှတ်တော် မတက်နိုင်သေးခြင်းနှင့်ပတ်သက်ပြီး ယခုပြဿနာသည် စကားလုံး အသုံးအနှုန်း ပြဿနာ သို့မဟုတ် အခြေခံ ဥပဒေဆိုင်ရာပြဿနာလော ဆိုသည်ကို NLD ဥပဒေ ပညာရှင်များအနေဖြင့် သဲကွဲစွာသိရန် လိုကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ခေါင်းဆောင် ရှေ့နေ ဦးသိန်းညွှန့်က ဧရာဝတီကို ပြောသည်။
“ဒါဟာ အခြေခံ ဥပဒေပြဿနာဆိုရင် အခြေခံဥပဒေမှာ ပြင်ဆင်ခြင်းကို တားမြစ်ထားခြင်း မရှိဘူး။ တကယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းကို အခန်း ၁၂ နှင့် အညီ ဆောင်ရွက်ပေါ့”ဟုလည်း သူက ဆက်ပြောသည်။
အမျိုးသား ဒီမိုကရေစီအင်အားစု(NDF) ပါတီ ခေါင်းဆောင် တဦးဖြစ်သည့် ဦးခင်မောင်ဆွေကလည်း လွှတ်တော်တွင်းမှာရှိသော ဒီမိုကရက်တစ် နိုင်ငံရေးပါတီများက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ကိုယ်စား လှယ်များနှင့် အတူ လက်တွဲ လုပ်ဆောင်ရန်စောင့်မျှော်နေချိန် ဖြစ်ကြောင်း ပြောသည်။
“ကျနော့် အမြင်ကတော့ NLD ဟာ ပြည်သူလူထုထောက်ခံမှု အများဆုံးနဲ့ နိုင်သွားတဲ့ ပါတီဖြစ်တယ်။ ပြည်သူလူထုကို လေး စားတဲ့ အနေနဲ့ လွှတ်တော်ထဲကို ရောက်အောင်သွားရမယ်။ ဘယ်ပါတီမဆို ပြည်သူ့ဆန္ဒကို ခံယူပြီးတဲ့အခါ ဟိုအကြောင်း ကြောင့်၊ ဒီအကြောင်းကြောင့် မသွားနိုင်ဘူး ပြောတာဟာ ပြည်သူ့အပေါ်မှာ လေးစားရာ မရောက်ပါဘူး”ဟု ဦးခင်မောင်ဆွေက ဆိုသည်။
သို့သော် NLD သည် အခွင့်အလမ်းလည်းရှိနေပြီဖြစ်၍ လွှတ်တော်တွင်းသို့ သွားမည်ဟုလည်း ယုံကြည်ကြောင်း ဦးခင်မောင်ဆွေ က ဖြည့်စွက်ပြောဆိုသည်။
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကလည်း သူ၏ အင်တာနက် စာမျက်နှာတွင် ယခု အငြင်းပွားနေ မှုနှင့်ပတ်သက်ပြီး ဗြိတိန် လုပ်ထုံးလုပ်နည်းနှင့် အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့နှင့်နှိုင်းယှဉ်၍ ရေးသား တင်ပြထားသည်။
“မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂ တွင်လည်း အခြေခံ ဥပဒေ ပြင်ဆင်ရမည့် နည်းလမ်းများကို ပြဌာန်းထားပြီး ဖြစ်သည့်အပြင် နိုင်ငံတော် သမ္မတ ကိုယ်တိုင်ကလည်း အခြေခံ ဥပဒေကို လိုအပ်ပါက ပြင်ဆင်နိုင်ရေးအတွက် လွတ်တော်တွင်း ဆွေးနွေးကြရန် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားပြီးဖြစ်သည်”ဟု ဦးရဲထွဋ်က ရေးထားသည်။
အမည်မဖော်လိုသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကလည်း NLD ၏ ရွေးကောက်ပွဲ ၀င်ရခြင်း အဓိက အချက်များသည် တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တို့လုပ်ဆောင်မည်ဟု ဆိုထားသည့် အတိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် လွှတ်တော်တံခါးဝကို ရောက်နေချိန်ဖြစ်ကြောင်း ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်းဆိုင်ရာ စကားရပ်နှင့် ပါတီ မှတ်ပုံတင်ခြင်း ဆိုင်ရာ အခြေခံဥပဒေနှင့် ပတ်သက်၍ စကားရပ်တို့သည် လိုက်လျောညီထွေမှု မရှိဘဲ အငြင်းပွားဖွယ်အဖြစ် တွေ့ရ ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပမီ ကတည်းက တပြေးညီ လိုက်လျောညီထွေမှု ရှိစေရန် အကြေအလည် ပြတ်ပြတ်သားသား ဆွေးနွေးပြီးမှ ရွေးကောက်ပွဲ ၀င် သင့်ကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ပထမ အကြိမ် နေပြည်တော်တွင် တွေ့ဆုံပြီးနောက် NLD ရွေးကောက်ပွဲ ၀င်နိုင်ရန်နှင့် မှတ်ပုံတင်နိုင်ရေးအတွက် ဦးသိန်းစိန်က အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်အရ ပါတီမှတ်ပုံတင်ခြင်း ဆိုင်ရာတွင် အခြေခံ ဥပဒေနှင့်ပတ်သက်၍  “ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစားလိုက်နာပါမည်”ဟု စကားရပ်ကို ပြင်ဆင်ပေးခဲ့သည်။
NLD က ထပ်မံ တင်ပြသည်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ကျမ်းကျိန်မှု ဆိုင်ရာတွင်လည်း အဆိုပါ စကားရပ်ကို ပြင်ပေး ရန် ဖြစ်သည်။ သို့သော် အခြေခံ ဥပဒေ ခုံရုံးက ပြင်ဆင်ရန် ငြင်းဆိုခဲ့သည်။
စကားရပ်ပြင်ရေးနှင့် ပတ်သက်၍ NLD ပါတီက နိုင်ငံတော် သမ္မတရုံး၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရုံးများသို့ စာဖြင့် ဆက်လက် တင်ပြသွားမည်ဟု NLD က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးဉာဏ်ဝင်းက ပြောသည်။
သို့သော် ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျပ်အတည်း တခု အသွင်မျိုး ဖြစ်မလာရေး ကြိုးစားလုပ်ဆောင်သွားမည်ဟု သတင်းထောက်များကို ပြောခဲ့သည့်အတွက် NLD ပါတီ ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရေး မကြာမီပြေလည်ဖွယ်ရှိကြောင်းနှင့် လာမည့် သတင်းပတ် စတင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စ အပေါ် ဆွေးနွေးဖွယ်ရှိကြောင်း လေ့လာသူများက ဆိုသည်။
http://burma.irrawaddy.org/archives/8793


ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး ဒီလိုဖြစ်စေချင်တယ်

Written by အောင်သန်း(အခြေခံပညာ)   
Monday, 23 April 2012 09:01

Inline image 1
ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးခဲ့ပြီ။ ပြိုင်ပွဲဆိုတာ အနိုင်-အရှုံး အဆုံးအဖြတ် ခံယူပွဲဖြစ်တယ်။ နိုင်တဲ့သူ ရှိသလို ရှုံးတဲ့သူလည်း ရှိမယ်။ ပြိုင်ပွဲမှာ နိုင်သူကလည်း မောက်မာ ထောင်လွှားခြင်းမရှိသင့်သလို ရှုံးသူ အနေနဲ့ လည်း အရှုံးကို ၀န်ခံရဲသည့် စိတ်ဓာတ်ရှိရမယ်။ ဒါမှ အငြိုးအ တေးမရှိတဲ့ သန့်ရှင်းတဲ့ ပြိုင်ပွဲ Heal-thy Competition ဖြစ်ပါမယ်။ ရွေးကောက်ပွဲမတိုင်ခင်၊ အပြိုင်အဆိုင် အကြိတ်အနယ် ကြိုးစားခဲ့ကြပေမယ့် ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ နိုင်သူရော ရှုံးသူပါ အတူလက်တွဲပြီး တညီတညွှတ်တည်း တိုင်းပြည်အကျိုး ဆောင်ရွက်ခဲ့ကြတဲ့ အမေရိကန် ရွေးကောက်ပွဲများအကြောင်း အတုယူနိုင်ဖို့ ပြောပြလိုပါတယ်။
လွတ်လပ်ရေးစစ်ပွဲအပြီး အမေရိကန် ပြည်ထောင်စုမှာ၊ သမ္မတ ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က ကျင်းပခဲ့ကြတဲ့ ရွေးကောက်ပွဲများကိုကြည့်ရင် သန့်ရှင်းပွင့်လင်းပြီး ထင်သာမြင်သာရှိတယ်။ သမ္မတများ၊ နိုင်ငံရေးပါတီများ၊ ကိုယ်ကျိုး မရှာ တိုင်းပြည်နှင့် လူမျိုးအတွက်သာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတယ်။ နိုင်ငံရေးပါတီများ ယုံကြည်ချက် အယူဝါဒ မတူကြဘူး။ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ကြတဲ့အခါမှာ တညီတညွှတ်၊ တစ်စိတ်တစ်ဝမ်းတည်း ရှိကြတယ်။ ဒီအစဉ်အလာကောင်းဟာ နှစ်ပေါင်း ၂၀၀ ကျော်လာခဲ့ပေမယ့် အခုထိ ဆက်လက် လက်ဆင့်ကမ်း တည်ရှိနေတယ်။ အဲဒါဟာ ချီးကျူးစရာ၊ အတုယူစရာပဲ။
၂၀၀၀ ပြည့်နှစ်၊ အမေရိကန် ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဒုတိယသမ္မတ အယ်လ်ဂိုးနှင့် ရီပါဘလစ်ကန်ပါတီမှ ဂျော့ဘုရှ်တို့ အကြိတ်အနယ် ပြိုင်ကြတယ်။ ဂျော့ဘုရှ်က မဲအနည်းငယ်နဲ့ ပွတ်ကာသီကာနိုင်တယ်။ ဒုတိယ သမ္မတအယ်လ်ဂိုးက သူရှုံးကြောင်း ၀န်ခံပြီး ဂျော့ဘုရှ်နိုင်တဲ့အတွက် ၀မ်းသာကြောင်းနဲ့ ဂုဏ်ပြုကြောင်း ဖုန်းဆက်ပြောတယ်။
ထိုနည်းတူပဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်ပါတီမှ အရွေးခံသူဆီနေတာ ဂျွန်မက်ကိန်းက ဒီမိုကရက်တစ်ပါတီမှ အရွေးခံသူ ဘားရက်အိုဘားမား နိုင်သည်ကိုဝန်ခံပြီး အိုဘားမား အနိုင်ရသည်ကို ၀မ်းမြောက်ဝမ်းသာ ချီးကျူးဂုဏ်ပြုကြောင်း နှင့် နိုင်ငံတော်အတွက် လက်တွဲ ဆောင်ရွက်မယ့်အကြောင်း ပြောကြားခဲ့တယ်။
ရှုံးတဲ့သူက အရှုံးကို ၀န်ခံရဲပြီး  နိုင်တဲ့သူကလည်း ထောင်လွှားမှု မရှိဘူး။ လက်တွဲဆောင်ရွက်ကြဖို့သာ ပြောတယ်။ ပြောတဲ့အတိုင်း၊ တိုင်း ပြည်ကိစ္စများ ဆောင်ရွက်ကြရာမှာ သဘောကွဲလွဲမှု၊ အငြင်းအခုန်များ ရှိပေမယ့် လုပ်ငန်းများ ဆောင်ရွက်ရာမှာ တညီတညွတ်တည်း ရှိကြတယ်။ အစိုးရ အပြောင်းအလဲ ရှိပေမယ့် တိုင်းပြည်အုပ်ချုပ်ရေးယန္တရားနဲ့ လုပ်ငန်းများ တုံ့နှေးမှု မရှိဘူး။ ပုံမှန်အတိုင်း လည်ပတ်နေတယ်။ ဒီတိုင်း ပြည်ထိပ်တန်းရောက်နေတာ ဒီစိတ်ဓာတ်နဲ့ ဒီစနစ်ကြောင့်ပဲလို့ပြောရင် လွန်မယ်မထင်ဘူး။ အတုယူစရာတွေပါ။

နိုင်ငံရေးနဲ့ပတ်သက်ပြီး အတုယူစရာ နောက်တစ်ခု ပြောချင်သေးတယ်။ အဲဒါကတော့ ၁၈၀၁ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု သမ္မတဖြစ်လာတဲ့ သောမတ်ဂျက်ဖာဆင် သမ္မတကျမ်းသစ္စာကြိမ်ဆိုပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းပါ။
''မိတ်ဆွေများနဲ့ တိုင်းသူပြည်သားများခင်ဗျာ၊ မိတ်ဆွေတို့ ယုံကြည်အားကိုးတင်မြှောက်ခဲ့လို့ တိုင်းပြည်ရဲ့အမြင့်ဆုံးရာထူးကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့ကံကြမ္မာကို ဖန်တီးနိုင်တဲ့ သမ္မတဆိုတဲ့ ကြီးလေး များပြားတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ စိုးရွံ့စိတ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒီခန်းမထဲ ၀င်လာတဲ့အခါမှာ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဘက်များမျက်နှာကို တွေ့လိုက်ရတော့ အားရှိသွားပါတယ်။ နိုင်ငံတော် စည်းကမ်းဥပဒေကို ရေးဆွဲခဲ့ကြတဲ့ ဥပဒေ ပညာရှင်ကြီးများ၊ စီးပွားရေး ပညာရှင်ကြီးများ စက်မှုလက်မှု ပညာရှင်ကြီးများ၊ ကွန်ဂရက် လူကြီးမင်းများ၏အားသည် တိုင်းပြည်အတွက် အင်အားဖြစ်လို့ အားတက်မိပါတယ်။
ကျွန်တော်တို့ နိုင်ငံရေး ပါတီများအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ကြပါပြီ။ တရားမျှတစွာ၊ လွတ်လပ်စွာ၊ ပြိုင်ဆိုင်ခဲ့ကြတဲ့အတွက် ကျွန်ုပ်တို့ နိုင်ငံတော်ဟာ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိကြောင်း ကမ္ဘာကို ပြသခဲ့ပြီး ဖြစ်ပါတယ်။ စကား အခြေအတင် ပြောခဲ့ကြတာတွေ၊ ငြင်းခုံခဲ့ကြတာတွေ ပြီးခဲ့ကြပါပြီ။ အခုအချိန်မှာ ပြည်သူအားလုံး၊ လူမျိုးဘာသာမရွေး၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့ တိုင်းပြည်အတွက် ကောင်းအောင်လုပ်ကြဖို့ပဲ ကျန်ပါတယ်။ ရွေးကောက်ပွဲမှာ အများစုက အနိုင်ရခဲ့ပါပြီ။ ဒါပေမယ့် လူနည်းစု ရှိနေတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ အများစုရဲ့ဆန္ဒအရ အုပ်ချုပ်ရမယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်း အများစု၏ အုပ်ချုပ်မှုသည် တရားမျှတရပါမယ်။ လူနည်းစု အခွင့်အရေးနှင့် တူညီရပါမယ်။ မှန်ကန် မျှတသော တရားဥပဒေ၏ အကာအကွယ် ရရှိရပါမယ်။
တစ်ဦးကိုတစ်ဦး နာကြင်မှု၊ မဖြစ်စေတတ်တဲ့ အစိုးရတစ်ရပ်ရှိဖို့ လိုပါတယ်။ အစိုးရတစ်ရပ်သည် မိမိတိုင်းသူပြည်သားအားလုံးကို လွတ်လပ်မှု၊ တရားမျတမှု၊ ငြိမ်းချမ်းသာယာမှုကို ပေးနိုင်စွမ်းရှိပြီး၊ တိုင်းသူပြည်သားများထံမှ ခေါင်းပုံဖြတ် အမြတ်ကြီးစားမလုပ်တဲ့ စေတနာကောင်းအပြည့်ရှိတဲ့ အစိုးရမျိုးရှိဖို့ လိုပါတယ် ...

ကျွန်ုပ်တို့ တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီး၊ ချစ်ချစ်ခင်ခင်၊ စိတ်ရော ကိုယ်ပါ ညီညွတ်ကြပါစို့။ ငြိမ်းချမ်းမှု၊ ချစ်ခင်မှု၊ လွတ်လပ်စွာ တွေးခေါ်မှု ပြောဆိုမှု၊ ရေးသားမှုမရှိလျှင် ဘ၀သည် အဓိပ္ပာယ်မရှိပါ။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုမရှိလျှင် နိုင်ငံရေး လွတ်လပ်မှု မရှိနိုင်ပါ။ သို့ဖြစ်၍ ကိုးကွယ်မှု၊ ယုံကြည်မှုမတူ၊ ကွဲပြားသဖြင့် လူနည်းစုများကို အပြစ်ပေးခြင်း၊ ညှဉ်းဆဲ နှိပ်ကွပ်ခြင်းများ အလျဉ်းမရှိစေရပါ။ ကျွန်ုပ်တို့ ညီညွတ်နေတဲ့ ကာလပတ်လုံး ပြည်ထောင်စု အစိုးရကို ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်အုပ်ချုပ်နေသမျှ ကာလပတ်လုံး၊ ကျွန်ုပ်တို့နိုင်ငံ တည်ရှိနေပါမယ်။ ဒီစနစ်ကြောင့် ကျွန်ုပ်တို့ ကံကောင်းသည်ဆိုရပါမယ်။ ဥရောပ အရှေ့အလယ်ပိုင်းနဲ့ အာရှနိုင်ငံများမှာ ဘုရင်များ၊ အာဏာရှင်များ၊ သက်ဦးဆံပိုင်မင်းများ အုပ်စိုးခဲ့ကြလို့ အချင်းချင်း အာဏာလုစစ်ပွဲများ ဖြစ်ခဲ့ကြတယ်။ တိုင်းသူပြည်သားများ သေကြေကြတယ်။ အလုပ်မလုပ်နိုင်လို့ ဆင်းရဲကြတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ စစ်ကို မလိုလားဘူး။ လွတ်လပ်မှု၊ ညီညွတ်မှု၊  တရားမျှတမှုကို လိုလားတယ်။ ဒါကြောင့် စိတ်ဆင်းရဲမှု မရှိဘူး။ မိမိစိတ်တိုင်းကျ လွတ်လွတ်လပ်လပ် တွေးခေါ်ဆောင်ရွက်နိုင်လို့ သားစဉ်မြေးဆက် တည်တံ့ပါမယ်။ ကျွန်ုပ်တို့က ပေါက်ဖွားလာတဲ့ မျိုးဆက်များ တန်းတူရည်တူ အခွင့်အရေး ရှိကြတယ်။ ချမ်းသာတဲ့မိဘက မွေးဖွား လာသူသာ၊ လူမဟုတ်၊ ဆင်းရဲတဲ့မိဘက မွေးဖွားလာသူလည်း လူဖြစ်တယ်။ အခွင့်အရေး တန်းတူရှိတယ်။ ဒီနိုင်ငံမှာ ယုံကြည်ကိုးကွယ်မှု၊ ဘာသာ အယူ ကွဲပြားသူ အများအပြားရှိတယ်။ ဘာသာအားလုံး ရိုးသားမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ သနားကြင်နာမှု သင်ကြားပေးပြီး သတ္တ၀ါအားလုံးအပေါ် ကြင်နာသနားတယ်။ ဒီလိုပြည့်စုံနေတဲ့အတွက် ကံကောင်းကြပါတယ်။ 
မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် လူကြီးမင်းများခင်ဗျား။ ကျွန်တော်တို့မှာ လိုအပ်နေတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ တွေးခေါ်မြော်မြင်တတ်တဲ့ အသိပညာပါတဲ့။ တစ်ဦးကိုတစ်ဦး နာကြင်မှု၊ မဖြစ်စေတတ်တဲ့ အစိုးရတစ်ရပ် ရှိဖို့လိုပါတယ်။ အစိုးရတစ်ရပ်သည် မိမိတိုင်းသူပြည်သား အားလုံးကို လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှုကို ပေးနိုင် စွမ်းရှိပြီး၊ တိုင်းသူပြည်သားများထံမှ ခေါင်းပုံဖြတ် အမြတ်ကြီးစား မလုပ်တဲ့ စေတနာကောင်းအပြည့်ရှိတဲ့ အစိုးရမျိုး ရှိဖို့လိုပါတယ်။

ကျွန်တော့်ရဲ့ တိုတောင်းတဲ့ မိန့်ခွန်းထဲမှာ ကျွန်တော်လုပ်မယ့်ကိစ္စ အားလုံးပြောပြလို့ ကုန်မှာမဟုတ်ပါဘူး။ ကျွန်တော်လုပ်လိုတဲ့ ခံယူချက်၊ ယုံကြည်ချက်များကို အတိုချုံ့တင်ပြပါမယ်။
  • ၁။ နိုင်ငံရေး၊ ဘာသာရေး ယုံကြည်မှု၊ ဆင်းရဲချမ်းသာ လူနေမှုအဆင့် မည်သို့ပင် ကွဲပြားပါစေ တူညီသော တရားမျှတမှုကို ရရှိစေပါမယ်။
  • ၂။ ကမ္ဘာ့နိုင်ငံအားလုံးနှင့် မိတ်ဆွေအဖြစ် ငြိမ်းချမ်းစွာ ကုန်သွယ်မှု၊ ဆက်ဆံပေါင်းသင်းမှုများ ပြုလုပ်ပါမယ်။
  • ၃။ စစ်သည်လူသားတို့အတွက် ကောင်းကျိုးမပြုပါ။ စစ်ပြုရန်အတွက် မည်သည့်နိုင်ငံနှင့်မျ မိတ်ဆွေဖွဲ့ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း မလုပ်ပါ။
  • ၄။ ပြည်ထောင်စုအစိုးရကို ထောက်ခံနေသော ပြည်နယ်အစိုးရများ၏ တရားသော အခွင့်အရေးအားလုံးကို ထောက်ခံပါမယ်။
  • ၅။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စု သာယာအေးချမ်းရေးအတွက် နိုင်ငံတော်စည်းမျဉ်းဥပဒေနှင့်အညီ ပြည်ထောင်စု ဗဟိုအစိုးရ အာဏာကြီးထွားအောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပါမယ်။
  • ၆။ ပြည်သူများ သူတို့စိတ်ကြိုက် ကိုယ်စားလှယ်များ ရွေးချယ်နိုင်သည့် အခွင့်အရေးရရှိရန် ဆောင်ရွက်ပါမယ်။ ရွေးကောက်ပွဲတွင် တရားမျှတ မှုမရှိ၊ မှန်ကန်စွာ ရွေးချယ်ခွင့်မရရှိခဲ့လျှင် တော်လှန်မှု သွေးထွက်သံယိုမှုများ ဖြစ်ပွားပါလိမ့်မယ်။
  • ၇။ ရွေးကောက်ပွဲတွင် မဲအများစု ရရှိသူသည် တိုင်းပြည်ကို အုပ်စိုးရပါမည်။ ဤသည်မှာ ပြည်ထောင်စု၏ အနှစ်သာရဖြစ်သည်။ အများစုဆန္ဒကို လွန်ဆန်ပြီး အုပ်ချုပ်ခွင့် ငြင်းဆန်ခဲ့လျှင် အာဏာရှင်စနစ် ဖြစ်သွားပါမယ်။
  • ၈။ တပ်မတော်သည် တိုင်းပြည်၏ ဂုဏ်သိက္ခာဖြစ်တယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်သောအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမျိုးရေး ပြဿနာများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေလို၊ သာမန်အချိန်တွင် ယင်းသို့သော ကိစ္စများကို ကူညီ ထိန်းသိမ်းစောင့်ရှောက်ရန်၊ အပျော်တမ်း လက်နက်ကိုင်တပ်ဖွဲ့ထား ရှိသင့်သည်။ ပြည်သူတစ်ရပ်လုံးနှင့် ဆိုင်သော ပြည်ပရန်ရှိလာသည့်အခါ Civil Administration ခေါ် မြို့ပြအုပ်ချုပ်သူ နိုင်ငံဝန်ထမ်း အကြီးအကဲ၏ အမိန့်ပေးခွင့်ပြုမှသာ စစ်တပ်က ပါဝင်တိုက်ခိုက်ရမည်။ မည်သည့်အချိန် မည်သည့်ကိစ္စတွင်မဆို စစ်ဘက်ဆိုင်ရာ အရာရှိများသည် မြို့ပြအုပ်ချုပ်သူ အရာရှိအကြီး အကဲ၏ အမိန့်ကို နာခံရမည်။ မြို့ပြအုပ်ချုပ်သူ အရာရှိ၏ အမိန့်မရဘဲ မည်သည့်ကိစ္စမှ ၀င်ရောက်စွက်ဖက် အင်အားသုံးခြင်း မရှိစေရပါ။
ကျွန်ုပ်ဦးဆောင်သော အစိုးရ လက်ထက်တွင် လူ့အခွင့်အရေးသည် အဓိကဖြစ်တယ်။ သတင်းအချက်အလက်၊ အသိပညာ၊ ထင်မြင်ယူဆချက်များ လျင်မြန်ချောမွေ့စွာ ပျံ့နှံ့စေရမည်။ ဘာသာရေး လွတ်လပ်မှု၊ အနိုင် အထက် အတင်းအကျပ် ပြုလုပ်ခြင်းမှ လွတ်လပ်မှု၊ လွတ်လပ်စွာ ပြောဆို ရေးသားထုတ်ဝေခွင့် လူတစ်ဦး၏လွတ်လပ်မှုအတွက်  Habeas Corpus ခေါ် စာချွန်တော်ဥပဒေ တင်းကျပ်ပေးမည်။
အမြော်အမြင်ကြီးစွာဖြင့် ရေးသားအတည်ပြုခဲ့ကြတဲ့ ပညာရှင်များရဲ့ ခံယူချက်များကြောင့် တော်လှန်ရေးကြီး အောင်မြင်ခဲ့ပြီး လွတ်လပ်တဲ့ ပြည်ထောင်စုကို တည်ထောင်နိုင်ခဲ့ကြတယ်။ လွတ်လပ်မှုအတွက် အသက်ပေး ခဲ့ကြတဲ့ ပုဂ္ဂိုလ်များ၏ ခံယူချက်အပေါ်မှာ နိုင်ငံရေးယုံကြည် ချက်ကို ယထာဘူတကျကျ ဆင်ခြင်၊ သုံးသပ် တည်ဆောက်ခြင်း ဖြစ်တယ်။ လူ့အခွင့်အရေးသည်သာလျှင် လွတ်လပ်မှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းရေးကို ပေးစွမ်းနိုင်မည် ယုံကြည်ပါတယ်။
မိတ်ဆွေပြည်သူတို့၏ ထောက်ခံမှုဖြင့် ကျွန်ုပ်နိုင်ငံတော်သမ္မတ ဖြစ်ခဲ့ပါပြီ။ မိတ်ဆွေတို့ အကူအညီကို ဆက်လက်တောင်းခံလိုပါတယ်။ ကျွန်ုပ်သည် ပုထုဇဉ်လူသားဖြစ်သ ဖြင့် အမှားရှိနိုင်ပါတယ်။ အမှားရှိခဲ့လျှင် အမှန်ရောက်အောင် ပြုပြင်ပေးပါ။ အမှန်လုပ်သည်ကိုပင် အချို့က မှားသည်ဟု စွပ်စွဲကောင်းစွပ်စွဲကြပါ မည်။ ကျွန်ုပ်မှန်လျင် ကျွန်ုပ်ဘက်မှ ရပ်တည်ပေးကြစေလိုပါတယ်။ ကျွန်ုပ် ကတိပေးနိုင်တာကတော့ ကျွန်ုပ်ဖြောင့်မတ်စွာ လုပ်ဆောင်ပါ့မယ်။ ကျွန်ုပ်ကို ထောက်ခံသူရော ကန့်ကွက်သူများကိုပါ တိုင်းသူပြည်သားအား လုံး၏လွတ်လပ်မှု၊ ပျော်ရွှင်မှုကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပါမယ်ဆိုတာပါပဲ။
တိုင်းပြည်သမ္မတအနေနဲ့ ဆောင်ရွက်ရာမှာ မိတ်ဆွေများရဲ့ ပံ့ပိုးမှုလို အပ်ပါတယ်။ မိတ်ဆွေများအနေနဲ့ ကျွန်ုပ်ထက်၊ သမ္မတအဖြစ် ပိုမိုသင့်တော်မည့်သူရှိပါက ကျွန်ုပ်အနေနဲ့ နေရာပေးရန် အသင့်ရှိကြောင်းကိုပါ ထပ်လောင်း ပြောကြား လိုပါတယ်။ ဤစင်္ကြာဝဋ္ဌာမှာ ပြည်သူများအား ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်ရေးပေးနိုင်မည့် တန်ခိုးအာဏာများ ရရှိနိုင်စေကြောင်း ဆုတောင်းပါတယ်''
လွန်ခဲ့သော နှစ် ၂၀၀ ကျော်က သမ္မတ သောမတ်ဂျက်ဖာဆင်ရဲ့ နိုင်ငံရေးအတွေးအခေါ်များ ယနေ့တိုင် စံပြုနေရဆဲ ဖြစ်တယ်။ ခေတ်စနစ်တွေပြောင်းခဲ့ပေမယ့် မှန်ကန်မှုကတော့ ပြောင်းလဲခြင်းမရှိပါ။ ခေတ်သစ် မြန်မာ့နိုင်ငံရေး ဆောင်ရွက်နေသူများ စံပြု အတုယူနိုင်ကြဖို့ တင်ပြခြင်းဖြစ်ပါတယ်။
Ref; The Making of a Nation နှင့် Amrican Moasie တို့ကို ကိုးကားပါသည်။

