This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, April 30, 2012

အသစ်တွေ့ ရှိရသော တွဲဖက်မစားသင့်သည့် အစားအစာ (၂)မျိုး

သူငယ်ချင်းများ အားလုံးဘဲ နေကောင်းကျန်းမာ ပျော်ရွှင်ကြပါစေနော်.................။ အလင်း ရဲ့ forward mail မှ ပြန်လည်ဝေမျှခြင်း ဇြစ်ပါတယ်..........။သိပြီး သူများကို မရည်၇ွယ်ပါနော်...........။


ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။လူသတ်မှုလို့ ထင်တဲ့အတွက် ရဲတွေက အပြင်းအထန် စစ်ဆေးမှု တွေ လုပ်ပါတော့တယ်။သူမရဲ့ ရုပ်အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic (အာဆင်းနစ်လို့ ခေါ်တဲ့ စိန်ဖြူ)အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ အာဆင်းနစ် အဆိပ် ဟာ ဘယ်က လာပါသလဲ ။



ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခဆရာဝန်ကြီးတစ်ဦး ကိုလည်း ဒီပြဿနာ ကိုအဖြေရှာဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။ ပါမောက္ခကြီးဟာ သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အားလုံးနဲ့ မသေဆုံးခင်က ခံစားခဲ့ ရတဲ့ ရောဂါလက္ခဏာတွေကို မြင်မြင်တွေ့ ခဲ့ သူတွေကို သေချာမေးမြန်းခဲ့ ပါတယ်။ပြီးနောက်မှာတော့ ဒီ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ” သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ မတော်တဆ အစာထဲကအာဆင်းနစ်စိန်ဖြူအဆိပ်သင်
့ခဲ့ ရတာပါ၊ “ လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။လူတွေက နားမလည်နိုင်ဘဲ အစာထဲမှာ အာဆင်းနစ်က ဘယ်ကဘယ်လို ပါလာသလဲ ဆိုပြီး ပဟေဠိဖြစ်နေကြပါတယ်။

“Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲမှာ အစာတွေခြေဖျက်ရာကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီ (vitamin C)ကို နေ့တိုင်း မှီဝဲခဲ့တယ်လို့ သိရပါတယ်ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ” လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ သတ္တ၀ါတွေရဲ့ အခွံမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာကတည်းက လေ့လာ တွေ့ ရှိခဲ့ ကြပါတယ်။ ဒီအစားအသောက်တွေဟာ ဒီအတိုင်း သူ့ ချည်းပဲတော့ အဆိပ်အာနိသင်မဖြစ်စေပါဘူး။အာဆင်းနစ်ဟာ ပြဒါး၊ခဲစတဲ့  သိပ်သည်းသောသတ္တုများ(heavy metals)လို့ ခေါ်တဲ့  လူ့ ခန္ခာကိုယ်ထဲမှာ များများမရှိသင့်တဲ့ အဆိပ်သင့်သတ္တုတွေထဲမှာပါပါတယ်။သူဟာ ဗီတာမင်စီနဲ့  ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ အာဆင်းနစ်အောက်ဆိုဒ်(arsenic oxide, As2O5)ကနေ အဆိပ်ပြင်းလှတဲ့  အာဆင်းနစ်ထရိုင်အောက်ဆိုဒ်( arsenic trioxide, As2O3)အဖြစ်ပြောင်းလဲသွားပါတယ်။ဒါက အားလုံးသိကြတဲ့ ပရဆေးဆိုင်တွေမှာရောင်းတတ်ကြတဲ့ စိန်ဖြူပဲဖြစ်ပါတယ်။ကျွန်တော်တို့  ခဏခဏကြားနေကြရတဲ့  ကိုယ့်ကိုယ်ကိုယ်သတ်သေချင်ရင်သံပုရာရည်နဲ့ သောက်တဲ့ စိန် ဖြစ်ပါတယ်။ သံပုရာရည်ထဲက ဗိုက်တာမင်စီနဲ့  အာဆင်းနစ်နဲ့ ပေါင်းသွားပြီး အဆိပ်ဖြစ်သွားတယ်ဆိုပါတော့။


အာဆင်းနစ်အဆိပ်ရဲ့ အာနိသင်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့  အာရုံကြော တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ဒီအပြင် အသက်ရှူရာကနေ စွမ်းအင်ထုတ်တဲ့ လမ်းကြောင်းကိုလဲ ပိတ်လိုက်တဲ့ အတွက် စွမ်းအင်မရတော့ဘဲ သတိလစ်မေ့မျောခြင်းတွေဖြစ်လာနိုင်ပါတယ်။


ဒါကြောင့် ပုဇွန် ၊ အခွံပါတဲ့ ရေသတ္တ၀ါတွေကို ဗီတာမင်စီ ပါတဲ့ အစားအစာများ(ဥပမာလိမ္မော်သီး၊သံပုရာသီး၊ဇီးဖြူသီးစသည်)၊ဗီတာမင်စီဆေးပြားများ(ဥပမာ စီဗစ်)တို့ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။ဒီအစားအစာတွေကို မကြိုက်လို့ မစားပေမယ့် အခုအချိန်မှာ တုပ်ကွေးအအေးမိတာကို ကာကွယ်တဲ့ အနေနဲ့  စီဗစ်သောက်နေကျလူများလဲ အထူးသတိထားကြရန်လိုပါတယ်။ နီးစပ်ရာလူတွေကို လက်ဆင့်ကမ်းပြောပေးကြပါဦး။
Views: 1053

ရေကို အလာ့ဂျစ်ဖြစ်တဲ့ မိန်းကလေး

ရေကို အလာ့ဂျစ်ဖြစ်တဲ့ မိန်းကလေး
Posted by သက်တန့်ချို

ဒါဟာလည်း ထူးထူးဆန်းဆန်း ရောဂါ အခြေအနေတစ်မျိုးပဲဖြစ်ပါတယ် ။ ယုံကြည်နိုင်ဖွယ်ရာတောင်မရှိပါဘူး ။ သူမနာ မည်က Ashleigh Morris ဖြစ်ပြီး ရေကို အလာ့ဂျစ်ဖြစ်တဲ့ Aquagenic Urticaria ဆိုတဲ့ရော ဂါတစ် မျိုးကို ခံစားနေရရှာတယ် ။ ဒီရောဂါဟာ သူမကို ဘယ်လိုအကြောင်းနဲ့မှ ရေနဲ့ထိခွင့်မရအောင် တားဆီး ထား တယ် ။ ဥပမာ ရေချိုးခြင်း ရေကူးခြင်း စသဖြင့်ပေါ့ ။ သူမဟာ ဘယ်လောက်ထိ လဲဆိုရင်သူမ ကိုယ်က ထွက်တဲ့ချွေး နဲ့ ပြန်ပြီး အလာ့ဂျစ်ဖြစ်နေတဲ့အတွက် အချိန်တိုင်း အနီကွက်တွေပေါ်နေလေ့ရှိတယ် ။ လူတွေ ရဲ့ခန္ဓာ ကိုယ် ဟာ ရေ ၈၀% နဲ့လုပ်ထားတာမှန်ပေမယ့်လည်းဒီကောင်မလေးက ဘာကြောင့် အလာ့ ဂျစ်ဖြစ် ရ တယ်ဆို တာတော့မသိပါဘူး ။ သူမ ဘယ်လိုရေချိုးသလဲဆိုတာလည်းမသိရပါဘူး ။

အလှူရှင်မိန်းမကိုယ်(vagina)ထဲမှ ကျောက်ကပ်ထုတ်ယူခဲ့ခြင်း

အလှူရှင်မိန်းမကိုယ်(vagina)ထဲမှ ကျောက်ကပ်ထုတ်ယူခဲ့ခြင်း
Posted by သက်တန့်ချို

ဒါဟာ ပထမဆုံးသော ခွဲစိတ်မှု ဖြစ်စဉ်ဖြစ်ပါတယ်လို့ အလှူရှင်အမျိုးသမီးရဲ့ မိန်းမကိုယ် (vagina) ထဲကနေ ကျန်းမာ သန်စွမ်းတဲ့ကျောက်ကပ်ကို ထုတ်ယူခဲ့သူ Johns Hopkins Medical Center မှ ဆရာဝန်တွေ ကပြော ပါတယ် ။ အရင်တုန်းကတော့ ကင်ဆာဖြစ်နေပြီး အလုပ်မလုပ်တော့တဲ့ကျောက်ကပ်ကို ဒီလိုနည်းလမ်းနဲ့ ထုတ်ယူ ခဲ့ဖူးပေ မယ့် ဒီ ဇန်န၀ါရီ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုကတော့ လှူဖို့သက်သက် ရည်ရွယ် ချက်နဲ့ပြုလုပ်ခဲ့တာပါလို့ တနင်္လာနေ့ထုတ် သတင်းတွေက ဖော်ပြခဲ့ကြပါတယ် ။

