Monday, April 30, 2012

KIA ဌာနချုပ် အ၀ိုင်းခံနေရခြင်း


    အစိုးရ တပ်ဖွဲ့ များသည်၊ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်ကို လက်နက်ကြီး များနှင့် အဆက် မပြတ် ပစ်ခတ်နေသည့် အပြင် တိုက်ပွဲ များလည်း အဆက်မပြတ် ဖြစ်ပွါး နေခြင်းကြောင့် ဗဟို ဌာနချုပ် လုံခြုံရေး အတွက် စိုးရိမ် စရာ ဖြစ်နေပြီးဟု ကေအိုင်အို အရာရှိ တဦးက ပြောပါသည်။
“ ဒီနေ့မနက် အစောကြီး တနာရီ ပတ်ဝန်းကျင်မှာ ၁၀၅ မမ ဟောင်ဝင်ဇာ အမြောက်နဲ့ ပစ်တယ်။ ကျနော်တို့ရဲ့ ဗဟိုဌာန ချုပ်ရဲ့ နယ်မြေအတွင်း ကျရောက်တာတွေရှိတယ်။ ပြီးခဲ့တဲ့ ၂၇ ရက်နေ့ မနက်အစောကြီး ၃နာရီလောက်က စပြီးပစ်ခတ် ခဲ့တယ်။ ဗဟိုဌာနချုပ်ရဲ့ အထက်ဖက် တောင်ကုန်းပေါ်မှာ ကျတယ်။ ဒါပေမဲ့ ၂၆ ရက်နေ့ တုံးက ဂန်ဒေါ်ယန်ဘက်ကနေ ၁၀၅ မမ ဟောင်ဝစ်ဇာနဲ့ ပစ်ခဲ့တယ်။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် ဒေသဖွံ့ဖြိုးရေးမိုင်ဆတ်ပါ ကျေးရွာမှာကျတယ်။" ဆက် တိုက်ပါဘဲ ပစ်နေတာ” ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပြပါသည်။
Liazaစစ်ပွဲကြောင့် ကချင် ဒုက္ခသည်များလည်း (၆) သောင်းကျော် လာပြီးဟု ဆိုပါသည်။ စစ်ရေး အခြေအနေ ဒီထက် ဆိုးလာပါက ဒုက္ခသည်များ တရုတ်ပြည်ဖက်ကို ထွက်ပြေး ရလိမ့်မည်ဟု ဒုက္ခသည်အရေး ဆောင်ရွက်နေသူများက ဆိုပါသည်။
လိုင်ဇာဌာနချုပ် ကားလမ်း အနောက်ဖက်ခြမ်းတွင် ရှိနေသော တာလောကြီးဒေသ၊ ဂန်ဒေါ်ယန် ဒေသနှင့် လိုင်စင် ဗဟိုဌာန ချုပ် အဟောင်း နှင့်လိုင်ဇာ အကြား၌ရှိသော နားဖော့စခန်း၌လည်း အစိုးရတပ် အင်အားများ ထောင်ဂဏန်းဖြင့်  ဖြည့်ထား သည်ဟုဆိုပါသည်။ ကေအိုင်အို နှင့် အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံရွှေလီမြို့တွင် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ များ၊ သုံးကြိမ် ကျင်းပခဲ့ပြီး ဖြစ်သော်လည်း သဘောတူချက် မရရှိခဲ့ပေ။
Kachin_01 နောက်ထပ် တွေ့ဆုံ ဆွေးနွေးရန်အတွက် အစိုးရက မြစ်ကြီးနား၌ တွေ့ဆုံဆွေးနွေးရန် ဧပြီလ ၁၇ ရက်နေ့ကို ကမ်းလှမ်း ထားသော်လည်း ကေအိုင်အိုက စစ်ရေးအရ တိုက်ခိုက်နေသည့် ယခုလို အချိန်မျိုး၌ မြစ်ကြီးနား၌ တွေဆုံရန် မဖြစ်နိုင် ကြောင်း ဧပြီ ၂၀ ရက်နေ့တွင် အကြောင်းပြန်ခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူက ဆိုပါသည်။

ရွှေဟင်္သာသတင်းဋ္ဌာနမှ ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment