This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, December 11, 2013

~ဘယ်လိုအခြေအနေမျိုးမှာ ရေမချိုးသင့်ပါသလဲ~

~ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ~
(ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ )

❉ သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ...
ရေချိုးတဲ့အခါ ရေအပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး
ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့
အလွယ်တကု မှုးလဲတတ်ပါတယ် ။
ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။

❉ ရေအေးဖြင့်အမြဲ မျက်နှာသစ်သူတချို့ ...
ကျန်းမာရေးချို့တဲ့တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ။နဂိုကခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှု ကြောင့်အအေးမိ ၊အဖျားတက်ခြင်းကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူကသွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။

❉ အရက်သောက်ပြီး နောက် ရေမချိုးသင့်...
အရက်ပျံက အသည်း အလုပ်လှုပ်ရှားမှုကို ပာန့်တားနိင်တယ် ။ ဂလုးကို့စ် ထုတ်လုပ်ခြင်းကိုတားဆီးတယ်။ရေချိုးတဲ့အခါခန္ဓာကိုယ်ထဲမှသကြားဓာတ်ကိုအသုံးပြုရတာပိုများလာပါတယ်။အရက်သောက်ပြီးနောက်ရေချိုးရင်သွေးချိုက အချိန်မှီမဖြည့်စည်းပေးနိင်တာမို့အလွယ်တကု ခေါင်းမုးခြင်း ။ မျက်စိပြာခြင်း ၊ တစ်ကိုယ်လုံးအားမရှိ အားပျော့သွားတတ်ခြင်း ။ ပိုဆိုးပါက သွေးချိုကျဆင်းခြင်းကြောင့် မူးမေ့ မြော သွားတတ်ပါတယ် ။

❉အစားဝအောင်စားပြိး နောက် ရေမချိုးသင့်...
အစားဝအောင်စားပြိး နောက် ရေချိုးရင်တစ်ကိုယ်လုံးရဲ့အပေါ်ယံအရေပြား သွေးကြောက ရေနွေးရဲ့နိုးဆွမှုကြောင့် ကျယ်ပြန့်သွားပါတယ် ။ များသောသွေးလည်ပတ်မှုကအပြင်ဖက်သို့ရောက်ရှိလာတာနဲ့အမျှဝမ်းဗိုက်ထဲမှသွေးပန့်ပိုးမှုကနည်းလာတာမို့ အစာကြေလမ်းကြောင်းစုတ်ယုမှုကို ထိခိုက်စေတာကြောင့်သွေးချိုကကျဆင်းလာပါတယ် ။ ပိုဆိုးပါက မှုးမေ့လဲကျ တတ်ပါတယ် ။

❉ အလုပ်လုပ်ပြီးချင်း ရေမချိုးသင့်...
ကာယအလုပ်လုပ်ဖြစ်စေ ဥာဏ်စွမ်းရည်ဖြင့်အလုပ်လုပ်သည်ဖြစ်စေ
အလုပ်လုပ်ပြီးနောက် ခဏ အနားယုပြီးမှ ရေချိုးသင့်တယ် ။
သို့မပာုတ်လျှင် နှလုံးရောဂါ ၊ ဦးနှောက်ထဲမျာသွေးပန့်ပိုးမှုမပြည့်စုံခြင်း ဖြစ်တာမို့မုးမေ့လဲကျသွားတတ်ပါတယ် ။

❉ အဖျားရှိတဲ့အခါရေမချိုးသင့်...
အဖျား (၃၈ဒီဂရီ = ၁၀၀.၄ ဖာရင်ပိာုက် ) မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ကယ်လိုရီကုန်ဆုံးသွားက ၂၀% များလာပါတယ် ။ အဲဒီအချိန်မှာခန္ဓာကိုယ်ကအားလျှော့တာတဲ့အချိန်ဖြစ်တာမို့ရေချိုးလိုက်ရင် ရုတ်တရက် (အက်စီးတန့်)မတော်တဆများဖြစ်ပွားနိင်ပါတယ် ။

လုတိုင်း လုတိုင်း ရေချိုးတာက နေ့စဉ် အလုပ်တစ်ခု ဖြစ်နေတယ် ။
ရေချိုးခြင်းကိုချိုးကိုချိုးရမယ်လို့တသတ်မှတ်တည်း မသတ်မှတ်ပါနဲ့ ။
ရှောင်ရန်နှင့်သတိထားစရာတွေလည်းရှိပါတယ် ။ သတိမမှုမိရင်
ရေချိုးလိုက်တာနဲ့တစ်ကိုယ်လုံးရောဂါဝေဒနာများရတတ်ပါတယ်။
အထုးသဖြင့်အလွန်ပုတဲ့မြန်မာပြည်၊ထိုင်း။မလေးမှာရှိတဲ့သူငယ်ချင်းများပိုပြီးသတိထားသင့်ပါတယ် ။ 

(ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ)

post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note ref: JinLi chao(copy from phyumarthant)
note&photo credit to original uploader
photo from google

အောက်နှိုက်သွားတယ် လို့ လူသိများတဲ့ လူပျိုလှည့်တဲ့ဓလေ့ ..................

 မွန်လူမျိုးတို့ရဲ့ ထုးဆန်းပြီးလူသိများတဲ့ လူပျိုလှည့်ခြင်းဓလေ့တစ်ခု ကတော့ညဘက်အချိန်မှာ မိမိနှစ်သက်တဲ့မိန်းမပျိုအိမ်အောက် လူပျိုလှည့် တဲ့ဓလေ့ပါ ။ အောက်နှိုက်သွားခြင်းလို့ လူသိများတဲ့ ဓလေ့ လို့အခြားတိုင်းရင်းသားတွေ သိထားတဲ့ဓလေ့ ဟာ ရိုင်းစိုင်းတဲ့ဓလေ့တစ် ခု မဟုတ်ပါဘူး။
မွန်လို" ကြေ၀်ဝုတ် " မြန်မာအသံထွက် ကရဲဝု ( မိန်းမပိုး ခြင်း) လို့အဓိပ္ပါလ်ရပါတယ်။ မိကောင်းဖသားပီပီ အိမ်အောက်အရောက် သွားပြီးပွင့်ပွင့်လင်းလင်း ချစ်ရေးဆိုတဲ့ဓလေ့တစ်ခုပါ။ မွန်အိမ်တွေ ဟာ ခြေတံရှည်အိမ်ဖြစ်ပြီး အိမ်အောက်အထိ နွားလှည်းမောင်း သွင်းလို့ရအောင်၊ အချို့စပါးကျီတွေကို အိမ်အောက်မှာကန့်ပြီးဆောက် လို့ရအောင်ကို မြင့်ကြပါတယ်။ အခု လို ညဘက် လူပျိုလှည့်တဲ့ ဓလေ့မှာ ကာလသားဟာမိမိနှစ်သက်သဘောကျတဲ့မိန်းမပျိုကို ညဘက်အိမ်အောက် အရောက်ချစ်ရေးဆိုနိုင်ဘို့၊မိမိအပေါ်တိမ်းညွတ်မှုရှိမရှိ၊စတဲ့သတင်းချက် လက်တွေ ရဘို့ အပျိုခေါင်းဆောင်( သို့) အောင်သွယ်တော်ကို အားကိုးရ ပါတယ်။ အဓိက ကတော့ မိမိနှစ်သက်တဲ့မိန်းမပျိုအိပ်တဲ့ နေရာအတိကျ ကို သိဘို့ သတင်းအချက်လက်ရဘို့ အရေးကြီးပါတယ်။အပျိုခေါင်းဆောင် " သို့" အောင်သွယ်တော်က လည်းမိန်းမပျိုကို ကနေ့ည အိမ်အောက်လူပျို လှည့်သူလာမယ်ဆိုတာ ပြောပြီးဘယ်သူဘယ်ဝါမပြောဘူး။ ညဘက်ရောက် ရင် ကာလသားက အဖေါ်ခေါ်ပြီးသော်လည်းကောင်း တစ်ဦးတည်းသော် လည်းကောင်း ခွေးခြေတစ်လုံးကို သယ်ဆောင်သွားရပါတယ်။ မိန်းမပျိုအိမ် အောက်ရောက်ရင် အသင့်ဆောင်လာတဲ့ တုတ်(သို့)၀ါး စသဖြင့် မိန်းမပျို အိပ်တဲ့ကြမ်းကို ခေါက်ပြီး နှိုးသလို အချို့က ကြမ်းကြားသေးသေးထဲ ၀င်နိုင်အောင် ၀ါးကို အနည်းငယ်ချွန်တဲ့ဝါးနဲ့နိုးပြီး မိမိရောက်ပြီဖြစ်ကြောင်း အသိပေးရပါတယ်။ မိန်းမပျိုက မိမိအိပ်တဲ့ ခေါင်းရင်း ကြမ်းပြင်ကြားကနေ စကားပြန်ပြောပါတယ်။ ကာလသားက ခွေးခြေပေါ်ထိုင်ပြီး စကားကို အချီကျ ပြောသလို စကားထှာသဘောလဲပြောတတ်ကြတယ်။ ဘယ်သူဘယ်ဝါဆိုတာလဲမေးရင်း နဲ့အပြန်လှန်စကားပြောတဲ့ဓလေ့သာ ဖြစ်တယ်။ မိန်းမပျိုက မနှစ်သက်ရင် စကားပြန်မပြောလည်းနေနိုင်တယ်။ စကားပြန်မပြောရင် ကာလသားက ပြန်လှည့်ရတတ်ပါတယ်။ အခုလူပျိုလှည့်ခြင်းမှာ ချစ်သူရှိပြီးသား မိန်းကလေးဖြစ်နေရင်လဲ သွား ရောက်လူပျိုလှည့်လို့ရသလို ရင်ဖွင့်ချစ်ရေးဆိုခွင့် ရှိပါတယ်။ အခု လူပျို လှည့်နည်းမှာ ကိုယ်ထိလက်ရောက်ကျုးလွန်ခြင်းမလုပ်ဘို့စောင့်ထိမ်းရ သလို အများထင်သလို လက်ဝင်လို့ရတဲ့ကြမ်းပေါက်လဲ မရှိပါဘူး။ အခု လူပျိုလှည့်နည်းမှာ အိမ်ထောင်သည် လုံးဝ လိုက်ပါခွင့်မရှိပါဘူး။ ကာလ သားဟာ ပထမဦးဆုံးလူပျိုလှည့်ခြင်း ဖြစ်ခဲ့ရင်နောက်နေ့မှာ ဘယ်မိန်းမပျို အိမ်အောက် လူပျိုလှည့်ခဲ့ စကားပြောခဲ့တာ မိမိဖြစ်ကြောင်းကြေငြာပေး ရပါတယ်။ အဲသလို ကြေငြာပေးမှ ရပ်သိရွာသိဖြစ်ပြီး မိန်းမပျိုကလည်းည ကမိမိကို လူပျိုလှည့် ချစ်ရေးဆိုသူဘယ်သူလဲဆိုတာ သိဘို့လိုပါတယ်။ အခုလူပျိုလှည့်နည်းမှာ အဓိကအရေးကြီးတာက မိန်းမပျိုအိပ်တဲ့နေရာ အတိကျသိဘို့အရေးကြီးပါတယ်။ တခါတလေ အဆင်မပြေမူလေးတွေ ချွတ်ချော်တဲ့ နေရာပေးမိခြင်း ဖြစ်ခဲ့ရင်အိုးနင်းခွက်နင်းဖြစ်တတ်တယ်။ မိန်းမပျိုဖခင် အိပ်တဲ့နေရာ တုတ်နဲ့ထိုးမိသူများလဲရှိတတ်ကြပါတယ်။ မိန်းမပျိုအိပ်တဲ့နေရာ ဖြစ်ပေမဲ့ အဲဒီညမှ အခြားသူတစ်ဦး အိပ်လိုက်တဲ့ အခြေနေတွေလည်းဖြစ်တတ်ပါတယ်။ မူးရစ်သောက်စားပြီးလူပျိုလှည့်သွား ရင် လဲ အဆင်မပြေပါဘူး။ ဒါ့ကြောင့် အောက်နိုက်ခြင်းလို့ လွယ်လွယ် အမည်ပေးလိုက်တဲ့ လူပျိုလှည့်ဓလေ့မှာ ရိုင်းစိုင်းတဲ့ အပြုမူမရှိဘဲ ယဉ်ကျေး သိမ်မွေ့ရတဲ့ဓလေ့တစ်ခုသာဖြစ်တယ်။ " ကျမကို ကြိုက်လို့အောက်နိုက်လာ ကျမ မကြိုက်တော့တုတ်နဲ့ထိုး အဖေနိုးတော့ တုတ်နဲ့လိုက် သူထွက်ပြေးတော့ ခွေးလိုက်ကိုက် " လို့ လူရွင်တော်တွေ ပြက်လုံးထုတ်တတ်ပါတယ်။ အခု ဓလေ့ကို ရှေးကျတဲ့ မွန်ရွာအချို့မှာ ကျင့်သုံးဆဲဖြစ်ပေမဲ့ မြို့ပေါ်တွေ မှာ မရှိတော့ပါဘူး။ မွန်လူမျိုးများရဲ့နာမည်ကြီးပြီးထူးဆန်းတဲ့ လူပျိုလှည့်ခြင်းဓလေ့ဖြစ်ပြီး ကိုယ်ထိလက်ရောက် မကျုးလွန်အောင် ထိမ်းသိမ်းယဉ်ကျေးရတဲ့ ဓလေ့သာဖြစ်ပါတယ်။
 ( ၉.၁၂.၂၀၁၃)

KIA တပ်ရင်း (၈) အား အစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အထိနာ၍ တပ်ဆုတ်ထား ....................

KNG

တိုက်ပွဲများငြိမ်သက်နေသော ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) ဖက်တွင် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ KIA တပ်ရင်း (၈) တပ်စခန်းအား အစိုးရတပ်မှ သိမ်းပိုက်ရန်စစ်အင်အားများဖြင့် တိုက်ခိုက်လာခြင်းကြောင့် KIA ဖက်မှ အထိနာလာပြီး ဒီဇင်ဘာ ၅ ရက်နေ့က စခန်းကိုနောက်ဆုတ်လိုက်ရကြောင်း KIA စခန်းမှ ပြောသည်။

အစိုးရတပ်မှ KIA တပ်ရင်း (၈) နမ်လက် (Nam Let) စခန်းအား သိမ်းပိုက်ရန် ပစ်ခတ်လာချိန် ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ခဲ့ချိန် တိုက်ပွဲတွင် KIA ဖက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ တပ်မဟာ (၄) အရာရှိတဦး ကချင်သတင်း ဌာနသို့ပြောသည်။

“ညလည်း မိုးချုပ်တဲ့ထိပစ်တယ် KIA နမ်လက် (Nam Lek) စခန်းကို လက်နက်ကြီးတွေနဲ့ တညလုံး ပစ်နေတော့ မနက် ၄ နာရီချိန်မှာနှစ်ဖက်တပ်ကနေ ပစ်ကြတယ် မနက် ၁၀ နာရီထိပစ်ကြတယ် ကျနော်တို့က မနက် ၉ နာရီလောက်မှာ စခန်းကနေ ဆုတ်ပေးလိုက်တယ်” ဟုပြောသည်။

၎င်း KIA တပ်ရင်း (၈) နမ်လက် (Nam Let) စခန်းအား အစိုးရတပ်စစ်အင်အား ၂၀၀ ကျော်ဖြင့် ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ထိုး စစ်ဆင်ပစ်ခတ်တိုက်ခိုက်လာပြီး ညနေ ၃ နာရီချိန်မှ KIA တပ်ရင်း (၈) နမ်လက် (Nam Lek) စခန်းအား ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်လာပြီး ညမိုးချုပ်သည့်ထိ နက်လက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ကြောင်းသိရသည်။

အဆိုပါ တပ်မဟာ (၄) ဒေသ KIA တပ်ရင်း (၈) (Nam Let) စခန်းတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည့် ကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး (PCG)အဖွဲ့သည် တိုက်ပွဲဖြစ်ပွားနေကြောင်းကိုသာသိရှိရပြီး စခန်းအားနောက်ဆုတ်လိုက်ကြောင်း ကိုမူမသိရှိသေးကြောင်း PCG ပြောခွင့်ရ ဦးလမိုင်ဂွမ်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုအစိုးရတပ်သည် မိုင်းဝီး ဘက်မှထိုးစစ်ဆင်လာသော ခြေမြန်တပ် ခမရ- ၅၀၅ နှင့် ခြေလျင်တပ် ခလရ -၃၂၄ ခလရ- ၁၂၃ များဖြစ်ပြီး စစ်အင်အား ၂၀၀ ကျော်လှုပ်ရှားစစ်ကြောင်းများဖြစ်ကြောင်းသိရသည်။

ထို့နေ့အတွင်း တပ်ရင်း (၈) နမ်ငေါန် (Nam Ngawn) နှင့် ကယုံ (Kayun) ကြားတွင်လည်း ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မဟာ (၄) KIA တပ်ရင်း (၂) မုန်ဂျီဒေသဂျွန်မြန်း (Jawn Myen) တွင် အင်အား ၈၀ ခန့်ရှိသည့် အစိုးရတပ် ခြေမြန်တပ်ရင်း ၁၂၅ နှင့် နံနက် ၈ နာရီချိန် မိနစ် ၂၀ ခန့် ပစ်ခတ်ကြပြီး ၁၀ နာရီချိန်တွင် မုန်ဂျီ ဆိုင်းခေါင် (Sai Hkau) တွင် နာရီဝက်ကြာ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။

အဆိုပါ KIA တပ်ရင်း (၂) ဒေသတွင်ဖြစ်ပွားသော တိုက်ပွဲ၌ အစိုးရတပ်ဖက်မှ ၂ ဦးသေ ၁ ဦး ဒဏ်ရာရကြောင်း KIA ဖက်မှ ပြောဆိုသော်လည်း အစိုးရဖက်သို့ အတည်ပြုချက်မရရှိသေးပါ။
အစိုးရနှင့် KIA တပ်ဖွဲ့များကြား တိုက်ပွဲများသည် ကချင်ပြည်နယ်ဖက်သို့ လတ်တလော ငြိမ်သက်ခြင်းဖြစ်သော်လည်း ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် KIA တပ်များဖက်မူ တိုက်ပွဲများ မကြာခဏပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ဆက်လက်၍လည်း အစိုးရတပ်ဖက်မှ လွန်ဂမ်၊ ငေါ့ငှားတွင် အင်အားများတိုးချနေဆဲဖြစ်သောကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်ဆဲဖြစ်ကြောင်း KIA ဖက်မှသုံးသပ်ပြောဆိုသည်။

အင်္ဂါဂြိုဟ်မှာ ရေရှိခဲ့ဖူး...................

တိမ်ကောနေတဲ့ Gale ရေအိုင်ဟောင်းကြီး

နာဆာ အမေရိကန် အာကာသ အေဂျင်စီရဲ့ Curiosity အာကာသ ယာဉ်က ရယူ ရိုက်ကူး ထားတဲ့ ဓာတ်ပုံ အချက်အလက် တွေအရ ကမ္ဘာပေါ်က ဇီဝ ပိုးမွှားတွေ အသက် ရှင်သန် နေထိုင်နိုင်တဲ့ ရေအိုင်ကြီး တအိုင်ကို အင်္ဂါ ဂြိုဟ်မှာ တွေ့ရှိ ခဲ့ပါတယ်။

chemolithoautotrophs အမည်ရတဲ့ ဒီပိုးမွှား တွေဟာ အသက်ရှင် ရပ်တည်ဖို့ အလင်းရောင် မလိုအပ်ပေမယ့် ကျောက်ခဲနဲ့ ဓာတ်သတ္တု တွေကို ဖြိုခွဲပြီး စွမ်းအင် ထုတ်ယူ ကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။

