This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, February 27, 2013

“ဆယ်တန်းစာမေးပွဲဖြေဖို့ ကားရိုက်တွေနားထားသူ စိုးပြည့်သဇင်”

စိုးပြည့်သဇင်က ဇာတ်ကားရိုက်ကူးမှုနဲ့ အနုပညာအလုပ်တွေကို ဖေဖော်ဝါရီလမှစပြီး ခဏနားထားတယ်လို့ သိရပါတယ်။ ဒါရိုက်တာ မျိုးထူး၊ကျော်ရဲအောင် တို့နဲ့ ဗီဒီယို ဇာတ်ကားရိုက်ကူးခဲ့ပြီးနောက် ၁ဝတန်း စာမေးပွဲဖြေဆိုဖို့အတွက် ခဏနားလိုက်တာဖြစ်တယ်လို့ ပြောပြလာတာကြောင့် ”စိုးပြည့်ဖော်ဝါရီလကစပြီး ကားရိုက်တွေခဏ နားထားပြီး စာမေးပွဲအတွက် ပြင်ဆင်နေတယ်။ စာမေးပွဲက ရန်ကုန်မှာပဲဖြေမှာပါ။ စိုးပြည့်ကလည်း အနုပညာအလုပ်တွေနဲ့ဆိုတော့ ပညာရေးဘက်ကို မလုပ်နိုင်ဘူး ဖြစ်နေတာ။ ၁ဝတန်းကလည်း စာကျက်ချိန်ပေးနိုင်မှ အခုတောင်မှ စာကျက်ချိန်က ဒီတစ်လပဲ သေသေချာချာရှိတာ။ စိုးပြည့်အတွက် အခက်အခဲတွေရှိပါတယ်။ ကိုယ်
တတ်နိုင်သလောက်တော့ ကြိုးစားပြီးဖြေမှာပါ။ အရင်ကတည်းက ကိုယ်ရတဲ့အချိန်ကို ရသလိုခရီးသွားရင်တောင် စာအုပ်ကို ယူသွားပြီး တတ်နိုင်သလောက် လုပ်ရတာ ပေါ့။ အနုပညာ ရှင်တစ်ယောက်ဖြစ်နေတော့ အချိန်ပေးဖို့ကလည်း နည်းနည်းခက်ခဲတယ်။ ဒါပေမဲ့ အချိန်တွေ သိပ်ကွာဟသွားတော့လည်း မကောင်းတော့ ပြန်ဖြေဖြစ် တာပါ။ အနုပညာအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်နေတော့ ပညာရေးဘက်ကို မလှည့်နိုင်ဘူး။ နောက်ပြီး စနစ်တွေလည်း ပြောင်းတော့မယ်လို့ကြားတော့ ကိုယ်လည်း အရင် ကျက်ထားဖူးတဲ့ စနစ်ဟောင်းနဲ့ပြန်ဖြေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားပြီး ဖြေကြည့်မယ်ဆိုပြီး ဖြေဖြစ်တာပါ။ စာမေးပွဲကလည်း ကံလိုသေးတယ်လေ။ စိုးပြည့် စာမေးပွဲပြီးတာနဲ့ ဇာတ်ကားတွေ ပြန်ရိုက်မှာပါ”လို့ ပြောပြပါတယ်။ စိုးပြည့်သဇင်က ၁ဝတန်းစာမေးပွဲ ဖြေဆိုပြီးတာနဲ့ ဒါရိုက်တာမီးပွား၊ မင်းမော်ကွန်းတို့နဲ့ ရုပ်ရှင် ဇာတ် ကားကြီး ရိုက်ကူးမယ်လို့လည်း ပြောပြခဲ့ ပါတယ်။
မေမွန်မောင်

Android ဖုန်းတွေမှာ ဆောင်ထားသင့်တဲ့ All In One Booster v1.0 ဆိုတဲ့ Application လေး

All In One Booster v1.0 For Android Phone & Tablet

 http://www.androidegis.com/wp-content/uploads/2013/02/All-In-One-Booster-PRO-app-for-android.jpg
Android ဖုန်းတွေမှာ ဆောင်ထားသင့်တဲ့ All In One Booster v1.0 ဆိုတဲ့ Application လေးတစ်ခုမျှဝေ
ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးက ဘာတွေလုပ်ဆောင်ပေးလည်းဆိုရင် အင်တာနက်လိုင်ဆွဲအား ၊
Wi-Fi လိုင်းဆွဲအား ၊ Battery ရေရှည်ခံနိုင်စေရန် ၊ Phone ခေါ်ဆိုမှုလိုင်းဆွဲအား Internet Download Speed
စတာတွေကို မြှင့်တင်ပေးနိုင်ပါတယ်ဗျာ။ ဖုန်းရဲ့ လုပ်ဆောင်ချက် Speed ကိုမြှင့်တင်ချင်တယ်ဆိုရင်လည်း
ရပါတယ်။ Turn on Booster ကို နှိပ်ပေးလိုက်ပါ။ အသေးစိတ်လေ့လာချင်ရင်တော့ အောက်မှာရေးပေး
ထားပါတယ်ဗျာ။
 
You can find a lot of high-end Android devices around the world that offer a super-fast performance but sometime some files makes a few troubles in performance life that make it a bit low such as bloatware and viruses, even some people also think that their Android devices don’t work very rapidly, they aren’t satisfy with the performance of their smartphone and tablet, out-dated Android versions also can be reason of slow performance, so what to do to get rid of with your Android device to get rid of low-speed bug? Buy a new device or anything else? Of course device replacement is not a easy task that you can try, so you should acquire knowledge about something other to take yourself into a rest.
“All In One Booster Pro” is amazing app that can be proved very helpful in this situation, the app bumps up to 60% speed of your Android device, it does offer a faster speed in some important aspects such as battery, internet, signal, Wi-Fi, etc. The app makes some noticeable improvements.
Some people don’t overload their Android devices as they are afraid it would be a reason of slow-speed but Android OS is known for amazing customization, you can find solutions for almost every problem you’re facing on your Android device like the but with All In One Booster PRO you would not be worried about the slow speed of your Android device.
So if you’re not satisfied with the speed of your Android device, give All In One Booster PRO a try, the app cost nothing, it’s free, however the app contains ads but will care about them? Of course not, so head over to the below link to download the All In One Booster PRO for your Android smartphone and tablet.

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Presea (C2) မီးလောင်ကျွမ်းမှုမှတ်တမ်းဓါတ်ပုံ (4 photos)

ဖေဖော်ဝါရီလ ၂၆ ရက်ညနေ ၃နာရီ ၅၀ မိနစ်ခန့်က ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမကြီး ချမ်းသာပလာဇာ ရှေ့တွင် Presea (C2) အမျိုးအစား ကားတစ်စီးမောင်းနှင်ရင်းမှ ရုတ်တရက် မီးလောင်ကျွမ်းမှုဖြစ်သွားခဲ့သည်။ Popular Myanmar News Journal

မိုက်ခရိုဆော့ဖ်တွင်သာ အလုပ်ရခဲ့လျှင်

မိုက် ထှာ ဖတ်ဖြစ်အောင်ဖတ်နော်
မိုက်ခရိုဆော့ဖ်တွင်သာ အလုပ်ရခဲ့လျှင်

အလုပ်အကိုင်မရှိတဲ့ လူငယ်တစ်ဦးဟာ Microsoft မှာ ရုံးဝန်ထမ်းအဖြစ် အလုပ်လုပ်ဖို့အတွက် လာလျှောက်ပါတယ်။ 

HRမန်နေဂျာက အင်တာဗျူးပြီး သူ့ရှေ့ မှာပဲ ကြမ်းပြင်သန့်ရှင်းရေးလုပ်ကြည့်ဖို့ ခိုင်းပါတယ်။ တကယ်ပဲ သန့်ရှင်းရေးလုပ်ပြတော့ သူ့ကို အလုပ်ခန့်မယ်လို့ တစ်ခါတည်း စကားဆိုလိုက်ပါတယ်။ ပြီးတော့ HR မန်နေဂျာက 

"ရှင့် အီးမေးလ်ပေးပါ။ အဲ့ အီးမေးလ်ဆီကို ဖြည့်ဖို့လိုအပ်တဲ့ ဖောင်တွေ ပို့လိုပါမယ်။ အဲ့မှာဖြည့်ပြီး ပြန်ပို့ပေးပါ" လို့ ဆိုပါတယ်။ 

ဒီတော့ လူငယ်က 

"ကျနော့မှာ ကွန်ပြူတာလည်း မရှိဘူး။ အီးမေးလ် လည်း မရှိဘူး" လို့ဖြေတော့ HR က ဒီလိုပြန်ဖြေပါတယ်။

"ဝမ်းနည်းပါတယ်။ ဒီခေတ်မှာ လူတစ်ယောက်ဟာ အီးမေးလ် တစ်ခုတော့ အနည်းဆုံး ရှိသင့်ပါတယ်။ အခု ရှင့်မှာ မရှိသေးဘူးဆိုတော့ အလုပ်ခန့်ဖို့ မဖြစ်နိုင်သေးပါဘူး။ နောက်တော့မှပဲ လာခဲ့ပါ" လို့ လွယ်လွယ် ပဲ ပြောင်းပြီး ပြန်လွတ်လိုက်ပါတယ် ။

ဒီတော့ လူငယ်လေး စိတ်ဓာတ်ကျကျနဲ့ အိမ်လှည့်ပြန်လာပါတယ်။ လက်ထဲမှာ ၁၀ ဒေါ်လာပဲ ရှိပါတယ်။ ဒီတော့ စူပါမားကတ်မှာ ခရမ်းချဉ်သီး ၁၀ ဒေါ်လာဖိုး ၁၀ ကီလိုဂရမ် ဝယ်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် တံခါးခေါက်လို့ လိုက်ရောင်း ကြည့်ပါတယ်။ ၂ နာရီတောင် မကြာပဲ သူ့ငွေဟာ ၂ ဆဖြစ်သွားပါတယ်။ ဒါကြောင့် မားကတ်မှာ နောက် ၂ ခါဝယ်ပြီး လိုက်ရောင်းတော့ အိမ်ကို ဒေါ်လာ ၆၀ နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ 

ဒါကြောင့် ယခုလို ဈေးသုံးလို့အဆင်မပြေတဲ့၊ ဈေးသုံးခဲတဲ့ ရပ်ကွက်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် စားသောက်ကုန်တွေ လိုက်ရောင်းရင် အမြတ်ကောင်းကောင်းရနိုင်တယ်ဆိုတာကို တွက်ချက်မိပြီး မနက်တိုင်း အိမ်ကနေ စောစောထွက်လို့ စားသောက်ကုန်တွေ လိုက်ရောင်းပါတယ်။ 

ဝယ်ရင်းရောင်းရင်း၊ဝယ်ရင်းရောင်းရင်း ငွေတွေတိုးလာလို့ ကားနဲ့ လိုက်ရောင်းတဲ့ထိ ဖြစ်လာပါတယ်။ နောက်ဆုံး တစ်ယောက်တည်းမနိုင်လို့ အကူတွေပါခေါ်ရင်း တပည့်တွေရှိလာပါတယ်။ ဒီလိုနဲ့ ရပ်ကွက်တိုင်းအတွက် ဖြန့်ဖို့အတွက် ဝန်ထမ်းတွေ ခန့်ပြီး လုပ်လိုက်တာ ငါးနှစ်အကြာမှာ အမေရိကန်နိုင်ငံက အကြီးဆုံး စားသောက်ကုန် လက်လီအရောင်း ကုမ္မဏီကြီး တစ်ခု ဖြစ်လာပါတယ်။ အမေရိကန်တင်မကတော့ပဲ အမေရိကတိုက်၊ ဥရောပတိုက်တွေထိကိုပါ Retail Service ကို နယ်ပယ်ချဲ့ ထွင်တော့မှာ ဖြစ်ပါတယ်။ 

ဒီတော့ ငွေကြေးအင်မတန်ချမ်းသာနေပြီဖြစ်တဲ့ သူမိသားစုအတွက် အာမခံ တစ်ခုရှိဖို့လိုအပ်တယ်ဆိုတာ တွက်ချက်မိတော့ အာမခံ ကုမ္မဏီတစ်ခုကို ခေါ်ပါတယ်။ အာမခံထားရှိဖို့ စကားဆိုပြီး အာမခံ ကုမ္မဏီက သူ့အီးမေးလ်ကို တောင်းတဲ့အခါ 

"ကျနော့မှာ အီးမေးလ်မရှိဘူး" လို့ပဲ ပွင့်ပွင့်လင်းလင်းဖြေပါတယ်။ ဒီတော့ ဝန်ထမ်း လူငယ်က အံ့သြစွာပဲ 

"ဆရာ့မှာ အီးမေးလ်မရှိပဲနဲ့ စီးပွားရေးတွေလုပ်တာ ဒီလောက်တောင် အောင်မြင်တယ်။ အီးမေးလ်သာရှိလို့ကတော့ ဘယ်လောက်တောင် အောင်မြင်လိမ့်မလဲ" လို့ပြောတော့ သူဌေးက ခပ်ပြုံးပြုံးပဲ ပြန်ဖြေပါတယ်။ 

"ကျနော့မှာသာ အီးမေးလ်ရှိခဲ့ရင် Microsoft မှာ တစ်သက်လုံး သန့်ရှင်းရေး ဝန်ထမ်းဖြစ်သွားမှာပါ"
------
------
------

သင်ခန်းစာ---

အင်တာနက်၊ အီးမေးလ် တို့ကဲ့သို့ အထောက်အပံ့များက ဘဝအောင်မြင်ရေးအတွက် အဖြေမဟုတ်ပါ။ ကြိုးစားချင်သည့် စိတ်ဓာတ်ကသာ အောင်မြင်ရန် အခြေခံ အုတ်မြစ်ဖြစ်သည်။ 

--
Ref:techfreak
အောင်ခမ်း (TSJ team)

--
http://blog.techspace.com.mm/2013/02/blog-post_26.html

မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ

Wai Hlaing and Kaw Hmu shared Tun Wai's photo.
မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ
Tuesday, 26 February 2013

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့်ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်
ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ယခုအချိန်အထိ ဒေသခံကျေးရွာသားလေးဦး ဒဏ်ရာဖြင့် မအူပင်ဆေးရုံတွင် တင်ထားရပြီး ရဲတပ်ဖွဲ့ဝင် ၁၉ ဦးတွင်လည်းဒဏ်ရာရရှိကာ၎ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းတိုင်းရဲတပ်ဖွဲ့မှတာဝန်ရှိသူကို မေးမြန်းထားသော မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်းမအူပင် ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးသောင်းကပြောသည်။ သို့သော် ဒေသခံများ ဒဏ်ရာရသော အရေအတွက်ကို အမျိုးမျိုးပြောဆိုမှုများရှိနေသော်လည်း အရေအတွက် အတိအကျကို 7 Day News မှ အတည်ပြုချက်
မရနိုင်သေးပါ။

အလားတူ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပြန်လည်ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြ သော်လည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းရှိ မရှိ အတည်အပြုနိုင်သေးပေ။

အခင်းဖြစ်ပွားပုံမှာ မအူပင်မြို့နယ်တွင်းရှိပလောင်ရွာ၊ ကွန်ဒိုင်းလေးရွာနှင့် အဒိတ်ကျေးရွာများမှ နွေစပါးစိုက်ပျိုးရန် ကုမ္ပဏီ ပိုင်မွေးမြူရေးငါးကန်၏ ကန်ပေါင်တာရိုးကို လယ်သိမ်းခံခဲ့ရသည်ဟု ဆိုသော ကျေးရွာသားများ ကဖေဖေါ်ဝါရီ ၂၁ ရက်တွင် ချိုးဖျက်ကာ ရေများဖေါက်ချပြီးကျုတော နှင့် ၀ါးပင်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသခံကျေးရွာသားများဘက်မှ အဆိုပါငါးကန်များသည်ယခုလို နွေရာသီတွင် ၎င်းတို့၏ စပါးစိုက်ပျိုးရာမြေများဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ကုမ္ပဏီ၏ သိမ်းပိုက်ခြင်းခံခဲ့ရကြောင်းပြောသည်။

ကုမ္ပဏီမှ တာဝန်ရှိသူကပြောရာတွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ တရားဝင် ပိုင်ဆိုင်ခွင့်ရယူ၍ရေနက်ကွင်းများအား တာပတ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါကျေးရွာများ တစ်ဝိုက်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်(ယနေ့)တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့သည်။ထို့နောက် အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့များ ချထားပြီး ညနေ ၃ နာရီတွင် ပြသနာဖြစ်နေသည့် လယ်ယာမြေများ အနီးစုဝေးနေသောဒေသခံ ၃၀၀ ခန့်အား လူစုမခွဲပါက ဖြိုခွဲတော့မည် ဖြစ်ကြောင်းအသံချဲ့စက်ဖြင့်သတိပေးပြီးနောက် လူစုမခွဲဘဲ ကျေးရွာသား အချို့က တားဆီးထားသော အတားအဆီးများကို ဖယ်ရှားဖြတ်ကျော် လာသဖြင့်ညနေ ၅ နာရီကျော်တွင် ထိပ်တိုက်တွေ့ဆုံကာ ပြသနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

“ကျွန်တော်တို့လည်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ကြားက အခုလို ဖြစ်သွားတာပဲ၊ နှစ်ဘက်စလုံးဒဏ်ရာရကြတယ်သေဆုံးတာတော့ အတိအကျမသိရသေးပါဘူး၊”ဟုမအူပင်မြို့နယ်NLDပါတီရုံးအဖွဲ့ဝင်က ပြောသည်။

ယနေ့နေ့လည် ၃နာရီကျော်တွင် ဒေသခံကျေးရွာသားများ၊ NLDပါတီမှ တာဝန်ရှိသူများ၊ မအူပင်ခရိုင်ငါးလုပ်ငန်း ဦးစီးမှုးဦးစိန်သောင်း၊ ရဲတပ်ဖွဲ့မှုးဦးထွန်းမင်းနှင့် မအူပင်ခရိုင် အုပ်ချုပ်ရေးမှုးဦးအေးသောင်း တို့ ညှိနှိုင်းပေးအပြီး ပြန်သွားပြီးနောက်တွင် နှစ်ဘက်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင်းသတင်းရရှိသည်။

“တို့တစ်တွေ ညှိနှိုင်းတုန်းကတော့သဘောတူတယ်၊သူတို့တွေအချင်းချင်း သွားညှိတော့မှ သဘောမတူဖြစ်ကြ တာ၊ သူတို့ဘက်ကစခုတ်တာ၊ သူတို့သေတယ်ဆိုတာ မဖြစ်လောက်ပါဘူး၊ ဒဏ်ရာရတယ်ဆိုလည်း ဆေးကု ပေးမလို့ ဆက်သွယ်လို့မရဘူး၊ ရဲတွေကတော့ ၁၉ ယောက် ဒဏ်ရာရတယ်၊”ဟု မအူပင်ခရိုင် အုပ်ချုပ်ရေးမှုး ဦးအေးသောင်း က ပြောသည်။

ဒေသခံများ သေဆုံးမှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်သဖြင့် ဆက်သွယ်မေးမြန်းရာထိုသို့ပြန်လည်ဖြေကြားသည်။

“ကျွန်တော်တို့တစ်တွေ အလုပ်လက်မဲ့ဖြစ်နေလို့ပါ၊ နွေစပါးစိုက်ချင်လို့ လယ်တိုးတာပါ၊ တောရိုင်းဖြစ်နေလို့ လယ်ယာကွက်ဖေါ်တာပါ၊ အဲဒါကိုမီးရှို့တယ်၊ ၀ါးခုတ်တယ်၊ ကန်ဖေါက်တယ်ဆိုပြီး တရားစွဲတယ်လို့ ကြားပါ တယ်၊အကြမ်းမဖက်ပါဘူး၊ သူတို့က ငါးရိုင်းမွေးတယ်ဆိုပြီး ဒီအတိုင်းပစ်ထားတာပါ၊ကျွန်တော်တို လယ်တွေ ကို လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ် ကတည်းကသိမ်းထားတာပါ၊”ဟု ပလောင်ကျေးရွာသား ဦးကျော်မင်းက အခင်းမဖြစ်ပွားမီ ယနေ့ နေ့လယ်ခင်းကပြောသည်။

ဆက်လက်ရရှိသော သတင်းများကို ထပ်မံဖော်ပြပေးပါမည်။

7Day News Journal

"photo  Maythit Sar

Tuesday, 26 February 2013

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့်ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်
ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ယခုအချိန်အထိ ဒေသခံကျေးရွာသားလေးဦး ဒဏ်ရာဖြင့် မအူပင်ဆေးရုံတွင် တင်ထားရပြီး ရဲတပ်ဖွဲ့ဝင် ၁၉ ဦးတွင်လည်းဒဏ်ရာရရှိကာ၎ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းတိုင်းရဲတပ်ဖွဲ့မှတာဝန်ရှိသူကို မေးမြန်းထားသော မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်

အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်းမအူပင် ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးသောင်းကပြောသည်။ သို့သော် ဒေသခံများ ဒဏ်ရာရသော အရေအတွက်ကို အမျိုးမျိုးပြောဆိုမှုများရှိနေသော်လည်း အရေအတွက် အတိအကျကို 7 Day News မှ အတည်ပြုချက်
မရနိုင်သေးပါ။

အလားတူ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပြန်လည်ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြ သော်လည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းရှိ မရှိ အတည်အပြုနိုင်သေးပေ။

အခင်းဖြစ်ပွားပုံမှာ မအူပင်မြို့နယ်တွင်းရှိပလောင်ရွာ၊ ကွန်ဒိုင်းလေးရွာနှင့် အဒိတ်ကျေးရွာများမှ နွေစပါးစိုက်ပျိုးရန် ကုမ္ပဏီ ပိုင်မွေးမြူရေးငါးကန်၏ ကန်ပေါင်တာရိုးကို လယ်သိမ်းခံခဲ့ရသည်ဟု ဆိုသော ကျေးရွာသားများ ကဖေဖေါ်ဝါရီ ၂၁ ရက်တွင် ချိုးဖျက်ကာ ရေများဖေါက်ချပြီးကျုတော နှင့် ၀ါးပင်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသခံကျေးရွာသားများဘက်မှ အဆိုပါငါးကန်များသည်ယခုလို နွေရာသီတွင် ၎င်းတို့၏ စပါးစိုက်ပျိုးရာမြေများဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ကုမ္ပဏီ၏ သိမ်းပိုက်ခြင်းခံခဲ့ရကြောင်းပြောသည်။

ကုမ္ပဏီမှ တာဝန်ရှိသူကပြောရာတွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ တရားဝင် ပိုင်ဆိုင်ခွင့်ရယူ၍ရေနက်ကွင်းများအား တာပတ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါကျေးရွာများ တစ်ဝိုက်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်(ယနေ့)တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့သည်။ထို့နောက် အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့များ ချထားပြီး ညနေ ၃ နာရီတွင် ပြသနာဖြစ်နေသည့် လယ်ယာမြေများ အနီးစုဝေးနေသောဒေသခံ ၃၀၀ ခန့်အား လူစုမခွဲပါက ဖြိုခွဲတော့မည် ဖြစ်ကြောင်းအသံချဲ့စက်ဖြင့်သတိပေးပြီးနောက် လူစုမခွဲဘဲ ကျေးရွာသား အချို့က တားဆီးထားသော အတားအဆီးများကို ဖယ်ရှားဖြတ်ကျော် လာသဖြင့်ညနေ ၅ နာရီကျော်တွင် ထိပ်တိုက်တွေ့ဆုံကာ ပြသနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

“ကျွန်တော်တို့လည်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ကြားက အခုလို ဖြစ်သွားတာပဲ၊ နှစ်ဘက်စလုံးဒဏ်ရာရကြတယ်သေဆုံးတာတော့ အတိအကျမသိရသေးပါဘူး၊”ဟုမအူပင်မြို့နယ်NLDပါတီရုံးအဖွဲ့ဝင်က ပြောသည်။

ယနေ့နေ့လည် ၃နာရီကျော်တွင် ဒေသခံကျေးရွာသားများ၊ NLDပါတီမှ တာဝန်ရှိသူများ၊ မအူပင်ခရိုင်ငါးလုပ်ငန်း ဦးစီးမှုးဦးစိန်သောင်း၊ ရဲတပ်ဖွဲ့မှုးဦးထွန်းမင်းနှင့် မအူပင်ခရိုင် အုပ်ချုပ်ရေးမှုးဦးအေးသောင်း တို့ ညှိနှိုင်းပေးအပြီး ပြန်သွားပြီးနောက်တွင် နှစ်ဘက်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင်းသတင်းရရှိသည်။

“တို့တစ်တွေ ညှိနှိုင်းတုန်းကတော့သဘောတူတယ်၊သူတို့တွေအချင်းချင်း သွားညှိတော့မှ သဘောမတူဖြစ်ကြ တာ၊ သူတို့ဘက်ကစခုတ်တာ၊ သူတို့သေတယ်ဆိုတာ မဖြစ်လောက်ပါဘူး၊ ဒဏ်ရာရတယ်ဆိုလည်း ဆေးကု ပေးမလို့ ဆက်သွယ်လို့မရဘူး၊ ရဲတွေကတော့ ၁၉ ယောက် ဒဏ်ရာရတယ်၊”ဟု မအူပင်ခရိုင် အုပ်ချုပ်ရေးမှုး ဦးအေးသောင်း က ပြောသည်။

ဒေသခံများ သေဆုံးမှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်သဖြင့် ဆက်သွယ်မေးမြန်းရာထိုသို့ပြန်လည်ဖြေကြားသည်။

“ကျွန်တော်တို့တစ်တွေ အလုပ်လက်မဲ့ဖြစ်နေလို့ပါ၊ နွေစပါးစိုက်ချင်လို့ လယ်တိုးတာပါ၊ တောရိုင်းဖြစ်နေလို့ လယ်ယာကွက်ဖေါ်တာပါ၊ အဲဒါကိုမီးရှို့တယ်၊ ၀ါးခုတ်တယ်၊ ကန်ဖေါက်တယ်ဆိုပြီး တရားစွဲတယ်လို့ ကြားပါ တယ်၊အကြမ်းမဖက်ပါဘူး၊ သူတို့က ငါးရိုင်းမွေးတယ်ဆိုပြီး ဒီအတိုင်းပစ်ထားတာပါ၊ကျွန်တော်တို လယ်တွေ ကို လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ် ကတည်းကသိမ်းထားတာပါ၊”ဟု ပလောင်ကျေးရွာသား ဦးကျော်မင်းက အခင်းမဖြစ်ပွားမီ ယနေ့ နေ့လယ်ခင်းကပြောသည်။

ဆက်လက်ရရှိသော သတင်းများကို ထပ်မံဖော်ပြပေးပါမည်။

7Day News Journal

"photo Maythit Sar

အရွယ်မရောက် ကလေးသူငယ်များကို ခိုင်းစေသည့် မြန်မာဂိုဏ်း ထိုင်းတွင်ဖမ်းမိ

အရွယ်မရောက် ကလေးသူငယ်များကို ခိုင်းစေသည့် မြန်မာဂိုဏ်း ထိုင်းတွင်ဖမ်းမိ

ဒီဗွီဘီ 
၂၀၁၃ ဖေဖော်ဝါရီလ ၂၆ ရက် 
( အင်္ဂါနေ့ )
------------------------------------------
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဓမ္မခိုင်းစေမှုနဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ခုမ်းချတ်လိုတ် ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဘန်ကောက်မြို့ ထောင်းလော်ရပ်ကွက် အေကမိုင်း လမ်းဘေးတလျှောက်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေ ချိုချဉ်လိုက်ရောင်းနေတယ်လို့ သတင်းပေးချက်အရ ထောင်းလော်ရဲစခန်းက ခြေရာခံလိုက်ခဲ့ရာမှာ ကလေးတွေကို ခိုင်းစားနေတဲ့ ဆွန်လုန်ရပ်ကွက် ဖတ်ထနားကန် လမ်းသွယ် ၂၀ က မြန်မာ ၃ ဦးကို မနေ့ည ၆ နာရီက ဖမ်းမိခဲ့တာလို့ ထောင်းလော်ရဲစခန်း တာဝန်ကျရဲမှူးကြီး ဗိုလ်မှူး ကျတ်ကျွန်း ကရတ်က ပြောပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးဟာ ကိုစိုးနိုင် (အသက် ၂၉) နှစ်၊ မရှိုဒါး (အသက် ၃၄) နှစ် နဲ့ မဖှာ့သီတာ (အသက် ၃၆) နှစ်တို့ဖြစ်ပြီး ကလေးငယ်တွေကို လမ်းဘေးမှာ ဈေးရောင်းခိုင်းတာ ဟုတ်မှန်ကြောင်း၊ အေကမိုင်းလမ်းမှာ ကလေးတွေကို ချိုချဉ်ဘန်းတွေနဲ့ လွှတ်ထားပြီး အချိန်တန်ရင် တိုက်ခန်းကို ပြန်ကြိုခဲ့ကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအိမ်ထဲမှာ သူတို့ ခိုင်းစားနေတဲ့ အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် ၇ ဦးကို တွေ့ခဲ့ပြီး ဆိုင်ကယ် ၁ စီး၊ ငွေသား ထိုင်းဘတ် ၁၂၂၀ နဲ့ ချိုချဉ် ၁၇ ထုပ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့တယ်။

တရားခံ ၃ ဦးကို လူကုန်ကူးမှုနဲ့ လိုအပ်သလို ဆက်လက်အရေးယူဖို့ ရဲစုံစမ်းစစ်ဆေးရေးအဖွဲ့ လက်ထဲ အပ်ထားပြီး ကလေး ၇ ဦးကိုတော့ လူမှုဖွံ့ဖြိုးရေးနဲ့ မနုဿလုံခြုံရေးဝန်ကြီးဌာနကနေ ခေါ်ယူစောင့်ရှောက်ပေးဖို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။
---------------------------------------------
DVB TV News

မြန်မာပြည်မှ လူသားကလီစာ ဈေးကွက်

Myint Aung shared Maha Mingyi's photo.
မြန်မာပြည်မှ လူသားကလီစာ ဈေးကွက်

၁၉၉၅ ၀န်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်းကလီစာများဖြစ်သော ကျောက်ကပ်၊ အသဲ ၊ အဆုပ်၊နှလုံး၊ မျက်ကြည်လွာများ(cornears),အတော်ကြီးပင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုးကုသမှုများ ပြုလုပ်လာကြသည်။ု 
တရုတ်ပြည်၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက ၄င်းတို့၏ လူသားကလီစာများ အစားထိုးမှုများအား နှစ်ကာလတော်တော်ကြာစမ်းသပ်ခဲ့ပြီးနောက် ယခု လုံးလုံးစိတ်ချရသော အခြေနေသို့ ရောက်ရှိအောင်မြင်သွားပြီဟုလဲ ရှန်ဟိုင်းဆေးရုံအုပ်ကြီးမှ ၂၀၁၂ ကျန်းမာရေး ဆိုင်ရာ စီမီနာတခုတွင် အတိလင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ပထမအစတွင် တရုတ်ပြည်တွင်းမှ ရာဇ၀တ်မှုများဖြင့် သေဒဏ်ပေးခံရသော အကျဉ်းသားများအား သေဒဏ်အမိန့်ဖြင့် သတ်ဖြတ်ပြီးပြီးချင်းမှာပင် ၄င်းအကျဉ်းသားရုပ်ကလပ်မှ ကလီစာများကို ချက်ခြင်း ကျန်းမာရေးဌာနမှ ထုတ်ယူကာ လိုအပ်နေသော လူနာဆီသို့ အလျှင်မြန်ကူးပြောင်း အစားထိုး ကုသခဲ့ကြသည်။ 
သို့ရာတွင် သေဒဏ်ပေးခံခဲ့ရသော ရာဇ၀တ်အကျဉ်းသားများ၏ အတွင်းကလီစာများမှာ ၄င်းတို့၏ ကျန်းမာရေး ဆိုင်ရာ လိုက်စား လိုက်နာမှုများ အားနည်းသောကြောင့် တဖက်တွင် ငွေကြေးအမြောက်များဖြင့် အတွင်းကလီစာအား ပေးဝယ်ထားသော လူနာများ၏ အတွင်းသို့ ရောက်ရှိသွားသောအခါ အဆိုပါ ကလီစာများသည် သန့်၇ှင်းသန်စွမ်းသော ကလီစာများမဟုတ်သောကြောင့် ငွေကုန်ကြေးကျခံကာ စောင့်ဆိုင်းဝယ်ယူပြီး အစားထိုးခဲ့သော လူနာများအဖို့ ထပ်မံဒုက္ခခံစားပြီး ကုသကြရသောကြောင့် လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စတင်တွေ့ရှိကာ ၂၀၁၂ ခုနှစ်မေလမှစပြီး သေဒဏ်ပေးခံရသော အကျဉ်းသားများ၏ ကလီစာများအား အစားထိုးကုသခြင်းမပြုလုပ်ရန် ကျန်းမာရေးဒုဝန်ကြီး ဟွန် ကပင် တားမြစ်ထုတ်ပြန်ခဲ့လေသည်။
တရုတ်ပြည်တွင် လူသားကလီစာများ အစားထိုးကုသရန် ငွေကြေးပြည့်စုံပြီး စောင့်ဆိုင်းနေသော ၀ယ်လိုအားမြင့်တက်လာသည်မှာ လူနာဦးရေ တစ်သန်းခွဲ နီးပါးမျှဖြစ်လာလေသည်။
 ထိုကြောင့် လူသားကလီစာများ အမြန်ရရှိရန် တရုတ်ပြည် တနံတလျားတွင် လူမှောင်ခို ဂိုင်းများ တိုးပွါးလာတော့သည်။ 
တရုတ်ပြည်၏ တည်ဆဲဥပဒေအရ တရုတ်ပြည်အတွင်း လူမှောင်ခိုးကူးသန်းသည်ကို ကြီးမားသော ရာဇ၀တ်မှုအဖြစ် ကြီးမားသော ပြစ်ဒဏ်နှင့် သေဒဏ်ထိချမှတ်ရန် ပြဌာန်းထားသောကြောင့် တရုတ်ပြည်သားအချင်းချင်းရောင်းဝယ်ဖေါက်ကားရေးဖက်သို့ ဦးမလှည့်တော့ပဲ ဆင်းရဲသော တိုင်းပြည်များဖြစ်သည့် တရုတ်ပြည်နှင့် နယ်ချင်းထိစပ်လျှက်ရှိနေကြသော မြန်မာ ၊လာအို၊ ကမ်ဘောဒီးယားတို့သည် တရုတ်ပြည်၏ လူမှောင်ခိုဂိုဏ်များ၏ ပစ်မှတ်ဖြစ်လာရတော့သည်။
တရုတ်ပြည်၏ အော်ဂင်ထရန်စ်ပလန့်(Organ Transplant) ဈေးကွက် မှ လိုအပ်ချက်ကြီးမားသောကြောင့် မြန်မာပြည်မှ ဆင်းရဲသော ဒေသမှ လူငယ်များ မိန်းမငယ်များက သားကောင်ဖြစ်လာကြတော့သည်။ တရုတ်ပြည်တွင် ကျောက်ကပ်တခုအား အရောင်းဝယ်လုပ်ရာတွင် အမေရိကန် ဒေါ်လာ ၃၅၀၀မှ ၅၅၀၀ ထိဈေးပေါက်ကြောင်း (Xinhua News Agency)ဆင်ဟွာ သတင်းက တ၇ားဝင် တင်ပြသွားသော  မတ်လ ၂၅ ရက် ၂၀၁၂ခုနှစ် သတင်းစာက လူမှောင်ခိုဂိုင်းသားများအတွက် သတင်းကောင်းဈေးနုံန်းဖြစ်ခဲ့သည်။
 လူသား နှံလုံးသားတခုသည် အမေရိကန်ဒေါ်လာ ၁၅၀၀၀ ထိ ပေါက်ပြီး မျက်ကြည်လွှာသည် အမေ၇ိကန်ဒေါ်လာ ၄၀၀၀မှ ၆၀၀၀ ထိဈေးရပြီး သန့်ရှင်းသော အဆုပ်အတွက် ဒေါ်လာ ၂၀၀၀၀ ထိပေါက်ကြောင်း သိရသည်။
ယခု မြန်မာပြည်ထဲတွင် အသက် ၇ နှစ်မှ အသက် ၃၀ အောက်ရှိသော လူပြောက်မှုဖြင့် ဒေသဆိုင်ရာ ရဲစခန်း နှင့် အာဏာပိုင်များအား တိုင်ကြားထားသော အမှုပေါင်း ၃၆၂၀ ခန့်ရှိပြီဟု ပြည်ထဲရေးနှင့် ပတ်သက်သော ဌာနတခုက လက်သိပ်တို့ပြောဆိုထားသည်။
အဆိုပါလူပြောက်မှုများအား မြန်မာပြည်တွင်ထုတ်ဝေသော အစိုးရ သတင်းစာ နှစ်စောင်တွင် နေ့စဉ် မဟုတ်ရင်တောင် ရက်ခြားအနေဖြင့် သတင်းစာတွင် ဖေါ်ပြနေသည်ကို ၂၀၁၀မှ ယခု ၂၀၁၃ ခုနှစ်ထိ မှတ်တမ်းပြုစုခဲ့ရာတွင် လူပြောက်ကြေငြာချက်ပေါင်း ၅၂၁ ယောက်မျှရှိတာကိုတွေ့ရပြီဖြစ်သည်။
မြန်မာပြည်မှ ဆင်းရဲသား ပြည်သူများအဖို့ ယခု အစိုးရလက်ထက်တွင် ပြည်သူများ၏ လုံခြုံရေး ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တိကျခိုင်မာသော အသုံးစရိတ် အကာကွယ် အစီမံများ တိတိကျကျ ပြဌာန်းသတ်မှတ်ဖေါ်ပြထားခြင်းမရှိသည်မှာ ပြောင်းလဲပြီဟုပြောနေသော အစိုးရတရပ်အတွက် ထောက်ပြစရာသက်သေသက်ကာရဖြစ်နေသည်။
မြန်မာပြည်သားများအဖို့ ကျားကြောက်ပြီး  ဆင်ကြီးကိုးမိသော သူများအတွက် နေပြည်တော် လွတ်တော်နှင့် ၄င်းအစိုးရအဖွဲ့သည် ဆင်ကြီးက ကျားထက်ဆိုးသော အခြေနေသို့ တည့်တည့်မတ်မတ် ရောက်ရှိနေပြီဖြစ်သည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သော ထင်သာမြင်သာအောင် မြန်မာ အစိုးရသတင်းစာများက ၂၀၁၁ ခုမှ စတင် ဆောင်ရွက်လာသော်လည်း ပူးပေါင်းဆောင်ရွက်မှု တာဝန်ပေးအပ်မှု တာဝန်ခံရမှုများသည် တိတိကျကျ မရှိကြောင်း တွေ့ရှိရသည်၊ ဥပမာ မိမိ၏မိသားစုမှ တဦးဦးပြောက်ဆုံးကြောင်း သွားရောက်တိုင်ကြားလျှင် တိုင်ကြားသူများကိုပင် ကြောက်ရွံ့အောင် အမျိုးမျိုး ပြောဆိုမေးမြန်းနေသော ရဲစခန်းများ ရဲဝန်ထမ်းများ၏ စရိုက်က ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေသည့်အပြင် အဆိုပါ ရဲဝန်ထမ်းများအား မိမိ၏ အပူသောက များအကြားမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် ထပ်မံ ပိုက်ဆံများ ပေးနေကြရသည်။
ထိုကဲ့သို့ အမျိုးသားရေးအမြင်၊ လုံခြုံရေးအမြင် နှင် ဥပဒေ အကာကွယ် အားနည်းမှုများကြောင့် မြန်ပြည်မှ လူသားများသည် ကလီစာထုတ်ခံရသော နေရာသို့ ပုံစံမျိုးစုံ အကြောင်းပေါင်းစုံဖြင့် အကြီးအကျယ်ရောက်ရှိကာ လူမှောင်ခိုဂိုဏ်းသားများ၏ ရောင်းဝယ်ဖေါက်ကားခံရသော ဘ၀သို့ သက်ဆင်းနေကြရမည် ဖြစ်ပါကြောင်း…..
ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
ဖေဖေါ်ဝါရီလ ၂၅ ရက် ည ၈နာရီ ၅၀ တွင် ရေးသားသည်။

၁၉၉၅ ၀န်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်းကလီစာများဖြစ်သေ
ာ ကျောက်ကပ်၊ အသဲ ၊ အဆုပ်၊နှလုံး၊ မျက်ကြည်လွာများ (cornears), အတော်ကြီးပင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုးကုသ မှုများ ပြုလုပ်လာကြသည်။ု

တရုတ်ပြည်၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက ၄င်းတို့၏ လူသားကလီစာများ အစားထိုးမှုများအား နှစ်ကာလတော်တော်ကြာစမ်းသပ်ခဲ့ပြီးနောက် ယခု လုံးလုံးစိတ်ချရသော အခြေနေသို့ ရောက်ရှိအောင်မြင်သွားပြီဟုလဲ ရှန်ဟိုင်းဆေးရုံအုပ်ကြီးမှ ၂၀၁၂ ကျန်းမာရေး ဆိုင်ရာ စီမီနာတခုတွင် အတိလင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ပထမအစတွင် တရုတ်ပြည်တွင်းမှ ရာဇ၀တ်မှုများဖြင့် သေဒဏ်ပေးခံရသော အကျဉ်းသားများအား သေဒဏ်အမိန့်ဖြင့် သတ်ဖြတ်ပြီးပြီးချင်းမှာပင် ၄င်းအကျဉ်းသားရုပ်ကလပ်မှ ကလီစာများကို ချက်ခြင်း ကျန်းမာရေးဌာနမှ ထုတ်ယူကာ လိုအပ်နေသော လူနာဆီသို့ အလျှင်မြန်ကူးပြောင်း အစားထိုး ကုသခဲ့ကြသည်။
သို့ရာတွင် သေဒဏ်ပေးခံခဲ့ရသော ရာဇ၀တ်အကျဉ်းသားများ၏ အတွင်းကလီစာများမှာ ၄င်းတို့၏ ကျန်းမာရေး ဆိုင်ရာ လိုက်စား လိုက်နာမှုများ အားနည်းသောကြောင့် တဖက်တွင် ငွေကြေးအမြောက်များဖြင့် အတွင်းကလီစာအား ပေးဝယ်ထားသော လူနာများ၏ အတွင်းသို့ ရောက်ရှိသွားသောအခါ အဆိုပါ ကလီစာများသည် သန့်၇ှင်းသန်စွမ်းသော ကလီစာများမဟုတ်သောကြောင့် ငွေကုန်ကြေးကျခံကာ စောင့်ဆိုင်းဝယ်ယူပြီး အစားထိုးခဲ့သော လူနာများအဖို့ ထပ်မံဒုက္ခခံစားပြီး ကုသကြရသောကြောင့် လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စတင်တွေ့ရှိကာ ၂၀၁၂ ခုနှစ်မေလမှစပြီး သေဒဏ်ပေးခံရသော အကျဉ်းသားများ၏ ကလီစာများအား အစားထိုးကုသခြင်းမပြုလုပ်ရန် ကျန်းမာရေးဒုဝန်ကြီး ဟွန် ကပင် တားမြစ်ထုတ်ပြန်ခဲ့လေသည်။
တရုတ်ပြည်တွင် လူသားကလီစာများ အစားထိုးကုသရန် ငွေကြေးပြည့်စုံပြီး စောင့်ဆိုင်းနေသော ၀ယ်လိုအားမြင့်တက်လာသည်မှာ လူနာဦးရေ တစ်သန်းခွဲ နီးပါးမျှဖြစ်လာလေသည်။
ထိုကြောင့် လူသားကလီစာများ အမြန်ရရှိရန် တရုတ်ပြည် တနံတလျားတွင် လူမှောင်ခို ဂိုင်းများ တိုးပွါးလာတော့သည်။
တရုတ်ပြည်၏ တည်ဆဲဥပဒေအရ တရုတ်ပြည်အတွင်း လူမှောင်ခိုးကူးသန်းသည်ကို ကြီးမားသော ရာဇ၀တ်မှုအဖြစ် ကြီးမားသော ပြစ်ဒဏ်နှင့် သေဒဏ်ထိချမှတ်ရန် ပြဌာန်းထားသောကြောင့် တရုတ်ပြည်သားအချင်းချင်းရောင်းဝယ်ဖေါက်ကားရေးဖက်သို့ ဦးမလှည့်တော့ပဲ ဆင်းရဲသော တိုင်းပြည်များဖြစ်သည့် တရုတ်ပြည်နှင့် နယ်ချင်းထိစပ်လျှက်ရှိနေကြသော မြန်မာ ၊လာအို၊ ကမ်ဘောဒီးယားတို့သည် တရုတ်ပြည်၏ လူမှောင်ခိုဂိုဏ်များ၏ ပစ်မှတ်ဖြစ်လာရတော့သည်။
တရုတ်ပြည်၏ အော်ဂင်ထရန်စ်ပလန့်(Organ Transplant) ဈေးကွက် မှ လိုအပ်ချက်ကြီးမားသောကြောင့် မြန်မာပြည်မှ ဆင်းရဲသော ဒေသမှ လူငယ်များ မိန်းမငယ်များက သားကောင်ဖြစ်လာကြတော့သည်။ တရုတ်ပြည်တွင် ကျောက်ကပ်တခုအား အရောင်းဝယ်လုပ်ရာတွင် အမေရိကန် ဒေါ်လာ ၃၅၀၀မှ ၅၅၀၀ ထိဈေးပေါက်ကြောင်း (Xinhua News Agency)ဆင်ဟွာ သတင်းက တ၇ားဝင် တင်ပြသွားသော မတ်လ ၂၅ ရက် ၂၀၁၂ခုနှစ် သတင်းစာက လူမှောင်ခိုဂိုင်းသားများအတွက် သတင်းကောင်းဈေးနုံန်းဖြစ်ခဲ့သည်။
လူသား နှံလုံးသားတခုသည် အမေရိကန်ဒေါ်လာ ၁၅၀၀၀ ထိ ပေါက်ပြီး မျက်ကြည်လွှာသည် အမေ၇ိကန်ဒေါ်လာ ၄၀၀၀မှ ၆၀၀၀ ထိဈေးရပြီး သန့်ရှင်းသော အဆုပ်အတွက် ဒေါ်လာ ၂၀၀၀၀ ထိပေါက်ကြောင်း သိရသည်။
ယခု မြန်မာပြည်ထဲတွင် အသက် ၇ နှစ်မှ အသက် ၃၀ အောက်ရှိသော လူပြောက်မှုဖြင့် ဒေသဆိုင်ရာ ရဲစခန်း နှင့် အာဏာပိုင်များအား တိုင်ကြားထားသော အမှုပေါင်း ၃၆၂၀ ခန့်ရှိပြီဟု ပြည်ထဲရေးနှင့် ပတ်သက်သော ဌာနတခုက လက်သိပ်တို့ပြောဆိုထားသည်။
အဆိုပါလူပြောက်မှုများအား မြန်မာပြည်တွင်ထုတ်ဝေသော အစိုးရ သတင်းစာ နှစ်စောင်တွင် နေ့စဉ် မဟုတ်ရင်တောင် ရက်ခြားအနေဖြင့် သတင်းစာတွင် ဖေါ်ပြနေသည်ကို ၂၀၁၀မှ ယခု ၂၀၁၃ ခုနှစ်ထိ မှတ်တမ်းပြုစုခဲ့ရာတွင် လူပြောက်ကြေငြာချက်ပေါင်း ၅၂၁ ယောက်မျှရှိတာကိုတွေ့ရပြီဖြစ်သည်။
မြန်မာပြည်မှ ဆင်းရဲသား ပြည်သူများအဖို့ ယခု အစိုးရလက်ထက်တွင် ပြည်သူများ၏ လုံခြုံရေး ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တိကျခိုင်မာသော အသုံးစရိတ် အကာကွယ် အစီမံများ တိတိကျကျ ပြဌာန်းသတ်မှတ်ဖေါ်ပြထားခြင်းမရှိသည်မှာ ပြောင်းလဲပြီဟုပြောနေသော အစိုးရတရပ်အတွက် ထောက်ပြစရာသက်သေသက်ကာရဖြစ်နေသည်
မြန်မာပြည်သားများအဖို့ ကျားကြောက်ပြီး ဆင်ကြီးကိုးမိသော သူများအတွက် နေပြည်တော် လွတ်တော်နှင့် ၄င်းအစိုးရအဖွဲ့သည် ဆင်ကြီးက ကျားထက်ဆိုးသော အခြေနေသို့ တည့်တည့်မတ်မတ် ရောက်ရှိနေပြီဖြစ်သည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သော ထင်သာမြင်သာအောင် မြန်မာ အစိုးရသတင်းစာများက ၂၀၁၁ ခုမှ စတင် ဆောင်ရွက်လာသော်လည်း ပူးပေါင်းဆောင်ရွက်မှု တာဝန်ပေးအပ်မှု တာဝန်ခံရမှုများသည် တိတိကျကျ မရှိကြောင်း တွေ့ရှိရသည်၊ ဥပမာ မိမိ၏မိသားစုမှ တဦးဦးပြောက်ဆုံးကြောင်း သွားရောက်တိုင်ကြားလျှင် တိုင်ကြားသူများကိုပင် ကြောက်ရွံ့အောင် အမျိုးမျိုး ပြောဆိုမေးမြန်းနေသော ရဲစခန်းများ ရဲဝန်ထမ်းများ၏ စရိုက်က ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေသည့်အပြင် အဆိုပါ ရဲဝန်ထမ်းများအား မိမိ၏ အပူသောက များအကြားမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် ထပ်မံ ပိုက်ဆံများ ပေးနေကြရသည်။
ထိုကဲ့သို့ အမျိုးသားရေးအမြင်၊ လုံခြုံရေးအမြင် နှင် ဥပဒေ အကာကွယ် အားနည်းမှုများကြောင့် မြန်ပြည်မှ လူသားများသည် ကလီစာထုတ်ခံရသော နေရာသို့ ပုံစံမျိုးစုံ အကြောင်းပေါင်းစုံဖြင့် အကြီးအကျယ်ရောက်ရှိကာ လူမှောင်ခိုဂိုဏ်းသားများ၏ ရောင်းဝယ်ဖေါက်ကားခံရသော ဘ၀သို့ သက်ဆင်းနေကြရမည် ဖြစ်ပါကြောင်း…..
ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
ဖေဖေါ်ဝါရီလ ၂၅ ရက် ည ၈နာရီ ၅၀ တွင် ရေးသားသည်။

--

ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းအခမ်းအနား မှတ်တမ်းများ

             ဒီနေ့ ( ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃ ) တနင်္ဂနွေနေ့မှာ အိန္ဒိယနိုင်ငံ၊ ဘုံဘေ၊ ယခု ( မွန်ဘိုင်း ) မြို့ ကလျန်း Kalyan ဒေသမှာ ဟိန္ဒူဘာသာဝင် အိန္ဒိယနိုင်ငံသားများမှ ထေရ၀ါဒဗုဒ္ဓဘာသာ သို့ ဘာသာရေး ကူးပြောင်း ပွဲတော်ကြီးကို စနေ၊ တနင်္ဂနွေနှစ်ရက်တိုင်တိုင် ခမ်းခမ်းနားနား ကျင်းပတာကို ကြုံခဲ့ရတယ်၊ မိမိတစ်သက် တာတွင် တခါမျှ မကြုံခဲ့ဖူးသော ဘာသာရေးကူးပြောင်းပွဲတော်ကို ကြုံဖူးခြင်းပါပဲ။

 တကယ် ကိုအံ သြ ဖို့ ကောင်း လိုက် တာ...
 
ဘုရားရှိခိုးစာများ ရွတ်ဖတ်နေကြစဉ်.
 
 ဟုတ်တယ်၊ အံ့သြစရာ ကောင်းတာက ဘာသာပြောင်းလာသူ မှန်သမျှဟာ ဦးဂိုအင်ကာရဲ့ ရိပ်သာမှာ အနည်းဆုံး (၁၀) ရက် ၀ိပဿနာတရားစခန်းကို ကလေးရော လူကြီးများပါ ၂ ကြိမ် ၊ ၃ ကြိမ် ၀င်ရောက်အားထုတ်ဖူးသူတွေချည်းပဲ..
ဘာသာပြောင်းလာသူများကို ရှေးဦးစွာ ဘုရားရှင်အား ရှိခိုးပူဇော်စေပါတယ်.. ပြီးမှ သရဏဂုံပေး၊ သီလယူစေတယ်..
 
 ယခုဘာသာရေးကူးပြောင်းပွဲတော်ကို ဦးဆောင်သော ကုလားလူမျိုး ၀ိနည်းဓိုရ် ပံသုကူဓုတင်ဆောင် ဆရာတော်ပါ..ကုလားလူမျိုးဗုဒ္ဓဘာသာများက အထူးကြည်ညိုလေးစားကြသော ဆရာတော်ကြီးဖြစ်ပါတယ်..သွားလေရာရာ ဖိနပ်မစီး၊ သင်္ကန်းသုံးထည်၊ သပိတ်ပရိက္ခာများနှင့် ကြည်ညိုစရာကောင်းလှသလို ဘာသာရေးစိတ်ဓာတ်ပြင်းပြထက်သန်လှတာကို တရားဟောရင်း သတိထားမိတယ်၊ အိန္ဒိယသာသနာရေးအတွက် အားတက်စရာများပါ.
 
သရဏဂုံသုံးပါး၊ ငါးပါးသီလရွတ်ဆိုအပြီး အဓိပ္ပါယ်ရှင်းလင်းဟောပြီးတာနဲ့ ကိုးကွယ်နိုင်စေရန် ဘုရားဆင်းတုတော်လေးများ၊နှင့် ပန်းစည်းများ လက်ဆောင်ပေးကြတယ်..
 
 မနက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင်များက ရွတ်ဖတ်ကြပြီး လူစုနေကြတယ်၊ နေ့လည်ပိုင်းမှာ ကူးပြောင်းမယ့်သူ တွေကို ပရိသတ်ရဲ့ ရှေ့ဆုံး သံဃာတော်တွေရဲ့ ရှေ့တည့်တည့်မှာ သရဏဂုံချပေး၊ သီလပေးပြီး အနည်း ငယ်ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ဆိုတာကို ရှင်းပြတယ်၊

ပြီးတော့သူတို့ ကိုးကွယ်ရန် ဘုရားဆင်းတုတော် လေးများနှင့် ပန်းစည်းများကို လက်ဆောင်အဖြစ်ပေးကမ်းပြီး တစ်ယောက်ချင်းစီ၊ ကလေးလူကြီးပါမကျန် ပရိသတ်ကြီးရှေ့မှောက်မှာ ၀မ်းသာစကား ပြောကြားစေတယ်၊

တစ်ယောက်ပြောပြီးတိုင်း ပြောပြီးတိုင်းမှာ ပရိသတ်အားလုံးကလဲ လက်ခုတ်သြဘာသံများ တစ်ဖျောင်းဖျောင်းပေးပြီး အားပေးနေကြတဲ့ မြင်ကွင်းဟာ မိမိတသက်တာမှာ ပျော်ရွှင်ကြည်နူးစရာ မြင်ကွင်းတစ်ခုပါ၊ ဘ၀မှာ အမှတ်တရ ရှိနေစေမယ့် ခဏတစ်ခုပါပဲ။
 
 အခမ်းအနား ပြီးခါနီး ပွဲတော်ကျင်းပခြင်း တာဝန်ခံ ဗုဒ္ဓဘာသာဝင်လူကြီးများနှင့် အားလုံးပရိသတ်များက အောင်မြင်စွာ ကြွေးကျော်ခြင်းဖြင့် လက်ရုံးများ ဆန့်တန်းကာ အားပါးတရ ဟစ်ကြွေးနေကြစဉ်
 
Yesterday

ဝမ်းသာစိတ်ကို မြိုသိပ်ရင်း တခါက အင်္ဂလိပ်လိုရေးထားသော ဓမ္မပဒကို ဖတ်ကာ အီတလီလူမျိုးအဖြစ် ရောမဘရင်ဂျီ ခရစ်ယာန်ဘာသာမှ အလိုလို ဗုဒ္ဓဘာသာဝင်ဖြစ်လာသူ၊ ထိုမျှအားမရပဲ ရှိသမျှ စည်းစိမ်များ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ သာသနာ့ဘောင်တက်လှမ်းလာပြီး အီတာလျံ သာသနာပြုဘုန်းတော်ကြီး ဦးလောကနာထရယ်လို့ ကမ္ဘာမှာ ထင်ရှားကျော်ကြားခဲ့သူ ဆရာတော်ကြီးရဲ့ ဗုဒ္ဓဘာသာဝင်များအားလုံးကို ပေးခဲ့တဲ့ Messages လေးကို ပြန်လည်မျှဝေလိုက်ပါတယ်။

“ဒကာကြီး၊ ရှင်ဘုရင်ရဲ့ သားဟာ ခမည်းတော် နတ်ရွာစံပြီး အလိုလို ဘုရင့် အရိုက်အရာကို ရရှိလာတော့ ဘုရင်ဖြစ်ရတဲ့ တန်ဖိုးကိုလည်း မသိဘူး၊

ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊
ဒီလိုပဲ ဒကာကြီး၊ မွေးကတည်းက ဗုဒ္ဓဘာသာ ဖြစ်လာသူတွေဟာလည်း ရတနာသုံးပါးရဲ့ တန်ဖိုး၊ သိက္ခာ သုံးရပ်ရဲ့ တန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး၊

ဆင်းရဲသားက ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင်တပါးရဲ့တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ်ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါကျတော့ မိုက်စရာ ရှိတာတောင် မမိုက်ချင်တော့ဘူး၊ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက် များတယ် ဆိုတာ သူပဲ သိတယ်၊ ဒီတော့ ရတနာ သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိဖြစ်ရတာပေါ့၊

ဒီလိုပဲ ဒကာကြီး၊ တစ်ခြား ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း ရောက်ရှိ လာသူတိုင်းဟာ ဆင်းရဲသားက သန်းကြွယ်သူဌေး ဖြစ်ရတဲ့ လူလိုပဲ ခံစားရတယ်” …

အလွယ်တကူ ရရှိလာတဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ကို တန်ဖိုးထားတတ်ကြပါစေ..
(ပန်းကမ္ဘာ)
-----------------------------------------------------
 ခမ်းမကြီး အပြင်ဘက်မှာ ဗုဒ္ဓဘာသာနဲ့ ပက်သက်တဲ့ စာအုပ်များ၊ စီဒီခွေများ ၊ ပြက္ခဒိန်များ၊ အမှတ်တရ ပစ္စည်းများကို စိတ်ကြိုက်ရောင်းချပေးနေကြပါတယ်.. သေချာမေးကြည့်မိတော့ ဘယ်လောက်များ ၀မ်းသာသွားသလဲ ဆိုရင် အဆိုပါဒေသကို Buddhist's Land လို့ တောင် ခေါ်တွင်ပါသတဲ့၊ မြင်မြင်သမျှ ကုလားတွေအားလုံး ဗုဒ္ဓဘာသာဝင်တွေချည်းပဲ. တဲ့.
 
Yesterday ·

အိန္ဒိယနိုင်ငံမှာ မကြာခဏ အခုလိုဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲတော်တွေ ကျင်းပလေ့ရှိပါတယ်၊ သို့သော် မိမိနှင့် ဆက်စပ်မှုမရှိတဲ့အတွက် မသိခဲ့ဘူး၊ ၁၀ ယောက်၊ အယောက် ၂၀၊ အယောက်(၅၀) စသဖြင့် အခွင့်ကြုံရင် ကြုံသလို၊ အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုချက်ရရင် ရသလို ဘာသာပြောင်းပွဲ ကျင်းပကြပါတယ်၊

ဟိန္ဒူတွေကြီးစိုးတဲ့ နိုင်ငံမှာ ဟိန္ဒူကနေ အခြားဘာသာ ပြောင်းဖို့ ကျင်းပခွင့်ပေးတယ် ဆိုတာ အစိုးရပိုင်းက တော်တော်သဘောထားကြီးလို့ပါ၊
.............................................................................................................
ဗဟုသုတ

တခေတ်တစ်ချိန်ကတော့ သမိုင်းတွင်စေမယ့် ဘာသာပြောင်းပွဲကြီးကို အိန္ဒိယနိုင်ငံ၊ နာဂပူရ် Nagpur မြို့မှာ ကျင်းပခဲ့တော့ တစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့ဖူးတယ်၊ အုတ်အုတ်ကျက်ကျက်လဲ ဖြစ်ခဲ့ဖူးတယ်၊ အဲဒီနေ့ဟာ 1956 ခုနှစ်၊ October (14th) ရက်။

ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားဆက်ဆံတတ်တဲ့ ကမ္ဘာမှာ တနိုင်ငံတည်းသာ ရှိတော့တဲ့ အိန္ဒိယမှာ ဇာတ်နိမ့်မျိုးရိုး Untouchable Caste ( Untouchable Caste-ဆိုတာမွေးလာသူမှန်သမျှ မည်မျှပင်ထူးချွန်၊ ထက်မြက် နေစေကာမူ အမှိုက်ကျုံး၊ မစင်ကျုံး၊ သန့်ရှင်းရေး၊စသော အောက်ခြေသိမ်းအလုပ်များမှလွဲ၍ ကျန်တာ ဘာမှ လုပ်ပိုင်ခွင့်မရှိ၊ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး၊ ပညာရေးအားလုံး ဘာမှ သင်ယူလေ့လာခွင့်မရှိအောင် နှိမ်ကွပ်ခံထားရသောလူမျိုးစုများကို ခေါ်သည်)

အဆိုးဆုံးက အကိုးကွယ်ခံ ဗြဟ္မဏအနွယ်ဝင် ပုဏ္ဏားမျိုးတွေက သူတို့သာ ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးရဲ့ ပါးစပ်ကမွေးဖွားခဲ့တာ၊ သူတို့သာ အမြတ်ဆုံး ဆိုပြီး လူအများစုကို နှိမ့်ကွပ်ချိုးနှိမ်ထားခဲ့တာပါ။

ထိုကဲ့သို့သောဇာတ်နိမ့်မျိုးရိုးမှ မွေးဖွားလာသော်လည်း နိုင်ငံတော်၏ တရားသူကြီး၊ နိုင်ငံရေးခေါင်းဆောင်၊ ဒဿနပညာရှင်၊ တွေးခေါ်ကြံဆမှုကို ၀ါသနာပါသူ၊ စာရေးဆရာ၊ စီးပွားရေးပညာရှင်၊ တော်လှန်ရေးသမား နှင့် အိန္ဒိယမှာ ဗုဒ္ဓဘာသာမျိုးစေ့ကို ပြန်လည်တည်ဆောက်သူ စသော ဂုဏ်ထူးဝိသေသမျိုးစုံဖြင့် ကျော်ကြားလှတဲ့ ဒေါက်တာအမ်ဘေဒကာ Dr Ambedkar ဟာ သူ့တပည့်နောက်လိုက်လူဦးရေ (၅သိန်း) ကျော်နဲ့အတူ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကြောင်း တရားဝင်ကြေညာကာ အခုလိုပဲ ပွဲတော်ကြီး ကျင်းပခဲ့ဖူးတယ်။

အဲဒီကနေ ဒေါက်တာအမ်ဘေဒကာ မျိုးစေ့ချပေးခဲ့တာ လူပေါင်း(၅)သိန်းကျော်ကနေ ပွားလာလိုက်တာ ယနေ့အထိ နှစ်ပေါင်း (၅၆) နှစ်ကျော်အတွင်းမှာ အတိအကျခန့်မှန်းလို့ မရအောင်ကို တိုးပွားလာနေပါတယ်၊ နေရာတိုင်းမှာ ဘုန်းကြီးသံဃာများကို မြင်လျင်- ၀န္ဒာမိ ဘန္တေ-ရှိခိုးဦးတင်ပါတယ် အရှင်ဘုရား ဆိုပြီး လက်အုပ်ချီကာ အရိုအသေပေးလေ့ရှိကြတာ ကြည်နုးစရာပါ။
 
-----------------------------------------------------------------------------
 ဒီလိုပွဲတော်မျိုးမှာ ပါဝင်ဆင်နွှဲခွင့်ရတာ ဖော်ပြလို့မရနိုင်တဲ့ ကြည်နူးမှုပါ.. သံဃာတွေအများကြိးကို ဖူးမြင်ရလို့ ပီတိဖြစ်နေကြတဲ့ ပရိသတ်အားလုံးရဲ့ မျက်နှာတွေ၊ သူတို့ရင်ထဲက ပီတိတွေအတွက် ကျေနပ်မဆုံး ဖြစ်ခဲ့၇တယ်.
 
 အားလုံဝမ်းသာပီတိ ဖြစ်ရအောင်   Pann Gabar  facebook ၏ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းအခမ်းအနားမှတ်တမ်းများမှ ကူးယူလာပါသည်။    
 
 သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပါတ်ကမ္ဘာတည်ပါစေ.........
 
                                                                           လေးစားစွာဖြင့်    ....    မောင်မြင့်

http://satekuupuyar.blogspot.com/2013/02/blog-post_4368.html

Apirl 1ရက် တွင်ဆင်း ကတ်များကို ကျပ်2သောင်း ဖြင့်ရောင်းမည်ဟုသိ ရ

၂၀၁၃ ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီးခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။
သို့သော်လည်း အရစ်ကျဝယ်ထားမိသူများကို ဈေးလျှော့ပေးသွားမည် မဟုတ်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော် သတင်းများအရ တန်ဖိုးနည်းဖုန်းများကို ပြည်သူလူထု အံ့သြ လောက်သည့် ဈေးနှုန်းများဖြင့် ရောင်းချမည်ဟု ပြောဆိုမှုများ ရှိခဲ့ပြီး ငွေပြန်အမ်းသွားမည် ဆိုသည့် သတင်း များလည်း ထွက်ပေါ်ခဲ့သည်။
Messenger ဂျာနယ်ပါ မြည်းကလေးရဲ့ ဖူးစာရှင် ဆောင်းပါးရေးသူ၏ တွက်ချက်မှုများအရ ပြည်တွင်းဖုန်းများ အနေဖြင့် အလကားဈေးပင် ပေးလျှင်ပင် ၂ နှစ်အတွင်း အရင်းကြေနိုင်ကြောင်း သိရသည်။
——————————————————————-
Khaing Linn ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

ကမောက်ကမဈေးနဲ့ အစိုးရထီလက်မှတ်

    လောကမှာ ကိုယ်စိတ်ကူးထားတာတွေ၊ ဖြစ်ချင်သမျှတွေကို ဖန်တီးဖို့ ဆိုတာ လူတိုင်း အတွက်တော့ မလွယ်ပါဘူး၊
ဒီလို ကိုယ့်စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်ရာမှာ ငွေဆိုတာကလည်း အရေးပါတယ် မဟုတ်လား….။

ရန်ကုန်မြို့မှ ထီဆိုင်ကြီးတခု
 သြော် ... ဒီငွေကလည်း အခုခေတ်ထဲမှာ အခြေခံ လူတန်းစားများအဖို့ ရှားပါး ပစ္စည်းဖြစ် နေလေ တော့ ….ကံ ပေါ့….
အဲဒီကံကိုပဲ စမ်းသပ်နည်းမျိုးစုံနဲ့ ပြောင်းပြန်လှန်ဖို့ ကြိုးစားတဲ့နည်းတွေကလည်း ရှိပါ သေး တယ်။
တချို့က လောင်းကစားတွေမှာ ရင်းနှီးကြတယ်။ ဘောလုံးပွဲလောင်းတာ …နှစ်လုံး၊ သုံးလုံး လောင်းကစားလုပ်တာ မျိုးတွေပါ …
ဒါတွေက တရားဝင်ခွင့်ပြုထားတာ မဟုတ်ပေမဲ့ နေ့စဉ်  အလုပ် ဖြစ်နေကြပါတယ်။ 

 လောင်းတဲ့လူတွေ ရဲ့ကံတရားက သိသိသာသာ ပြောင်းလဲသွားတတ်ပါတယ် - 
အဲဒါကတော့  မရှိ ရှိတာ ရောင်းပြီး အကြွေးဆပ်ရသူတွေ၊ အကြွေး မဆပ်နိုင်လို့ ထွက်ပြေးပုန်းရှောင်သူတွေအဖြစ် ပြောင်းလဲသွားကြခြင်းပါပဲ။

ငွေရဖို့အရေး ကြိုးစားကြတဲ့ နောက်တနည်းကတော့ ထီ ထိုးခြင်းပါပဲ …။ တစ်လ တစ်ကြိမ် ကံစမ်းနိုင်တဲ့ အောင်ဘာလေထီထိုး ပြီးကံစမ်းကြတာပါ။
 “လတိုင်းတော့ ထီထိုးကံစမ်းဖြစ်ပါတယ်၊  ထီဈေးတွေကမြင့်တော့  အများကြီးတော့ မထိုးနိုင်ဘူး”  လို့  ၃၈ လမ်းထိပ်မှာ ကုန်စိမ်းရောင်းတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။    

လူတွေ ညည်းတွားကြတဲ့ အကြောင်းရင်းများထဲမှာ ထီဈေးကြီးခြင်းလည်း ပါဝင်နေပါပြီ။

 ထီဈေးကြီးရခြင်းအကြောင်းရင်း

ထီတစောင် ဘယ်ဈေး ရှိပါသလဲ။
အစိုးရသက်မှတ်ဈေးကတော့ ထီတစ်စောင် ကျပ် (၂ဝဝ) ပါ တဲ့။
ဒါပေမဲ့ အပြင်မှာ တကယ်တမ်း ထီကံစမ်းရသူတွေကတော့ တစ်စောင်ကို (၃ဝဝ) ပေးနေရပါတယ်။ တချို့နေရာတွေမှာ ၃၅၀ ပါ။

လူတွေက ကံကောင်းမလားဆိုပြီး ထီထိုးကြတာပါပ။ဲ
သို့သော်လည်း ထီလက်မှတ်မှာ ရိုက်နှိပ်ထားတဲ့ဈေးထက် ၂ ဆနီးပါး ဈေးကြီး ပေးဝယ်နေရတာကြောင့် စကတည်းက ကံမကောင်းပါလား လို့ ဆိုရပါမယ်။

၂ဝဝ တန် ထီလက်မှတ် ၄ဝဝ နီးပါး ဖြစ်သွားရတဲ့အကြောင်းရင်းတွေကတော့ အများကြီး ရှိနိုင်ပါတယ်။ ဒီကိစ္စ မကြာခင် လွှတ်တော်ထဲ ရောက်မယ် ထင်ပါတယ်။

(၂၀၀၉ မတိုင်ခင် ထီတစောင် ၁ဝဝ ခေတ်ကတည်းက ဒီပြဿနာ ရှိနေတာပါ)

ထီလက်မှတ်တစောင်ဟာ ထီထိုးသူလက်ထဲရောက်ဖို့အတွက် အဆင့်ဆင့် ဖြတ်သန်းရပါတယ်။ အဲဒီ အဆင့်ဆင် ဆိုကတော့
အစိုးရရဲ့ အောင်ဘာလေဌာန - ကိုယ်စားလှယ်ဆိုင်ကြီးများ - နိုင်ငံအနှံ့ ဖရန်ချိုက် ဆိုင်ခွဲများ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ အောင်ဘာလေ ဌာန
ဖရန်ချိုက် ဆိုင်ခွဲသမားတွေကို မေးမြန်းကြည့်ရင် သူတို့လည်း တွက်ချေကိုက်လှတယ်မဟုတ်ပါ ဆိုတဲ့ အသံတွေ ထွက်လာပါလိမ့်မယ်။ သူတို့က ကိုယ်စားလှယ်ဆိုင်ကြီးများရဲ့ လက်ခွဲတွေပါ။

“ကိုယ်စားလှယ်ယူလို့ ဘာမှ အလကားမရဘူး၊ ထီလက်မှတ် ထည့်တဲ့ အိတ်က အစ ဝယ်ရတယ်” လို့ ရန်ကုန်မြို့လယ် ဆိပ်ကမ်းသာလမ်းထိပ်မှာ ထီရောင်းသူတစ်ဦးက ဆိုပါတယ်။ 

ဒီလို ၀ယ်ရတာမျိုးကတော့ (ဘယ်လိုပစ္စည်းရောင်းတဲ့ဆိုင်မျိုး ဖွင့်သည် ဖြစ်စေ) ဖရန်ချိုက် ဆိုင်ခွဲသမားတွေ ကြုံရမှာပဲ မဟုတ်လား။ သူတို့ရဲ့ တခြား အခက်အခဲများကို နားထောင်ကြည့်ပါဦး ...

“ထီဆိုင်ကို တစ်ဆိုင်တည်းဖွင့်ရင်လည်း မကိုက်ဘူး၊ လကုန်ချိန် ဆိုင်ပေါ်မှာရှိတဲ့ ထီအားလုံး မကုန်ရင်လည်း မကိုက်ဘူး ၊ ဒါကြောင့် ဆိုင်ခွဲတွေ ဖွင့်ထားတယ်” လို့ ဆိပ်ကမ်းသာလမ်းထိပ် ထီရောင်းသူက ဆိုပါတယ်။ 

“ဆိုင်ခန်းခကလည်း ရှိသေးတယ်..ထီဆိုင်ဖွင့်တာက နေရာနဲ့လည်း ဆိုင် တယ်၊ ဒီတော့စည်ပင်နဲ့ မညှိအောင်လုပ်ရသေးတယ်။ တိုက်နံရံကပ်ပြီး ငှားတာတောင် တစ်လ ၃သိန်းလောက် ပေးရတယ် ဝန်ထမ်းခလည်း ရှိသေးတယ်” လို့ သူ့ရဲ့ အခက်အခဲတချို့အကြောင်း ဆက်ပြီး ညည်းပြပါတယ်။

သူက “အစိုးရချ ပေးတဲ့ ကိုယ်စားလှယ်ကြီးတွေက တစ်စောင်ကို ၁၆၅၊ ၁၇ဝ လောက်နဲ့မှ ကျွန်တော်တို့ကိုပေးတယ်။ အက္ခရာ ၃၃ လုံး ပါတဲ့
မင်္ဂလာစုံတွဲ ကို ၈,၄ဝဝ လောက်နဲ့ ကျွန်တော်တို့ကို ပေးရောင်းတယ် ၊ ကျွန်တော်တို့ ပြန်ရောင်းတော့ ၈,၆ဝဝ လောက် ပြန်ရောင်းရတယ်” လို့ပြောပါတယ်။

ထီကြောင့် ဘယ်သူတွေ အဆင်ပြေသွားသလဲ?

“ထီကိုယ်စားလှယ်ကြီးတွေကပဲ ချမ်းသာတော့မှာ။ ထီကံစမ်းတဲ့ သူတွေက သူတို့ ချမ်းသာဖို့ လုပ်ပေးနေရသလို ဖြစ်နေတယ်”
လို့  ထီထိုးလေ့ရှိသူတစ်ဦးက ဆိုပါတယ်။

လက်တွန်းလှည်းတွေနဲ့ ထီရောင်းသူတွေဆီမှာတော့ ထီဈေးနူန်း အမြင့်ဆုံးပါပဲ။

 “ဆိုင်တွေ မှာထီ(၅)စောင်တွဲကို ၁,၅ဝဝ နဲ့ရောင်းနေပေမဲ့ ကျွန်တော်တို့ က ယူဈေးမြှင့်တော့ ၁,၇ဝဝ နဲ့ ရောင်းရတယ်၊
ဒါပေမဲ့ ထီထိုးသူတွေကတော့ သွားရင်းလာရင်းနဲ့ကျွန်တော်တို့ဆီမှာ ကံစမ်းကြပါတယ်။ တွန်းလှည်းနဲ့ ဆိုတော့ အိမ်ရှေ့အထိသွားလို့ရတယ်လေ”  လို့
ထီကို တွန်းလှည်းနဲ့ရောင်းသူတစ်ဦးက ဆိုပါတယ်။

ထီလက်မှတ် ပျောက်ဆုံးခြင်း
ထီထိုးပြီးရင် စိတ်ကူးယဉ်လို့ ကောင်းပါတယ်။ ဒါကြောင့် ထီမပေါက်လည်း စိတ်ကူးယဉ်ရတာကြောင့် တန်ပါတယ်လို့ ဆိုသူလည်း ရှိမှာပါ။
အဲ... မတော်တဆ ထီပေါက်ပြီ ဆိုပါစို့၊ အဲဒီ ထီလက်မှတ် ဘယ်နားထားမိပါလိမ့် ဆိုတာမျိုး မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ 

“ထီပေါက်ပြီး ထီလက်မှတ်ပျောက်သွားတဲ့လူတွေ ရှိတယ်၊ ကျွန်တော့်ဆိုင်မှာလာပြန်ပြီး ပြောပြကြတယ်” လို့ ၃၈ လမ်းထိပ်က ထီဆိုင်ရှင်တစ်ဦးကဆိုပါတယ်။

“ထီပေါက်ရင် ထီလက်မှတ်ပါမှ ပဲရမှာလေ၊ ကောက်ရတဲ့သူကတော့ ထောတာပေါ့ ….ထီ ဆိုတာက ကံစမ်းတာပဲလေ…ထီပေါက်ပြီးမှ ထီလက်မှတ်ပျောက်သွားတာကလည်း  ကံ ပဲပေါ့ဗျာ” လို့ သူက ဆက်ပြောပါတယ်။

အစိုးရ ဘယ်လောက်အထိ လုပ်နိုင်မလဲ

ထိုင်းနိုင်ငံမှာ အစိုးရရဲ့ ဘတ် ၈ဝ တန် ထီလက်မှတ်က လမ်းဘေးဆိုင်ကြီး ဆိုင်ငယ်များမှာ ဘတ် ၁၁ဝ နဲ့ ရောင်းကြပါတယ်။ ဒီမိုကရေစီကျင့်သုံးတာ ကြာပြီဖြစ်တဲ့ ထိုင်းမှာလည်း ဒီပြဿနာ ရှိပါတယ်။

မြန်မာပြည်မှာလည်း ထီလက်မှတ်တစောင်ရဲ့ဈေး သတ်မှတ်နှုန်းထက် ၂ ဆ နီးပါး ဖြစ်နေတာကို နေပြည်တော်က ဘယ်လောက်အထိ ပြုပြင်ပြောင်းလဲပေးနိုင်မလဲ မသိပါ။

တောင်းဆို တိုက်တွန်းတာတွေ၊ ဖိအားပေးတာတွေ များလာရင်တော့ ၂ဝဝ တန်ထီကို ၄ဝဝ မကျော်အောင် မြန်မာအစိုးရက ထိန်းသိမ်းပေးမယ်လို့ ယူဆရပါတယ်။

ရွက်စိမ်း ~

.
&lt;a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&amp;cb=INSERT_RANDOM_NUMBER_HERE' target='_blank'&gt;&lt;img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&amp;cb=INSERT_RANDOM_NUMBER_HERE&amp;n=a4f13bd8'/&gt;&lt;/a&gt;