Monday, August 19, 2013

တေးရေး၊ တေးဆို မျိုးမြင့်လေး အသည်းကင်ဆာဖြင့် နေအိမ်၌ကွယ်လွန်

ပန်းမြတ်ဇော် | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၃

အဆိုတော်နယ်ပယ်မှာ သန်းဖေလေး ၊ သန်းထွန်းလေး၊ မျိုးမြင့်လေး အစရှိသဖြင့် လေး တစ်ခေတ်တွင် တေးရေး၊တေးဆို အဖြစ် သာမက ခေတ်နှင့်အညီထင်ရှားသည့် စကားလုံးများကို သုံးစွဲကာ ရေးသားတတ်သူ တေးရေး၊တေးဆို မျိုးမြင့်လေး သည် သြဂုတ်လ ၁၈ ရက်နံနက် ၉နာရီ ၂၆ မိနစ် က အသည်းကင်ဆာရောဂါဖြင့် သူ၏ နေအိမ်၌ ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည် အဆိုတော်မျိုးမြင့်လေးသည် နေကာမျက်မှန်၊ နှင်းမှုန်မြို့တော် စသော တေးသီချင်းများအပါအ၀င် စတီရီယို တေးသီချင်းများစွာကို ကိုယ်တိုင်သီဆိုရန်အတွက် ရေးစပ်ခဲ့သလိုမြန်မာပြည်သိန်းတန် အစရှိသည့် စတီရီယိုခေတ်ကိုတစ်ခေတ်ဆန်းစေသည့် အဆိုတော်များအတွက်လည်းတေးသီချင်းများကို ရေးသားခဲ့သူလည်းဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment