This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 9, 2013

34 24 36 ရင်သားနှင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးပြီး အချိုးအစား ပြေပြစ်လှပလာအောင် ဘယ်လို လုပ်မလဲ ...?


အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံး တွေထဲမှာ ပါတယ်။
ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကို တော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ် တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။
ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင် ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ် မရွေးလဲ ရှိသေးတာဘဲ။ ဖြစ်ချင်သူကို အပြစ်မြင်စရာ မရှိသင့်ကြပါ။ ဆရာဝန် ညွှန်တာကို ရချင်တာလဲ ကောင်းတာဘဲ။ အကျိုး-အပြစ် သိချင်တာ လဲ ပညာရှိရာကျတယ်။
ကြွက်သားကိုတော့ ဖွံ့ထွားစေဘို့ မခက်လှပါ။ အလေးမသူတွေသာ ကြည့်ပါ။ ကြွက်သား မဟုတ်တဲ့ အရိုး၊ အဆီ နဲ့ တခြား (တစ်ရှူး) တွေကို ဖွံ့ထွား၊ များပြားလာဘို့ လေ့ကျင့်ခန်းနဲ့တော့ မရပါ။ ရင်သားက ကြွက်သား မဟုတ်ဘူး။ အထောက်အကူ ပြုနိုင်တာတွေတော့ ရှိပါတယ်။ ဒါကြောင့် ရင်သား၊ တင်ပါးအတွက် နည်းတွေ ရေးထားပါတယ်။ မေးတဲ့သူက အခြေအနေ မပေးလို့ လေ့ကျင့်ခန်း လုပ်မရတော့ ခက်ပြန်ပေါ့။ ခက်တာကို ရအောင်ယူနိုင်ရင် လူတော်လို့ ဆိုကြတာမို့ တော်ချင်လိုက်စမ်းပါ။ တခုလေးတော့ သတိပေးပါရစေ။ ဖြစ်သင့်တာကိုသာ ရချင်သင့်တယ်။
မရနိုင်တာ၊ မရသေးတာအတွက် စိတ်ပျက်မနေပါနဲ့။ ကံတရား အားကိုးနိုင်သေးတာဘဲ။ ကံကောင်းချင်ရင် စိတ်ကောင်း အရင်မွေးလို့ ဆရာတော်များက ဆုံးမလေ့ရှိတယ်။ ဆေးပဲ သောက်ချင်သူကမေးလို့ ဆေးကိုသာ အဓိကထား ရေးပါရစေ။ ဆေးတွေလဲ ရှိပါတယ်။ (အေလိုပက်သစ်) ဆေး၊ (ဟိုမီယိုပက်သစ်) ဆေး၊ (အာယုဗေဒ) ဆေး၊ တိုင်းရင်းဆေး၊ (ဟာဗယ်) ဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ အစုံပါဘဲ။ ကြော်ညာတွေက အများကြီး။ တခြားဆေးနည်းတွေကို သင်မထားရလို့ မပြောနိုင်ပါ။ ကိုယ့်ဆေးပညာနဲ့ ဆိုင်တာဘဲ ရေးပါမယ်။ Anabolic steroids (အင်နာဘောလစ်-စတီရွိုက်) တွေရှိတယ်။ ၁၉၃ဝ ကျော်ကတည်းက သုံးလာတယ်။ Medical uses ဆေးကုရာမှာ အသုံးပြုနိုင်တာတွေက - Bone marrow stimulation ရိုးတွင်းခြင်ဆီ စေ့ဆော်ပေးခြင်း၊ - Growth stimulation ကြီးထွားစေအောင် စေ့ဆော် ပေးခြင်း၊ - Stimulation of appetite and preservation and increase of muscle mass စားချင်စိတ်ကဲ စေပြီး၊ ကြွက်သား ထုထည် ကြီးစေခြင်း၊ - Induction of male puberty ယောက်ျားလေး စောစော လူပျိုဖြစ်စေခြင်း၊ - Male contraception (Testosterone enanthate) ယောက်ျားသုံး သားသမီးမရဆေး၊ - Stimulation of lean body mass and prevention of bone loss in elderly men ကိုယ်ခန္ဓာသေး နေသူတွေကို စေ့ဆော်ပေးခြင်း နဲ့ အသက်ကြီးသူတွေမှာ အရိုးပျက်စီးတာ သက်သာစေခြင်း၊ - Hormone replacement for men ယောက်ျား-ဟော်မုန်း အစားထိုးကုသခြင်း၊ - Gender Identity Disorder ယောက်ျား-မိန်းမ ပီသစေခြင်း၊ Ergogenic use and abuse တလွဲ အသုံးပြုနေတာလဲရှိတယ်။ အမေရိ ကားမှာ လူဦးရေရဲ့ ၁% ဟာ ဒီဆေးမျိုးကို တလွဲသုံးနေကြတယ်။ လူလတ်တန်းစားတွေကနေ အားကစား ပြိုင်ပွဲဝင်ဘို့ မဟုတ်ဘဲ Cosmetic purposes ကိုယ်ခန္ဓာလှချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီဆေးမျိုးသုံး သူတွေဟာ မီဒီယာမှာ ဖေါ်ပြတာတွေကို ကြည့်-ဖတ်ပြီး စိတ်ထဲ တလွဲထင်မှတ်နေကြတယ်။ အားကစား နယ်ပယ်မှာတော့ ယောက်ျားတွေရော မိန်းမတွေပါ ကိုယ်ကာယ၊ အလေးမ၊ သံလုံးပြစ်၊ ပြေး-ခုန်-ပြစ်၊ စက်ဘီးစီး၊ (ဘေ့စ်-ဘောလ်)၊ နဘမ်းသတ်၊ သိုင်း၊ လက်ဝှေ့၊ ဘောလုံး၊ ခရစ်ကက်၊ အားကစား နည်းတွေမှာ သုံးကြတယ်။ ဒီလို လူမျိုးတွေထဲက ၅၆% ဟာ ဆရာဝန်တွေ ပြောတာကို မယုံကြဘူး။ ဆေးတွေကို လူသာမက တိရစ္ဆာန်တွေကိုပါ သုံးတာရှိတယ်။ ဆိုင်ကကြက်သား ဝယ်မစားရဲအောင် တချို့နေရာတွေမှာ ဖြစ်နေပြီ။ မြန်မာတွေကတော့ အကောင်အတွက်ဆေး လူသုံးလို့ အကောင်နဲ့ တူသူတွေ မျက်စေ့အောက် မှာတင် ရှိတယ်။
သဘာဝ ဟော်မုန်း (၃) မျိုး (Estradiol, Testosterone, and Progesterone) နဲ့ တည်ဆောက် ဟော်မုန်း ၃ မျိုး (Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate) တွေကို တိရစ္ဆာန်တွေကို အသားတိုးအောင် ထိုးပေးတယ်။ Bodybuilding drug ကိုယ်ခန္ဓာ သန်မာကြံ့ခိုင်အောင် သုံးကြတဲ့ဆေးတွေကို ဆရာဝန်တွေတောင်မှ အံ့သြရတယ်။ ဆေး နမူနာ (၃) ခုရေးပြပါမယ်။ 
(၁) Lasix ဆီးဆေးလို့ အလွယ်ခေါ်တဲ့ ကိုယ်ရောင်နေသူ၊ သွေးတိုးရှိသူ၊ နှလုံး အလုပ် မလုပ်နိုင်သူတွေကို ပေးတဲ့ဆေး။ 
(၂) Cytomel ဆိုတာ Thyroid drugs လည်ပင်းကြီးဆေး ဖြစ်တယ်။ 
(၃) Human chorionic gondotropin (HCG) အလွယ်ပြောရင် အချင်းဟော်မုန်း။ 
အများ နားလည်အောင် ပြောရရင် ကိုယ်ဝန်ရှိ-မရှိစစ်တယ်ဆိုတာ ဆီးထဲ-သွေးထဲမှာ ဒီဟာ ပါနေ-မနေ စစ်တာဖြစ်တယ်။ Breast augmentation ရင်သားကို ခွဲစိတ်ပြုပြင်နည်းတွေလဲ ရှိတယ်။ Breast implant ရင်သားအတုထည့်တာ နဲ့ Fat-graft mammoplasty procedures အဆီကို နေရာပြောင်း ထည့်ပေး တာတွေဟာ ရင်သား မလှတာကို လှစေဘို့၊ ပိုပြီး အရွယ်အစားကြီးစေဘို့ နဲ့ ထိတွေ့မှုမှာ သာစေ ဘို့ အတွက်လုပ်တယ်။ ရင်သားခွဲစိတ်ပြုပြင် နည်းတွေမှာ Saline-filled (စေလိုင်း) သုံး နည်း နဲ့ Silicone-filled prosthetic breast (စီလီကွန်) သုံးနည်း လုပ်နိုင်တယ်။ Post–mastectomy ရင်သား ခွဲစိတ်ထုတ် ထားရသူတွေကို Breast reconstruction ရင်သား အသစ်တပ်ပေးတာ လုပ်နိုင်တယ်။ ရင်သား ဝိုင်းစက်-ဖေါင်းကြွနေတာ ဓါတ်ပုံမှာ အသားပေးထားရင် အဲဒါ သာမှတ်။ 
• Breast implant ရင်သားအတု (ကြည့်ရှုရန်)  
• Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း (ကြည့်ရှုရန်)
တွေ ရေးထားပါတယ်။ အပြင်ပမ်း ကြည့်ပြီး ရုပ်လှ-မလှ စသဖြင့် အကဲဖြတ်လေ့ရှိတယ်။ အမြင်မှာ သာစေဘို့ အခုအခံလဲ လုပ်ကြပါတယ်။ Camouflage ခေါ်တယ်။ ပုံဖျက်ထားတာပေါ့။ အမှန်က သူများအမြင်ကို အာရုံပြောင်းစေနည်းတွေ ဖြစ်ပါတယ်။
ဒီအရေးမှာ (စပါယ်ရှယ်လစ်) တွေ ပြောတာက ရင်သားကို ပိုကြီးချင်သူအရေအတွက်နဲ့ ကြီးနေတာကို သေးချင်သူ အရေအတွက် မကွာဘူးတဲ့။ ရင်သား ကြီးနေတာကို ဆေးမပါ၊ ဆရာဝန်မပါဘဲ လှည့်စားနည်း တွေ ရှိပါတယ်။
• Baggy and wavy blouses ချောင်ကျပြီး လှိုင်းထနေတဲ့ အဝတ်အစား ရွေးဝတ်ပါ။ 
• Classic dark, black or navy blue အနက်ရောင်၊ အရောင်ရင့်၊ (နေဗီ-ဘလူး) ဝတ်ဆင်ပါ။ 
• Avoid exposing it ကိုယ့်ဟာကို သူများကို မမြင်သာပါစေနဲ့။ 
• Tops with higher collar and neckline ကော်လာပါတာ ဝတ်ပါ။ လည်မဟိုက်စေပါနဲ့။ ဆွဲကြိုးဝတ်ပါ။ ပုလဲပုတီးဆွဲပါ။ 
• Stripes and different patterns အစဉ်းကြောင်းပါတဲ့ (ပက်တန်) မတူတဲ့ အဆင်ရွေးဝတ်ပါ။ 
• Seamless bra (ဘရာစီယာ) အခွက်ဝိုင်းမှာ ဘာအစဉ်း၊ ဒီဇိုင်းမှမပါတဲ့ ပြောင်ချောနေတာ ဝတ်ပါ။ 
• လူကပိန်ပြီး ရင်သားကထွားနေသူဆိုရင် အောက်က Skinny jeans ဂျင်းဘောင်းဘီ ကြပ်တာဝတ်ပါ။
ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။ ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။ ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို "ခါးသေး-ရင်ချီ" လို့ သတ်မှတ် သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာ ရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက် ခက်ပါတယ်။ ခေမာမိ ဖုရားကြီး တရားချွတ်ခန်း ပန်းချီ တွေ့ဘူးသူ များမှာပါ။ အရိုးပဒေသာပေါ်ကနေ ကြွက်သားတွေ၊ အရွတ် တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ လှချင်သူတွေက အလှဗေဒ နားလည်ကြမယ် ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။ ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် အရုပ်ဆိုးရသူ (ပဉ္စပါပီ) ဟာ ဖောဋ္ဌာဗ္ဗာရုံမှာတော့ နာမည်ကြီးတယ်လို့ ဖတ်ရတယ်။ အာရုံခံစားမှု အရည်အချင်း အလွန့်အလွန်ကို ကောင်းလှသတဲ့။ အာရုံကြောတွေ ကောင်းဘို့ ရာ ကျန်းမာဘို့ မလိုပါလား။ ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံ ကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် Neuron degeneration အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။ ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။ B-1 နည်းရင်၊ B-6 နည်းရင်၊ B-12 နည်းရင် ကြွက်သားတွေ အားယုတ်နေတယ်။
B-12 က ကြွက်သား ပြန်အသစ်ဖြစ်တာ ကူညီမယ်။ E ထဲမှာ Antioxidant and Anti-inflammatory သတ္တိတွေ ရှိလို့ ကြွက်သားပျက်စီးတာပြင်ဘို့ အသုံးကျတယ်။ C ကလဲ ကြွက်သား ထိခိုက်တာအတွက် ကောင်းတယ်။ နည်းရင် တင်းအားနည်းမယ်။ D က ကြွက်သား အကွေး-အဆန့် အတွက်လိုတယ်။ D အလွန်နည်းရင် ကလေးတွေမှာ Rickets အရိုးပျော့ရောဂါ ဖြစ်မယ်။ လူကြီးတွေမှာ Osteomalacia အရိုး မသန်တာ ဖြစ်မယ်။ အရေကြီးဆုံးတခုနဲ့ နိဂုံးချုပ်ပါမယ်။ ကိုယ်ခန္ဓာ အချိုးအစား၊ အဝတ်အစား၊ တန်ဆာ ပလာ၊ လူနေဟန်၊ စတာတွေရဲ့ အတွင်းဘက်မှာ မမြင်ရတဲ့ အလှဆိုတာ သိကြတဲ့အတိုင်း စိတ်အလှဖြစ် ပါတယ်။ ဆရာဝန် မတတ်နိုင်ပါ။ ကိုယ်တိုင်တော့ ကောင်းကောင်း မွေးမြူ၊ သင်ယူ-ကျင့်ဆောင်နိုင် ကြပါ တယ်။ မမြင်ရတဲ့ အလှဆိုတာ မကြည့်ဘဲလဲ သိနိုင်ကြတယ်။ အရာတိုင်းမှာ လှကြပါစေ။
Healths

အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်းစာအုပ် (6.5MB)

 

 အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်း စာအုပ်ဖြစ်ပါယ်။ Website တွေလည်း တော
တော်စုံပါတယ်။ အခုမှ အင်တာနက်စတင်အသုံးပြုသူများအတွက် အရမ်းအသုံးဝင်တဲ့ စာအုပ်လေးပါဗျာ။ 
ဆောင်ထားသင့်ပါတယ်။ အဆင်ပြေပါစေ......... 
Download=>> Link 1, Link 2, Link 3


<div align="center"></div>




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

WhatApp က internet အသုံးပြုပြီး free massage ပို့တာတွေ၊ image တွေပို့တာတွေ၊ video file ပို့တာတွေ၊ အသံဖိုင်လေးတွေပို့တဲ့နေရာမှာ တော်တော်အသုံးဝင်တဲ့ application လေး

အသစ်ထွက် WhatsApp Messenger versopm 2.11.57 Apk



WhatsApp ကိုအသုံးပြုတဲ့ android user တွေအတွက် အသစ်လေးတင်ပေးလိုက်တာပါ။
အားလုံးသိကြတဲ့အတိုင်းပါပဲ WhatApp က internet အသုံးပြုပြီး free massage ပို့တာတွေ၊
image တွေပို့တာတွေ၊ video file ပို့တာတွေ၊ အသံဖိုင်လေးတွေပို့တဲ့နေရာမှာ တော်တော်အသုံးဝင်တဲ့
application လေးလို့ပြောလို့ရတယ်နော်။ အရင်တုန်းကတည်းက ထွက်လာပြီးသားပါ။ အခုထွက်လာတာက
အသစ်လေးမို့လို့ တင်ပေးလိုက်တာပါ။ အသစ်ဆိုပေမဲ့လည်း android version 2.1 နဲ့အထက်မှာ အသုံးပြုနိုင်ပါပြီ။


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။ 
Aung Ko Htet (IT Studier)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

ဗြိတိန်က တက်တူးအများဆုံး ထိုးတဲ့သူ...

 

 
 
 
 
 
 
 
 
 
 
 
 
oddstuffmagazine/internet

အလွဲလေးများ ကြည့်ပြီး ပြုံးပျော်ရွှင်နိုင်ကြပါစေ

အမှတ်တမဲ့အလွဲများ ( ၃၄ )

ဒီတစ်ခေါက် အလွဲလေးများ ကြည့်ပြီး ပြုံးပျော်ရွှင်နိုင်ကြပါစေဗျာ...
သြော်...ကြည့်လုပ်ပုံကိုက ဖောက်ဝင်သွားရင် မတွေးရဲစရာ

အပြိုင်အဆိုင် ၊ အနိုင်မခံ အရှုံးမပေးစတမ်း...


သားသားလည်းသောက် ဖေဖေလည်းမော့မယ်ကွာ...

မေမေအနိုင်ကျင့်တယ်...

ဟေ့...ဒီလေယာဉ်မြန်မာပြည် မပို့ကြနဲ့နော်...

ငါဟာ ရွက်လွှင့်...

မိုးပျံ ကားများလားဟ...

ကွယ်ရာမှာ ဖောက်ပြန်ချင်တယ်ပေါ့...သေစမ်းးးး

အထူးခုံလေ...ဟဲဟဲ

ဘာတွေကိုရိုက်နေတာလဲ..ဦးဦးရယ်...

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ......... နေခရမ်း

ဘာကောင်မှန်းမသိတဲ့ VIP


( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )


နိုင်ငံတခုတွင် ဖြစ်သည်။

လူထုဘဝကို လေ့လာချင်သော သမ္မတကြီးသည် ကိုယ်ရံတော် မပါ၊ လုံခြုံရေးမပါဘဲ၊ ကားတစ်စီး နှင့် ဒရိုင်ဘာတစ်ဦးကို ခေါ်ပြီး ခရီးထွက်လာရာ ပြည်နယ်မြို့ကြီးတစ်မြို့သို့ ရောက်လာ၏။

မြို့အနှံ့လေ့လာနေစဉ် သမ္မတကြီးက ဒရိုင်ဘာကို ပြောသည်... ....

"ငါလည်း ကားမမောင်းရတာကြာပြီ၊ မင်းလည်း ပင်ပန်းနေပြီ၊ ငါတစ်လှည့်မောင်းမယ် မင်း နားလိုက်"

"ဟုတ်ကဲ့"

... ဆိုပြီး နေရာပြောင်းထိုင်ကြတယ်

သမ္မတကြီးလည်း ငယ်မူငယ်သွေးတွေကြွပြီး စွတ်ရွတ်မောင်းလိုက်တာ တနာရီ မိုင်၈၀ လောက်ဖြစ်ရော ယာဉ်ထိန်းရဲက ဖမ်းတားပြီပေါ့၊

လိုင်စင်တောင်းမလို့ ကားထဲငုံ့ကြည့်လိုက်တော့ အထဲကလူနှစ်ယောက်ကို မြင်တာနဲ့ ရဲခမြာ လန့်ဖျန့်သွားတယ်။

ဘာလုပ်ရမှန်း မသိလို့ သူ့ဆရာဆီကို ဝေါ်ကီတော်ကီနဲ့ လှမ်းခေါ်တယ်...

"ဆရာ... ဒီမှာ ကားတစ်စီးကို မိုင်နှုန်းပိုမောင်းလို့ ဖမ်းထားတယ် ခင်ဗျ"
"အဲဒါဘာဖြစ်လဲကွ၊ ချလံဖြတ်လိုက်ပေါ့"

"ကားပေါ်မှာ VIP ပါနေလို့ ဆရာ"
"ဘာ VIP လဲကွ"

"ပေါ့သေးသေးတော့ မဟုတ်ဘူးဆရာ"
"လွှတ်တော် အမတ်လား"

"သူ့ထက် VIP တယ် ဆရာ "
"မြို့တော်ဝန်လား"

"သူ့ထက် VIP တယ် ဆရာ "
"တိုင်းမှုးလား"

"သူ့ထက် VIP တယ် ဆရာ "
"ဝန်ကြီးချုပ်လား"

"သူ့ထက် VIP တယ် ဆရာ "

အဲဒီမှာ ဆရာလုပ်သူလည်း ဒေါသထွက်လာပြီး သူ့တပည့်ယာဉ်ထိန်းရဲကို အော်တော့တာပေါ့... ....

"ဟေ့ကောင်၊ ဝန်ကြီးချုပ်ထက်ကြီးတာ မင့်အမေလင် သမ္မတပဲ ကျန်တော့တယ်"

ဒီတော့ ရဲလေးက တိုးတိုးလေးပြန်ပြောလိုက်ပါတော့တယ်...

"အဲဒီလူက ဘာကောင်လဲတော့ မသိဘူး။
သူ့ကို ကားမောင်းပေးနေရတာကတော့ ဆရာပြောတဲ့ အဲဒီကျနော့်အမေလင်ကိုယ်တိုင်ပါပဲခင်ဗျ..."

(သန်၎ကို ပေါက်ကရရေးသည်)


(သန်၎ကိုရဲ့ ဟာသများကို http://blog.irrawaddy.org/search/label/Than%20Lay%20Ko မှာ ဖတ်နိုင်ပါပြီ)

http://blog.irrawaddy.org/2013/09/vip.html

ဇာဂနာနှင့် တရားရုံးဟာသများ ( ဖြစ်ရပ်မှန်)...............


=========================
ဇာဂနာနဲ့ ဗီဒီယိုအက်ဥပဒေ

ဇာဂနာ – ဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲ။
တရားသူကြီး – နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့။ ဆင်ဆာမတင်လို့။
ဇာဂနာ – မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား။ မုန်တိုင်းတိုက်တာ ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။
တရားသူကြီး - ကိန်။

ဇာဂနာ နဲ့ ဘုန်းကြီးလမ်းလျှောက်မှု

ဇာဂနာ – ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ။
တရားသူကြီး - အဲဒီ ဘုန်းကြီးတွေက လမ်းပေါ် လမ်းလျှောက်တယ်။
ဇာဂနာ – ဒီအမှုက သဘာဝမကျတော့ဘူး၊ ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်။
တရားသူကြီး - ထွက်မနေပါနဲ့ကွာ၊ ထွက်လည်း ထောင်ဒဏ်တွေ ပေး … အုံး… မှာ…။

ဆွဲချနဲ့ အီးမေးပြဿနာ

အစိုးရရှေ့နေ - ကိုဇာဂနာ ရှင့်အီးမေးလ် ပြော။
ဇာဂနာ - thura61@gmail.com
အစိုးရရှေ့နေ - ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူး။
ဇာဂနာ - ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။

တစ်မှု့ တည်းနဲ့ ကြီးပါတယ်

နိုင်ငံကျော် လူရွှင်တော် ဇာဂနာအား အင်းစိန်ထောင်မှ ထောင်ဝင်းအတွင်းရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်အကြည်ညို ပျက်စေမှု အပါအ၀င် အမှုပေါင်း ၇မှုနဲ့ 
တရားစွဲဆို ပါမယ်။ မောင်မင်းဘာပြောစရာ ရှိပါသလည်း။

ဇာဂနာ။ ။ မရှိပါဘူး။

တရားသူကြီး။ ။ ဒါဆိုရင် နောက်လာမယ့် အပတ်မှာ စွဲဆိုထားတဲ့ အမှု ၇ မှုကို စတင်စစ်ဆေးပါမယ်။

နောက်တပတ်ကြာသော ဇာဂနာအား တရားရုံးသို့ ရောက်ရှိခဲ့ပါသည်။

တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်က အကြည်ညိုပျက်စေမှု အပါအ၀င် အမှုပေါင်း ၁၄ မှုနဲ တရားစွဲဆို ပါမယ်မောင်မင်း ဘာပြောချင်ပါသလဲ။

ဇာဂနာ။ ။ အရင်အပတ်က ၇မှုကနေ အခု ၁၄မှု ဘာဖြစ်လို့ ဖြစ်သွားရပါသလည်း။

တရားသူကြီး။ ။ ထပ်တိုးတဲ့မူအရ ……….အဲ မဟုတ်ပါဘူး။ နောက်တိုး ပုဒ်မများအရ စွဲဆိုရခြင်းဖြစ်ပါတယ်။ ထုချေလွှာ တင်သွင်းနိုင်ပါတယ်။

