This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, September 25, 2013

မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ အနှံ့တွင် ရေကြီးရေလျှံမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုများ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့



( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn1/q71/11223_734034773289041_581295552_n.jpg
စက်တင်ဘာ ၂၄ ရက် နံနက် ၁ နာရီ ၀န်းကျင်ခန့်မှ နံနက် ၈ နာရီအထိ မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းအများစုတွင် ရေများပြည့်လျှံခဲ့ပြီး ယခုနှစ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများနှင့် ခရီးသွားလုပ်သား ပြည်သူများက သုံးသပ်ပြောကြား ခဲ့ကြသည်။

ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းလမ်းဆုံ၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ် စသည့်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်သား ပြည်သူများမှာ လိုင်းကားများပေါ်တွင် နာရီပေါင်းများစွာ ရှိနေခဲ့ရသဖြင့် အလုပ်ချိန် နောက်ကျမှုများနှင့် များစွာသော အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကားလမ်းမကြီး အများစု၌ အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အပိုင်းများကို အနည်းငယ် ထိခိုက်ခဲ့ရကြောင်း ခရီးသွား တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

"အနောက်မြင်းပြိုင်ကွင်း လမ်းကနေ အရှေ့မြင်းပြိုင်ကွင်း လမ်းနားမှာ ကားကကျပ်နေတာ လေးလမ်းသွား ဖြစ်သွားတယ်။ အဲဒီအချိန်မှာ အရေးပေါ် လူနာပါတဲ့ လူနာတင် ယာဉ်တစ်စီးက လမ်းပိတ်မိနေတယ်။ တခြားကားတွေက နားလည်မှုနဲ့ လမ်းဖယ်ပေးမယ့်လည်း အရှေ့မှာက တောက်လျှောက်ကြီး လမ်းပိတ်နေတော့ သွားလို့မရဘူး ဖြစ်နေတယ်။ ကျွန်တော် ငှားလာတဲ့ ကားတောင် အဲဒီနေရာမှာ နှစ်နာရီလောက် ပိတ်မိခဲ့တယ်။ အဲဒီ လူနာတင်ယာဉ် ကားပေါ်မှာ ပါတဲ့လူနာက အရေးကြီးတဲ့ လူနာ။ ဆေးရုံကို အမြန်ဆုံး ရောက်ရမယ့် လူနာဆိုရင်တော့ မတွေးဝံ့တော့ပါဘူး" ဟု မြောက်ဒဂုံမြို့နယ်မှ ရန်ကုန်မြို့တွင်းသို့ သွားရောက်မည့် ဦးဇော်က ပြောကြားသည်။

"ကျွန်မတို့ ရပ်ကွက်က မိုးနည်းနည်းလောက် သည်းလိုက်တာနဲ့ အခွန်လွတ်ဈေးနားက နတ်ချောင်းက ရေတွေလမ်းပေါ်တွေကို တက်လာပြီး အိမ်တွေဆိုင်တွေထဲအထိ ရေတွေဝင်လာပါတယ်။ ကျွန်မ လက်ဖက်ရည်ဆိုင်ထဲမှာ စားသုံးသူတွေနဲ့ ရေတွေနဲ့ နပန်းလုံးနေပါတယ်။ သက်ဆိုင်ရာက ဒီချောင်းရေလျှံမှု၊ မြောင်းရေလျှံမှုတွေကို ရှင်းလင်းပေးခြင်းလည်း မရှိသလို ရေတွေဝင်လာတော့လည်း ကိုယ့်ဘာသာ ရှင်းလင်းခပ်ထုတ် နေရပါတယ်။ ဒီလိုမျိုးသာ မကြာခဏ ဖြစ်နေမယ် ဆိုရင်တော့ ဆိုင်လည်းခဏခဏ ပိတ်နေရလို့ နေ့စဉ်ပုံမှန်ဝင်ငွေ ထိခိုက်ပါတယ်" ဟု တာမွေမြို့နယ်၊ အခွန်လွတ်ဈေး အနီးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဒေါ်စန်းရီက ပြောကြားသည်။

ကားလမ်းမများတွင် ရေများ ပြည့်လျှံမှုကြောင့် ခရီးသည်တင် ဘတ်စ်ကားအချို့နှင့် ကိုယ်ပိုင်ယာဉ်များ စက်ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အလားတူ ခရီးသည်တင် ဘတ်စ်ကားအချို့ စက်ချို့ယွင်းမှုနှင့် လမ်းမပေါ်တွင် အချိန်အတော်ကြာ ပိတ်ဆို့နေမှုကြောင့် ခရီးသွားပြည်သူ အများစု မိမိသွားလိုသည့် နေရာများသို့ လမ်းလျှောက်ကာ ခရီးဆက်ခဲ့ရကြောင်း သိရသည်။

ရေများ ပြည့်လျှံနေသည့် လမ်းမများ၌ လမ်းလျှောက်သွားနေရသော ခရီးသွား ပြည်သူအချို့မှာ ရေမြောင်းအတွင်းနှင့် ချိုင့်ခွက်ကြီးများ အတွင်းသို့ ချော်ကျခြင်း၊ ပြုတ်ကျခြင်းအချို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မနက်တုန်းကဆို ကျိုက္ကဆံ လမ်းမပေါ်မှာ ရေပြည့်လျှံနေတော့ လမ်းလျှောက်ပြီး သွားနေတဲ့ အမျိုးသမီးဝန်ထမ်း တစ်ဦးက မြောင်းအပေါက်ထဲ ကျွံကျသွားလို့ ဘေးကလူတွေ ၀ိုင်းပြီးဆွဲတင် လိုက်ရတယ်။ တချို့လူသွားလမ်းက ကွန်ကရစ် အဖုံးတွေ ပျက်စီးနေတာတွေ၊ မရှိတာတွေက ဒီလိုရေကြီးတဲ့ အခါမျိုးဆိုရင် အသက်အန္တရာယ် အထိတောင် စိုးရိမ်ရပါတယ်" ဟု ကျောက်မြောင်း၊ သီတာလမ်းတွင် နေထိုင်သူ ကိုမင်းမင်းက ပြောကြားသည်။

"ရန်ကုန်မြို့မှာက မိုးရွာရင် ရေကြီးတာ၊ ကားလမ်းတွေ ပိတ်ဆို့တာက အမြဲတမ်း လိုလိုပါပဲ။ ဒါပေမဲ့ ဒီနေ့ကားတွေ ပိတ်ဆို့တဲ့ ပုံစံကတော့ ကျွန်တော့်အထင် ဒီနှစ်ဝန်းကျင်ပိုင်းမှာ အဆိုးရွားဆုံးလို့ပဲ သုံးသပ်ရပါတယ်" ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ ကိုလတ်က ပြောကြားသည်။
ရေများ ပြည့်လျှံနေသည့် လမ်းမများ၌ လမ်းလျှောက်သွားနေရသော ခရီးသွား ပြည်သူအချို့မှာ ရေမြောင်းအတွင်းနှင့် ချိုင့်ခွက်ကြီးများ အတွင်းသို့ ချော်ကျခြင်း၊ ပြုတ်ကျခြင်းအချို့ ဖြစ်ပွားခဲ့ကြောင်း . . . . .

မိုးဆက်တိုက်ရွာသွန်းသည့် အချိန်များတွင် အမြဲတမ်းရေကြီးခြင်း၊ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေခြင်းကို သက်ဆိုင်ရာက ကြိုတင်ပြင်ဆင်ပြီး ယခုဖြစ်စဉ်များကဲ့သို့ မဖြစ်စေရန် လုပ်ငန်းများကို ယခုထက်ပိုမို၍ လုပ်ဆောင်ပေးရန်နှင့် အများပြည်သူများ ယခုလို အခက်အခဲများနှင့် ကြုံတွေ့ချိန်တွင် အထိရောက်ဆုံး ယာဉ်ကြောရှင်းလင်းမှုများကို အလျင်မြန်ဆုံး ပြုလုပ်ပေးရန် ရန်ကုန်မြို့နေ ပြည်သူအများစုက သုံးသပ်နေကြသည်။

