Inbox
x
Inbox
| ![]() ![]() | ![]() ![]() | ||
|
---------- Forwarded message ----------
From: Wai Wai Lwin <waiwai76@gmail.com>
Date: 2012/4/29
Subject: Fwd: မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ - ပါတီဖျက်သိမ်းခံရမည်ဟုကော်မရှင်မှသတိပေး
To: lu bo <lubo601@gmail.com>
''မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်များ''
ညီနောင်ပါတီများနှင့် ပါတီအားလိုလားထောက်ခံသူများအား သဘောထား မှတ်ချက်တောင်းခံခြင်း”
အပိုဒ် - (က) ပါတီဝင်များအားလုံး နှင့်မိတ်ဆွေများခင်ဗျား - ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ရက် - ရက်စွဲ ၊ စာအမှတ် ၄/နငရ-မပတ(၂)/ကမရ ဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှမတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ဥက္ကဌထံ သတိပေးညွှန်ကြား စာတစ်စောင်၂၇ ရက်နေ့ ည ၇ နာရီခန့်က ရောက်ရှိလာပါသည် ။
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
From: Wai Wai Lwin <waiwai76@gmail.com>
Date: 2012/4/29
Subject: Fwd: မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်
To: lu bo <lubo601@gmail.com>
ပါတီဖျက်သိမ်းခံရမည်ဟုကော်မရှင်မှသတိပေး
by Nay Wai on
Friday, April 27, 2012 at 10:03pm
''မတူကွဲပြားခြင်းနှင့်ငြိမ်းချ
အပိုဒ် - (က) ပါတီဝင်များအားလုံး နှင့်မိတ်ဆွေများခင်ဗျား - ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ရက် - ရက်စွဲ ၊ စာအမှတ် ၄/နငရ-မပတ(၂)/ကမရ ဖြင့်ပြည်ထောင်စုရွေးကောက်ပွဲေ
အပိုဒ် (ခ) စာ၏ အကြောင်းအရာမှာ - ''ပါတီစာစောင်များရေးသားထုတ်ဝေရာတွင်
တည်ဆဲဥပဒေချိုးဖောက်ရာ ရောက်သော ရေးသားမှုများမပြုလုပ်ရေး သတိပေးညွှန်ကြားခြင်း
" ဟုခေါင်းစဉ်တပ်လာပါသည် ။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ ''၂၁.၁၀.၂၀၁၂ရက်စွဲပါစာအမှတ်
၅-၄(၂၄)/၂၀၁၂ (၀၅၅) '' ကို ရည်ညွှန်းဟုဖော်ပြထားပါသည် ။
အပိုဒ် (ဂ) စာပါအကြောင်းအရာအပြည့်အစုံမှာ
-
(၁)
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက န/သ - ၀၆၈ ဖြင့် ၃၀-၆-၂၀၁၁ရက်နေ့တွင် ထုတ်ဝေခဲ့သော
ဇေကမ္ဘာကုမ္ပဏီနှင့်
ရွှေနံသာလယ်သမားများပြဿနာခေါင်းစဉ်ဖြင့် ဖြန့်ဝေခဲ့သောစာစောင်သည်ပြန်ကြားရေး ၀န်ကြီးဌာနကထုတ်ဝေထားသည့်
ညွှန်ကြားချက်(၄၂)ပါစည်းကမ်းချက်များနှင့်ငြိစွန်းသဖြင့် ပါတီစာစောင် ထုတ်ဝေသူဦးတင်မောင်အေးနှင့်
ပါတီဥက္ကဌ ဦးနေမျိုးဝေတို့ကို ၈-၇-၂၀၁၁ ရက်နေ့တွင်စာပေစိစစ်ရေး နှင့်မှတ်ပုံတင်ဌာနသို့ခေါ်ယူ၍
ညွှန်ကြားချက်(၄၂)နှင့်အညီ
လိုက်နာဆောင်ရွက်ရေး ၀န်ခံကတိလက်မှတ် ရေးထိုးမှတ်တမ်းတင်ခဲ့ပါကြောင်းရည်ညွှန်းစာဖြင့်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အသိပေးတင်ပြလာပါသည် ။
ရွှေနံသာလယ်သမားများပြဿနာခေါင်း
လိုက်နာဆောင်ရွက်ရေး ၀န်ခံကတိလက်မှတ် ရေးထိုးမှတ်တမ်းတင်ခဲ့ပါကြောင်း
(၂)
ထပ်မံ၍ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက ၂၇-၃-၂၀၁၂ရက်နေ့တွင်ထုတ်ဝေသောစာစဉ်(၁၅)
တွင် သက်ဆိုင်ရာ ပါတီ၏ မူဝါဒ ၊ သဘောထား ၊မဲဆွယ်စည်းရုံးညခင်းဆိုင်ရာ အကြောင်းအချက်များ
မဟုတ် သည့်ပါတီနိုင်ငံရေးနှင့် မသက်ဆိုင် သော ထားဝယ်ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံခေါင်းစဉ်ဖြင့်
ထားဝယ် အထူးစီးပွါးရေးဇုန်တည်ဆောက်မှုတွင်မြေယာ အရောင်း အ၀ယ်သမားများ၏ အရှုပ်တော်ပုံများ၊
မြေသိမ်းလျော်ကြေးပေးခြင်းအပေါ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၏
မမှန်မကန်ဆောင်ရွက်နေမှုများ ၊ ထားဝယ်ဒေသခံများ၏ထုတ်ဖော်ပြောကြားချက်များကို စုစည်းဖော်ပြထားခြင်းသည်
ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်(၄၂)ကိုချိုးဖောက်ခြင်းဖြစ်ကြောင်း၊ထို့ကြောင့်
၈-၇-၂၀၁၂ ရက်နေ့တွင် ပါတီစာ စောင်ထုတ် ဝေသူဦးတင်မောင်အေးအား၊စာပေစိစစ်နှင့်မျတ်ပုံတင်ဌာနသို့
ခေါ်ယူ၍ နောက်ဆုံးအကြိမ် ၀န်ခံကတိ
လက်မှတ် ရေးထိုးခြင်းတို့ကို ပြုလုပ်ခဲ့ရကြောင်း ရည်ညွှန်းစာဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
သို့အသိပေးတင်ပြလာ ပါသည် ။
မမှန်မကန်ဆောင်ရွက်နေမှုများ ၊ ထားဝယ်ဒေသခံများ၏ထုတ်ဖော်ပြော
ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်(၄၂)ကိုချိုးဖောက်ြ
လက်မှတ် ရေးထိုးခြင်းတို့ကို ပြုလုပ်ခဲ့ရကြောင်း ရည်ညွှန်းစာဖြင့်ပြည်ထောင်စုရွေး
(၃)
နိုင်ငံရေးပါတီတစ်ခုသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ၆ အရ ပြည်ထောင်စုမပြိုကွဲရေး
၊တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို
ထိန်းသိမ်းစောင့် ရှောက်ရေးတရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစား လိုက်နာရေးနှင့် လူမျိုးရေးသို့မဟုတ်ဘာသာရေး
သို့မဟုတ် လူတစ်ဦးချင်းသို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ် ပေါ်စေ နိုင်သည့်၊
သိက္ခာနှင့်ကိုယ်ကျင့်တရားကိုထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ်စည်းရုံး
လှုံ့ဆော်မှု မပြုလုပ်ရေး တို့ကိုစောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်းဝန်ခံချက်ပြုထားပြီးဖြစ်ပါသည်
။
(၄)
ထို့အပြင် ယင်းဥပဒေပုဒ်မ ၂၄ အရ ပါတီတစ်ခုခုသည် တည်ဆဲဥပဒေပါပြဌာန်းချက်တစ်ရပ်ရပ်ကို
လိုက်နာရမည်ဖြစ်ပြီး နည်းဥပဒေ ၁၅(ဂ) အရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကို
လေးစားလိုက် နာမှုမရှိလျှင် ယင်းပါတီအားမှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်နိုင်ကြောင်းပြဌာန်းထားပါသည်
။
(၅)
သို့ဖြစ်ပါ၍ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက ထုတ်ဝေသောဖော်ပြပါပါတီစာစောင်များသည်
ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့်ညွှန်ကြားချက်(၄၂)ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ
တည်ဆဲ ဥပဒေကို ချိုးဖောက်ရာရောက်သော ရေးသားဖော်ပြချက်များပါရှိသဖြင့် နောင်အလားတူဥပဒေချိုး
ဖောက်မှုမျိုးမဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှအလေးထား ကြပ်မတ်ဆောင်ရွက်ကြရန် သတိပေးညွှန်ကြား
ပါသည် ။
ဥက္ကဌ(ကိုယ်စား)၊
ပြည်ထောင်စုရေးကောက်ပွဲကော်မရှင် ဟု လက်မှတ်ရေးထိုးပြီး မိတ္တူကို - ပြန်ကြားရေးဝန်ကြီးဌာန၊
တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲအားလုံး၊ နိုင်ငံရေးပါတီများအားလုံး ----- ကို
ပေးပို့ကြောင်းပါရှိပါတယ် ။
တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်
အပိုဒ် (ဃ) သို့ဖြစ်ပါသောကြောင့် ဤစာကိုထုတ်ပြန်၍မိတ်ဆွေများနှင့်ပါတီဝင်များအားသဘောထားမှတ်ချက်တောင်းခံရခြင်း
ဖြစ်ပါ သည် ။ကျွန်ုပ်တို့ပါတီအနေဖြင့် ပါတီထူထောင်စဉ်ကာလ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
သို့တင်ပြ၍ မှတ်ပုံတင် လျှောက် ထားသော မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၏ မူဝါဒ၊
သဘော တရား ၊လုပ်ငန်းစဉ်နှင့်ဖွဲ့စည်းပုံစာအုပ် စာမျက်နှာ ၁၀ တွင် ဖော်ပြထားသောလုပ်ငန်းစဉ်များနှင့်
ကိုက်ညီစွာ လုပ်ဆောင်နေခြင်းသာဖြစ်ပါသည် ။ ပါတီ၏လုပ်ငန်းစဉ်ထဲတွင် - -
အရှည်သဖြင့်
ကျွန်ုပ်တို့လုပ်ဆောင်ကြမည်မှာ - ကျွန်ုပ်တို့၏ပါတီဝင်များသည် တရားဝင်ရွေး
ကောက်တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များ မဟုတ်ကြ စေကာမူ ပြည်သူတို့၏ အခက်အခဲအခြေအနေများကိုရှာဖွေခြင်း
၊ ပြဿနာများ ကို ဖြေရှင်း နိုင်မည့်နည်းလမ်းများရှာဖွေခြင်းနှင့် ၊ မိမိတို့ စုဆောင်းရရှိသောအချက်အလက်များကို
လက်ရှိမူဝါဒ ရေးဆွဲ သူများ ၊ အကောင်အထည်ဖော်သည့်ယန္တရား အဖွဲ့အစည်းများသို့ ပေးပို့ကူညီခြင်းလုပ်ငန်းသည်အဓိကလုပ်ဆောင်မည့်
အရှည်သဖြင့် လုပ်ငန်းစဉ် ကြီးဖြစ်ပေသည် ။
ဟု
ဖော်ပြပါရှိပါသဖြင့် ကျွန်ုပ်တို့ တင်ပြရေးသားစေသာအထက်ပါစာအုပ်နှစ်အုပ်ဖြစ်သည့် ဇေကမ္ဘာကုမ္ပဏီနှင့်ရွှေနံ့သာ
လယ်သမားများပြဿနာ စာအုပ်နှင့်ထားဝယ်ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံစာအုပ်တွင် အထက် ဖော်ပြပါ
ကျွန်ုပ်တို့ပါတီ၏ လုပ်ငန်းစဉ်များအတိုင်းသာဖြစ်ပါသည် ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်
ကျွန်ုပ်တို့ပါတီထူထောင်စဉ်ကာလ ဤစာအုပ်နှင့်မှတ်ပုံတင်လာရောက် လျှောက်ထားစဉ်တွင် ဖတ်ရှုလေ့လာပြီး
သဘောတူကြည်ဖြူသဖြင့် ပါတီမှတ်ပုံတင် ခွင့်ပြုခဲ့ပါသည် ။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း
ပုဒ်မ (၂၄) အရ ဟု ထောက်ပြပြီးကျွန်ုပ်တို့မှ
တိတိကျကျထောက်ပြသော ပြုပြင်ပြောင်း လဲဖွယ်ရာကိစ္စများကိုလိုအပ်သလို ကောက်ချက်ဆွဲစေခြင်းငှာ
မသင့်ဟု ထင်မြင်ယူဆပါသည် ။
ကျွန်ုပ်တို့အနေဖြင့်
နိုင်ငံရေးလုပ်သည်ဆိုရာတွင် အလုပ်နှစ်မျိုးသာရှိပါသည် ။
ပထမအလုပ်မှာ ကျွန်ုပ်တို့ မကြိုက်မနှစ်သက်သောမူဝါဒများကိုပြုပြင်ပြောင်းလဲရန်ကြိုးပမ်းလုပ်ဆောင်ခြင်းနှင့်ကျွန်ုပ်တို့
ကြိုက် နှစ်သက်သော မူဝါဒများတည်မြဲရန်ကြိုးပမ်းခြင်းဖြစ်ပြီး၊
ဒုတိယအလုပ်မှာ အစိုးရ၏ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး
ဟူသော ယန္တရားများတိမ်းစောင်းမှားယွင်းပါက ပြုပြင်ထောက်ပြ ရန်သာဖြစ်ပါသည် ။ထိုသို့ထောက်ပြရန်အတွက်
ဦးဖြူမှားနေပါက ဦးဖြူမှားနေပါသည်ဟုထောက်ပြခြင်း ၊ ဦးမဲ လာဘ်စားပါက ဦးမဲလာဘ်စားနေပါသည်ဟုထောက်ပြခြင်းသည်
နိုင်ငံကို တည်ဆောက် ပြုပြင်နေခြင်း သာဖြစ်သည်ဟုကျွန်ုပ်တို့ ယုံကြည်ပါ သည်။
သို့သော်
ကျွန်ုပ်တို့သည်လည်း လူသားများသာ ဖြစ်သဖြင့်အဂတိတရားလိုက်စားနိုင်ပါသည် ။ ထို့ကြောင့်
ကျွန်ုပ်တို့လွဲမှားဖော် ပြခြင်းအတွက်သာ အပြစ်ဒဏ်ခံရမည်မှာ ထိုက်တန်ပြီး ကျွန်ုပ်တို့
မှမှန်ကန်တိကျစွာထောက်ပြနေခြင်းကို အပြစ်ပေးနိုင်သော ဥပဒေပုဒ်မများဖြစ်ပါကလုံးဝ မလိုလားအပ်သော
ဥပဒေများသာဖြစ်ပါသည် ။ သို့ပါသောကြောင့်ကျွန်ုပ်တို့ရေးသားသောကိစ္စများ ၏ မှန်ကန်မှုကို
တာဝန်ယူပါ သည် ။မှားယွင်းပါက ပြစ်ဒဏ်ပေးပါ ။ လိုအပ်သော ပြန်ကြားရေးဆိုင်ရာဥပဒေများပြုပြင်ပြောင်း
လဲပါဟု အကြံပြုလိုပါသည် ။
အပိုဒ် (င) မိတ်ဆွေများ ညီနောင်ပါတီများ နှင့်
ပါတီဝင်များခင်ဗျားဤကိစ္စနှင့်ပတ်သက်သော သဘောထား အမြင်များကိုအောက် ပါဖုန်းနံ ပါတ်နှင့်အီးမေးလိပ်စာများ
သို့ အကြောင်းပြန်ကြားပေးစေလိုပါသည် ။
နေမျိုးဝေ
ဖုန်း 098610719 , naymyowai@gmail.com
အောက်တွင်
ကျွန်ုပ်တို့ပါတီ၏ လုပ်ငန်းစဉ်များကို အသေးစိတ်လေ့လာနိုင်ရန်တင်ပြပါသည် ။
0 ကွန်မန့်ရေးရန်:
Post a Comment