This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, August 19, 2013

ကောလိပ်ကျောင်းသူလေး တစ်ယောက်ရဲ့ ခြောက်ခြား စရာဖြစ်ရပ်ပါ။

 ကြောက်တတ်သူများမဖတ်ရ
Inbox
x


1:51 PM (5 hours ago)

to mrsorcerer
Images are not displayed. Display images below - Always display images from yankintharrr@gmail.com



အိန္ဒိယနိုင်ငံက ရာချီမြို့တွင် လွန်ခဲ့သော တစ်လခန့်က ကွယ်လွန်သွားတဲ့ ကောလိပ်ကျောင်းသူလေး တစ်ယောက်ရဲ့ ခြောက်ခြား စရာဖြစ်ရပ်ပါ။

သူမနာမည်က saba ဖြစ်ပြီး ထရပ်ကားတစ်စီး တိုက်မိပြီး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

saba ဟာ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှာအချိန်ပိုင်း အလုပ်လုပ်ပါတယ်။ သူမမှာ shahrukh ဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။
သိပ်ချစ်ကြတဲ့ သူတို့ဟာ ဖုန်းပြောရင်လည်း နာရီနဲ့ချီပြီး ကြာပါတယ်။ saba ကို ဘယ်အချိန်ကြည့်ကြည့် ဖုန်းတစ်လုံးနဲ့ တတွတ်တွတ်ပြောနေတာပါပဲ။
shahrukh ကို သူမမိဘတွေကလည်း သဘောတူကြည်ဖြူပြီး အလွန်လဲ ခင်မင်ရင်းနှီးကြပါတယ်။
saba ဟာ မသေဆုံးခင်က သူငယ်ချင်းတွေနဲ့ မိဘတွေကို သူမသေသွားခဲ့ရင် သူမရဲ့ ဖုန်းကိုပါ တပါတည်း သူမအခေါင်းထဲ ထည့်ပေးလိုက်ဖို့ မှာခဲ့ပါတယ်။

ဒီလိုနဲ့ သူမသေဆုံးပြီးသင်္ဂြိုလ်ဖို့ ခေါင်းကိုမတဲ့အခါ ခေါင်းဟာဘယ်လိုမှ မလို့ မရဖြစ်နေပါတော့တယ် လူအင်အားသုံးပြီးပုံစံမျိုးစုံနဲ့ မပေမဲ့ ခေါင်းက လုံးဝကြွတက်မလာပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ဝိဥာဉ်တွေနဲ့ စကားပြောရာမှာ နာမည်ကြီးတဲ့ ဆရာတစ်ပါးကိုပင့်ပြီး မေးရပါတော့တယ်။ ဆရာဟာခေါင်းနားမှာ ထိုင်ချလိုက်ပြီး အလောင်းကိုကြည့်ကာ ပါးစပ်မှ တတွတ်တွတ်ရွတ်လို့နေပါတယ်။
ခနအကြာမှာ အိမ်သားတွေဘက်လှည့်ပြီး ပြောပါတယ် "သူ့ပစ္စည်းတစ်ခုပါမှ သွားမယ်လို့ ပြောနေတယ်။"

ဒီတော့မှ သူငယ်ချင်းတွေနဲ့ မိဘတွေဟာ သူမပြောခဲ့ဖူးတာကို သတိရသွားပြီး သူမရဲ့ ဖုန်းကို ဆင်းကဒ်နဲ့တကွ ခေါင်းထဲ ထည့်ပေးလိုက်ပါတယ်။ ဖုန်းကို ထည့်လိုက်ပြီး ခေါင်းကို အလွယ်တကူ မလို့ရသွားပါတယ်။

saba ရဲ့ မိဘတွေဟာ သူမကွယ်လွန်သွားတာကို သူ့ချစ်သူ shahrukh ကို မပြောဘဲ ထားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပါတ်လောက်ကြာတော့ shahrukh က saba ရဲ့ အမေဆီကို ဖုန်းဆက်ပါတယ်
"အန်တီ သားဒီနေ့ အိမ်လာလည်မယ်၊ ဟင်းကောင်းကောင်းချက်ထားနော်။ saba ကိုတော့ မပြောနဲ့ဦး surprise လုပ်မလို့" ဆိုတော့ saba ရဲ့ အမေက "အိမ်ကိုသာလာခဲ့ပါကွယ် သားကိုပြောစရာရှိတယ်"

