Sunday, June 15, 2014

ဝမ်းဗိုက် အဆီကျ စေမည့် အထူး အစား အစာများ...........................


Bookmark and Share [ ]

ဝမ်းဗိုက် အဆီကို ချဖို့ ခက်ခဲနေ ပါသလား။ ကိုယ်လက် ဖောရောင်ခြင်းနဲ့ ဝမ်းဗိုက် အဆီများ လျှော့ချရန် အ
ထူးကောင်းသော အစား အစာ များကို စားကြည့် လိုက်ပါ။


လက်ဖက်ရည်ကြမ်း (Green Tea)

လက်ဖက် ရည်ကြမ်း သောက်ခြင်းဖြင့် ကိုယ်လက် ဖောရောင်ခြင်းကို လျော့ကျ စေမည့် အပြင် သင်၏ ဗိုက်
သားအဆီပြင်ကိုလည်း ကျစေမည်ဖြစ်သည်။ လက်ဖက်ရည်ကြမ်းတွင် ကိုယ်ခန္ဓာရောင်ရမ်းမှုကို ကာကွယ်
နိုင်သော သဘာဝ ပစ္စည်းများပါဝင်သည်။ ယင်းတွင်ပါဝင်သည့် EGCG ဟုခေါ်သော ဒြပ်ပေါင်းက ခန္ဓာကိုယ် အဆီများကို လျော့ကျစေနိုင် သည်။


အိုမီဂါ - ၃ ကြွယ်ဝသော အစားအစာများ

အိုမီဂါ-၃ ကြွယ်ဝစွာပါဝင်သော သစ်ကြားသီး၊ နှမ်းကြတ်စေ့နှင့် အလက်စကား ပြည်နယ်ထွက် ဆော်လ
မွန်ငါးကဲ့သို့ ငါးများကို စားသုံးခြင်းဖြင့် ကိုယ်ခန္ဓာ အဆီပိုများကို လျော့ကျစေနိုင်သည်။


ကြက်သွန်ဖြူ

သဘာဝ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းနှင့် သွေးထဲ သကြားပါဝင်မှုကို ထိန်းညှိပေးသော အစားအသောက်
အဖြစ် ကြက်သွန်ဖြူကိုစားပါ။ သွေးထဲသကြားပါဝင်မှုနှင့် အင်ဆူလင်ပါဝင်မှုအဆင့်ကို ထိန်းချုပ်ခြင်းဖြင့်
သင်၏ခန္ဓာကိုယ်စွမ်းအင်အတွက် အဆီလောင်ကျွမ်းမှုကို အမြင့်မားဆုံးဖြစ်စေမည့်ရလဒ်အနေဖြင့် ဝမ်း
က်အဆီများလျော့ကျသွားမည်ဖြစ်သည်။ ကြက်သွန်ဖြူမှာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အားကောင်းစေသည့်
ခန္ဓာကိုယ်အပူထုတ်လုပ်မှုကို ဖြစ်ပေါ်စေသည်။


ပူဒီနာရွက်

ပျားရည် တစ်ဇွန်းတွင် ငရုတ်ကောင်း အနည်းငယ် ထည့်ပါ။ နုပ် နုပ်စဉ်း ထားသော ပူဒီနာ အရွက်များကို
ရေနွေး တစ်ခွက်နှင့်ရောမွှေ လိုက်ပါ။ ငါးမိနစ်ခန့်ထားပြီးနောက် ဗိုက်အဆီကျရန်သောက်သုံးနိုင် သည်။


သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေထဲတွင် ငါးမိနစ်ခန့်စိမ်လိုက်ပါ။ ပျားရည်တစ်ဇွန်း
ထပ်ထည့်ပြီး နံနက်စာမစားမီနှင့် ညအိပ်ရာမဝင်မီသောက်ပါက ဗိုက်သားအဆီကို ကျစေသည်။


ဖရဲသီး

အစားအသောက်ကို အစာအိမ်က များများ မတောင်းဆိုရန် ကူညီ နိုင်မည့် ရေဓာတ် ၈၂ ရာခိုင်နှုန်း ဖရဲသီး တွင်ပါဝင်သည်။ ကျန်းမာရေး အကျိုးကျေးဇူးရှိသည့် ဗီတာမင်စီလည်း ဖရဲသီးတွင်ပါဝင်သည်။

ကျန်းမာရေးနှင့် ညီသော ဓာတ်စာ စားရန် အစီအစဉ် ရှိပါက ဖရဲသီးမှာ အကျန်းမာဆုံးဖြစ်စေမည့် အစားအ
သောက်များအနက် တစ်မျိုးဖြစ်သည်။ နေ့လယ်စာအဆာပြေ စားသောက်ရန်လည်း အထူးကောင်းမွန်သော အသီးဖြစ်သည်။


ပန်းသီး

ပန်းသီး ပုံမှန်စားပေးခြင်းဖြင့် ရောဂါဘယများစွာကို တိုက်ဖျက်ရန် အကူအညီဖြစ်စေသည်။ ဝမ်းဗိုက်အဆီ
ချရန်လည်း ကူညီနိုင်သည်။ ပန်းသီးတွင် ပိုတက်စီယမ်နှင့် ဗီတာမင်များစွာပါဝင်သဖြင့် ဗိုက်မဆာစေရန်
ကူညီနိုင်သည်။ ထို့ကြောင့် သင်ဆန္ဒရှိသော ဗိုက်သားပြင်ရရှိစေရန် ပန်းသီးများကို မနက်စာအဖြစ်စားပါ။


ငှက်ပျောသီး

ပန်းသီးများကဲ့သို့ပင် ငှက်ပျောသီးများတွင် ပိုတက်စီယမ်နှင့် ဗီတာမင် များစွာပါဝင်သည်။ ငှက်ပျောသီးများ
စားခြင်းဖြင့် ဗိုက်ပြည့် စေမည်ဖြစ်ကာ အမြန်ပြင် အစား အစာများ စားလိုခြင်းကို ကာကွယ်ရန် ကူညီနိုင်
သည်။ ထို့အပြင် ငှက်ပျောသီးမှာ ဇီဝဖြစ်ပျက်မှုနှုန်း မြင့်မားစေပြီး ဝမ်းဗိုက်အဆီကို လျော့ကျစေနိုင်သည်။

—Ref: Internet

7Day News Journal မှ ကူးယူ မျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဝမ်းဗိုက် အဆီကျ စေမည့် အထူး အစား အစာများ http://www.simon-vlog.com/2014/06/blog-post_9997.html#ixzz34e3qzXB1
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment