This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, November 7, 2012

မြန်မာနိုင်ငံအတွင်း တရားမ၀င် စိုက်ပျိုးထုတ်လုပ်သည့် ဘိန်းဖြူကို တရုတ်နိုင်ငံမှ အများဆုံး ၀ယ်ယူနေ




ကမ္ဘာပေါ်တွင် ဘိန်းဖြူ စိုက်ပျိုးမှု ဒုတိယ အများ ဆုံးဖြစ်သည့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဘိန်းဖြူ  အား တရုတ်နိုင်ငံမှ အဓ
ိက ၀ယ်ယူနေကြောင်း သိရှိရပါသည်။မြန်မာနိုင်ငံ အတွင်း ဘိန်းစိုက်ပျိုးမှုမှာ ၂၀၁၁ ခုနှစ်တွင် ဟတ်တာ ပေါင်း ၃၉၈၀၀ ခန့် စိုက်ပျိုးခဲ့ပြီး ဘိန်းစိမ်းတန် ၆၁၀ ခန့် ထွက်ရှိကာ ၂၀၁၂ ခုနှစ်တွင် ဟတ်တာပေါင်း ၅၁၀၀၀ ခန့်စိုက်ပျိုးခဲ့ပြီး ဘိန်းစိမ်း တန် ၆၉၀ ခန့်အထိ ထွက်ရှိနိုင်ကြောင်းလည်း သိရှိရပါသည်။၁၉၉၂ ခုနှစ်မှ စတင်၍ လက်ရှိကာလအထိ ဆယ်နှစ်တာ ကာလ အတွင်း ဘိန်းဖြူ ဖမ်းဆီးမိခဲ့သည့် အကြိမ် အရေအတွက်ပေါင်း ၇၉ ကြိမ်ရှိခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ် လာ ၁၈ ဘီလျံကျော် ဖျက်ဆီးမှု များပြု လုပ်ခဲ့ကြောင်း ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ဦးကျော်ကျော်ထွန်းက ပြောပါသည်။ “မြန်မာနိုင် ငံကထွက်တဲ့ ဘိန်းဖြူကို တရုတ်ဈေးကွက်ထဲ အများဆုံး တင်ပို့နေပြီး ကျန်တဲ့ဘိန်းဖြူတွေက အရှေ့တောင်အာရှကနေ တခြားကမ္ဘာ့ နိုင်ငံတွေကို ထွက်သွား ပါတယ်။ ပြည်တွင်းသုံး စွဲမှု က တော်တော် နည်းပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့ပါသည်။“မြန်မာနိုင်ငံမှာ ဘိန်းဖြူနဲ့ပတ်သက်ပြီး တရားဝင်စစ်တမ်းတွေ အရ မှတ်ပုံတင်သုံးစွဲသူနဲ့ တခြားအထောက်အထားတွေ အရ လူဦးရေ ၇၅၀၀၀ လောက်အထိ ဘိန်းဖြူ သုံးစွဲနေပါတယ်။ နောက်ပြီး ၁၉၉၂ ခုနှစ်ကနေ လက်ရှိကာလအထိ ဘိန်းဖြူဖမ်းဆီးမိခဲ့တဲ့အမှုပေါင်း ၇၉ ကြိမ်ရှိပြီး ဖမ်း ဆီးရမိခဲ့တဲ့ ဘိန်းဖြူတွေကို ဖျက်ဆီးခဲ့တဲ့ တန်ဖိုးပေါင်းက အမေရိကန် ဒေါ်လာ ၁၈ ဘီလျံကျော်အထိရှိ နေပါတယ်”ဟု ဦးကျော်ကျော်ထွန်း က ပြောကြားခဲ့ပါသည်။မြန်မာနိုင်ငံတွင် နှစ်စဉ် ဘိန်းစိုက်ပျိုးမှုနှင့် အထွက်နှုန်းမှာ အရှေ့တောင်အာရှတွင် အများဆုံး ဖြစ်နေသော်လည်းပြည်တွင်းဘိန်းဖြူသုံးစွဲမှုနည်းပါးပြီး မြန်မာနိုင်ငံမှ ထွက်ရှိနေသည့် ဘိန်းဖြူများကို တရုတ်နိုင်ငံဈေးကွက်အတွင်း အများဆုံးရောက် ရှိသွားကြောင်းလည်း ဦးကျော်ကျော်ထွန်းက ဆက်လက်ပြောကြားခဲ့သည်။မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု နှစ်စဉ်မြင့်တက် လာနေသော်လည်းပြည်ထဲရေးဝန်ကြီးဌာနမှ ဘိန်းစိုက်ပျိုးမှု လျှော့ချနိုင်ရေးအတွက် နှစ်စဉ် ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း သိရှိရ ပါသည်။မြန်မာနိုင်ငံတွင် ဘိန်းအများ ဆုံး စိုက်ပျိုးသည့်ဒေသမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် ကချင်ပြည်နယ် စသည့်ဒေသ များဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ခန့်မှန်း စိုက်ဧကမှာ ၅၁၀၀၀ ဟတ်တာအထိ ရှိနေကြောင်းလည်း သိရှိရပါသည်။ဘိန်းစိုက်ပျိုးမှုအပေါ် မှီခိုနေရသည့် မိသားစုဝင်ဦးရေမှာ သုံးသိန်း ခန့်ရှိနေပြီး ၂၀၁၂ ခုနှစ်အတွင်း ခန့် မှန်း ဘိန်းစိမ်းထွက်ရှိမှုမှာ ၆၉၀ မက်ထရစ်တန်အထိ ရှိနေကြောင်းလည်း သိရှိရပါသည်။
