This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, January 3, 2014

Daw Suu Urges Gov't to Take Responsibilities over MyitSone Dam










ြ​မစ်ဆုံ ​စီမံ​ကိ​န်း​နဲ့​​ ပတ်သက်တဲ့ ကတိ​က​ဝ​တ်ေ​တွ​ရဲ့​ အကျိုး​ဆ​က်ေ​တွ​ကို နိုင်ငံ​နဲ့​ ပြည်သူ​က ခံ​ရ​မှာေြ​ကာ​င့် စာချုပ်
ကို​လက်မှတ် ထိုး​သူ​ေ​တြ တာ​ဝန္သိ​ဖို​႔​ လို​တယ္လို​႔ ဒီ​မို​ကေ​ရ​စီ​ ေ​ခါ​င​္းေ​ဆာ​င​္ ေ​ဒ​ၚေ​အာင္ဆ​န်း​စုြ​ကည်က ဇန်န​ဝါ
ရီ ၂ ​ရ​က်ေ​န့​​မှာြေ​ပာ​ဆို​လိုက်ပါ​တ​ယ်။


၂၀၁၄ ဟောကိန်း ...................................

 
 
 ကုန်လွန်ခဲ့ပြီဖြစ်သည့် ၂၀၁၃ တွင် တိုင်းပြည်၏ကံကြမ္မာကို နက္ခတ်ပညာရှင်များက နိုင်ငံရေး၊ စီးပွားရေး အဓိကနှစ်ပိုင်းခွဲကာ ဟောကိန်းထုတ်ခဲ့ကြသည်။ ရာခိုင်နှုန်းအားဖြင့်ပြောရန် ခက်ခဲသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဟောချက်အပါအ၀င် ဟောကိန်းအချို့က တစ်ထပ်တည်းကျခဲ့သည်ဟုဆိုရမည်။ ယခုလည်း ၂၀၁၄ အတွက် ပညာရှင်များက ဟောကိန်းထုတ်ကြပြန်သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မင်းပြောင်းမင်းလွဲဖြစ်မည့် နှစ်တစ်နှစ်ဖြစ်လာနိုင်သဖြင့် အစွမ်းထက်သောအစီအမံများဖြင့် တိုင်းပြည်၊ နိုင်ငံနှင့် အုပ်ချုပ်သူအစိုးရအဖွဲ့၏ ကံဇာတာကိုမြှင့်တင်ကာကွယ်ပေးရန်လိုကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ဟောကိန်းထုတ်လိုက်သည်။ ၂၀၁၄ ခုနှစ်တွင် အစိုးရအဖွဲ့က ဖောင်းပွနေသော ၀န်ကြီး၊ ဒုဝန်ကြီးများကိုဖယ်ရှားလိုက်ပြီး အစိုးရအဖွဲ့ကို ကျစ်လျစ်အောင်ဖွဲ့စည်းရန်ရှိနေသည်။ ယင်းကဲ့သို့လျှော့ချခြင်းဖြင့် အကြီးအကဲခေါင်းဆောင် ဖယ်ရှားရမည့်ဖြစ်စဉ်ကို လျော့နည်းသက်သာစေကြောင်း ဦးဇေယျာကိုကဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ၂၀၁၄ ခုနှစ်တွင် အမှန်တကယ်ဖြစ်လာမည်ဟု နက္ခတ်ဗေဒပညာရှင်များကဆိုသည်။ “ပြင်တာမှာ န၀င်းဓာတ်ပေါ်တဲ့ နံပါတ် ၁၈ က စပြင်မှာပါ”ဟု နက္ခတ်ဗေဒပညာရှင် ဆရာစံဇာဏီဘိုကဆိုသည်။ နိုင်ငံရေးပါတီများလည်း ထပ်တိုးပြီး ဧပြီလနောက်ပိုင်းမှစ၍ ရှိရင်းစွဲပါတီများ၏ စုစည်းမှုမှာ ပိုမိုအားကောင်းလာမည်ဟု ၎င်းကဆိုသည်။ ဒီမိုကရေစီအဖွဲ့အစည်းများပါ စုစည်းပေါင်းစပ်ဆောင်ရွက်မှုများကြောင့် နိုင်ငံရေးမှာ ရှေ့သို့သွက်လက်စွာ တိုးတက်လာမည်ဟုပြောသည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာလည်း အောင်မြင်မှုရမည်ဟု နက္ခတ်ဗေဒပညာရှင်နှစ်ဦးကဆိုသည်။ သို့သော် ၂၀၁၄ နှစ်စပိုင်းမှာပင် မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှတွင် ငလျင်လှုပ်၍ ဆူနာမီကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နိုင်သည်။ ဘင်္ဂလားပင်လယ်မှလည်း လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းများ ကြုံတွေ့ရနိုင်သည်။ မြန်မာနိုင်ငံအတွက် အဓိကအားထားရသည့် မိုးဦးကာလ မိုးခေါင်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ဆန်စပါးနှင့် ရေရှားပါးမှုများကြုံတွေ့နိုင်ကြောင်း ဦးဇေယျာကိုကပြောကြားသည်။ မန္တလေးသင်္ကြန်စာတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အပူချိန်မြင့်တက်လာပြီး မိုးဦးနောက်ကျခြင်း၊ မိုးရာသီကုန်ချိန်တွင် နောက်မိုးကောင်းပြီး အအေးပိုမိုပြင်းထန်မှုများ ကြုံတွေ့ရမည်ဖြစ်သည်။ ၂၀၁၄ နှစ်ဦးပိုင်းတွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ထပ်မံပေါ်ပေါက်လာနိုင်သဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း နက္ခတ်ဗေဒပညာရှင်များကဆိုသည်။ အလုပ်သမား၊ လယ်သမားဆန္ဒပြမှုများနှင့် ကြုံတွေ့နိုင်ပြီး ဆန္ဒပြမှုများမှာ မင်းမဲ့စရိုက်ဖြစ်လာနိုင်ကြောင်းလည်း ပြောဆိုသည်။ ဧပြီလသင်္ကြန်ပွဲ၌လည်း ခိုက်ရန်ဒေါသဖြစ်ပွားမှုများ ပေါ်ပေါက်ပြီး သွေးထွက်သံယိုမှုများရှိလာမည်။ သင်္ကြန်ရေကစားသူနှင့် လုံခြုံရေးတာဝန်ယူသူများကြား ပြဿနာများလည်း ကြီးထွားလာမည်ဟု ဦးဇေယျာကိုကပြောကြားသည်။ တိုင်းပြည်၏စီးပွားရေးမှာ ၂၀၁၄ ခုနှစ်တွင် ထူးခြားစွာကောင်းလာနိုင်စရာမရှိကြောင်း ပညာရှင်နှစ်ဦးကဆိုသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုက ထင်သလောက်ဝင်မလာချိန်တွင် နိုင်ငံတော်အစိုးရ၏ ဘတ်ဂျက်လွန်ကဲစွာသုံးစွဲမှုပြဿနာမျိုးကို ရင်ဆိုင်ရမည်။ စီးပွားရေး၌ စိုးရိမ်စရာများစွာရှိနေသည်။ စီးပွားရေး၌ ဖွံ့ဖြိုးမှုအားနည်းနေသော်လည်း ၂၀၁၄ နှစ်လယ်တွင် ကုန်ဈေးနှုန်းများ သိသိသာသာတက်လာမည်ဟု မန္တလေးမဟာသင်္ကြန်စာကဆိုသည်။ တွင်းထွက်ပစ္စည်းအမျိုးမျိုး၊ ဆန်စပါး၊ ပဲမျိုးစုံနှင့် သီးနှံများမှာ ယခုနှစ်တွင် ဈေးအနည်းငယ်သာ မြင့်တက်မည်ဟုပါရှိသည်။ သို့သော် ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် အလေးထားသည့် ရွှေဈေးမှာ တဖြည်းဖြည်းမြင့်တက်လာမည်ဟု ပညာရှင်များကပြောကြားသည်။ သို့သော် ၂၀၁၄ နှစ်လယ်ပိုင်းတွင် အတက်အကျမငြိမ်ဘဲ နှစ်ကုန်ပိုင်းတွင် ပြန်မြင့်တက်နိုင်သဖြင့် ခန့်မှန်းရခက်ခဲနေကြသည်။ လာမည့်နှစ်တွင် တိုင်းပြည်၏ ထိပ်ပိုင်းခေါင်းဆောင်များ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း စံဇာဏီဘိုကပြောကြားသည်။ နိုင်ငံရေးနယ်ပယ်တွင် လုပ်ကြံသတ်ဖြတ်မှုကြောင့် နှမြောတသဖြစ်စရာ ကြွေလွင့်ခြင်းမျိုးမရှိနိုင်ပေ။ သို့သော် စာပေအနုပညာနယ်ပယ်၌ ဆုံးရှုံးမှုများရှိနိုင်သည်။ ။
 
 ရေးသားသူ- ပြည်သိမ်း 

အပျို စစ်စစ် များသာ ဖတ်ရန် ........................

ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့ နော်
အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုးလို့ ပါ။

အပျိုစစ်စစ်ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇နှစ်ဆိုရင်ကို ရည်းစားက ရှိနေကြတာ ။ ရည်းစားဖြစ်တာ ၁ ရက်မကြားဘူး living together က နေနေကြပြီလေ။



တကယ်တော့ လက်မထပ်ရသေးပဲနဲ့ အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် လုံးဝတန်ဖိုးကျသွားပါပြီ

အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့  တန်ဖိုးထားခြင်းကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ်

အပျိုစင်ကနေ အအို ဖြစ်ဖို့ က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့ က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး

ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် ပြောပြထားပါ။ ဒါမှ သူဘက်က လက်မခံဘူး ။စိတ်ခုသွားတယ်ဆိုရင်တော့

ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ။ သူ တကယ်ချစ်တာမဟုတ်တာသေချာနေပါပြီ။သေလောက်အောင်ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်းသိမ်းထားပါ။

ဘဝမှာ ရည်းစားဦးနဲ့ လွဲကျတာ ၁၀၀မှာ ၉၀ အထိ ရှိထားတာပါ။ ရည်းစားဦးကတည်းက အပျိုစင်ဘဝကို ပေးထားခဲ့လို့ ။ အကြောင်းတစ်ခုခုကြောင့် သူနဲ့ များ လွဲသွားခဲ့ရင်

နောင်တွင် ကိုယ်နဲ့ တကယ်လက်တွဲရမယ့် ယောင်္ကျားနဲ့ တွေ့ မှာ အကြီးကြီးနောင်တရပါလိမ့်မယ် ။ အဲကျမှတော့ နောင်တရပါတယ်လို့ သိသွားလည်းနောက်ကျသွားပါပြီ။အခန့် မသင့်ရင် အိမ်ထောင်ရေပြသာနာတွေတောသ်ဖြစ်လာနိုင်ပါတယ်။

ထိုင်ဝမ်မှာ အိမ်ထာင်ကျပြီးလို့ ကလေးတောင် ၃ယောက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်းနဲ့ အတူတူနေခဲ့တဲ့ video ဖိုင်တွေ laptopကနေတဆင့်ပြန့် ပြီး အိမ်ထောင်ရေးကွဲသွားခဲ့တာ တကယ်လက်တွေ့ ပါ။

အတုမယူသင့်တာတော့ အတုမယူပါနဲ့ ညီမတို့ ။

(နောက်တစ်တစ်ခု အွန်လိုင်းမှာ statusတင်ရင်လည်း စောက်ဘာဖြစ် စောက်ညာဖြစ်တယ် ။ အဲလို စောက်တွေထည့်ထည့်ပြီး ရိုင်းတာတွေ မတင်ကျဖို့ လည်း တောင်းဆိုပါတယ်။

ကိုယ်ဟာကိုယ် ဘာထင်နေလဲတော့မသိပါ။ အများအမြင်မှာ အရမ်းရိုင်းတဲ့မိန်းမဆိုတာတော့ လူတိုင်းအထင်သေးသွားတတ်ကြပါတယ်။ )

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ လှတာ ချမ်းသာတာကို ပြောတာ မဟူတ်ပါဘူး ။ အပျိုစင် ဘဝကိုပြောထားတာပါ ။ သေလောက်အောင်လှနေပါစေ လက်မထပ်သေးပဲ အအိုဖြစ်သွားရင် မိန်းမတန်ဖိုးက ကျသွားပြီဆိုတာ သတိရှိကြပါ ညီမငယ်တို့ 

living together ( လက်မထပ်သေးပဲ အတူတူနေခြင်း) ဘဝမှာ ဆင်ချင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင် ခင်မင်လျက်

Credit to Online Chitthu

ရှင်ဥာဏ ပြောတဲ့ ကာမေသုဆိုတာ... ....................


By Ko Navana
 
 မြန်မာ့ထုံးတမ်းစဉ်လာမှာ ကာမပိုင်ယောက်ျား၊ ကာမပိုင်မိန်းမ ဆိုတဲ့ ယဉ်ကျေးမှု ရှိတယ်..။ ဘူးကောင်းရင် စင်ခံ၊ လင်ကောင်းရင် စံ ဆိုတဲ့ ဆိုရိုးလည်း ရှိတယ်..။ လင်ဆိုးမယားတဖားဖား ဆိုတဲ့ စကားလည်းရှိတယ်..။


ကာမပိုင်ဆိုတာ.. လင်က မယားရဲ့  ကာမကို သူပိုင်တယ်လို့ သတ်မှတ်တာဖြစ်သလို.. မယားကလည်း လင်ရဲ့  ကာမကို သူပဲပိုင်တယ်လို့ မူပိုင်ပြုလိုက်တာပဲ..။

အဲ့ဒါကို ရှင်ဥာဏ (အများအခေါ်မိုးပြာဆရာတော်) က..
'' ကိုယ့်ကာမ ကိုယ်သာပိုင်တယ်.. လင်က မယားရဲ့  ကာမကို မပိုင်သလို.. မယားကလည်း လင်ရဲ့ ကာမကို မပိုင်ဘူး '' လို့ ဂရုဓမ္မသီလဆိုင်ရာ ကာမေသုဖွင့်ဆိုချက်အဖြစ် ပြောလိုက်တယ်..။



အဲ့ဒီမှာ.. '' ကိုယ့်ကာမကိုယ်ပိုင်လို့ လင်ရှိမယားဖြစ်ပစေ.. ကိုယ့်လင်မဟုတ်တဲ့ တခြားယောကျာ်းကိုလည်း ကိုယ့်ကာမကို ပေးခွင့်ရှိတယ် လို့ ရှင်ဥာဏက ပြောသတဲ့ '' ဆိုတဲ့ စွပ်စွဲချက်က ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တယ်..။

အဲ့ဒီစွပ်စွဲချက်ဟာ တကယ်တော့.. ရှင်ဥာဏရဲ့  ကာမေသုဖွင့်ဆိုချက်ကို နားလည်မှု လွဲတာ (သို့) အပုပ်ချချင်တာကနေ ထွက်ပေါ်လာတာပဲ..။

တကယ့်လက်တွေ့မှာ ကာမပိုင်ယောက်ျား ဆိုတဲ့သူက.. '' ငါ့မိန်းမ ကာမကို ငါပိုင်တယ်ကွ.. ငါကြိုက်တဲ့အချိန် ငါပိုင်ပစ္စည်းငါကြိုက်သလို လုပ်ခွင့်ရှိတယ်.. ငါ့မိန်းမသဘောတူတူ၊မတူတူ ငါကြိုက်သလိုလုပ်မယ်'' ဆိုပြီး လုပ်ခွင့်မှ မရှိဘဲ..။

ကိုယ့်မိန်းမ ဖြစ်ပစေ ကာမကို ကာယကံရှင်သဘောမတူဘဲ ဇွတ်အတင်းရယူရင်
" မုဒိန်းမှု'' မြောက်တယ်ဆိုမှတော့.. သူ့ကာမကိုယ်မပိုင်ဘဲ.. သူ့ကာမသူပဲပိုင်တယ်ဆိုတာ.. ထင်ရှားပါတယ်..။

အဲ့ဒီမှာ ကိုယ့်ကာမကိုယ်ပိုင်တယ်ဆိုရင် ကိုယ်ကြိုက်တဲ့သူကို ပေးခွင့်ရော ရှိကုန်မှာပေါ့ ဆိုတဲ့ တွေးစရာ ရှိလာတယ်..။

အိမ်ထောင်ရေးဆိုတာ.. လင်နဲ့မယားကြား အပြန်အလှန် ကတိထားတာပဲ..။
ဘယ်လိုကတိထားတာလည်း ဆိုတော့..
'' ကိုယ့်ကာမကို ပေးချင်ရင် ကိုယ့်မိန်းမ/ကိုယ့်ယောက်ျားကလွဲလို့ တခြားလူမပေးပါဘူး'' လို့ ကတိသစ္စာပြုထားတာပဲ..။

ဒါကြောင့်.. ကိုယ့်ကာမကိုယ်သာပိုင်ပေမယ့်.. ကိုယ့်ကာမကို ပေးချင်ရင်.. ကိုယ့်အိမ်ထောင်ဖက်ကလွဲလို့ တခြားလူ ပေးခွင့်မရှိပါဘူး..။ ပေးရင် အိမ်ထောင်ရေးကတိသစ္စာပျက်ယွင်းသူ၊ ဖောက်ပြန်သူ၊ ကာမေသုကို ချိုးဖောက်သူပါပဲ..။

ဒီလောက်ဆိုရင်.. ရှင်ဥာဏ ပြောတဲ့ '' ကိုယ့်ကာမကိုယ်သာပိုင်တယ်'' ဆိုတဲ့ ဖွင့်ဆိုချက်ကို အများသူငါ ဟိုးလေးတကြော် နားလည်မှု လွဲနေတာတွေ ရှင်းသွားမယ်လို့ ထင်ပါတယ်..။

တဆက်တည်း ကာမ နဲ့ ဆိုင်တာလေး နည်းနည်းလောက် ကြုံတုံး ထပ်ရှင်းပါ့မယ်..။ ကာမဂုဏ်အာရုံဆိုတာ အများသူငါ သိပ်ထင်သာမြင်သာဖြစ်လွန်းနေတဲ့ လိင်ကိစ္စတစ်ခုထဲ မဟုတ်ပါဘူး..။ မျက်စိနားနှာလျှာကိုယ်စိတ် စတဲ့ အာရုံခံအင်္ဂါတွေနဲ့ ဆက်စပ်နေတဲ့ အဆင်း၊အသံ၊အနံ့၊အရသာ၊အထိအတွေ့၊သဘောတရား အစစ တွေကို ဆိုလိုတာပါ..။

ဒါကြောင့်..
သူနားမထောင်ချင်တာကို ဇွတ်ပြောတာ
သူမကြည့်ချင်တာကို ဇွတ်ပြတာ
သူမစားချင်တာကို ဇွတ်ကျွေးတာ
သူမကြိုက်တဲ့ရနံ့ကို ဇွတ်ရှုခိုင်းတာ
သူမကြိုက်တဲ့အထိအတွေ့ကို ဇွတ်ပေးတာ
သူမနှစ်သက်တဲ့သဘောတရားကို ဇွတ်ရိုက်သွင်းတာ.. အစစတွေဟာ နားမုဒိန်းကျင့်တာ၊ မျက်စိမုဒိန်းကျင့်တာ၊ နှာခေါင်းမုဒိန်းကျင့်တာ၊ သဘောတရားမုဒိန်းကျင့်တာ တွေဖြစ်ပြီး သူ့ကာမကို ကိုယ့်ကာမလို သဘောထား၊ ကိုယ်ပိုင်လို့ပြုမှု တာမို့ ကာမေသု သီလချိုးဖောက်ရာ ရောက်ပါတယ်..။