“ ကျောက်ကပ်ကို အောင်အောင်မြင်မြင် ထုတ်ယူနိုင်ခဲ့ပြီးအလှူရှင်ရဲ့ တူမ ကိုယ်ထဲကို ထည့်ပေးနိုင်ခဲ့ပါတယ် ။ အခု သူ တို့ နှစ်ယောက်စလုံးလည်း ကျန်းမာနေကြပါတယ် ” လို့ Johns Hopkins မှ ခွဲစိတ်မှုခေါင်းဆောင် Dr.Robert Montgomery ကပြောဆိုခဲ့ပါတယ် ။ ဒီခွဲစိတ်မှုဟာ ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်မှု ( invasive ) နည်း တဲ့ အတွက် အလှူရှင်တွေ ပိုများလာနိုင်တယ်လို့ဆိုပါတယ် ။
“ ကျောက်ကပ်ကို ဒီလို သဘာဝ အပေါက် ( opening - မိန်းမကိုယ်) ထဲကနေထုတ်ယူခြင်းဟာ လူနာရဲ့ ပြန် လည်ကောင်း မွန်လာမှု recovery ကို တိုးတက်စေပြီး အလှအပရေးရာ ရှူထောင့်ကနေကြည့်ရင်လည်း ထိခိုက်မှု မရှိပါဘူး” လို့ မောင့်ဂိုမာရီက ပြောဆိုခဲ့ပါတယ် ။ သူက CNN ကို ပြောဆိုခဲ့တာကတော့ “ ကျွန်တော်တို့ဟာ လူတွေကို လွယ်လွယ်ကူကူလှူလို့ရတယ်ဆိုတာ လိုချင်ပြီး သူတို့ ဘ၀အရည် အသွေးကိုလည်း ထိခိုက်မှု နည်းအောင် ဆေးရုံမှာလည်း ရက်နည်းနည်းပဲနေရအောင် အမြန်ပြန်လည်ကျန်းမာလာတာကိုပဲ အလိုရှိ ပါတယ် ” လို့ဖြစ်ပါတယ် ။ ဒီအမျိုးသမီးဟာ ပထမဆုံးဒီလို နည်းလမ်းနဲ့ပေးလှူသူ အဖြစ်ရွေးချယ်ခဲ့ တာဖြစ် ပါတယ် ။ ၃ နာရီပဲကြာတဲ့ခွဲစိတ်မှုဟာ လူနာကို ၂၄ နာရီအတွင်းအိမ်ပြန်ရောက်စေခဲ့ပါတယ် ။ ပုံမှန်ခွဲ စိတ်မှု အ ရဆိုရင်တော့ ၀မ်းဗိုက်မှာ ငါးလက်မ ခြောက်လက်မ ခွဲစိတ်ရာပေးပြီး ခွဲစိတ်မှုလုပ် ၊ ပြီးရင် ဆေး ရုံမှာ ၂ ရက် ၃ ရက်တော့ကြာမှာဖြစ်ပါတယ် ။ “ သူမ ကိုမေးကြည့်မယ်ဆိုရင်တော့ ဒါဟာ သွားနှုတ်သ လိုပါပဲလို့ ပြော ဆိုမှာဖြစ်ပြီး သူမဟာ အဲဒီညမှာပဲ လမ်းလျှောက်နေနိုင်ပါပြီ ” လို့ Montgomery က ပြောခဲ့ ပါတယ် ။

ဒီလိုခွဲစိတ်မှုတွေမပြုလုပ်ခင်မှာ မိန်းမကိုယ်ကို ပိုးသတ်ဆေးရည် Betadine နဲ့ ဆေးကြောရပါတယ် ။ “ ဒီလို သန့်စင်တဲ့နည်း ကိုသုံးတာကောင်းပါတယ် ” လို့ Cleveland clinic မှ laproscopic and robotic surgery ခေါင်းဆောင် Dr.Jihad Kaouk ကပြောခဲ့ပါတယ် ။ ဒါ့အပြင်သူက “ မိန်းမကိုယ် ထဲကနေ ကျောက် ကပ်ထုတ်ယူတာဟာ တကယ်တော့ ပိုးမသန့်စင်ပါဘူး ဒါဟာ တကယ်ပဲ အန္တရာယ်များသလား ဘယ်လိုနည်းတွေ နဲ့အနိုင်ယူမလဲဆိုတာကိုတော့ ကျွန်တော်တို့ ရှာဖွေရဦးမှာပါ ” လို့ထပ်ပြောခဲ့ပါတယ် ။ “ ခွဲစိတ်မှုတစ်ခုဟာ ခွဲစိတ်ရာ အသေးဆုံးဖြစ်မယ် ခွဲပြီးတဲ့အခါမှာလည်း နာကျင်မှုသက်သာရမယ် ဒါပေမယ့် ကျွန်တော်တို့ အမြဲစစ်ဆေး ရမှာကတော့ အဲဒီခွဲစိတ်မှုကြောင့်ဖြစ်ပေါ်လာမယ့်ကုန်ကျစရိတ်နဲ့ဈေးနှုန်းဖြစ်ပါတယ် ” လို့ Kaouk က ပြောခဲ့ပါတယ် ။
Source : CNN

အင်တာနက်ကောင်းကျိုးနဲ့ဆိုးကျိုး

အင်တာနက်ကောင်းကျိုးနဲ့ဆိုးကျိုး
Posted by Mishell

ယနေ့ခေတ်မှာ အင်တာနက်က မရှိမဖြစ်အရေးပါတဲ့ အစွမ်းထက်ဆုံး ဆက်သွယ်ရေးကွန်ယက်၁ခုဖြစ်ပြီး ကမ္ဘာအနှံ့သုံးစွဲနေကြပါတယ်။ ယနေ့ကမ္ဘာတဝှမ်း ဖြစ်ပျက်နေတဲ့သတင်းအချက်အလက်များ၊ ဖျော်ဖြေရေး၊ နည်းပညာနဲ့ အခြားဝန်ဆောင်မှုများစွာကို ပေးစွမ်းနိုင်တဲ့ စွမ်းအားရှင်၁ပါးလည်း ဖြစ်ပါတယ်။
သင်သိချင်တဲ့ ဘယ်အကြောင်းအရာကိုမဆို web browserမှာ သင်ရှာဖွေမယ့်အရာကို Key boardပေါ် ရိုက်ထည့်ပြီး Enterနှိပ်လိုက်ရုံနဲ့ အဆိုပါအကြောင်းအရာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် သူငယ်ချင်းမိတ်ဆွေတိုးပွားလိုရင် Chat Roomsထဲကို ဝင်ပြီးရှာလို့ရပါတယ်။ တချို့က အင်တာနက်ဟာ သူငယ်ချင်းနဲ့ မိသားစုအကြား ဆက်ဆံခင်မင်ရင်းနှီးမှု အားရဖွယ်မရှိကြောင်း ပြောကြပါတယ်။ အထူးသဖြင့် အချင်းချင်းမိတ်ဖွဲ့ကြမယ်ဆိုပါစို့။ အွန်လိုင်းကနေသိတာနဲ့ လူချင်းအပြင်မှာရင်းနှီးတာ မတူပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့အကြောင်းကို သူပြောတဲ့အကြောင်းအရာပေါ် အခြေခံပြီး ထင်မြင်ကောက်ချက်ယုံကြည်မိနိုင်ပါတယ်။ အမှန်တကယ်မှာတော့ သူရဲ့အကြောင်း ခရေစေ့တွင်းကျ မသိနိုင်ပါဘူး။
ပိုဆိုးတာက အမျိုးသားနဲ့အမျိုးသမီးကြား အပြင်မှာ မမြင်ဘူးကြဘဲ အွန်လိုင်းကနေတဆင့် သိကျွမ်းပြီး သူတို့ရဲ့အကြောင်း၊ ပုံသဏ္ဍာန်နဲ့ အသက်အရွယ်များကို လိမ်ညာလုပ်ဇာတ်ခင်းပြီး ဇာတ်လမ်းထွင်ကြပါတယ်။ ဒါတွေကိုမသိဘဲ အဟုတ်ထင်ပြီး အထင်ကြီးကာ အချိန်တိုအတွင်း ညားကွဲသွားကြတဲ့ သာဓကများစွာရှိပါတယ်။ ဒ့ါကြောင့် အွန်လိုင်းကနေ ချစ်သူမရှာကြပါနဲ့။
ဒါ့အပြင် အင်တာနက်ကနေ အပြင်ထွက်စရာမလိုပဲ ဈေးဝယ်ခြင်း၊ ပညာရပ်လေ့လာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ရှာဖွေခြင်း၊ ဘဏ်လုပ်ငန်းနဲ့ သတင်းအချက်အလက်များရှာဖွေစုဆောင်းခြင်း စသည်တို့ကို ကျွမ်းကျင်စွာအသုံးချတတ်လျှင် အချိန်ကုန်သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းလဲ ဖြစ်ပါတယ်။ ကိုယ်ရေးလိုတဲ့ အကြောင်းအရာများကို ကိုယ်ပိုင်ဘလော့၁ခုဖန်တီးပြီး ဗဟုသုတများကိုလည်း မျှဝေနိုင်ပါတယ်။ အီးမေးလ်မှတဆင့် ကိုယ်ပို့လို၊ ပြောလိုတဲ့အကြောင်းအရာများကို စာတိုက်သို့သွားစရာမလိုဘဲ စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
လူကဲ့သို့ပဲ ကွန်ပျူတာဟာ အင်တာနက်ကနေ ဒေါင်းလုပ်လိုက်တဲ့ Floppy Disks မှတဆင့် ဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာကို Virus Protection တပ်ဆင်ထားရပါမယ်။ ဒါ့အပြင် အင်တာနက်ကနေ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို အလွယ်တကူမခိုးယူနိုင်အောင် သီးသန့်လျှို့ဝှက်နံပါတ်နဲ့ လုံခြုံစွာထိန်းသိမ်းထားရပါမယ်။ ကလေးသူငယ်များကိုလည်း အင်တာနက်ကနေ စိတ်ဓါတ်ရေးရာပျက်ပြားစေတဲ့ ဗီဒီယိုနဲ့ ဓါတ်ပုံကြည့်ခြင်း၊ ချက်တင်နဲ့ ဂိမ်းကစားခြင်းတို့ကို လူကြီးတို့က ထိန်းချုပ်ထားရပါမယ်။
သင်ဟာ အင်တာနက်နဲ့အလုပ်လုပ်သူမဟုတ်ရင်တော့ အချိန်နဲ့ ကန့်သတ်ပြီး အသုံးပြုရပါမယ်။ အင်တာနက်က သင့်ဘဝကို ထိန်းချုပ်သွားတာမျိုး မဖြစ်ပါစေနဲ့လို့ သတိပေးရင်း အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုကြပါလော့။

