Thursday, August 29, 2013

မဆင်မခြင် ယာဉ်မောင်းကြောင့် အမျိုးသမီးတစ်ဦး ဓာတ်တိုင်ပိ သေဆုံး



Wednesday, 28 August 2013

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် ပြည်ထောင်စု ရိပ်သာရှေ့၌ ယနေ့ နံနက် ၆ နာရီက ပြည်လမ်းမကြီး တစ်လျှောက် ဆူးလေမှ မြေနီကုန်းဘက်သို့ မောင်းနှင်လာသည့် (၁၂၄) မြောက်ပိုင်းခရိုင် အထူးယာဉ်လိုင်းမှ မော်တော် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းပေါ်မှ ဓာတ်တိုင်ကို ဝင်တိုက်ပြီး ဓာတ်တိုင်ကျိုးကျ သဖြင့် နံနက်ပိုင်း အားကစား လေ့ကျင့်ရန် လမ်းလျှောက် လာသူ အမျိုးသမီးတစ်ဦး (အမည် မသိရသေး)ကို ပိမိသဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်နိုင်ရန် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

http://www.myawady.com.mm/allnews/crimenews/item/23788-2013-08-28-13-01-48

0 ကွန်မန့်ရေးရန်:

Post a Comment