အဲ့ဒီသီလပျက်တော့ ဘာဖြစ်တုံးဆိုတော့.. လင်မယားကြား ငြိမ်းချမ်းရေးပျက်တာပဲ..။ ဓလေ့ထုံးတမ်းသင်ကြားချက်တွေကြောင့်သာ ကြိတ်မှိတ်မျိုသိပ် အောင့်အီးသည်းခံ၊ ၀ဋ်လို့ပုံချမှတ်ယူ နေကြပေမယ့်.. '' လင်ဆိုးမယား တဖားဖား '' ဆိုတာ ကောင်းမွန်တဲ့အိမ်ထောင်ရေး ပုံစံမှ မဟုတ်ဘဲ..။

ကဲ.. ကာမေသုနဲ့ပတ်သက်ပြီး ရှင်ဥာဏ ဘယ်နေရာမှာ ဘယ်လိုပြောခဲ့တယ်ဆိုတာလေးပါ... သက်သေအဖြစ်နဲ့ မျှဝေလိုက်ပါရစေ..။ ဖတ်ရှုလေ့လာ ဝေဖန်ဆင်ခြင်နိုင်ကြပါစေ..။
................

မန္တလေး ပုသိမ်ကြီး ပုဏ္ဏားကုန်းရွာ မိုးပြာကျောင်း၌ မင်္ဂလာဆွမ်းကပ်လာသော တပည့်ဇနီးမောင်နှံအား ရှင်ဥာဏပြောသော ရန်မဖြစ်နည်းစကား........

''မင်းတို့နှစ်ယောက် ယူလိုက်ကြပြီလား''
''တင်ပါ ဘုရား''
''ဘယ်တုန်းကလဲ''
''၀ါဆိုဦးကပါ''
''လက်ထပ်ပွဲရော ကျင်းပပြီးပြီလား''
''ပြေးလာနေကြတာပါ''
''အခု ဘယ်နေကြလဲ''
''မြို့သစ် ဘကြီးအိမ်မှာပါ''
''အခု ဘာလာလုပ်ကြတာလဲ''
''မင်္ဂလာဆွမ်း လာကပ်ကြတာပါ''
''အေးဦသည်လိုဆို ဆွမ်းစားပြီးမှ ငါက မင်္ဂလာစကား ပြောပေးရ
မယ်။ နားထောင်ကြမလား''
''နားထောင်မှာပေါ့ ဘုရား''
''ငါ့အတွက် ဆွမ်းပြင်ကြ''
''အသင့်ပါ ဘုရား''
''ငါပြီးတော့ မင်းတို့စားကြ။ ငါ့ကျောင်းမှာ ဘယ်သူမှမရှိဘူး။
မင်းတို့စားပြီး ဆေးကြောသုတ်သင်တာလည်း မင်းတို့ပဲလုပ်ကြ။ ပြီးလျင်
တရားနာကြမယ်''
''ကောင်းပါပြီ ဘုရား''

(အားလုံးပြီးသောအခါ)
''တပည့်တော်တို့ကို မင်္ဂလာဦးအဆုံးအမစကား ပေးနိုင်ပါပြီ
ဘုရား''
''အေး''
''တပည့်တော်တို့က ဘာလုပ်ရမလဲ ဘုရား''
''ဘာမှမလုပ်ရဘူး။ သက်သာသလို အဲသည်ထိုင်ခုံတွေပေါ်မှာပဲ
ထိုင်ပြီး နားထောင်ကြ''
''ကောင်းပါပြီ ဘုရား''
''မင်းတို့ကို ငါ-သြ၀ါဒမပြောခင်မှာ မေးရဦးမယ်''
''မေးပါ ဘုရား''
''မင်းတို့ လင်မယားအဖြစ် ပေါင်းသင်းဖို့ မိဘအိမ်က သဘောတူ
ထွက်လာပြီး နေကြတာ ဘယ်လောက်ကြာသွားပြီလဲ''
''နှစ်လနဲ့ ငါးရက်ပါ ဘုရား''
''ရုံးမှာ လက်မှတ်ထိုးပြီးရောပေါ့နော်''
''ဟုတ်ပါတယ် ဘုရား''
''ရုံးမှာ လင်မယားအဖြစ် လက်မှတ်ထိုးပြီးတာဟာ လင်မယား
အဖြစ်နေတာ မြောက်တာပါပဲ၊ မင်္ဂလာဆောင်ပွဲရော ကျင်းပဦးမှာလား''
''သီတင်းကျွတ်မှ မိဘအိမ်ပြန်ပြီး ကျင်းပမှာပါ ဘုရား''

''ဘယ်မိဘကမှ မကန့်ကွက်ဘူး မဟုတ်လား''
''မကန့်ကွက်ပါဘူး ဘုရား''
''နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးရဦးမယ်''
''မေးပါ ဘုရား''
''မင်းတို့နှစ်ဦး လင်မယားအဖြစ်ရောက်ပြီးမှ ရန်ဖြစ်ဖူးကြပြီလား''
''ဖြစ်ဖူးပါပြီ ဘုရား''
''ဘယ်နှစ်ကြိမ် ဖြစ်ပြီးပြီလဲ''
''နှစ်ကြိမ်ပါ ဘုရား''
''ရယူပြီးကြတာက ဘယ်လောက်ကြာပြီလဲ''
''နှစ်လကျော်ပါ ဘုရား''
''နှစ်လကျော်မှာ နှစ်ခါရန်ဖြစ်ပြီးနေပြီနော် ဟုတ်လား''
''ဟုတ်ပါတယ် ဘုရား''
''နှစ်လကျော်မှာ နှစ်ခါဆိုတော့ တစ်ဆအချိန်ဖြစ်တဲ့ လေးလ
ကျော်မှာ လေးခါဖြစ်မယ်နော်''
''ဟုတ်ပါတယ်''
''ဒါ ရိုးရိုးတွက်နဲ့ တွက်တာ''
''ဟုတ်ပါတယ်''
''သည်ထက် စေ့စေ့ကလေးတွက်လျင် သည်လိုဖြစ်မှာ မဟုတ်
ဘူး''
''ဘယ်လိုဖြစ်မှာလဲ ဘုရား''
''ပဌမနှစ်လမှာ နှစ်ကြိမ်ဆိုလျင် နောက်နှစ်လထပ်ပေါင်းလို့ လေး
လဖြစ်လျင် လေးခါမလာတော့ဘူး။ ခြောက်ခါဆိုတာမျိုး တိုးလာလိမ့်
မယ်''

''ဘာဖြစ်လို့လဲ ဘုရား''
''အကြောင်းအမျိုးမျိုးကြောင့်ပဲ။ အကြောင်းတွေထားတော့''
''တင်ပါ ဘုရား''
''နောက်ဆိုလျင် တစ်ရက်ခြား နှစ်ရက်ခြား လေးငါးရက်ခြားတွေ
ရန်ဖြစ်စရာရှိတယ်''
''တင်ပါ ဘုရား''
''လင်မယားဘ၀မှာ ရန်ဖြစ်လျင်တော့ လင်မယားဘ၀ တည်
ဆောက်ရတဲ့ ရည်ရွယ်ချက် အောင်မြင်မှာ မဟုတ်ဘူး''
''တင်ပါ ဘုရား''
''လင်မယားဟာ ပျော်ရွှင်ချမ်းမြေ့ချင်လို့ တည်ဆောက်တာ မ
ဟုတ်လား''
''ဟုတ်ပါတယ် ဘုရား''

''ရန်ဖြစ်နေလျင် လင်မယားဘ၀ဟာ ဆင်းရဲတွင်းထဲ လက်တွဲခုန်
ချသလို ဖြစ်မှာပဲ''
''ဘာဖြစ်လို့ ဆင်းရဲမှာလဲ ဘုရား''
''လူဟာ ရန်ဖြစ်လျင် တစ်ဦးရဲ့ဂုဏ်သိက္ခာကို တစ်ဦးက လျော့
ကြည့်တတ်တယ် မဟုတ်လား''
''ဟုတ်ပါတယ်''
''ကိုယ့်ချစ်သူက ဂုဏ်သိက္ခာမဲ့လာလျင် အပြစ်တွေ ပိုမြင်လာတာ
ဟာ ဓမ္မတာပဲ''
''ဟုတ်ပါတယ်''
''နောက်ဆုံးမှာ အတူနေဖို့ ရည်ရွယ်ချက်တွေ မှေးမှိန်လာမယ်''
''ဟုတ်ပါတယ်''
''သည်လိုဖြစ်လျင် အဲသည်လင်မယားဟာ စီးပွားမဖြစ်နိုင်တော့
ဘူး''
''ဘာပြုလို့လဲ ဘုရား''
''စီးပွားဖြစ်တယ်ဆိုတာ တစ်ဦးကိုတစ်ဦး သိပ်ချစ်ကြမှ''
''ဘယ်လို ပတ်သက်သလဲ ဘုရား''
''ချစ်တာနဲ့ စီးပွားဖြစ်တာ ပတ်သက်တယ်''
''ဘယ်လိုလဲ ဘုရား''
''ယောက်ျားလုပ်သူဟာ သူ့မှာ ချစ်သူရှိထားလျင် သူ့အတွက်သာ
မကဘဲ သူ့ချစ်သူအတွက်ပါ အလုပ်တွေ ပိုလုပ်လာတယ်''
''တင်ပါ ဘုရား''
''မိန်းမလုပ်သူကလည်း သည်လိုပဲ။ ကိုယ့်ချစ်သူ ယောက်ျားသက်
သာစေချင်လို့ ကိုယ်က အလုပ်တွေ ကျုံးလုပ်လာတယ်''
''တင်ပါ ဘုရား''
''ချစ်မှ စေတနာတွေ ပေါ်တာ''
''ဟုတ်ပါတယ် ဘုရား''
''မချစ်လျင် စေတနာမပေါ်ဘူး''
''ဟုတ်ပါတယ် ဘုရား''
''စေတနာပေါ်မှ အလုပ်တွေကို တစ်ဆတိုးလုပ်ကြတာ''
''ဟုတ်ပါတယ် ဘုရား''
''တစ်ဆတိုးပြီး နှစ်ဦးလုံးဟာ လုပ်ကြတော့ လုပ်အားက လေး
ယောက်စာ။ သည်လိုမဖြစ်ဘူးလား''
''ဖြစ်ပါတယ် ဘုရား''
''အသုံးမှာက နှစ်ယောက်ထဲ မဟုတ်လား''
''ဟုတ်ပါတယ် ဘုရား''
''သည်တော့ နှစ်ယောက်လုပ်အား မပိုဘူးလား''
''ပိုပါတယ် ဘုရား''
''သည်ပိုတာတွေ စုလိုက်တော့ လင်မယားဘ၀ လိုအပ်သမျှတွေ
အောင်မြင်ပြီး ချမ်းသာကြမှာပေါ့''
''ဟုတ်ပါတယ်''
''တစ်ယောက်နဲ့တစ်ယောက် မချစ်လျင် ဒါတွေရဲ့ပြောင်းပြန် အ
ဖြစ်တွေ ဖြစ်လာမယ်''
''ဘယ်လိုဖြစ်မှာလဲ ဘုရား''
''သူ့ကို ကိုယ်ကမချစ်တော့ သူ့တာဝန် မယူချင်ရုံမကဘူး ကိုယ့်
တာဝန်ကို သူ့အပေါ် ပုံထားချင်လာတယ်''
''ဟုတ်မှာပါ ဘုရား''
''တစ်ဘက်သူကလည်း သည်လိုပဲဖြစ်လာမယ်''
''ဟုတ်မှာပါ ဘုရား''
''သည်တော့ နှစ်ယောက်လုပ်အားဟာ တစ်ယောက်စာလောက်
ပဲ ဖြစ်လာမယ် မဟုတ်လား''
''ဟုတ်ပါတယ်''
''ဒါဆိုလျင် တစ်ယောက်လုပ်အား နှစ်ယောက်စားသုံးသလို ဖြစ်
ပြီပေါ့''
''ဟုတ်ပါတယ်''
''စီးပွားရေး ဖြစ်ပါတော့မလား''
''မဖြစ်တော့ပါဘူး''
''အချစ်ရေးပျက်လို့ စီးပွားမဖြစ်၊ စီးပွားကြပ်တည်းလို့ အချစ်ရေး
မသာယာ သည်လိုမဖြစ်ပေဘူးလား''
''ဖြစ်မှာပါ ဘုရား''
''ဒါဆို ဒုက္ခတွင်းထဲ လက်တွဲပြီးဆင်းတာ မဖြစ်ဘူးလား''
''ဖြစ်ပါတယ်''

''ဒါ-ဘယ်ကစတာလဲ''
''ရန်ဖြစ်တာက စပါတယ်''
''သည်တော့ လင်မယားဘ၀မှာ အောင်မြင်ချင်တယ်ဆိုလျင် ရန်
ဖြစ်တာ ရှောင်ရမယ် မဟုတ်လား''
''ဟုတ်ပါတယ်''
''သည်တော့ မင်းတို့ သိပြီးသားဖြစ်မှာပါ။ ရန်ဖြစ်တာ မကောင်း
ဘူးလို့ မသိဘူးလား''
''သိပါတယ် ဘုရား''
''သည်တော့ ရန်မဖြစ်ကြနဲ့လို့ ငါပြောလျင် အပိုပဲဖြစ်မှာပေါ့''
''မပိုပါဘူး ဘုရား''
''သိပြီးသားထပ်ပြောတာပဲ။ ဘာထူးမှာလဲပေါ့''
''ဟုတ်ပါတယ်''
''သည်တော့ ရန်မဖြစ်ကြနဲ့လို့ ငါ-မပြောတော့ဘူး''
''တင်ပါ ဘုရား''

''ရန်မဖြစ်ရအောင် နေနည်းကားကို ငါပြောရမယ်''
''ပြောပါ ဘုရား''
''ဒါပြောဖို့အတွက် မင်းတို့ကို ငါဦမေးခွန်းနည်းနည်း မေးရမယ်''
''မေးပါ ဘုရား''
''မင်းတို့နှစ်ယောက် အခုလို လင်မယားဘ၀ မဖြစ်ခင်က တစ်
ယောက်ကိုတစ်ယောက် ချစ်ခင်ပြီး နေထိုင်ဆက်ဆံခဲ့ကြတာ ဘယ်
လောက်ကြာပြီလဲ''
''နှစ်နှစ်လောက်ပါဘုရား''
''ဟုတ်ပြီဦနောက်ထပ်တစ်ခု မေးဦးမယ်''
''မေးပါ ဘုရား''
''အဲသည် နှစ်နှစ်အချိန်အတွင်းမှာ မင်းတို့နှစ်ယောက်ဟာ ဘယ်
နှစ်ကြိမ်လောက် ရန်ဖြစ်ခဲ့ဖူးကြသလဲ''
''ရန်မဖြစ်ဖူးပါဘူး ဘုရား''
''အေး-ဟုတ်ရဲ့လား''
''ဟုတ်ပါတယ် ဘုရား''
''နှစ်နှစ် ဆက်ဆံလာတာ တစ်ခါမှ ရန်မဖြစ်ဖူးဘူး''
''ဟုတ်ပါတယ် ဘုရား''
''အခု လင်မယားဖြစ်တော့ နှစ်လကျော်လေးရှိသေးတယ်။ နှစ်ခါ
ရန်ဖြစ်ပြီးကြပြီ ဟုတ်လား''
''ဟုတ်ပါတယ်''
''အဲဒါဘာလဲ စဉ်းစားရမယ်''
''တင်ပါ ဘုရား''
''ရန်ဖြစ်တာဟာ ဆင်းရဲသလား၊ ချမ်းသာသလား၊ ဘယ်လိုထင်
ကြလဲ''
''ဆင်းရဲပါတယ် ဘုရား''
''ဆင်းရဲတာကို ဘာဖြစ်လို့ လုပ်ကြတာလဲ''
''မသိပါဘူး ဘုရား''
''အဲဒါ ငါပြောမယ်''
''ပြောပါ ဘုရား''
''ဆင်းရဲမှန်းသိလျက်နဲ့လုပ်တာဟာ သည်ထက်ဆင်းရဲတစ်ခုကို
ကျော်လွှားချင်လို့ပဲ ဖြစ်ရမယ် မဟုတ်ဘူးလား''
''ဟုတ်မှာပါ ဘုရား''

''သည်တော့ ရန်ဖြစ်တာရဲ့ အကြောင်းဟာ ဆင်းရဲတာပဲ ဖြစ်ရ
မယ်''
''ဟုတ်မှာပါ ဘုရား''
''လင်မယားဖြစ်တာဟာ ဆင်းရဲတယ်ဆိုတဲ့အဓိပ္ပါယ် မရောက်
ဘူးလား''
''ရောက်ပါတယ် ဘုရား''
''ရည်ရွယ်တာက ချမ်းသာဖို့လား၊ ဆင်းရဲဖို့လား''
''ချမ်းသာဖို့ပါ ဘုရား''
''တကယ်တော့ ဆင်းရဲသလား၊ ချမ်းသာသလားဆိုတာ ရန်ဖြစ်
တာက သက်သေခံ မနေဘူးလား''
''ဟုတ်ပါတယ် ဘုရား''
''လင်မယားဖြစ်ရတာ ဆင်းရဲတယ်လို့ရော ထင်ရဲ့လား''
''မထင်ပါဘူး ဘုရား''
''အေး-မထင်ရဘူးပဲ ဖြစ်ရမယ်''
''ဟုတ်ပါတယ် ဘုရား''
''အကြောင်း အခိုက်မသင့်တာလေး တစ်ခုတစ်လေရှိလို့ မတော်
တဆဖြစ်တာလို့ပဲ အောက်မေ့မယ် မဟုတ်လား''
''ဟုတ်ပါတယ်''
''သည်လိုထင်တာ မှန်-မမှန် စဉ်းစားရမယ်''
''ဘယ်လို စဉ်းစားရမှာလဲ ဘုရား''

''လင်မယားလုပ်ကြတယ်ဆိုတာ ဘယ်လိုလဲလို့ စဉ်းစားရမှာပဲ''
''ဘယ်လိုလဲ ဘုရား''
''လင်မယားလုပ်တယ်ဆိုတာ ယောက်ျား-မိန်းမနှစ်ဦးဟာ ကိုယ့်
ဆီမှာရှိတဲ့ တက်မက်စရာ အာရုံငါးပါးကို ကိုယ်ပိုင်အဖြစ်က စွန့်လွှတ်ပြီး
ကိုယ့်ချစ်သူကို ပေးကြတယ် ဟုတ်လား''
''ဟုတ်ပါတယ်''
''ကိုယ့်ချစ်သူဆိုတဲ့ သူ့ရဲ့တပ်မက်စရာဖြစ်တဲ့ အဆင်းတွေ-အသံ
တွေ-အနံ့တွေ-အရသာတွေကိုလည်း ကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုက်တယ်
မဟုတ်လား''
''ဟုတ်ပါတယ်''

''ယောက်ျားကလည်း သူ့ဆီက လူမက်စရာအာရုံတွေကို မိန်းမကို
ပဲ တစ်ဦးတည်း အပိုင်ပေးလိုက်ပြီး မိန်းမရဲ့မက်မောစရာ အာရုံတွေကို
လည်း ကိုယ်တစ်ဦးတည်း အပိုင်အရယူ လိုက်တာပဲ မဟုတ်လား''
''ဟုတ်ပါတယ်''
''လင်မယားလို လုပ်ကြပြီဆိုလျင် သည်အဓိပ္ပါယ်သက်ရောက်တဲ့
ပဋိညာဉ် ခံဝန်တွေ ကျင့်ကြတော့တာပဲ မဟုတ်လား''
''ဟုတ်ပါတယ်''
''သည်လိုဆိုလျင် သည်သူနှစ်ဦးဟာ လွတ်လပ်သူတွေ ဖြစ်နေကြ
မလား၊ မလွတ်လပ်သူတွေ ဖြစ်နေကြမလား''
''မလွတ်လပ်ဘူးပေါ့ ဘုရား''

