Monday, April 30, 2012

ဝိ၀ဋနိဿိတကုသိုလ် (့ပရဟိတဆိုတာ ၂)

အရေးကြီးသော အချက်တစ်ချက်မှာ စွန့်လွှတ်မှု့နှင့် ပတ်သက်သော အချက်ဖြစ်သည်။
စွန့်လွှတ်ရာတွင် အလှူခံပုဂ္ဂိုလ်များကို ရွေးတတ်ကြ၏။
အလှူခံပုဂ္ဂိုလ်များကို ရွေးချယ်ခြင်းမှာ ၀ဋနိဿိတကုသိုလ် သဘောမျိုးသက်ရောက်၏။
အမှန်အားဖြင့် ၀ဋနိဿိတကုသိုလ် ဟူသည်မှာ မြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်လာမှ
ဖြစ်ပေါ်လာသော ကုသိုလ်မျိုးမဟုတ်။
ကမ္ဘာအစဉ်အဆက်ကပင် ရှိနေသော ကုသိုလ်မျိုးဖြစ်သည်။
မြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်လာမှ ဖြစ်ပေါ်လာသော ကုသိုလ်သည်ကား
ဝိ၀ဋနိဿိတကုသိုလ်မျိုးသာ ဖြစ်၏။
ဝိ၀ဋနိဿိတကုသိုလ်ပြုရာ၌ အလှူခံပုဂ္ဂိုလ်များကို ရွေးချယ်ရန် မလိုပါချေ။
အလှူခံပုဂ္ဂိုလ်အတွက် အသုံးတည့်ဖို့သာ လိုအပ်ပါသည်။
စူဇကာလို ပုဂ္ဂိုလ်မျိုးပင် ဖြစ်စေဦးတော့ လှူတတ်ဖို့သာ အရေးကြီး၏။
ချို့တဲ့သူများအား သူတို့အလိုရှိသော ပစ္စည်းကို ပေးလှူနိုင်ခြင်းသည်
အမွန်မြတ်ဆုံးသော ဒါနဖြစ်၏။
ယင်းသို့ ပေးလှူတတ်ခြင်းကိုပင် ဥပါယကောသလ္လဉာဏ်ဟု ခေါ်ပါသည်။
ထို့ကြောင့် ထေရ၀ါဒနှင့်အညီ
ဝိ၀ဋနိဿိတကုသိုလ်သဘောအရ ဒါနကို ပြုလုပ်လိုပါက
အယုတ်၊ အလတ်၊ အမြတ်မရွေးဘဲ၊
ဂုဏ်ရှိ ဂုဏ်မဲ့ကို မရွေးဘဲ
တကယ်လိုအပ်နေသူများအား တကယ်လိုအပ်သောပစ္စည်းကို
ပေးလှူခြင်းပင် ဖြစ်ပါ၏။
ထိုကဲ့သို့ ပေးလှူမှသာ နိဗ္ဗာန်ကို ရက်တိုတိုနှင့် ရောက်နိုင်မည် ဖြစ်ပါ၏
နိဗ္ဗာန်ကို မရောက်သေးမီ စပ်ကြား၌လည်း
ဘ၀သမ္ပတ္တိနှင့် ဘောဂသမ္ပတ္တိတို့ကို
ထိပ်တန်းက ရရှိခံစားရမည်ဖြစ်၏။
(ဆရာကြီးဦးရွှေအောင်၏ အမြင်များပြောင်းလည်းခြင်းဆောင်းပါးမှ)
                                                                     ရှာဖွေတင်ပြသူ-မာလာထွေး

0 ကွန်မန့်ရေးရန်:

Post a Comment