Monday, April 30, 2012

မေလ ၂ ရက်နေ့တွင် လွတ်တော်တက်မည်ဟု ကြေငြာထားသော်လည်း ဒီချုပ်ကိုယ်စားလှယ်များ ဇူလိုင်လ မှသာ လွှတ်တော်တက်နိုင်တော့မည်

Inbox
x

ဦးဦး မှော်ဆရာ
6:35 PM (2 hours ago)

to O
မေလ ၂ ရက်နေ့တွင် လွတ်တော်တက်မည်ဟု ကြေငြာထားသော်လည်း ဒီချုပ်ကိုယ်စားလှယ်များ ဇူလိုင်လ မှသာ လွှတ်တော်တက်နိုင်တော့မည်

ဒီချုပ် လွှတ်တော်အမတ်များ ကတိသစ္စာပြုစာသားပြင်ဆင်ပေးရေးကို ဆက်ပြောမနေတော့ဘဲ လွှတ်တော် တက်ပါတော့မယ်။
မေ ၂ ရက်မှာ လက်ရှိကတိသစ္စာပြုစာသားအတိုင်းပဲ ရွတ်ဆိုပြီး တက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြည်သူ့ဆန္ဒကို လေးစားသောအားဖြင့်
ခုလို ဆုံးဖြတ်လိုက်တာပါလို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ဒီနေ့ မနက် ပြောလိုက်ပါသည် ..

“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည် ..။
သို့ရာတွင် လွှတ်တော်ပထမအကြိမ် တတိယပုံမှန် အစည်းအဝေးများသည်ယနေ့နောက်ဆုံးဖြစ်ပြီး မေ နှင့် ဇွန်လတွင် လွှတ်တော်အစည်းအဝေးများ
ရပ်နားထားမည်ဖြစ်သည့်အတွက် ဒီချုပ်ကိုယ်စားလှယ်များဇူလိုင်
လ မှသာ လွှတ်တော်တက်နိုင်တော့မည်ဖြစ် ကြောင်းသတင်းရရှိသည်။

လာမည့် ဇူလိုင်လမှသာ ပထမအကြိမ် စတုတ္ထပုံမှန် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ပြန်လည်စတင်မည်ဖြစ်သည့်အတွက် မေ ၂ ရက်တွင် လွှတ် တော်တက်ရန် မရှိတော့ကြောင်း ယနေ့လွှတ်တော်အစည်းအဝေးသို့သတင်းတက်ရောက် ရောက်ယူနေသည့် 7 Day သတင်းထောက်က ပြောကြားသည်။

လွှတ်တော်နားမည့် ကိစ္စမှာ လွှတ်တော်ကိုယ်စားလှယ်များနှင့်လွှတ်တော်သတင်းထောက်များယခင် ကပင် ကြိုတင်သိရှိထားပြီး ဖြစ်သည်ဟုလည်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ခံ ကိုယ်စားလှယ်များ မေ ၂ ရက်တွင် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည်ဖြစ်ကြောင်း ဒီချုပ်က ယနေ့နံနက် သတင်း ထုတ်ပြန်ခဲ့သည်။


Inline image 1


ပြည်သူ့လွှတ်တော် အစည်းအဝေး မေလ ၂ရက်တွင် ပြောင်းလဲ ကျင်းပမည်

နေပြည်တော်၊ ဧပြီ ၃၀

ရပ်နားထားသော ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ယနေ့ မွန်းလွှဲပိုင်းတွင် ကျင်းပမည်ဟု မူလက ကြေညာ ထားသော်လည်း မေလ ၂ရက်နေ့တွင် ပြောင်းလဲကျင်းပမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က တရားဝင် ထုတ်ပြန် ကြေညာသည်။

မေလ ၂ရက်နေ့တွင်ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးများ တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်ပြီး မေလ ၂ရက်နေ့ ၌ပင်
တတိယအပတ် ပုံမှန် အစည်းအဝေးများ ပြီးဆုံးနိုင်ကြောင်း လွှတ်တော် အမတ်များက ရှင်းပြသည်။



လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်

Inline image 2
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် Hot News Journal သို့ ဖြေကြားခဲ့သည့် အင်တာဗျူးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်များအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်နေစဉ်။

ဦးမြင့်လှိုင်သည် မတ်လ ၂၃ ရက်နေ့ထုတ် Hot News Journal အင်တာဗျူးတွင် “လွှတ်တော်ကိုယ်စားလှယ် ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ်
၁၀တန်းမှမအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများခလုတ်နှိပ်ဆိုနှိပ်တယ်။
သူမှဘာမှမသိတာ။ ဘာတွေ ပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ
” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တရားမ၀င်အင်တာနက်ဖုန်းလိုင်းများကို စတင်အရေးယူတော့မည်ဟုဆို

by Internet Journal on Monday, April 30, 2012 at 11:11am ·
အများပြည်သူသုံးအင်တာနက်ဆိုင်များ၌ အသုံးပြုနေကြသည့် တရားမ၀င်အင်တာနက်ဖုန်းလိုင်းများကို မကြာမီကာလတွင် စစ်ဆေးအရေးယူသွားတော့မည်ဟု Y Talk အင်တာနက်ဖုန်းလိုင်းများကို ရောင်းချပေးနေသည့်  VGM ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ထွန်းကပြောသည်။ ““အရင်တုန်းက Y Talk အနေနဲ့ကလည်းဈေးကြီးတယ်။ ကိုယ်ကဈေးကြီးနေပြီးတော့ သူများကို အရေးယူရင်လည်း မကောင်းဘူး။ မတရားရာကျတယ်။ အသုံးပြုသူတွေလည်းနစ်နာတယ်။ အခု  Y Talk ကိုဈေးလျှော့ပေးလိုက်ပြီ။ MPT (မြန်မာ့ဆက်သွယ်ရေး) အနေနဲ့ကလည်း တရားမ၀င်အင်တာနက်ဖုန်း လိုင်းတွေကို အရေးယူဖို့စီစဉ်နေတယ်”” ဟု ဦးအောင်ထွန်းကဆိုသည်။ Y Talk အင်တာနက်ဖုန်းလိုင်း၏ ပြည်ပတယ်လီဖုန်းခေါ်ဆိုမှုနှုန်းထားကို မေလ ၁ ရက်နေ့မှစတင်၍ နိုင်ငံအပေါ်မှုတည်ကာ ဈေးနှုန်းလျှော့ချပေးသွားမည်ဖြစ်သည်။ အင်တာနက်အသုံးပြု၍ နိုင်ငံခြားဖုန်းခေါ်ဆိုခနှုန်းထားများကို လျှော့ချပေးလိုက်သည့်နောက်ပိုင်းတရား မ၀င်အင်တာနက်ဖုန်းလိုင်းအသုံးပြုသူများကို စစ်ဆေးအရေးယူနိုင်ရန် စီစဉ်လာခဲ့ကြခြင်းဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အဆိုပါတရားမ၀င်အင်တာနက်ဖုန်းလိုင်းများနှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်မတ်လ၌ သတင်းတစ် ခုကိုထုက်ပြန်ခဲ့ပြီး အဆိုပါထုက်ပြန် ချက်၌ Pfingo နှင့် Skype ကဲ့သို့ သော အင်တာနက်အသုံးပြု၍ နိုင်ငံခြားဖုန်းခေါ်ဆိုမှုများကို အသုံးပြုမည်ဆိုပါက တည်ဆဲဥပဒေများနှင့် အညီအရေးယူဆောင်ရွက်သွားမည်ဟုပါရှိသည်။ နိုင်ငံတော်ဝင်ငွေကျဆင်းလာ ခြင်းနှင့်ပတ်သက်၍ တရားမ၀င်နိုင်ငံခြားဖုန်းလိုင်းခေါ်ဆိုမှုများကိုမပြု လုပ်ကြရန် ၂၀၁၁ ခုနှစ် မက်လ ၂ ရက်နေ့နေ့စွဲဖြင့် ပြည်တွင်းရှိ အင်တာနက်ဆိုင် ၇၀၀ ကျော်သို့ အင်တာနက်ဆိုင်လိုင်စင်များထုက်ပေးနေသည့်(ယခင်) မြန်မာ့အင်ဖိုတက်ခ်မှ အကြောင်းကြားစာများပေးပို့ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင်ထုက်ပြန်ခဲ့သော နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ၌ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းမှာ အစိုးရကသာလုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းအဖြစ်ဖော်ပြပါရှိပြီး သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့အစည်းထံမှ ခွင့်ပြုချက်မရယူဘဲလုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေအရ ထောင်ဒဏ်ငါးနှစ်နှင့်သက်မှတ်ငွေဒဏ်ကို ချမှတ်နိုင်သည့်အပြင် ပစ္စည်းများကိုလည်း ပြည့်သူဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ကြောင်းသိရသည်။ ပြည်တွင်း၏ တရားဝင်နိုင်ငံခြားခေါ်ဆိုမှုအင်တာနက်ဖုန်းလိုင်းကို Y Talk  အမည်ဖြင့် ဖေဖ၀ါရီလ အတွင်းစတင်အသုံးပြုနိုင်ခဲ့ပြီး ယခုအခါ၌ အဆိုပါ Y Talk အင်တာနက်ဖုန်းလိုင်းကို လူဦးရေ ၂၀၀၀ ခန့်အသုံးပြုနေပြီဟုသိရသည်။ ဈေးနှုန်းကြီးမြင့်နေသည့် Y Talk အင်တာနက်ဖုန်းလိုင်းများ၏ ခေါ်ဆိုမှုကို အသုံးပြုသူများ၏ တောင်းဆိုမှုအရအခြားသော အင်တာနက်ဖုန်းလိုင်းများနည်းတူ မေလ ၁ ရက်နေ့မှစတင်၍ ဈေးနှုန်များလျှော့ချပေးလိုက်ခြင်းသည် ပြည်တွင်းဖြစ်အင် တာနက်ဖုန်းလိုင်းကိုသာအသုံးပြုစေလို၍လျော့ချပေးလိုက်ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းဖြစ်အင်တာနက်ဖုန်းလိုင်းကိုအသုံးပြုခြင်းဖြင့် နိုင်ငံတော်ဝင်ငွေတိုးပွားလာမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်းပေါများလာစေနိုင်ကြောင်း ဦးအောင်ထွန်းဦးကဆိုသည်။ အင်တာနက်အသုံးပြုနိုင်ငံခြား ဖုန်းလိုင်းခေါ်ဆိုမှုများနှင့်ပတ်သက်၍ အင်တာနက်ဆိုင်ရှင်တစ်ဦး၏ အဆိုအရ ၎င်းင်းတို့အင်တာနက်ဆိုင်၌ အင်တာနက်ဖုန်းလိုင်းအကောင့်မျိုးစုံကိုအသုံးပြုလျှက်ရှိကြောင်း၊ ခေါ်ဆိုလိုသည့်နိုင်ငံအပေါ်မှုတည်၍ ဈေးနှုန်းသက်သာသည့်

0 ကွန်မန့်ရေးရန်:

Post a Comment