မိုဘိုင်းဖုန်းပြောဆိုရာတွင် ဘယ်ဘက်နားကိုအသုံးပြုပါ၊ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ ကမ္ဘာကျော်အထင်ကရ ဂူဗိမာန်များ

Inbox
x

ဦးဦး မှော်ဆရာ mrsorcerer9@gmail.com
9:38 AM (32 minutes ago)

to O
မိုဘိုင်းဖုန်းပြောဆိုရာတွင် ဘယ်ဘက်နားကိုအသုံးပြုပါ

Inline image 1

မိုဘိုင်းဖုန်းပြောဆိုမှုပြုလုပ်ရာတွင် ဘယ်ဘက်နားကိုသာ အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။ ညာဘက်နားဖြင့် နားထောင်လျှင် မိုဘိုင်းဖုန်းမှထွက်ရှိသော ရေဒီယိုလှိုင်း (Mobile radiation) က ဦးနှောက်ကိုပိုမို ပျက်ဆီးစေသည်ဟု သိရသည်။

ယင်းအချက်ကို Apollo Medical Team မှနောက်ဆုံး လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Ref:Dyouknow.
(International news for myanmar)

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ ကမ္ဘာကျော်အထင်ကရ ဂူဗိမာန်များ

By The Voice Weekly (Albums) · Updated on Friday

Inline image 2

Inline image 3

Inline image 4

Inline image 5

မိသားစုက ပြန်လည် ပြုပြင်နေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဂူဗိမာန်ကို ဧပြီလ ၂၀ ရက်နေ့က တွေ့မြင်ရစဉ်


Inline image 6

Inline image 7

အမျိုးသား ခေါင်းဆောင်ကြီး တပ်မတော်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ဂူ ဗိမာန်

Inline image 8

Inline image 9

ငြိမ်းချမ်းရေး ဗိသုကာ သခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်


Inline image 10

Inline image 11

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဘုရင် သီပေါမင်း၏ မိဖုရားကြီး စုဘုရားလတ်၏ ဂူဗိမာန်