This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, November 15, 2013

(ပထဝီမရှိ သမိုင်းမသိ ငုံးတိတိ တိုင်းပြည်)ဆိုတဲ့ ဆောင်းပါးထဲက နှစ်သက် ရာ လေးတွေကိုမျှဝေ

ဒီနေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဆောင်းပါး ရှင် သင့်နော် ရဲ့ (ပထဝီမရှိ သမိုင်းမသိ ငုံးတိတိ တိုင်းပြည်)ဆိုတဲ့ ဆောင်းပါးထဲက နှစ်သက် ရာ လေးတွေကိုမျှဝေတာပါ။
ဆောင်းပါးရှင် က တော့ ခပ်ကြမ်းကြမ်းရေးထား တာပါပဲ။ ဒါပေမယ့် သူ့ရဲ့ စေတနာနဲ့ ဂရုဏာဒေါသ ကိုမြင် ရလို့ အပြစ်မတင် ချင် ပါဘူး။
(ပြီးခဲ့တဲ့ ဆယ့်လေးငါးနှစ် လောက် ကစပြီး ပညာ ရေးလောကမှာ သမိုင်းနဲ့ပထဝီဟာအလယ် တန်း အဆင့်မှာ တင် စခန်းသိမ်းခဲ့တယ်။ကိုးတန်း ဆယ် တန်းမှာပထဝီနဲ့သမိုင်းသင် မယ့်ဆရာမရှိသ လောက် သင် မယ့်ကျောင်းသားမရှိသ လောက် ဖြစ်လာတာကို နေစိမ့်တယ် ဘာသိဘာသာပဲ အနာဂါတ်အတွက် ရလဒ် မ ကောင်းကို ဘာမှမ ဖြစ်သလိုငြိမ်နေခဲ့ကြတယ်။)
(သမိုင်းနဲ့ပါတ်သတ်လာရင် နလပိန်းတုံးအဆင့်နဲ့ ကမ္ဘာကိုဘယ် လိုရင် ဆိုင် မလဲ ပထဝီမသိပဲနဲ့ ကိုယ့်ရေ မြေ တောတောင် သဘာဝကို ဘယ်လို တန်ဘိုးထာတတ်မလဲ ဘယ် လိုထိန်းသိမ်း စောင့် ရှောက်ကြမလဲ။
သမိုင်းကိုနားမလည်တော့ ဂျူဗလီဟောကြီးကို ဖြိုခဲ့တယ်။မင်းတုန်းမင်းရဲ့ ကျုံးကူးတံတားတစ် စင်းကို လူမသိသူမသိ လက်စ ဖျောက်ခဲ့တယ်။ မန္တလေးရွာဟိုင်းသုသာန်က သခင် ဗဟိန်းအုတ် ဂူကိုအမြစ်ကလှန်ပလိုက်တယ်။ Guardian သတင်း စာတိုက်မှာစိုက်ထူးထားတဲ့ ရာဘင်ဒြာ နတ်တဂိုးဗမာပြည် လာစဉ်က ရေးထိုးစိုက်ထူ ထားတဲ့ ကျောက်စာ ဖြုတ်ထုတ်သတ်ထဲ ပါသွား တယ်။)
ကျန်တာတွေက တော့ နိုင် ငံရေးကိစ္စတွေပါ။

ကျွန်တော်ပြောချင် တာက သမိုင်းပါ ကျွန့်တော့် ညီအရွယ် က လေးတွေနဲ့ အခုနောက်ပိုင်း အလုပ် တွဲလုပ်ကြတဲ့အခါ စကားစမြည် ပြောကြတဲ့အခါ ဆယ်တန်းအောင် ဘွဲ့ရက လေးတွေဟာ တကယ် ကို သမိုင်းမှာအားနည်းပါတယ်။
ဒါကလည်းသူတို့အပြစ်မဟုတ်ပါဘူး သိပ္ပံဘွဲ့နဲ့ ဝိဇ္ဇာဘွဲ့ ယှဉ်ရင် ဦးစားပေးခံရတဲ့ လိုင်းကိုယူမှာ ပဲလေ။ ဆယ်တန်းမှာ အမှတ်မ ကောင်းလို့ သာမန်ဘွဲ့တစ်ခုယူရုံဆိုတော့မှ BAလုပ်ကြတာပါ ဒါတောင် လွယ်လွယ်ကူကူ မြန်မာစာပဲယူကြ ပါတယ်။
အဲ့ဒီက လေးတွေက ကျောင်းဆရာလည်းဖြစ် ရော သူတို့တပည့်က လေးတွေက ပိုဆိုးတော့တာ ပေါ့။ဟုတ်ပါတယ် ဆရာကြီးDr သန်းထွန်းပြော ဖူးပါတယ် မအ အောင် လို့သမိုင်းသင် တာပါတဲ့
ကိုယ့်နိုင် ငံရဲ့သမိုင်း ကိုယ့်လူမျိုးရဲ့သမိုင်း မသိ တော့ မကြားဝံ့မနာသာ အမှားကြီးတွေ မှားတော့ တာပါပဲ။
မီဒီယာက နေ ယုံကြည် လောက်ဖွယ် ရှိသူက ပြော ရင် လက်ခံလိုက်တာပဲ။ သမိုင်းအမှန်က ဘာလဲ မရှာတော့ဘူး။မစဉ်းစားတော့ပါဘူး။

မှန်နန်းရာဇဝင် (1991)ခုနှစ် ထုတ်တွင် မိမိတို့ ၏ သမိုင်းကြောင်းကို သိရှိနားလည်ခြင်းမရှိသော လူမျိုးသည် မိမိကိုယ်ကိုမိမိ ဘာကောင် မှန်းမသိ တတ်သော အဖြစ်သို့ရောက် ရှိနေသည့် သူတစ် ယောက်ဖြစ်နေပြီဟု ဖွင့်ဆိုထားပါသည်။

ရည် ရွယ်ချက်ရှိသည်ဖြစ်စေ ရည် ရွယ်ချက် မရှိ ဘဲနဲ့ဖြစ်စေ လူငယ် လူရွယ် တွေ သမိုင်းကို စိတ် ဝင် စားမှုနည်းပါးအောင် (တနည်းအာ့းဖြင့် အ အောင်)လုပ် ထားမှုအ ပေါ် တပ်လှန့်နှိုးဆော် လိုက် တဲ့ ဆောင်းပါးအားကြိုဆိုပါတယ်ခင် ဗျာ။

ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး အခေါ်မတူတဲ့အတွက် မြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး(၁၀)ယောက် ခင် ဗျာ သူ့လိုလို ငါ့လိုလိုနဲ့ သိက္ခာကျရတဲ့ (နိုဝင် ဘာ၁၃ ။၂၀၁၃ထုတ် 7DAY DAILY) ဧ။် လုပ်၇ပ်

ဗျို့ဆရာတို့ ဗျို့ဆရာတို့
သတင်းသမားပီပီသသ လုပ်ကြစမ်းပါ
လေဖမ်းဒန်းစီးမ နေပါနဲ့ဗျ
လပွတ္တာမြို့နယ်မှရပ်ကွက် အုပ်ချုပ်ရေးမှူးတစ် ဦးက ဖုန်းခွဲတမ်းရောင်းစားပြီး ထွက်ပြေးနေတယ် လို့ရေးထားတယ်။ ဒီဖြစ်စဉ် ကို တချို့ဂျာနယ်တွေ ထဲမှာပါပြီးပါပြီ။ပြန်ဖတ်ကြပါဦ
လပွတ္တာမှာ ရပ်ကွက်(၁၀)ခုပဲရှိတာ အုပ်ချုပ်ရေး မှူး (၁၀)ယောက်စလုံးကျန်းမာပကတိ ချမ်းသာစွာရှိပါဗျာ။
ဖြစစဉ်အမှန်က ဗိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအ ထောက်အကူပြု ကော်မတီဥက္ကဌ(ရွာက ရွေးထားတာနော်) ဦးကျော်စွာထွန်းက စက်တင် ဘာလအတွက် ဖုန်းခွဲတမ်းကို မြို့မှာလာထုတ်တယ်။ညကျတော့ တည်းခိုခန်းတစ်ခုတည်းမှာအတူတည်းရင်း ရင်း နှီးသွားတဲ့ ရန်ကုန်က ဆိုသူနှစ်ယောက်နဲ့ အရက် အတူသောက် ရင်းမူးသွားတော့ ဟိုလူနှစ်ယောက် ကဖုန်းကတ်တွေသွားရောင်းပြီး သုံးကြတာပေါ့။
အမူးပြေ လို့ပြန်တောင်းတဲ့အခါ ရန်ကုန် လိုက်ယူ ဆိုပြီးခေါ်လို့ လိုက်သွားတာဗျ။ ရွာအတွက် ဖုန်း ကဒ် ရောက်မလာလို့ရွာသားတွေနဲ့ ကျေးရွာအုပ်ချုပ် ရေးမှူးက လိုက်လာပြီး အမှုဖွင့် လို့အခု အထဲမှာခင် ဗျ။
ရောင်းစားလိုက်တဲ့ ဖုန်းကဒ်တွေကိုလည်း ဆက် သွယ်ရေးကို ညှိနှိုင်းပြီး လိုင်းပိတ်လိုက်တယ်။ပြီး မှ ကဒ်သစ်ပြန်လျှောက် ပြီးရွာကို ပြန်ဝေပြီးပါပြီ ဗျီု့

ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး အခေါ်မတူတဲ့အတွက် မြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး(၁၀)ယောက် ခင် ဗျာ သူ့လိုလို ငါ့လိုလိုနဲ့ သိက္ခာကျရတာပေါ့ဗျာ။
(နိုဝင် ဘာ၁၃ ။၂၀၁၃ထုတ် 7DAY DAILY)