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ဧရိယာ ၅၁၀၀၀ ၀န်းကျင်အနက် ဟတ်တာပေါင်း ၄၆၀၀၀ ခန့်မှာ ရှမ်းပြည်နယ်တွင် စိုက်ပျိုးနေပြီး ကျန်စိုက်ဧကများမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း
ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့်အခြားဒေသများတွင် စိုက်ပျိုး နေကြောင်း သိရသည်။လယ်မြေ သိမ်းဆည်းခံရမှုများ နှင့် ပြည်တွင်း လက်နက်ကိုင်များ ရှိနေသည့် ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်နှင့် အခြားဒေသများတွင် ဘိန်းစိုက်ပျိုးမှုမှာ နှစ်စဉ်မြင့်တက်လာနေပြီး ထိုကဲသို့ မြင့်တက်လာမှု အားလျှော့ ချနိုင်ရန် အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ပြည်ထဲရေး ၀န်ကြီးဌာန ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ရဲချုပ် ဦးကျော်ကျော်ထွန်း က အောက်တိုဘာလ ၃၁ ရက် နေ့က ပြောကြားခဲ့သည်။ “ဘိန်းစိုက်ပျိုးမှု ပြဿနာ က မြန် မာနိုင်ငံရဲ့ ပြဿနာတစ်ခု မဟုတ်တော့ဘဲ ဒေသတွင်း ပြဿနာတစ်ခု ဖြစ်လာနေပါတယ်။ ဘိန်းစိုက်ပျိုးနေတဲ့ ကျေးရွာတွေက လူတွေကို ဘိန်းအစား ၀င်ငွေရသီးနှံစိုက်ဖို့၊ လယ်ယာ စိုက်ပျိုး မှုတွေလုပ်ဖို့၊ ဈေးကွက်ရှာဖို့အတွက် နိုင်ငံတကာအကူ အညီတွေအများကြီး လိုအပ်ပါတယ်။ နောက်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက် ရေးစီမံချက်ကာလကိုလည်း ငါးနှစ်ထပ်တိုးထားပြီး ၂၀၁၉ ခုနှစ်အထိ လုပ်သွားဖို့ ရှိပါတယ်။ အခုဆို ရှမ်း ပြည်နယ်တောင်ပိုင်းမှာ အစားထိုး သီးနှံ လုပ်ငန်းတွေလုပ်ဖို့ စီမံကိန်း လေးခုချထား တာတွေ ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ညှိနှိုင်းပြီး လယ်ယာ ကဏ္ဍကို ပြန်လည် မြှင့်တင်ပါ မယ်”ဟု ဦးကျော်ကျော် ထွန်းက ပြောကြားခဲ့သည်။ကမ္ဘာတစ်ဝန်း ဘိန်းစိုက်ပျိုး မှုတွင် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုမှာ အာဖဂန်နစ္စတန်နိုင်ငံ၏ နောက်ဒုတိယနေရာတွင် ရှိနေကြောင်းလည်း သိရှိရပါသည်။၂၀၁၂ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုဆိုင်ရာ စစ်တမ်းများအရ အရှေ့တောင် အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု ဟတ်တာ ပေါင်း ၅၁၀၀၀၊ လာအိုနိုင်ငံသည် ဟတ်တာပေါင်း ၆၈၀၀ နှင့် ထိုင်း နိုင်ငံသည် ဟတ်တာပေါင်း ၂၀၉ ဟတ်တာအထိ စိုက်ပျိုးလျက်ရှိပြီး အဆိုပါပမာဏမှာ ကမ္ဘာ့ဘိန်းပန်းပင် စိုက်ပျိုးမှု၏ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်းလည်း သိရှိရပါသည်။“ဘိန်းဖြူ ဖြစ်လာစေမယ့်ဘိန်း စိုက်ပျိုးမှုက မြန်မာနိုင်ငံမှာ အများဆုံးဖြစ်နေပေမယ့် တကယ်ကို စီးပွားဖြစ် ဘိန်းဖြူအဆင့် ရောက်ရှိအောင် ဓာတုဆေးဝါးတွေ အသုံးပြု ချက်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို လည်း အမြစ်ပြတ်ချေမှုန်းရပါမယ်။ ဒါမှလည်း ဘိန်းစိုက်ပျိုးမှုကို လျှော့ချနိုင်ပါမယ်”ဟု UNODC မှ Country Manager Mr.Jason Eligh က ပြောကြားခဲ့သည်။

Copy From Eleven Media

ထိုင်း Lady boy ၊ မြန်မာ မိုးကြိုး ငှက်ငယ်ကလေးများနဲ့ နန်းခင်ဇေယျာကို စိုးရိမ် တယ်


မစပ်စု


ထိုင်း Lady boy ၊ မြန်မာ မိုးကြိုး ငှက်ငယ်ကလေးများ

ရန်ကုန်မြို့ MCC ခန်းမမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက် တွေက “ထိုင်းလုလင်ပျိုတို့ရဲ့ ဣတ္ထိ ယအသွင်ကကြိုးသဘင်” ဆိုပြီး ထိုင်း နိုင်ငံက Lady boy အလှပဂေးတွေ ခြိမ့်ခြိမ့်သဲ လာရောက်ဖျော်ဖြေခဲ့ကြတာ အားလုံး လည်း အသိပါ။

အဲဒီဖျော်ဖြေပွဲမှာ သူတို့ရဲ့ ၀တ်စားဆင်ယင် တင်ဆက်မှုတွေကို မြန်မာ ပွဲကြည့် ပရိသတ်တွေကလည်း တအံ့တသြ ကြည့်ရှုခဲ့ကြ တာပါ။

Lady boy တွေရဲ့ဖျော်ဖြေတင်ဆက်မှုကို ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားသားတွေတောင် ဈေးကြီးကြီးပေးပြီး မက်မက်စက်စက်လာရောက် ကြည့် ရှု ကြရတယ်။

အဲ့ဒီ ဖျော်ဖြေပွဲကို တွေ့တော့ မစပ်စု သတိရမိသွားတာလေး တခုကို ရေးချင်မိပါတယ်။

အခုလိုပဲ မစပ်စုတို့ မြန်မာပြည်ကြီးမှာလည်း ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်လောက် ကတည်းက လိင်တူချစ်သူ (မိန်းမလျာ) တွေရဲ့ ဖျော် ဖြေ တင်ဆက်မှုဟာ မြန်မာပြည်အနှံ့ ရာသီအလိုက် ဘုရားပွဲတွေမှာ ပရိသတ်ကို ဆွဲဆောင် အောင်မြင်ခဲ့တာမျိုး ရှိခဲ့ဖူး ပါတယ်။

“မိုးကြိုး ငှက်ငယ်ကလေးများ”ဆိုတဲ့ အလွန်နာမည်ကြီး ကျော်ကြားခဲ့တဲ့ လိင်တူချစ်သူများ အဖွဲ့ပါ။

မစပ်စု သိသလောက်တော့ ၁၉၆၇ ခုနှစ်ကတည်းက စတင် တနည်ထောင်ခဲ့တဲ့ အဖွဲ့ပါ။ အဲဒီခေတ်အခါက နာမည်ကြီး မင်းသားမင်းသမီး တွေ နဲ့ ခွဲမရအောင်တူတဲ့ စတိုင် တွေ၊ ၀တ်စား ဆင်ယင်မှုတွေ၊ တေးသီချင်းတွေ၊ တေးသရုပ်ဖော်၊ စတိတ်ရှိုး စတာတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင် ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