''နွားနှစ်ကောင်ကို ကြိုးတစ်ချောင်းနဲ့ တွဲထားလျင် သည်နွားတွေ
ဘယ်လွတ်လပ်တော့မလဲ''
''ဟုတ်ပါတယ်''
''လင်မယားဘ၀ဟာ မလွတ်လပ်သူဆိုတော့ မလွတ်လပ်သူဟာ
ဆင်းရဲတာပဲ''
''ဟုတ်ပါတယ်''
''သည်တော့ ရန်ဖြစ်ရတာပေါ့''
''ဟုတ်ပါတယ်''
''သမီးရည်းစား ချစ်သူဘ၀ဟာ တစ်ဦးရဲ့ ကာမဂုဏ်ကို တစ်ဦး
က ပိုင်ပြီလား''
''မပိုင်ပါဘူး''
''သည်တော့ သူတို့ဟာ လွတ်လပ်သူလား၊ မလွတ်လပ်သူလား''
''လွတ်လပ်သူပါ ဘုရား''
''လွတ်လပ်တာက ချမ်းသာတယ်၊ ငြိမ်းအေးတယ်၊ လှပတယ်၊
သည်လိုတွေ မဟုတ်လား''
''ဟုတ်ပါတယ်''

''သည်တော့ သည်သူတွေ ရန်ဖြစ်မလား''
''မဖြစ်ပါဘူး''
''သမီးရည်းစားတွေ ရန်မဖြစ်တာ ဒါကြောင့်ပဲ''
''ဟုတ်မှာပါ''
''သည်တော့''
''ဆုံးမပါ ဘုရား''
''လင်မယားဆိုပြီး နေကြပေမဲ့ လူတိုင်းလိုမလုပ်ကြနဲ့''
''ဘယ်လိုနေရမှာလဲ ဘုရား''
''ယောက်ျားလုပ်သူကလည်း မိန်းမရဲ့အာရုံငါးပါး ကာမဂုဏ်တ
ရားတွေဟာ ငါပိုင်ဖြစ်တယ်လို့ မသိမ်းလိုက်နဲ့''
''တင်ပါ့''

''မိန်းမလုပ်သူကလည်း ယောက်ျားဆီမှာရှိတဲ့ အာရုံငါးပါး ကာမ
ဂုဏ်တရားတွေကို ငါပိုင်ဖြစ်တယ်လို့ မသိမ်းပိုက်နဲ့''
''တင်ပါ့''
''ယောက်ျားလုပ်သူက ကိုယ့်မှာရှိတဲ့ အာရုံငါးပါး ကာမဂုဏ်တ
ရားကိုလည်း ဘယ်သူမှမပေးနဲ့။ ကိုယ်ပိုင်အဖြစ်ပဲ ထားရမယ်''
''တင်ပါ့''
''မိန်းမလုပ်သူကလည်း ကိုယ့်မှာရှိတဲ့ အာရုံငါးပါး ကာမဂုဏ်
တရားတွေဟာ ကိုယ်ပဲပိုင်တယ်ဆိုပြီး ကိုယ့်ဟာ ကိုယ်ပိုင်ရမယ်''
''တင်ပါ့''
''ဆိုလိုတာက''
''တင်ပါ့''
''ကိုယ့်အာရုံ ကာမဂုဏ်တွေကို ကိုယ်ပဲပိုင်ရမယ်''
''တင်ပါ့''

''သူများအာရုံ ကာမဂုဏ်တွေလည်း ကိုယ်ကမသိမ်းပိုက်ဘူး''
''တင်ပါ့''
''အဲဒါဆိုလျင် သည်လင်မယားဟာ လွတ်လပ်လိမ့်မယ်''
''ဟုတ်ပါတယ်''
''လွတ်လပ်သူဟာ ပျော်ရွှင်ချမ်းမြေ့နေလိမ့်မယ်''
''ဟုတ်ပါတယ်''
''သည်သူတွေ ရန်မဖြစ်တော့ဘူး''
''ဟုတ်ပါတယ်''
''သည်သူတွေ တိုးတက်လိမ့်မယ်''
''ဟုတ်မှာပါပဲ''

''ဒါ-သဘောကျရဲ့လား''
''တပည့်တော်တို့ လင်မယား ကွဲနေရမှာလား''
''မဟုတ်ပါဘူး''
''ဘယ်လိုပေါင်းရမှာလဲ''
''အချင်းချင်းအပေါ် သူများတွေလို စိတ်ထားမျိုးမရှိတာကလွဲလို့
သူများတွေလိုပဲ နေရမှာပေါ့''
''ဖိုမကိစ္စတွေ ဘယ်လိုဖြစ်မလဲ''
''လင်မယားမဖြစ်ခင် ချစ်သူရည်းစားဘ၀တွေ ဖြစ်စဉ်က ဖိုမကိစ္စ
တွေ ရှိခဲ့ကောင်း ရှိခဲ့နိုင်ပါတယ်''
''ထားပါတော့ ဘုရား''
''အဲသည်အချိန်က ဖိုမကိစ္စတွေ ဘယ်လိုရှိခဲ့ကြသလဲ မေးရမယ်''
''ပြောပါဦး ဘုရား''
''တစ်ဦးကိုတစ်ဦး မပိုင်ဘူးမဟုတ်လား''
''မပိုင်ပါဘူး''
''မပိုင်ပေမဲ့ လိုချင်တာရကြတာ မဟုတ်လား''
''ရကြပါတယ်''

''လိုချင်သူက ပေးမည့်သူကို ပေးချင်အောင် ချူယူတာပဲမဟုတ်
လား''
''ဟုတ်ပါတယ်''
''အခုလည်း လင်မယားဘ၀မှာ ဖိုမကိစ္စအတွက် လိုချင်သူက
ပေးမည့်သူဆီက ချူယူပေါ့''
''ကောင်းပါ့မလား''
''ချူလို့မရတာ ရှိနိုင်တယ်။ ဒါပေမဲ့ ချူလို့မရတာက မပေးချင်ပဲ
ရတာထက်တော့ ကောင်းမှာပါ''
''ဟုတ်ပါတယ်''
''ကဲ-မင်းတို့ ပျင်းပြီ၊ ငိုက်တာ ငါတွေ့တယ်။ တော်ကြတော့''

