This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Sunday, September 9, 2012
သမိုင်းက မအ သလို ပြည်သူတွေကလဲ ငန မဟုတ်ပါဘူး *
Inbox
x
မိုးမခ မီဒီယာ
ကျော်ဟုန်း ၊စက်တင်ဘာ ၈၊ ၂၀၁၂
ခုတလော ပြည်တော်ခဏပြန် လေ့လာရေးအဖွဲ့ တွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပတွေမှာ အသံတွေကြားနေရပါတယ်။ ကိုယ့်ထင်မြင်ချက်နဲ့ ကိုယ် ရေးသားကြတဲ့ face book က အမြင်တွေရော၊ ပြည်တွင်း သတင်းမီဒီယာသမားတချို့ ရဲ့ အတွေ့အမြင် အရေးအသားတွေရော၊ ပြည်ပရှိ တော်လှန်ရေးနယ်ပယ်က သူတွေရော၊ ပြည်ပက နိုင်ငံရေးနယ်ပယ်ရှိ သူတွေရော၊
ပြည်ပမီဒီယာဌာနကြီးတွေရဲ့ တွေ့ ဆုံမေးမြန်းခန်းတွေမှာရော ပြည်တော်ပြန်တွေရဲ့အကြောင်းနဲ့ပတ်သက်လို့  အတော် ဆူဆူ ညံညံကြားနေရတာပါ။
သရုပ်ခွဲလေ့လာကြည့်တဲ့အခါ တချို့ က ကိုမိုးသီးဇွန်တို့ အဖွဲ့  ပြည်တော်ပြန်တာ အချိန်စောလွန်းသေးတယ်ပြောတဲ့သူရှိတယ်။
သူတို့ အဖွဲ့ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းသတင်းထောက်တွေ မေးမြန်းချက်ကို ပြန်လည်ဖြေကြားတဲ့ စကားရပ်တွေ အပေါ်မှာ နေထိုင်ခွင့်(၂၁)ရက်ထဲနဲ့  သူတို့ ပြောတဲ့ ပြည်တွင်းစစ်ငြိမ်းချမ်းရေးကိစ္စတို့ ၊ လူသားရင်းမြစ် တိုးတက်ရေးကိစ္စတို့ ၊ စတဲ့ ခေါင်းစဉ်ကြီးကြီးတပ်ထားတဲ့ ကိစ္စတွေကို သူတို့ လုပ်နိုင်ပါ့မလားလို့  သံသယအတွေးတွေကို အရင်းခံပြီး ထင်မြင်ယူဆ ရေးသားပြောဆိုနေတာတွေလဲ တွေ့ ရပါတယ်။
နောက်ပြဿနာတခုက မြောက်ပိုင်း ပါဂျောင် အစုလိုက် အပြုံလိုက် ညှဉ်းပမ်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ABSDF ရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့ဖူးကြတဲ့ ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင်တို့ ကို တာဝန်ရှိတာမို့  ရှင်းလင်းဆွေးနွေးလို၊ တရားစွဲလိုတဲ့ ကိစ္စကလဲ ရှိနေပြန်ပါသေးတယ်။ ဒီကိစ္စကို တစွန်းတစ သိထားတဲ့ ပြည်တွင်း(၈၈)မျိုးဆက်တွေမှာလဲ သူတို့ ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်
ဖူးတဲ့ မိုးသီးဇွန်ကို ကြိုဆိုသင့်ရေး မသင့်ရေး မဲခွဲဆုံးဖြတ်ခဲ့တဲ့အထိဖြစ်တာလဲ ကြားရပြန်ပါတယ်။ (၈၈) ရဲဘော်ချင်းတောင်မှ နွေးနွေးထွေးထွေး မကြိုနိုင်ကြတော့ဘူးလားတို့ ၊ လူသတ် ထောင်ချလုပ်ခဲ့တဲ့  စစ်အစိုးရကိုတောင် ပြုံးပြီးလက်ဆွဲ နှုတ်ဆက် နိုင်သေးတာတို့ ဆိုပြီး ပြည်ပက တချို့ သောသူတွေရဲ့ ဝေဖန်သံတွေလဲကြားနေရပါတယ်။
ပြည်တွင်းမီဒီယာမမတယောက်ကလဲ ကိုမိုးသီးဇွန်အဖွဲ့ ကို သတင်းလိုလိုနဲ့ အတင်း ရေးတယ်တို့ ဆိုတဲ့ အသံများလဲ ကြားနေ ရပါသေးတယ်။ နောင်ကျရင် နိုင်ငံခြားသားဖြစ်သွားရတဲ့ ပြည်ပရောက်ဒီမိုတွေကိုလဲ စော်ကားလာနိုင်တယ်လို့ ရင်လေးနေသူများလဲ ရှိပါတယ်။ ကိုမိုးသီးတို့ အဖွဲ့  ရန်ကုန်လေဆိပ်အရောက်မှာ လာကြိုဆိုတဲ့ ပြည်တွင်းနိုင်ငံရေးပါတီတဖွဲ့ ရဲ့ banner ပါ
" မြန်မာ့ဒီမိုကရေစီခေါင်းဆောင် မိုးသီးဇွန်ကို ကြိုဆိုပါ၏" စာတမ်းကြောင့်ရယ်၊ ယုဇနဟိုတယ်က သတင်းစာရှင်းလင်းပွဲမှာ "Welcome Back Lion MoeThee" စာတမ်းပါbanner ကြောင့်ရယ် ဝေဖန်သံတွေလဲ ညံထွက်လာပါသေးတယ်။ ABSDF က ရဲဘော်ဟောင်းတချို့ ရဲ့ သူတို့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ ကိုမိုးသီးနဲ့  ကိုနိုင်အောင်တို့ လှစ်ဟာချက်တွေကြောင့် ခံစားခဲ့ရမှုနဲ့ 
ပေါက်ကွဲသံစဉ်တွေဟာလဲ သက်ဆိုင်ရာ ဖေ့စ်ဘုတ်တွေမှာ လှိုင်းထ သည်းထန်နေပါတယ်။
ကိုမင်းကိုနိုင်နဲ့ မစုစုနွေးအတွက် နော်ဝေးနိုင်ငံက ချီးမြှင့်ထားတဲ့ ဂျွန် ဟမ်းဖရီးဆုကို ယူဆောင်ပေးအပ်သူ ဒေါက်တာသောင်းထွန်းကိုလဲ သူဟာ NCGUB ရဲ့ ခွင့်ပြုချက်မရဘဲ သူ့ သဘောနဲ့ သူ လုပ်ဆောင်တာဖြစ်ကြောင်း၊ NCGUB နဲ့ TBF အဖွဲ့ မှထုတ်ပယ်ထားပြီးဖြစ်လို့  NCGUB ကိုယ်စားပြုမဟုတ်ကြောင်းကိုလဲ ၁၉၉၀ ရွေးချယ်ခံအမတ်ဟောင်းတဦးသူ ဒေါက်တာတင့်ဆွေရဲ့ ရှင်းလင်းချက်စာစုကို ဖတ်မိလိုက်ရပါသေးတယ်။
ပြည်တွင်းမှာတော့ ပြည်တော်ပြန်တွေက ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်နဲ့ တွေ့ ၊ (၈၈)မျိုးဆက်တွေနဲ့ တွေ့ ၊ ဗကသတွေနဲ့  တွေ့ ၊ အစိုးရဘက်က ဝန်ကြီးတချို့ နဲ့ တွေ့ ၊ ဒီမိုနိုင်ငံရေး(၁၀)ပါတီနဲ့ တွေ့ ၊ မီဒီယာတွေနဲ့ တွေ့  လုပ်နေကြတဲ့မြင်ကွင်းများလဲ မြင်နေရပါတယ်။ ပြည်တော်ပြန်များနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ အဖျက်အမှောက်လုပ်မယ့်သူတွေလို့ မြင်နေသူများလဲ ရှိနေကြပါတယ်။ သင်းကွဲအောင်လုပ်မယ့် ကိုယ်ကျိုးကြည့်သမားတွေလို့ လဲ ယိုးစွတ်သူတွေရှိနေကြပါတယ်။ ဒီမိုဝါဒအရ ပြောနိုင် ဆိုနိုင်ပါတယ်။ ဒီအပေါ်မှာ ပါဝင် မသုံးသပ်လိုပါဘူး။
ပြည်တော်ပြန်များဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်အဖွဲ့ ၊ လူဘောင်သစ် ကိုအောင်မိုးဇော်၊ ဦးဟန်ညောင်ရွှေ၊ ဒေါက်တာသောင်းထွန်း စတဲ့သူများမှာ သူ့ သမိုင်းနဲ့ သူ ရှိခဲ့သလို သူ့ အမှားတွေနဲ့ သူ ရှိခဲ့ဖူးသူများလဲ ဖြစ်ကောင်း ဖြစ်ပါ လိမ့်မယ်။ ဆိုလိုတာက အမှားပဲ ရှိခဲ့ ရှိခဲ့၊ အမှန်ပဲ ရှိခဲ့ ရှိခဲ့၊ ပုဂ္ဂိုလ်ရေး ချို့ ယွင်းမှုတွေပဲ ရှိခဲ့ ရှိခဲ့ တချိန်မှာ သမိုင်းကစစ်တမ်း ကောက်ထုတ်သွားပါလိမ့်မယ်။
ဦးသိန်းစိန် အစိုးရဘက်ကို ကြည့်ပြန်ရင်လဲ ပြည်သူမကြိုက်တဲ့ ဝန်ကြီးအပြောင်းလဲတွေ လုပ်ပြတာ၊ တရားစီရင်ရေးအဖွဲ့ ကို မဲခွဲဆုံးဖြတ်ပြီး ဖြုတ်ချတာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့  စေ့စပ်ဆွေးနွေးရေးတွေလုပ်နေတာတွေ မြင်နေရတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတာကို အကြွင်းမဲ့မယုံနိုင်သေးပေမယ့် သတိထားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပြည်ပကလူတွေကိုဖိတ်ခေါ်မှုမှာ လူရွေးဖိတ်ခေါ်မှုဖြစ်ပြီး အဖွဲ့ အစည်းများ ကိုယ်စားပြု ဖိတ်ခေါ်မှု မဟုတ်တဲ့အတွက် စဉ်းစားစရာလို့  ဝေဖန်ထောက်ပြမှုတွေလဲ ရှိလာပါတယ်။ Black List မှ ပယ်ဖျက်ကြောင်း ကြေညာချက်ကလဲ စည်းဝါးကိုက်ထားသလိုဖြစ်နေတယ်။ အချိန်ကိုက် စီမံထားသလို ဖြစ်နေတာကြောင့် ဘယ်လို ကစားသလဲဆိုတာ စောင့်ကြည့်အကဲခတ်သူတွေ
မလွန်ဘူး ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ခြုံငုံလိုက်လို့ ရှိရင် ဦးသိန်းစိန် အစိုးရကတော့ မြားတစင်းနဲ့  ငှက်နှစ်ကောင်ပစ်နိုင်တဲ့ မြားဘုရင်ဘွဲ့ ပေးရမလိုဖြစ်နေပါပြီ။ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများကို သွေးခွဲ ပြိုလဲအောင်လုပ်ခြင်းတရပ်လို့ လဲ ထင်ပါတယ်။ တနည်းအားဖြင့် ပြည်ပဒီမိုအင်အားစုတွေ ညီညွတ်မှု ဘယ်လောက်ရှိလဲဆိုတာကို သွေးထိုးစမ်းခြင်း တရပ်လို့ 
ကောက်ချက်ချနိုင်ပါသေးတယ်။ ဒါကြောင့်မို့  အရာရာသတိရှိဖို့ ၊ မှိုင်းမမိဖို့ ကိုလဲ တိုင်းပြည်ချစ်တဲ့သူတိုင်းက သတိချပ်ရမှာ ဖြစ်ပါတယ်။
ပြည်တော်ပြန်တွေထဲက ပြောတာတွေရှိပါသေးတယ်။ ကျနော်တို့ ကို အစိုးရက လုပ်ခွင့်ပေးရင် တိုင်းပြည်အတွက်လုပ်ချင်ပါတယ်ဆိုတော့ ဘယ်တုန်းကများ စစ်အစိုးရက လုပ်ခွင့်ပေးဖူးလို့ လဲ မေးစရာဖြစ်နေပါတယ်။ လုပ်ခွင့် မပေးရင်ကော ဘယ်လို ဆက်လုပ်မလဲ၊ ဘေးထိုင် ဘုတောလုပ်မှာလား။ ပြည်ပရောက် ပညာရှင်တွေ ဖိတ်ခေါ်ပါတယ်၊ နိုင်ငံခြားသားဖြစ်သွားသူ
တွေကို PR ထုတ်ပေးနိုင်အောင် စီစဉ်နေပါတယ်ဆိုတာတွေက တရားဝင်မဟုတ်သေးတော့ ယုံရခက်ကြီးပါပဲ။
နောက်တခုပြောချင်တာက ပြည်ပ ဒီမိုအင်အားစုများကလဲ ပြည်တွင်းက အသိအမှတ်မပြုမှာ၊ ချန်လှပ်ထားမှာတွေကို စိုးရိမ် နေစရာမလိုပါဘူး။ စကတည်းက နေရာလိုချင်လို့ ၊ ကိုယ်ကျိုးကြည့်ပြီ့း နိုင်ငံရေး တော်လှန်ရေး လုပ်ခဲ့တာမဟုတ်ရင် လိပ်ပြာသန့် နိုင်ပါတယ်။ ပြည်တော်ပြန်တွေအတွက်လဲ မစိုးရိမ်ပါနဲ့ ။ ပြည်သူနဲ့ ပြည်တွင်း ဒီမိုတွေက မအပါဘူး။ တိုင်းပြည်အတွက် လူထုအတွက် တကယ်လုပ်နိုင်ရင် စင်တော်က ကောက်သွားမှာပါ။ ကိုယ်ကျိုးအတွက်ရှေးရှုခဲ့ရင်တော့ စင်တော်က တောက်ချခံရမှာ မလွဲပါဘူး။ ပြည်တွင်းက ဒီမိုအင်အားစုများကလဲ အနားကပ်လာတဲ့ အလှူရှင်တွေကို တိုင်းပြည်အတွက်ကြည့်ပြီး တို့ ကို ထောက်ပံ့တာလား၊ အသုံးချမှာလားဆိုတာကတော့ ကွဲကွဲပြားပြားသိနားလည်ပြီး သတိထားနိုင်ဖို့ အရေးကြီးပါတယ်။
အရေးကြီးဆုံးကတော့ ပြည်တွင်းပြည်ပ ညီညွတ်ဖို့ ၊ ညှိနှိုင်းအကွက်ရွှေ့ နိုင်ဖို့ ပါပဲ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(အမေစု)က
" ဒီမိုကရေစီရဲ့ အဓိက အန္တရာယ်ကတော့ အချင်းချင်း အပြိုင်အဆိုင် လုပ်မယ်၊ အချင်းချင်း မနာလိုဖြစ်မယ်၊ တယောက်တိုးတက်တာ တယောက် မနာလို မရှုစိမ့်ဖြစ်နေမယ်ဆိုရင် ဒီမိုကရေစီစနစ်
ဟာ အောင်မြင်သင့်သလောက် အောင်မြင်မှာ မဟုတ်ဘူး"လို့  မိန့် မှာဖူးပါတယ်။
တိုင်းပြည်ကောင်းကျိုးလုပ်ကြတဲ့အခါ ပြည်တွင်းဒီမိုကရေစီအင်အားစုတွေပဲဖြစ်ဖြစ်၊ ပြည်ပဒီမိုကရေစီအင်အားစုတွေပဲဖြစ်ဖြစ် အမေစုပြောခဲ့ဖူးသလို
" ခံစားချက်နဲ့ မလုပ်ဘဲ ခံယူချက်နဲ့ လုပ်ဖို့ " လိုပါတယ်။
အဲ့သလို ခံယူချက်နဲ့ လုပ်ရင် ပြည်တွင်းပြည်ပ မကွဲ၊ အုပ်စုတွင်း မကွဲဘဲ ညီညွတ်မှုတည်ဆောက်လာနိုင်လိမ့် မယ်လို့  ယုံကြည်ပါတယ်။
ဘယ်သူမဆို တိုင်းကျိုးပြည်ကျိုးလုပ်တဲ့အခါမှာ တိုင်းပြည်နဲ့ လူမျိုး အားကိုးလောက်တဲ့ ထိရောက်မှုမျိုးလုပ်နိုင်ခဲ့ရင်၊ ပြည်သူ အများက လက်ခံနိုင်အောင် လုပ်နိုင်ခဲ့ရင် သမိုင်းတင်သွားမှာပါ။ ဒီနေ့  မြန်မာပြည်သူတွေဟာ ခံရတာများလို့  ပြည်ဝစွမ်းရည် ရှိနေကြပါပြီ။ ဟိုတုန်းက ကိုယ့်အလုပ်ကိုပဲ အေးအေးဆေးဆေးလုပ်ရရင် ကျေနပ်နေတတ်တဲ့  တောင်သူလယ်သမားများနဲ့ 
အလုပ်သမားများဟာ ဒီနေ့  မတရားမှုတွေကို ရဲရဲရင့်ရင့် သူတို့ ဖာသာသူတို့  ဆန္ဒပြရဲလာကြပါပြီ။ ခေါင်းဆောင်ကောင်း ဘယ်သူဆိုတာတွေကိုလဲ သူတို့ သိမြင်နေပြီးသားပါ။ ပူးကပ် ထိတွေ့နေကြပါပြီ။
ဒါကြောင့် ပြည်တွင်း ပြည်ပ ဘယ်သူမဆို စေတနာမှန်မှန်နဲ့ သာ တိုင်းပြည်အတွက်လုပ်ပါ။ စေတနာနဲ့ လုပ်ဆောင်ချက်မှန်ရင် မှန်တဲ့အလျှောက်၊ မှားရင်လဲ မှားတဲ့အလျှောက် ပြည်သူက သိပါတယ်။ လက်တွေ့ မပါဘဲ စကားလုံးတွေနဲ့  တိုင်းပြည် တည်ဆောက်လို့ မရပါဘူး။ သမိုင်းက မအသလို မြန်မာပြည်သူတွေကလဲ ငနတွေ မဟုတ်ဘူးဆိုတာကို သိထားစေချင်ပါတယ်။ ။
--
Posted By အောင်မျိုးကျော်
နှစ်ပေါင်း၂၆၀၀ကျော်က ဗုဒ္ဓအမွေအနှစ် တရုတ်ကုမ္မဏီ ကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီး ပျောက်ကွယ်တော့မည်လော *
Inbox
x
နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုတ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်။
အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏
ဓါတ်တော်မွေတော်တို့ဌာပနာထားရာ ရှေးဟောင်းဘုရားကျောင်းတခုတွင် နိုင်ငံတကာ
ရှေးဟောင်းသုတေသနပညာရှင်တစုက မကြာမှီကာလာအတွင်းတွင် ဒေါ်လာသန်း
၁၀၀တန် တရုပ်ကြေးနီရှာဖွေထုတ်ရေးကုမ္မဏီကြောင့် ပျက်စီးဆုံးရှုံးတော့မည်
ဖြစ်ကြောင်း၊
မပျက်စီးခင် ဗုဒ္ဓဘုရားရှင်ရှိစဉ်ကဓါတ်တော်မွေတော်နှင့် နှစ်ပေါင်းထောင်ကျော်သက်တမ်း
ရှိဖြစ်ပြီဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရှာဖွေမှတ်တမ်းတင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု Medhill Northwest တက္ကသိုလ်ပါမောက္ခနှင့် မှတ်တမ်းရုပ်ရှင်ရိုက်
ကူးသူBrent Huffman ဟာ လအတော်တန်ကြာကတည်းက အန္တရာယ်အလွန်များလှတဲ့
အာဖဂန်နိုင်ငံအတွင်းရှိ အဆိုပါရှေးဟောင်းဒေသမှာ ရှာဖွေသုတေသနမှတ်တမ်းတင်
လုပ်ကိုင်နေခဲ့ပါတယ်။
ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းအောက်မှာ တည်ရှိနေတဲ့ ကြေးနီသိုက်ကိုတူးဖေါ်ခွင့်ရရှိ