ဒီပိုးမွှားတွေက ကမ္ဘာပေါ်က သမုဒ္ဒရာ ကြမ်းပြင်နဲ့ လိုဏ်ဂူတွေ ထဲမှာ တည်ရှိ ကြပါတယ်။

Gale ချိုင့်ကြီး လို့ ခေါ်တဲ့ တိမ်ကော နေတဲ့ ရေအိုင်ဟောင်း ကြီးဟာ ကမ္ဘာပေါ်က အိုင်တွေနဲ့ အလွန် တူကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ​နှင့် ၀ိုင် ​ရောင်း​ချ​မှု ​စီး​တီး​မတ် ​ရပ်​ဆိုင်း​ .....................

Tuesday, December 10, 2013

ပြီး​ခဲ့​တဲ့​ရက်​ပိုင်း ​သာ​ကေ​တ ​မြ​မာ​လာ​လမ်း​က ​ဂို​ဒေါင်​တ​ခု​မှာ ​နိုင်​ငံ​ခြား​က ​တင်​သွင်း ​လာ​တဲ့ ၀ိုင်​ပု​လင်း ၉ သောင်း​နီး​ပါး​နဲ့ ​အ​ရက်​ပု​လင်း ၁ ​ထောင်​ကျော် ​ဖမ်း​ဆီး ​စစ်​ဆေး ​ခံ​နေ​ရ​တာ​နဲ့ ​ဆက်​စပ်​ပြီး ​စီး​တီး​မတ် ​ဟိုး​ဒင်း​ကု​မ္ပ​ဏီ​ဟာ ​သူ​ကုန်​တိုက်​တွေ​က​နေ ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက်​အား​လုံး​ကို ​ဖယ်​ရှား​လိုက်​ပြီး ​ရောင်း​ချ​ခြင်း​ကို​လည်း ​ရပ်​ဆိုင်း​ထား​လိုက်​ပါ​တယ်။

ဆိုင်​ခွဲ ၅၀ ၀န်း​ကျင်​ရှိ​တဲ့ ​စီး​တီး​မတ် ​အ​ရက်​နဲ့ ​ဘီ​ယာ​ကောင်​တာ​တွေ​မှာ ​မ​နေ့​က​စ “​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ​စီး​က​ရက်​နှင့် ၀ိုင်​များ ​ရောင်း​ချ​ခြင်း​ကို ​ခေ​တ္တ ​ရပ်​ဆိုင်း​ထား​ပါ​သည်။ ​အ​ဆင်​မ​ပြေ​မှု​များ​အ​တွက် ​တောင်း​ပန်​အပ်​ပါ​သည်။” ​ဆို​တဲ့ ​စာ​တန်း​လေး​တွေ ​ချိတ်​ဆွဲ​ထား​တာ ​တွေ့​မြင်​ကြ​ရ​ပါ​တယ်။

အ​လား ​တူ ​မြို့​လယ် ​ဧ​ရိ​ယာ​တွေ​မှာ ​ဖွင့်​လှစ်​ထား​တဲ့ ​အ​ရက်၊ ​ဘီ​ယာ​နဲ့ ၀ိုင် ​သီး​သန့် ​အ​ရောင်း​ဆိုင်​တွေ​ဟာ​လည်း ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ​နဲ့ ၀ိုင်​တွေ​ကို ​ဖယ်​ရှား​ထား​ပြီး ၀ယ်​သူ​လာ​မှ ​သိုဝှက်​ထား​တဲ့ ​နေ​ရာ​တွေ​က​နေ ​သွား​ယူ​ရောင်း​ချ​ပေး​တာ​မျိုး ​ပြု​လုပ်​လာ​ကြ​ပါ​တယ်။

အ​စိုး​ရ​ဟာ ​နိုင်​ငံ​ခြား​က​နေ ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက် ​တင်​သွင်း​ခွင့်​တွေ​ကို ​အ​ရင် ​စစ်​အာ​ဏာ​ရှင်​တွေ ​လက်​ထက်​က​တည်း​က ​ပိတ်​ပင်​ထား​ခဲ့​တာ ​ဒီ​နေ့​အ​ထိ ​ဖြစ်​ပါ​တယ်။

ဟို​တယ်​တွေ​ရဲ့ ​တင်​ပြ​ချက်​နဲ့ ​သွင်း​ကုန်​လိုင်​စင် ​အ​နည်း​အ​ကျ​ဉ်း ​ထုတ်​ပေး​တာ​က​လွဲ​ပြီး ​ကုန်​တိုက်​နဲ့ ​အ​ရောင်း​ဆိုင်​တွေ ​ရောင်း​ချ​သ​မျှ ​အား​လုံး​ဟာ ​မှောင်​ခို ​သွင်း​လာ​တာ​တွေ ​ချည်း ​ဖြစ်​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ

Thit Htoo Lwin - News

မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် မြွေသေတ္တာအလုံး ၃၀ တွေ့ ..................

Tuesday, December 10, 2013

မန္တလေး၊ ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချော ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့မည့် မြွေသေတ္တာ အလုံး၂၀ တွေ့ရှိခဲ့ကြောင်း အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်း၍ ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က စီနိုထရပ်ယာဉ် အမျိုးအစား ၂၂ ဘီး နောက်တွဲယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ရာ ယင်းယာဉ် ပေါ်မှ မြွေမျိုးစုံ ထည့်ထားသော အလျား၂၈ လက်မ၊ အနံ ၁၉ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ သစ်သားသေတ္တာ အလုံး ၃၀ ကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

"တရုတ်ပြည်ဘက်ကို မြွေ၊ လိပ် အကုန်သယ်တယ်။ ကားသမား ကတော့ ထွက်ပြေး တိမ်းရှောင်သွားတယ်" ဟု အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူက ထပ်မံပြောဆိုသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ယာဉ်နှင့် မြွေမျိုးစုံ ထည့်ထားသော သစ်သား သေတ္တာအလုံး ၃၀ ကို သစ်တောဦးစီးဌာနက သစ်တောဥပဒေ အရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

Thit Htoo Lwin - News

လက်လုပ်ဗုံး တောင်ကြီး၌ပေါက်ကွဲ ဗုံးပြုလုပ်သူ ခြေချင်းဝတ်ပြတ် ...............................

Tuesday, December 10, 2013

တောင်ကြီး၊ ဒီဇင်ဘာ-၉

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့်ရှိ၊ အိမ်အမှတ် (၁၈၈) နှစ်ထပ်နေအိမ်၌ ဒီဇင်ဘာ ၈ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့်ရှိ အိမ်အမှတ် (၁၈၈) နှစ်ထပ်အိမ်နေ ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်း (၄၈)နှစ်၊ အလယ်ဗလီဥက္ကဋ္ဌသည် ၎င်းနေအိမ်အောက်ထပ်၌ ကွန်ထရိုးမိုင်းဒေသန္တရဗုံးအား နှစ်လက်မခွဲခန့်ရှိ သံပိုက်ခေါင်း အဖုံးနှစ်ခုဖြင့် ယမ်းများထည့်၍ စမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့
ခြင်းဖြစ်သည်။

ဦးမြင့်သိန်းတွင် ၀ဲဘက်ခြေထောက် ခြေချင်းဝတ်ပြတ်၊ ၀ဲဘက်လက်မနှင့် လက်ညှိုးပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီး အရိုးကုသဆောင် အခန်း (၃)တွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အိမ်က မိသားစုဝင်လေးယောက်နဲ့ အလုပ် သမားခြောက်ယောက် စုစုပေါင်း ၁၀ ယောက်ကို တောင်ကြီးမြို့မ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးပါတယ်။ ပြည်နယ် ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့ကလည်း လာရောက် ကြည့်ရှု စစ်ဆေးပြီးသွားပါပြီ " ဟု မိသားစုဝင်တစ် ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဟာဂျီယူစွတ် (ခ) ဦးမြင့်သိန်းသည် ရှမ်းပြည်နယ်၏ ဆိတ်၊အမဲကန်ထရိုက် လုပ်ကိုင်သူ တစ်ဦးဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာမှ မီးလောင်ကျွမ်းထားသည့် ဘောစေ့များ (ယမ်းနံ့များရ)၊ မီးလောင်ကျွမ်းထားသည့် ဖုန်းအဖြူရောင် ဟန်းဆက် တစ်လုံး (ဆင်းမ်ကတ်မပါ)၊ မီးလောင်ကျွမ်းထားသည့် ဖုန်းအား သွင်းကြိုးတစ်ခု၊ မီးလောင်ကျွမ်းထားသည့် အနက်ရောင်ဖုန်းအိတ်တစ်ခု၊ အချင်းနှစ်လက်မခွဲခန့်ရှိ ၀က်အူရစ်ပါ ရေပိုက်ခေါင်းနှစ်ခု၊Hibo Tools Eagle စာတန်းပါ ခွရှင်တစ်ချောင်း၊King Eagle စာတန်းပါ ညှပ်ပလာယာ တစ်ချောင်း၊ ၆×၇ ဆိုက် ခွတစ်ချောင်း၊အရှည် လေးလက်မခွဲခန့်ရှိ သံချောင်း တစ်ချောင်း၊ အရှည်ကိုးလက်မခန့်ရှိ သံပြားတစ်ပြား၊ အချင်းခုနစ်စင်တီမီတာ အရှည် ငါးလက်မခွဲခန့်ရှိ သံပိုက်လုံးတစ်ချောင်း၊ အလျား ငါးလက်မခွဲ အနံလေးလက်မခွဲခန့်ရှိ သံပြားတစ်ပြား၊ စူပါဂလူးကော်ဘူး အသေးနှစ်ဘူး၊ Ps-Lon စာတန်းပါ သံကော်ဘူးတစ်ဘူး၊ ဖန်ပုလင်းအတွင်းထည့်လျက် အ၀ါရောင် ဓာတုဆေးရည် ၁၀၀ မီလီမီတာခန့်ပါ တစ်ပုလင်း၊ အရှည်သုံး လက်မခန့်ရှိ ဗြောက်အိုး ၁၀ ချောင်း၊Quper Red စာတန်းပါ မိန်းမစီး အပြာရောင် ဒေါက်ဖိနပ်တစ်ရန်၊ တစ်ဖက်မှာ မီးလောင်ကျွမ်းလျက် ဟာဂျီ ယူစွတ်(ခ) ဦးမြင့်သိန်း အခင်းဖြစ်စဉ်က ၀တ်ဆင်ခဲ့သော Class Seven စာတန်းပါ ခဲရောင်အနွေးထည် တစ်ထည် (သွေးနှင့်ဓာတုဆေး ရည်များ စွန်းထင်းနေသည်) စသည့် ပစ္စည်းများကို တောင်ကြီးမြို့ မြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူး ဥာဏ်လှိုင်ဦးနှင့်အဖွဲ့တို့က သက်သေများရှေ့၌ သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်ကွဲ စေတတ်သော ၀တ္ထုပစ္စည်းများအား ပြုလုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် ကြီးကြပ်မှုအောက်တွင် ထားရှိခြင်းများ ပြုလုပ်သူ ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်းအား တောင်ကြီးမြို့ မြို့မရဲစခန်းက (ပ) ၃၁၃/ ၂၀၁၃ ပေါက်ကွဲစေတတ်သော ၀တ္ထုများ အက်ဥပဒေ ပုဒ်မ ၅ အရအမှုဖွင့်အရေးယူထားသည်။

မောင်မောင်သန်း(တောင်ကြီး)၊ ဧပရယ်-ရှမ်းပြည်နယ်(မြစ်မခ)၊
စံတော်ချိန် နေ့စဉ်သတင်းစာ

Thit Htoo Lwin - Crime