ဇာဂနာ။ ။ လူကြီးတွေကိုပြောလိုက်ပါ။ အမှုတွေအများကြီး စဉ်းစားစရာမလိုပါဘူး။ တစ်မှုတည်းနဲ့ ဘဲ သေဒဏ်ချမှတ်လို့ ရပါတယ်လို့ ။

ဇာဂနာ နဲ့ နိုင်ငံရေးအကျဉ်းသား

ဇာဂနာ – အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုး တောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။
ဧရာဝတီသတင်းဌာန – ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဇာဂနာ - နိုင်ငံရေးအကျဉ်းသားလို့ ကျနော် မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။

Credit > Thu Rein
Copied From ပြည်မြန်မာ

" အစက ကြိုသိခဲ့ရင်ကွယ် "

* ယနေ့အကြိုက်ဆုံး ဟာသ *
===================
" အစက ကြိုသိခဲ့ရင်ကွယ် "

လူရွယ်လေးတစ်ယောက် ဆေးဆိုင်တစ်ဆိုင်ထဲ ဝင်လာတယ်
ဆိုင်ရှင်ဦးလေးကြီးက မေးတယ်... ...

"ဘာလိုချင်လို့လဲ ငါ့တူ"
"အဲ... ကွန်ဒုံ"

"ဘယ်နှစ်ခုလဲကွ"
"အင်း... အဲ ဘယ်နှစ်ခု ဝယ်ရပ့ါ"

"ကိုယ့်ဟာကိုတောင် ဘယ်နှစ်ခုလိုအပ်မှန်း မသိဘူးလား"
"အော် ဦးလေးကလည်း၊ ကောင်မလေးနဲ့က ဒီနေ့ညမှ အပြင်မှာ နှစ်ယောက်ထဲ တွေ့ရမှာဗျ"

"အော်... "
"ဒီတော့ လိုရမယ်ရ တစ်ဒါဇင်ပေး"

ဒါနဲ့...
ကောင်လေးလည်း ကွန်ဒုံဗူးကို ဘောင်းဘီအိတ်ထဲထည့်ပြီး ကောင်မလေးအိမ်ကို ချီတက်ခဲ့တယ်
ကောင်မလေးမိဘတွေက သူ့ကို တွေ့ဖူးချင်တယ်ဆိုလို့ လာတွေ့ရတာလေ
မိဘတွေနဲ့ ညစာစားရင်း စကားစမြည်ပြော၊ ပြီးတာနဲ့ ကောင်မလေးကို အပြင်ခေါ်ထုတ်ပြီး အခြေအနေကောင်းရင်တော့ ... အိုကေပေါ့ အကြံဆိုးကြီးနဲ့

ကောင်မလေးအိမ်ရောက်တော့ ညစာစားပွဲက အဆင်သင့်ဖြစ်နေပြီ
ဒါပေမယ့်...
ကောင်မလေးရဲ့ အဖေ အလုပ်ကပြန်မလာသေးလို့ ခဏစောင့်နေရသေးတယ်
တော်တော်လေးကြာတော့ သူ့အဖေပြန်ရောက်လာတယ်
ဒါနဲ့ ထမင်းဝိုင်းမှာ ထိုင်ကြရော...
ဘာသာရေးထုံးစံအရ ညစာမစားခင် ဆုတောင်းကြတယ်

ခက်တာက...
ခေါင်းကြီးငုံ့ပြီး ဆုတောင်းနေတဲ့ ကောင်လေးခေါင်းက တော်တော်နဲ့ပြန်မော့မလာဘူး
အကြာကြီး ဆုတောင်းနေပုံရတယ်
ဒါနဲ့ ကောင်မလေးက တိုးတိုးလေးကပ်ပြောတယ်... ...

"မောင် ဒီလောက်ထိ ဘာသာတရားကိုင်းရှိုင်းမှန်း အစ,က ကျမ မသိဘူး"

ဒီတော့ ကောင်လေးက ပြန်ပြောတယ်... ...

"လမ်းထိပ်က ဆေးဆိုင်ပိုင်ရှင်ဟာ ချစ်လေး ဖေဖေမှန်း၊ မောင်လည်း အစ,ကမသိဘူး"... တဲ့။

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko