Monday, April 30, 2012

KIA ၏ လူမဆန်စွာ သတ်ဖြတ်မှုများ








KIA တပ်ဖွဲ့မှ ၂၈ ရက်နေ့တွင် ဆဒုံးမြို့နယ်မှ ပြည်သူများကို ဤကဲ့သို့ သတ်ဖြတ်ခဲ့ပါသည်။ ကုလားမနိုင် ရခိုင်မဲ ဟူသော စကားပုံအတိုင်း မြန်မာ့တပ်မတော်၏ စစ်ကြောင်းများကို တိုက်ခိုက်ခြင်းငှာ မစွမ်းဆောင်နိုင် သဖြင့် ခုခံနိုင်ခြင်း ကင်းမဲ့သော ပြည်သူများကို ဤသို့ ရက်စက်စွာ သတ်ဖြတ်ခဲ့ပါသည်။ တလောတုန်းကလဲ အလင်းဝင်ခဲ့သော စစ်သားများကို လိုက်လံသတ်ဖြတ်ခဲ့ပြီး တပ်မတော်ကို အပြစ်ပုံချ ခြင်းများ ပြုလုပ်ခဲ့သေးသည်။ KIA လက်နက် ကိုင်ရခြင်း အကြောင်းရင်းမှာ ကချင်အမျိုးသားများ လွတ်မြောက်ဖို့လော သို့မဟုတ် ပုံပါအတိုင်း ပြည်သူတွေကို သတ်ဖြတ်ဖို့လား ဆိုတာတွေးစရာဖြစ်လာခဲ့ပြီး အကျိုးမရှိသော စစ်ကို မည်သို့သောကြောင့် ဆွဲဆန့်နေသည်ကို စာရေးသူ ကျွန်တော့် အနေဖြင့် တွေး၍  ဥာဏ်မမှီနိုင်တော့။ မြစ်ကြီးနား ရထားလမ်းလည်း မနေ့က ဗုံးကွဲခဲ့ပြီး KIA ကတော့ တပ်မတော်ကို လွှဲချဦးမည်မှာ ဧကံမုချမလွဲပေ။ ဓာတ်ပုံများကို KND မှ ကူးယူပြီး များစွာ စိတ်မကောင်းဖြစ်ရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment