This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, June 15, 2014

♪ နိုင်ငံတကာ နဲ့ မတူတဲ့ မြန်မာနိုင်ငံရဲ့ အင်တာနက် ဆိုင်ရာ အိုင်တီ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲမှု ♫ .............


နိုင်ငံတကာမှာ ကြည့်လိုက်မယ် ဆိုရင် အင်တာနက် အခြေခံ အိုင်တီ ဆိုင်ရာ လုပ်ငန်းနဲ့ ဝန်ဆောင်မှု တိုးတက်မှုက နည်းလမ်း တစ်ခု ဖြစ်ပြီး မြန်မာပြည်မှာက နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာမှာက ကွန်ပြူတာ ဆိုတာ စတင်ပေါ်ပေါက် ပါတယ်။ ပြီးရင် ကွန်ပြူတာ ကနေ အခြေခံလို့ အင်တာနက် အသုံးပြုခြင်း ဖြစ်ပေါ်လာပြီး ပြီးတော့မှ မိုဘိုင်းဖုန်း အခြေခံ အင်တာနက် အသုံးပြုခြင်း ဖြစ်လာ ပါတယ်။

မြန်မာပြည်မှာ ကျတော့ အားလုံး မြင်ကြ တွေ့ကြတဲ့ အတိုင်း မိုဘိုင်းဖုန်း ကနေ အင်တာနက် အသုံးပြုမှုက တစစ နဲ့ အရေအတွက် ပိုများ လာပြီး ကွန်ပြူတာ နဲ့ အသုံးပြုမှု အရေအတွက် တိုးတက် မှုက နောက်ကနေ လိုက်ပါတယ်။ ဒါဟာ မိုဘိုင်းဖုန်းက ကွန်ပြူတာ များထက် ဈေးနှုန်း သက်သာမှု ကြောင့် ဖြစ်ပြီး တည်ရှိပြီးသား အင်တာနက် ကွန်ရက်ကို မိုဘိုင်းဖုန်း အတွက် ဖွင့်လှစ် ပေးခဲ့ ခြင်းကြောင့် ပြောင်းလဲတိုးတက်မှုက နိုင်ငံတကာနဲ့ မတူပဲ မိုဘိုဖုန်း ကနေ စတင်ခြင်း ဖြစ်ပါတယ်။

ဒီတော့ နည်းပညာ ဆိုင်ရ ကုမ္ပဏီများ အနေနဲ့ ဝဘ်ဆိုဒ်တွေ ဖန်တီးတဲ့ အခါ မိုဘိုင်း ဗားရှင်း ကို အဓိကထားပြီး ဖန်တီးရမှာဟာ အဓိကချက် တစ်ခု ဖြစ်ပါတယ်။ 'ကျနော်တို့ ဆိုရင် မိုဘိုင်း ဖုန်း ကနေ ကြည့်လိုရမယ့် ဝဘ်ဆိုဒ်ကို ဖန်တီးပြီးပြီ။ နောက်ထပ်ခြေလှမ်း အနေနဲ့ မိုဘိုင်း Application' လုပ်ဖို့ ကြိုးစားနေပါတယ်' လို့ www.motors.com.mm မှ မာကဲတင်း မန်နေဂျာ ဖြစ်သူ ကိုအောင်ခမ်းက ရှင်းလင်း ဖြေကြား ပေး ပါတယ်။ သတင်း မီဒီယာ များ အနေနဲ့လည်း www.news-eleven.com တို့လို သတင်းမီဒီယာ ကြီးတွေအောင် မိုဘိုင်းဖုန်း Application ကို ဖန်တီးခဲ့ကြပြီး မီဒီယာ ဈေးကွက်ကို ရယူလာတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

မိုဘိုင်းမှာတောင် Android OS အခြေခံ ဖုန်းများကို အသုံးများပြီး iOS ကလည်း အရေအတွက် တိုးလာ နေပါတယ။် ဒါကြောင့်မို့ ပထမဆုံး ခြေလှမ်းအနေဲ့ ဝဘ်ဆိုဒ်ကို responsive template ဖြစ်အောင် ပြုလုပ်ပြီး ဒုတိယ ခြေလှမ်း ကတော့ ဖုန်း Application များ ဖန်တီးရန် ဖြစ် ပါတယ်။ မိုဘိုင်း App များကို အခမဲ့ ပြုလုပ်လို့ရသလို၊ ငွေကြေးပေး ပြုလုပ်ရင်လည်း ၅ သိန်းက စလို့ အစစ ဈေး ရှိကြောင်း သိရ ပါတယ်။

Aung Ko Htet (www.mmitknowledge.com)

♪ ဘော့စ်တွေအတွက် £6,750 တန် Vertu Signature Touch ♫ ..............

တိုက်တေနီယမ်သတ္တု၊ တောက်ပသော အပြာရောင်နီလာကျောက်၊ သားရေအစစ်များ နဲ့မွမ်းမံထားတဲ့ Vertu Signatue Touch စမတ်ဖုန်းက £6,750 ကျသင့်မှာဖြစ်ပြီးဈေးနှုန်းကြီးမြင့်ပေမယ့် သင့်ကိုဝံ့ကြွားထည်ဝါနိုင်စေမယ့် အဆင့်အတန်းမြင့်စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။
4G ကွန်ယက်မှာလည်းသုံးစွဲနိုင်ကာ ဖုန်းခေါ်ဆိုမှုများကို encrypt လုပ်ပေးထားတဲ့အတွက် လုံခြုံစိတ်ချစွာသုံးစွဲနိုင်မှာဖြစ်ပါတယ်။ဒေါ်လာနဲ့တွက်ရင်တော့ USD 11,300 ကျသင့်မှာဖြစ်ပါတယ်။

Signature Touch ဟာ Qualcomm Snapdragon 2.3GHz processor သုံးစွဲထားပြီး OS အနေနဲ့က Android KitKat 4.4 နဲ့ run ပါတယ်။ Storage ကတော့ 64GB သိုလှောင်နိုင်စွမ်းရှိပြီး Qi ကြိုးမဲ့ အားသွင်းစနစ်နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ကမ္ဘာတစ်လွှားမှာရှိသမျှ 4G bands တွေနဲ့ကောင်းမွန်စွာချိတ်ဆက် နိုင်စွမ်းရှိပါတယ်။




မျက်နှာပြင် အကျယ်က 4.7 လက်မရှိပြီး resolution က 1080p (473dpi) ရှိကာ မျက်နှာပြင်ကို 5.1 လက်မ ရှိသော 118 ကာရတ် အလေးချိန်ရှိတဲ့ နီလာကျောက် ပြားလွှာများနဲ့ဖုံးအုပ်ပေးထားပါတယ်။ HD Display ကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Vertu ကုမ္ပဏီဟာ UK အခြေစိုက်စမတ်ဖုန်းကုမ္ပဏီဖြစ်ပြီး ယခင်က Nokia ကပိုင်ဆိုင်ခဲ့ပါတယ်။ အသံပိုင်းစနစ်ကောင်းမွန်စေရန်အတွက် Bang & Olufsen နဲ့ ကင်မရာပိုင်းအတွက် Hasselblad စတဲ့ ဇိမ်ခံ ပစ္စည်းကုမ္ပဏီများနဲ့ပူးပေါင်းခဲ့ပါတယ်။



ကိုယ်ထည်က grade 5 အဆင့်ရှိ တိုက်တေနီယမ်နဲ့ဖုံးအုပ်ထားပြီး အကောင်ငါးမျိုးရဲ့ သားရေအစစ်များနဲ့ဆင်ယင်ထားပါတယ်။ အနီရောင်၊ အပြာရောင်၊ခရမ်းရောင်၊ အနက်ရောင်တို့ကိုရရှိနိုင်ပါတယ်။
Signature Touch က ယခု ဇွန်လ ၂၀၁၄ မှာထွက်ရှိမှာဖြစ်ပြီး Beverly Hills မှာရှိတဲ့ Rodeo Drive က Vertu Boutiques အရောင်းဆိုင်၊ New York မှာရှိတဲ့ MadisonAve ၊ Las Vegas က Wynn ဟိုတယ် တို့မှာရရှိနိုင်မှာဖြစ်ပါတယ်။

==============================

Nyein Chan (TSJ Tech Team)

ဝမ်းဗိုက် အဆီကျ စေမည့် အထူး အစား အစာများ...........................


Bookmark and Share [ ]

ဝမ်းဗိုက် အဆီကို ချဖို့ ခက်ခဲနေ ပါသလား။ ကိုယ်လက် ဖောရောင်ခြင်းနဲ့ ဝမ်းဗိုက် အဆီများ လျှော့ချရန် အ
ထူးကောင်းသော အစား အစာ များကို စားကြည့် လိုက်ပါ။


လက်ဖက်ရည်ကြမ်း (Green Tea)

လက်ဖက် ရည်ကြမ်း သောက်ခြင်းဖြင့် ကိုယ်လက် ဖောရောင်ခြင်းကို လျော့ကျ စေမည့် အပြင် သင်၏ ဗိုက်
သားအဆီပြင်ကိုလည်း ကျစေမည်ဖြစ်သည်။ လက်ဖက်ရည်ကြမ်းတွင် ကိုယ်ခန္ဓာရောင်ရမ်းမှုကို ကာကွယ်
နိုင်သော သဘာဝ ပစ္စည်းများပါဝင်သည်။ ယင်းတွင်ပါဝင်သည့် EGCG ဟုခေါ်သော ဒြပ်ပေါင်းက ခန္ဓာကိုယ် အဆီများကို လျော့ကျစေနိုင် သည်။


အိုမီဂါ - ၃ ကြွယ်ဝသော အစားအစာများ

အိုမီဂါ-၃ ကြွယ်ဝစွာပါဝင်သော သစ်ကြားသီး၊ နှမ်းကြတ်စေ့နှင့် အလက်စကား ပြည်နယ်ထွက် ဆော်လ
မွန်ငါးကဲ့သို့ ငါးများကို စားသုံးခြင်းဖြင့် ကိုယ်ခန္ဓာ အဆီပိုများကို လျော့ကျစေနိုင်သည်။


ကြက်သွန်ဖြူ

သဘာဝ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းနှင့် သွေးထဲ သကြားပါဝင်မှုကို ထိန်းညှိပေးသော အစားအသောက်
အဖြစ် ကြက်သွန်ဖြူကိုစားပါ။ သွေးထဲသကြားပါဝင်မှုနှင့် အင်ဆူလင်ပါဝင်မှုအဆင့်ကို ထိန်းချုပ်ခြင်းဖြင့်
သင်၏ခန္ဓာကိုယ်စွမ်းအင်အတွက် အဆီလောင်ကျွမ်းမှုကို အမြင့်မားဆုံးဖြစ်စေမည့်ရလဒ်အနေဖြင့် ဝမ်း
က်အဆီများလျော့ကျသွားမည်ဖြစ်သည်။ ကြက်သွန်ဖြူမှာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အားကောင်းစေသည့်
ခန္ဓာကိုယ်အပူထုတ်လုပ်မှုကို ဖြစ်ပေါ်စေသည်။


ပူဒီနာရွက်

ပျားရည် တစ်ဇွန်းတွင် ငရုတ်ကောင်း အနည်းငယ် ထည့်ပါ။ နုပ် နုပ်စဉ်း ထားသော ပူဒီနာ အရွက်များကို
ရေနွေး တစ်ခွက်နှင့်ရောမွှေ လိုက်ပါ။ ငါးမိနစ်ခန့်ထားပြီးနောက် ဗိုက်အဆီကျရန်သောက်သုံးနိုင် သည်။


သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေထဲတွင် ငါးမိနစ်ခန့်စိမ်လိုက်ပါ။ ပျားရည်တစ်ဇွန်း
ထပ်ထည့်ပြီး နံနက်စာမစားမီနှင့် ညအိပ်ရာမဝင်မီသောက်ပါက ဗိုက်သားအဆီကို ကျစေသည်။


ဖရဲသီး

အစားအသောက်ကို အစာအိမ်က များများ မတောင်းဆိုရန် ကူညီ နိုင်မည့် ရေဓာတ် ၈၂ ရာခိုင်နှုန်း ဖရဲသီး တွင်ပါဝင်သည်။ ကျန်းမာရေး အကျိုးကျေးဇူးရှိသည့် ဗီတာမင်စီလည်း ဖရဲသီးတွင်ပါဝင်သည်။

ကျန်းမာရေးနှင့် ညီသော ဓာတ်စာ စားရန် အစီအစဉ် ရှိပါက ဖရဲသီးမှာ အကျန်းမာဆုံးဖြစ်စေမည့် အစားအ
သောက်များအနက် တစ်မျိုးဖြစ်သည်။ နေ့လယ်စာအဆာပြေ စားသောက်ရန်လည်း အထူးကောင်းမွန်သော အသီးဖြစ်သည်။


ပန်းသီး

ပန်းသီး ပုံမှန်စားပေးခြင်းဖြင့် ရောဂါဘယများစွာကို တိုက်ဖျက်ရန် အကူအညီဖြစ်စေသည်။ ဝမ်းဗိုက်အဆီ
ချရန်လည်း ကူညီနိုင်သည်။ ပန်းသီးတွင် ပိုတက်စီယမ်နှင့် ဗီတာမင်များစွာပါဝင်သဖြင့် ဗိုက်မဆာစေရန်
ကူညီနိုင်သည်။ ထို့ကြောင့် သင်ဆန္ဒရှိသော ဗိုက်သားပြင်ရရှိစေရန် ပန်းသီးများကို မနက်စာအဖြစ်စားပါ။


ငှက်ပျောသီး

ပန်းသီးများကဲ့သို့ပင် ငှက်ပျောသီးများတွင် ပိုတက်စီယမ်နှင့် ဗီတာမင် များစွာပါဝင်သည်။ ငှက်ပျောသီးများ
စားခြင်းဖြင့် ဗိုက်ပြည့် စေမည်ဖြစ်ကာ အမြန်ပြင် အစား အစာများ စားလိုခြင်းကို ကာကွယ်ရန် ကူညီနိုင်
သည်။ ထို့အပြင် ငှက်ပျောသီးမှာ ဇီဝဖြစ်ပျက်မှုနှုန်း မြင့်မားစေပြီး ဝမ်းဗိုက်အဆီကို လျော့ကျစေနိုင်သည်။

—Ref: Internet

7Day News Journal မှ ကူးယူ မျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဝမ်းဗိုက် အဆီကျ စေမည့် အထူး အစား အစာများ http://www.simon-vlog.com/2014/06/blog-post_9997.html#ixzz34e3qzXB1
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

အီရတ် တပ်သားသစ် စုစည်း .....................

14 June 2014 23:51(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

  အီရတ် ဝန်ကြီးချုပ် Nouri al - Maliki က ဘဂ္ဂဒက်မြို့ မြောက်ဘက်က ဆမာရာ မြို့မှာ အစ္စလာမ္မစ် သူပုန်တွေနဲ့ စစ်ခင်းနေတဲ့ ရှေ့တန်း တပ်မှူးတွေကို မိန့်ခွန်းပေးခဲ့ပါတယ်။

နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ သူပုန်တွေ ရှေ့ဆက် မတက်နိုင်ဖို့ ဆမာရာကနေ အကြီးအကျယ် ခုခံသွားမယ်၊ လိုအပ်တဲ့ တပ်သားသစ် တွေကိုလဲ စုဆောင်းနေတယ်လို့ မစ္စတာ မာလီကီက ပြောပါတယ်။

ဘဂ္ဂဒက်မြို့မှာ အရေးပေါ် တပ်သား စုဆောင်းရေးမှာ လူတန်းကြီးတွေ တွေ့ရပါတယ်။

ဒီလူတွေဟာ ဘာအကျိုးအမြတ် ဆုလာဘ်မှ မမျှော်ကိုးဘဲ အမိမြေကို ခုခံဖို့ တာဝန် ရှိတယ် ဆိုတဲ့ ခံယူချက်နဲ့ လာစာရင်းပေးနေကြသူတွေ ဖြစ်ပါတယ်လို့ တပ်သားသစ် စာရင်းလာပေးသူ တယောက်က ပြောသွားပါတယ်။

ISIS အစွန်းရောက် အုပ်စုက ကြီးစိုးတဲ့ ဆွန်နီ သူပုန် တွေ ဘဂ္ဂဒက်ထိ မရောက်နိုင် ဘဲ လမ်းမှာ တားဆီး ခံနေရတဲ့ ပုံရှိတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

လူတွေကတော့ အခြေအနေကို အထူး စိုးရိမ်နေကြပြီး အမေရိကန်က ကူညီ အားဖြည့်ပေးဖို့ မျှော်လင့်နေကြပါတယ်။

အီရတ် စစ်တပ်က အရပ်သား တွေကို ကာကွယ် စောင့်ရှောက်ပေးဖို့လဲ ကုလ သမဂ္ဂရဲ့ အီရတ် ဌာနေ ကိုယ်စားလှယ် Nikolay Mladenov က တောင်းဆို လိုက်ပါတယ်။

အကြမ်းဖက်သမားနဲ့ အရပ်သားတွေကြား သတိထားပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့၊ ဒါမှ အရပ်သား အသေအပျောက် နည်းပါးမှာ ဖြစ်တယ်လို့ မစ္စတာ Mladenov က ပြောပါတယ်။

အစိုးရတပ်က ထိုးစစ်ဆင်လာမှာကို ကြောက်လို့ သူပုန်သိမ်းထားတဲ့ မြို့တွေကနေ လူတွေ စွန့်ခွာ ထွက်ပြေးနေကြပါပြီ။

ထောင်သောင်း ချီတဲ့ စစ်ပြေး ဒုက္ခသည် တွေအတွက် ကနဦး အကူအညီ အနေနဲ့ ဗြိတိန်က ဒေါ်လာ ၅ သန်း ပေးအပ် ခဲ့ပါတယ်။

အီရတ်က အစ္စလာမ္မစ် စစ်သွေးကြွ တွေကို နှိမ်နင်းတိုက်ခိုက်ဖို့ အမေရိကန် နဲ့ လက်တွဲဖို့ ပြင်ထားတယ်လို့ အီရန် သမ္မတ ဟာဆန် ရိုဟာနီက ပြောကြား လိုက်ပါတယ်။

အီရတ် လုံခြုံရေး ပြန်တည်ဆောက်ဖို့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်တယ်လို့ မစ္စတာ ရိုဟာနီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

အီရတ်ဘက်က တောင်းဆိုလာရင် ကူညီဖို့ အသင့်လို့လဲ သူက ဆိုပါတယ်။ ဘဂ္ဂဒက်မှာ အီရန် ဗိုလ်ချုပ်ကြီး တယောက် ရောက်နေတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ISIS အစွန်းရောက်ရန်ကို စစ်ခင်း

မဟာသန္တိသုခကိစ္စ ဒုတိယရွှေဝါရောင်တော်လှန်ရေးကို ဖန်တီးခြင်းဟု ဆရာတော်ဝီရသူမိန့်ကြား ..................