ထိုင်း Lady boy တွေက ကြေးကြီးကြီးနဲ့ တင့်တောင့်တင့်တယ် ဖျော်ဖြေလာနိုင်တဲ့ အချိန်မှာ မစပ်စုတို့ မြန်မာပြည်က“မိုးကြိုး ငှက် ငယ် က လေးများ” အဖွဲ့ရဲ့ ဖျော်ဖြေ တင်ဆက်မှု ကဏ္ဍကတော့ ပါမစ် အခက်အခဲတွေ၊ နေရာ အခက် အခဲတွေနဲ့ အများကြီး ရင်ဆိုင် ခဲ့ရလို့ အခု နောက်ပိုင်းမှာ ဘုရားပွဲတိုင်းကို လိုက် မကနိုင်တော့ဘဲ အဖွဲ့တွင်း စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရ တယ်လို့ “မိုးကြိုး ငှက်ငယ်က လေးများ” အဖွဲ့ ခေါင်းဆောင် စောနန္ဒာ က ပြောပြပါတယ်။

“အခုဆို ပွဲတိုင်း လိုက်မကနိုင်တော့ဘူး။ ရုံကြီးသွင်းဖို့ အရမ်းခက်ခဲလာပါတယ်။ ရုံခတွေ မြေခတွေ၊ သစ်၊ ၀ါး၊ ဓနိ တွေ အရမ်း ဈေးကြီး တာပဲ။ အရမ်း ခက်ခဲတာပဲ။ ဂေါပကတွေ မဟုတ်ဘူး၊ လောပကတွေ၊ လောဘ ကြီးတာတွေများတော့ မ နိုင်တော့ဘူး။ အဲ့ဒီမှာတင် အနုပညာကြေးက ဘာမှမရှိတော့ဘူး။ တချို့ ဘုရားပွဲတွေကျတော့ ဟိုတုန်းကဆို ဇာတ်ရုံသုံးနေရာ၊ လေးနေ ရာလေ။ အခု ဆိုရင် တရုံပဲ ပေးတော့တယ်။ အဲ့ဒီ တရုံတောင် နာမည်ကြီးဇာတ်ကြီးတွေ ၀င်လာရင် ကိုယ်က လုံးဝ နေရာမရတော့ဘူး။ အဲ့တော့ ကိုယ့်ဘာသာ ရုံဆောက်ပြီဆိုရင် ရုံခ၊ မြေခတွေ က ဈေးတွေကြီးတော့ မ၀ယ်နိုင်၊ မ၀ယ်နိုင်တော့ နားရတာ များလာတယ်။ ပွဲ ကြီး တွေ ပဲ ဦးစားပေးပြီး နှိမ်တဲ့ သဘောပေါ့”လို့ သူက ဆိုပါ တယ်။

အဲဒါတွေထက် ဇာတ်ရုံကြီးတွေမှာ လိင်တူချစ်သူတွေ ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို လက်မခံနိုင်တဲ့ အနေအထားလည်း ရှိပါသေး တယ်။

“ကျနော်တို့ နိုင်ငံအနေနဲ့က ဖိလည်း မဖိနှိပ်ဘူး။ အားလည်း မပေးဘူး။ ပုံမှန်ပဲ ထားထားတာ။ ဒီတော့ လုပ်ရတာလည်း သိပ် အဆင် မပြေဘူး။ ကျနော်တို့မှာ အနုပညာအားရှိတယ်။ ပံ့ပိုးမှုအား လုံးဝ မရှိဘူး။ ပံ့ပိုးဖို့နေနေသာသာ အမျိုးသား ဇာတ်ရုံကြီး ကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ငှား က မယ်ဆိုတောင် အခြောက်မ တွေကို ပေး မကဘူး။ အဲ့တော့ ဇာတ်ရုံကြီးတွေမှာ ဖျော်ဖြေဖို့ မပြောနဲ့ တန်ဆောင်တိုင် သီတင်းကျွတ် ဘုရားပွဲ တွေ မှာတောင် ဒီအတိုင်းဆို ပါမစ် မပေးချင်ဘူး။

ကာရာအိုကေ လိုမျိုး ရပ်ကွက်ထဲက ဆိုတဲ့သူလေးတွေ ထည့်ရတယ်။ ကိုယ်က ပစ္စည်းတွေ ယူပြီးသွား ဟိုကျတော့မှ ပါမစ် မရလို့ဆိုတော့ စားဝတ်နေရေးတွေခက် ဒုက္ခတွေရောက်လို့။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကလည်း ခိုင်လုံအောင် မရှိဘူး”
လို့ စောနန္ဒာ က ပြောပါတယ်။

ဆိုတော့ လိင်တူချစ်သူတွေရဲ့ ဖျော်ဖြေတင်ဆက်မှုဟာ ကျေးလက် တောရွာ ဘုရားပွဲဈေးတွေမှာ ဖျော်ဖြေတင်ဆက် ရတဲ့ အနေ အထား ကနေ ထပ်ပြီး တဆင့်တက် မလာနိုင်ခဲ့တာတော့ အမှန်ပါ။

ဘာကြောင့် အခုလိုခွင့်မပြုရတာလဲလို့ စောနန္ဒာကို မေးကြည့်တော့“သိပါဘူး။ တတိုင်းပြည်လုံး မိန်းမ လျာဖြစ်မှာ စိုးလို့ နေမှာပေါ့” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က Miss Red Ribbonဆိုတဲ့ခေါင်းစဉ်နဲ့ လိင်တူချစ်သူတွေရဲ့ အလှမယ်ရွေးပွဲကို စည်းစည်းကားကား ကျင်းပ လာ လေ တော့ အားလုံးပဲ တအံ့တသြဖြစ်ခဲ့ရပါသေးတယ်။ ဒီပြိုင်ပွဲ ကျင်းပနိုင်ဖို့အတွက် အစိုးရနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းကြီးကြီးကလူတဦးရဲ့ အား ပေး ကူညီမှုကြောင့် ကျင်းပခွင့် ပါမစ်ရခဲ့တာ လို့လည်း အဲ့ဒီအချိန်တုန်းက အသံသိုးသိုးသန့်သန့် ထွက်လာပါသေး တယ်။ နောက် နှစ် ၂၀၁၀ မှာလည်း ဒီပွဲမျိုး ထပ်ကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် ပါမစ်မရလို့ မကျင်းပနိုင်တော့ပါဘူး။

လိင်တူချစ်သူတွေရဲ့ အခွင့်အရေးဟာလည်း လူ့အခွင့်အရေး တရပ်လို့ဆိုသမို့ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေပြီလို့ ဆိုတဲ့ မစပ်စုတို့ မြန် မာပြည်ကြီးလည်း ဒီအခွင့်အရေးများ ထွန်းကား လာပေလိမ့်ဦးမလား ဆိုတာ စောင့်ကြည့်ရ မလို ဖြစ်နေပါပြီ။




နန်းခင်ဇေယျာကို စိုးရိမ်တယ်


ဂျပန်နိုင်ငံ အိုကီနာဝါမှာ မကြာခင်ကမှ ကျင်းပခဲ့တဲ့ မယ်နိုင်ငံတကာ ပြိုင်ပွဲမှာ မယ်အင်တာနက်နဲ့ People choice ဆုကို ပူပူနွေးနွေး ပိုင် ဆိုင် ထားတဲ့ မြန်မာမယ် နန်းခင်ဇေယျာကို အနုပညာအလုပ်တွေ လုပ်ကိုင် လာလို့ သူ့ရဲ့ပရိသတ်တွေက အလွန်စိုးရိမ်နေကြ ပါတယ်။

နန်းခင်ဇေယျာဟာ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ သူနေ့စဉ်လှုပ်ရှား လုပ်ကိုင်နေတဲ့ အကြောင်းအရာ တွေကို စဉ်ဆက်မပြတ် ဖော် ပြသူ တဦးပါ။

မယ်အင်တာနက်ဆုကို ရရှိပြီးနောက် နန်းခင်ဇေယျာဟာ မြန်မာနိုင်ငံက စီးပွားရေး ကြော်ငြာလုပ်ငန်းတွေ ဖြစ်တဲ့ Blue Mountain အချို ရည်ရဲ့တနှစ်တာ Brand Ambassador နဲ့ Daw Win Garment Center i-MAX, Giorenzo & U’JASS အ၀တ်အထည်များ အ တွက် ၁၄ လတာ Brand Ambassador တယောက် အဖြစ် လုပ်ကိုင်တော့မှာပါ။

ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့မှာတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ Blue Mountain အချိုရည် ကြော်ငြာ ရိုက်ကူးမှု အခြေအနေ ကို တွေ့မြင် ကြရတဲ့ ဖေ့စ်ဘုတ်၊ အင်တာနက် စာမျက်နှာပေါ်က ပရိသတ်တွေက သူ လုပ်ကိုင်လာတဲ့ အနုပညာလုပ်ငန်းအပေါ် စိုးရိမ်ကြီးစွာနဲ့ သ တိ ပေး ပြောဆိုတာတွေ ရှိလာပါတော့တယ်။

နန်းခင်ဇေယျာကတော့ သူအနုပညာ အလုပ် လုပ်ကိုင်လာတဲ့အပေါ် ပရိသတ်တွေအနေနဲ့ မစိုးရိမ်ဖို့ကို သူ့ ဖေ့စ်ဘုတ်ပေါ်မှာပြန်ပြီးရှင်းပြ ထား တာကို တွေ့ရပါတယ်။

“ညီမရဲ့ အနုပညာ လုပ်ငန်းလုပ်ကိုင်မှုအပေါ်မှာ ညီမကို ချစ်တဲ့စိတ်နဲ့ စိုးရိမ်နေကြတဲ့ ပရိသတ်ကြီးကို ညီမအနေနဲ့ ရှင်းပြချင် ပါတယ်။ ညီမက Miss Myanmar, (Miss Internet, Miss People’s Choice) တယောက်အနေနဲ့သာ စီးပွားရေး ကြော်ငြာ၊ စာစောင် မျက်နှာဖုံးများ၊ ပြက္ခဒိန် များကို ရိုက်ကူးနေခြင်း ဖြစ်ပါတယ်။ တဖက်ကလည်း ပရဟိတ လုပ်ငန်းများကို ပရိသတ်များ နဲ့ အတူလုပ်ဆောင်သွားမှာ ဖြစ်သလို၊ ညီမအ နေနဲ့ သရုပ်ဆောင် လုပ်ဖို့ကို အခုအချိန်မှာ လုံးဝ မစဉ်းစား သေးပါဘူးရှင့်။ Tourist Guide အနေ နဲ့လည်း ညီမ ဆက်လက်လုပ်ကိုင်သွားမှာပါ”လို့ ရေးထားတာပါ။

Miss Myanmar နန်းခင်ဇေယျာဟာ လတ်တလောမှာ အနုပညာအလုပ်အပြင် ပရဟိတ လုပ်ငန်းတွေပါ လုပ်ကိုင်နေသူပါ။ ရှေ့လျှောက်လည်း ပရဟိတလုပ်ငန်းတွေ ဆက် လုပ်သွားဖို့ ရှိတယ်လို့လည်း ပြောဆို ထားပါသေးတယ်။

သူ့ကို ချစ်တဲ့ပရိသတ် အများအပြား ပိုင်ဆိုင်ထားသူ Miss Internet, People Choice Award ဆုရှင် နန်းခင်ဇေယျာ တယောက်ဘယ်လို ပရ ဟိတ လုပ်ငန်းတွေ၊ အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမလဲ ဆိုတာလည်း စောင့်မျှော် ကြည့်ကြပါဦး …။

ဒုန်ဝေါ့ တိုက်ပွဲတွင် အစိုးရတပ်နှင့် KIA နှစ်ဖက် ကျရှုံးမှုရှိ


KNG

ရှမ်းပြည်မြောက်ပိုင်းရှိ ဒုန်ဝေါ့ (Dung Waw) တွင်ဖြစ်သော တိုက်ပွဲတွင် မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှစ်ဖက် ဘက်မှ ကျရှုံးမှုများရှိခဲ့သည်။
ယမန်နေ့ နိုဝင်ဘာ ၅ ရက် တွင် အစိုးရတပ်ဖွဲ့နှင့် KIA လက်အောက် MHH ပြည်သူ့စစ် တပ်ခွဲ ၅ တို့ ပန်ဆိုင်း တိုက်နယ် ဒုန်ဝေါ့ (Dung Waw) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားချိန် အစိုးရတပ်ဖက်မှ ၈ ဦးကျဆုံးခဲ့ရာတွင် ဗိုလ်ကြီးအဆင့် တစ်ဦးလည်းပါကြောင်း ပန်ဆိုင်းမှ KIA ဗိုလ် ဇော်ဆိုင်းကပြောသည်။

၎င်းတွင် KIA ဖက်မှလည်း ဒု-တပ်ကြပ် စင်ယူလဆန် (Tsin-yu La San) နှင့် မောင်ဂွန်နော် (Gun Naw) ကျဆုံးသွားကြောင်း ဗိုလ် ဇော် ဆိုင်း ပြောသည်။ ဒု-တပ်ကြပ် လဆန်သည် မောင်ဂွန်နော်ကို သွားရောက်ကယ်ယူရန်ကြိုးစားနေချိန် သေနတ်ကျည် ထိမှန်ကာ ကျဆုံး သွားခြင်း ဖြစ် ကြောင်း သိရသည်။

မြန်မာအစိုးရတပ်ပေါင်းစုတွင် ခလရ ၆၉၊ ၁၃၂ နှင့် ၁၂၅ တပ်ဖွဲ့များဖြစ်ပြီး မုန်ဘော် (Mungbaw) ပြည်သူ့စစ်(ဒု မွန်း အဖွဲ့) နှင့်ကွတ်ခိုင် ပြည် သူ့စစ်(ဦးတီ ခွန်းမြတ် အဖွဲ့) တို့ပါဝင်ကြောင်း သိရသည်။

အစိုးရ တပ်ပေါင်းစု တပ်ဖွဲ့တို့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ပန်ဆိုင်းသို့ ပြန်လည် ဆင်းသွားကြောင်း စုံစမ်းသိရှိရသည်။

သုံးစားမရတဲ့ GSM Internet Connection ကို အလန်းဆုံး WCDMA Connection ဖြစ်အောင် ပြောင်းနိုင်တဲ့ Network v 1.1.apk




             အခုကျွန်တော်မျှဝေပေးချင်တဲ့ Application လေးကတော့  သုံးစားမရတဲ့ GSM Internet Connection ကို အလန်းဆုံး WCDMA Connection ဖြစ်အောင် ပြောင်းနိုင်တဲ့ Network v 1.1.apk
ဆိုတဲ့ Android Application လေးဖြစ်ပါတယ်။ အသုံးပြုရာလည်းတော်တော်လေး လွယ်ကူအဆင်ပြေ
ပါတယ်။ Set preferred network type: ရဲ့ အောက်မှာ WCDMA only ဆိုတာလေးကိုပြောင်းပေး
လိုက်ရင်ရပါပြီ။ အောက်က ပုံလေးအတိုင်းပါ GSM only နေရာမှာ WCDMA only ဆိုဒါလေးကို ပြောင်း
ပေးလိုက်ရင်ရပါပြီ။ ဒါဆိုရင် ဘယ်အချိန်ဘဲ Internet ဖွင့်ဖွင့် အနိမ့်ဆုံး H ဆိုတာ တန်းပေါ်ပြီး WCDMA
ရဲ့ ကွန်နရှင်အတိုင်းသုံးရမှာပါ။


                 
WCDMA ရဲ့ ကွန်နရှင်အတိုင်းသုံးရတယ်ဆိုပြီး WCDMA လိုမျိုး တစ်မိနစ်ကို 4ကျပ်ပေး
ရလိမ့်မယ်တော့မထင်နဲ့နော်။ 2ကျပ်ဘဲပေးရမှာပါ။ ဘယ်လောက်အဆင်ပြေလည်းဗျာ။ ဖိုင်ဆိုဒ်က
လည်း 5kb ဘဲရှိတယ်ဗျာ။ Android v 1.5 နှင့် အထက်ဖုန်းများမှာသာ အသုံးပြုရအဆင်ပြေမှာဖြစ်ပါ
တယ်ဗျာ။ အပန်းမကြီးတဲ့အတွက် စမ်းသပ်အသုံးပြုမယ်ဆိုရင် မမှားဘူးလို့ အကြံပေးချင်ပါတယ်ဗျာ။
သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေ...။ Credit to: www.pyaephyo.com


http://winkabarkyaw.blogspot.com/2012/11/gsm-internet-connection-wcdma.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FYoKiT+%28%E1%80%9D%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%99%E1%80%AC%E1%81%BB%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9++%28%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%90%E1%80%99%E1%80%B9%E1%80%B8%29%29