"မိုးကရွာတော့ ကားကပိုကျပ်တယ်။ ဒီမနက်ဆို ကားကခါတိုင်းထက် ပိုကျပ်တော့ တက္ကစီ ငှားတာတောင် အလုပ်ချိန် မမီဘူး။ မိုးရွာရင် ကားလမ်းတွေ ကျပ်တာက ကျွန်တော်မြင်တာ ပြောရရင် စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့ သူတွေကြောင့် ရေမြောင်းတွေပိတ်ပြီး လမ်းတွေမှာ ရေလျှံတယ်။ ရေလျှံတော့ ကားတွေက နှေးသွားတော့ ယာဉ်ကြောပိုပြီး ကျပ်တယ်။ လမ်းတွေကျဉ်းနေတာ၊ စည်းကမ်းမဲ့ ယာဉ်တွေ များလာတာနဲ့ ရန်ကုန်မြို့မှာ ကားတွေက အရင်ကထက် များလာလို့ ထင်ပါတယ်" ကားအရောင်းပြခန်း တစ်ခုမှ ၀န်ထမ်းကိုဝင်းအောင်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေသည့် ပြဿနာကို ဖြေရှင်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ စည်းကမ်းမဲ့ သွားလာနေသည့် ယာဉ်များကို ဖမ်းဆီးအရေးယူခြင်း၊ ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိက လမ်းမကြီး (၂၆) လမ်းတွင် ယာဉ်မရပ်ရ ဇုန်များအဖြစ် သတ်မှတ်ခြင်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ တိုးမြှင့်ပြီး ယာဉ်ကြောရှင်းလင်းသည့် စနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်အထိ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာမှာ ပြေလည်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက် ညသန်းခေါင်ယံ အချိန်အထိ တိုင်းတာရရှိချက်အရ ၂၄ နာရီ မိုးရေချိန် ၁ လက်မခွဲနှင့်အထက် ရရှိခဲ့သော ဒေသများမှာ တနင်္သာရီတိုင်း ဒေသကြီး အဓိကဖြစ်ပြီး မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် နေရာကွက်ကြား မိုးကြီးခဲ့ကြောင်း Myanmar Climate Change Watch မှ ဒေါက်တာဦးထွန်းလွင်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။

http://news-eleven.com/

ရင်ရှား [--- သရော်စာ ---] ....................

လက်ပြတ်အင်္ကျီဝတ်ဆင်ထားတဲ့

ရင်များပင်ဖိုဖို*** ပြစ်မှားချင်သလိုလို**''တဲ့။

အဆိုတော်ကြီးမျိုးမြင့်လေး တေးရေး ဆရာကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ ''လူပျို-လူပျို''ဆို တဲ့သီချင်းကို သီဆိုပေးခဲ့ရှာပါတယ်။ အသံက လည်း နုပျိုဆဲ၊ ဟန်ပန်ကလည်း တက်ကြွဆဲ။ ပြောင်နေတဲ့နဖူးနဲ့ ဆံပင်ကိုလည်း မဖုံးကွယ် ဘဲ သီချင်းနဲ့လိုက်အောင် ခံစားလှုပ်ရှားပြီး သီဆို သွားခဲ့ရှာတယ်။ သူ့မျက်လုံးထဲမှာတော့ ''စိတ်ရဲ့ တံခါး''ကနေတစ်ဆင့် ဇရာရဲ့ရသတွေ ကို မြင်မိ သလိုပါပဲ။

လူတွင်လား ဆိုတော့ မဟုတ်။ သီချင်းစာ သားကလဲ ဇရာထောင်းနေပါပြီ။
ဘယ့်နှယ် လက်ပြတ်အင်္ကျီဝတ်ထားတာ မြင်ရရုံနဲ့ ရင်တွေဖိုပြီး ပြစ်မှားချင် သလိုလိုဖြစ် နေသတဲ့လား။ တေးရေးဆရာကြီး ကွယ်လွန်သွားလို့သာ ပဲ။ မဟုတ်လို့ အခုခေတ်မိန်းကလေးတွေရဲ့ ဝတ် စားဆင်ယင်မှုကို မြင်မိရင် ''သေပြီဆရာ''ပဲ။ နှစ်ခါ ပြန်သေလောက်တယ်။ အင်္ကျီ ဟာ လက်ပြတ်ဖို့ မပြောနဲ့ လက် တောင်မပါတော့ဘူးလေ။ အားလုံး ရင်ရှားဖြစ် ကုန်ပြီ။ မိန်းကလေးတစ်ဦး ရင်ရှားနဲ့တွေ့ဖို့ဆိုရင် ရှေးကတော့ ရေချိုးဆိပ်ကိုရိုက်ပြရတယ်။ သနပ် ခါးလိမ်း နေချိန် ကို ရိုက်ပြရတယ်။ ရုပ်ရှင်ထဲမှာ လေ။ တကယ့်အပြင်မှာတော့ ရွာသူတို့ဓလေ့ပဲ။ သားသည်အမေတွေ၊ သက်ကြီးရွယ်အို အဘွား ကြီး၊ အဒေါ်ကြီးတွေ လွတ်လပ်ပေါ့ပါးစွာနေလေ့ ရှိကြပါတယ်။ ဒါကတော့ အောင်ဖုန်းမြင့်ဦး မြင် နေကျမြင် ကွင်းပါပဲ။ နန်းတွင်းသူကလေးတွေ ဘယ်လိုရင်ရှား နေကြသလဲဆိုတာတော့ နံရံဆေးရေးပန်းချီကား တွေထဲမှာ တွေ့ဖူးပါတယ်။ စလေမြို့က ''ရုပ်စုံ ကျောင်း''ထဲက ပန်းပုတွေမှာတော့ အိမ်မှာနေတဲ့ အိမ်တွင်းသူရဲ့ စတိုင် ဟန်ပန် ကိုမြင်နိုင်တယ်။ ညီတော်မင်းနန်ချွတ်ခန်းထဲက သီချင်းစာ သားကိုပဲ ပြန်သတိရနေမိတာကတော့

''ကြောက်စရာသဏ္ဍာန် မျောက်မဟန်** ပြုံးပြန်**ကတုံးဖလ်'' ဆိုတဲ့ စာသားပါပဲ။

ညီတော်မင်းနန်နဲ့လက်ထပ်ကာနီး သတို့ သမီးကိုညွှန်းဆိုပြီး သူ့ထက်သာတဲ့နတ်သမီးတွေ ကို ညွှန်ပြကာ လောကီငြီးငွေ့စေဖို့ စီစဉ်ခဲ့တာ ပါပဲ။

အခုတော့ မိဘတွေရှေ့မှာလဲ ရင်ရှား။

အရပ်ထဲမှာလည်း ရင်ရှား။ ဈေးထဲမှာလည်း ရင်ရှား။

ဗီဒီယို၊ ရုပ်ရှင်တွေထဲမှာလည်း ရင်ရှား။

ဧရာမကြော်ငြာဆိုင်းဘုတ်ကြီးတွေပေါ် မှာလဲ ရင်ရှား။

ဒေးကလပ်၊ နိုက်ကလပ်ထဲမှာလည်း ရင် ရှား။

ကျောင်းလွယ်အိတ်ထဲမှာလည်း ရင်ရှား။

မြန်မာမများအားလုံးရဲ့မော်ဒယ် All Myanmar) ရင်ရှား။

နတ်သမီးတွေကို မြင်လိုက်ရတဲ့ ညီတော် မင်းနန်ကတော့ သူချန်ရစ်ခဲ့တဲ့ သတို့သမီးလူ သားဟာ ''ကြောက်စရာမျောက်မ''လောက်ပဲ ရှိတယ်လို့ ထင်ခဲ့တယ်ဆိုပဲ။ အခုခေတ်လူပျိုကာလသားတွေထဲမှာ နတ် သမီးကိုမြင်ဖူးကြမယ်ဆိုရင်တော့ မော်ဒယ် ရင် ရှားတွေကို ဘယ်လိုဆိုကြမယ်မသိဘူး။ လက်ပြတ် အင်္ကျီကလေးနဲ့တောင် ပြစ်မှားချင်မိတဲ့ လူပျို လူပျိုတွေဟာ ရင်ရှားတွေကို တွေ့ထိ၊ စတိပြစ် မှားမိကြမှာလား။ ပြစ်မှားမိရင်ကော အပြစ်ရှိ သွားမှာလား။ ပွင့်လင်းမြင်သာ တဲ့ခေတ် မှာ ''ရင်ရှား''လာ တာဆန်းသလား။ မဆန်းပါဘူး။ ရှားရှား၊ မရှားရှား အရေး မကြီးပါဘူး။

အရေးကြီးတာကတော့ မီဒီယာပါပဲ။

ပြည်တွင်းမှာလဲ မုဒိမ်းမှုတွေစည်စည်ဝေလို့။

ပြည်ပမှာလဲ တခြိမ်းခြိမ်း။ အုန်းအုန်းကျွက် ကျွက် အဓမ္မကျင့်ကြလို့။

ဗီဒီယိုတွေထဲမှာလည်း ရင်ရှားနဲ့ ဆိုဂျူ သောက်ရင်း မှောက်နေလို့။

ကိုရီးယားက မုဒိမ်းမှုသတင်းတွေတော့ မီဒီယာမှာ မတွေ့မိဘူးနော်။

သူတို့လူငယ်တွေဟာ(ရုပ်ရှင်ထဲမှာ) တော် တော်စည်းစောင့်ကြသဗျာ။

မူးလဲနေတဲ့မိန်းကလေးကို ကုန်းပိုးပြီး သူ့ အိပ်ခန်းထဲအထိ လိုက်ပို့ပေးရှာတယ်။ ပို့ပေးတဲ့ လူပျိုလေးကလည်း မူးလို့ပါပဲ။

မြန်မာဗီဒီယိုထဲမှာတော့ ဘာရမလဲ။

အရပ်စကားနဲ့ပြောလိုက်ရင်တော့ ကျော လှည့်လိုက်တာနဲ့ ဗိုက်သုံးလပဲ။

မြန်မာအရပ်ထဲမှာလည်း ဒီလိုပဲတိုးတက် နေသလား။

The Seven Minutes ဆိုတဲ့ ကမ္ဘာကျော် ဝတ္ထုစာအုပ်ကို သွားသတိရမိတယ်။ ဝတ္တုထဲမှာ အသက်မပြည့်တဲ့ကျောင်းသားလေးက ကျောင်း သူလေးကို မုဒိမ်းကျင့်လိုက်တယ်။ အမှုထင်ရှား လို့ တရားခွင်မှာရင်ဆိုင်ပြီး ဥပဒေအတိုင်းအပြစ် ပေးဖို့ လျှောက်လဲကြတယ်။ တရားခံရဲ့ရှေ့နေက လျှောက်လဲတဲ့အခါမှာတော့

''လူ့အဖွဲ့အစည်းကြီးကိုယ်၌က အသက် မပြည့်သေးတဲ့ကလေးကို မုဒိမ်းမှုဖြစ်စေအောင် တွန်းပို့နေတယ်။ မီဒီယာတွေထဲမှာ ဖော်ပြနေတာ တွေဟာ ပျိုဖော်ဝင်လာတဲ့ယောကျာ်းလေးကို နှိုးဆွစေတယ်။ တကယ့်အပြင်လောကကြီးက မိန်းကလေး တွေ ရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဓလေ့ စရိုက်တွေဟာ ယောကျာ်းရိုင်းတွေဖြစ်လာဖို့ လှုံ့ ဆော်နေတယ်''လို့ လျှောက်လဲချက်ပေးထား တာကို ဖတ်လိုက်ရဖူးပါတယ်။ အဆိုတော်ကြီးမျိုးမြင့်လေးသာ မကွယ် လွန်ခဲ့ရင် ''ဂျောက်ဂျက်'' ရဲ့သီချင်းတွေကို ပေး ဆိုချင်သေးတယ်။

အောင်ဖုန်းမြင့်ဦး  - Yangon Media Group

သြစတေးလျ၊ အယ်လ်ဆယ်ဗေဒေါနိုင်ငံတို့မှာလည်း လောင်းကစားလုပ်ငန်းရှင်တွေရော ပါဝင်ပတ်သက်တဲ့ အားကစားသမားတချို့ကိုပါ ဖမ်းဆီးထိန်းသိမ်း

လောင်းကစားဒိုင်ဖမ်းမိတဲ့ စင်္ကာပူကို နိုင်ငံတကာရဲတပ်ဖွဲ့ ချီးကျူး

Wednesday, September 25, 2013
 ~



ဒေါ်လာသန်းပေါင်းများစွာလည်ပတ်စီးဆင်းနေမယ်လို့ ယူဆရတဲ့ ကမ္ဘာ့အကြီးဆုံး ဘောလုံးလောင်းကစားလုပ်ငန်းကို နောက်ကွယ်က ကြိုးကိုင်နေသူ အဖမ်းခံရပါပြီ တဲ့။

(၂၀၁၀ ဇူလိုင်လ စင်္ကာပူမှာ ဖမ်းမိတဲ့ လောင်းကစားလုပ်ငန်းသုံး ပစ္စည်းပစ္စယနဲ့ငွေကြေးများ။ ကမ္ဘာ့ဖလားကာလအတွင်း အာရှဒေသ တရားမ၀င် ဘောလုံးပွဲလောင်းမှု တိုက်ဖျက်ရေးကာလအတွင်း ဖမ်းဆီးရာက သိမ်းလိုက်တာတွေပါ။ ဓာတ်ပုံ - Reuters)

အဖမ်းခံရသူဟာ စင်္ကာပူ နိုင်ငံသား Tan Seet Eng ဖြစ်ပါလိမ့်မယ်။
ဖမ်းလိုက်တဲ့ စင်္ကာပူထောက်လှမ်းရေးအဖွဲ့တွေကိုလည်း နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုက ဒီကနေ့ ချီးကျူးလိုက်ပါတယ်။

အဖမ်းခံခဲ့ရတာကတော့ စုစုပေါင်း ၁၄ ဦး ဖြစ်တယ်။ အမျိုးသား ၁၂၊ အမျိုးသမီး ၂။
မနေ့က စင်္ကာပူပြည်ထဲရေးဌာနအဆိုအရ ... ဖမ်းထားသူများထဲက ၉ ယောက်ကို အာမခံနဲ့ လွှတ်လိုက်ပြီ၊ ၅ ယောက်ကိုတော့ ဆက်ပြီး မေးမြန်းစစ်ဆေးနေဆဲပါပဲ တဲ့။

ဥပဒေအရ ဆိုရင် သူတို့ ၅ ယောက်ကို ၁၆ ရက်ကြာ ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုတယ်။

ဖေဖော်ဝါရီလ ထုတ်ပြန်ချက်တစောင်အရ ဆိုရင် စင်္ကာပူအခြေစိုက် လောင်းကစားလုပ်ငန်းကြီးက ကိုင်ထားတာ ဥရောပတိုက်တခုတည်းမှာတင် ဘောလုံးပွဲပေါင်း အနည်းဆုံး ၃၈၀ ရှိနေတယ် ဆိုပဲ။ ယူရို ၈ သန်းလောက်တော့ အနည်းဆုံး ရသွားခဲ့ပါတယ် တဲ့။
ကမ္ဘာလွှမ်းပတ်ဆက်နွယ်နေတဲ့လောင်းကစားကွန်ရက် ဆိုတော့ ရတဲ့ အမြတ်အစွန်းက အတော်လေး များတယ်လို့ ဆိုနိုင်ပါတယ်၊ အင်း... သူတို့ကို အလိုရှိတဲ့ နိုင်ငံတကာရဲအဖွဲ့လည်း များပါတယ်။

ကမ္ဘာ့ဖလား၊ ဥရောပဖလား စတဲ့ ပွဲစဉ်များနဲ့ ပတ်သက်ပြီး အာရှ အာဖရိက လက်တင်အမေရိကဒေသ လောင်းကစားမှုလုပ်ငန်း ထိစပ်နေတာ ပွဲစဉ်ပေါင်း သုံးရာ လောက် ရှိနိုင်မယ်လို့ သံသယ ရှိနေကြတာပါ။

သြစတေးလျ၊ အယ်လ်ဆယ်ဗေဒေါနိုင်ငံတို့မှာလည်း လောင်းကစားလုပ်ငန်းရှင်တွေရော ပါဝင်ပတ်သက်တဲ့ အားကစားသမားတချို့ကိုပါ ထိန်းသိမ်းလိုက်ပါပြီ တဲ့။

အပြည့်အစုံကို ဧရာဝတီ ပင်မစာမျက်နှာက သတင်းတပုဒ် Interpol Laud Singapore’s Capture of Football Match-Fixing Mastermind http://www.irrawaddy.org/archives/44577 မှာ ဖတ်နိုင်ပါပြီ။

 

 



Botox and Nose နှာခေါင်းကို ဆေးထိုးပြီး ပိုလှအောင်လုပ်ခြင်း... ...........

 

မင်္ဂလာပါဆရာ။ သူကနှာခေါင်းလှပြီး ချွန်ချင်လို့ပါ။ နှာခေါင်းတော့မပြားဘူးဆရာ။ လေဆာဆေးခန်းတွေမှာ လုပ်ပေးတယ်။ အလှပြင်ဆိုင်တချို့မှာလဲ လုပ်ပေးတယ်။ သူကပုံကျပြီး လှချင်တော့အန္တရာယ်ဖြစ်မှာစိုးလို့ပါ။ botox ထိုးဆေးအကြောင်းလဲ သိချင်ပါတယ်။ အဓိကက ဆေးထိုးပြီးရင်နှာခေါင်းက သဘာဝအတိုင်းပဲ လား။ ဆေးထိုးလို့ ပျော့စိစိဖြစ်နေမလားဆရာ။ ဆိုင်တွေကတော့ ကောင်းကြောင်းပဲ ပြောတယ်ဆရာ။ ဆေးအရှိန်ကုန်သွားရင် ပုံမှန်ပြန်ဖြစ်လားဆရာ။ သူကအရမ်းသိချင်လို့ ဆရာဆီကအဖြေရပြီလား ခဏခဏ မေးနေတယ်။ ဆာဂျီရီနဲ့ဆို ဘာလုပ်တာ ပိုကောင်းမလဲ ဆရာ။ ကျေးဇူးတင်ပါတယ်။

• နှာခေါင်းအလှပြင်ရာမှာ Non-surgical Rhinoplasty ခွဲစိတ်ပြုပြင်တာမလုပ်ဘဲ Botulinum toxin (Dysport or Botox) လို့ ခေါ်တဲ့ထိုးဆေးနည်းကို သုံးလေ့ရှိပါတယ်။

• Botox နှာခေါင်းပွယောင်းယောင်းဖြစ်နေတာကို ဒီဆေးထိုးပြီးပြင်မရပါ။

• Botox ဆေးက မျက်နှာကြွက်သားတွေကို ပြေလျှော့စေမယ်။ မျက်နှာအရေးအကြောင်းတွေကို သက်သာစေမယ်။

• နှာခေါင်းအဖျားကို ကော့လာစေအောင်လဲ လုပ်တယ်။ နှာသီးဖျားကကြွက်သားကို ဆေးထိုးပေးတယ်။ ဒါပေမဲ့ Botox (ဘိုတောက်) ဆေးက ချွေးထွက်အိတ်နဲ့ အဆီအိတ်တွေကိုလဲ သက်ရောက်စေလို့ ကြာကြာ သုံးရင် အဲဒီအိတ်လေးတွေ လှီသွားစေမယ်။

• ပုံပန်းဟာ အဓိအားဖြင့် အောက်ခံအရိုးနဲ့ အရိုးနုတွေအပေါ်မှာ မူတည်တယ်ဆိုတဲ့အချက်ကို မေ့ထားလို့မရပါ။ အပေါ်ကဖုံးနေတဲ့ အရေပြားမဟုတ်ပါ။ (ဘိုတောက်စ်) က အရိုးနဲ့ အရိုးနုကို ဘာမှလုပ်မေပးနိုင်ပါ။

• မျက်နှာရဲ့ (အဓိက အထက်ပိုင်း ၃ ပုံ၁ ပုံ) က မျက်နှာအမူအယာဖေါ်ပြရာမှာ အလုပ်လုပ်ရတဲ့နေရာတွေ ကို သက်ရောက်စေနိုင်ပါတယ်။

• Botox ကနေ အရေပြားရဲ့ အရည်အသွေးကို တိုးလာစေအောင် လုပ်မပေးနိုင်ပါ။ ပါးလွှာအောင်လဲ လုပ်မ ပေးပါ။ မျက်လှည့်ပြသလိုစွမ်းတဲ့ဆေး မဟုတ်ပါ။ ဆေးကနေ မျက်နှာက အလုပ်လုပ်နေတဲ့၊ အလုပ်ပိုလုပ် နေကြတဲ့ ကြွက်သားတွေကို အလုပ်မလုပ်စေတော့အောင် ယာယီတားပေးပါလိမ့်မယ်။ တည့်တည့်ပြောရ ရင် Paralyze (ပါရလိုက်စ်) ဖြစ်သွားစေပါမယ်။ ကိုယ်ဆေးထိုးချင်တဲ့နေရာမှာ ကြွက်သားမရှိရင် အလုပ်ဖြစ် မှာမဟုတ်ပါ။

• Facial nerve paralysis မျက်နှာအာရုံကြောကို သေစေမယ်ဆိုရင် လုပ်တဲ့ဘက်က Nasal obstruction နှာခေါင်းပိတ်တာ ခံစားလာရနိုင်တယ်။

• Botox to lift the nose နှာခေါင်းအဖျားလေး အထက်တင်ချင်ရင် - လူတွေ ရီ (ရယ်) တဲ့အခါမှာ Depressor nasii septi ခေါ်တဲ့ ပါးစပ်အထက်နှုပ်ခမ်းမှာရှိတဲ့ ကြွက်သားလေးကနေ နှာခေါင်းအဖျားနေရာ ကို အောက်ဖက်ဆီဆွဲချတယ်။
- တချို့မှာ အဲလိုဖြစ်တာက သူများထက် သိသာလွန်းနေတတ်တယ်။
- အဲလိုလူကို Botulinum toxin ဆေး ကြွက်သာကို ထိုးပေးလိုက်ရင် နှာခေါင်းအဖျား အောက်ကျလာမှာ ကို ကာကွယ်နိုင်တယ်။
- ဆေးထိုးရတာ နာမယ်။ ရက်သတ္တပါတ် အနည်းငယ်ကနေ လအနည်းငယ်အထိ ခံမယ်။

• Depressed tip ဒါပေမဲ့ နှာသီးဖျားအောက်ကျနေတာကိုတော့ အထက်မြင့်လာအောင်လုပ်ပေးနိုင်မယ် ဆိုတာက မရေရာလှပါ။ Rhinoplasty အလှပြင်ခွဲစိတ်နည်းက ပိုကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၃