This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 9, 2013

မိမိသုံးနေတဲ့ အင်တာနက် Connection ကို WiFi အဖြစ် ပြန်လည်မျှဝေချင်တယ်ဆိုရင်

 ကိုယ်အသုံးပြုနေတဲ့ အင်တာနက် Connection ကို WiFi အဖြစ် အခြား Devices တွေဖြစ်တဲ့ Android Phones, iPad/iPhone, PDAs, tablet-pcs and other devices စ,တဲ့ Devices  တွေဆီကို  ပြန်လည်မျှဝေသုံးစွဲချင်တယ်ဆိုရင်တော့ ဒီ Software လေးက နာမည်ကြီး Connectify Pro ဆိုတဲ့ Software ထက် ပိုအဆင်ပြေပါတယ်... Connectify က Free Version မဟုတ်တဲ့အတွက် Key ထည့်ရတာနဲ့ Crack ဖြည်ရတာနဲ့ တော်တော် အလုပ်ရှုတ်ပါတယ်.... ခု ဒီ mHotspot လေးကတော့ Freeware လေးပါ... သုံးရတာလည်း အဆင်ပြေသလို အရမ်းလည်း လွယ်ကူပါတယ်.... Window 7 ကနေ Window 8 အထိ Support လုပ်တဲ့အပြင် ဖိုင်လ်ဆိုက်ဒ်လေးကလဲ 390KB ပဲရှိပါတယ်.... စိတ်ဝင်စားရင် အောက်မှာ ဒေါင်းယူ စမ်းသပ်နိုင်ကြပါတယ်ခင်မျာ......:)

Features :

  • No Installation required
  • Connect upto 10 devices to the hotspot
  • You can set your own hotspot name without any restrictions
  • Application size is 400KB only
  • Share any type of Internet Connection(LAN, Ethernet,3G/4G,Wifi etc)
  • Android phones, ipads, PDAs, tablet-pcs and other devices can access
  • See the details of the connected device(Name, Ip Address, Mac Address)
  • See the network usage(Upload and Download Speed, Transfer Rates)
  • Secures your wireless hotspot with WPA2 PSK password security
  • Set max. number of devices that can be connected
  • Extends your Wifi range(Acts as a repeater)
  • In-app internet selection
  • Works with Windows 7,8

Click Here to Download
 
 ဒီ Video လေးကတော့ အသုံးပြုနည်းလေးပါ .. အားလုံး လုပ်တတ်ကြမယ်လို့မျှော်လင့်ပါတယ်...:)
 
Android ဖုန်း အစစ် ဟုတ်မဟုတ် အလွယ်တကူသိရှိနိုင်တဲ့နည်း.....

Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ

ဒီတစ်ပတ်လည်း Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီး ထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင် ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsets တွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြ ပါဘူး။ Androidအစစ်ကို အသုံးပြု ထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေ သိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့ မရအောင် တူတဲ့ Clone Handsets တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့ အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်း တွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Display ထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။ နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ် ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာ လေးကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။ စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေ ပြေးနေတာကို တွေ့ရပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင် မလုပ်နိုင်ပါဘူး။ ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ ရနိုင်ပါတယ်။

တန်ဖိုးနည်းအိမ်ရာ ကျပ်သုံးသောင်းဖြင့် လိမ်လည်ရောင်းချမှု လှိုင်သာယာနှင့် အင်းစိန်တွင် ဖြစ်ပွား "

ငွေကျပ်သုံးသောင်းဖြင့် တန်ဖိုးနည်းတိုက်ခန်းများ အရစ်ကျ ရောင်းချပေးနေသည် ဟူ၍လိမ်လည်မှု လှိုင်သာယာနှင့် အင်းစိန် မြို့နယ်များတွင် ဖြစ်ပေါ်နေကြောင်း ရန်ကုန် စည်ပင်မှ သတင်းရရှိသည်။ သာမန်လူတန်းစား၊ အစိုးရ ပင်စင်စား ဝန်ထမ်းများ၊ အမှန်တကယ်နေထိုင်ရေး ခက်ခဲ နေသူများကို တန်ဖိုးနည်း အရစ်ကျငွေပေးချေ စနစ်ဖြင့် လျာထားတိုက်ခန်းများကို ကြိုတင် စာရင်းကောက် ရောင်းချ
 ပေးနေသည်ဟု ဆိုကာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

?

Myanmar Map App v1.0 Apk (11.57 Mb)

သူကတော့ မြန်မာမြေပုံအပြင် ရန်ကုန် မန္တလေး  ပုံဂံ အင်းလေး ငပလီ တွေ့ရဲ့  မြေပုံလည်းပါပါတယ် 
မြို့မှာတည်ရှိသော စေတီဘုရား၊စားသောက်ဆိုင်၊AMTစက်များ၊ ဘဏ်၊ shopping center ဆေးရုံ ဟိုတယ်
စတဲ့ နေရာများကို လိပ်စာနဲ့တကွ မြေပုံမှာ အင်္ဂလိပ်စာသားနဲ့ ဖော်ပြပေးထားပါတယ်။ 
 
မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>> mediafire
Download>>> mirrorupload
Download>>> zippyshare
ပထမ တစ်ခါ စတင် အသုံးပြုတဲ့ အချိန်မှာ အင်တာနက်ချိတ်ထားရပါမယ် 

အမျိုးကောင်းသား  မှာကူးယူဖေါ်ပြသည်
 
ဒူဘိုင်းမှရေအောက်ဟော်တယ်

ကျွန်တော် ထူးထူးဆန်းဆန်းဟော်တယ် တွေကို တင်ပြဖူးပါတယ်။
အခုလည်း ဒူဘိုင်းမှ ရေအောက်ဟော်တယ် ကိုထပ်ပြီးတင်ပေးလိုက်ပါတယ်။

အခန်းပေါင်း ၁၅၃၉ ခန်းဖြင့်ဖွဲ့စည်းထားတဲ့လှပတဲ့ ရေအောက်ဟော်တယ်ပါ။

အိပ်ခန်း ၊ ရေချိုးခန်းများဟာ ရေအောက်မှာတည်ရှိပြီး ရေအောက်
ကမ္ဘာကိုရောက်ရှိစေသလို ခံစားရမှာပါ။ ရေနေသတ္တ၀ါ ၆၅၀၀၀ ကျော်ကို
ထည့်သွင်းတည်ဆောက်ထားတာပါ။

ဒါကတော့ရေချိုးခန်းပါ...

ဟော်တယ်၏ပင်မ ဧည့်ခန်းကလည်း လှပပါတယ်...

စားသောက်ခန်း၏အလှ...

နာမည်ကျော် ရေလွှာချောစီးစင်ပါ...

အပန်းဖြေရေကူးမလား...ငါးမန်းတွေဝင်လာရင်တော့ ဒုက္ခနော်...

ရေကူးကန်မှာတော့ လင်းပိုင်လေးတွေနဲ့ဆော့ကစားနိုင်ပါတယ်...

ရေအောက်ပြတိုက်

သဘာဝကျအောင် ရေအောက်အပျက်အစီးများကိုပါ ထည့်သွင်းတည်ဆောက်ထားပါတယ်...

ကဲ သူငယ်ချင်းတို့အလည်ရောက်ရင်လည်းပြောကြပါအုံးနော်။နေခရမ်းက တော့ရောက်ဖူးမှာ
မဟုတ်တော့ပါဘူး...
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ............ နေခရမ်း

အင်္ဂါဂြိုဟ် အခြေချ အိမ်ရာစီမံကိန်းအတွက် တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထား

To: lubo601@gmail.com

Ye Yint Nge shared မြ၀တီ's photo.

အင်္ဂါဂြိုဟ် အခြေချ အိမ်ရာ စီမံကိန်း အတွက် တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထား

အင်္ဂါဂြိုဟ်ပေါ်တွင် အခြေချအိမ်ရာ တည်ဆောက်ရန် စီမံကိန်း အတွက် လျှောက်လွှာများကို စတင်လက်ခံ ခဲ့ရာ ပထမ ၇၂ နာရီ အတွင်း တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။
The Mars One အမည်ရှိ အဆိုပါ စီမံကိန်းကို အကျိုးအမြတ် မလိုလားသော နယ်သာလန် အဖွဲ့အစည်း တစ်ခုက စတင် လုပ်ဆောင်ခဲ့ပြီး ၂ဝ၂၃ ခုနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူသား လေးဦးကို သယ်ဆောင်သွားရန် စီစဉ်လျက် ရှိသည်။

ဧပြီ ၂၂ ရက်မှ စတင်၍ ပထမ သုံးရက်အတွင်း ကမ္ဘာတစ်ဝန်းမှ ပြည်သူ ၂ဝဝဝဝ ခန့်သည် အွန်လိုင်းမှ တစ်ဆင့် လျှောက်လွှာများကို တင်သွင်းခဲ့ပြီး စီမံကိန်း တည်ထောင်သူက ယေဘုယျအားဖြင့် လူပေါင်း ၅ဝဝဝဝဝ ခန့်ကို ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

၎င်းတို့၏ အိပ်မက်စိတ်ကူး ဖြစ်သော အဆိုပါ စီမံကိန်းကို အမှန်တကယ် အကောင်အထည် ဖော်ဆောင် နိုင်မည်ဟု ယုံကြည်ကြောင်း The Mars One စီမံကိန်း ပူးတွဲ တည်ထောင်သူ ဘက်စ်လန်ဒ်ဒေါ့ပ်က ပြောကြားသည်။

အခြေချ နေထိုင်မည့်သူ ၂၄ ဦးမှ ၄ဝ ဦး အထိကို အရည်အသွေး ပြည့်မီသော သင်တန်းပေးမှုများ အပြည့် အဝ ပေးအပ်ပြီးနောက် မဲခွဲ၍ ပထမဆုံး အခြေချ နေထိုင်သူ များကို ရွေးချယ်သွားမည် ဖြစ်ကြောင်း လန်ဒ်ဒေါ့ပ် က ပြောကြားသည်။ ယင်း အခြေချ နေထိုင်သူများသည် ကွဲပြား ခြားနားသော ပတ်ဝန်းကျင်တွင် ခုနစ်နှစ်ကျော် ကြာ နေထိုင်ရန် အတွက် သုံးလ ကြာမြင့်မည့် သင်တန်းကို တက်ရောက်ရမည် ဖြစ်သည်။ 

http://bit.ly/10duUlh

“ လူမိုက်လက္ခဏာ လေးပါး ” ••••••••••••••••••••••••

Thant Zaw Thet shared Aye Chan Mon's photo.
“ လူမိုက်လက္ခဏာ လေးပါး ”
••••••••••••••••••••••••

၁။ နည်းမှားတွေကို လုပ်တယ်။

၂။ သူတပါးကိုလည်း အဲဒီအမှားတွေ လုပ်ခိုင်းတယ်။

၃။ အဲဒီ နည်းမှားကြီးတွေကို သိပ်တန်ဖိုးထားတယ်။

၎။ မှားနေပြီလို့ ပြောရင် ပြောတဲ့သူကို ရန်ရှာတယ်။

- ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ
ဥာဏိဿရ

( လူမိုက်တို့သွားရာလမ်း တရားတော်မှ ကောက်နုတ်
ဖော်ပြချက် )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

အေးချမ်းမွန် Credit & Copy From >Young Buddhist's Association <Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ပြန်သုံးနိုင်နည်း

Chit Thaeoo shared Android games & android software များစုစည်းရာ's photo.
လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ပြန်သုံးနိုင်နည်း

ပုံမှန်သုံးလာတဲ့ လက်ကိုင်ဖုန်းဘက်ထရီဟာ တဖြေးဖြေးနဲ့  အသုံးမခံတော့တာတွေ့ ရတတ်ပါတယ်။ အားသွင်းထားပေမယ့်လည်း ခဏလေးနဲ့  အားကုန်သွားတာဟာ ဘက်ထရီမကောင်းတော့လို့ ဖြစ်ပါတယ်။ အဲ့ဒီဘက်ထရီကို အသုံးခံအောင် အားပြည့်လာအောင် လုပ်ကြရအောင်ပါ။
အသုံးပြုရမယ့်ပစ္စည်းတွေကတော့
၁) သတင်းစာစက္ကူအပွစား
၂) ကပ်ကြေး (လက်နဲ့ ဖြတ်လည်းရပါတယ်)
၃) သားရေကွင်း
၎) ပလပ်စတစ်အိတ်(ဟင်းထုတ်အိတ်အရွယ်)
၅) ရေခဲသေတ္တာ

ပြုလုပ်ပုံအဆင့်ဆင့်
- သတင်းစာစက္ကူအပွစားကို (A4) အရွယ်ရဲ့  တ၀က်စာလောက် အရွယ်ကို ဖြတ်ပါ။ (ဘက်ထရီအကြီးအသေးပေါ်မူတည်ပြီးစက္ကူကိုဖြတ်ပါ)
- လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ဖြတ်ထားတဲ့ စက္ကူတစ်ရွက် နဲ့  အထပ်ထပ်ထုပ်ပါ။
- သားရေကွင်းနဲ့ စည်းပါ။
- စက္ကူနဲ့ ထုတ်ထားတဲ့ ဘက်ထရီကို ပလပ်စတစ်အိပ်နဲ့  လိပ်ပတ်ပြီးပြန်ထုပ်ပါ။
- ထုပ်ပြီးသား လက်ကိုင်ဖုန်းဘက်ထရီကို ရေခဲသေတ္တထဲက ပုံမှန်အခန်းမှာ ၃ ရက်ထဲ့ထားပါ။
- ရေခဲသေတ္တထဲမှာ ၃ရက်ပြည့်ပြီးနောက်ပြန်ထုတ်ပါ။ ပလပ်စတစ်အိပ်နဲ့ စက္ကူကို ဖြေပါ။
- ပုံမှန်အပူချိန်ရှိတဲ့ မိမိနေအိမ်ရဲ့ တနေရာရာမှ ၃ ရက်ထားပါ။
- ၃ ရက် ထားပြီးနောက် အဲ့ဒီဘက်ထရီကို ၈ နာရီကြာ အားသွင်းပါ။
အဲ့ဒီလိုအားသွင်းပြီးရင်တော့ အသုံးခံတဲ့ ဘက်ထရီဖြစ်လာပါလိမ့်မယ်။

Credit to ဘီဘီစီ ၀င်းမြင့် BBC Winmit