shahrukh အိမ်ရောက်တဲ့အခါ saba သေသွားပြီ ဆိုတဲ့အကြောင်း ပြောပြလိုက်ပါတယ်။
shahrukh က "မနောက်ကြပါနဲ့ဗျာ saba ကို ထွက်လာခိုင်းလိုက်ပါတော့ သူ့အတွက် ကျွန်တော် လက်ဆောင်ဝယ်လာလို့ပါ" လို့ မယုံဘဲရယ်မောနေလိုက်ပါတယ်။
နောက်ဆုံး saba ရဲ့ သေစာရင်းကို ထုတ်ပြလိုက်မှ shahrukh မျက်လုံးပြူးသွားပြီး ခြွေးတွေ ပျံလာပါတော့တယ်။
"မဟုတ်ဘူး မနေ့ကပဲ သူနဲ့ကျွန်တော် ဖုန်းပြောနေကြသေးတယ်" မိဘတွေကလဲ မဖြစ်နိုင်တဲ့အကြောင်း saba ဆုံးတာ နှစ်ပတ်ကျော်ပြီဖြစ်ကြောင်း ပြောနေစဉ်မှာပဲ shahrukh ရဲ့ ဖုန်းမြည်လာပါတယ်။
သူက ဖုန်းကိုကြည့်လိုက်ပြီး တုန်ယင်စွာနဲ့ အိမ်သားတွေဘက်ကို ဖုန်းကိုပြလိုက်ပြီး
"ဒီမှာ saba ဖုန်းခေါ်နေတယ်"
အားလုံးက သူ့ကိုဖုန်းဖြေလိုက်ဖို့ပြောတဲ့အခါ shahrukh ဟာ ဖုန်းစပီကာကို ဖွင့်ပြီး ထူးလိုက်ပါတယ်။

shahrukh : အချစ်ရေ ဘယ်ရောက်နေလဲ သူတို့က ချစ်ကို သေပြီလို့ ပြောနေကြတယ် . .
saba: မောင်ရေ ကျွန်မတစ်ကယ်ပဲ သေခဲ့ပါပြီ ~
shahrukh: ဒ ဒါဆို ချစ်က ခုဘယ်က ပြောနေတာလဲ?
saba: တမလွန်က ပြောနေတာလေ မောင့်ရဲ့ ~ လိုင်းကြည်ရဲ့လား
shahrukh: ကြ ကြည်ပါတယ် .

saba: ကြည်ဆို ခုပြောနေတာ "ချစ်ရဲ့ samsaung S4 နဲ့လေ မောင်ရဲ့ လိုင်းဆွဲအားကောင်းတယ် video call ခေါ်မလို့ပဲ . . ချစ်က နားရွက်ပြတ်ပြီး မျက်လုံးတစ်လုံး ထွက်နေတာ ~ မောင်မြင်ရင် ကြောက်မှာစိုးလို့" ဆိုသတဲ့

Share from http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1370035&xgs=1&xg_source=msg_share_post
--

ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော် ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ငြိမ်းချမ်းရေး တရားမျှတရေး လွတ်လပ်ရေးတို့ အတွက် သြစတြေးလျနိုင်ငံက ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေး ရှင်း ကနေ ငြိမ်းချမ်းရေးဆု ပေးအပ်


Sunday, August 18, 2013

ဒေါက်တာစင်သီယာမောင် ဆစ်ဒနီငြိမ်းချမ်းရေးဆုရရှိ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVx068SGcojKP8-MH2_5uxoCM3L0swvJdDkIpqRwleed6sZPRBBGcFEMOKuWTSyp5jhvb0YYNJUbcfiLG8pcUXaKseKiC0vpUjKh90Ek1xvg8eIIkz0u7VP3rcgSRThJnpLT4zqaR4P2mE/s1600/2.jpg

ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော် ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ငြိမ်းချမ်းရေး တရားမျှတရေး လွတ်လပ်ရေးတို့ အတွက် သြစတြေးလျနိုင်ငံက ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေး ရှင်း ကနေ ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့ပါတယ်။  ဒီအကြောင်းကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ မယ်တော်ဆေးခန်း ဖွင့်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ စစ်ပြေး ဒုက္ခသည်တွေ အတွက် ကျန်းမာရေး လူမှုရေး ပညာရေး စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေ တဲ့ ဒေါက်တာစင်သီယာမောင်ကို သြစတြေးလျ ဆစ်ဒနီငြိမ်းချမ်ရေးဖောင်ဒေး ရှင်း က ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့တာပါ။ ဒေါက်တာစင်သီယာမောင်က သူမကို ဒီဆု ဘာကြောင့်ပေးအပ်ခဲ့သလဲ ဆိုတာကို ရှင်းပြပါတယ်။

“အခုလက်ရှိ ဆောင်ရွက်နေတဲ့ ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေ၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးအတွက် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်ပြီးတော့ လုပ်နေတဲ့၊ ငြိမ်းချမ်းရေး တည်ဆောက်မှုကိစ္စတွေ၊ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေ အားလုံးပေါ့။ ဒီအခြေခံနဲ့ ပေးတာဖြစ်ပါတယ်။”

ဒီဆုကို ပေးအပ်လိုက်တဲ့အတွက် ဒုက္ခအခက်အခဲတွေ တွေ့နေကြတဲ့ လူသူဝေးတဲ့နေရာတွေ၊ အစိုးရရဲ့ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေမှာ အလုပ်လုပ်နေကြတဲ့ ကျန်းမာရေး၊ လူမှုရေး လုပ်သားတွေအတွက် အားတက်စရာတွေ ဖြစ်ရတယ်လို့လည်း ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။

“ဒီလို ဆုမျိုးကတော့ အထူးသဖြင့် ကျမတို့ အခက်အခဲဆုံး အခြေအနေတွေ၊ အင်မတန်မှ လိုအပ်နေတဲ့ နေရာဒေသတွေပေါ့။ နိုင်ငံတကာ ကဖြစ်ဖြစ်၊ အစိုးရတွေကဖြစ်ဖြစ် အကူအညီ အကူအညီမရတဲ့ ဒေသတွေမှာ အလုပ် လုပ်နေကြတဲ့ လူထုတွေအားလုံး၊ ကျန်းမာရေး၊ ပညာရေး လူမှုရေး လုပ်သားတွေအတွက် ခွန်အားဖြစ်စေတယ်လို့ ယုံကြည်ပါတယ်။”

ပြည်သူလူထုတွေကြားမှာ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေ ရမှ ငြိမ်းချမ်းရေးကို တည်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း ပြောသွားပါတယ်။
“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ကတော့ အခြေခံတာကတော့ တရားမျှတမှုနဲ့ လွတ်လပ်မှုပေါ့နော်။ ဒီ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေကို ကျမတို့ ပြည်သူ လူထုကြားထဲမှာ ပိုပြီးတော့ ရရှိလာမယ် ဆိုရင် ဒါ ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်နိုင်တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အရပ်သားအစိုးရသစ် ပြောင်းလဲခဲ့ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့တာပါ။ လက်ရှိ အခြေအနေကတော့ မြန်မာနိုင်ငံမှာ ကျန်မာရေး ပညာရေး မညီမျှမှုတွေ ရှိနေသေးတဲ့အတွက် ဆက်လက် ဆောင်ရွက်သွားမယ်လို့ လည်း ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။

“လက်ရှိမှာတော့ ကျမတို့ ပြည်သူလူထုကြားထဲမှာ လက်ရှိကြုံနေရတဲ့ မညီမျှမှုပေါ့နော်။ လူမှုရေးပိုင်း မညီမျှမှုတွေ၊ ကျန်းမာရေး ပညာရေး မညီမျှမှုတွေကိုတော့ ဒါ ပြည်သူတွေနဲ့အတူ ထိထိရောက်ရောက် နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ပံ့ပိုးမှုတွေ ပိုပြီး ပေးရမယ်။ လူမှုအသိုင်းအ၀ိုင်း တခုလုံး ပြောင်းလဲလာတဲ့ အခြေအနေအထိကို ကျမတို့ ဆက်ပြီးတော့ ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။”

ဆစ်ဒနီ ငြိမ်းချမ်းရေးဆုကို လာမယ့် နိုဝင်ဘာလ မှာ သွားရောက် လက်ခံရယူမှာဖြစ်ပြီး ဒီဆုဟာ နိုင်ငံတကာမှာ လူသားတွေအတွက် ထူးထူးခြားခြား ဆောင်ရွက်သူတွေကို ပေးအပ်ခဲ့တဲ့ဆုလည်း ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင် ဟာ ရီမွန်မက်ဆေးဆေး ဆုအပြင် အလားတူ ဆုမျိုးတွေ ကို ရရှိခဲ့ဖူးပြီး သူမရဲ့ ဆုငွေတွေကို ဒုက္ခရောက်နေသူတွေ နဲ့ အမေ့လျော့ခံဖြစ်နေတဲ့ ဆင်းရဲသား လူတန်းစားတွေ၊ ကလေးတွေကို အကူအညီပေးတဲ့ နေရာတွေမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ထိုင်းမြန်မာ နယ်စပ်တလျှောက် အမျိုးသမီးနဲ့ ကလေး ကျန်းမာရေး၊ လူမူရေး၊ ပညားရေး ကိစ္စတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေ တာဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေ ရှိနေသမျှ သူ့ရဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကိုလည်း ပြောသွားပါတယ်။

မအေးအေးမာ (ဗွီအိုအေ)

Thit Htoo Lwin - News

ကျွန်မ အပျိုစစ်စစ်ပါမောင် .. .ဆိုတဲ့ ခေတ် .... မှုန်ဝါးဝါးကျန်ခဲ့ပြီ .

ဒီခေတ်မှာ အပျိုစစ်မစစ်က အရေးကြီးလား ။ ကိုယ်ပိုင်အရည်အချင်းအတွေးအခေါ်က အရေးကြီးသလားဟု မြန်မာမိန်းကလေးတစ်ဦးမှ မေးခွန်းထုတ်

By singaporefeel

မိန်းကလေးတစ်ယောက် အတွက်တော့ အပျိုစစ်စစ်ဆိုတဲ့ ဂုဏ်ဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ။ တတ်နိုင်ရင် ... ကိုယ့်အပျိုဂုဏ်လေးကို ထိန်းသိမ်းပြီး ကာကွယ်စောင့်ရှောက်သင့်တာ  မြန်မာမိန်းကလေး မှ မဟုတ်ဘူး .. ကမ္ဘာမှာ ရှိတဲ့ မိန်းကလေးတိုင်းပါ။


ဒါပေမယ့် ... ဘဝတစ်ကွေ့မှာ ကံအကြောင်းကြောင်းကြောင့်ဖြစ်စေ .. ငယ်ရွယ်နုပျိုချိန်မှာ အမှားအယွင်းကြောင့်ဖြစ်စေ ... ကိုယ့်ချစ်သူနဲ့ကိုယ် အပျိုဘဝကို ယုံကြည်လို့ ပေးဆပ်မိခဲ့တဲ့ မိန်းကလေးတွေ ... အိမ်ထောင်ပြုလိုက်ပြီးမှ အိမ်ထောင်ဖောက်ပြန်လို့ ကွဲရတဲ့ မိန်းကလေးတွေ ... အပျိုစစ်စစ် မဟုတ်တော့တဲ့ မိန်းကလေး ဖြစ်သွားရင်ရော ... လောကကြီးမှာ မျက်နှာငယ်စရာ .. အားငယ်စရာ ... စိုးရွံကြောက်နေဖို့ လိုသလားးး

အပျိုစစ်စစ် ဖြစ်တာ မဖြစ်တာထက် ... မိန်းမတစ်ယောက်ဟာ ... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ့်ဘဝကို ပဲ့ကိုင်နိုင်ရမယ်။ ယောကျာ်းထပ်ယူသည်ဖြစ်စေ .. မယူသည်ဖြစ်စေ ... ဘဝမှာ ယောကျာ်းဆိုတာ ကိုယ့်အတွက် မရှိမဖြစ် ဆိုတဲ့ စိတ်ဓါတ်မျိုးကို ဖျောက်ဖျက်ပစ်နိုင်ရမယ်။ ယောကျာ်းတစ်ယောက် ပေးသွားတဲ့ သင်ခန်းစာကို ဘဝရဲ့ တိုးတက်မှုအတွက် ပြောင်းလဲပစ်ရမယ်။ တမြေ့မြေ့ခံစားပြီး ကြေကွဲတမ်းတ မနေရဘူး။

အပျိုစစ်စစ်ကို လက်ထပ်ထားပြီးတော့ ... ဘာမှသုံးစားမရ .. "အိပ် ခံ ပက်လက် .. ထမင်းချက်" ဆိုတဲ့ မိန်းမခေတ် (၂၁) ရာစုမှာ မရှိတော့ဘူး ... အဲလိုမိန်းမမျိုးကို ရထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာနဲ့ .. အပျိုမစစ်တဲ့ မိန်းမဖြစ်သော်လည်း .. ဘဝကို ထက်ထက်မြက်မြက် နဲ့ နှစ်ဦးလက်တွဲပြီး စဉ်းစားတွေးခေါ် လျှောက်လှမ်းတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာဟာ .. အများကြီး ကွာသွားတတ်တယ်။

နွားတစ်ရှဉ်းဆိုတာ .. ဘို့တူမှ အကောင် အရွယ်အစားညီမှ ထွန်လို့ ကောင်းသလိုပေါ့ .. ဘဝဆိုတဲ့ လမ်းကို လျှောက်တဲ့အခါမှာလည်း ..ယောကျာ်းမိန်းမ .. ဦးနှောဏ် အတွေးအခေါ် ဥာဏ်ရည် ညီမျှနေမှ .. ယောကျာ်းက အရိပ်ပြရင် .. မိန်းမက အကောင်မြင်တတ်မှ .. အဆင်ပြေနိုင်မယ်။

ကျွန်မ အပျိုစစ်စစ်ပါမောင် .. .ဆိုတဲ့ ခေတ် .... မှုန်ဝါးဝါးကျန်ခဲ့ပြီ .

panasonic ဖုန်းများ ထုတ်လုပ်သော Flairis Sdn Bhd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ မိန်းကလေး တစ်ဦးအား သြဂုတ်လ ၁၆ရက် ည ၁၀နာရီခန့် တွင် လူတစ်စုမှ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သိရ

Sunday, August 18, 2013

မြန်မာ မိန်းကလေး တစ်ဦးအား မလေးရှားနိုင်ငံသားများ ၀ိုင်းဝန်း အဓ္ဓမ ပြုကျင့်ခံရ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqExh28aHtA2rAPXELIH-JzpxXOnzB5ZSBkwvdk-UJMc2JTd1Afguj17A4_uHycfIMQ39TOE9LTpIReXKTjybZ42a6HzxLz-PlmGZIqnGz-0fnnylygMUGvYCSQsQ-9fZL4xslpMMP7GCA/s1600/6.jpg

မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ် ကိုတာတင်ဂီ တမန်ကိုတာရှိ panasonic ဖုန်းများ ထုတ်လုပ်သော Flairis Sdn Bhd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ မိန်းကလေး တစ်ဦးအား သြဂုတ်လ ၁၆ရက် ည ၁၀နာရီခန့် တွင်  လူတစ်စုမှ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားပုံမှာ လူတစ်စုက မြန်မာအမျိုးသမီး (၈)ဦး နေထိုင်သည့် အဆောင်ကို အနုကြမ်းဝင်စီးကာ အသက် ၂၀ ဝန်းကျင် မသူဇာအေး အား ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အုပ်စုဖြင့် ဝိုင်းဝန်း အဓမ္မပြု ကျင့်ခဲ့ကြတယ်၊ မနက် ၁ နာရီကျော်ခန့် တွင် ၄င်းအဆောင်အနီး လမ်းမပေါ်တွင် ကားပေါ်မှ ပစ်ချသွားပါတယ်။

အဆိုပါ မိန်းကလေး အဆောင်နောက်ဘေး အဆောင် တံခါးပေါက် အား ဖြတ်ဆီးပြီး လူတစ်စု အဆောင်တွင်းသို့ ဝင်ရောက်လာ သောအခါ အဆောင်တွင်းနေ မြန်မာ မိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ  အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြပေမယ့်  မသူဇာအေး ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်လို့  ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့တာကြောင့်  ဓားဖြစ်ထောက် ခေါ်ဆောင်သွားခြင်း ခံရတာဖြစ်ပါတယ်။

အခုအခါ မသူဇာအေးမှာ လိုအပ်သော ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း၊ တရားခံများ၏ ပုံပန်းသဏ္ဍာန်ကို ယင်းပတ်ဝန်းကျင်ရှိ စီစီတီဗွီ မှတ်တမ်းမှ တဆင့် ရှာဖွေဖော်ထုတ် သွားရန် အစီအစဉ်များရှိကြောင်း လူမှုကွန်ယက် အင်တာနက် သတင်းများမှာ ရေးသားဖော်ပြကြပါတယ်။

ထိုအဖြစ်အပျက်အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ မြန်မာသံရုံးမှ မလေးရှား လဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်တယ်လို့  မလေးရှားရောက်များရဲ့ အင်တာနက် သတင်းများ အရသိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပါတ်သတ်ပြီး  မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ သူတို့ နေအိမ် အဆောင်များ လုံခြုံမှု ရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူ တိုင်ကြားပေးရန် Flairis Sdn Bhd စက်ရုံတွင် ဆန္ဒပြ တောင်းဆို နေကြောင်းလည်း သိရပါတယ်။

by Myanmar News Now



Thit Htoo Lwin - Crime

တေးရေး၊ တေးဆို မျိုးမြင့်လေး အသည်းကင်ဆာဖြင့် နေအိမ်၌ကွယ်လွန်

ပန်းမြတ်ဇော် | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၃

အဆိုတော်နယ်ပယ်မှာ သန်းဖေလေး ၊ သန်းထွန်းလေး၊ မျိုးမြင့်လေး အစရှိသဖြင့် လေး တစ်ခေတ်တွင် တေးရေး၊တေးဆို အဖြစ် သာမက ခေတ်နှင့်အညီထင်ရှားသည့် စကားလုံးများကို သုံးစွဲကာ ရေးသားတတ်သူ တေးရေး၊တေးဆို မျိုးမြင့်လေး သည် သြဂုတ်လ ၁၈ ရက်နံနက် ၉နာရီ ၂၆ မိနစ် က အသည်းကင်ဆာရောဂါဖြင့် သူ၏ နေအိမ်၌ ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည် အဆိုတော်မျိုးမြင့်လေးသည် နေကာမျက်မှန်၊ နှင်းမှုန်မြို့တော် စသော တေးသီချင်းများအပါအ၀င် စတီရီယို တေးသီချင်းများစွာကို ကိုယ်တိုင်သီဆိုရန်အတွက် ရေးစပ်ခဲ့သလိုမြန်မာပြည်သိန်းတန် အစရှိသည့် စတီရီယိုခေတ်ကိုတစ်ခေတ်ဆန်းစေသည့် အဆိုတော်များအတွက်လည်းတေးသီချင်းများကို ရေးသားခဲ့သူလည်းဖြစ်သည်။

မြန်မာအရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာအိပ်ယာထဲမှာ ပြည့်တန်ဆာ လို နေရ-ကျင့်ရတယ်” တဲ့။ ဒေါက်တာတင့်ဆွေ

 မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်


8:18:00 PM  Myanmar News Updates

ဆရာရှင့် ကျွန်မရဲ့စိတ်အကြောင်းမေးချင်လို့ပါ။ ကျွန်မနဲ့ကျွန်မအမျိုသား အတူနေတဲ့အခါ ကျွန်မယောက်ျား ကပြောပါတယ် ကျွန်မကို ကျောက်ရုပ်ကြီးကျနေတာပဲတဲ့။ သူ့ကိုစိတ်ပါသေးရဲ့ လားလို့လဲ မေးပါတယ်။ ကျွန်မဘာလို့အဲဒီ့လိုဖြစ်နေရတာလဲ။ အမှန်တိုင်းပြောရရင် ကျွန်မတို့အိမ်ထောင်သက် ၂ နှစ်ပြည့်ခါနီးပေ မယ့် ကျွန်မရှက်တုန်းပဲ။ ကလေးတစ်ယောက် ရသွားပေမယ့် ရှက်နေတုန်းပဲ။ အဲဒါဘာဖြစ်လို့ပါလည်းရှင်။ 
သူ့အပေါ်တာဝန်မကျေသလို ခံစားရပါတယ်။ သူ့အပေါ် တာဝန်ကျေချင်ပါတယ်ရှင့်။ ပြောပြပေးပါဦး။

မေးတဲ့သူဟာ အခုလိုမေးသင့်တယ်လို့ထင်တဲ့၊ စိတ်ဆန္ဒရှိနေတာဟာ အလားအလာအတော်ကြီး ကောင်းပါ တယ်။ ရှက်စိတ်ရှိတာ ပုံမှန်ပါ၊ လူဆန်ပါတယ်။ အကြံတခုပေးချင်တာက ဒီလိုရှက်စိတ်ဟာ “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်" ဆိုတာ လူတိုင်းအသိပါ။ ပြောဘို့ မယဉ်ကျေးတဲ့ မရှက်တရား နောက် တပါး ကတော့ “တရားဝင် အကြင်လင်မယား နှစ်ဦးသားဟာ ဆက်ဆံရာမှာ ရှက်နေစရာ မလိုဘူး”။ ဒါဖြင့်ရင်“အရှက်ကိုမရှိရတော့မှာလား”ဆိုတာတော့လဲမဟုတ်ပါ။ လင်မယားတွေ ပေါင်းလာကြတာ နှစ်တွေ အများကြီးကြာပေမဲ့လဲ ဘယ်အရေးကိစ္စမှာမဆို သူသူကိုယ်ကိုယ် ရှက်နေကြရသေးတာပါ။ အဖိုးကြီး၊ အဖွါးကြီးဖြစ်တဲ့အထိပါ။

ဒါပေမဲ့ အခုမေးလာသူလို လိုအပ်ချက်ရယ်လို့ရှိလာပြီဆိုရင်တော့ ပြင်ယူရပါလိမ့်မယ်။ တနှစ်က သတင်းစာမှာ ဖတ်ရတယ်။ ကမ္ဘာ့နံပါတ်တစ် အားကစားမယ်တယောက် ရုပ်ရည်ကလဲ အင်မတန်ချော ပါတယ်။ သူ့ (ဘွိုင်း-ဖရင်း) က ပြောတယ် “အိပ်ယာထဲမှာဆို ဒီမိန်းကလေးဟာ သစ်တုံးလိုဘဲ” တဲ့။ သူတို့ဆီကတော့ အကြင်လင်မယားမဖြစ်သေးလဲ အဲလို နေကြတာကထုံးစံပါ။ နာမည်ကြီးသူဆိုရင် သတင်းလိုက်သူတွေကလဲ ရှောင်လို့မရဘူး။ ပြန်ပြောပေါ့ “ကျမတယောက်တည်း မဟုတ်ဘူး (ဆယ်လီဘရက်တီ) အပျိုမလဲ ကျမလိုပါဘဲ” လို့။

မြန်မာအရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာအိပ်ယာထဲမှာ ပြည့်တန်ဆာ လို နေရ-ကျင့်ရတယ်” တဲ့။ ဒီအကြံပေးချက်ဟာ လက်တွေ့ဘဝတွေကနေ လာပုံရတယ်။ တခုရှိတာက ကိုယ်ခန္ဓာ ရောင်းစားသူတွေ၊ ငွေယူပြီး လိင်ဇာတ်ကား ရိုက်ပေးသူတွေဟာ ကြည့်တဲ့သူတွေပို သဘောကျ၊ အားကျစေအောင် တမင်တကာ သရုပ်ဆောင်ကြရတယ်။ ဥပမာ အမျိုးသမီးတွေက ခံစားမှုရှိနေသယောင်၊ သာယာနေသယောင် သရုပ်ဆောင်ကြတယ်။ ဒါတင်မကဘူး လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာကိုပါအတုလုပ်လေ့ ရှိတယ်။ ဒါကို Women Fake Orgasm လို့ခေါ်တယ်။

ဒီလိုအတုလုပ်ကြတာက ကြေးစာမိန်းမတွေမှ မဟုတ်သေးဘူး။ အနောက်နိုင်ငံတွေမှာ (မြန်မာနိုင်ငံမျာတော့ လေ့လာမှု မရှိလို့ မပြောနိုင်ပါ။) အတွဲထားတဲ့ အမျိုးသမီးများကလဲ ပြီးစီးမှု အတုလုပ်တတ်ကြတယ်။ AskMen.com ကနေ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ မှာ ယောက်ျား-မိန်မပေါင်း ငါးသောင်းကို လေ့လာမှုလုပ်တော့ ၃ ပုံ ၁ ပုံသော အမျိုးသမီးတွေက (အော်ဂဇင်) ရသယောင်ဆောင်ပါသတဲ့။ (ကိုလန်ဘီယာ) က Farnaz Kaighobadi ကနေလုပ်တဲ့ သုတေသနအရ ၄ဝ-၆ဝ% အမျိုးသမီးတွေက အဲလိုအတုလုပ်ကြရတာဟာ Mate retention tactic သူတို့ ယောက်ျားဖေါ်တွေ သူတို့ဆီကနေ ခွါမသွားစေအောင်လုပ်ရတဲ့ ဗျူဟာလို့ ဆိုပါတယ်။

နောက်တခုလဲ ကြားဘူးကြမှာပါ။ “ယောက်ျားသား ဖေါက်ပြားတာဟာ သူ့မိန်းမက အလိုကို လိုသလို မဖြည့်နိုင် လို့” ဆိုတာ။ ဒီအချက်က တဝက်တပျက်သာ မှန်ပါမယ်။ ဖေါက်ပြားချင်သူဆို တာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စ (ဇ) ရှိသူတွေက ဇနီးမယား၊ ယောက်ျား ခင်ပွန်းဘက် က ပြောစရာမလိုပေမဲ့ ဖေါက်ပြန်ကြပါတယ်။

လင်မယားနေကြရာမှာ အချိန်ကာလအရ တိုးတက်လာကြရတယ်။ မေးတဲ့သူလဲ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ပိုပြီး နားလည်လာရမယ်။ သာယာမှုရှာတဲ့နေရာမျိုးမှာ ပိုပြီးသာယာမှုကိုဖြစ်လာစေ သင့်တယ်။ ခွင့်လွှတ်စရာမျိုးကို ပိုပြီး ခွင့်လွတ်လာကြတာမျိုးလိုပါဘဲ။ အပြန်အလှန်ပါဘဲ။ ယောက်ျား လုပ်သူကလဲ နားလည်မှု ပြန်ပေးဘို့လိုတယ်။ မိန်းမသဘာဝဟာ တမျိုးဆိုတာ သိသင့်တယ်။ ပိုးပြီးရှက် တတ်တယ်။ လိင်စိတ်ဖြစ်လာတာ အချိန်ပိုယူတယ်။ အခါတိုင်း အပြီးမသတ်ပေမဲ့ သိပ်ကိစ္စမရှိတတ်ဘူး။ လစဉ်ဓမ္မတာနဲ့အတူ ဟော်မုန်းသတ္ကိကြောင့် လိင်စိတ် အတက်အကျ ရှိတတ်တယ်။ အိမ်ထောင်မကျ ခင်ဘဝ၊ နောက်ခံ (လိင်) ကျန်းမာရေးသုတ ဆိုတာမျိုးကို တမင်တကာ လိုက်ရှာနေတတ်သူမျိုး ဆိုတာ ယောက်ျားတွေနဲ့ယှဉ်ရင် အရေအတွက်နည်းပါးတယ်။ ဒီတော့ လိုနေတယ်ထင်ရင် ပြင် လာစေအောင် ကူညီရမယ်။ သုတအရလိုနေရင် သုတဖြည့်ပေးပါ။ ကျန်းမာရေးကြောင့်ဆိုရင် ခွင့်လွတ်ပေးပါ။ တိုးတက်လာတိုင်း အသိအမှတ်ပြုပေးပါ။

လိင်မှုကိစ္စဟာ တခြားအရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်လုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မည်တဲ့ လက်ခုပ်သံက မပြီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက် ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ်တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။

စိတ်မပျက်ပါနဲ့။ အားငယ်စရာမဟုတ်ပါ။ အိမ်ထောင်ရေး ပိုသာယာတာ အခုမေးတဲ့သူမှာ သေခြာပေါက်ဖြစ် လာမယ်လို့ ယူဆပါတယ်။ ဖတ်ပါ၊ လိုက်နာပါ။ မေးမြန်းပါ၊ လိုက်လုပ်ပါ။ ကိုယ့်က ကျောက်ရုပ် (သစ်တုံး) လိုဖြစ်မနေအောင် လိုသေးရင် ဆရာဝန်ကိုမေးပါ။

ဒေါက်တာတင့်ဆွေ 

--