This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, August 29, 2013

ဖုန်းမလိုပဲ.. Gtalk & Facebook အကောင့်သစ်ဖွင့်နည်း ( 70 % Working )





     ဒီနည်းလေးကတော့..အရင်က.. Technological Villa မှာ.တင်ပေးဘူးပါတယ်..။ ဒါပေမယ့်.. သိပ်မရခဲ့ပါဘူး.။ ခုတော့.. ဘာမှ.စိတ်မပူနဲ့တော့.. ဖုန်းနာပါတ်တောင်းလည်း.ကိစ္စမရှိတော့ပါဘူး.. Virtual phone number လေးသုံးပြီး.. Google နဲ့ Facebook ကို..လှည့်စားလိုက်ကြရအောင်.. ^_^

        ပထမဆုံး..Gmail account အသစ်ဖွင့်နည်းလေး..ပြောလိုက်ကြရအောင်..
ထုံစံအတိုင်း.. အကောင့်သစ်ဖွင့်ချင်ရင် www.gmail.com ကိုသွား.. ညာဘက်က.. Create New Account ကိုနှိပ်လိုက်ပါ..။
Form ဖြည့်ဖို့ကျလာရင်.. ကိုယ်ကြိုက်တဲ့နာမည်နဲ့... password တွေပေးပြီးဖြည့်လိုက်ပါ...။

 အဲ့မှာ..ဖုန်းနာပါတ်နေရာမှာ..ဘာမှမဖြည့်ပါနဲ့...။
ဒီတိုင်းထားပြီး.. I agree ဆိုတာ.အမှန်ခြစ်ခြစ်ပြီး.. Next ကိုဆက်နှိပ်လိုက်ပါ.။
ဖုန်းနာပါတ်တောင်းပါလိမ့်မယ်.။ Virtual phone number တစ်ခုယူဖို့အတွက်. ဒီကို အရင်သွားလိုက်ပါ..။
အောက်ကပုံစံအတိုင်း..ပေါ်လာပါလိမ့်မယ်...။


















Sign Up Here ကိုနှိပ်လိုက်ပါ..။
Email နေရာမှာ.မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Re-enter Email နေရာမှာလည်း..မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Security Code နေရာမှာ ကိုယ်ကြိုက်တဲ့. ဂဏန်း.. ၄ လုံးပေးလိုက်ပါ..။ ဥပမာ 1234
အောက်ကမေးခွန်းတွေမှာ..ရွေးထားတဲ့ဟာလေးတွေကို..ဒီတိုင်းပဲထားပါ..ဘာမှမပြောင်းပါနဲ့..။
CAPCHA လုပ်ခိုင်းတဲ့စာလုံးတွေကို..ရိုက်ပေးလိုက်ပါ..။
အားလုံးပြီးရင်.. submit နှိပ်လိုက်ပါ..။
သင့်ရဲ့..Virtual phone number နဲ့.. gmail လိပ်စာကို.ပြပါလိမ့်မယ်..။ သေသေချာချာမှတ်ထားပါ.။

Email: yourname@gmail.com
Phone Number: 206-984-8231

Security Code: 1233

အဲ့လိုပုံစံနဲ့ပြပါလိမ့်မယ်.။ သေသေချာချာမှတ်ထားပါ..။

Gmail ပြန်သွားကြရအောင်နော်... ဟီး..
Gmail မှာ..Next ကိုနှိပ်လိုက်တော့.. Voice Mail ? Text Message ပို့မှာလားဆိုပြီး. ဖုန်းနာပါတ်တောင်းပါလိမ့်မယ်..။
အဲ့နေရာမှာ.. Voice mail ကိုေ၇ွးပြီး.. ခုနက.ရလာတဲ့.. Virtual phone number ကိုထည့်ပေးလိုက်ပါ..။
ဖုန်းနာပါတ်က.. 206-984-8231 ဆိုရင်.. - တွေကို ဖြုတ်ပြီး.. 2069848231 လို့ထည့်ပေးလိုက်ပါ..။
1 မိနစ်အတွင်. www.k7.net ကို.. voice mail ၀င်လာပါလိမ့်မယ်..။
 voice mail ကို.. နားထောင်ဖို့..  ဒီ ကိုနှိပ်လိုက်ပါ..။
10 digit Phone Number OR Master Email Address:  နေရာမှာ.. ခုနက Gmail ထဲဝင်လာတဲ့ ဖုန်းနာပါတ်ကို ထည့်လိုက်ပါ..။ - တွေမပါပါစေနဲ့..။ ဥပမာ.. 2069848231 လို့ပဲပေးလိုက်ပါ..။
Security Code OR Master Security Code: ကိုယ်ပေးခဲ့တဲ့.. ဂဏန်းလေး လုံးကိုရိုက်လိုက်ပါ..။
 Check for messages ကိုနှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း.. voice mail ကိုတွေ့ပါလိ့မ်မယ်.။


















Save to Disk ကိုနှိပ်ပြီး.. download ဆွဲလိုက်ပါ.။ Download ဆွဲပြီးရင်..နားထောင်ကြည့်လိုက်ပါ.။ ဂဏန်း ၆ လုံးပါတဲ့..code number ပြောပါလိမ့်မယ်.။
အဲ့ဒီ code number ကို.. ခုနက Gmail က တောင်းတဲ့နေရာမှာဖြည့်ပေးလိုက်ပါ.။
ဒါဆိုရင်လည်း. Gmail အတွက်..အဆင်ပြေသွားပါပြီ...။

Facebook အကောင့်သစ်ဖွင့်နည်း
Facebook မှာ..ဖုန်းနာပါတ်မတောင်းစေချင်ရင်.. လွယ်ပါတယ်.။
First Name နဲ့ Last Name ကို.. English ပဲ..ထားပြီး..ဖွင့်လိုက်ပါ.။
ဥပမာ.. First Name>>> Jhon    ,    Last Name >>> Smit
အဲ့လိုမျိုး..English နာမည်ပေးလိုက်ရင်.. အိုကေသွားပါလိမ့်မယ်..။
နောက်မှ.ကိုယ်ကြိုက်တဲ့နာမည်...ပြန် ပြောင်းပေးလိုက်ပါ..။
စစဖွင့်ချင်းတော့.. English နာမည်ပဲ..ပေးလိုက်ပါ.။
Facebook မှာ.ဖုန်းနာပါတ်တောင်းရင်.. msg ပဲပို့ပါတယ်..။
K7.net က.. voice mail ပဲရပါတယ်..။
msg အ၀င်လက်မခံပါဘူး..။ ကိုယ်တိုင်နည်းနည်းကြိုးစားကြည့်ပါ... ဖွင့်တဲ့သူ အယောက် ငါးရာကျော်မှာ လေးရာ့ငါးဆယ်ကျော်အဆင်ပြေခဲ့ပါတယ်... :)

IF you like my post , Please Visit at Myanmar IT Helper ( www.mmithelper.com )

အခုတလော ကမ္ဘာ့သတင်းလောကမှာ အားလုံးကို ကျော်တက်သွားတာကတော့ အဆိုတော် မိုင်လေ ဆိုင်ရပ်စ် ရဲ့ MTV 2013 Music Award ပွဲမှာ ဖျော်ဖြေတင်ဆက်မှု

အခုတလော ကမ္ဘာ့သတင်းလောကမှာ အားလုံးကို ကျော်တက်သွားတာကတော့ အဆိုတော် မိုင်လေ ဆိုင်ရပ်စ် ရဲ့ MTV 2013 Music Award ပွဲမှာ ဖျော်ဖြေတင်ဆက်မှုပါဘဲ။ 


သတင်းလောကကို ပွဲဆူစေခဲ့တဲ့ မိုင်လေဆိုင်ရပ်စ် ၊ ဓာတ်ပုံ- theguardian

ကမ္ဘာ့မီဒီယာတွေကလည်း သူ့အကြောင်းပဲ ပြောကြ ဆိုကြ ဝေဖန်ကြနဲ့ ကမ္ဘာကျော် သတင်းတပုဒ်ဖြစ်နေ တာပါ။ 