မျက်နှာပေါ်ရှိ မှဲ့အနက်အဓိပ္ပာယ်

မျက်နှာပေါ်ရှိ မှဲ့အနက်အဓိပ္ပာယ်
Posted by Mishell

ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။
နံပါတ် ၁မှ၃
ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါ တီထွင်ကြံဆဥာဏ်ရှိပြီး လွတ်လပ်ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင်လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့အထက်အရာရှိက သင့်ရဲ့တွေးခေါ်ဆန်းသစ်လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ သူများအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။
နံပါတ် ၎
သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင် ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုး ပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ် အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့်ဆက်ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့ အဲဒီအကျင့်လေးသာ ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။
နံပါတ် ၅
မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့ နေရမယ့်ကံပါတယ်။ ဒါပေမယ့် သူများထက်တော့ ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကိုမနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ ကြံစည်ကြပါလိမ့်မယ်။ သင့်ရဲ့ အလျင်အမြန်ကြီးပွားချမ်းသာတဲ့စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့ သတိပေးပါရစေ။ သင့်ရဲ့ပင်ကိုဥာဏ်ကိုသုံးပြီး သတိဝိရိယနဲ့နေပါ။ ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအား မချုပ်ကိုင်ပါစေနဲ့။
နံပါတ် ၆
ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဥာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဥာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆိုပါစွမ်းရည်က သင့်ကို ချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ ကံပါလာပြီးသား။ ဒါပေမဲ့ သမားရိုးကျစီးပွားရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီး ရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။
နံပါတ် ၇
မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအဝိုင်းကြားမှာ ကတောက်ကဆ စကားများတတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိယူပါ။
နံပါတ် ၈
ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့အတွက်ကြောင့် အမြဲအလိုလို ငွေကြပ်နေတတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။ အလားတူ အဲဒီမှာမှဲ့ရှိတဲ့သူဟာ ဆန့်ကျင်ဘက်လိင်ကိုသာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။
နံပါတ် ၉
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့ အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။
နံပါတ် ၁၀
နှာခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့ သားသမီးများ၊ မြေးများနဲ့ သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။
နံပါတ် ၁၁
ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။
နံပါတ် ၁၂
ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ်မချမ်းသာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာ သင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်းမယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။
နံပါတ် ၁၃
သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာ အဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။
နံပါတ် ၁၄
ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ ဘာလို့လဲဆိုတော့ သင်ဟာ တချို့အစားအစာနဲ့ ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် အစားကြီးလွန်းရင်တောင် ဖြစ်တတ်ပါတယ်။
နံပါတ် ၁၅
သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင်မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူဖြစ်တယ်။ ပစ္စည်းသစ်ကို သုံးရတာ၊ နေရာအသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာထဲမှာ ကြာကြာနေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။
နံပါတ် ၁၆
သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခုဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာ ချစ်ရေးချစ်ရာမှာ စိတ်ပါဝင်စားပြီး ချစ်သူကို တယောက်မက ထားတတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့် ဒါကို အပြစ်ကျူးလွန်မိတယ်လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။
နံပါတ် ၁၇
သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြောကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။
နံပါတ် ၁၈
သင်ဟာ အမြဲတမ်းခရီးထွက်နေရမဲ့သူ ဖြစ်တယ်။ သင့်ဘဝမှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။ ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အတွက် ပိုပြီးကောင်းပါလိမ့်မယ်။
နံပါတ် ၁၉
သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အားနည်းချက်က ဆန့်ကျင်ဘက်လိင်ရဲ့ ဆွဲဆောင်မှုနောက်သို့ အလွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာ အဲဒါက သင့်ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။
နံပါတ် ၂၀
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အလွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဥာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေးကို ကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစားဆက်ဆံတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူအဖြစ် မှတ်ယူရမဲ့ အမှတ်အသားတခုပါပဲ။
နံပါတ် ၂၁
ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျော်ကြားမှုနဲ့ အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။
နံပါတ် ၂၂
သင့်ဘဝဟာ အမြဲ ပျော်ရွှင်နေပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါတယ်။ သင်ဟာ အားကစားကို ဝါသနာထုံသူဖြစ်ပါက စူပါစတားအားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ မျက်ခုံးမွေးအဆုံးမှာရှိတဲ့ မှဲ့ပိုင်ရှင်များဟာ သြဇာတိက္ကမ ရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်အရာရှိတယောက်ဆိုပါက ကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
နံပါတ် ၂၃
သင့်မှာ ဥာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဥာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန်ရပ်တည်ရမလဲဆိုတဲ့ ရင့်ကျက်တဲ့ ပင်ကိုဥာဏ်ရှိတဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိရှိ၊ သက်တမ်းရှည်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက်အိုမင်းလာသည့်တိုင်အောင် တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။
နံပါတ် ၂၄
သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့ အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့် အိုမင်းတဲ့အခါ အထောက်အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့ အဆိုပါမှဲ့ပိုင်ရှင်များဟာ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။
နံပါတ် ၂၅
သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။ သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုးစီးပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။
စကားချပ်- အချိန်ယူပြီး အနီးစပ်ဆုံး ဘာသာပြန်ထားပါတယ်။ အမှား(သို့) အဓိပ္ပာယ်လွဲခဲ့သည်ရှိသော် နားလည်ခွင့်လွှတ်ပေးပါရန်။

အဌာရသ(၁၈)ရပ်ထဲက....


                         ရှေးအခါက မြန်မာ တွေမှာ...... အဌာရသ (၁၈)ရပ်ဆိုတာ ရှိပါတယ်။    ဒီပညာတွေကို တက္ကသိုလ်ပြည်မှာသင်ကြား
ရပြီး မင်းညီမင်းသားနဲ့ မှူး၊ မတ်တော်တွေရဲ့ သားတော်တွေ၊ သူဌေးသူကြွယ်သားတွေသာ သင်ကြားနိုင်တာပါ... တက္ကသိုလ်ပြည်ကပြန်
လာရင်လဲ....... အထက်တန်းစာ အလွှာထဲကိုရောက်တဲ့သူကရောက်၊ ဘုရင်ဖြစ်တဲ့သူက ဖြစ်ပေါ့..............။
                         ဒီနေ့ ဒီအချိန်မှာလဲ အခေါ် အပြောတွေသာ ပြောင်းလဲသွားတာပါ....... ဒီပညာတွေကတော့ ရှိနေဆဲပါပဲ..... ကဲဗျာ..
ဒီ(၁၈)မျိုးထဲက ဘယ်နှစ်မျိုးလောက်များ...... တီးမိ ခေါက်မိကြပြီလဲဗျာ.......
                        
(၁)  အကြားအမြင်သုတအတတ်  ( နည်းပညာ၊ စာရင်းအင်းပညာလို့ ဆိုချင်ပါတယ်)
(၂)  ဓမ္မသတ်အတတ် ( ဥပဒေလို့ ဆိုချင်ပါတယ် )
(၃)  သင်္ချာဆိုင်ရာအတတ် ( ဒါကတော့ ဓါတုဗေဒ၊ ရူပဗေဒ၊ ပိသုကာအတတ်နဲ့ သိပ္ပံ ပညာရှင်တွေများ ဖြစ်မလားပေါ့ဗျာ.....)
(၄)  စူး၊ ဆောက်အစရှိတဲ့ ဗိသုကာအတတ် (အင်ဂျင်နီယာအတတ်ပါ)
(၅)  လောကနိတိအတတ် (လူမှုရေးပညာ ဖြစ်မယ်ထင်တယ်)
(၆)  ယတြာအတတ် (သူကတော့ စီမံခန့်ခွဲမှုနဲ့ ဆိုင်မယ်ထင်တယ်)
(၇)  ကဗျာလင်္ကာ၊ဂီတ အတတ် (ဒါကတော့ စာပေနဲ့ အနုပညာပေါ့....)
(၈)  လက်ပစ်အတတ် ( ဒါက ကိုယ်ခံပညာဖြစ်မှာပေါ့နော်...)
(၉)  လေးမြှားအတတ် ( ဒါက လက်နက်ကျွမ်းကျင်မှုနှင့်ပဲ ဆိုင်တယ်နော် ၊ ကိုယ်ခံပညာရှင်တွေလဲပါတာပေါ့)
(၁၀) စကားဟောင်းရှေးကျမ်းဂန်အတတ်(သမိုင်းပညာရှင်တွေ၊ သုတေသီတွေပေါ့ဗျာ)
(၁၁) ဆေးပညာအတတ် (ဒေါက်တာကြီးများပါခင်ဗျာ.....ဆရာဝန်ကြီးများပါ)
(၁၂) ရယ်ရွှင်ဖွယ်အတတ် (လူမှုပညာရှင်တွေ ဟာသပညာရှင်တွေ၊ အနုပညာရှင်တွေပါပဲ.... စည်းရုံးရေးသမားတွေပေါ့ဗျာ)
(၁၃)  ဗေဒင်အတတ် (ဒါကလဲ ရှိနေတာပါပဲ..... ကြိုတင်မှန်းဆနိုင်တဲ့ ပုဂ္ဂိုလ်.. တွေပေါ့ဗျာ)
(၁၄) လှည့်ပတ်ဖြားယောင်းတတ်သော မာယာအတတ်(သံတမန်၊ ထောက်လှမ်းရေးနှင့် ဆိုက်ကို ပညာရှင်တွေ.. အကြံပေးတွေပါ)
(၁၅) ဆန်ကျမ်းအတတ် (ဒါက စီးပွါးရေး ပညာပေါ့)
(၁၆) သံတမန်အတတ် (ဒါကလဲ လူမှုရေး ပညာပါပဲ......လိမ်မာပါးနပ်တဲ့ ပညာရပ်ပေါ့..... စီမံခန့်ခွဲရေးလို့လဲ ပြောလို့ရနိုင်မယ်ထင်တယ်)
(၁၇) မန္တာန်အတတ် (ဒါကိုတော့ အဓိပ္ပါယ်မဖွင့်နိုင်ဘူးဗျာ..... သေချာတာကတော့ လေလှိုင်းပညာရှင်တွေ၊ သတင်းသမားတွေပေါ့)
(၁၈) သဒ္ဒါတတ်ကျွမ်းမှုအတတ် (ဒါကလဲ လူမှုအသိပညာပါပဲ....... အခြေခံသဘောတရားတွေကို နားလည်တာပဲပေါ့....)
                    ကဲပါဗျာ........ အဆင်မပြေရင်လဲ အားမငယ်နဲ့ နဲနဲပါးပါးတော့ ဖြစ်အောင် လေ့လာလိုက်ပါ.. နော်.... အောင်မြင်တိုးတက်
ကြပါစေဗျာ.....

ဘာ့ကြောင့် အကျိုးပေး အကောင်းဆုံးလည်း

(                            )  ရေ ...
ပုဂ္ဂိုလ်မရွေးလှူတဲ့ ၀ိဝဋနိဿိတကုသိုလ်ဖြစ်မှ အကျိုးပေး အကောင်းဆုံးဆိုတာက
အဲဒီကုသိုလ်က တိဟိတ်ကုသိုလ် ဖြစ်လို့ပါ...
*တိဟိတ်ဆိုတာက အလောဘ၊ အဒေါသ၊ အမောဟ ၃ ခုလုံး ပါတာကို ဆိုတာပါ ...
တိဟိတ်ကုသိုလ်ဖြစ်တော့
(၁) အလောဘပါမယ်။
     အလောဘက ဘာကိုမျှ မမျှော်ကိုးဘဲ စွန့်လွှတ်ခြင်းသဘော။
     ဘာကိုမျှ မမျှော်ကိုးဘဲ စွန့်လွှတ်ခြင်းသဘောသည် ဒါနဖြစ်၏။
(၂) အဒေါသပါမယ်။
     အဒေါသက ပြစ်မှားခြင်းမရှိမှုနဲ့ လောကအပေါ် ချစ်ခင်မှုသဘော။
     ပြစ်မှားခြင်းမရှိမှုသည် သီလဖြစ်၏။ လောကအပေါ်ချစ်ခင်မှုသည်  မေတ္တာဘာဝနာဖြစ်၏။
(၃) အမောဟပါမယ်။
     အမောဟက အနိစ္စကိုသိမြင်မှုသဘော။
     အနိစ္စကိုသိမြင်မှုသည် နိဗ္ဗာန်သို့ ရောက်ခြင်း၏ အကြောင်းရင်းမှန်ဖြစ်သည်။
(အကျိုးပေး အကောင်းဆုံးဆိုရာမှာ ဘ၀အကျိုးပေးလောက်ပြောတာမဟုတ်ပဲ၊
သံသရာ အကျိုးပေးလောက် ပြောတာမဟုတ်ပဲ လွှတ်မြောက်ကြောင်းထိ ပြောတာပါ)
                                                                                မာလာထွေး

ဂျီတော့မှာ တဖက်လူရဲ့ ဘယ်ပြည်၊ဘယ်မြို့၊ဘယ်နေရာကနေပြီးချက်နေတာကိုသိချင်ရင်.......

ဂျီတော့ မှာကိုယ်ပြောချင်တဲ့သူဘယ်နိုင်ငံ၊ဘယ်နေရာက အင်တာနက်ချက်နေတာကိုသိချင်ရင်တော့
ဂျီတော့ကနေCALLခေါ်လာလိုက်ရင်ကိုယ့်ရဲ့ IP ADDRESSနဲ့ တဖက်ရဲ့ IP address ကိုအလွယ်တကူကြည့်လို့ရတယ်နော်။
တဖက်လူရဲ့IP adress ကိုသိချင်ရင်တော့ ဂျီတော့ကနေ တဖက်လူကို chatting လုပ်ပြီး
အသံနဲ့စကားပြောဖို့ callခေါ်ရမှာဖြစ်ပါတယ်။ဒါအတွက် ပထမဆုံးကတော့  ဂျီတော့ ရဲ့ setting ကို
cilck လုပ်ပြီး အရင်သွားလိုက်ပါ။ ဒါဆိုရင် အောက်ကလိုbox ကလေးတခုပေါ်ထွက်လာမယ်။
အဲဒီမှာ connection ဆိုတဲ့ မှင်နီ ၀ိုင်းပြထားတာကိုရွေးပြီး ကလစ်ပေးလိုက်ပါ။
အောက်မှာပြထားတဲ့အတိုင်းလေးဖြစ်နေစေရမယ်။ အဲဒီမှာနောက်ထပ်မှင်နီ အကြီးနဲ့ ၀ိုင်းထားတဲ့
start monitor ကိုကလစ်ပေးလိုက်ပါ။ဒါဆိုရင်အောက်မှာမြင်ရတဲ့အတိုင်း မှင်နီပြထားတဲ့connection monitor ဘောက်စ်ကျလာပါမည်။
အဲဒီအနေအထားရှိနေပြီ ဆိုရင်တဖက်လူရဲ့chatting လုပ်နေရင်းက သူ့ရဲ့ IP address ကိုသိဖို့အဆင်သင့်ဖြစ်နေပါပြီ။ပြီးရင် ကိုယ်ပြောနေတဲ့သူကို callခေါ်ပါ။လက်ခံလာအောင်ခေါ်ပါ။
သူလက်မခံရင်တော့ မရဘူးနော်။ တဖက်လူကလက်ခံလိုက်ပြီဆိုရင်တော့
အောက်မှာပြထားသလို conne ction montor ဘောက်စ်ထဲမှာတဖက်လူရဲ့ IP address နံပါတ်တွေပေါ်လာပါပြီ။သင်မြင်နေရတဲ့ တဖက်လူရဲ့ မှင်နီဝိုင်းပြထားတဲ့ IP addressကိုသေချာကူးယူပြီး
Google ထဲကနေပြီး IP address locator ကိုသွားရမှားဖြစ်ပါတယ်။
ဒီလစ်လေးကနေပြီး သွားလိုက်နော် ဒါကိုနှိပ်ပါ။
အောက်မှာ မှင်နီဝိုင်းပြထားတဲ့ ဗလာအကွက်ဖြစ်နေတဲ့ Google custom searchဆိုတဲ့နေရာမှာ
မှတ်ထားတဲ့ IP address ကိုရိုက်ထည့်လိုက်ပါ။ပြီးရင်မှင်နီ ၀ိုင်းပြထားတဲ့
search ဆိုတာလေးကိုကလစ်လိုက်ရင် နောက်ထပ်ဘောက်စ်တစ်ခုကျလာပြီး
တဖက်လူဟာ ဘယ်နိုင်ငံ ၊ဘယ်ပြည်၊ဘယ်မြို့၊ ဘယ်နေရာမှာ သုံးနေတယ် ဆိုတဲ့
အချက်အလက်လေးတွေကို မြင်သိရမှာ ဖြစ်ပါတယ်။

mm fiash song မှ  ကိုကို ၏ပို့စ် အားကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

၂၀ ကီလိုဂရမ်အလေးချိန်ပဲရှိတော့တဲ့အသက်၂၀အရွယ်ပိန်ချင်သူကလေး

၂၀ ကီလိုဂရမ်အလေးချိန်ပဲရှိတော့တဲ့အသက်၂၀အရွယ်ပိန်ချင်သူကလေး
သူမ နာမည်က Ksenia Bubenko လို့ေါ်ပါတယ် အသက် ၂၀ နှစ်အရွယ် ဒီအမျိုးသမီးဟာ ကိုယ်အလေး ချိန်လျော့ပြီပိန်ပိန်ပါးပါးလေးဖြစ်ချင်ခဲ့တယ် ။ ပေါင်ချိန်များစွာ ကျအောင် ကြိုးစားပြီးတဲ့အခါမှာလည်းး သူမက ပိန်ချင်သထက်ပိန်တာကို စွဲလန်းလာခဲ့တယ် ။ အခု သူမ ၂၀ ကီလိုဂရမ်ပဲရှိပါသတဲ့ ။

--------------------------------------
အစွန်းရောက်လွန်းတော့လည်း အရိုးစုကြီးလိုပါပဲ ။ ဘုရားဟောတာ သိပ်မှန်တာပဲလို့တွေးမိတယ် အလယ်အ လတ်လမ်းစဉ်ကသာလျှင် အောင်မြင်ခြင်းကိုရောက်နိုင်တယ် ။




မူရင်း - Ksenia Bubenko is a 20-year-old girl who wanted to lose weight, but after dropping some pounds,she became obsessed with being as thin as possible. Now she weights only 20 kilograms.


You might like:

မိမိGmail Addressရဲ. နာမည်ကိုမကျန်ခဲ့စေအောင်


ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများ
ပါတယ်။အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်
ခဲ့စေအောင်သုံးတဲ့နည်းလေပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk
ဝင်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။
နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လို
ဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့
စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။
စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။(သို.မဟုတ်)Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။ထို Folder ၅ခုမှ ဒုတိယမြောက်
HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။List ကျလာပါလိမ့်မည်။

၎။Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။List ကျလာပါလိမ့်မည်။

၅။Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။List ကျလာပါလိမ့်မည်။

၆။Google Talk ကိုရှာပါ။တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။List ကျလာပါလိမ့်မည်။

၇။Account နှိပ်ပါ။Gmail Address များကိုတွေ.ရပါလိမ့်မည်။အကယ်လို.မိမိ Gtalk ၀င်ခဲ့
တယ်ဆိုရင်တော့မိမိGmail Addressနာမည်ပေါ်နေပါလိမ့်မည်။ဖျက်လိုပါက မိမိနာမည်
ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။Name/Type/Data တို.အောက်ကျန်
ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။



လွမ်းသူ့ နယ်မြေမှပြန်လည်ကူးယူဖော်ပြပါသည်... ။

ဘာကြောင့် ဒေါသထွက်နေကြရတာလဲ ?

ဘာကြောင့် ဒေါသထွက်နေကြရတာလဲ ?
Posted by သက်တန့်ချို

တခါတုန်းက ပေါ့ မီးရထားကြီးတစ်စင်းဟာ ထွက်လုဆဲဆဲ နဲ့ အချက်ပေးသံတွေ နဲ့ဆူညံလို့ ဘူတာရုံကြီး ဟာလည်း သက်ဝင်လှုပ်ရှားလို့နေတယ် ။ အဲဒီအချိန်မှာ လူကြီးလူကောင်းဆန်ဆန် ၀တ်စားထားတဲ့ အဘိုးအို တစ်ဦးဟာ ရထားထွက်တော့မှာကြောင့် ခပ်သုတ်သုတ်လေး ရထားပေါ်တက်ဖို့ ပြင်လိုက်တယ် ။ ဒါပေမယ့် သူ့နောက် ကနေ တစုံတဦးက လှမ်းဆွဲထားလိုက်တာကြောင့် သူနောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ သူ့ပိုက်ဆံ အိတ်ကို ကိုင်ပြီး အကီင်္ျကိုလှမ်းဆွဲထားတဲ့ ခပ်စုတ်စုတ် ခပ်နွမ်းနွမ်းလူငယ်တစ်ယောက်ကိုတွေ့လိုက်ရတယ် ။
ဒါနဲ့ အဘိုးအိုက လူငယ်ကိုမေးလိုက်တယ် ။
“ ဘာလို့အနောက်ကနေ အကျီင်္ကိုဆွဲတာလည်းကွဲ့ ဒါနဲ့လက်ထဲက ပိုက်ဆံအိတ် က ငါ့ဟာမဟုတ်လား မင်းက ခါးပိုက်နှိုက်လား ”
“ မဟုတ်ရပါဘူး အဘိုးရယ် ကျွန်တော် အဘိုးပိုက် ဆံအိတ်ကျကျန်ခဲ့တာတွေ့လို့ လိုက်ပေးတာပါ အဘိုးက ရထားပေါ် တက်တော့မှာမို့ အင်္ကျီကိုလှမ်းဆွဲလိုက်တာပါ ”
အဲဒီလို အဘိုးအိုနဲ့ လူငယ် နှစ်ယောက် စကားပြောနေတာကို ဘေးနားက လူအုပ်ကြီးက နားစွန်နားဖျား ကြား သွားပြီး လူအုပ်ထဲကတစ်ယောက်က လှမ်းပြောတယ် ။
“ ဟေ့ ခါးပိုက်နှိုက်တဲ့ကွ ခါးပိုက်နှိုက်တဲ့ ချကွာ ၀ိုင်းဆော်ကွာ ကြာတယ် ချ ချ ”
အဲဒီလိုနဲ့ လူအုပ်ကြီးကလည်း ဆူညံ့လာပြီး လူငယ်လေးကို ၀ိုင်းပြီး ရိုက်နှက်ကြဖို့ ဒေါသတကြီး ၀ိုင်းအုံလာ ကြလေ ရဲ့ ။ ဒါနဲ့ အဘိုးအိုက လူတွေကို ပြောလိုက်တယ် ။
“ နေကြ ပါဦးကွယ် ဘာလို့ ခင်ဗျားတို့က ဒေါသထွက်နေကြတာလဲဟင် ”
“ ဟာ အဘိုးရဲ့ သူက ခါးပိုက်နှိုက်လေ လူတွေကို လိုက်ဒုက္ခပေးလိမ့်မယ် ကြာပါတယ် ချကွာ ၀ိုင်းဆော်ကွာ အဘိုး လည်း ဒီလူ့ကို ကျွန်တော်တို့နဲ့အပ်ခဲ့ပါ ”
အဲဒီလိုလည်းပြောရော ခပ်နွမ်းနွမ်းလူငယ်လေးက ကြောက်လန့်သွားပြီး
“ အဘိုးရယ် ကျွန်တော် ခါးပိုက်နှိုက်မဟုတ်ပါဘူးဗျာ တကယ်ပါ အဘိုးကျွန်တော့်ကို မထားခဲ့ပါနဲ့နော် ”
လို့ တောင်းပန်ပါတယ် ။ ဒီတော့အဘိုးအိုက လူငယ်ကို ဂရုဏာသက်စွာ ကြည့်ပြီး အောက် ပါအတိုင်းပြော လိုက်ပါတယ် ။
“ ဒီမှာ ကလေးရဲ့ ဒီလူတွေကို မင်းသိလား ဒီလူတွေက တို့တိုင်းပြည်ထဲမှာနေတဲ့လူတွေပဲ သူတို့ မျက်နှာ ကိုကြည့်လိုက်စမ်း အရမ်းကို ဒေါသထွက်နေကြတယ်တွေ့လား ဒီလူအုပ်ကြီးက တကယ်တော့ မင်းကို ဒေါသ ထွက်နေကြတာမဟုတ်ပါဘူး ။ တချို့ မိန်းမနဲ့ အဆင်မပြေလို့ မြိုသိပ်ထားကြရတယ် တချို့က အထက် လူကြီးရဲ့ ဆူပူကြိမ်းမောင်းတာခံရလို့ မြိုသိပ်ထားကြရတယ် တချို့ကစီးပွားရေး အခြေအနေမကောင်းလို့ ကြိတ် မှိတ်နေ ကြရတယ် တချို့က တော့ သူတို့သားသမီးတွေက သူတို့စကား နားမထောင်လို့ တချို့ကတော့ အိမ်နီးနား ချင်းတွေ ချမ်းသာနေတာကို မနာလိုဖြစ်နေကြလို့ တချို့ ကတော့ ဘောလုံးပွဲလောင်းတာ ရှုံးသွားလို့ ဒီလိုနဲ့ သူတို့ဟာ ကြိတ်မှိတ်မြိုသိပ်တာတွေများနေကြတယ် အဲဒီမြိုသိပ်တာတွေ ကိုမင်းအပေါ် မှာ လောင်း သွန် ချပြီး ဒေါသတွေပေါက်ကွဲနေကြတာပဲ ငါ သာမင်းကို မကာကွယ်ပေးဘူးဆိုရင်တော့ သူတို့ဟာ မင်းရဲ့ ဦးခေါင်း ခွံကို ရိုက်ခွဲမှာ အမှန်ပါပဲ ”
ကဲ ကျွန်တော်တို့ ဒီနေရာလေးမှာ တချက်လောက်တွေးကြည့်ကြရအောင် ။ ခက်ခဲကြမ်းတမ်းပါတယ်ဆိုတဲ့ ဘ၀ဆိုတဲ့ အရာကို ကျွန်တော်တို့တွေဖြတ်သန်းပြီး မြိုသိပ်တာတွေများနေကြတယ် ။ ကျွန်တော်တို့ ဟာ အမြဲပဲ ကိုယ်အဆင်မပြေတာတွေကို တပါးသူအပေါ် သွန်ချပစ်ဖို့ လောင်းချပစ်ဖို့ ပေါက်ကွဲ ပစ်ကြဖို့ ၀န် မလေး တတ်ကြဘူး ။ ကျွန်တော်တို့ စိတ်နှလုံးသားတွေဟာ တကယ်ပဲ သန့်စင်ကြပါရဲ့လား ။ မပြူမူအပ်တဲ့ အရာတွေ ဟာ စဉ်းစား ဥာဏ်နဲ့ တွေးခေါ်နိုင်စွမ်းတွေကသာ ကုစားပေးနိုင်ကြပါလိမ့်မယ် ။ ယခုကစလို့ ကျွန်တော်တိုရဲ့ အဆင်မပြေမှုတွေကို တခြားသူတွေအပေါ် ပုံချဖို့မကြိုးစားပဲ ကိုယ့်ဘာသာ ကိုယ် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ကိုယ်ပဲ ဖြေရှင်းဖို့ ကြိုးစားကြပါစို့လား ။ တခုခုဆို အများသဘောအတိုင်းဆိုတဲ့အရိုးစွဲ အယူဝါဒကို စွန့်လွှတ်လို့ မှားသည်မှန်သည်ကို တိတိကျကျ ဝေဖန်ပိုင်းဖြတ်ရင်း စိတ်နှလုံးသားတွေ သန့်စင်စွာ နေကြပါစို့ ။
Source : http://www.inspireme.worldofwisdom.asia/2011/11/what-exactly-are-yo...

Switzerland နိုင်ငံမှ ရွှံ့လူးပွဲတော်

Switzerland နိုင်ငံမှ ရွှံ့လူးပွဲတော်
Posted by သက်တန့်ချို

Paleo ဆိုတာ Switzerland နိုင်ငံရဲ့ အကြီးဆုံး ဂီတပွဲတော်ကြီးတစ်ခု ဖြစ်ပါတယ် ။ New York မှာ ၁၉၆၉ မှစတင်ပြီး ကျောင်းသားတွေနဲ့ ပွဲတော်လာသူတွေဟာ နှစ် ၄၀ ပြည့် ဂီတပွဲတော်မှာ ရွှံ့တွေနဲ့ လူးခဲ့ခြင်းအားဖြင့် သူတို့ရဲ့ ပျော်ရွှင်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြပါတယ် ။ ဒီအဖွဲ့အစည်းပွဲတော်ရဲ့ အဆိုအရ " ကမ္ဘာမြေပေါ်သို့ တဖန် " ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ စိတ်လှည့်စားမှု ဥာဏ်ကွန့်မြူးမှုနဲ့ ၁၀၀ ရာခိုင်နှိုင်း ပြန်လည်အသုံးပြုမှု Recyclable တို့ကို ရည်ညွှန်းပါတယ် ။

ရွှံ့နွံဆိုတာ ဆေးပညာရည်ရွယ်ချက်တွေနဲ့ သုံးလေ့ရှိပေမယ့် ရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ သိပ္ပံနည်းအရ ထောက်ခံထားခြင်းမရှိသေးပါဘူး ။ ဒါပေမယ့် ဘယ်လိုခံစားရမယ်ဆိုတာကိုတော့ သင်သိပြီး ဖြစ်မှာပါ ။ ရွှံ့ဓါတ်ဟာ ဆို့နေတဲ့ ချွေးပေါက်တွေကို ကျယ်စေတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်တဲ့ ။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီပေးပြီး ကြွက်သားနာတဲ့သူတွေနဲ့ အဆစ် အမြစ်နာတဲ့လူတွေဟာ ဒီရွှံ့ရေလူးခြင်းအားဖြင့် သက်သာစေပါတယ် ။







ဒါကြောင့် သင့်ရဲ့ ခန္ဓာကိုယ်ကို ကုသဖို့ ဂီတပွဲတော်ကိုခံစားဖို့နဲ့ ရွှံ့တွေနဲ့လူးနေတဲ့အလှအပကို သင်ခံစားနိုင်ဖို့ အလည်တခေါက်သွားရောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

နှလုံးသွေးကြောကျဉ်းခြင်းအကြောင်း

နှလုံးသွေးကြောကျဉ်းခြင်းအကြောင်း
Posted by သက်တန့်ချို

ဆရာမရဲ့ဖေဖေ နှလုံးသွေးကြောကျဉ်းရောဂါဆိုးဝါးနေလို့ Stent ထည့်ဖို့ အဆင်မပြေဘူးလို့ကြားသိရပါတယ် ။ သွေးကြော အားလုံးပိတ်နေပြီးသွေးကြောတစ်ခုတည်းသာအနည်းငယ်ပွင့်နေတဲ့အတွက် ရန်ကုန်ကို By Pass လုပ်ဖို့ (Invasive surgery) လွှဲတယ်လို့သိရပါတယ် ။ အရင်ဆုံးနှလုံးသွေးကြောကျဉ်းရောဂါအကြောင်းနဲ့ ကုသမှု အကြောင်းတွေ ကို ဗဟုသုတ အလို့ငှာ တင်ပြပေးပါ့မယ် ။
နှလုံးသွေးကြောကျဉ်းရောဂါဆိုတာဘာလဲ ?
နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေဖြစ်ပြီဆိုရင် လာတတ်တဲ့လက္ခဏာတွေဆိုပြီးရှိပါတယ် ။ အကြမ်းဖျဉ်းတွေး ကြည့်မယ်ဆိုရင် တောင် သွေးကြောဟာ ရေပိုက်လုံးတစ်ခုလို မြင်ယောင်ကြည့်မယ်ဆိုရင် အဲဒီရေပိုက်လုံး နံရံတွေ ထူလာလေလေ သွေးစီးဆင်းတဲ့အပေါက်က ကျဉ်းလာလေလေမဟုတ်ပါလား ။ ဒီလိုမျိုးသွေးကြောတွေ ကို အဆီဖတ်အဆီခဲတွေ ဖုံးပြီးသွေးကြောကျဉ်းခြင်းကိုတော့ ဆေးပညာအရ Atherosclerosis လို့ခေါ်ပါတယ် ။ သွေးကြောအဆီဖုံးခြင်းဟာ နှလုံးသွေးလွှတ်ကြောရောဂါ (Coronary heart disease ) တွေဖြစ်တဲ့ Angina (ရင်ဘတ်အောင့်ခြင်း) ၊ Myocardial Infarction (နှလုံးပုပ်ခြင်း ) ၊ Sudden death ( ရုတ်တရက်သေဆုံးခြင်း ) စတဲ့ အရာတွေကို ဖြစ်ပွားစေနိုင်ပါတယ် ။ နှလုံးသွေးကြော ကျဉ်းပြီး နှလုံး ထဲကို အောက်ဆီဂျင် သိပ်မရောက်တော့ တဲ့ရောဂါကို Ischaemic heart disease (IHD) နှလုံးသွေးကြော ကျဉ်းရောဂါလို့ ခေါ်ကြ ပါတယ် ။ နှလုံးသွေးကြောကျဉ်းခြင်းဟာ တဖြည်းဖြည်းဆိုးလာပြီးကျဉ်း လာတဲ့အခါ နှလုံး ရဲ့အချို့သော ဧရိယာတွေ မှာ အောက်ဆီဂျင်ပြတ်လပ်သော လက္ခဏာများဖြစ်ပေါ်လာပါတယ် ။ ယေဘူယျကြည့်မယ်ဆိုရင် ဧရိယာတစ်ခု ဟာ သွေးကနေတဆင့် အောက်ဆီ၈ျင် ရောက်လာမှုနည်းသွားရင် အောက်ဆီဂျင်ပြတ်လပ်ခြင်း Ischaemia ကို စတင်ခံစားရပါတယ် ။ အဲဒီထက်တဆင့်ဆိုးပြီး အောက်ဆီဂျင်လုံးဝမရတော့ဘူးဆိုရင်တော့ ပုပ်သွားခြင်း (Infarction) ကို ခံစားရပါတယ် ။ ဒါကြောင့် IHD ဟာ နှလုံးပုပ်ခြင်း ( Myocardial Infarction) ရဲ့ ရှေ့ပြေး လို့ဆိုလည်းမမှားနိုင်ပါဘူး ။
ဘယ်လိုလက္ခဏာတွေနဲ့ လာနိုင်သလဲ ?
နှလုံးသွေးကြောကျဉ်းရှိပြီဆိုရင် လူက အမောမခံနိုင်တော့ဘူး (အောက်ဆီဂျင် ရရှိမှုနည်းလာ တဲ့အတွက် ဖြစ်ပါတယ် ။ ရင်တွေတုန်လာမယ် တလှပ်လှပ်ခံစားရမယ် နောက်ဆုံးရင်ဘတ်အောင့်ခြင်း (Chest Pain ) ကိုခံစားရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် chest pain ရှိတိုင်း နှလုံးမှာဖြစ်တယ် သွေးကြောကျဉ်းတာပါလို့ အတိအ ကျပြောလို့မရပါဘူး ။ Chest Pain ဟာ စိုးရိမ်ပူပန်သောကများခြင်း (Anxiety) ဒါမှမဟုတ် အဆုတ် ၊ ကြွက်သားနဲ့အ ရိုးဆိုင်ရာ သို့မဟုတ် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိခြင်း စတာတွေကြောင့် လည်းဖြစ်နိုင်ပါတယ် ။ နှလုံးသွေးကြောကျဉ်းပြီးအောက်ဆီဂျင်သိပ်မရောက်လို့ဖြစ်တဲ့ Chest Pain ရဲ့ပုံစံတွေကတော့
- Chest Pain ဟာ ရင်ဘတ်ရဲ့ အလယ်ခေါင်တည့်တည့်မှာဖြစ်ပါတယ် ။
- Ischaemic Chest Pain ဟာ အထူးသဖြင့် ပြင်းထန်လာတဲ့အခါမှာ လည်ပင်းနောက် မေးရိုး နဲ့ လက် အပေါ်နဲ့လက်အောက်ပိုင်းတွေကိုတောင်ပျံနှံ့ရောက်ရှိနိုင်ပါတယ် ။ အကယ်၍ ရင်ဘတ်အောင့်တာဟာ ဘယ် ဖက် အရှေ့ ပိုင်းမှာလည်းဖြစ်တယ် ဘယ်ဖက်တစ်ခြမ်းကိုပဲ ပျံ့နှံ့သွားတယ်ဆိုရင်တော့ ဒါဟာ အခြားအ ချက်ပေါင်း များစွာဖြစ်တဲ့ ကြွက်သားနဲ့အရိုးဆိုင်ရာ ပြဿနာများ (သို့မဟုတ်) anxiety စသည်တို့ ကြောင့် လည်းဖြစ်နိုင်ပါတယ် ။
- နှလုံးအောင့်မယ်ဆိုရင် မစူးရှပဲ ထူပိန်းပိန်း (dull ) ဖြစ်နေပါတယ် ။ ဆွဲဆုပ်ထား သလိုအောင့် ပြီးလေးလံတဲ့အရာကြီးနဲ့ ဖိထားသလို ခံစားရပါတယ် ။ ဓါးနဲ့ထိုးသလို စူးရှပြီးအောင့်တာမျိုးမဟုတ်ပါဘူး ။
- Anginal pain ဟာ လှုပ်ရှားမှုပြုလုပ်နေစဉ်မှာ ဖြစ်ပေါ်လေ့ရှိပြီး နားလိုက်တဲ့အခါငါးမိနစ်လောက်အတွင်း ပြန်သက် သာ သွားလေ့ရှိပါတယ် ။ စိတ်ခံစားမှုအခြေအနေနဲ့လည်း ဆိုင်ပြီး စိတ်လှုပ်ရှားစရာ ဒေါသထွက်စရာ ကြုံရတဲ့အ ခါ ပိုပြီးပြီးအောင့်တတ်ပါတယ် ။ ဒါ့အပြင်အစာအများကြီးစားထားတဲ့အခါ လေအေးတွေ အတိုက်ခံရ တဲ့အခါ မှာ လည်းပိုပြီးအောင့်နိုင်ပါသေးတယ် ။ ဒါက အကြမ်းဖျဉ်းနား လည်လွယ်အောင် တင်ပြထား တာဖြစ်ပါ တယ် ။ Ischaemic pain ကို ခွဲခြားတဲ့အခြားအချက်တွေလည်းရှိပါသေးတယ် ။ ။
ဘယ်လိုလူတွေမှာဖြစ်တတ်သလဲ ?
(Risk Factors များ)
- ဆေးလိပ်သောက်သူများ
- ဆီးချိုသွေးချိုရောဂါရှိသူများ
- သွေးတွင်းအဆီဓါတ်များသူများ ( Hypercholesterolaemia)
- သွေးတိုးရောဂါရှိသူများ
- မျိုးရိုးထဲတွင်နှလုံးနှင့်ပတ်သတ်သောရောဂါရှိသူများ
- စိတ်ဖိစီးမှုများသူများ (stress)
စသည်တို့ဖြစ်ပါတယ် ။
ဘယ်လိုသိရှိနိုင်သလဲ ?
ပုံမှန်အားဖြင့်တော့ ရောဂါရာဇ၀င်မေးမြန်းခြင်း (history taking ) စမ်းသပ်ခြင်း ( Physical examination) ဓါတ်ခွဲစမ်း သပ်မှုများပြုလုပ်ခြင်း ( Investigation ) စသည်တို့ဖြင့်သိရှိနိုင်ပါတယ် ။ ဒီနေရာမှာ IHD အတွက် အကောင်း ဆုံးဈေးအသက်သာဆုံးနဲ့ ယေဘူယျအကျဆုံးစစ်ဆေးခြင်းဟာ ECG ဆွဲခြင်းဖြစ်ပါတယ် ။ ECG မှာ IHD ရဲ့ pattern တွေပေါ်နေပြီဆိုရင် ဒါဟာ IHD ဖြစ်ကြောင်း သတ်မှတ်နိုင်ပါတယ် ။ အကယ်၍ ဘယ်နေ ရာမှာ သွေးကြောပိတ်တယ် ဘယ်လောက် ရာခိုင်နှုန်းပိတ်တယ် ဘယ်နေရာတွေမှာ ကျဉ်းနေသလဲ စတဲ့ အသေး စိတ်ကို သိဖို့အတွက်ဆိုရင်တော့ Coronary Angiogram ရိုက်နိုင်ပါတယ် ။ ဒါဆိုရင်တော့အဖြေကို တိတိကျ ကျသိနိုင်ပါပြီ ။
ဘယ်လို ကုသမလဲ ?
အဓိကပြောချင်တာကတော့ ဒီအပိုင်းကိုပါ ။ အရင်ဆုံးစစဖြစ်ခြင်း နှလုံးမပုပ်ခင် Myocardial infarction မရခင် နှလုံးတိုက်ခိုက်ခြင်း heart attack မရခင်တော့ေ သာက်ဆေးတွေနဲ့ အရင်ကုသပြီး အထက်မှာပြောခဲ့တဲ့ risk factors တွေကို လျော့ချရပါတယ် ။ သောက်ဆေးတွေထဲမှာရေပန်းအစားဆုံးကတော့ trimetazidine လို့ခေါ်တဲ့ဆေးပါ ။ 20mg ဆေးဆိုရင်တော့တစ်နေ့ ၃ ကြိမ်သောက်ရပြီး အခုနောက်ပိုင်း ၀င်လာတဲ့ Modified release ဆေးတွေကတော့ 35mg ပါတဲ့အတွက် တစ်နေ့ နှစ်ကြိမ်သောက်ရပါတယ် ။ ဒါ့အပြင် နိုတ်ထ ရိတ် တွေကို လျှာအောက်မှာ ငုံပေးခြင်းအားဖြင့် မိနစ်ပိုင်းအတွင်းမှာ သက်သာစေပါတယ် ။ အဲဒါကိုတော့ Sub-lingual nitrol လို့လည်းခေါ်ကြပါတယ် ။ Isosorbide Dinitrate နဲ့ Isosrobide Mononitrate တို့ဟာ နိုထ ရိတ် မျိုးနွယ်ဝင်တွေဖြစ်ကြပါတယ် ။ ဒီဆေးတွေကလည်း ရင်ဘတ်အောင့်တာကို ကာကွယ်ဖို့ အတွက်ပေး တဲ့ဆေးတွေဖြစ်ပါတယ် ။ ဒါ့အပြင် Aspirin တို့လို Clopidogrel တို့လို သွေးကျဲဆေး အကိုက်အ ခဲပျောက်ဆေးတွေ ကိုလည်းတွဲပေးလေ့ရှိပါတယ် ။ Beta blockers ဖြစ်တဲ့ Propanolol ဟာလည်း နှလုံး က အောက်ဆီဂျင်သုံးစွဲမှုကို လျော့ချပေးခြင်းအားဖြင့် pain ကိုသက်သာစေပါတယ် ။ နှလုံးခုန်နှုန်း ကိုလည်းလျော့ကျစေပါတယ် ။ Amlodipine တို့လို Calcium Channel Blockers တွေ ကလည်း သွေးကြောတွေ ကို ကျယ်စေပြီး နှလုံးကြွက်သားတွေရဲ့ excitability နဲ့ Conductivity ကို လျော့စေပြီး သွေးပေါင်ချိန်ကိုလည်းကျစေပါတယ် ။ သွေးတွင်းအဆီများ တဲ့လူနာတွေ ကတော့ သွေး တွင်းအဆီ ကျဆေးတွေပေးခြင်းဖြင့် cholesterol level ကိုထိမ်းရပါတယ် ။
အကယ်၍ Angiogram မှာ သွေးကြောတွေကို သိသာထင်ရှားတဲ့ရောဂါတွေ ပြသနေပြီဆိုရင်တော့ လက္ခဏာတွေ ကလည်း သောက်ဆေးတွေနဲ့ မသက်သာတော့ဘူးဆိုရင်တော့ ခွဲစိတ်ကုသခြင်းကို စဉ်းစား ရပါတော့မယ် ။

၁ ။ Coronary Angioplasty - ပိတ်နေတဲ့ သွေးကြောတွေ ကို သွေးကြောအတွင်း လေသွင်း တဲ့ ဘောလုံးလေး ထိပ်မှာပါတဲ့ ရှည်မျောမျော ပလပ်စတစ် tube Catheter ထည့်ပေးပြီး ကျယ်စေခြင်းဖြစ်ပါတယ် ။ အဲဒါကို Stent ထည့်တယ်လို့လည်းခေါ်ပါတယ် ။

၂ ။ Coronary Artery Bypass Grafting ( CABG ) - လူနာရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကို ဖြတ်တောက်ပြီး ပိတ်ဆို့မှုကို သက်သာအောင် သွေးကြောတွေကို ကိုင်းဆက်ကူးခြင်း (grafting ) လုပ်ခြင်းဖြစ် ပါတယ် ။ Bypass လုပ်ဖို့အတွက် ဘယ်လိုအခြေအနေမျိုးတွေမှာလုပ်ရမလဲဆိုတဲ့ Indications တွေကတော့ အခုနောက်ပိုင်း မှာ limited ဖြစ်လို့လာပါပြီ ။ Bypass surgery သည် ရောဂါလက္ခဏာတွေကို သက်သာစေ ခြင်းနဲ့ quality of life ကိုသာလျှင် တိုးတက်ကောင်းမွန်စေပါတယ် ။ သူဟာ Life expectancy လို့ခေါ်တဲ့ အသက်ရှင်မှု အာမခံချက် ဘယ်လောက်ပေးနိုင်သလဲဆိုတာတော့မရှိပါဘူး ။ သေချာကုသလိုက်ပြီဆိုရင်တော့ လူနာအများ စုဟာ ပုံမှန်ကျန်းမာတဲ့ ဘ၀ကို ပြန်လည်ပိုင်ဆိုင်ရမှာဖြစ်ပါတယ် ။ ကုသမှုတွေထဲမှာ ပုံမှန်လေ့ကျင့် ခန်းလုပ်ခြင်း ၊ ဆေးလိပ်ဖြတ်ခြင်း ၊ အစားအသောက်ထိမ်းချုပ်ခြင်း နဲ့ လူနေမှု ဘ၀ ပုံစံပြောင်းလဲခြင်း စတာတွေ ပါဝင်ပါတယ် ။
ဘယ်လိုကာကွယ်ရမလဲ ?
Risk factors တွေဖြစ်တဲ့ အဆီများသောအစာများ ၊ ဆေးလိပ်သောက်ခြင်း ၊ လှုပ်ရှားမှု မရှိသော လူနေမှုဘ၀ပုံစံ ၊ စိတ်ဖိ စီးမှုများ စတာတွေကို ဖယ်ရှားရပါမယ် ။ သူတို့တွေဟာ ကာကွယ်ဖို့အလွန် အရေးကြီးတဲ့အချက်တွေ ဖြစ်ပါ တယ် ။ ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ဖို့ကလည်းအလွန်အရေးကြီးပါတယ် ။ ဆီးချိုသွေးချိုနဲ့ သွေး တိုးကို လည်း ထိမ်း ချုပ်ကုသထားရမှာဖြစ်ပါတယ် ။
ဆရာမရေ ဆရာမစာထဲမှာ မင်္ဂလာဒုံ စစ်ဆေးရုံ .. ပန်းလှိုင် ဆေးရုံကြီး... စင်ကာပူ ဆေးရုံ ... ထိုင်း ဆေးရုံ တနေရာရာ မှာ ကုသ ပေးချင်ပါတယ်... လို့ပါပါတယ် ။ မိသားစုတွေတိုင်ပင်ပြီး ဘယ်နေရာမှာ ကုဖြစ်လဲဆို တာကို လည်း ပို့စ်တင်ပေးပါဦး ။ နောက်ပြီး ဘယ်နေရာမှာ အကောင်းဆုံးလဲဆိုတာကတော့ စရိတ်စက ၊ မိမိအခြေ အနေ ၊ လူနာအခြေအနေ ၊ အသိုင်းအ၀န်း ၊ ထောက်ပံ့မှု ၊ စတာတွေကို ထည့်တွက်စဉ်း စားစေချင် ပါတယ်ခင်ဗျ ။ အကယ်၍ ရန်ကုန်လာဖြစ်ရင်တော့ ကျွန်တော်ရှိပါမယ် ။ စင်ကာပူမှာလည်းကောင်း ပါတယ် ထိုင်းမှာလည်းကောင်းပါတယ် ရ့န်ကုန်မှာလည်းကောင်း ပါတယ် သေချာ ၀ိုင်းစဉ်းစားပြီးအကောင်း ဆုံးကို လုပ်ကြ တာပေါ့ခင်ဗျ ။ စင်ကာမှာဆိုလည်း ဆရာမ မိတ်ဆွေတွေနဲ့ ကူညီမယ့်သူတွေ အများကြီးရှိ မယ်လို့မျှော်လင့်ပါတယ် ။ ဂျာနယ်တွေထဲမှာ ဒီကနေ ဟိုကိုသွားကုဖို့ service ပေးတဲ့ဆေးရုံတွေ ရှိတယ်လို့ လည်းသိရ ပါတယ် ။ ဒါမှမဟုတ် ဒီက နှလုံးအထူးကုတွေနဲ့ပဲကုချင်ပါတယ်ဆိုရင်လည်း အဆင်ပြေမှာပါခင်ဗျ ။
ကြည့်နှုန်း: 21
အမျိုးအစား: ကျန်းမာရေး

မီးပူနဲ့ကပ်ခံရသူ နောက်ဆက်တွဲသတင်း ဓာတ်ပုံများ (၂)

မီးပူနဲ့ကပ်ခံရသူ


(ဓာတ်ပုံများ - ဧရာဝတီ)


http://burma.irrawaddy.org/archives/8897 မှာ ကျော်ခ ရေးခဲ့တဲ့သတင်း ဖြစ်ပါတယ်။
မအေးယုအောင် နဲ့ မိခင်ဖြစ်သူရဲ့ ဓာတ်ပုံတချို့ ရောက်လာတဲ့အတွက် သတင်းနဲ့တွဲပြီး ဖော်ပြပေးလိုက်ပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူကြီး၏ ဇနီးက မီးပူဖြင့် လက်ရောက်ကျူးလွန်ပြီးနောက် အမှုမပေါ်ပေါက်စေရန် ထိန်းချုပ်ခြင်းကို ခံထားရသည်ဟု သတင်းထွက်နေသောအသက် ၁၅ နှစ် အရွယ်အိမ်ဖော် မအေးယုအောင် နေရပ်ရင်းသို့ ပြန်ရောက်ပြီဖြစ် ကြောင်း မိခင်ဒေါ်ကြူကြူက ပြောဆိုသည်။


ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ရှိ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်း
သက်က ၎င်းတို့ထံတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မအေးယုအောင်အား မီးပူဖြင့် အရေပြားများ ပျက်စီးသည်အထိ ကျူးလွန်ခဲ့ပြီး တလခန့် မိဘထံ ပြန်မပို့ဘဲ ထိန်းသိမ်းထားပြီးနောက် ဒဏ်ရာများပျောက်ကင်းမှ ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူကပြောသည်။

“မနေ့ညနေပိုင်းက ဦးအောင်ဖုန်းဝင်းကိုယ်တိုင် သမီးကို ကားနဲ့လာပို့သွားတယ်။ ကလေးပြန်ရရှိကြောင်းလည်း လက်မှတ် ပြန်ထိုး ပေးလိုက်တယ်”ဟု ဒေါ်ကြူကြူက ဧရာဝတီသို့ ပြောသည်။

မအေးယုအောင် အိမ်သို့ ပြန်ရောက်လာသော်လည်း အမှုဖြစ်စဉ်နှင့် ပတ်သက်၍
အိမ်ရှင် ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက် တို့၏ နောက်ကွယ်မှ ထိန်းချုပ် ခြိမ်းခြောက်ထားခြင်းကို ခံထားရကြောင်းနှင့် စိတ်ကျမ်းမာရေးချို့ယွင်းမှုဖြစ်ပေါ်နေကြောင်း မိခင်ဖြစ် သူ ဒေါ်ကြူကြူက စွပ်စွဲ ပြောဆိုသည်။

“ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး သမီးက မပြောပြချင်ဘူး။ ညရောက်မှ ချော့မေးကြည့်တော့မှေ
ဒ်ါဖြူဝင်းသက်က သူမီးပူနဲ့ ကပ်တဲ့ ကိစ္စကို သူတို့မိသားစု တခုလုံး ဒုက္ခရောက်သွားမှာဖြစ်တဲ့အတွက် မပြောပါနဲ့ ဆိုပြီး သမီးဆီက ကတိတောင်းတယ် ပြောတယ်။ နောက် ဘုရားမှာ သစ္စာရေသောက်ပြီး ကျိန်ခိုင်းတယ်တဲ့။ ဒီဘဝတင် မကဘူး နောက်ဘဝထိပါ မပြောပါဘူး။ ပြောရင် ကျမတို့ မိသားစုလည်း ဒုက္ခရောက်ရပါစေဆိုပြီးတော့”ဟု ဒေါ်ကြူကြူက သမီးဖြစ်သူ ပြောပြချက်များကို ကိုးကား ပြောဆိုသည်။
တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အိမ်ဖော်မလေး၏ ပြောပြချက် (ရုပ်/သံ)။ ဤ Video အား Myanmar News Now မှ ကူးယူ၍ ပြန်လည် ဖော်ပြပါသည်။

မအေးယုအောင်သည် အိမ်တွင် စားဝတ်နေရေး အဆင်မပြေမှုကြောင့် ၈ တန်းကျောင်းသူဘဝမှ ကျောင်းထွက်ကာ ပဲခူးမြို့ပေါ်ရှိ ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက် တို့အိမ်တွင် အိမ်ဖော်အဖြစ် ၂၀၁၁ ဇူလိုင်လက စတင်လုပ်ကိုင်ခဲ့ပြီး ယခုနှစ် မတ်လ ၂၅ ရက် နေ့တွင် အိမ်ရှင် ဒေါ်ဖြူဝင်းသက်၏ မီးပူဖြင့် လက်ရောက်ကျူးလွန်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မီးပူနှင့် ကပ်ခံထားရသော ဒဏ်ရာများ ပျောက်ကင်းပြီဖြစ်သော်လည်း မအေးယုအောင်ကို လာမည့် ကြာသပတေးနေ့၌ ပဲခူးမြို့ပေါ်ရှိ ဆေးရုံတွင် သွားရောက် ဆေးစစ်ခံယူမည်ဖြစ်ကြောင်း ဒေါ်ကြူကြူက ပြောပြသည်။

“ကလေးက တအားကြောက်နေတယ်။ စိတ်တွေကလည်း မူမမှန်ဘူး။ အာတွေလျှာတွေလည်းလေးနေတယ်။ သူတို့ စိတ်အာရုံ ထိခိုက်စေတဲ့ဆေးတွေများ တိုက်ကျွေးထားလားလို့ သံသယဝင်နေတယ်။ ကျမကလေးက ဒီပုံစံမဟုတ်ဘူး။ ဒါကြောင့် သူ့ကို ချော့မော့ပြီး သန်ဘက်ခါ ကြရင် ပဲခူးဆေးရုံမှာ ဆေးသွားစစ်မလို့”ဟု သူကပြောသည်။

မအေးယုအောင်အား ကျန်းမာရေးစစ်ဆေး၍ သက်သာလာသည်အထိ စောင့်ဆိုင်းပြီး အမှုနှင့် သက်ဆိုင်သူများကို ပဲခူးမြို့ပေါ်ရှိ လမ်းပြကြယ်အဖွဲ့၏ အကူညီရယူကာ တရားစွဲဆိုသွားရန် စီစဉ်ထားကြောင်းလည်း ဒေါ်ကြူကြူက ဆက်ပြောသည်။

လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကလည်း မအေးယုအောင် ကျန်းမာရေးကောင်သည်နှင့် မီးပူဖြင့် လက်ရောက် ကျူးလွန် ခဲ့သူ ဒေါ်ဖြူဝင်းသက်၊ အမှုဖျောက်ရန်ကြိုးစားအားထုတ်သူ ဦးအောင်ဖုန်းဝင်း၊ အမှုတိုင်တန်းမှုကို ရှောင်လွှဲကာ ထိန်ချန်မှုဖြင့် နယ်မြေခံ အမှတ် (၃) ရဲစခန်းမှူး ဦးသိန်းဦး တို့အား တရားစွဲဆိုသွားရန် ခိုင်လုံသော အထောက်အထားများ စုဆောင်း ထားကြောင်း ပြောဆိုသည်။

“ဒီအမှုက ကျိန်းသေထင်ရှားတာပေါ့၊ မြန်မာလူမျိုးတွေက မိဘတွေကို မေတ္တာတရားနဲ့လာတောင်းပန်ရင် လက်ခံနိုင်သေးတယ်။ အခုဟာက ရာထူးဂုဏ်နဲ့ မောက်မာစော်ကားလို့ သူ့အမေက တရားစွဲမှာ”ဟု ရှေ့နေဟောင်း တဦးလည်းဖြစ်သူ ဦးအေးမြင့်က ပြော သည်။

ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက် ကို တရားစွဲဆိုသွားမည်ဖြစ်သကဲ့သို့ ရဲစခန်းမှူး ဦးသိန်းဦးကိုလည်း ရဲတရားရုံးကို တိုင်ကြား သွားမည်ဖြစ်သည်ဟု ဆိုသည်။
မအေးယုအောင်သည် မီးပူထိထားသော ဒဏ်ရာများဖြင့် ရက်ပိုင်းတွင်း ဈေးဝယ်ထွက်ရာတွင် ဈေးသည်များက မေးမြန်းစုံစမ်းရာမှ အိမ်ရှင် ဒေါ်ဖြူဝင်းသက်က လက်ရောက်ကျူးလွန်ထားကြောင်း ဝန်ခံပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားမှုအား ပဲခူးမြို့ လူမှုကူညီရေး အသင်းက မှတ်တမ်းတင် ရုပ်သံ ရိုက်ကူးထားသည်။

အဆိုပါ ရုပ်သံဖိုင်တွင် မအေးယုအောင် က“မီးပူ ပြန်တိုက်တော့ နည်းနည်းအိပ်ငိုက်သွားတယ်။ ငိုက်သွားတော့ သမီး မျက်နှာသစ်ပြီးပြန်တိုက်တယ်။ တိုက်တော့ ဒီအချိန်ထိ နှစ်ထည်ပဲ ပြီးသေးလား။ ကြာတယ် တဲ့။ မီတာခ တက်တယ်ဆိုပြီးတော့ သူ့ဘာသာသူ ယူတိုက်တယ်။ စိတ်မရှည်တော့ ယူတိုက်ပြီးတော့ သမီးကို မီးပူယူပြီးတော့ ကပ်တယ်”ဟု ပြောဆိုသည်။

အဆိုပါ ရုပ်သံမှတ်တမ်းမှာ အင်တာနက် လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့လာပြီးနောက် နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်(နရခ)က ပဲခူးတိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကို ကွင်းဆင်း စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သော်လည်း ထိရောက်သည့် အရေးယူမှု မရှိသေးပေ။ ထို့အတူ ဧရာဝတီက စုံစမ်းမေးမြန်းခြင်းကိုလည်း ပြန်လည် ဖြေကြား ခြင်းမပြုတော့ပေ။

ယင်း အမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ဦးအောင်ဖုန်းဝင်းကို ဧရာဝတီက မေးမြန်းသော်လည်း အသေးစိပ် ပြန်လည်ဖြေကြားရန် ငြင်း ဆိုသည်။

သို့သော် ဦးအောင်ဖုန်းဝင်းက မအေးယုအောင် မိဘများနှင့် လမ်းပြကြယ်အဖွဲ့ဘက်မှ စွပ်စွဲပြောဆိုထားမှုများနှင့် ပတ်သက်၍ ၎င်း အနေနှင့် မသိရှိကြောင်း၊ ကာယကံရှင် မအေးယုအောင်ကို မိဘရင်းလက်သို့ အပ်နှံပေးထားလိုက်ပြီဖြစ်ကြောင်း ပြောသည်။

“ကျနော်ကတော့ ကျနော်လုပ်သင့်လုပ်ထိုက်တဲ့ဥစ္စာ၊ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ပြန်အပ်လိုက်တာပဲ ရှိပါတယ်။ ကျန် တဲ့ ကိစ္စကတော့ ဘာမှမသိဘူးဗျ”ဟု ဦးအောင်ဖုန်းဝင်း က ပြောဆိုသည်။
 

Views: 693