*** အပူကန်လည်ချောင်းနာအတွက် ဆေးတစ်ခွက် *** .............



ဆောင်းရာသီကဲ့သို့ အေးမြတဲ့ရာသီရောက်လာတဲ့အခါတိုင်း၊ ခန္ဒာကိုယ်တွင်း အပူ ဓာတ်များ သူတွေမှာ အပူကန်ထွက်လာပြီး လည်ချောင်းနာလေ့ရှိကြပါတယ်။ အဲဒီလို အပူဓာတ်များသူတွေ အဖို့ ခါတိုင်း ထက်ရေပိုသောက်ပေးရမှာဖြစ်ပြီး၊ ပုံမှန်ရေချိုးနေကျ အတိုင်း တစ်နေ့  ၂-ကြိမ်(သို့ မဟုတ်)အနည်းဆုံး ၁-ကြိမ် နေ့ စဉ်ရေချိုးပေးဖို့ လိုပါတယ်။
ကိုယ်လက်လှုပ်ရှား များများလုပ်ကာ၊ ကောက်ညှင်းပေါင်းလို ၀မ်းချုပ် စာတွေမ စားဘဲ၊ သင်္ဘောသီး၊ ဌက်ပျောသီးတို့ လိုဝမ်းနူးစာတွေကိုစားပေးသင့်ပါတယ်။


အပူကန်၍ လည်ချောင်းနာတဲ့ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ ထိုးခံရသလို
ပူစပ်ပူလောင်ခံစားရပြီး၊ အာသီးရောင်သကဲ့ သို့ တံတွေးမြိုချတဲ့အခါ တိုင်းနာ တဲ့အပြင်၊ လည်ချောင်းထဲက ယား၍ချောင်းဆိုးတတ်ပြန်တာကြောင့် အင်မတန် ခက်ရခက်တဲ့ ဝေဒနာတစ်မျိုးပါဘဲ။ဒိအတွက် စိတ်ညစ်မနေပါနဲ့ ။ ဟောဒီ မှာ ဆေးကောင်းတစ်လက်ရှိပါတယ်။ဒီဆေးဖော်စပ်နည်းက လုပ်ရ တာလွယ်ကူ လို့ အထင်မသေးလိုက်ပါနဲ့ .ဘေးထွက်ဆိုးကျိုးမရှိဘဲ ပျောက်ကင်းသက်သာသွားစေမယ့် ဆေးကောင်းတစ်ခွက်ဖြစ် လို့ ပါ။

သဘာဝပျားရည်စစ်စစ်၊ သံပုရာသီး၊ ဂျင်း စတဲ့ ပစ္စည်း ၃-မယ်ရှိရင် ဆေးဖော်စပ် ဖို့  ရပါပြီ။ (၁၀၀% သဘာဝပျားရည်စစ်စစ် ကို City Mart ဆိုင်များနဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ သံပုရာသီး ၁-လုံး ကို အစေ့ဖယ် အရည်မညှစ် ဘဲ ခပ်ပါးပါး အချပ်လေးတွေ လှီးပေးရပါမယ်။ ဂျင်း လက် ၂-ဆစ်ခန့် ကို အ ခွံနွှာပြီးနောက် ခပ်ပါးပါး အချောင်းမျှင်မျှင်လေးတွေရ အောင်လှီးဖြတ်ပါ) စောစော က လှီးဖြတ်ထားတဲ့ သံပုရာသီးအလွှာချပ်လေးတွေနဲ့  ဂျင်းအချောင်းလေးတွေ ကို ခြောက်သွေ့  သန့် ရှင်းတဲ့ ဖန်ပုလင်း လွတ် ၁-လုံး ထဲမှာထဲ့ပြီး၊ ၄င်း တို့ မြုပ်ရုံ ပျားရည်စစ်စစ်ကို အပေါ်ကလောင်းချပေးပါ။ ပြီးရင် ဖန်ပုလင်းလေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှော ၃-မျိုး ဂျယ်လီပုံစံပြောင်းသွားတဲ့ အထိ ရေခဲသေတ္တာ ထဲမှာ သိမ်းထားရပါမယ်။ ဂျယ်လီဖြစ်လာ တဲ့အခါ ၄င်းကိုဇွန်းနဲ့ ခပ်ကာ မတ်ခွက် တစ်ခွက်ထဲပြောင်းထဲ့ပြီး ရေနွေးဆူဆူလောင်းချ၍ ခပ်နွေးနွေးအနေ အထားမှာ စားလို့ ရ ပါပြီ။ ပျားရည်နဲ့ ဓာတ်ပြုထားတာကြောင့် သံပုရာခွံကိုဝါးစား လို့ ရပါတယ်။ အဲဒီအချိုးအစားအတိုင်း တစ်နေ့ တစ်ကြိမ်ကျ သောက်ပေးခြင်းဖြင့် ၃-ရက်မျှကြာ တဲ့အခါ အပူကန်လည်ချောင်းနာများ ပျောက်ကင်းသွားပါ လိမ့်မယ်။(ပုလင်းဖုံး လုံလုံပိတ်ပြီး ရေခဲသေတ္တာထဲ မှာ ၂-လ ၃- လ ကြာတဲ့အထိ သိမ်းထား လည်း ဆေးဓာတ်မပြယ်နိုင်ပါဘူး)

(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား…..BeautyTips4Her.com)

ဒို့မြို့ကိုဒို့ကယ်မယ်...............................

ဆူနာမီ
မာလာ
နာဂစ်နဲ့
ပြာဖြစ်ဖူးတဲ့မြို့။

ဘေးဒုက္ခအစုံစုံ
မယုံနိုင် အောင် ကြုံလည်း
ယိုင် လဲမသွားတဲ့မြို့။

ကယ်ဆယ်ရေး ကယ်ဆယ်ရေး
ဘယ်သူကယ်ကယ်မကယ်ကယ်
ဒို့မြို့ကိုဒို့ကယ်မယ်
အဲ့ဒီ မာန်တင်းသံတွေနဲ့
အံတင်းတင်းကြိတ်ထားတဲ့မြို့။

(လင်းဝေမိုးကို အားကျလို့ရေးကြည့်တာ)

ဒုက္ခသည်.........................

ဒုက္ခသည်

တရုတ်ကလှူ
ကုလားကကူ
ကရင် က ပေး
ဗမာက ကျွေးနဲ့
အ ရောင် စုံ ကာလာဆန်း
ကယ်ဆယ်ရေးစခန်းမှာလေ။

လှူသူအဝင်
ယူသူအထွက်
ပြည့်လုလုလမ်းမှာ
စေတနာခိုးတွေ
မှိုင်းဝေ နေတယ်လေ။

ဆုံးရုံးသမျှ မကာမိပါဘူး
သဒ္ဓါရှိစွာလှူသမျှကိုတော့
ယူပါရ စေတဲ့လေ။
Like · ·