မျိုးသန့်
ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို နိုင်ငံတော်သံဃနာယကမဟာနယကနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖယ်ရှားလိုက်ခြင်းသည့် ဒုတိယအကြိမ်ရွှေဝါရောင်တော်လှန်ရေး ဖန်တီးလိုက်ခြင်းဖြစ်သည်ဟု ဇွန် ၁၂ ရက်က ဆရာတော်ဝီရသူမှ မဇ္ဈိမကို မိန့်ကြားသည်။

“ဟိုမှာတုန်းက (ပထမအကြိမ် ရွှေဝါရောင်တော်လှန်ရေး)က စစ်အစိုးရကို ကြောက်လို့ သံဃနာယက မပြောရဲတာ။ ဒီတစ်ခါကတော့ သံဃနာယက ကိုယ်တိုင်ကိုက ဒုတိယရွှေဝါရောင်အရေးအခင်းကို ဖန်တီးလိုက်တာ”ဟု ဆရာတော်ဝီရသူက မိန့်သည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ပီနန် ဆရာတော်သီတင်းသုံးနေထိုင်သော မဟာသန္တိသုခကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်နေသည့် သံဃာတော်အပါး ၃၀၀နီးပါးကို ဇွန်လ ၁၁ရက် ညသန်းခေါင်ယံအချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်း ဖယ်ရှားရှင်းလင်းခဲ့သည်ကိစ္စနှင့်ပတ်သက် ၍ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဘုရားသားတော် မပြောနဲ့၊ အစိုးရကတောင် ပြည်သူကို ဒီလိုမလုပ်သင့်ဘူး”ဟု ဆရာတော်ဦးဝီရသူက ဆက်လက်မိန့်ကြားသည်။

ယခု ပြောဆိုချက်အပြင် ဆရာတော်ဝီရသူက အချက် ၆ ချက်ပါသော သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ဇွန်လ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဇွန် ၁၀ ရက် ကာယကံရှင်ပီနန်ဆရာတော်ကြီး ပြည်ပ ခရီးကြွရောက်နေသည့် အချိန်ကို ရွေးချယ်၍ ညအချိန်မတော်လူခြေတိတ်ချိန်တွင် လက်နက်တစ်စုံတစ်ရာမရှိသော ခုခံကာကွယ်မှု လုံးဝမပြုသော သာသနာပြု ဘုရားသားတော်များကို အနုကြမ်းဝင်စီးသည့် လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ဆရာတော်ဦးဥတ္တရနှင့် ဦးနန္ဒိယနှစ်ပါးတို့ကို ခြွင်းချက်မရှိ ယခုချက်ချင်း ပြန်လွှတ်ပေးရန်တောင်းဆိုကြောင်း၊ မဟာသန္တိသုခသာ သနာပြုကျောင်းတော်ကြီးကို ချိတ်ပိတ်ဖြစ်စဉ်၌ ဦးဆောင်ဆရာတော်ပြောသွားသော စကားကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ မူဝါဒသဘောထားဖြစ်ကြောင်း ထုတ်ပြန်အတည်ပြုပေးရန် တိုက်တွန်းကြောင်း၊ ပီနန်ဆရာတော်ကြီး ဘဒ္ဒန္တ ပညာဝံသမထေရ်အား ပြည်ဝင်ခွင့်ကန့်သတ်ခြင်း မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးလိုက်ကြောင်း၊ ပြည်ထောင်စုတစ်ဝန်းလုံးမှသိက္ခာသုံးပါးနှင့် ပြည့်စုံသော၊ ရဟန်းရှင်လူပြည်သူအားလုံး၏ ယုံကြည်အားကိုး လေးစားကြည်ညိုမှုကို ခံယူထိုက်သော ပရိယတ္တိဝိသာရဒဂုဏ်တော်နှင့် ပြည့်စုံသော ၀ိနည်းဓိုရ်ဆရာတော်ကြီးများကို ရွေးချယ်၍ သီခြားဝိနည်းဓိုရ်အဖွဲ့ဖွဲ့စည်းကာ မဟာသန္တိသုခစင်တာသာသနာပြု ကျောင်းတော်ကြီး ပိုင်ဆိုင်မှုအငြင်းပွားချက်ကို ဓမ္မ၀ိနယနှင့်အညီ တရားမျှတစွာဖြေရှင်းပေးရန် တောင်းဆိုလိုက်ကြောင်း၊ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့၏အဆင့်ဆင့်သော ဆောင်ရွက်ချက်များကို စောင့်ကြည့်ဝေဖန်ပြီးမှသာ လုပ်သင့်လုပ်ထိုက်သော တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။