သိပ်ဟော့ ပါတယ်ဆိုတဲ့ လေဒီဂါဂါ ကိုလည်း ကျော်ခွ သွားပါပြီ။ ဒီလောက် ကမ္ဘာကျော်ဖြစ်သွားအောင် ဖျော်ဖြေခဲ့တဲ့ ကလေး သရုပ်ဆောင်ဟောင်း မိုင်လေ ဆိုင်းရပ်စ် ဘယ်လို ဖျော်ဖြေတင်ဆက်ခဲ့လို့ပါလဲ။ 

ပရိသတ်တွေအတွက် ယူကျုပေါ် က သူ့ရဲ့ ဖျော်ဖြေမှုကို ပြန်လည် မျှဝေလိုက်ပါတယ်။http://www.youtube.com/watch?v=Z1WDEfJBZXg#action=share



အိမ့်သံစဉ် ~

ဆီးရီးယား နိုင်ငံကို အမေရိကန်က နာရီအနည်းငယ် အတွင်း တိုက်ခိုက်ဖွယ် ရှိနေ

ဒီနေ့အတွက် ကမ္ဘာ့သတင်းတွေမှာ ရှေ့ဆုံးက နေရာယူထားတာကတော့ ဆီးရီးယား အရေးပါဘဲ။ ဆီးရီးယား နိုင်ငံကို အမေရိကန်က နာရီအနည်းငယ် အတွင်း တိုက်ခိုက်ဖွယ် ရှိနေပါတယ်။ 


 ဓာတ်ပုံ- globalresearch.ca

အမေရိကန်ဟာ ဆီးရီးယားကို အချက် ၅ ချက်ကြောင့် ဝင်တိုက်ရပါတော့မယ် လို့ အမေရိကန် အခြေစိုက် CNN သတင်းတပုဒ်က ဆိုပါတယ်။ 

၁။ ကမ္ဘာပေါ်က အခြား အာဏာရှင်တွေလည်း အခုအခင်အကျင်းကို စောင့်ကြည့်နေကြတာ 
၂။ ဓာတုလက်နက်တွေနဲ့ အနာဂတ် စစ်မြေပြင်တွေမှာ အသုံးပြုလာနိုင် 
၃။ ဆီးရီးယားပြည်တွင်းစစ်ဟာ ပိုပို ပျံ့နှံ့လာပြီး အခြေအနေတွေကို ပိုဆိုးလာနေတာ 
၎။ စစ်ရေးအရ အရေးမယူခဲ့ရင် ဆီးရီးယား သမ္မတ အာဆတ်နဲ့ သူ့မဟာမိတ်တွေ အောင်ပွဲခံလာကြမယ် ၅။ အလွန်စက်ဆုပ်မုန်းတီးဖွယ်ကောင်းတဲ့ အခုလို ၀မ်းနည်းကြေကွဲစရာတွေကို မျိုးဆက်သစ်တခုကတော့ ဆက်ပြီး သတိရနေလိမ့်မယ် ဆိုတဲ့ အမေရိကန်ဘက်က အကြောင်းပြချက် ၅ ချက်ပါ။ 

ဆိုလိုတာက သမ္မတ အိုဘားမားကတော့ ကမ္ဘာပေါ်က အာဏာရှင်တွေ နောက်နောင် ဓာတု လက်နက် မသုံး ရေး စဉ်းစားချက်ကို အလေးထားနေပါပြီ။ 

ကုလ သမဂ္ဂရဲ့ ဆီးရီးယားက ဓာတုလက်နက်သုံး၊ မသုံး စုံစမ်းရေး အရာရှိကတော့ ကနဦး အာဆတ်အစိုးရ သုံးတဲ့ လက္ခဏာမတွေ့ရဘူးပြောပေမယ့် ဓာတုလက်နက်အခင်းဖြစ်နေရာကို မရောက်နိုင်သေးပါဘူး။ ဒါပေမယ့် အာဆတ်ရဲ့ ညီဖြစ်သူက ဓာတုလက်နက်နဲ့ ဖြိုခွင်းဖို့ အမိန့်ပေးခဲ့တယ်လို့တော့ သံသယဖြစ်တယ် ဆိုတဲ့ သတင်းတွေနဲ့အတူ အမေရိကန်ကတော့ ဆီးရီးယား အစိုးရဟာ ဓာတုလက်နက်အသုံးပြုခဲ့တာဟာ အခိုင်အမာဖြစ်တယ်လို့ ဆိုထားတာပါ။ 

ဒါကြောင့်လည်း ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ပြင်ဆင်ပြီးဖြစ်လို့ အမေရိကန်နဲ့ အတူ ဗြိတိန်၊ ပြင်သစ် စ တဲ့ မဟာမိတ်နိုင်ငံတွေက ဆီးရီးယား ရေပိုင်နက်အပါအ၀င် ဆီးရီးယားရဲ့ အရေးပါတဲ့ စစ်ဘက်ပစ်မှတ်တွေ ကို အချိန်တိုတွင်းတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေက ပြောထားပါတယ်။ 

ရုရှားကဆို အမေရိကန်တွေ ဆီးရီးယားကို စစ်ရေးအရ ၀င်တိုက်မယ်ဆိုရင် မလွယ်ကူတဲ့အကြောင်း ထောက်ပြ ပြီး အီရန်ကတော့ အလွန်အန္တရာယ် များတဲ့ ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့လည်း ပြောတယ်။ 

အမေရိကန် စစ်ဘက် အကြီးတန်း အရာရှိတွေကတော့ ဆီးရီးယားကို ဆင်နွှဲမယ့်စစ်ရေးအရ အရေးယူမှု ဟာ အချိန်တို လေးအတွင်း အပြီးသတ်သွားမှာလို့ ပြောကြပါတယ်။ 

တဖက်မှာလည်း အီရန်အနေနဲ့ သမ္မတ အာဆတ်အလွန် ဆီးရီးယားနဲ့ပတ်သက်တဲ့ အရံအစီအစဉ်တခု လည်း ရှိနေပုံရ ပါတယ်။ 

အမေရိကန်က ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သဘောတူမှု ရယူပြီးမှ ဆီးရီးယားကို စစ်ရေးအရ အရေး ယူမှာလားဆိုတဲ့ မေးခွန်းအပေါ် အမေရိကန်ဘက်က ဘယ်လိုမှ မှတ်ချက်ပေးထားမှု မရှိပါဘူး။ 

လုံခြုံရေး ကောင်စီမှာလည်း ထုံးစံအတိုင်း ရုရှားတို့၊ တရုတ်တို့က ဆီးရီးယားဘက်က ရပ်တည်ပြီး စစ်ရေး အရ အရေးမယူဖို့ ကန့်ကွက်နေကြတာပါ။ 

ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကတော့ ကုလစုံစမ်းရေးမှူးတွေရဲ့ ဆီးရီးယားဟာ ဓာတု လက်နက်သုံး၊ မသုံး ခိုင်မာတဲ့ နောက်ဆုံး တွေ့ရှိချက် ရတဲ့ အထိ ခဏစောင့်ပေးဖို့ တိုက်တွန်း ထားပါ တယ်။ 

ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့အတွက် အမေရိကန်ဘက်ကတော့ ဗြိတိန်၊ ပြင်သစ်က အခိုင်အမာ ရပ်ပြ နေပါတယ်။ သူတို့ကလည်း ဆီးရီးယားကို စစ်ရေးအရ အေ၇းယူမယ်ဆိုရင် အဆင်သင့်ဖြစ်ကြောင်း ပြော ထားပြီး ဖြစ်ပါတယ်။ 

ဆီးရီးယားကို အမေရိကန်က စတင် ၀င်ရောက်တိုက်ခိုက်တာနဲ့ ဆီးရီးယားကလည်း အစ္စရေးကို ပစ်မှတ် ထား တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အတွက် အစ္စရေးကလည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားပြီး သားပါ။ 

အမေရိကန်ဟာ တချိန်က အီရတ်၊ အာဖဂန် စတဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့စဉ်ကလည်း လက်ဦးမှု ရယူတဲ့ မဟာဗျူဟာ ကို ကျင့်သုံးပြီး လုံခြုံရေး ကောင်စီရဲ့ သဘောတူညီမှုဆုံးဖြတ်ချက်ကို မစောင့်ဆိုင်းခဲ့ပါဘူး။ 

ထူးခြားတာက သမ္မတ အိုဘားမားဟာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်လည်းဖြစ် ဒီမိုကရက်တစ်ပါတီ ကလည်း ဖြစ် ဆိုတော့ ဆီးရီးယားအရေး ကိုင်တွယ်မယ့် နေရာမှာ အလွန်အကန့်အသတ်ရှိတဲ့ စစ်ရေးအရ အရေးယူ မယ့် ပုံစံ မျိုး အချိန်အလုံ အလောက်ယူနေတာ သတိထားမိပါတယ်။ 

အခြေအနေက စက္ကန့်တံများ တချက်ချက် မြည်သံနဲ့အတူ သမ္မတ အာဆတ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေး မယ့် အချိန်ရောက်လာနေပါပြီ။ 

တကယ်တော့ အမေရိကန်ဟာ တချိန်က သူထောက်ခံအားပေးခဲ့သူတွေနဲ့ ပြန်လည် စစ်ခင်းရလို ဖြစ်နေပြီး တချိန်က ရန်သူတော်များဘက်က ရပ်တည်ပေးတဲ့ လက္ခဏာလည်း ဖြစ်နေသလိုပါ။ 

Znet မှာ ဝေဖန်ရေးသမား မစ္စတာ ရောဘတ် ဖစ်ခ် ( Robert Fisk) ကတော့ ဆီးရီးယား အစိုးရကို တိုက် ရင် အမေရိကန်ဟာ သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် အယ်လ် ကေးဒါးတွေ ဘက်က နေပေးသလို ဖြစ် သွားလိမ့်မယ် ဆိုတာ အိုဘာမား သိသလား လို့ ထောက်ပြထားပါတယ်။ 

ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို နောက်ထပ် အချိုးအကွေ့ ဖြစ်စေမယ့် ဆီးရီးယား အပေါ် အမေရိကန်နဲ့ မဟာမိတ်တွေ စစ်ရေးအရ အရေးယူဖို့ နောက်ဆုံး ဆုံးဖြတ်ချက်အတွက် အချိန်စက္ကန့်တွေက တရွေ့ရွေ့။ 


လင်းသန့် ~http://blog.irrawaddy.org/2013/08/blog-post_9527.html

SKYPE ဆိုရင် လူတိုင်း သိနေကြပါပြီ ဒီနေ့တော့ Android အတွက် update



SKYPE for Android(28.08.2013)

SKYPE ဆိုရင် လူတိုင်း သိနေကြပါပြီ ဒီနေ့တော့ Android အတွက် update

လေးထွက်လာလို့ အားလုံးပဲ အသုံးပြု့လို့ရအောင်

ပြန်လည်မျှဝေပေးလိုက်ပါတယ်




အိုင်တီခေတ်





ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

လိုအပ်ချက်ကြောင့် ညပိုင်းတွင် အလုပ်လုပ်စားရသော မိန်းကလေးများအား KIA ခေါင်းဆောင် များမှ ခေါ်ဆောင်၍ သားမယား အဖြစ် ပြုကျင့်



အစိုးရတပ်များနဲ့ တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း KIA ထိန်းချုပ်မှုအောက်ရှိတဲ့ ရွာတွေက လူအားလုံး လိုင်ဇာမြို့ ကို ရွှေ့ခိုင်းပြီး ဒုက္ခသည်များအဖြစ် နေထိုင်စေခဲ့ပါတယ်။ အစပိုင်းမှာတော့ ဆန်နဲ့စားစရာ အသင့် အတင့် ရရှိပြီး အချိန်ကာလကြာမြင့်လာတဲ့နောက်မှာ ထမင်းဝအောင် မစားရတဲ့ အခြေ အနေတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။ ဒုက္ခသည်စခန်းအတွင်း ရောက်ရှိလာသူများထဲက ကျန်းမာ သန်စွမ်း   သူအ မျိုး သား များ ကို KIA လက်နက် ကိုင် အဖြစ် ၀င်ရောက်စေပြီး ရှေ့တန်းစစ်ဆင်ရေးနှ င့်  မိုင်းေ ထာ င်ဖောက် ခွဲ ရေးတာဝန်များ ပေးအပ်ခဲ့တဲ့ အတွက် တိုက်ပွဲတွေမှာ သေဆုံးသူ၊ ထိခိုင်ဒဏ် ရာရသူ အများအပြား ရှိနေ၍ ပါဝင်ဆောင်ရွက်ခြင်း မပြုလိုသော်လည်း ဒုက္ခသည်စခန်းမှာရှိတဲ့ သားသမီး၊ ဇနီး၊ မိသားစုများမှာ KIA ထိန်းချုပ်မှုအောက်မှာ ရှိတဲ့အတွက် ထွက်မပြေး နိုင်တာကြောင့် ဆက်လက် တိုက်ပွဲဝင် နေကြရ ပါတယ်။

 တိုက်ခိုက်မှုတွေ အတွင်း သေဆုံးသွားသူ တွေရဲ့ မိသားစုတွေမှာ မည်သည့် ထောက်ပံ့မှုမှမရဘဲ ဒုက္ခသည် စခန်းမှာ အမှန် တကယ် ဒုက္ခရောက်လျက်ရှိကြောင်း သတင်းများ ရရှိပါတယ်။ မြို့ပေါ် ဒုက္ခသည်စခန်းရောက် အချို့မိသားစုများတွင် ၎င်းတို့၏ ခင်ပွန်းနှင့် သားသမီးအချို့ တိုက်ပွဲတွင် ရာမှာလည်းကောင်း၊ မိုင်းထောင်ရာမှာလည်းကောင်း သေဆုံးမှုများဖြစ်ပေါ်လျက်ရှိရာ လူသိမှာစိုး၍ ပွင့်လင်းစွာ ပင် ငိုကြွေးနိုင်မှုမရှိကြောင်း၊ ဆုတောင်းပွဲများလည်း မလုပ်ရဲ ဖြစ်နေကြပါတယ်။ KIA နယ်မြေရှိ ဒုက္ခသည် စခန်းမှ မိသားစုများမှလည်း KIA ၏ ထိန်းချုပ်ထားမှု ကြောင့် လည်းကောင်း၊ အသိမပေးဘဲ လျှို့ဝှက်ထားခြင်း ကြောင့် လည်းကောင်း များစွာဒုက္ခရောက် လျက်ရှိပါတယ်။

 အစိုးရက ကူညီထောက်ပံ့ပေးနေသော ဒုက္ခသည်စခန်းတွင် ရှိနေသူများမှာလည်း စားသောက်ရေးမှာ ကူညီ ထောက်ပံ့မှုများကြောင့် အဆင်ပြေနေသော်လည်း ၀င်ငွေရသော စီးပွားရေး မလုပ်နိုင်ခြင်း၊ ကျန်း မာရေး လိုအပ်ချက်များ ရှိလာပါက အခက်အခဲဖြစ်နေခြင်းကြောင့် အရွယ် ရောက်သော မိန်းမပျိုလေး များနှင့် ညဦး ပိုင်း နှင့် ညဥ့်နက်ပိုင်းတွင် လုပ်ငန်းခွင်ဝင်၍ ငွေကြေး ရှာဖွေနေရခြင်း၊ထိုသို့လုပ်ကိုင်ရာတွင် တစ်ခါတစ်ရန် KIA များနှင့်တွေ့လျင် စခန်းသို့ခေါ်ဆောင်သွားခံရပြီ ခေါင်းဆောင်ကြီးများ၏ သားမယား အဖြစ် ပြုကျင့် ချင်းများကိုလည်း ခံရခြင်း၊လူငယ်များမှလည်း ဖိစီးမှုများကြောင့် မူးယစ် ဆေးဝါးသုံး စွဲခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ လုယက်မှုကျူးလွန်နေခြင်းတို့ကြောင့် ညပိုင်းအပြင်သွား လာမှုများ အခက်အခဲနှင့် ကြုံတွေ့ လျက်ရှိ ကြောင်း သိရှိရပါတယ်။

