This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, May 20, 2012

လောင်းကစား စီးပွားလုပ်ငန်းများ




လောင်းကစားတယ်ဆိုတာ ကောင်းတဲ့အလုပ်မဟုတ်ပါဘူး။ ဘာသာရေး ပေတံနဲ့တိုင်းတိုင်း၊ လူမှုရေး ပေတံနဲ့ပဲတိုင်းတိုင်း ဒါမှမဟုတ် စာရိတ္တပေတံနဲ့ပဲတိုင်းတိုင်း လောင်းကစားမှုဟာ မကောင်းပါဘူး။

လောင်းကစားလို့ စီးပွားပျက် သွားကြသူတွေ၊ ဘဝပျက်သွားကြသူတွေ ဒီလောကမှာ ဒုနဲ့ဒေးပါပဲ။ ဒါပေမယ့် လောင်းကစား ဝါသနာပါသူတွေ၊ လောင်းကစားနဲ့ ပျော်မွေ့ကြသူတွေကလဲ အများအပြားရှိနေကြပါတယ်။ လောင်းကစားတာဟာ တိုင်းသူပြည်သားတွေရဲ့ စာရိတ္တကို ပျက်ပြားစေနိုင်တဲ့အတွက် နိုင်ငံတိုင်းလိုလိုမှာ ဥပဒေတွေ ပြဋ္ဌာန်းပြီး လောင်းကစားမှုကို တားမြစ်ပိတ်ပင် ထားကြတယ်။

ဒါပေမယ့်လောင်းကစား လိုကြ သူတွေ အများအပြားရှိလေတော့ ပေါ် ပေါ်ထင်ထင် ကစားလို့မရရင် ပုန်းလျှိုး ကွယ်လျှိုးကစားကြတယ်။ လောင်းကစားတဲ့ပုံစံတွေကလဲ အမျိုး မျိုးရှိတယ်။ တကယ်တော့ လောင်း ကစားတဲ့ အလေ့အထဟာ အခု ခေတ်မှာမှ ဘွားခနဲ ပေါ်ထွက်လာ တာ မဟုတ်ပါဘူး။ ရှေးပဝေသဏီ ကစပြီး ရှိနေခဲ့တာပါ။

မိမိတိုင်းပြည်ကို လောင်းကြေးတင်တဲ့ ဘုရင်

ဟိန္ဒူဘာသာဝင်တွေ အထွတ် အမြတ်ထားကြတဲ့ မဟာဘာရတ - Mahabharata ဇာတ်တော်ကြီးမှာ တိုင်းပြည်ကိုရော မိမိကိုယ်ကိုပါ လောင်းကြေးတင်ရုံမက ညီတော် တွေနဲ့ မိဖုရားကိုပါ လောင်းကြေး ထပ်ခဲ့တဲ့ ဘုရင်တစ်ပါးအကြောင်း ဖော်ပြထားတာတွေ့ရတယ်။

မဟာဘာရတ ဇာတ်တော်ကြီး ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅,ဝဝဝ လောက်က ရေးသားခဲ့တယ်လို့ ယူဆ ကြတယ်။ ဒီ မဟာဘာရတ ကဗျာ လင်္ကာမှာ အပိုဒ်ပေါင်း ၁ဝဝ,၂၁၇ ပါရှိပြီး ခေါမခေတ် ကဗျာဆရာကြီး ဟိုးမား -Homer ရေးသားခဲ့တဲ့ ဣလိယက်နဲ့ သြဒက်ဆီ ကဗျာလင်္ကာနှစ်ခု ပေါင်းထားတာထက်တောင် ရှည်လျားတယ် လို့ ပညာရှင်တွေက ဆိုကြ တယ်။ အဲဒီဇာတ်တော်မှာ ဖော်ပြ ထားတဲ့ ဇာတ်လမ်းရဲ့ အကျဉ်းချုပ်က ဒီလိုပါ။

ယုဓိတ္တိရ -Yudhishthira ဘုရင် က ဣန္ဒြပြတ္တမြို့တော်မှာ ထီးနန်းစိုး စံတယ်။ အလောင်းအစား ဝါသနာ ကြီးတယ်။ ဒီတော့ ထီးနန်းကို အချောင်လိုချင်တဲ့ ဝမ်းကွဲညီအစ်ကို တော်သူ မင်းသားဒုယျောဓနက ကြွေအန် ကစားဖို့ ဖိတ်ခေါ်တယ်။ ဘုရင် ဆိုတာက သူတို့ခေတ်မှာ စိန်ခေါ် ရင် မငြင်းပယ်ရဘူး။ ဝါသနာလဲ ပါ တော့ အတော်ဖြစ်သွားတာပေါ့လေ။ ဒုယျောဓနမင်းသားက အစီ အစဉ်ကို ဖခမည်းတော်ဘုရင်ကြီး ဓရိတရဋ္ဌထံမှာ လျှောက်တင်တယ်။ ဘုရင်ကြီးကသားတော်ကို လောင်း ကစားတာ မကောင်းဘူး။ မလုပ်နဲ့လို့ တားတယ်။ သားတော်က နားမ ထောင်ဘူး။ လောင်းကစားပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ယုဓိတ္တိရ ဘုရင်ဟာ လောင်း ကစားပွဲအတွက် ဟတ္တိနာပူရ မြို့ တော် ရောက်လာခဲ့တယ်။ ''ကစားပွဲက တရားမျှတမှု ရှိရမယ်နော်။ ကလိမ်ကကျစ်တွေ မလုပ် ရဘူး'' လို့ ယုဓိတ္တိရ ဘုရင်က တောင်းဆိုတယ်။ ''ကစားပွဲကို အန်စာတုံးက အဆုံးအဖြတ်ပေးတာပါ။ ကြောက် ရင်လဲ မကစားနဲ့ပေါ့'' လို့ ဒုယျော ဓနကပြန်ပြောတယ်။ ကစားပွဲက စပါလေရော။ ယုဓိတ္တရ ဘုရင်က သူကိုယ်တိုင် ကစားပေမယ့် ဒုယျောဓနမင်း သားက သူ့ကိုယ်စား ဦးရီးတော် သကုနီကို ကစားခိုင်းတယ်။

သကုနီ က မှော်သွင်းထားတဲ့ အန်စာတုံးတွေ နဲ့ ကစားတယ်။ ဒီတော့ ပွဲတိုင်း နိုင်တယ်။ ပထမတော့ ထီးနန်းချင်း လောင်းကြေးထပ်ကြတယ်။ ယုဓိတ္တရ ဘုရင် ရှုံးတယ်။ တစ်ဘက်က ညီ တော်လေးပါးနဲ့ လောင်းကြေးထပ် မလား။ နိုင်ရင် ထီးနန်းပြန်ပေးမယ် လို့ လောင်းကြေးခေါ်တယ်။ ဘုရင်က သဘောတူတယ်။ ကစားတော့ ဘုရင်ယုဓိတ္တရ ရှုံးပြန်တယ်။ နောက် တော့ တစ်ဘက်က ဘုရင် ကိုယ်တိုင်ကို လောင်းကြေးတင်မလားမေး တယ်။ ရှုံးရင် ကျွန်ခံရမယ်။ နိုင်လို့ ရှိရင် ထီးနန်းကိုရော ညီတော်တွေကိုပါ ပြန်ပေးမယ်လို့ လောင်းတယ်။ လောင်းကစားမက်တဲ့ ဘုရင်ကတော့ တစ်ပြားသားမှ မလျှော့ဘူး။ စိန်လိုက် လေတဲ့။ ဒီတစ်ခါလဲ ဘုရင်က ရှုံးပြန် ရော။ သူကိုယ်တိုင်လဲ ကျွန်ဘဝ ရောက်နေပြီ။ ဒါပေမယ့် တစ်ဘက် က စိန်ခေါ်ပြန်သေးတယ်။ မိဖုရားကို လောင်းကြေးတင်မလားလို့ မေး တယ်။ ရှုံးရင်မိဖုရားက သူတို့ဆီ မှာ ကျွန်ခံရမယ်။ ဘုရင်က နိုင်ခဲ့ရင် ထီး နန်းရော ညီတော်တွေရော ဘုရင် ကိုယ်တိုင်ပါ ပြန်ပေးမယ်။ ဘုရင်က ဆက်လက်ပြီး မိဖုရားကိုပါ လောင်း ကြေးထပ်ပြန်ရော။ ဒီတော့ ဘုရင်က နိုင်သလား။ မနိုင်ဘူး။ ရှုံးပြန်တယ်။

အခုတော့ ဘုရင် ယုဓိတ္တရမှာ နောက်ထပ်လောင်းကြေးတင်စရာ မကျန်တော့ဘူး။ ထီးနန်းလဲပြုတ်ပြီ။ သူကိုယ်တိုင်ရော မိဖုရားနဲ့ ညီတော် တွေပါ အားလုံးကျွန်ဘဝ ရောက်ကုန် တယ်။ ဒါနဲ့ ဒီတစ်ကြိမ်မှာ ယုဓိတ္တရ တို့ ကံကောင်းသွားတယ်။ ယုဓိတ္တရ ဘုရင်ဟာ သူ့ကိုယ်သူတောင် မပိုင် တဲ့ ကျွန်ဘဝရောက်နေပြီဆိုတော့ မိဖုရားကို လောင်းကြေးတင်ခွင့် မရှိဘူးလို့ ဘုရင်ကြီး ဓရိတရဋ္ဌက အဆုံး အဖြတ်ပေးတော်မူပြီး လွှတ်ပေးလိုက်တယ်။ ပြီးတော့ ယုဓိတ္တရ ရဲ့ မိဖုရားကို ဘုရင်ကြီးက ဆုကြီးသုံးခု တောင်းစေတယ်။ မိဖုရားက ယုဓိတ္တရနဲ့ ညီတော်တွေကို ကျွန်ဘဝမှ လွတ်ငြိမ်းခွင့်ပေးဖို့နဲ့ ထီးနန်းကို ပါ ပြန်ပေးဖို့ ဆုကြီးတောင်းတယ်။ တောင်းတဲ့အတိုင်း ဘုရင်ကြီးက ခွင့်ပြုတယ်။ ဓရိတရဋ္ဌ ဘုရင်ကြီးက အခု လို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာကို သားတော်ဒုယျောဓနမင်းသားက မကျေနပ်ဘူး။ ယုဓိတ္တရရဲ့ ထီးနန်းသူ့လက်ထဲရောက်ပြီးမှ လက်လွတ်ဆုံးရှုံးသွားရတယ်လို့ မြင်တယ်။

ဒါနဲ့ ဒုယျောဓနမင်းသားက နောက်ထပ်တစ်ကြိမ် ယုဓိတ္တရ ဘုရင်ကို လောင်းကစားဖို့ ဖိတ်ခေါ်ပြန်တယ်။ နောင်တမရတဲ့ ယုဓိတ္တရ ဘုရင်က သဘောတူတယ်။ ဒါနဲ့ နောက်ထပ် တစ်ကြိမ် လောင်းကစားကြပြန် ရော။ ဒီတစ်ခါလောင်းကြေးက ရှုံးတဲ့သူက ထီးနန်းစွန့်ပြီး တိုင်းပြည်က ၁၃ နှစ်တိတိ ထွက်ခွာသွားရ မယ်။ နောက်ဆုံးနှစ်အထိ လူသူမသိ အောင် နေထိုင်ကြရမယ်။ တကယ်လို့ လူသိသွားရင် နောက်ထပ် ၁၃ နှစ် ဆက်လက်ပြီး နေကြရမယ်။

ဒီတစ်ကြိမ် လောင်းကစားပွဲမှာလဲ ဘုရင် ယုဓိတ္တရခမျာ ခွက်ခွက်လန် အောင်ရှုံးပြီး ကတိအတိုင်း ထီးနန်း ကိုစွန့်ခွာ၊ ညီတော်တွေနဲ့ မိဖုရားကိုပါ ခေါ်ပြီး တောထွက်သွားရတယ်။ ကတိအတိုင်း ၁၃ နှစ်နေခဲ့ပြီး နောက် ယုဓိတ္တရ က ထီးနန်းပြန် တောင်းတော့ ဒုယျောဓနမင်းသားက သူ မောင်ပိုင်စီးထားတဲ့ ထီးနန်းကို ပြန်မပေးတော့ဘူး။ ''ထီးနန်း ပြန်လိုချင်ရင် တိုက်ယူပါ''လို့ ပြန်ပြော တယ်။ ဒီတော့ ညီတော်နောင်တော် အချင်းချင်း ကြားမှာ သွေးချောင်းစီး တဲ့ မဟာဘာရတ စစ်ပွဲကြီးဖြစ်လာ တော့တယ်။
ဒီစစ်ပွဲကြီး မစတင်မီ ကလေးမှာ ကရိသျှနဘုရားရှင်က ဘဂဝံဂီတ - Bhagavagita လို့ ထင်ရှားကျော်ကြားတဲ့ လောက ဓမ္မ တရား တော်ကို ဟောကြားတော်မူခဲ့ ပါတယ်။ ဒီစစ်ပွဲကြီးမှာ ယုဓိတ္တရ အောင် ပွဲခံခဲ့ပြီး ထီးနန်းကို ပြန်လည်သိမ်း ပိုက်နိုင်ခဲ့တယ်။

အလောင်းအစားကို ခုံမင်တဲ့ ယု ဓိတ္တရ ဘုရင်ကို တော်တော်မိုက်မဲတဲ့ ဘုရင်ပဲလို့ ဝေဖန် သုံးသပ်နိုင်ပေမယ့် ယုဓိတ္တရဟာ အမှန်တရားကို မြတ် နိုးတယ်။ ကတိသစ္စာ တည်တယ်။ မင်းကျင့်တရားနဲ့ အညီ တိုင်းပြည် အုပ်ချုပ်တဲ့မင်းကောင်းမင်းမြတ် တစ် ပါးဖြစ်တယ်။ ဒါကြောင့် ယုဓိတ္တရ ဘုရင်ကို ဓမ္မရာဇာ တရားတဲ့မင်းလို့ ခေါ်ကြတယ်။ မဟာဘာရတ ဇာတ် တော်ကြီးမှာ ဖော်ပြထားတဲ့ အရှင်ထွက်ပုဂ္ဂိုလ် သုံး၊ လေးပါး အနက် တစ်ပါး အပါအဝင် ဖြစ်ပါတယ်။

ယနေ့ခေတ်လောင်းကစား

ဒီကနေ့ခေတ်မှာက လောင်းကစားတာကို ဂိမ်း ကစားတယ်။ Gaming လို့ခေါ်ကြတယ်။ နိုင်ငံတိုင်း လိုလိုမှာ လောင်းကစားက တရား မဝင် တဲ့အတွက် ပုန်းလျှိုးကွယ်လျှိုး နဲ့ ကစားကြတာများတယ်။ တစ်နေ့ တစ်နေ့ နိုင်ငံအနှံ့အပြားက တိတ် တိတ်ပုန်း ကစားဝိုင်းတွေမှာ လက် ပြောင်းလက်လွှဲလုပ်ကြတဲ့ ငွေပမာဏ ဟာ ကုဋေ ကုဋာ နဲ့ချီပြီးရှိနိုင်တယ် လို့ ခန့်မှန်းကြတယ်။

ဘုရားတရားလုပ်ကြသူတွေ ဟာ အစစအရာရာကို ဓမ္မနဲ့ ယှဉ်တွဲ ပြီး ရှုမြင်ကြသလို လောင်းကစား သမားတွေကလဲ ဘယ်ဟာကိုပဲ ကြည့် ကြည့် လောင်းကစားစရာတွေပဲ လို့ပဲ မြင်တယ်။ ဖဲရိုက်တယ်။ မြင်းလောင်းတယ်။ လေးကောင်ဂျင် ထိုးတယ်။ ကျားကွက်ကစားတယ်။ စစ်တုရင် ကစားတယ်။ ကက်ဆွဲ တယ်။ သုံးဆယ့်ခြောက်ကောင် ကစားတယ်။ ကြက်တိုက်တယ်။ ဘောပွဲလောင်းတယ်။ ချဲထိုးတယ်။ ဂဏန်း ၃၆ လုံး Roulette ကစား တယ်။ အောင်ဘာလေ ထီထိုးတယ် စသည် စသည်ဖြင့် စုံလို့ပါပဲ။

ဒီတော့ လောင်းကစားနည်း တွေလဲမျိုးပေါင်းစုံပြီး လောင်းကစား လိုကြသူတွေလဲ အများအပြားရှိနေ လေတော့ အချို့နိုင်ငံတွေမှာ စီးပွား ရေးလုပ်ငန်းရှင်တွေဟာ အစိုးရတွေ နဲ့ ညှိနှိုင်းပြီး အကန့်အသတ်နဲ့ တရားဝင် လောင်းကစားနိုင်တဲ့ နေရာတွေ ဖန်တီးလာခဲ့ကြတယ်။

ကမ္ဘာ့အကြီးဆုံး ဒုစရိုက်မြို့တော်

ကမ္ဘာ့အကြီးဆုံး ဒုစရိုက်မြို့တော် ကမ္ဘာပေါ်မှာ ကာဆီနို-Casino လို့ခေါ်ကြတဲ့ လောင်းကစားရုံတွေ အများဆုံးရှိတဲ့ နိုင်ငံက အမေရိကန် နိုင်ငံဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် စာရင်းအရ လောင်းကစားရုံပေါင်း ၁၄၉၆ ရုံရှိတယ်။ အဲဒီနှစ်က အမေ ရိကန်အစိုးရအနေနဲ့ လောင်းကစားရုံတွေဆီက ရတဲ့ အခွန်အကောက်ဟာ ဒေါ်လာ ဘီလီယံ ၃ဝ လောက်ရှိခဲ့တယ်။ ဒါတောင် အမေရိကန် နိုင်ငံစီးပွားရေး ကျဆင်း နေတဲ့အတွက် လောင်းကစားပွဲရုံတွေ ဆီ လာရောက်ကြသူ နည်းပါးပြီး ဝင်ငွေ ကျဆင်းသွားခဲ့တာလို့ ထောက်ပြကြတယ်။
အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည် နယ်မှာ တရားဝင်လောင်းကစား စီး ပွားရေး လုပ်ကိုင်နိုင်တဲ့နေရာ အတော် များများ ရှိပါတယ်။ Lake Tahoe, Reno, Las Vegas, Laughlin, Eiko County အပြင် အခြားမြို့တွေလဲ ရှိ တယ်။ ဒီအထဲမှာ အကျော်ကြားဆုံး ကတော့ Las Vegas ဖြစ်ပါတယ်။ နီဗားဒါး သဲကန္တာရထဲမှာ တည် ဆောက်ထားတဲ့ မြို့ဖြစ်တယ်။ ဒုစ ရိုက်မြို့တော်-Sin City လို့ ထင်ရှားတယ်။ လောင်းကစား လုပ်ငန်းတွေနဲ့ တွဲ ဖက်ပြီး ဧရာမ ဇိမ်ခံ ဟိုတယ်ကြီး တွေ၊ ဇိမ်မယ်တွေ၊ ဘားတွေ၊ ပျော် ပွဲစားရုံတွေ၊ ညကလပ်တွေ၊ ရှော့ပင်း မောလ်တွေ အမျိုးစုံ လုပ်ကိုင်ကြ တယ်။ ဒီနေရာကို လောင်းကစားဖို့ အမေရိကန်နိုင်ငံက သူဋ္ဌေးကြီးတွေ သာ လာရောက်ကြတာ မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးက ကျိကျိတက် ချမ်းသာကြသူတွေလဲ လာရောက်ကြ တယ်။ ပြီးတော့ မမြင်ဖူးလို့ မြင်ဖူး အောင် လာကြည့်ကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကလဲ အများအပြားပါ ပဲတဲ့။

လောင်းကစားဖို့ လာကြသူတွေ ဟာ အများအားဖြင့်ဖဲရိုက်ကြတာ များတယ်။ လောင်းကစားရုံပိုင်ရှင် တွေအနေနဲ့ သူ့အတွက် အဓိကဝင် ငွေကို ဖဲဝိုင်းတွေက ရရှိကြတယ်။ ဘောလုံးကွင်း တစ်ကွင်းစာလောက် ကျယ်တဲ့ လောင်းကစားရုံထဲမှာ ဖဲ ရိုက်နိုင်ဖို့အတွက် ချထားတဲ့ စားပွဲ ခုံဝိုင်းတွေက တစ်ပုံတစ်ခေါင်းကြီးရှိ တယ်။ သူ့ဝိုင်းနဲ့သူ၊ သူ့အချိတ် အဆက်နဲ့သူ ကစားကြတယ်။ တစ် ဝိုင်းက လောင်းကြေးကို အခြားဝိုင်းက လူတွေက မသိကြဘူး။ စိတ်လဲ မဝင်စားကြဘူး။

Las Vegas မှာ အကြီးဆုံး လောင်းကစားရုံတွေ၊ ဟိုတယ်တွေ တည်ထောင်ထားကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက MGM, Caesars နဲ့ Wynn တို့ဖြစ်တယ်။ Las Vegas မှာ လာရောက် စီးပွားရေး လုပ်ကိုင်ကြသူတွေ အပေါ် ဝင်ငွေခွန်လဲ မကောက်ဘူး။ ကော်ပိုရိတ် ခွန်လဲ မကောက်တဲ့အပြင် အဆောက်အအုံခွန်လဲ မကောက်ဘူး။ ဒါကတော့ Las Vegas မှာ စီးပွားရေး လာ ရောက်လုပ်ကိုင်သူတွေ တိုးတက် များပြားလာအောင်လို့ မက်လုံးပေးတဲ့ စီမံချက်ပါ။

အမေရိကန်နိုင်ငံမှာက အခုလို လောင်းကစားရုံတွေ ဖွင့်လှစ်ပြီး တရားဝင် လုပ်ကိုင်လာခဲ့ကြတာ ၁၉၄ဝ ပြည့်လွန်နှစ်များလောက် စတင်ခဲ့တယ်။ လောလောဆယ် အမေရိကန်နိုင်ငံမှာ စီးပွားရေး ကျ ဆင်းနေလို့ လုပ်ငန်း ကိုင်ငန်း မကောင်းရတဲ့အထဲ တရုတ်နိုင်ငံက မကာအို - Macao တို့၊ အိန္ဒိယက ဂိုအာ -Goa တို့ မှာလဲ လောင်းကစား ရုံတွေ ပေါ်ထွက်လာတော့ အပြိုင် အဆိုင်တွေ ဖြစ်လာတယ်။ ဒီကြား ထဲ အွန်လိုင်းလောင်းကစား - Online Gambling ဆိုတာကလဲ သမားရိုးကျ လုပ်ငန်းတွေကို ခြိမ်းခြောက်လျက်ရှိတယ်။

နာမည်ကြီးလာတဲ့ မကာအို

မကာအိုဆိုတာက တရုတ်ပြည် ရဲ့ ပုလဲမြစ် -Xi River အဝမှာရှိတဲ့ ကျွန်းဆွယ်လေးတစ်ခုနဲ့ ကျွန်းက လေးနှစ်ကျွန်းပါ။ ပေါ်တူဂီတွေ သိမ်း ပိုက်ထားတဲ့ နယ်မြေတစ်ခုဖြစ်ပြီး ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ပေါ်တူ ဂီတွေက တရုတ်ပြည်ကို ပြန်လည်လွှဲ ပြောင်းပေးခဲ့တယ်။ တရုတ်ပြည်မှာ လောင်းကစား ကို တရားမဝင် ကြေညာထားပေမယ့် မကာအိုမှာတော့ ခွင့်ပြုထားတယ်။ အမေရိကန်နိုင်ငံက Las Vegas Sands နဲ့ Wynn Resorts တို့က မကာအိုလောင်းကစားလုပ်ငန်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထား ကြတယ်။ ၂ဝ၁ဝ ပြည့်နှစ် စာရင်း အရ မကာအိုမှာ လောင်းကစားရုံ ၃၂ ရုံရှိတယ်။

အမေရိကန် နီဗားဒါး ပြည်နယ်မှာ ရှိတဲ့လောင်းကစားရုံ စုစု ပေါင်းရဲ့ ဝင်ငွေထက် နှစ်ဆပိုပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ ဝင်ငွေကောင်းခဲ့ တယ်လို့ထောက်ပြခဲ့ကြတယ်။ နီဗား ဒါးပြည်နယ် လောင်းကစား လုပ် ငန်းတွေကို Nevada Gaming Commission က အုပ်ချုပ်သလို၊ မကာအို မှာရှိတဲ့ လောင်းကစားစီးပွားရေး လုပ် ငန်းတွေကိုလဲ တရုတ်ပြည် Gaming Inspection and Coordination Bureau က အုပ်ချုပ်တယ်။ အခုတော့ မကာအိုကို ကမ္ဘာ အရပ်ရပ်က သူဋ္ဌေးကြီးတွေလာ ရောက်ပြီး လောင်းကစားကြတဲ့ အတွက် Las Vegas ထက်တောင် နာမည်ကြီးလာတယ်။

အိန္ဒိယရဲ့ ဂိုအာ

ဂိုအာကလဲ အစောပိုင်းက ပေါ် တူဂီတွေ သိမ်းပိုက်ထားခဲ့တဲ့အိန္ဒိယ အနောက်ပိုင်းကမ်းခြေက မြို့ကလေး တစ်မြို့ပါ။ နောက်ပိုင်းမှာ အိန္ဒိယ က ပြန်လည်သိမ်းပိုက်ခဲ့တယ်။ ဥရော ပတိုက်သားတွေ အလည်အပတ် လာရောက်တတ်တဲ့ ပင်လယ်ကမ်း ခြေက မြို့ကလေးတစ်မြို့ဖြစ်တယ်။ လွန်ခဲ့တဲ့လေးနှစ်လောက်က Casino Goa ဆိုတဲ့ လောင်းကစား လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်ခဲ့တယ်။ ၂ဝဝ၇ ခုနှစ်မှာ အစိုးရက လိုင်စင် တွေချပေးပြီး လောင်းကစား လုပ်ငန်းကို တိုးချဲ့ခဲ့တယ်။ အစိုးရက အစော ပိုင်းမှာ အီလက်ထရွန်းနစ် Slot Machines တွေနဲ့ပဲ ကမ်းပေါ်က ဟို တယ်တွေမှာ ကစားခွင့်ပြုပြီး ဖဲရိုက်ချင် ရင်တော့ ကမ်းလွန်က ရေပေါ် အဆောက်အအုံတွေပေါ်မှာ ကစားခွင့်ပြုတယ်။ အခုတော့ ကမ်းပေါ်မှာလဲ ကစားခွင့်ပြုလာပါပြီ။ ဂိုအာ မှာ ကမ်းပေါ်လောင်းကစားရုံ ၂ဝ နဲ့ ကမ်းလွန်ရေပေါ် လောင်းကစား ရုံ ခြောက်ရုံ ရှိတယ်။ သုံးနှစ်ကာလ အတွင်းမှာ ဝင်ငွေက ရူပီး ကုဋေ ၄ဝ ကနေပြီး ရူပီး ကုဋေ ၃ဝဝ အထိ တိုးတက်လာခဲ့တယ်။

အိန္ဒိယနိုင်ငံမှာတော့ မြင်းပွဲမှာ မြင်းလောင်းတာ တရားဝင်တယ်။ ဒါ ပေမယ့် ခရစ်ကက် Cricket ကစားပွဲ တွေမှာ အလောင်းအစား လုပ်တာ တရားမဝင်ဘူး။ အိန္ဒိယနိုင်ငံမှာ တရားဝင်မြင်းပွဲလောင်းဝင်ငွေက တစ် နှစ် ရူပီး ကုဋေ ၁ဝဝဝဝ လောက်ရှိ နိုင်တယ်လို့ ခန့်မှန်းကြတယ်။ ကမ္ဘာ့ခရစ်ကက်ဖလားပွဲမှာ တရား မဝင် လောင်းကြတဲ့ငွေပမာဏဟာ ရူပီး ကုဋေ ၂ဝဝဝဝ ကနေ ရူပီး ကုဋေ ၅ဝဝဝဝ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြတယ်။

ဂလိုဘယ် လောင်းကစား

လောင်းကစားရုံတွေ တရားဝင် ဖွင့်လှစ်ပြီး စီးပွားရေးလုပ်ငန်း အကန့် အသတ်နဲ့ လုပ်ကိုင်နေကြတာ အမေ ရိကန်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံများ အပြင် အခြားသော နိုင်ငံအချို့မှာလဲ ရှိပါတယ်။ ယူနိုက်တက်ကင်းဒမ်း UK မှာ လောင်းကစားရုံ ၁၄၃ ရုံ ရှိ တယ်။ ကနေဒါမှာ လောင်းကစား ရုံ က ၁၁ဝ၊ အိုင်ယာလန်မှာ ၁၃၊ သြစတြေးလျမှာလဲ ၁၃ ရုံ၊ ပြီးတော့ ဂရိမှာက လောင်းကစားရုံ ကိုးခုရှိ တယ်။ စင်ကာပူနိုင်ငံမှာလဲ လောင်း ကစားရုံ နှစ်ခုရှိတယ်။

လောင်းကစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်ချင် ကြတဲ့ သူဋ္ဌေးကြီးအချို့ဟာ မကာအို မသွားခင် စင်ကာပူ ရောက်လာပြီး အစိုးရဆီမှာ ကာဆီနို တည်ထောင် ခွင့်တောင်းခံခဲ့ကြတယ်။ စင်ကာပူက စင်ကာပူသားတွေ စာရိတ္တပျက်မှာစိုး လို့ ငြင်းပယ်လိုက်တယ်။ နောက် တော့မှ နောင်တကြီးစွာရခဲ့ကြပါ သတဲ့။ ဒါကြောင့် စင်ကာပူမှာပထမ ဆုံး ကာဆီနို ကို ၂ဝ၁ဝ ပြည့်နှစ် အစောပိုင်းကမှ ဖွင့်လှစ်ခဲ့ဖြစ်ခဲ့တယ်။ စင်ကာပူသားတွေ ကာဆီနိုထဲဝင်မယ် ဆိုရင် စင်ကာပူဒေါ်လာ ၁ဝဝ ဝင် ကြေးပေးကြရတယ်။ ကမ္ဘာလှည့် ခရီးသည် ဆိုရင် အလကား ဝင်နိုင် တယ်။ လောင်းကစားလုပ်ငန်း တွေက ရတဲ့ ဝင်ငွေဟာ ဒီနှစ်ကုန် မှာ Las Vegas ရဲ့ ဝင်ငွေကို ကျော် တက်သွားနိုင်တယ်လို့ ခန့်မှန်းထား ကြတယ်။

Las Vegas ရဲ့ လမ်းမပေါ်မှာ မလိမ်မိုး မလိမ်မာ အမျိုးသမီးလေး တွေက ဖောက်သည်ရှာနေကြသလို သူတို့တစ်တွေကို ကယ်တင်ချင်ကြတဲ့ ခရစ်ယာန် တရားဟော ဆရာ တွေကလဲ သမ္မာကျမ်းစာအုပ် တကိုင်ကိုင်နဲ့ ခေါက်တုံ့ခေါက်ပြန် လမ်း သလားနေကြပါသတဲ့။

မင်းရွှေမောင်

Ref: :
1. The Economic Times , Oct 23, 2011.
2. Sri Yogananda " The Bhagvad Gita" (2005)
3. ဦးသော်ဇင် မဟာဘာရတနှင့်ဘဂဝါဂီတ (၁၉၆၇)။

(ဈေးကွက်ဂျာနယ် အွန်လိုင်း http://zaygwet.com/eco_opinion.php?id=170 တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်ပါသည်)

Easy DVD Creator v2.4.7


dvd အခွေကို ကိုယ်တိုင်ဖန်တီး ချင်တဲ့သူငယ်ချင်းများအတွက်ပါ။AVI/DIVX/XVID/DIV, MPEG/MPG/DAT, WMV/ASF/ASX, RM/RMVB, MOV/QT, 3GP/3G2, MP4/M4V, and FLV ဖိုင်တွေမှ dvd ဖိုင်အဖြစ်ပြောင်းပေးမှာပါ။ အသွင်အပြင်လေးကလည်း ရိုးရှင်းပါတယ်။ နဲနဲလေး ကလိလိုက်တာနဲ့ အဆင်ပြေသွားမှာပါ ။အသုံးပြုကြည့်ချင်တဲ့ သူငယ်ချင်းများအတွက်ပါ။
ကလက်တစ်ချက်နှိပ် ရုံပါပဲ done ဆိုတဲ့ စာလေးပေါ်လာတာနဲ့ ဖန်တီးမှုအောင်မြင်သွားမှာပါ။

Key Features of Easy DVD Creator:
- Creates DVD from AVI/DIVX/XVID/DIV, MPEG/MPG/DAT, WMV/ASF/ASX, RM/RMVB, MOV/QT, 3GP/3G2, MP4/M4V, and FLV files and burn to blank DVD disc.
- Generate DVD image and save to hard disk
- Burn hard disk DVD image to blank DVD disc
- Super fast conversion speed provided as it full supports Intel Pentium D Dual-Core Processor and AMD Athlon? 64 X 2 Dual-Core Processor which ensures full use of your CPU
- Merge up to 3 hours of multiple movies or episodic files to one DVD
- Multithreading and batch conversion are supported and the more files you convert the faster Easy DVD Creator works than other DVD creators
- So easy to use that only ONE click is enough to burn a DVD after you loaded the video files
- Supports device types include DVD-R/ DVD+R/ DVD-RW/ DVD+RW
- Support NTSC and PAL
- Support 4:3 and 16:9 aspect ratio
- Add letterbox to keep the original aspect ratio
- All encoders/codec are built-in and any supported conversion can be done once you downloading the software
- Make excellent output quality
- Neat User Interface,very easy to use,without any complicated parameter settings
- No ASPI drivers needed
- Lifetime FREE Technical Support and FREE upgrade

Mozilla Firefox ကိုအမြန်နှုံးမြင့်ပြီးသုံးရအောင်ဗျာ ဧဒင်ဥယျာဉ်ညီကိုမောင်နှမများအတွက်

မင်္ဂလာပါ
ဧဒင်ဥယျာဉ်မှ သူငယ်ချင်းများအတွက်  Mozilla Firefox  ကို အမြန်နှုံးမြင့်ပြီးသုံးရအောင်ဗျ
 Mozilla Firefox  ကိုဘယ်လို့ အမြန်နှုံး မြင့်ပြီးသုံးရမလဲဆိုရင်
ပထမဆုံး   Desktop ပေါ်မှာရှိတဲ့  Mozilla Firefox  ပုံကို ညာဘက်ကလစ်ပေးလိုက်ပါ
ပြီးရင်  Properties ထဲကိုဝင်လိုက်ပါခင်ဗျာ  ပြီးရင်တော့ Shortcut  ကိုကလစ်ပေးပြီး
Target ဘောက်ထဲက အကွက်ရဲ့နောက်ဆုံးဒီစာရဲ့နောက်ကို "C:\Program Files\Mozilla Firefox\firefox.ex"
စပေ့ဘားတစ်ချက်ရိုက်ပြီး   /prefetch:1 ကိုထည့်လိုက်ဗျာ အဆင်ပြေပါပြီး
စာကိုကြည့်ပြီးမလုပ်တက်တဲ့ သူငယ်ချင်းများကတော့ ပုံတွေတင်ပေးထားတယ်ဗျ ပိုပြီးအဆင်ပြေအောင်လို့ ပါ စေသနာပေါ့ ..:P
http://api.ning.com/files/DBcuY8g7bDs0Ud51gLWLsfNkZhpef8H3cHylvHijIE7d5iHhflrk8EYgUSnyuVPeiA7BLkWD1OoicaND2dBjJLtAupIlErgB/Mozlla.bmp
http://api.ning.com/files/syDyIga1HGaZmMHa0d3rPvPVqVIzshUNY6gkn1ZmX8y*sga6uPGCgN1pRUqdkzL7eFAk-R1cm*I-CESoNd5DFjMo2wRmEYdp/Mozlla1.bmp
ကဲ့ မြန်လာပြီးနော် ဒါပေမဲ့ နည်းနည်းပဲ မြန်သေးတယ်ဗျ စိတ်ကြိုက်မဖြစ်သေးဘူး
ထက်ပြီးဒီထက်မြန်အောင်လုပ်ဦးမှာ ဆိုဒ်တစ်ခုဝင်ရင် ကွန်နရှင်ကောင်းကောင်းနဲ့  Mozilla Firefox  မြန်မြန်လေဆိုတော့ သုံးရတာအဆင်ပြေတာပေါ့ဗျာ မဟုတ်ရင် သုံးနေရင် ကွန်ပျုတာကိုရိုက်ခွဲးချင်စိတ်တွေပေါက်လာရော :P
နောက်တစ်မျိုးထက်လုပ်ရအောင်ဗျာ
 Mozilla Firefox ကိုဖွင့်လိုက်ပါ  Add ဘားပေါ်မှာ about:config ဆိုပြီးရိုက်ထည့်လိုက်ဗျာ
 ပြီးရင် I'll be careful, I promise! ကိုကလစ်ပေးပြီးဝင်လိုက်ဗျာ scresh ဘားပေါ်မှာ pip လို့ ရိုက်ထည့်လိုက်ဗျာ  network.http.pipelining ကို နှစ်ချက်နှိပ်ပြီ true လုပ်လိုက်ဗျာ
 network.http.pipelining.maxrequests မှာ 4 ကို နှစ်ချက်နှိပ်ပြီး 30 ပြောင်းပေးလိုက်ဗျာ
network.http.proxy.pipelining ကိုလဲ true  ပြောင်းပေးလိုက်ဗျာ သူငယ်ချင်းရဲ့ Mozilla Firefox သိသိသာသာမြန်လာပါပြီး

မရှင်းတဲ့ ညီကိုမောင်နှမများအတွက်တော့ ပုံကြည့်ပြီးလုပ်ပေါ့ဗျာ


http://api.ning.com/files/GCM8GX8jdKDWBxbXXI92hj0OhHazQBKcEhaZ0FSasb6-lyGS1-npEXmIMOLXmWT55Bkbj39TLqFptlyvLROnHavf5LHBX481/Mozlla2.bmp
http://api.ning.com/files/T2NvUVNI*3hiw*b6f5A5jVr*R4a*TnjCnK7Gfclv*7GYlj36luO1lJb*VBCwzOZqSRwzzDyYXUAf4QSl1A6KdqEdaO4bwCbI/Mozlla3.bmp


ဒါကိုသုံးရတာ စိတ်တိုင်မကျသေးဘူး ဒီထက်မြန်ချင်သေးတယ်ဗျာ Mozilla Firefox သုံးတိုင်လုပ်ရမယ်နည်းလမ်းလေပါ ခုနည်းလေကတော့  ဆိုဒ်တွေဝင်တိုင် လုပ်ပေးရင် အဆင်ပြေပါတယ် သုံးရတာ လေးနေတယ်ထင်လာရင် လုပ်ပေးပါ
Mozilla Firefox ကိုဖွင့်လိုက်ပါ Shift + Ctrl +  J ကိုနှိပ်လိုက်ပါ
Error Console ဖိုင့်တစ်ခုတက်လာရင်  All ကိုနှိပ်ပြီးရင် Clear ကိုနှိပ်လိုက်ပါခင်ဗျာ
 Mozilla Firefox သိသိသာသာမြန်လာပါပြီးခင်ဗျာ
 ဆိုဒ်တွေဝင်တိုင် နှိပ်ပေးပါ အဆင်ပြေပါပြီး :P



http://api.ning.com/files/4zxJDXgPuIZv-lAJ9nL9V5MN5ps4ebI94ELCUhq*SO0UnieJq5PZYd8GFI44B*OA4InQ90U3VO1KVFNToqofmdd4*o4DmDN3/Mozlla4.bmp
ခုလောက်ဆိုရင် ဧဒင်ဥယျာဉ်ညီကိုမောင်နှမများလည်း  Mozilla Firefox  ကို အမြန်နှုံးမြင့်ပြီးသုံးနေလောက်ပါပြီး
လုံးဝ ကွန်နရှင်မကောင်းတဲ့ နေရာတွေတော့ ဘယ်လောက်ကြီးလုပ်လုပ်  မမြန်နိုင်ပါဘူး ..:D

ဧဒင်ဥယျာဉ်ညီကိုမောင်နှမများပျော်ရွှင်ပါစေ

ဧဒင်ဥယျာဉ်
www.edinooyin.com
ဥယျာဉ်မှူး ၃

ဖန်တီးမှုအနုပညာရှင်ရဲ့ ဝက်များနှင့် ၎ရက်တာ အ၀တ်ဗလာအနုပညာဖန်တီးမှု..



သူမအနေဖြင့် ရေဂါပိုးမွှားများအားကြောက်လန့် တတ်တယ်လို့ ဆိုခဲ့ ဖူးပါတယ်...
သို့ သော်လည်း သူမရဲ့ ဆန်းသစ်တီထွင်မှုဖြစ်သည့် ခံစားမှုအနုပညာသရုပ်ပြမှုအတွက် မီရူကင်မ် တစ်
ယောက် ၀က်တွေနဲ့ အတူ ၁၀၄ နာရီတိုင်တိုင်အတူနေထိုင် (အိပ်စက်၊နေထိုင်၊စားသောက်) ဖို့ ဆုံးဖြတ်ခဲ့ 
ပါတယ်...

ယခင်ဆေးပညာကျောင်းသူဟောင်းဟာ ဘေဆယ်မီယာမီအနုပညာခမ်းမတစ်ခုရှေ့ တွင်ဖန်တီးထားသည့် 
ဝက်ခြံတစ်ခုအတွင်းတွင်အ၀တ်ဗလာ၊ ကိုယ်လုံးတီးဖြင့် နေထိုင်မှာဖြစ်ပြီး လာရောက်ကြည့် ရှုသူများအနေ
ဖြင့် မှန်ချပ်များသာခြားပြီး သူမ၏ဗလာအနုပညာသရုပ်ပြမှုအား သဘာဝအတိုင်းမြင်တွေ့ နိုင်မှာဖြစ်ပါ
တယ်....
ဗလာကလာတဲ့ သူမို့ ဗလာထဲပြန်သွားတဲ့ အနုပညာတင်ဆက်မှုပါ...
ထူးတာကတော့ သူမက ၀က်တွေကိုခင်မင်နှစ်သက်တာမို့ ဝက်များနဲ့ ၎ ရက်ကျော်နေထိုင်မှာ
ဖြစ်ပါတယ်...
Performance: Miru Kim lies with two pigs in a glass enclosure as part of an art installation, I Like Pigs And Pigs Like Me. She will live with the animals for 104 hours. 'When I mingle with pigs, I feel my existence more than ever,' she said 
ဝက်များနဲ့ အတူတူ အ၀တ်ဗလာနဲ့ နေဖို့ ဆိုတာတစ်ခြားသူတွေအတွက်တော့ စိတ်တောင်မကူးရဲ
ပေမယ့်  ခံစားမှုအနုပညာအနေနဲ့ ကတော့ ဒါဟာအဆင့် မြင့် တဲ့ ဖန်တီးချက်ပါပဲတဲ့ ...
Spending four days naked inside a glass box living and sleeping with pigs might not be everyone idea of fun, but the performance artist calls it high art
ငယ်စဉ်ကလေးဘ၀ကစိတ်စွဲလမ်းမှုအားကြီးသည့် ဝေဒနာခံစားခဲ့ သည့် အသက် ၃၀ အရွယ်ရှိအမျိုးသမီး
အနုပညာရှင်အတွက် ယခုကဲ့ သို့ (၀က်များနှင့် အတူ) ညစ်ညစ်ပါတ်ပါတ်နေထိုင်ဖို့ ဆိုတာ တစ်ကယ်တော့ 
လွယ်လှသည် မဟုတ်ပါချေ....
" ဒီနေရာက စီးပွားဖြစ်အကြီးကျယ်(၀က်မွေးခြင်း) လုပ်တာမို့ အနံ့ ကတော့ တော်တော်ပြင်းပါတယ်..." လို့ 
သူမက ဟပ်ဖ်ဖင်းတန်သတင်းစာကိုပြောပြခဲ့ ပါတယ်...
အနုပညာတစ်ခုပုံဖော်ရိုက်ကူးခဲ့ စဉ်ကဆိုယင်ကျွန်မစိတ်ဒုက္ခတော်တော်ရောက်ခဲ့ ရပါတယ်...ရိုက်ကူးမှုပြီး
သွားသော်လည်း ခြေထောက်က အနံ့ ကိုဖျောက်လို့ မရတာမို့ အတော်လေးစိတ်ညစ်ခဲ့ ရပါတယ်..." လို့ သူ
မကဆိုပါတယ်...
ကိုရီးယားတွေးခေါ်ပညာရှင်တစ်ဦး၏သမီးဖြစ်သည့် ကင်မ်ဟာ အ၀တ်အစားများချွတ်ကာ ကိုယ်လုံးတီးဖြင့်
သူမကိုယ်သူမ စွန့် ပစ်ထားသည့် စက်ရုံပျက်များ၊ ဥမင်လှိုဏ်ခေါင်းများ၊ တံတားများတွင် ဓါတ်ပုံရိုက်ကူးခဲ့ 
သဖြင့် နာမည်ကျော်ကြားခဲ့ ပါတယ်...
ယခုကဲ့ သို့ လုပ်ဆောင်ခြင်းဖြင့် သူမအနေဖြင့် အမှောင်ကိုကြောက်ခြင်း၊ အန္တရယ်ဖြစ်စေတတ်သည့် နေ
ရာ၊ အခြေအနေများကိုကြောက်ခြင်း၊ ညစ်ပါတ်ပေကျံမှုကိုကြောက်ခြင်း စသည်များကို ကျော်လွှားနိုင်တယ်
လို့ သူမကဆိုပါတယ်... 
လာမည့် ၎ ရက်လုံးလုံး ကင်မ်ဟာ ၀က်တွေနဲ့ အတူတူစား၊ အတူတူသွား၊ အတူတူအိပ်မှာပါ...
Dedicated: Kim will eat and sleep alongside the animals for the next four days
သူမရဲ့ အ၀တ်အစားမဲ့ ခ ခန္ဓာကိုယ်ဖြင့် သရုပ်ဆောင်မှုအနုပညာတွေလုပ်လေ့ ရှိတာမို့ 
ကင်မ်ဟာ နာမည်ကျော်ပါတယ်...
Baring all for her art: Kim, who has gained notoriety for producing art involving her own naked body, is performing at Art Basel Miami. The former medical student said her work helps her overcome her fears
ကျွန်မက၀က်တွေကိုချစ်သူလို ၀က်တွေကလည်းကျွန်မကိုချစ်ပါတယ်...လို့ အမည်ပေးထားတဲ့ 
ကင်မ်ရဲ့ ဝက်အနုပညာ၊ ဗလာ ကိုလာရောက်ကြည့် ရှုခံစားတဲ့ ပရိတ်သတ်...
Bemused and confused: Visitors watch as Kim lies with two pigs within a glass enclosure. The Miami installation is called 'I Like Pigs and Pigs Like Me (104 hours)'
သူမဟာယခုကဲ့ သို့ ကျွန်မကလည်းဝက်တွေကိုချစ်သလို၊ ၀က်တွေကလည်းကျွန်မကိုချစ်ပါတယ် သရုပ်ပြ
မှုအား ပြင်သစ်တွေးခေါ်ရှင် မိုက်ကယ်ဆီရက်စ်ရဲ့ ခန္ဓာကိုယ်အရေပြားအကြောင်းရေးထားသည့် ပဉ္စအာရုံ၊ 
သမူဟခန္ဓာအတွေးအမြင် စာအုပ်ပြီးနောက် ပြုလုပ်ရန်စိတ်ကူးရလာခဲ့ ခြင်းဖြစ်ပါတယ်....
"အရေပြားဟာခန္ဓာကိုယ်အတွင်းပိုင်းအားဖုံးအုပ်ကာကွယ်ပေးထားရုံတင်၊ ခန္ဓာကိုယ်အတွင်းနှင့် အပြင်အာရုံခံစားမှုကို ဆက်သွယ်ပေးရုံ မျှမကပါဘူး...
အတွင်းစိတ်နဲ့ ပြင်ပကမ္ဘာကိုလည်းဆက်သွယ်ပေးရာဖြစ်သလို ကိုယ်ကာယကြီးနဲ့ စိတ်ဝိဥာဉ်တို့ ဆက်သွယ်ပေးရာလည်းဖြစ်ပါတယ်...
ကျွန်မ၀က်တွေနဲ့ အတူသွားလာလှုပ်ရှားနေထိုင်ရတော့ ကျွန်မရဲ့ ဖြစ်တည်မှုဟာယခင်ကထက်ပိုပြီးထင်ရှား
လာတယ်လို့ ခံစားသိရှိလာခဲ့ ပါတယ်..."လို့ သူမကဆိုခဲ့ ပါတယ်...
ကင်မ်ဟာ နယူးယောက်မှာရှိတဲ့ ကိုလံဘီယာတက္ကသိုလ်မှာ သင်ကြားလျှက်ရှိစဉ် ခွဲစိတ်ဖြတ်တောက်မှုဆိုင်
ရာသင်ခန်းစာများမှာ ၀က်များနှင့် ပါတ်သက်ပြီးအထူးနှစ်ခြိုက်စိတ်ဝင်စားခဲ့ တာဖြစ်ပါတယ်...
သူမဟာ တိရိစ္ဆာန်များကို ထူးထူးခြားခြားချစ်ခင်နှစ်သက်လာခဲ့ပါတော့ တယ်...
ထိုစဉ်ကတည်းက ၀က်တွေရဲ့ ခန္ဓာဗေဒနဲ့ အရေပြားအရောင်က ကျွန်မတို့ နဲ့ နီးကပ်စွာရှိနေတာကိုသတိပြုမိခဲ့တာဖြစ့်ပါတယ် လို့ သူမရဲ့ ပထမဦးဆုံး စိတ်လှုပ်ရှားခဲ့ ရတဲ့ အတွေ့ အကြုံကိုပြောပြခဲ့ ပါတယ်...
" ၀က်တွေဟာ အာရုံခံစားမှုကောင်းတယ်၊ အသိဥာဏ်ထက်မြက်တဲ့ သတ္တ၀ါတွေဖြစ်တယ်...
ဒီဝက်ခြံတွေထဲက ၀က်လှောင်အိမ်ထဲကိုကျွန်မ၀င်တော့ သူတို့ က အစပထမမှာကြောက်စိတ်၊ စူးစမ်းစိတ်
နဲ့ တုန့် ပြန်တတ်ကြပါတယ်..." လို့ သူမဆိုပါတယ်...
ကင်မ်အားနာမည်ကျော်စေခဲ့ တဲ့ ကိုယ်လုံးတီးအနုပညာပြကွက်များထဲမှ တစ်ခုဖြစ်သည့် 
တူရကီနိုင်ငံ၊ အစ္စတန်ဘူးလ်မြို့ ဗလီတစ်ခုအနားအဆောက်အဦးထိပ်မှ သရုပ်ဖော်တင်ပြချက်...
Turkish delight: Artist Miru Kim has earned international acclaim by taking photos of herself in the nude in unusual spots such as this area of Istanbul 
အနီးအနားမွေးမြူရေးခြံမှ ၀က်ကလေးနှစ်ကောင်အားသရုပ်ပြတင်ဆက်မှုတွင်အသုံးပြုမှာမို့ မီရူဟာ ယခု
ရက်သတ္တပါတ်တွင်ကျင်းပပြီးစီးမည့် ထိုပြကွက်ကြောင့် ထိုဝက်ကလေးများအားအသက်ဘေးမှ ကယ်တင်နိုင်မှာဖြစ်ပါတယ်...
" ဒီဝက်ကလေးတွေဟာ သူတို့ ကိုအိမ်မွေးအချစ်တော်တိရိစ္ဆာန်အဖြစ်မွေးနိုင်မည့် သူကိုကျွန်မတို့ ရှာနေ
တာမို့ တွေ့ မြင်စကထက်ပိုပြီး အခြေအနေကောင်းတဲ့ ဘ၀နဲ့ ဆက်လက်ပျော်ရွှင်စွာနေနိုင်တော့ မှာဖြစ်ပါ
တယ်..." လို့ အမေရိကန်၊ကိုရီးယား ကပြားအနုပညာရှင်ကဆိုပါတယ်...
သူမရဲ့ ယခုမီယာမီပြပွဲဟာ သူမအတွက်တော့ ပထမဦးဆုံး ၀က်များနဲ့ အတူနေခြင်းမဟုတ်ပါဘူး...ယခင်က
လည်း သူမရဲ့ သရုပ်ဆောင်မှုများကို ဓါတ်ပုံများမှတစ်ဆင့် မြင်တွေ့ ခဲ့ ကြပြီးဖြစ်ပါတယ်...
လာမည့် စနေနေ့ တွင်ပြီးဆုံးမည့် သူမရဲ့ တိုက်ရိုက်တင်ဆက်ပြသမှုအစီအစဉ်ဟာ ယခင်သူမရဲ့ ဓါတ်ပုံပြပွဲ
များက မပေးနိုင်ခဲ့ သည့် ခံစားချက်များအားပေးဆပ်နိုင်လိမ့် မည်ဟု သူမကမျှော်လင့် ထားပါတယ်...
" ဓါတ်ပုံများကပေးဖို့ ခက်ခဲတဲ့ ခံစားမှုသဘောတို့ ၏ထိတွေ့ ခြင်းဆိုင်ရာအနုပညာအာရုံများကို ပြည်သူ
တွေအနေနှင့် ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ ဝက်တွေအတူလှုပ်ရှားသွားလာနေခြင်းမှ နားလည်နိုင်လိမ့် မည်ဟုကျွန်မဆန္ဒရှိပါတယ် ..." လို့ သူမကဆိုခဲ့ ပါတယ်...
ကိုရီးယားတွေးခေါ်ပညာရှင်ကြီးရဲ့ သမီးလည်းအတွေးအခေါ်တွေကတော့ လန်းနေတာပဲ ...
အဲဒီလို ၀စ်လစ်စလစ်အနုပညာမျိုးကတော့ အမျိုးသားထုကြီးအကြိုက်ပေါ့ ...
She admits she has a fear of germs.
But for her new art installation, Miru Kim has decided to live with pigs for 104 hours, non-stop.
The former medical student is staying in a pen at the front of one of the galleries at Art Basel Miami 2011, and visitors can watch her, naked, through the window.
She will eat and sleep alongside the animals for the next four days.
And getting down in the dirt wasn't easy for the 30-year-old, who suffered badly with obsessive-compulsive disorder as a child.
'It's a very concentrated industrial environment, so the level of smell is toxic,' she told the Huffington Post.
'I get into a mental zone when I am doing a shoot. After I'm done, however, if I can't get the smell off my feet, it's very disturbing.'
Kim, the daughter of a Korean philosopher, has gained notoriety for stripping off and photographing herself naked in strange places such as abandoned factories, tunnels and bridges.
She said the work helps her get over her fears -  'fear of darkness, fear of dangerous activities in general, and fear of dirt'. She was inspired to create I Like Pigs And Pigs Like Me after reading French philosopher Michel Serres's book Five Senses: A Philosophy of Mingled Bodies, which explores the characteristics of skin.
'Skin is not only an envelope protecting the inner body, or a membrane that allows exchange between exterior and interior of the body,' Kim said. 'It also serves as a mingling point between the outer world and inner self, and between body and soul.
'When I mingle with pigs, I feel my existence more then ever.'
Kim became fascinated with pigs during a university dissection when she was a student at Columbia University in New York.
But she went on to develop a strong attachment to the animals.
'That is when I noticed that their anatomy and skin colour is close to ours,' said Kim about her first intense encounter.
'Pigs are sensitive, intelligent creatures and when I enter the pen with them on these farms they react with fear or curiosity at first.'
Using two normal pigs from a nearby farm, Miru will literally save their bacon after the weekend's performance is up.
'They will lead a very happy life and are already better off than when we found them," said the America-Korean artist.
'We are looking to place them as pets with a family or at a community farm after the show.'
Her Miami performance isn't the first time Kim has lived with pigs, but previously, visitors had only been able to see photographs of her experience.
Now she's hoping her live performance, which ends on Saturday, will convey elements that her previous photo series couldn't.
'I want people to feel the process of my body mingling with pigs, the sense of touch that is harder to grasp in the final photographs,' she said.
© Reuters
© BARCROFT
© BARCROFT
Š Miru Kim / Barcroft USA

မဟာ ဓါတ်အားလိုင်းအားဖေါက်ခွဲ ဖျက်ဆီး ခြင်းခံရသည့်အတွက် ရန်ကုန်မြို့လူထု ၆ နာရီ တစ်ကြိမ် အလှည့်ကျ မီးရမည်

Inbox
x

ဦးဦး မှော်ဆရာ
10:50 AM (15 hours ago)

to O
ရန်ကုန်မြို့လူထု ၆ နာရီ တစ်ကြိမ် အလှည့်ကျ မီးရမည်
ရန်ကုန် ၊ မေ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နှင့် မိုင် ၃၀ ခန့် အကွာ ရွှေလီနှင့် မန်ဆန် ကြားရှိ 230 KB မဟာ ဓါတ်အားလိုင်း အား
ယနေ့နံနက် ၂ နာရီ ၄၇ မိနစ် ခန့်တွင် ဖေါက်ခွဲ ဖျက်ဆီး ခြင်းခံရသည့်အတွက် မေလ ၂၁ရက် နေ့မှ စတင်ကာ ရန်ကုန်စက်မှုဇုံများအား
လျှပ်စစ်ဓါတ်အား ဖြတ်တောက်၍ ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ် များအား ၆နာရီ တစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်ဓါတ်အား
 ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က ယနေ့နံနက်တွင်ပြုလုပ်သော အရေးပေါ်
သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ၌ ပြောပြခဲ့သည်။

ပြီးခဲ့သည် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်းကလည်း ရွှေလီ ရေအား လျှပ်စစ် စီမံကိန်း မန်ဆန် ဓါတ်အားပေးစက်ရုံခွဲ ၏ ခြံစည်းရိုးအနီးတွင်
ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်။


(The Voice Weekly)


  • မြန်မာလျှပ်စစ်အကြောင်း ခပ်ပါးပါးလေးပြောပြမယ်

    မြန်မာလျှပ်စစ်အကြောင်း ခပ်ပါးပါးလေးပြောပြမယ်
    [By Nyolinn Htun ]
    မြန်မာလျှပ်စစ်အကြောင်း ခပ်ပါးပါးလေးပြောပြမယ်

    လျှပ်စစ်အကြောင်းလေး နည်းနည်း ရေးဦးမယ်။ လက်ရှိမှာ ကျွန်တော်ဟာ လျှပ်စစ်ဌာနက ၀န်ထမ်းဖြစ်ပေမယ့် ပြောရေးဆိုခွင့် ရှိသူတော့ မဟုတ်ပါဘူး။ ဒါကြောင့် ခုရေးမှာက အစိုးရသတင်းစာတွေ ရုပ်သံတွေက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်များကိုပဲ ပြောမှာပါ။ လျှပ်စစ် အင်ဂျင်နီယာ မဟုတ်သူများအတွက် ရည်ရွယ်ပါတယ်။

  • မြန်မာပြည်မှာ လျှပ်စစ် အသုံးဆုံး ဒေသက ရန်ကုန်ဖြစ်ပါတယ်။ 600MW လောက်သုံးပါတယ်။ ဒုတိယ မန္တလေးပါ။ 120MW လောက်သုံး ပါတယ်။နေပြည်တော် 50MW တောင်ကြီး25MW မုံရွာ 15MW စသည်ဖြင့် အခြား မြို့ကြီးတွေလည်း ရှိပါတယ်။ အိမ်ထောင်စု အနေနဲ့ ခွဲပြောရင် ရန်ကုန်တိုင်းဒေသကြီးမှာ သုံးအိမ်မှာ နှစ်အိမ် မီးရပါတယ်။ ၆၆% ဆိုပါတော့။ ဒုတိယက ကယားပြည်နယ်ပါ သူက ၃၅%နှုန်းလောက်ရှိပါတယ်။ နာမည်ကျော် ဘီလူးချောင်းစက်ရုံကြီးကျေးဇူးကြောင့်ပါ။ ပြီးတော့ ပြည်နယ်ကလည်း သေးတော့ မီးရတဲ့ အိမ်များတာပါ။ သူတို့နောက်မှာ အစဉ်လိုက် နေပြည်တော်ဒေသ ၃၄% မန္တလေးတိုင်းဒေသကြီး ၃၃% စသည်ဖြင့်ရှိပါတယ်။ ထူးဆန်းတာ တစ်ခုက တိုင်းနဲ့ ပြည်နယ် ၁၄ခုမှာ မီးအရအနည်းဆုံးက ဧရာဝတီတိုင်းပါ ၁၀%ကျော် လေးပဲရှိပါတယ်။ သူက လူဦးရေများပြီး မြစ်ချောင်း များလို့ ဖြစ်ပါလိမ့်မယ်။ ချင်းပြည်နယ်တောင်မှ ဧရာဝတီရဲ့ အထက်မှာ ရှိပါတယ်။ နောက်တစ်ခု ကြားဖြတ်ကျွန်တော့်အမြင်လေး ပြောရရင် ရှမ်းပြည်နယ်ဟာ အိမ်ထောင်စုတွေရဲ့ ၃၀%လောက်ပဲ မီးရတယ်ဆိုပါတယ်။ သူက ပြည်နယ်တိုင်း၁၄ခုမှာ အဆင့်လေးမှာပါ။ ဒါဟာ ရှမ်းတစ်ပြည်နယ်လုံးကို ပြောထားလို့ ဖြစ်ပါလိမ့်မယ်။ ရှမ်းရှေ့ ရှမ်းတောင် ရှမ်းမြောက် ပြန်ခွဲရင်တော့ ရှမ်းတောင်က ကယားပြည်နယ်ထက် မီးရတဲ့နှုန်းသာမယ် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တောင်ကြီးခရိုင်တစ်ကြောမှာ မီးမရတဲ့ရွာနဲ့ မီးရတဲ့ရွာဆိုရင် မီးရတဲ့ရွာက ပိုများပါတယ်။ လွိုင်လင်ခရိုင်ဆိုရင်လည်း မီးရတဲ့နှုန်းမြင့်ပါတယ်။ ကျောက်ဆည်နဲ့ ကပ်ရက် ရွာငံမြို့ဆို မြန်မာပြည်တစ်ပြည်လုံး မီးပျက်တောင် သူက တစ်ခါတစ်လေ မပျက်ပါဘူး။ ကင်းတားစက်ရုံက မီးကို တိုက်ရိုက်ယူထားတာမို့ပါ။ ရှမ်းတောင်နဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်သက်သက်ပါ။

    မြန်မာပြည်လျှပ်စစ်ရဲ့ ၇၀%ကျော်ကို ရေအားကထုတ်ပါတယ်။ ၂၀%နှုန်းလောက်ကို သဘာဝဓာတ်ငွေ့ကထုတ်ပြီးတော့ ၈%က ရေနွေးငွေ့စက်ရုံတွေက ရပါတယ်။ အခြားနည်းတွေက ၁%အောက်မှာပဲ ရှိပါသေးတယ်။ အားနည်းချက်လာပါပြီ။ မီးသုံးပါတယ်ဆိုတဲ့ ရန်ကုန်နား တစ်ဝိုက်မှာ တစ်မြို့လုံးစာကို စက်ရုံတစ်ခုတည်းက နေပေးဖို့ စက်ရုံလောက်လောက်လားလား မရှိပါဘူး။ မန္တလေးဆိုရင် သူ့သုံးတာရဲ့ ငါးဆလောက် ထုတ်ပေးမယ့် ရဲရွာစက်ရုံက မိုင် ၄၀ လောက်မှာ ရှိနေပါတယ်။ တောင်ကြီးဆိုရင် ကျိုင်းတောင်း၊တီကျစ်၊ ဇော်ဂျီ စတဲ့ စက်ရုံတွေ ရှိပါတယ်။ နေပြည်တော်ဆို လည်း သူသုံးတာရဲ့ ငါးဆကျော် ထုတ်နိုင်တဲ့ ပေါင်းလောင်းစက်ရုံက ၁၁မိုင် အကွာမှာ ရှိပါတယ်။ အကြောင်းရင်းကတော့ ရေအားလျှပ်စစ်ရဲ့ သဘာဝအရ တောထဲမှာပဲ ရှိတာပါ။ ဒါကြောင့် တောနက်နက်နဲ့ ဝေးတဲ့ ရန်ကုန်ဟာ မီးရဖို့ အတွက် လိုင်းအရှည်ကြီးတွေ ဆွဲရပါတယ်။ လိုင်းရှည်ရင် ဆုံးရှုံးမှုများတာ ထုံးစံပါပဲ။ ဒါကြောင့် ရန်ကုန်ကို လျှပ်စစ် 100MW ရောက်ဖို့ ကျွန်တော့စိတ်ထင် 125MW လောက်ပို့ပေးမှ ရပါလိမ့်မယ်။ ရန်ကုန်မှာရှိတဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေကလည်း 300MW လောက်ပဲ ထုတ်နိုင်တာပါ။ ရန်ကုန်သုံးတာရဲ့ တစ်ဝက်ပဲ ရှိပါတယ်။ ၀မ်းသာစရာကတော့ ရန်ကုန်နားမှာ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးရုံဆောက်ဖို့ ကိုရီးယားက လာပြီးဆွေးနွေးနေတာ သတင်းဖတ်လိုက်ရပါတယ်။ MW 500 ကျော်ရှိပြီး ဒလမှာ ဆောက်မှာ လို့သိရပါတယ်။ နောက်ပြီး ထန်းတပင်မှာလည်း 375MW ရှိတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဆောက်နေသံ ကြားပါတယ်။

    စဉ်းစားစရာတစ်ခုပေါ်လာပါပြီ။ ရန်ကုန်လူဦးရေက ၆သန်းပါ။ လက်ရှိလျှပ်စစ်သုံးနေတာ 600MW။ စင်ကာပူလူဦးရေက ၄သန်းခွဲပါ။ လက်ရှိလျှပ်စစ်သုံးနေတာက 11000MW တောင်ရှိပါတယ်။ အဲတော့ မြန်မာပြည်သာ စီးပွားရေးတိုးတက်လာခဲ့ရင် လျှပ်စစ် အသုံးက ဆတိုးနဲ့ ကိုတက်လာမယ့် သဘောရှိပါတယ်။ စက်မှုလုပ်ငန်းတွေ များလေ လျှပ်စစ်သုံးတာများလေ ဖြစ်လာမှာဆိုတော့။ ရန်ကုန်အတွက် အနည်းဆုံး MW 10000 လောက် ရအောင် အစီအစဉ်လေး ဘာလေးရှိရင် သိပ်ကောင်းမှာပါ။ ဗြုန်းခနဲ မဟုတ်ဘူး ဆယ်နှစ် (သို့မဟုတ်) ဆယ့်ငါးနှစ် အတွင်းပေါ့။ ထားပါလေ။ ဒါတွေက လူကြီးတွေလုပ်ပါလိမ့်မယ်။

    မန္တလေးကတော့ လျှပ်စစ်ကံကောင်းနေပါတယ်။ မန္တလေးနားမှာ ရေမြေသဘာဝ အရ ရဲရွာစက်ရုံလာဆောက်တယ်။ လျှပ်စစ်က 790MW တောင်ထွက်တယ်။ နောက် ဟိုးဖက် မူဆယ်နားမှာ ရွှေလီ-၁ စက်ရုံဆောက်တယ်။ မြန်မာပြည်အောက်ပိုင်းကို ပို့ဖို့ မန္တလေးနားက ဖြတ်သွားရတယ်။ နောက်ပြီး ဆည်တော်ကြီးတို့ ကင်းတားတို့လို စက်ရုံ အသေးလေးတွေ လည်း ရှိသေးတယ်။ နောက်ပြီး ကျွန်တော့်အထင် မန္တလေးက နိုင်ငံတကာ မြို့တော်ဖြစ်ဖို့ သဘာဝက အခြေအနေ မပေးပါဘူး။ မဖြစ်ဖြစ်အောင် လုပ်ရင်တော့ ရပါတယ်။ ဖြစ်လည်း ဖြစ်နိုင်တယ်။ သို့သော် ရန်ကုန်လိုတော့ ပင်လယ်ဆိပ်ကမ်းမရှိပါဘူး။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာတယ် ဆိုရင်တောင်မှ ရန်ကုန်တို့ ထားဝယ်တို့ ကျောက်ဖြူတို့ မှာလို ကုန်ထုတ်လုပ်မှုလုပ်ငန်း ကြီးကြီး တွေ မန္တလေးကို ၀င်ဖို့နည်းပါတယ်။ ၀န်ဆောင်မှုလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းလောက်ပဲ အားကိုးလို့ ရမှာပါ။ ပြောချင်တာက မြန်မာပြည်ကြီး ဗြုန်းခနဲ ဖွံ့ဖြိုးလာရင်တောင်မှ မန္တလေးကတော့ သူ့နှုန်းနဲ့သူ ပဲ တိုးတက်ပါလိမ့်မယ်။ လျှပ်စစ်အသုံးကလည်း တအိအိပဲ တက်လာပါလိမ့်မယ်။ နည်းနည်းပါးပါး တိုးနှုန်းမြန်လာတာတော့ ရှိမှာပေါ့လေ။

    ကဲ... မီးဘာကြောင့်ပျက်ရတယ် ဆိုတဲ့ အကြောင်းလေး ပြောပါဦးမယ်။ မီးဘာလို့ ပျက်လဲ ဆိုတော့ မလာလို့ပေါ့ဗျာ။ အဲလို ဖြေတာ အရှင်းဆုံးဖြစ်မယ်ထင်တယ်။ အတည်ပြောပါ့မယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဓာတ်အားပေးစက်ရုံတွေက တောထဲမှာ။ အဲဒီကနေ မြန်မာပြည်အောက်ပိုင်းကို ပို့နေရတာ။ ဓာတ်အားထုတ်လုပ်မှုရဲ့ ငါးပုံနှစ်ပုံ(၄၀%)က မန္တလေးတိုင်းက ထုတ်တာပါ။ (ရဲရွာ၊ ပေါင်းလောင်း၊ ဆည်တော်ကြီး၊ ကင်းတား) နောက် ၂၀%လောက်ကို ရှမ်းတောင်နဲ့ ကယားက ထုတ်ပါတယ် (လောပိတ၁ နှင့် ၂၊ တီကျစ်၊ ကျိုင်းတောင်း၊ ဇော်ဂျီ ၁နှင့်၂) ရန်ကုန်နားက သဘာဝဓာတ်ငွေ့စက်ရုံတွေက ၂၀%လောက်ထုတ်ပါတယ်။ (အလုံ၊ လှော်ကား၊ ရွာမ၊ သာကေတ) ရှမ်းမြောက်က ၁၅%နှုန်း(ရွှေလီ-၁) နောက်ကျန်တာတွေက ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မွန် စတာတွေမှာ နည်းနည်းစီ ထုတ်ပါတယ်။
    လျှပ်စစ်အသုံးကျတော့ ရန်ကုန်က ၄၅%နှုန်း မန္တလေးက ၁၀%ခန့် နေပြည်တော်က ၄%ခန့် သုံးပါတယ်။ အဲတော့ ရန်ကုန်မှာ သုံးဖို့ ဆွဲရတဲ့ လိုင်းတွေက ရွှေလီကနေ ဆို ရွှေလီ-မန်စံ-ရွှေစာရံ(မန္တလေးအနီး) ကနေတဆင့် ဘဲလင်း-သပြေ၀(မိတ္ထီလာအနီး) ဆက်သွား ပြီးတော့မှ သာစည်-ပျဥ်းမနား-တောင်ငူ-ကမာနတ်(ပဲခူးအနီး) ကနေပြီး ရန်ကုန်နားက ခွဲရုံတွေကို ၀င်ရပါတယ်။ ရဲရွာဓာတ်အားက ဘဲလင်းနဲ့ သပြေ၀မှာ လာပေါင်းပါတယ်။ ပေါင်းလောင်းဓာတ်အားက ပျဉ်းမနားမှာ လာပေါင်းပါတယ်။ လောပိတက ထုတ်တဲ့ ဓာတ်အားက သာစည်မှာ လောပိတ-တီကျစ်-ကလော-သာစည် ဓာတ်အားလိုင်းက လည်းကောင်း တောင်ငူမှာ လောပိတ-တောင်ငူဓာတ်အားလိုင်းကလည်းကောင်း တဆင့်လာပေါင်းပါတယ်။ အဲဒီမှာ ဘာရည်ရွယ်ချက်ရှိလို့ ရှိမှန်းမသိတဲ့ ကောင်တွေက လောပိတ-တောင်ငူနဲ့ ရွှေလီ-မန်စံ လိုင်းတွေကို ဖျက်ဆီးလိုက်ပါတယ်။ အဲဒီမှာတင် ထုတ်သမျှလျှပ်စစ်က ရန်ကုန်ကို ဘယ်လိုင်းက စီးလို့ စီးရမှန်းမသိဖြစ်ကုန်ပါတယ်။ လိုင်းတွေရဲ့ သယ်ဆောင်နိုင်အားတွေ အသေးစိတ်ပြောရင် ရှုပ်ကုန်မှာစိုးလို့ မပြောတော့ပါဘူး။ သေချာတာကတော့ အဲဒီ လောပိတ-တောင်ငူနဲ့ ရွှေလီ-မန်စံ လိုင်းတွေ အဖျက်ခံရတဲ့အတွက် ရန်ကုန် မီးမပျက်ဖို့ သေမလောက် လုံးပန်းနေရပါတယ်။ ရန်ကုန်မပျက်တောင် အနည်းဆုံး တောင်ငူနဲ့ ပဲခူးလောက်မှာ ပျက်ပါတယ်။ မန္တလေးတို့လို မြန်မာပြည်အထက်ပိုင်းမှာ ပျက်တာကတော့ ဓာတ်အားလိုင်းခပ်ငယ်ငယ်လေးတွေရဲ့ ယာယီအပြစ်ကြောင့်သာ ဖြစ်ပါလိမ့်မယ်။

    မီးအမြဲလာဖို့(လုံးဝမပျက်ဘဲ လာဖို့) ကတော့ ဓာတ်အားပေးစက်ရုံတွေကို တိုးဆောက်ရမယ်။ ရေအားချည်းပဲ ကတော့ မဖြစ်ပါဘူး။ ရေအားပဲ ဆောက်ရင်တော့ ရန်ကုန်မှာ ခုလက်ရှိတောင် မလွယ်တာ။ နောင်လေးငါးနှစ် နှစ်ဆလောက် တက်လာမယ့် အချိန်ဆို လုံးဝ မလွယ်တော့ပါဘူး။ နောက်ဓာတ်အားလိုင်းတွေ သေချာတွက်ပြီးဆွဲရမယ်။ ဆွဲပြီးကာမှ ထုတ်ထားသလောက် မစီးနိုင်ရင် အလကားပါ။ နောက်ပြီး ဓာတ်အားဖြန့်ဖြူးရေး အပိုင်းမှာ သေသေချာချာ လုပ်ရပါမယ်။ သူများနိုင်ငံမှာ Technical Loss ဆိုတဲ့ စက်ပစ္စည်းတွေ ကြောင့်ပဲ ဆုံးရှုံးတာ။ ကျွန်တော်တို့ ဆီမှာ Non-technical Loss ဆိုတဲ့ လူကြောင့် ဆုံးရှုံးတာပါ တော်တော်များနေတယ်လေ။ အဲဒါလေးတွေ သေချာလုပ်ရပါမယ်။ နောက် အရေးကြီးတာတစ်ခုက ဓာတ်အားစနစ် တစ်ခုလုံးကို Frequency and Voltage Control သေချာလုပ်ဖို့လိုပါမယ်။ အရေးပေါ်မှ ဟိုခေါ်ဒီဆက်လုပ်နေရတဲ့ လက်ရှိစနစ်ကနေ ဓာတ်အားစနစ်ကြီး တစ်ခုလုံးကို တစ်နေရာတည်းက မောက်စ်ကလစ်ရုံနဲ့ ထိန်းနိုင်ဖို့ လုပ်နေကြပြီလို့ ထင်ပါတယ်။

    ကဲ... ပြီးပါပြီ။ တော်တော်တော့ မျက်စိနောက်သွားမယ်ထင်တယ်။ စိတ်ဝင်စားရင် သေချာဖတ်ကြည့်ဗျာ။ နောက် ကျွန်တော့်ကို မေးပါ။ မသိရင် သိတဲ့သူကို ပြန်မေးပြီး ကျွန်တော်ဖြေပါ့မယ်။

    (အပေါ်တွင် ဖော်ပြထားသော အချက်အလက် အများစုမှာ နိုင်ငံပိုင် သတင်းစာ၊ ရုပ်သံများတွင်ဖော်ပြသမျှ အချက်အလက် အများစု ဖြစ်ပါသည်။ အချို့ အချက်အလက် များမှာ ခိုင်မာသော အဖွဲ့အစည်းတို့၏ ကွင်းဆင်းကောက်ယူထားသော အချက်အလက်များ ဖြစ်ပါသည်။ ထိုအချက်အလက်များမှာ သတင်းစာ၊ ရုပ်သံတို့တွင် ပါဝင်သေးခြင်းမရှိပါ။ ထို့ကြောင့် ထိုသို့ အချက်အလက်များကို အတိအကျဖတ်ဖူးသော်လည်း အနည်းငယ် မဆိုသလောက် ခန့်မှန်းချေ သဘောမျိုးသာ ရေးသားထားပါသည်။ သို့သော် ဤစာစုပါ အချက်အလက် များတွင် တက်တက်စင်အောင်လွဲသော အချက်လုံးဝမပါကြောင်း အာမခံပါသည်။)

    ပေါက်ကျိုင်း
    ၂၃.၁၂.၂၀၁၁

ရွှေလီ-မန်စံ ဓါတ်အားလိုင်း တာဝါတိုင် ဖေါက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်သွားမည်



elec
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူများကို မေလ ၁၉ ရက်နေ့ မီဒီယာတွေဆုံပွဲတွင် တွေ့ရစဉ်
ရွှေလီ-မန်စံဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓာတ်အားဖြတ်တောက်သွားမည်ဖြစ်ပြီး အများပြည်သူကိုလည်း မေလ ၂၁ရက်နေ့မှစတင်ကာ အလှည့်ကျမီးပေးစနစ်ဖြင့် မီးပေးသွားမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ၁၉ရက်နေ့က ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ၂၃၀ကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂နာရီ ၄၇မိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများရပ်ဆိုင်းသွားခဲ့ ကြောင်း၊ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ၀ပ်ခန့်ကို ရရှိတော့မည်မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အားဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ရက်နေ့မှစတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျင် ၆နာရီအလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က“မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင်လဲသွားတယ်။ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေအမြန်ဆုံးပြန်လည်ပြုပြင်သွားပါမယ်။ အခုဖြစ်တဲ့နေရာက လုံခြုံရေးကန့်သတ်ချက်ရှိတဲ့အတွက် လိုအပ်တာထက်ပိုကြာနိုင်ပါတယ်။ဘယ်လောက်ကြာနိုင်တယ်ဆိုတာတော့ အတိအကျခန့်မှန်းလို့မရသေးပါဘူး။ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေးအဖွဲ့အစည်းပါ။လျှပ်စစ်ဓာတ်အားရောင်းချလို့ရမှ ကျွန်တော်တို့ ၀န်ထမ်းတွေကိုလခပေးနိုင်မှာပါ။စောနိုင်သမျှစောအောင်မီးပြန်ပေးနိုင်ဖို့ဆောင်ရွက်သွားမှာပါ”ဟုပြောကြားခဲ့သည်။
ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ၂၃၀ကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂နာရီ ၄၇မိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများရပ်ဆိုင်းသွားခဲ့ ကြောင်း၊ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ၀ပ်ခန့်ကို ရရှိတော့မည်မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အားဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ရက်နေ့မှစတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျင် ၆နာရီအလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က“မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင်လဲသွားတယ်။ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေအမြန်ဆုံးပြန်လည်ပြုပြင်သွားပါမယ်။ အခုဖြစ်တဲ့နေရာက လုံခြုံရေးကန့်သတ်ချက်ရှိတဲ့အတွက် လိုအပ်တာထက်ပိုကြာနိုင်ပါတယ်။ဘယ်လောက်ကြာနိုင်တယ်ဆိုတာတော့ အတိအကျခန့်မှန်းလို့မရသေးပါဘူး။ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေးအဖွဲ့အစည်းပါ။လျှပ်စစ်ဓာတ်အားရောင်းချလို့ရမှ ကျွန်တော်တို့ ၀န်ထမ်းတွေကိုလခပေးနိုင်မှာပါ။စောနိုင်သမျှစောအောင်မီးပြန်ပေးနိုင်ဖို့ဆောင်ရွက်သွားမှာပါ”ဟုပြောကြားခဲ့သည်။

စပိန်နွားရိုင်းလွတ်ပွဲ သွားမလား

စပိန်နွားရိုင်းလွတ်ပွဲမှာ လူသေ

စပိန်နွားရိုင်းလွှတ်တဲ့ ရိုးရာပွဲမှာ ကျန်ခဲ့တဲ့ သောကြာနေ့က လူတစ်ယောက်ဟာ လည်ပင်းကို နွားအခွေ့ခံလိုက်ရလို့ ဆေးရုံရောက်သွားပြီး အဲ့ဒီဒါဏ်ရနဲ့ဘဲ ဆေးရုံမှာသေဆုံးသွားပါတယ်။ သူလို့ဘဲ နွားခွေ့လို့ ဆေးရုံရောက်နေတဲ့ နောက်ထပ်သုံးရောက်လည်းရှိနေပါသေးတယ်။ စပိန်မီဒီယာတွေကတော့ အဲ့လူက အင်္ဂလန်နိုင်ငံသား အင်္ဂလိပ်တစ်ယောက်

ဖြစ်တယ်ဆိုတာ တော့သိရပေမဲ့ နာမည်တော့အခုထိ မသိရသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။ သူ့ကို အရေးပေါ်ဆောင်ကို ချက်ခြင်းပို့ခဲ့ပါတယ်တဲ့ (သေနေ့စေ့တော့လည်း တားလို့ မရဘူးပေါ့)။ အဲ့ဒီပွဲကို San Fermin ပွဲတော်လို့ခေါ်ကြပါတယ်။ ၁၉၉၅ ခုနှစ်က လဲ ဒီပွဲကျင်းပချိန်မှာ နွားခွေ့လို့ လူသေခဲ့ဖူးတယ်လိုသိရပါတယ်။ သေဆုံးသွားသူ ကိုခွေ့တဲ့နွားကတော့ အညိဖျော့ရောင် Capuchino လိုခေါ်တဲ့နွားဘဲဖြစ်ပါတယ်။ ဒီပွဲတော်ကတော့ စပိန်တွေရဲ့ ရိုးရာပွဲဖြစ်ပေမဲ့ တရိစ္ဆာန်ဥပဒေကို ဆန့်ကျင်ရာရောက်တယ်လို့ ဘီဘီစီက Steve Kingstone ကပြောကြားသွားပါတယ်။ ဒီပွဲတော်က အခုလို ထောင်ပေါင်းများစွာသော နိုင်ငံခြားသားများကို ဆွဲဆောင်စရာဖြစ်လာတာကတော့ စာရေးဆရာ Ernest Hemingway ရဲ့ စာအုပ်ကြောင့်ဖြစ် ပါတယ်။ ဒီပွဲစတင်ကျင်းပတဲ့ ၁၉၂၂ ခုနှစ်ကနေ အခုအချိန်ထိ နွားခွေ့တဲ့ဒါဏ်ရာကြောင့်သေတာ အားလုံးပေါင်း ၁၅ ယောက်ရှိပြီဖြစ်ပါတယ်။

အဖြူနဲ့ အနီပါတ် အင်္ကျီကတော့ စပိန်နွားရိုင်းလွတ်ပွဲရဲ့ ရိုးရာဝတ်စုံပေါ့

နွားအနင်းခံရတဲ့ကောင်တွေတော့ တော်တော်အရသာရှိသွားမှာဘဲ


ဆိုင်ကော်လို ခြုံပေါ်ရောက်၊နွားကော်ရင် ဘယ်ရောက်မယ်မသိ့။
တည့်တည့်ကြီးကို ဝင်စောင့်မဲ့ပုံဘဲ
ဒီပုံက နွား အနင်းခံထားရတဲ့ကောင်ကတော့ တော်တော်အရသာရှိနေမှာဘဲ
ရေထဲဆင်းပြေးလည်း လိုက်မှာဘဲတဲ့
ကုံကုံ၊ကွကွ၊စတိုင်မျိုးစုံ၊မိန်းခလေးတွေပါ တယ်



ရှေနွားကလွတ်ပေမယ် နောက်နွားက ခေါင်းတက်နင်းရင် ဒုက္ခ

အလဲးလဲး အကွဲးကွဲး ဗိုက်တက်နင်းရင် အူထွက်မယ်။
 http://true-myanmarnews.blogspot.com/2009/07/blog-post_7051.html

ဒါက 2012 မှာ ကျင်ပတဲ့ပွဲး


ငြိမ်ငြိမ်နေရတာ အားအရလို အသက်နဲ့ လောင်းကြေးထပ်ကာ ကျင်းပကြတာ အံ့ပါရဲ့ဗျာ
                                                                လေးစားစွာဖြင့်                မောင်မြင့်
http://satekuupuyar.blogspot.com/2012/05/blog-post_2653.html

အမေရိကန်ကုမ္ပဏီကြီးတချို့ မြန်မာနိုင်ငံမှာ စတင် ရင်းနှီးမြှုပ်နှံ


Augusta State University
General Electric Company ၏ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ John G.Rice ဖြစ်ပါသည်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားတာတွေကို ဆိုင်းငံ့လိုက်တဲ့အတွက် အမေရိကန်အကြီးဆုံး GE လျှပ်စစ်ကုမ္ပဏီအနေနဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာအစိုးရနဲ့ ပူးပေါင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမယ်လို့ GE ကုမ္ပဏီ ဟောင်ကောင်ရုံးခွဲ ဒု ဥက္ကဋ္ဌ John Rice က မနေ့က ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက မြန်မာနိုင်ငံကို သူကိုယ်တိုင်သွားရောက်ခဲ့ပြီး ရန်ကုန်မြို့မှာ လိုအပ်နေတဲ့ လျှပ်စစ်မီး ရရှိရေး ပံ့ပိုးပေးနိုင်ဖို့ မြန်မာစွမ်းအင်ဝန်ကြီးဌာနနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ စွမ်းအင်ဆိုင်ရာလုပ်ငန်းတွေမှာ အကျိုးအမြတ်တွေ ရလာအောင် GE ကုမ္ပဏီဟာ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်စီးပွားရေး ကုမ္ပဏီတွေ ဒီထက်မက ၀င်ရောက်နိုင်ဖို့ဆိုရင် မြန်မာအစိုးရဘက်က မျှတမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်သမားဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းဖို့ လိုအပ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်နေတဲ့ Hissho Sushi ကုမ္ပဏီပိုင်ရှင် Philip Maung က အာအက်ဖ်အေကို ပြောပါတယ်။
" ဒီဘက်ကနေ sanction လျှော့ပေးလာမယ်။ ဟိုဘက်ကနေ သမ္မတကြီးကလည်း စီးပွားရေးသမားတွေကို ပြန်လာခိုင်းတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဟိုဘက်မှာ ဒီထက်မက အများကြီးလုပ်ရအုံးမယ် ထင်တာပဲလေ။ အရင်းအနှီးတွေ၊ နည်းပညာတွေ အကုန်လုံးဝင်သွားပြီဆိုရင် အဓိကလိုနေတာက ဟိုဘက်မှာ ကျွမ်းကျင်တဲ့ အလုပ်သမားတော့ လိုမယ်ထင်တာပဲ။ ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို သင်တန်းလေးတွေ ဖွင့်ထားပေးနိုင်ရင်တော့ ကောင်းမယ်ထင်ပါတယ်။ ပြီးရင် ဥပဒေပေါ့နော်၊ လာပြီးရင်းနှီးမြှုပ်နှံတဲ့သူကော၊ ဟိုဘက်က အလုပ်သမားတွေအတွက် အခွင့်အရေးကော၊ နှစ်ဘက်လုံးအတွက် အာမခံရှိတဲ့ ဥပဒေ ရှိရမယ်လို့ ထင်တာပဲလေ၊ ဒါမှလည်း အကုန်လုံးအတွက် အကာကွယ်ပေးနိုင်တဲ့၊ အကုန်လုံးလည်း အဆင်ပြေတဲ့ ဥပဒေဆိုရင်တော့ ပိုကောင်းတာပေါ့"
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံအပေါ် ငွေကြေးဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေနဲ့ ပတ်သက်ပြီး ပိတ်ဆို့ထားတာကို အမေရိကန်အစိုးရက ဆိုင်းငံ့လိုက်တာကြောင့် အမေရိကန် ကုမ္ပဏီတွေ အတွက်သာမက မြန်မာနိုင်ငံက ဈေးကွက်စီးပွားရေးကိုပါ အခွင့်အလမ်းတွေ ရရှိမှာဖြစ်တယ်လို့ GE ကုမ္ပဏီက John Rice က ပြောပါတယ်။
အလားတူပဲ စက်မှုနဲ့ ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ အမေရိကန်ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Caterpillar ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

သတင်းတိုများ

Inbox
x

လင်းဇော်ထက်
1:33 AM (7 minutes ago)

to mrsorcerer
မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများမှ ခရီးသွားဝင်ရောက်မှုသည် ယခုအခါ တစ်ရက်လျှင် ပျမ်းမျှဦးရေ ၁၅၀၀ အထိရောက်ရှိလာသည်ဟု သတင်းရရှိပါသည်။  မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ရောက်ရှိမှုသည် လျင်မြန်စွာဖွံ့ဖြိုးလာနေပြီး ယခင်နှစ်များက လေကြောင်းလိုင်းဖြင့် ခရီးသွားရောက်ရှိမှုသည် တစ်ရက်လျှင် ပျမ်းမျှဦးရေ ၆၀၀ မှ ၇၀၀ ကြားသာရှိခဲ့ရာမှ ယခုအခါ ဦးရေ ၁၅၀၀ အထိ တိုးမြင့်လာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက ၂၀၁၂ ခုနှစ် မေလဒုတိယပတ်အတွင်းက စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။  မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ ခရီးသွားများဝင်ရောက်ရာ၌ ရန်ကုန်ဝင်ပေါက်၊ နေပြည်တော်၊ မန္တလေးနှင့် ညောင်ဦးဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်တို့မှ ၀င်ရောက်ပြီး လေဆိပ်ဝင်ပေါက်များသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ညောင်ဦးတို့တွင် တည်ရှိနေကြသည်။  ၂၀၁၁ ခုနှစ်တစ်နှစ်တာအတွင်း ရန်ကုန်ဝင်ပေါက်မှ ခရီးသွားဦးရေ ၃၆၄၇၄၃ ဦးဝင်ရောက်ခဲ့ပြီး နေပြည်တော်၊ မန္တလေးနှင့် ညောင်ဦးဝင်ပေါက်တို့မှ ခရီးသွားဦးရေစုစုပေါင်း ၂၆၄၃၃ ဦးဝင်ရောက်ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ သိရှိရသည်။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ရန်ကုန်ဆိပ်ကမ်းရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသတစ်လျှောက်အား နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွားဆိပ်ကမ်းများအဖြစ် ပြုပြင်ပြောင်းလဲတည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သောသတင်းအချက်အလက်များအရ သိရှိရသည်။  သို့ဖြစ်၍ ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသတစ်လျှောက်အား မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တစ်ဖက်ကမ်းရှိ ခရီးသွားများ သွားလာမှုအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးအတွက် မြစ်ဝကျွန်းပေါ်နှင့် အညာဒေသသွား ရေယာဉ်များ၊ ကူးတို့ရေယာဉ်များ၊ ပုဂ္ဂလိကရေယာဉ်များ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှရေယာဉ်များ၊ ကမ်းရိုးတန်းသွားစက်လှေအသင်းမှ ရေယာဉ်များ ဆိုက်ကပ်ရန် တံတားနေရာများအဖြစ် ဆက်လက်ထားရှိမည်ဖြစ်သည်ဟု သိရသည်။  ''အခုရန်ကုန်ဆိပ်ကမ်းရွာသစ်ချောင်းကနေ စဥ့်အိုးတန်းအထိ ကမ်းနားဒေသတစ်ခုလုံးက ဆိပ်ခံတံတားတွေကို ဖျက်သိမ်းသွားမှာ မဟုတ်ပါဘူး။ ခေတ်မီလှပတဲ့ အဆောက်အဦတွေပါဝင်တဲ့နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်းတည်ဆောက်သွားမှာပါ''ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
၂၀၁၄ ခုနှစ်တွင် စီမံကိန်လုပ်ငန်းများ ပြီးစီးရန် လျာထားသည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းလုပ်ငန်းများမှာ ၂၀၁၆ ခုနှစ်တွင်မှ ပြီးဆုံးနိုင်တော့မည်ဟု သတင်းရရှိသည်။  ယင်းသို့ စီမံကိန်းပြီးစီးမည့် ကာလရွေ့ဆိုင်းသွားရခြင်းမှာ ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပလက်ဝမှ ကလက်ဝ အထိ ရေလမ်းကြောင်းပြုပြင်မည့်အစား မော်တော်ကားလမ်းဖောက်လုပ်ရန် ပြောင်းလဲစီစဉ်လိုက်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။  ''အိန္ဒိယဘက်က မူလအဆိုပြုထားတဲ့ ပလက်ဝ ကနေ ကလက်ဝ အထိ ရေလမ်းကြောင်းပြုပြင်မယ့်အစား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် မော်တော်ကားလမ်း ဖောက်လုပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ လမ်းပိုင်း လုပ်ငန်းတွေ ဆောင်ရွက်ရမှာဖြစ်လို့ စီမံကိန်းအပြီးသတ်ကာလက နောက်ကို ရွေ့ဆိုင်းသွားရတာဖြစ်ပါတယ်''ဟု ကုလားတန်စီမံကိန်းလုပ်ငန်းအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌဦးကျော်မြင့်က ပြောကြားခဲ့သည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်တွင် စီးပွားရေးပိတ်ဆို့မှုကို ဆိုင်းငံ့လိုက်သောကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းအပါအ၀င် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် စတင်ဆောင်ရွက်နေပြီဟု သိရှိရသည်။  ''အခုအမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ဆိုင်းငံ့တယ်လို့ ပြောပေမယ့် လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ အနေအထားတစ်ခုကို ရောက်သွားပါပြီ။ ဒေါ်လာလွှဲပြောင်းမှုတွေအားလုံးကို ဘာပြဿနာမှ မရှိဘဲ အကုန်လုပ်လို့ရသွားတဲ့သဘောပါ။ LC (Letter of Credit) လည်း ဖွင့်လို့ရပါပြီ။ လောလောဆယ် ပြည်တွင်းမှာရှိနေတဲ့ AD (Authorized Dealer) လို လိုင်စင်ရဘဏ်တွေက နိုင်ငံခြားဘဏ်လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လွတ်လွတ်လပ်လပ် လုပ်လို့ ရနေပြီ။ အခုတလောပဲ လုပ် ငန်းသုံးခုလောက်လာပြီး ဆွေးနွေးကြတယ်။ အဲဒီအထဲမှာ ဘီလျံနာတွေလည်းပါတယ်။ ပြီးတော့ အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွေလည်း လာတော့မယ်။ သူတို့အားလုံး ၀င်ချလာပြီဆိုတော့ ဘဏ်လုပ်ငန်းတွေ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေက မူဝါဒ မှန်ကန်စွာချမှတ်ပြီးလုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်လုပ်ငန်းတွေရော ၀န်ဆောင်မှုလုပ်ငန်းတွေ တော်တော်များများ အရှိန်အဟုန်နဲ့ တိုးတက်သွားနိုင်ပါတယ်''ဟု ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုက ပြည်ပရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်စေကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။  ထို့ပြင် လာမည့်သြဂုတ်လတွင် သက်တမ်းပြည့်မည့် ၁၅ ရာခိုင်နှုန်း အခွန်စနစ်ဆက်လက်ကျင့်သုံးခြင်း ရှိ၊ မရှိ အပေါ်တွင် မူတည်ပြီး အိမ်ခြံမြေ ဈေးကွက်အပြောင်းအလဲ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။  ''အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ရှိရင် အစိုးရအနေနဲ့ အခွန်ကောက်သင့်တယ်လို့မြင်တယ်။ ဥပမာ အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အိမ်တစ်လုံးပိုင်တဲ့အနေအထားကနေ နောက်ထပ်အိမ်တစ်လုံး ဖြစ်လာပြီဆိုရင် ဒီအပေါ်မှာ အခွန်တိုးပြီး ကောက်သင့်တယ်။ နောက်ပြီး တန်ဖိုးအရလည်း property tax ကို ကောက်သင့်တယ်လို့မြင်တယ်။ အဲဒါဆို အိမ်ခြံမြေဈေးကွက်မှာ အမြတ်ရလိုမှုနဲ့ ၀င်ရောက်မြှုပ်နှံတာမျိုးကို ကာကွယ်ပြီးသား ဖြစ်သွားမယ်''ဟု စီးပွားရေးပညာရှင် ပါမောက္ခဦးမော်သန်းက ပြောကြားခဲ့သည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေး၍ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့်စီးပွားရေးလုပ်ငန်းရှင်များမှာ ရင်းနှီးမြှုပ်နှံမှုအပိုင်းနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းမှုများသာ များပြားနေပြီး ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုမှာ နည်းပါးနေသေးကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ပြည်ပမှစီးပွားရေးလုပ်ငန်း ရှင်များကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ် မထွက်ရှိသေးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာများဖြင့်သာ ရှင်းလင်းဆွေးနွေးမှုပြုနေရကြောင်း သိရှိရသည်။  ''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး နိုင်ငံအတော်များများ လာကြတယ်။ ဒါပေမယ့် လာကြည့်တဲ့ သဘောပဲရှိသေးတယ်။ ဘာမှလုပ်လို့မရသေးဘူး။ မြန်မာလုပ်ငန်းရှင်တွေဘက်ကလည်း ဘာမှလုပ်လို့ မရသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဘက်ကလည်း ဘာမှလုပ်လို့ မရဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ မရှိဘဲလုပ်ရင် အမှားအယွင်းတွေ အများကြီးဖြစ်နိုင်တဲ့အတွက် ဘယ်သူမှ စိတ်မ၀င်စားဘူး။ ကြည့်သွားတာပဲရှိတယ်။ အထူးသဖြင့် ခိုင်မာတဲ့ စီးပွားရေးအဖွဲ့အစည်းဖြစ်လေ ဥပဒေကို ပိုကြည့်လေပဲ''ဟု မြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဆိုသည်။ EMG
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

မနန်းဝိုးဖန်၏ ဂျပန်နိုင်ငံသားခင်ပွန်းကို စသုံးလုံးမှ ဖမ်းဆီး


မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်စိုးလင်း-အိမ့်ခိုင်ဦး (YPI)

လွန်ခဲ့သည့် မတ်လ ၂၄ ရက်နေ့က စသုံးလုံးရုံး ငါးထပ်မှ ပြုတ်ကျသေဆုံးခဲ့ရသည့် မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာနာမာဆဲကို ၁၉၅၀ ခုနှစ်အရေးပေါ် အက်ဥပဒေပုဒ်မ ၅ (ဇ) ဖြင့် စွဲဆိုကာ ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။

၎င်း ဂျပန်နိုင်ငံသားနှင့် အတူ အိမ်ခြံမြေ ပွဲစားလုပ်ပေးသူ ဦးသိန်းနိုင်၊ ယူနတီ အိမ်ခြံမြေကုမ္ပဏီမှ ၀န်ထမ်း အချို့တို့ကို မေလ ၁၇ ရက်နေ့က လှိုင်သာယာမြို့နယ် တရားရုံးတွင် ယင်းပုဒ်မ ၅ (ဇ) ဖြင့် ရီမန် တပတ်ယူကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ စသုံးလုံးဘက်မှ ရီမန် အများဆုံး ၂ ပတ် (၂၈ ရက်) ယူခွင့်ရှိသဖြင့် ယင်းကာလအတွင်း အမှုတည်ဆောက်ကာ ရုံးတင်စွဲဆိုသွားမည်ဟုလည်း သိရသည်။

မနန်းဝိုးဖန် ၏ ခင်ပွန်းကို လိုက်လံကူညီနေပေးလျှက်ရှိသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ` အခုစွဲဆိုချက်ကို နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးက  ပုဒ်မတပ်ပေးခဲ့တာ၊ မေလ ၁၄ ရက်နေ့က မစ္စတာ နာမာဆဲနဲ့ ကျွန်တော်တို့ နေပြည်တော်မှာ ပြည်ထဲရေးရုံးနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို သွားခဲ့သေးတယ်´ ဟု YPI သို့ပြောသည်။

သွားရောက်တွေ့ဆုံသည့် ကိစ္စမှာ မေလ ၃ ရက်နေ့က  မစ္စတာ နာမာဆဲ ဂျပန်နိုင်ငံသို့ ပြန်မည်ပြုစဉ် လေဆိပ် လူဝင်မှုကြီးကြပ်ရေးမှ တားဆီးထားခဲ့ရာ တားဆီးထားသည့် အကြောင်းရင်းကို မေလ ၁၃ ရက်နေ့တွင် ရန်ကုန် စသုံးလုံးနှင့် လ၀ကတို့တွင် မေးမြန်းရာ ၎င်းတို့က နေပြည်တော်သို့ မေးရန်ညွှန်လိုက်သဖြင့် ၎င်းနှင့် မစ္စတာ နာမာဆဲတို့ နေပြည်တော်သို့ မေးမြန်းဖို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ပြောသည်။

စသုံးလုံး ဘက်မှ ယခုပုဒ်မဖြင့်စွဲဆိုသည့် အဓိက အချက်မှာ မစ္စတာ နာမာဆဲက ၎င်းပိုင်ငွေကြေးကို ဂျပန်နိုင်ငံမှ မနန်းဝိုးဖန်သို့ တရားမ၀င်နည်းလမ်းဖြင့် ပေးအပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူခဲ့သည့် အပေါ် နိုင်ငံစီးပွားရေး ထိခိုက်စေသည် ဆိုသည့် စွဲဆိုချက်ဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ စသုံးလုံးမှ မနန်းဝိုးဖန်၏ ခင်ပွန်းအပါအ၀င် အိမ်ခြံမြေ အကျိုးဆောင်များကို ဖမ်းဆီးခြင်းမှာ မနန်းဝိုးဖန် စသုံးလုံး ရုံး ငါးထပ်မှ ပြုတ်ကျ သေဆုံးခဲ့သည့်အဖြစ်အပျက်အပေါ် လူသိရှင်ကြား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ မိသားစုဝင်များက စသုံးလုံးအား တရားစွဲဆိုနိုင်မည့် အချက်အလက်စုဆောင်း ပြင်ဆင်လျှက်ရှိသည်ကို လက်တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ ရှေ့နေအသိုင်းအ၀ိုင်းမှ ဝေဖန် ပြောဆိုလျှက်ရှိသည်။

မတ်လ ၂၈ ရက်နေ့က မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူနှင့် ဖခင်၊ ရှေ့နေ ဒေါ်အိအိအောင်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် တွေ့မြင်ရသည့် မစ္စတာ နာမာဆဲ (၀ဲဘက်တွင် ထိုင်နေသူ) ၊

ယခုလောလောဆယ်တွင် မနန်းဝိုးဖန် သေဆုံးရသည့် အဖြစ်အပျက်အတွက် ကျောက်တံတား ရဲစခန်းမှ တရားလိုပြုလုပ်ကာ သေမှုသေခင်းပြစ်မှုဖြင့် စတင်စစ်ဆေး နေပြီဖြစ်သကဲ့သို့ မနန်းဝိုးဖန်သေဆုံးရသည့် အဖြစ်အပျက်အတွက် ၎င်း၏ ဖခင်ဖြစ်သူက စသုံးလုံး အဖွဲ့မှ တာဝန်ရှိသူများကို တရားစွဲဆိုရန် ရှေ့နေငှားကာ ပြင်ဆင်နေစဉ် ယခုကဲ့သို့ စသုံးလုံးဖက်မှ မနန်းဝိုးဖန်ခင်ပွန်းဖြစ်သူကို ပုဒ်မတပ်ဖမ်းဆီး လိုက်ခြင်းဖြစ်သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

ဂျပန်နိုင်ငံသံရုံးမှ ၎င်းတို့ နိုင်ငံသား ဖြစ်သူအား တွေ့ခွင့်ရရှိရေးအတွက် ကြိုးစားလျှက်ရှိပြီး ယခုလောလောဆယ် မစ္စတာနာမာဆဲကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထားရှိသည်ဟု စုံစမ်းသိရှိရသည်။

မနန်းဝိုးဖန် မတ်လ ၂၄ ရက်နေ့ သေဆုံးရသည့် အမှုကိစ္စကို တရားဝင်ခုံရုံးဖွဲ့စစ်ဆေးလျှက်ရှိသည်ဟု မတ်လ ကုန်ပိုင်းတွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ဗိုလ်မှူးကြီး တင်ဝင်းက ပြည်တွင်း အပတ်စဉ် ဂျာနယ်တစောင်သို့ ပြောကြားခဲ့သည်။                ။

စသုံးလုံး မှ ၄ ရက်ကြာ ခေါ်ယူစစ်ဆေးနေစဉ် ငါးထပ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ရသူ မနန်းဝိုးဖန် ၊ ယင်းအမှုကို ကျောက်တံတား ရဲစခန်းမှ တရားလိုပြုလုပ် စစ်ဆေးနေသည်ဟု သိရှိရသည်။