 ဒီလိုဖြစ်နေရတာ ဘယ်သူ့ကြောင့်လဲ သေချာကြည့်မယ်ဆိုရင် ကချင် ပြည်နယ် ကိုချစ်ပါတယ်ဆို တဲ့ ကေအိုင်အေခေါင်းဆောင်တွေကြောင့်ဖြစ်နေရပါတယ်။ ကချင်ပြည်နယ် ကိုတယ်ဆိုပြီးသူတို့၏ စီး ပွားရေး၊  အာဏာ ရရှိရေးတာကြည့်နေတာကြောင့် ငြိမ်းချမ်းရေးနဲ့ အလှမ်း ကွာဝေးနေလျက်ရှိသည်။ ကချင်ပြည်နယ် အတွင်း နှစ်ဘက်တိုက်ခိုက်မှုကြောင့် စီးပွားရေး အခက်အခဲဖြစ်ပေါ်ခြင်း၊ မူးယစ်ဆေး သုံးစွဲ သူများပြားခြင်း၊ မိန်းကလေးများ အကျင့်စာရိတ္တပျက်ပြား ခြင်း၊ ခိုး၊ ဆိုး၊ လုယက်မှုများပြားလာခြင်းကြောင့် အရပ်သားပြည်သူများနှင့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ အနေဖြင့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိစေရန် ဆန္ဒရှိကြပါကြောင်း ပြောကြားခဲ့ ပါတယ်။

From:KDN
Myanmar Daily Star Group

မဆင်မခြင် ယာဉ်မောင်းကြောင့် အမျိုးသမီးတစ်ဦး ဓာတ်တိုင်ပိ သေဆုံး



Wednesday, 28 August 2013

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် ပြည်ထောင်စု ရိပ်သာရှေ့၌ ယနေ့ နံနက် ၆ နာရီက ပြည်လမ်းမကြီး တစ်လျှောက် ဆူးလေမှ မြေနီကုန်းဘက်သို့ မောင်းနှင်လာသည့် (၁၂၄) မြောက်ပိုင်းခရိုင် အထူးယာဉ်လိုင်းမှ မော်တော် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းပေါ်မှ ဓာတ်တိုင်ကို ဝင်တိုက်ပြီး ဓာတ်တိုင်ကျိုးကျ သဖြင့် နံနက်ပိုင်း အားကစား လေ့ကျင့်ရန် လမ်းလျှောက် လာသူ အမျိုးသမီးတစ်ဦး (အမည် မသိရသေး)ကို ပိမိသဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်နိုင်ရန် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

http://www.myawady.com.mm/allnews/crimenews/item/23788-2013-08-28-13-01-48

မယ်ကမ္ဘာပြိုင်ပွဲဟာ မူဆလင်တွေရဲ့အဆုံးအမနဲ့ ကိုက်ညီမှုမရှိဘူး၊ ဒါကြောင့် ကျင်းပဖို့ ပြင်နေတဲ့ မယ်ကမ္ဘာပြိုင်ပွဲကို ဖျက်သိမ်းဖို့ ဘာသာရေးအဖွဲ့တခုက အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းထားတယ်လို့ အရာရှိတဦးက တနင်္လာနေ့မှာ ပြော

အမျိုးသမီးတွေရဲ့အသားအရေကို လှစ်ဟပြတဲ့  မယ်ကမ္ဘာပြိုင်ပွဲဟာ မူဆလင်တွေရဲ့အဆုံးအမနဲ့ ကိုက်ညီမှုမရှိဘူး၊ ဒါကြောင့်  ကျင်းပဖို့ ပြင်နေတဲ့ မယ်ကမ္ဘာပြိုင်ပွဲကို ဖျက်သိမ်းဖို့ ဘာသာရေးအဖွဲ့တခုက အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းထားတယ်လို့ အရာရှိတဦးက တနင်္လာနေ့မှာ ပြောပါတယ်။


၂၀၀၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ West Sumatra ခရိုင်၊ Padan မြို့က အထက်တန်းကျောင်း ကျောင်းသူများ အိမ်ပြန်ဖို့ ကားစောင့်နေပုံ (photo - Reuters)
Indonesian Ulema Council လို့ ခေါ်တဲ့ အဲဒီအဖွဲ့ဟာ အင်ဒိုနီးရှားမှာ သြဇာအရှိဆုံး အစ္စလမ်မစ်အဖွဲ့များထဲက တဖွဲ့ဖြစ်ပါတယ် တဲ့။

ပြိုင်ပွဲစီစဉ်သူများက ဘီကီနီကဏ္ဍ ဖြုတ်ပေးမယ်၊ အဲဒီအစား လုံချည်ဝတ်ကဏ္ဍ အစားထိုးပါ့မယ်လို့ သဘောတူလိုက်တဲ့ကြားထဲက ဒီလို သဘောမတူမှုတွေ ပေါ်ပေါက်လာတာပါ။

အင်ဒိုက ဒီပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာကို ဆန္ဒပြကန့်ကွက်တာတွေနဲ့ ပတ်သက်ပြီး  အဖွဲ့ခေါင်းဆောင်တွေက ဒီလဆန်းပိုင်းမှာ အစည်းအဝေးလုပ်တယ်လို့ အဖွဲ့ဥက္ကဋ္ဌ Amidan Shaberah က ပြောပါတယ်။
 
“ကျုပ်တို့ ဆိုချင်တာက ရှင်းပါတယ်၊ ကမ္ဘာ့မယ်ပြိုင်ပွဲကို အင်ဒိုက အိမ်ရှင်လုပ်မှာကို ကျုပ်တို့ လက်မခံဘူး။  ပြိုင်ပွဲမှာ သူတို့ အသားအရေကို ဖော်ပြတာဟာ အစ္စလမ်မစ်အဆုံးအမနဲ့ မကိုက်ညီဘူး”


ဒီအဖွဲ့က ခါတိုင်းလည်း ဆေးလိပ်သောက်ခြင်း၊ ယောဂလေ့ကျင့်ခြင်းတို့ကို ဟန့်တားခဲ့ဖူးပါတယ်။
ဒီလို အငြင်းပွားဖွယ်ဟန့်တားချက်တွေဟာ ဥပဒေကဲ့သို့အာဏာမတည်ပေမယ့်လည်း မလိုက်နာရင် အပြစ်ဖြစ်မယ်လို့ ယူဆသူ အများအပြားက လိုက်နာခဲ့ကြပါတယ်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ တင်ထားတဲ့ သတင်းတပုဒ် ဖြစ်တဲ့
Indonesian Clerics Call for Ban of Miss World http://www.irrawaddy.org/archives/42864  ကို အနည်းအကျဉ်း ပြန်ရေးပြတာပါ။
အပြည့်အစုံကို အဲဒီမှာ ဖတ်နိုင်ပါတယ်။  

အစိုးရကတော့ စီစဉ်ထားတဲ့အတိုင်း အလှမယ်ပြိုင်ပွဲကို ဆက်လုပ်မယ့်သဘောရှိပါတယ်။
ပြိုင်ပွဲမှာ ဘီကီနီ ၀တ်ကြမယ် မဟုတ်ဘူးလို့ သိရပါတယ်။

 

 



.