ထားတဲ့ China Metallurgical Group Corporation တရုပ်ကုမ္မဏီဟာ ကြေးနီထုတ်လုပ်ဖို့
အတွက် ရှေးဟောင်းအဆောက်တည်ရှိတောင်တန်းကို ဖြိုဖျက်ဖို့ ဝန်ထမ်းတွေကိုအမိန့်
ထုတ်ပြီးဖြစ်နေပါပြီ။
ဒေါ်လာသန်း၁၀၀ တန်ကြေးနီထုတ်လုပ်နိုင်ဖို့အတွက်တရုပ်ကုမ္မဏီက တောင်တန်းတွေနဲ့
ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီးတော့မယ့် နေ့ရက်ဟာ တနေ့ထက်တနေ့
နီးကပ်လာနေပါပြီ။
ရှေးဟောင်းသုတေနအဖွဲ့လေ့လာရှာဖွေနေတဲ့ ရှေးဟောင်းဒေသနေရာကို စိတ်ဆိုးနေ
တဲ့ဒေသခံတွေနဲ့ တာလီဘန်တို့ရဲ့ ညအချိန်ရော့ကက်ဖြင်တိုက်ခိုက်မှုတွေလမ်းတလျောက်
မိုင်ထောင်မှုတွေဖြင့်လည်းကြုံတွေ့ရပါတယ်။
တရုပ်ကုမ္မဏီရဲ့ ကြေးနီထုတ်လုပ်မှုကြောင့်ရှေးဟောင်းအမွေအနှစ်လက်ရာတွေပျက်ဆီး
ဆုံးရှုံးရတော့မယ့်အရေးကိုတွေးပြီး နှလုံးခုန်ရပ်သလိုခံစားရသည်ဟု Huffman က
စိတ်မကောင်းစွာဖြင့်CNN ရုပ်သံအင်တာဗျူးတွင်ပြောဆိုခဲ့ပါတယ်။
CNN
ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် စစ်တွေသို့ ရောက်ရှိ
Inbox
x
Narinjara News
ထွန်းထွန်း
ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များသည် ယနေ့  (စက်တင်ဘာလ ၇) ရက်နေ့တွင် စစ်တွေမြို့ သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိလာခဲ့ကြသည်။
" ဒီနေ့ညနေ ၂နာရီ ၄၀မှာ စစ်တွေ လေဆိပ်ကို မြန်မာ့လေကြောင်း လိုင်းနဲ့ရောက်ပါတယ်။ အဖွဲ့ဝင် စုစုပေါင်း ၁၉ဦးပါတယ်။ ကျွန်တော်ကိုယ်တိုင် သွားရောက်ကြိုဆိုခဲ့ပါတယ်" ဟု ပြည်တွင်း ဂျာနယ် သတင်း ထောက်တဦးက နိရဉ္စရာသို့ပြော သည်။
ယနေ့ ရောက်ရှိလာသည့် စုံစမ်းရေး ကော်မရှင် တွင် ဥက္ကဌ ဒေါက်တာ မျိုးမြင့်၊ ဦးကျော်ညွန့်၊ ဦးစိုးသိန်း(ခ) မောင်ဝံ သ၊ ဒေါ်သန်းသန်းနု၊ ဦးခင်မောင်ဆွေ၊ ဦးအေးသာအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါက်တာဆလိုင်းငွေကျံလျှံ၊ ဦးတင်အောင်မိုး၊ ဦးအောင်နိုင်ဦး အပါအ၀င် အဖွဲ့ဝင် ၁၉ဦးတို့ ပါဝင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါအဖွဲ့အား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နှင့်တကွ ဌာနဆိုင်ရာ အသီးသီမှ ပုဂ္ဂိုလ်များ စစ်တွေ မြို့တွင် ကြိုဆိုခဲ့ကြသည်။
၎င်းနောက် စစ်တွေမြို့မှ ဆရာတော်ကြီး ၉ပါးအားပင့်ဖိတ်ပြီး စစ်တွေမြို့ ရှိ လောကနန္ဒာ ဘုရားဝင်းရှိ မဟာဝေ ယံသိမ် တော်ကြီးတွင် ပဋိပက္ခကိစ္စရပ်များကို မေးမြန်း စုံစမ်းမှုတချို့ပြု လုပ်ခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကို သြဂတ်စ်လ ၁၇ရက်နေ့က နိုင်ငံတော်သမ္မတမှ ဖွဲ့ စည်းပေးလိုက်ပြီး ထိုအထဲတွင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစ္စလာမ်ဘာသာ ခေါင်းဆောင်များ၊ ခရစ် ယာန် ဘာသာခေါင်းဆောင်များ တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်တွင် ၉ရက်ကြာ နေထိုမည်ဖြစ်ပြီး စက်တင်ဘာ ၁၅ရက်နေ့တွင် ရန်ကုန်သို့ ပြန် လည်ထွက်ခွာ သွားမည်ဟု ထောက်လှမ်းရေး သတင်းရပ်ကွက်အရ သိရသည်။
မနက်ဖြန် စက်တင်ဘာ ၈ရက်နေ့တွင် စစ်တွေကနေ ကျောက်တော်နှင့် မြောက်ဦးသို့ လေ့လာစစ်ဆေးရန် စတင်ထွက်ခွာ မည်ဟုသိရသည်။
--
Posted By
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာန၏ လက်ရှိအခြေအနေ ဖြစ်စဉ်မှတ်တမ်းများ တင်ပြခြင်း
                              အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းရေးကြောင်းပို့ဆောင်ရေး ဌာနသည် စစ်လွန်ခေတ်မှစ၍ ယခုအချိန်အထိ ရပ်တည်နိုင်ခဲ့သည်မှာ နှစ်ပေါင်း ( ၁၀၀ )  ကျော်တိုင် ရပ်တည်နိုင်ခဲ့သည် နိုင်ငံပိုင် ဌာနကြီးတစ်ခုဖြစ်ပါသည်။ ယခုအခေတ် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသော အခြေအနေတစ်ရပ်အဖြစ် နိုင်ငံတော်၏ အုပ်ချုပ်မှုပိုင်းဖြစ်သော နိုင်ငံတော် သမ္မတ၏ ရည်မှန်းချက်ဖြစ်သော ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးစီမံချက်အရ ပြည်တွင်းရေးကြောင်းပို့ဆောင်ရေးဌာနသည် အခြေခံလူတန်းစားများအား သယ်ယူပို့ဆောင်ပေးနေသော အရေးပါသည့် ဌာနဖြစ်သကဲ့သို့ ရေကြောင်းသွား လာမှုအပိုင်းတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် အချိုးညီစွာ ပတ်သက်နေသည့် ဌာနကြီးတစ်ခုဖြစ်ပါသည်။
                             ယခုအချိန်တွင် နှစ်ပေါင်း ( ၁၀၀ ) ကျော်အောင်ရပ်တည်ခဲ့သည့် ဌာနမှာ ပျက်စီးမည့်အခြေအနေနှင့် အလွန်တရာနီးကပ်နေပါသည်။ သို့ပါ၍ ဌာနတွင်ဖြစ်ပေါ်နေသော မလိုလားအပ်သည့် အကြောင်းအရာများအား တင်ပြအပ်ပါသည်။
( ၁ )   ဌာနရှိ ဦးဆောင်ညွန်ကြားရေးမှုး၏ လုပ်ဆောင်ချက်မှာ အာဏာအား အလွန်တရာအသုံးချခြင်း၊  ဌာနပိုင် ဆီတွဲမှ လစဉ်ကြေးအဖြစ် ကျပ်ငွေ (၅)သိန်းလက်ခံခြင်း၊ ၎င်း၏ ဒရိုက်ဘာအား လစဉ်ကြေး ကျပ်ငွေ (၆)သောင်း ပေးစေခိုင်းခြင်း၊ ဌာန၏ လိုအပ်သော ပစ္စည်းများဝယ်ယူရာ၌ ၀ယ်ယူသည့်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ကို ၀ယ်ယူသည့်အဖွဲ့မှ ၎င်းအား ပေးစေ ဆောင်ရွက်ပေးရခြင်း ဌာနပိုင် ကားများ ကို ၎င်းအတွက် ( ၅ )စီး ယူထားပြီး ( ၁ ) စီးလျှင် ( ၁ ) လအတွက် ဆီဂါလံ ၆၀ နှုန်းဖြင့် ( ၅ )စီးစာအတွက် ဂါလံ ၃၀၀ ( ၁ )လစာ အသုံးပြုခြင်း စသည့်အကြောင်းအရင်းများ ဆောင်ရွက်နေပါသည်။
( ၂ ) စီမံရေးရာဌာနရှိ ဌာနမှူးသည် ၀ယ်ယူရေးကိစ္စများ၊ ဆီတွဲအား အုပ်ချုပ်မှုလုပ်ငန်းများ၊ ဌာနရှိ                အဆောက်အဦးများကို တည်ဆောက်ရေးလုပ်ငန်းများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ စီမံကွပ်ကဲရသည့် ဌာနဖြစ်သည်နှင့်အညီ ၀ယ်ယူသည့်ပစ္စည်းများ၏ ကုန်ကျငွေများတွင် ရာခိုင်နှုန်းအလိုက် မသမာမှု    များပြုလုပ် ခြင်း၊ ဆီတွဲမှ ရေယာဉ်များအား ဆီပေးရာတွင် နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်၍ ရာခိုင်နှုန်းအလိုက် ခွဲဝေစား သောက်ခြင်း အဆောက်အဦးတည်ဆောက်ရေးနှင့် ပြုပြင်ထိန်သိမ်းမှုအပိုင်းတွင် ကုန်ကျငွေ၏ ရာခိုင်နှုန်းအတိုင်းခွဲဝေယူကြခြင်း စသည့်အချက်များကို စီမံရေးရာဌာနမှ အဂတိလိုက်စား၍ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။
( ၃ ) သယ်ယူပို့ဆောင်ရေးဌာန၏ လုပ်ဆောင်ချက်များ -
       ( က ) ဌားရမ်းစနစ်ဖြင့် ၀င်ငွေရှာပြီး ဌားရမ်းသူများနှင့် သယ်ပို့ဌာနရှိ လူကြီးများမှာ ၎င်းတို့
                ကိုယ်ကျိုးအတွက်  နည်းမျိုးစုံဖြင့်ဆောင်ရွက်လုပ်ကိုင်နေခြင်း။
        ( ခ ) မန်နေဂျာအဆင့်ဆင့် ရန်ကုန်/နယ်အားလုံးသည် ခရီးသည်ခ၊ ကုန်တင်ခများအား မသမာ
                မှုအများပြုလုပ်ခြင်း။
        ( ဂ )  ရန်ကုန်-လပွတ္တာ-ရန်ကုန် ခရီးစဉ်ဌားရမ်းခ ( ၂၄ ) သိန်းကျပ်ဖြင့် ခရီး ( ၁ ) ခေါက်ဌားရမ်း
                  ပြီး ၎င်းဌားရမ်းသူမှာ ရေယာဉ်အလိုက် စာရေးဝန်ထမ်းများဖြစ်ကြပါသည်။ ၎င်းစာရေးဝန်  
                  ထမ်းသည် ဌာနပိုင်လိုင်းဖြင့် ၎င်းရေယာဉ်အား ပြေးဆွဲခဲ့သည့်အခါ ဌာန၀င်ငွေအဖြစ်
                  ကျပ်( ၁၈ ) သိန်းသာ ရရှိခဲ့ပါသည်။
         ( ဃ ) ရန်ကုန်-ပုသိမ်-ရန်ကုန် သို့ဌာနပိုင်ခရီးစဉ်အဖြစ် ( ၁၂-၈-၂၀၁၂ ) နေ့တွင် ဗလကျော်သူ
                  ရေယာဉ်ဖြင့် စစ်ဆေးရေးအဖွဲ့လိုက်ပါလျှက် ရရှိသောဝင်ငွေမှာ ( ၂၂ ) သိန်းကျပ်  ဖြစ်ပြီး
                  စစ်ဆေးရေးအဖွဲ့ မလိုက်ပါသော ရန်ကုန်-ပုသိမ်-ရန်ကုန်သို့ ခရီးစဉ်အဖြစ် (၁၄-၈-၂၀၁၂)
                  နေ့တွင် ဗလကျော်ခေါင်ရေယာဉ်နှင့်ပြေးဆွဲခဲ့သည့်အခါ ၀င်ငွေမှာ ကျပ်( ၁၆ ) သိန်းနီးပါး
                   ရရှိခဲ့ပါသည်။ 
         ( င ) ရေယာဉ်လိုက်စာရေးများသည်   ရေယာဉ်ပြေးဆွဲသည့်အခါ ၎င်းတို့၏ ကိုယ်ကျိုးအတွက်
         ( စ ) ရေယာဉ်တစ်စီး  တစ်ခေါက်ဌားရမ်းလျှင်  လက်ထောက်အထွေထွေ  မန်နေဂျာအား
               ( ၃ )သောင်းကျပ် လာဘ်ငွေပေးဆောင်ရပြီး စာရေး ဦးဝင်းရီအား ( ၁ )သောင်းကျပ်
                လာဘ်ငွေ ပေးဆောင်ရကြောင်း တွေ့ရှိရပါသည်။
( ၄ ) အင်ဂျင်နီယာဌာန၏ လုပ်ဆောင်ချက်များမှာ -
        ( က ) ဒုတိယ အထွေထွေမန်နေဂျာ အင်ဂျင်နီယာသည် ပြည်တွင်းရေးကြောင်းပို့ဆောင်ရေး      
                  လက်အောက်ရှိ သင်္ဘောကျင်း ၆ ကျင်းနှင့် စက်ပြင်ဌာနခွဲ သွားလာရေး  အင်ဂျင်နီယာ
                   ဌာနကို  အုပ်ချုပ်ရသော ဌာနမှူးတစ်ယောက်ဖြစ်သည်နှင့်အညီ   သင်္ဘောကျင်းများမှ
                   သတ်မှတ် ဘတ်ဂျက်များမှ စာရင်းဇယားများကို လိုသလိုဘတ်ဂျက်ရေးဆွဲပြီး    အလွဲ
                    သုံးစားပြု၍  လစဉ်ကြေးများအား   သင်္ဘောကျင်း ၆ ခုမှတောင်းခံခြင်း၊   ၀ယ်ယူသည့်
                     သံပြား၊   သံကိုင်း၊   စက်အရံပစ္စည်းများ၊   စက်ဆီ၊  ချောဆီများ    ၀ယ်ယူသည့်အခါ
                    အဂတိလိုက်စားခြင်း၊  ပုဂ္ဂလိက ရေယာဉ်နှင့်   တွဲရေယာဉ်များ  တည်ဆောက်ရာတွင်
                    ရာခိုင်နှုန်းအလိုက် ခွဲတမ်းရယူခြင်းဖြင့် မသမာမှုများပြုလုပ်၍ အလွန်တရာမှ ချမ်းသာ
                    နေပါသည်။
         ( ခ ) သင်္ဘောကျင်းများတွင်   တာဝန်ထမ်းဆောင်နေသော   အရာရှိပိုင်းများသည်  ဌာန၏
                 ရေယာဉ်များကိုပြုပြင်ဆောင်ရွက်ရာတွက် လပေါင်းများစွာ ကြန့်ကြာသော်လည်း ပြင်ပ
                 ပုဂ္ဂလိက ရေယာဉ် အသစ်များတည်ဆောက်ရာ  ၌ ( ၂ ) လလျှင်   ( ၁ ) စီးပြီးစီးသည်
                  အထိမြန်ဆန်ခြင်း    ၎င်း    ပုဂ္ဂလိက တွဲများ၊   ရေယာဉ်များ      တည်ဆောက်ရာတွင်
                  ဌာနပိုင်ရေယာဉ်များ၏ သံပြား ၊သံကိုင်းများတပ်ဆင်ပြီး    စာရင်းလိမ်ထည့်သွင်းဆောင်
                  ရွက်ခြင်း၊   နိုင်ငံတော်မှ  တည်ဆောက်မှု    ဘတ်ဂျက်များအား     အလွဲသုံးစားပြုခြင်း၊
                  အစိုးရပိုင်  ကျင်းမြေနေရာအား သင်္ဘောတစ်စီးတည်ဆောက်လျှင် မြေဌားခ ကျပ် ( ၁၅ )
                  သိန်းရရှိခြင်း စသည့် အဂတိလိုက်စားမှုများ၊ ဆောင်ရွက်နေမှုများကြောင့် သင်္ဘောကျင်း
                  မန်နေဂျာများသည်  တိုက်ပိုင်၊ ကားပိုင်၊ ရေယာဉ်ပိုင်နှင့် တွဲပိုင်များဖြစ်နေကြပါသည်။
                   ရေယာဉ်ပြုပြင်တည်ဆောက်ရာတွင် သံပြား၊သံကိုင်းများမှာ  သတ်မှတ်စံချိန်စံညွန်းမဟုတ်ပဲ
                   စံချိန်မမှီသည့် သံပြား၊ သံကိုင်းများကိုသာ တပ်ဆင်ပေးပြီး စာရင်းလိမ်တင်ပြ ၍မိမိတို့၏
                  ကိုယ်ကျိုးအတွက် အဂတိလိုက်စားခြင်း၊ သတ်မှတ်ပြုပြင်တည်ဆောက်ခများအား ချမှတ်
                  ထားသောငွေကြေးများကို  စာရင်းပြင်ဆင်ဖန်တီး၍ လိမ်လည်ရယူခြင်း။
          ( ဂ ) စက်အရံ  ပစ္စည်းများမှာယူအသုံးပြုရာတွင်  ပြည်တွင်းဖြစ်များကို  သုံးစွဲ၍  orginal
                 ပစ္စည်းများ မှာယူအသုံးပြုသကဲ့သို့ ငွေကြေးတောင်းခံခြင်း၊ ရေယာဉ်အလိုက်ဝန်ထမ်းများ
                 သည်လဲ စက်များကိုလျှော့ပေါ့မောင်းနှင်၍ ဆီပိုလျှံအောင်မောင်းနှင်၍ ရောင်းစားနေခြင်း၊
                 ခုတ်မောင်းနာရီများကိုလဲ လိုသလိုပြုပြင်ပြောင်းလဲနေကြခြင်းစသည်တို့ကို အင်ဂျင်နီယာ
                 ဌာနမှ  လုပ်ဆောင်လျှက်ရှိပါသည်။
 ( ၅ ) ရေးကြောင်းဌာန အခြေအနေတင်ပြခြင်း -
          ( က ) ရေကြောင်းမှူးချုပ်၊ ဒုရေကြောင်းမှူးချုပ် နှင့် လက်ထောက်ရေကြောင်းမှူးချုပ်တို့သည် ရေယာဉ်ရှိ             
                   ၎င်းတို့နေအိမ်တွင်လိုအပ်သည့်အသုံးအဆောင် ပစ္စည်းများအား လိုအပ်သလို
                   မှာယူဝယ်ခိုင်းခြင်း၊ ရေယာဉ်သုတ်ဆေး၊ ရေယာဉ်သုံးကြိုးများအား အလွဲ သုံးစားပြု၍ ကိုယ်ကျိုးရှာဆောင်ရွက်နေပါသည်။
          ( ခ ) ရေယာဉ်မှူးနှင့် သင်္ဘောသားများသည် ခရီးသည်လက်မှတ်မဲ့များတင်ဆောင်၍ ကိုယ်ကျိုးရှာလျှက်ရှိပါသည်။
          ( ဂ ) ရေယာဉ်မှူး၊ တက်မကိုင်နှင့် ရေယာဉ်လိုက်စာရေးများမသည် ရေယာဉ်၏ သတ်မှတ် တန်များထက်  ကုန်များနှင့်
                 ခရီးသည်များအား ပိုမိုတင်ဆောင်ပြီး တန်ဆာခနှင့် ခရီးသည်ခ များ အား နှုန်းထားထက် ပိုမိုကောက်ခံခြင်း
                  စသည်တို့အား နိုင်ငံပိုင်ရေယာဉ်အားအသုံးပြု လျှက် ၎င်းတို့ကိုယ်ကျိုး စီးပွားရှာနေကြပါသည်။
          ( ဃ ) ရေကြောင်းဌာနကြီးတစ်ခုလုံးသည် ရေယာဉ်သုတ်ဆေးများ၊ ကြိုးများ၊ ရေယာဉ်ကျောက်
                  ကြိုးများ၊ ရေယာဉ်ကျောက်ဆူးများ၊ ရေယာဉ်သုံးအရံပစ္စည်းများကို စာရင်းလိမ်ဖော်ပြ၍ အလွဲ သုံးစား ပြုလုပ်နေသည့်
                  ဌာနတစ်ခုဖြစ်ပါသည်။
                    အချုပ်အားဖြင့်ဆိုရသော် နှစ်ပေါင်း ( ၁၀၀ )ကျော်တည်တံခဲ့သော ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနကြီး ( ဧရာဝတီ ) သည် ဦးဆောင်သူနှင့် ဌာနမှူးများ၊ အရာရှိကြီးများ မိမိတို့ကိုယ်ကျိုးအတွက် အဂတိလိုက်စားပြီး ချမ်းသာကြွယ်ဝခဲ့ခြင်း၊ ဌာန၏စီမံအုပ်ချုပ်ပုံ ညံဖျင်းခြင်းကြောင့် ၎င်း၊ မလိုလားအပ်သော အရာရှိအရာခံ အခြားဝန်ထမ်းများ များပြားနေခြင်းကြောင့်၎င်း၊ ၀င်ငွေရှာသည့် ရေယာဉ်များ ၀န်ဆောင်မှု ပေးခြင်းနှင့် ခေတ်နှင့်လိုက်လျှောညီထွေမှူမရှိသည့်ရေယာဉ်များကို သုံးစွဲနေခြင်းကြောင့်၎င်း မလိုလားအပ် သည့် အကြောင်းကြောင်းများကြောင့် နှစ်ပေါင်း ( ၁၀၀ ) ကျော်တိုင် တည်တံခဲ့သော ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနကြီး ( ဧရာဝတီ ) သည် ၎င်းတို့လက်ထက်တွင် ပျက်သုဉ်းလုနီးပါး ဆိုက်ရောက်နေသည့်အတွက် နိုင်ငံတော်သမ္မတ ကြီးနှင့်တကွ လွှတ်တော် ဥက္ကဌ များ လွှတ်တော်ကိုယ် စားလှယ်များ သက်ဆိုင်သည့် ၀န်ကြီးဌာနအားလုံးများအား သိရှိနိုင်ပါရန် အခြေခံလူတန်းစားများဖြစ်သည့် ဧရာဝတီသင်္ဘောဌာနကြီးကို ချစ်မြတ်နိုးသော ကျွန်တော်၊ကျွန်မ တို့မှ ထိန်းသိမ်းနိုင်ပါရန်  တင်ပြအပ်ပါသည်။
ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင်အဖွဲ့ ကျောက်တော်နှင့် မြောက်ဦးရောက်ရှိ *
Inbox
x
Boxbe
ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအား စုံစမ်းစစ်ဆေးရန် စစ်တွေသို့ရောက်ရှိနေ
သည့် ရခိုင်ပဋိပက္ခ စုံစမ်းရေးကော် မရှင်အဖွဲ့သည်စက်တင်ဘာလ(၈)ရက်နေ့တွင်
ကျောက်တော်နှင့် မြောက်ဦးသို့ သွားရောက်မည်ဖြစ်သည်။
ပဋိပက္ခစုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့သည် စက်တင်ဘာ(၇)ရက်နေ့ မြန်မာစံတော်ချိန် ၂နာရီ၄၀မိနစ်က စစ်တွေ မြို့သို့ မြန်မာလေကြောင်းဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာမျိုးမြင့်(ညွှန်ကြားရေးမှူး(ငြိမ်း) ဦးဆောင်သည့် အဖွဲ့ဝင် (၁၉) ဦးသည် စစ်တွေမြို့သို့ရောက်ရှိကာ ပေါက်တော၊ကျောက်တော်၊ မြောက်ဦး၊ ရသေ့ တောင်၊ မောင်တော၊ တောင်ကုတ်အစရှိသည့် မြို့နယ်များသို့ သွားရောက်စုံစမ်းမည်ဖြစ်သည်။
"ဖြစ်စဉ်တွေ ဖြစ်ခဲ့တဲ့နေရာတွေ သွားပြီး လေ့လာမယ်၊ တွေ့သင့်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်၊ များသော အားဖြင့် နားထောင် မယ် ဖြစ်တဲ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ ပြောနိုင်တဲ့ ပုဂ္ဂိုလ်တွေ သူတို့တွေ ရဲ့အမြင်တွေ နားထောင်ပြီးတော့ မှ၊ နောက်တခါ သုတေသနအဖွဲ့တွေလည်း လာမယ်၊ သူတို့ကတော့ အသေးစိတ်ပေါ့၊
ကော်မရှင်အနေနဲ့ကတော့ တတ်နိုင်သမျှ နေရာစုံသွားမယ် ပြောတာဆိုတာတွေ နားထောင်မယ်၊ နောက်ပြီးတော့ တွေ့သင့်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်''ဟု ပဋိပက္ခစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦး ဖြစ်သူ စာရေးဆရာ မောင်ဝံသက သတင်းထောက်များအား ပြောသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဒေါက်တာမျိုးမြင့်၊ ဦးကျော်ညွှန့်၊ ဦးစိုးသိမ်း(ခ)မောင်ဝံသ၊ ဒေါ်သန်းသန်းနု၊ဦးခင်မောင်ဆွေ၊ဦးအေးသာအောင်၊ဒေါက်တာရင်ရင်နွယ်၊ဒေါက်တာဆလိုင်းငွေကျံလျှံ၊ဦးတင်အောင်မိုး၊ဦးအောင်နိုင်ဦး အပါအဝင် အဖွဲ့ဝင်(၁၉)ဦးလိုက်ပါလာခြင်းဖြစ်သည်။
အဆိုပါအဖွဲ့အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်အပါအဝင် ဌာနဆိုင်ရာများက ကြိုဆို ခဲ့ကြပြီး စစ်တွေမြို့ လောကနန္ဒာဘုရားဝင်းရှိ မဟာဝေယံ သိမ်တော်ကြီးတွင် စစ်တွေမြို့မှ ဆရာ တော်ကြီး(၉)ပါးအား ကော်မရှင်က ၄င်းတို့ရောက်ရှိလာခြင်းနှင်းစပ်လျဉ်း၍ ဒေါက်တာမျိုးမြင့်က လျောက်ထားသည်။
ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်အဖွဲ့ကို သြဂုတ်လ (၁၇)ရက်နေ့တွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေး လိုက်ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစ္စလာမ်ဘာသာ ၊ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များဖြင့် စုစုပေါင်း(၂၇) ဦး ပါဝင်သည်။
အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်တွင် (၉)ရက်တာနေထိုင်မည်ဖြစ်ပြီး စက်တက်ဘာလ(၁၅)ရက်နေ့ တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
မြစ်မခမီဒီယာ
မြန်မာ့သတင်းစာရေးသားသကဲ့သို့ အစိုးရ နှင့် PNLO ပြည် ထောင်စုအဆင့်ငြိမ်းချမ်း ရေးလက်မှတ်မထိုးရ *
Inbox
x
သျှမ်းသံတော်ဆင့်
ပြီးခဲ့သည့်လက အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး အ ဖွဲ့ချုပ်က ပြည်ထောင်စုအဆင့်ဆွေးနွေးရန် အကြိုသဘောသာ ဆွေးနွေးခဲ့ရပြီး သဘောတူ လက်မှတ်ရေးထိုးသည့်အဆင့် မလုပ်ရ ကြောင်း PN LO ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
"ကျနော်တို့ ဩဂတ်စ်လ ၂၅ ရက်တုန်းက အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးတာပြည် နယ်အဆင့်ဘဲဆွေးနွေးသဘောတူပါတယ်။ သို့ပေမယ့် မြန်မာ့အလင်းသတင်းစာမှာ ပြည်ထောင် စုအဆင့်ကိုပါဆွေးနွေးသဘောတူလက်မှတ် ထိုးကြပြီလို့ ထည့်သွင်းဖော်ပြထားတယ်။ တကယ်တော့ ကျနော်တို့ ပြည်ထောင် စုအဆင့် သဘောတူညီချက်လက်မှတ်ထိုးခဲ့တာမရှိဘူး၊ မြန်မာ့အလင်းက ဘာလို့အဲဒီလိုရေးလဲမသိဘူးဗျ" ဟု အမည်မဖော် လိုသည့် PNLO တာဝန်ရှိပုဂ္ဂိုလ်တဦးကပြောပါသည်။
ဩဂတ်စ်လ ၂၅ ရက်က PNLO မှ ခွန်မြင့်ထွန်း ဦးဆောင်သော အဖွဲ့နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော် မတီဒုတိယ ဥက္ကဌ ဦးအောင်မင်းတို့ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တောင်ကြီးဟော်တယ်တွင် ပြည်နယ်အဆင့် ငြိမ်းချမ်း ရေးဆွေးနွေး ရာ သဘောတူညီချက် ၅ ချက်အပြင် ညနေပိုင်းတွင် ပြည်ထောင်စုအဆင့်ဆွေးနွေး ရန်အတွက်ပါ အကြိုဆွေးနွေးခဲ့ရ ကြောင်း၊ ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲအား လာမည့်အောက်တိုဘာ၌ ထပ်မံတွေ့ဆုံ ဖွယ်ရှိကြောင်း ထိုစဉ်က တောင်ကြီးရောက် ဗိုလ်မှူးကြီး ခွန်သူရိန်က သျှမ်းသံ တော်ဆင့်သို့ ဤကဲ့သို့ ပြောပြဖူးပါသည်။
"နှစ်ဦးနှစ်ဘက်ယုံကြည်စိတ်ချမှုရှိဖို့ အချိန်ယူရမယ် ထို့အတွက် ဒုတိယအကြိမ်ပြုလုပ်မယ့် ပြည် ထောင်စုအဆင့် ဆွေးနွေးပွဲမှာလဲ ပွင့်ပွင့် လင်းလင်းဆွေးနွေးဖို့ ပိုမိုလိုအပ်တယ်" - ဟု ဗိုလ်မှူးကြီးခွန်သူရိန်က ဆို၏။
မြန်မာ့အလင်းသတင်းစာ၌ ထိုကဲ့သို့ထင် ယောင်ထင်မှားဖြစ်အောင်မှားယွင်းဖော်ပြထားမှုသည် ကြီးမားသော ပြဿနာ တခုမဟုတ်သည့် တိုင် အ နာဂတ် မိမိတို့ကြား ယုံကြည်မှုတည်ဆောက်ရန် အတွက် အခက်အခဲဖြစ်စေကြောင်း အဆိုပါ အမည်မဖေါ်လို PNLO တာဝန် ရှိပုဂ္ဂိုလ် ကပြောသည်။
" အချင်းချင်း ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အမှန်တရားနဲ့တည်ဆောက်ရမှာဖြစ်တယ်။ မ မှန်ကန်မှုနဲ့တည်ဆောက် လို့မရပါဘူး။ အဲဒီ လို မီဒီယာမှာ မှားယွင်းဖော်ပြလိုက်တာ ကြီးမားတဲ့ ပြဿနာတခုမဟုတ်ဘူးဆိုပေမယ့် အ သေးအမွှား ကိစ္စမှာတောင်ယုံကြည်လို့မရရင် ကြီး မားပြီး အရေးကြီးတဲ့ကဏ္ဍမှာ ဘယ်လိုလုပ် ယုံကြည်နိုင်ပါတော့မလဲ ဆိုတာတွေးစရာ တခု ဖြစ်လာစေတယ်" - ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်း သံတော်ဆင့်အား ပြောပြသည်။
လက်ရှိတွင် သမ္မတဦးသိန်းစိန် ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးကိစ္စအား လက်ခံဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးသည့် တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ရှိပြီးဖြစ်သည်။ အများအားဖြင့်လည်း ပြည်ထောင်စုအဆင့်သဘောတူညီမှု ရယူ နိုင်ခဲ့ကြသည်။
သို့သော် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံးနှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည့်အပြင် ရပ်ရွာလူထုလည်း စစ်ဘေး စစ် ဒဏ်အလူအလဲခံနေရဆဲ ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အစိုးရ တို့ကမူအကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးသော် ငြားးလည်း အစိုးရက နိုင်ငံရေးကိစ္စ ဦးစားပေးဆွေးနွေးခြင်းမရှိသောကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အနှောင့်အယှက် ဖြစ်ခဲ့ ရပြီး ယနေ့တိုင် တိုက်ပွဲများလည်း ဖြစ်ပွားနေဆဲဖြစ်သည်။
--
အစားအသောက်တွေထဲ ထည့်လေ့ရှိတဲ့ ဒီ ဓါတုပစ္စည်းတွေ
https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-prn1/549519_408857265841711_280216086_n.jpgသင်ဒါတွေဖတ်ပြီးမှာမြန်မာပြည်က အစားအသောက်တွေကို သင်ဆက်စားသင့်ပါသလား?
ရွှေလို့ခေါ်သောရွှေဗမာများ သင်သိဒါတွေသိပြီးကျပါပြီလား? ဘယ်လောက်အန္တရယ်များတယ် မြန်မာပြည်က စားသောက်ကုန်တွေ ထုတ်လုပ်နေကျတယ်ဆိုတာ ကို voaburmese မှာဖတ်လိုက် ရသောအခါမှာတော့.....
ကျွှန်တော်မြင်တာက ဒီလိုစားသောက်ကုန်တွေကိုက "စားသုံးသူတွေကို နှစ်ရှည်အဆိပ်ခတ် အသေသတ်နေကျတဲ့ အဖြစ်မျိုး အခြေနေနှင့်မတူဘူးလား ကြည့်လိုက်စမ်းပါ!"
အဲ ! ပြောစရာဖြစ်နေတာက တခြားသောနိုင်ငံထုတ်ကုန်တွေကောဘယ်လိုနေလဲ? စားသုံးသူအတွက် အန္တရယ်ကင်းရဲ့လားလို့ မေးစရာဖြစ်နေပါတယ်? ဒါက သူနိုင်ငံနှင့်သူ သေချာစီစစ် လေ့ရှိတဲ့ စားသောက်ကုန်စီစစ်ရေးဌာနဖြစ်ကျသော စကာင်္ပူဆိုရင် AVA or Agri-food & veteringry Avthority of Singapore (http://www.ava.gov.sg/) ဆိုတာတွေရှိတော့ အန္တရယ်ရှိသော စားသောက်ကုန်တွေရဲ့ပညာပေးသတင်းတွေနှင့် ပိတ်ပင်လေ့ရှိတာကို တွေ့ရပါတယ်၊ အမီမြန်မာပြည်မှာတော့ ပညာပေးမှုနှင့် ပိတ်ပင်စီစစ်မှုတွေ အားနည်း နေသေးတာကိုတွေ့ရပါတယ်၊ ဒါတွေကြောင့် မိမိရဲ့ကျန်းမာရေးကို မိမိကိုယ်ကိုကိုယ်ဆင်ခြင် ထိန်းသိမ်းနိုင်မှ တော်ရုံကျပါလိမ့်မယ်၊ ဒီမှာဆေးရုံကုသစရိတ်က ဂဏာန်းငါးလုံးလောက် အနည်ဆုံးရှိတာကြောင့် တော်ရုံတန်ရုံလူဆိုရင် ဒီကုန်ကျစရိတ်တွေကို ဘယ်လိုကျခံနိုင်မလဲ?
အခုတလော မြန်မာပြည်ကအသိတွေ ဒီမှာ ဆေးလာကုနေတာတွေတောက်လျှောက် ဆိုသလိုတွေ့မြင်ကြားသိနေရတာ ကြောင့် ရောဂါတွေကတော့ အစုံပါဘဲ၊ ကုလို့ရတဲ့လူတွေရှိသလို ကုလို့မရလို့ ငွေကုန်လူပင်ပန်းပြီးပြန်သွားတဲ့လူတွေလဲရှိနေတာကြောင့် voaburmese က ဒီပညာပေးလေးကိုကူးယူပြီး ပြန်အသိပညာပေးလေးအဖြစ်ဆက်ရေးသွားတာပါ၊
အမိမြန်မာပြည်က အစားအသောက်တွေကိုမှာ အာတွေရှာတွေသော ရွှေဗမာများ ဒီစာပိုဒ်တွေကို သေသေချာဖတ်ပြီးမှ သင်တို့ရဲ့ အာသာပြေ ဗမာပြည်ကထုတ်လုပ်သော အစားအစာများနှင့် ထွက်ရှိသောအစာများကို ဆက်လက်စားသင့်ပါသလား? တားဆီးပိတ်ပင်သင့်ပါကြောင်း အသိပေး ပါရစေ!
ဘယ်လိုဆက်လုပ်သင့်ပါသလဲ? အကြံဥာဏ်တွေပေးကျပါအုံး! အပေါင်းအသင်း သူငယ်ချင်းများ အသိပညာပေး ဆက်လက်ဖြန့် လက်ဆင့်ကမ်းဖြန့်ဝေသင့်ပါကြောင်း အသိပေးပါရစေ....
ခင်မျိုးသက်(voa burmese) 17.07.2012 09:00
မြန်မာနိုင်ငံသားတွေအတွက် အစားအသောက်တွေကနေ တဆင့်ကြုံတွေ့ရနိုင်တဲ့ ဓာတုအဆိပ်သင့်နိုင်ချေတွေအကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။
အလွန်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လူတွေအတွက် အဆိပ်သင့်စေမှန်းမသိကြဘဲ မြန်မာနိုင်ငံထဲက စားသောက်ကုန်လုပ်ငန်း တွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာတွေ့ရပါတယ်။ ဒီအထဲမှာ အဓိက သုံးနေတာက အစားအသောက်ကို တာရှည်ခံအောင် လုပ်တဲ့ နေရာမှာ သုံးနေတာလို့ ဓာတုဗေဒ ပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။
အဓိက ဒီမှာ သုံးနေကြတာက အစားအသောက်ကို တာရှည်ခံအောင်လုပ်တဲ့ ပစ္စည်းတွေပေါ့။
ဥပမာ ၀က်အူချောင်းမှာ ဆိုရင် ယမ်းစိမ်း ထည့်မယ်၊ မုန့်ဟင်းခါးမှာ ဆိုရင် ဘိုရက်စ် လို့ခေါ်တဲ့ လက်ချားတွေထည့်မယ်ပေါ့။ မုန့်ဟင်းခါးမှာ ၂ မျိုး ရှိတယ်။ ရှယ်နဲ့ရိုးရိုးနဲ့ပေါ့။ ရှယ်ဆိုရင်တော့ သူက ဘိုရက်စ်မထည့်ထား ဘူးပေါ့။ ဈေးနဲနဲ ပိုကြီးတယ်။ ဘိုရက်စ် ထည့်ထားတော့ သူက ရေလည်း နဲနဲ စုပ်တယ်။ ပွလည်း ပွတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။
နောက် တာရှည်ခံအောင်ထည့်တာ အဓိကကတော့ ဖေါ်မလင် ပဲပေါ့။ ဖော်မာ ဒီဟိုက်လေ။ လူတွေသေတဲ့ အခါမှာ တာရှည်ခံအောင် ဆေးထိုးတာဖြစ်တယ်။ အမေရိကန်တို့ အင်္ဂလန်တို့၊ ဥရောပတို့မှာ အကုန်လုံးပဲ ဒီဆေးအတွက် ပိတ်ပင်ထားတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အဓိက နွားနို့ပို့တဲ့ သူတွေကတော့ အမြဲသုံးတယ်။ ဘာလို့လည်း ဆိုတော့ တကယ်လို့ ကျောက်တံခါးလိုနေရာကနေ ရန်ကုန်ရောက်ဖို့ ရထားနဲ့ ပို့တဲ့ အခါကျတော့ အချိန်ကြာတဲ့အတွက် အဲဒီ အချိန်အကြာကြီးကို တာရှည်ခံအောင် ဆိုပြီးတော့ ကျောက် တံခါးက နွားနို့တွေမှာ ဖေါ်မလင်ထည့်လေ့ ရှိတယ်။ နို့ဆီချက်ကြရင်လည်းပဲ ဖေါ်မလင်တွေ ထည့်ချက်လေ့ ရှိကြတယ်။
ပြဿနာ နောက်တခုကတော့ အသားတွေ၊ ငါးတွေမှာထည့်ကြတာ။ နေရာတနေရာကနေ တနေရာ ပို့ကြရင် ကျနော်တို့ အအေးခန်းတွေ မလုံလောက်လို့ပဲ။
အဲဒါက ဘယ်လို ပုံစံနဲ့ အန္တရာယ် ပေးတာပါလဲ?
ရန်ကုန်မှာ မီးပျက်လေ့ရှိတာမို့ အအေးခန်းတွေမှာ ငါးတွေ လှောင်ပြီ ဆိုရင် ငါးတွေကို တာရှည်ခံအောင် သူတို့က ဖေါ်မလင်တွေ ထိုးကြတယ်။ ကျွန်တော်တို့ မနှစ်တုန်းကဆို မုံရွာကို ပို့လာတဲ့ငါးတွေမှာ တော်တော့် ကို ပြဿနာတက်တယ်။ အဲဒီငါးတွေဟာ ပုပ်တာလည်း ပါတယ်။ ဖေါ်မလင် ထိုးတာလည်း ပါတယ်။ ဒါတွေကိုဘာလို့ ရေခဲ အအေးနဲ့ မပို့လည်းဆိုတော့ ရေခဲတွေက အလေးချိန်စီးတော့ ကားပေါ်တင်လို့ ကားက အိုဗာဝိတ်ဖြစ်သွားရင် ဒဏ်ငွေတွေ အများကြီးဆောင်ရတယ်။ ဒါ့ကြောင့် ကားသမားတွေက ငါးတွေ တင်လာလို့ ရေခဲရိုက်ထားရင် ရေခဲတွေကို ဖယ်ပစ်တတ်ကြသလို ငါးတွေလည်း ပုပ်ကုန်ကြတာပါ။ အဲဒီလို မဖြစ်အောင် ရေခဲနဲနဲထည့်ပြီး ဖေါ်မလင်ထိုး ပို့ကြတာမို့ စားသုံးသူလက်ထဲကို ဖေါ်မလင်ပါတဲ့ ငါးတွေ ရောက်ကုန်တာဖြစ်ပါတယ်။ ဖေါ်မလင်ဟာ ကာစီနိုဂျင်းနစ်လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ အရာမို့ တော်တော်အန္တရာယ်ရှိတဲ့ ပစ္စည်းပါ။ ပဲပြားတွေမှာလည်း အလားတူ တွေ့ရတတ်ပါတယ်။ ပဲပြားတိုင်းလိုလိုမှာ တွေ့ရတတ်ပြီး တောင်ငူလို နယ်ကနေရန်ကုန်ပို့တဲ့အခါ တာရှည်ခံအောင် ဖေါ်မလင် ထည့်ကြတယ်လို့ သိရတယ်။
အဲဒီတော့ ဖေါ်မလင်ကို တကယ့်ကို ပေါပေါများများ သုံးနေတာက ကျွန်တော်တို့ မြန်မာပြည် တ၀ိုက် ပေါ့လေ၊
မြန်မာပြည်နဲ့ တရုတ်ပြည် တ၀ိုက်မှာတော့ ဖေါ်မလင်ကို သုံးတာတွေ့ရပါတယ်။
ဖေါ်မလင်က လူကို ဘယ်လိုပုံစံနဲ့ အန္တရာယ်ပေးပါသလဲ။
ဖေါ်မလင်က HCHO ပေါ့။ သူက အလွယ်တကူ အငွေ့လည်း ပျံနိုင်တယ်။ ရေထဲမှာလည်း ပျော်ဝင်နိုင် တယ်။ ဒါ့ကြောင့် သူက ကာဗွန်ဒြဗ်ပေါင်း တွေ ဖြစ်တဲ့အတွက် သွေးလည်ပါတ်မှုတွေထဲမှာ သူက၀င်ရောက် သွားပြီးတော့ အန္တရာယ် ရှိနိုင်တယ်လို့ ပြောပါတယ်။
မုန့်ဟင်းခါးမှာ သုံးတဲ့ ဘိုရက်စ်ကျတော့ရော-
ဘိုရက်စ် ဆိုတာ လက်ချားပေါ့။ လက်ချားရဲ့ အန္တရာယ်ကတော့ အများကြီးတော့ မသိဘူးပေါ့။ ဒါပေမယ့် အခုလောလောဆယ် သူတို့ ၀မ်းပျက်တာ ဘာညာ ရှိတယ်။ ဘိုရစ်အက်စစ်ဆိုတာက အနာတွေမှာ ထည့်လို့ရတာပေါ့။ ဒါပေမယ့် သူက ဘာမှန်းမသိသေးတဲ့ အရာတခုဖြစ်တယ်။ ဒါကို တကယ့်တကယ်မှာ သုံးခွင့် ပေးမထားဘူး။ FDA အဖွဲ့တွေဘာတွေက သုံးခွင့်မပေးဘူး။ ဒါပေမယ့် စစ်ဆေးမယ့်သူမရှိတော့လည်း ဆက်ပြီးတော့ သုံးနေကြတာ ပေါ့။ လက်ချားကို ပုံမှန် ထည့်ကြတယ်။
နောက် မုန့်ဟင်းခါး သမားတွေက အကျော်မှာလည်း နံမယ်ပျက်နေတယ်။ ပဲကျော်ဆို ဘာနဲ့ကျော်လည်း ဆိုရင် ဆီထဲမှာ ပလပ်စတိတ် ပစ္စည်းတွေ ထည့်ပြီးကျော်တော့ ပိုပြီးတော့ ကျွတ်ရွတယ်လို့ ပြောတာပဲ။ အခုထက်ထိလည်း အဲဒါကို အရေးယူတာ ဖမ်းတာမျိုး ကျွန်တော်တော့ မတွေ့ရသေးဘူး။ ဒါပေမယ့် ပလပ်စတစ်အိတ် ရှိမရှိက ကျန်တဲ့ စစ်ဆေးရေးနည်းလမ်းတွေလည်း ဘယ်သူမှ မသိကြဘူးပေါ့။
ကျွန်တော်တို့ နွားနို့မှာ ဖေါ်မလင် အပြင်ကို ဟိုတခါ တရုတ်ကထည့်တဲ့ မယ်လမင်းတွေလည်း ထည့်တာ ရှိတယ်။ မယ်လမင်းက နိုက်ထရိုဂျင်ပေါ့။ သူက နိုက်ထရိုဂျင် ကွန်ပေါင်းတွေ ဖြစ်တော့ မယ်လမင်းကို နို့မှုန့်လိုပဲ နွားနို့တွေကို စစ်မယ် ဆိုရင်၊ တကယ်လို့ မယ်လမင်းရောထားရင် သူ့ရဲ့ နိုက်ထရိုဂျင် ပါဝင်မှုက များတော့ သူ့ထဲမှာ လိုအပ်တဲ့ ပရိုတိန်း ပါတယ် ဆိုပြီးတော့ မယ်လမင်းကို လက်ခံကြတာ များတယ်။ အဲဒီတော့ မယ်လမင်းကို မသိတော့ လက်ခံတာပေါ့။ မယ်လမင်းကလည်း ဒီလိုပဲ။ ဒီ နိုက်ထရိုဂျင် ကွန်ပေါင်းတွေ အားလုံးက ကာစီနို ဂျင်းနစ် တွေပဲ လေ။ အန္တရာယ် အများကြီး ရှိတယ်။ ကင်ဆာဖြစ်နိုင်တဲ့ဟာ။
လက်ချားတို့ ဖေါ်မလင်တို့ နောက် ပလပ်စတိတ် တို့ မယ်လမင်းတို့ လိုပစ္စည်းတွေ အပြင် နောက် အစားအစာနဲ့ ပါတ်သက်ပြီးတော့ သိဖို့ လိုအပ်တဲ့ တခြား ဓါတုပစ္စည်း ဘာရှိပါသေးလဲဆရာ
ဓါတုပစ္စည်း သက်သက် အနေနဲ့ကတော့ ဒီ အရက်တွေ ဘာတွေ သောက်ရင်တော့ အရက်က တော်တော် မူးအောင် လုပ်တယ် ဆိုပြီးတော့  သူတို့ ပိုးသတ်ဆေးတွေ ဘာတွေထည့်တယ်။ ဒီ အင်ဒရင်းတို့ ဘာတို့ပေါ့လေ။ အဲဒါနှီးဖျားလေး တခုစာလောက် ရင် အရမ်းမူးတယ် ဆိုပြီးတော့ ဒီအရက်တွေမှာ ထည့်လေ့ ရှိတယ်။ အရက်ချက်တဲ့နေရာမှာ နောက်သူတို့ထည့်တတ်တာကတော့ ယူးရီးယား သုံးတယ်။ ပုလဲ ဓါတ်မြေသြဇာလိုပေါ့။ ယူးရီးယားနဲ့ အရက်ချက်လိုက်ရင် အင်ဇိုင်းတွေက အင်မတန် မြန်မြန် ဆန်ဆန် ပေါက်ပွါးတယ် ဆိုပြီးတော့ အရက် မြန်မြန် ဖြစ်တာပေါ့လေ။ သို့သော် ဒါကို Distilled လုပ်တဲ့အခါမှာ ပေါင်းခံတဲ့အခါ ထွက်လာတဲ့ အငွေ့တွေထဲမှာ အရက်ဆီထဲမှာ သူတို့က တခါတလေကျတော့ ဓါတ်ပြောင်းပြီးတော့ ဆိုင်ယာနိုက် ဖြစ်လာတဲ့ အထိကို ပါလာပြီးတော့ လူတွေကို အန္တရာယ်ဖြစ်စေတာရှိတယ်။ ဒါပေမယ့် ဒါဟာ အမြဲတမ်း မဖြစ်ဘူး။ ဒါပေမယ့် နိုက်ထရိုဂျင် ကွန်ပေါင်း ဖြစ်သွားတယ်။ အဲဒီကွန်ပေါင်း တွေကတော့ ကျွန်တော်တို့ကို တော်တော် ဒုက္ခပေးတာ တွေ့ရတယ်။ နောက် ၀က်အူချောင်းမှာလည်း အခုပြောတဲ့ နိုက်ထရိုဂျင်ကွန်ပေါင်းတွေ၊ ဆိုဒီယမ် နိုက်ထရိတ်တို့ ပိုတက်ဆီယမ် နိုက်ထရိတ်တို့ ပါလာတယ်။
အဲဒါတွေက ၀က်အူချောင်းမှာ သုံးကြတာ။ ၀က်အူချောင်း ကြိုက်တဲ့လူတွေ၊ အရက်ကြိုက်တဲ့လူတွေအတွက် သတိထားစရာပါ၊ ဟုတ်ပါတယ်။ ဒီအရက်ကတော့ အခုမှ လုပ်လာကြတာပါ။ ၀က်အူချောင်းကတော့ ရှေးနှစ်ပေါင်း များစွာကတည်းက လုပ်နေကြတာ။
အသီးအရွက်တွေ လန်းဆန်းအောင် ရောင်းကောင်းအောင် ဆေးသုံးတာမျိုး ရှိပါသလား?
တချို့သုံးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အသီးအရွက်တွေက ဈေးပေါနေတော့ ဆေးသုံးရင် သိပ်မကာမိ ဘူးပေါ့။ သို့သော်လည်း ငှက်ပျောသီးတို့ ဘာတို့ ဆိုမှည့်အောင် သူတို့ ဆေးသုံးကြ တယ်လို့ ပြောပါတယ်။ တရုတ်ပြည်ကလာတဲ့ ဆေးအမှုန့်ပါ အဖြူရောင် အမှုန့်တွေပဲ ထည့်ကြတာ၊ အဲဒါကို ရေနဲ့ စိမ်လိုက်ပြီးတော့ အပေါ်မှာ ဆွဲထားလိုက်ရင် ငှက်ပျောသီးတို့ သရက်သီးတို့ က လုံးဝ မှည့်သွားတာပေါ့။ အထဲမှာ စိမ်းရင်စိမ်း မယ်။ အပြင်မှာတော့ အ၀ါရောင် သန်းသွားတယ်။ အဲဒီတော့ ရောင်းလို့ ကောင်းသွားတာပေါ့။ သင်္ဘောသီး တို့ ငှက်ပျောသီးတို့ ကို ဆေးစိမ်လေ့ရှိပါတယ်။ သူက နှစ်လိုက်ရုံပဲ နှစ်ပြီး ပြန်ဆွဲထုတ်လိုက်ရုံပဲ။
ဘာဆေးမှန်းတော့ သေသေချာချာ မသိဘူး။ ပထမတော့ ယူရီးယားလို အမှုန့်ပဲ၊ ဓါတ်မြေသြဇာက ရတဲ့ ပုံစံမျိုးပဲ ပြောကြတယ်။
အစားအသောက်တွေထဲ ထည့်လေ့ရှိတဲ့ ဒီ ဓါတုပစ္စည်းတွေ ပြည်ပက ၀င်တာကို ကန့်သတ်မှုတွေ စစ်ဆေးတာ မျိုးတွေ ဖိဖိစီးစီး မလုပ်နိုင်သေးပါဘူး။
အစိုးရက မသုံးရဘူးလို့ ပြောတာကြားပေမယ့် မြန်မာပြည်မှာက မသုံးရဘူးလို့ ပြောတာတွေကို ဆက်သုံးနေကြတာပါ ပဲ
ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုပါ။ နောက်တပါတ်မှာတော့ အစားအစာတွေထဲမှာ ဆိုးဆေးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတာနဲ့ ပလပ်စတစ်မှာပါတဲ့ လူကို အန္တရာယ် ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ အကြောင်းကို ဆက်ပြီးပြောပြပေးမှာပါ။
Ref: voaburmese
Nandar Laywin ဆီကနေတစ်ဆင့်ရပါတယ်ခင်ဗျာ...
— with Khine Thinzar Naing, New MyanmarFoundation, KoAung Aung, Pwint Phyo Paing, ကြယ် စင်ဝေ and Shwe War Thet.
တိုင်းပြည်၏ အမြင့်ဆုံး အာဏာကို ကျင့်သုံးလိုက်သည့် လွှတ်တော်အား သုံးသပ်ခြင်း
Inbox
x
တိုင်းပြည်၏ အမြင့်ဆုံး အာဏာကို ကျင့်သုံးလိုက်သည့် လွှတ်တော်အား သုံးသပ်ခြင်း
Written by အောင်ထူး(ရှေ့နေ)         Saturday, 08 September 2012 14:46
တိုင်းပြည်၏ အမြင့်ဆုံးနေရာတွင်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံးတရားသူကြီးများအား ကန်ထုတ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏
လွှတ်တော်ဟူသော အဖွဲ့အစည်းသည် ဗြိတိသျှပါလီမန် တံခိုးထွားစဉ်ကပင်
ကျင့်သုံးခြင်းမပြုခဲ့သည့် လူကို ခွေးဖြစ်အောင် လုပ်နိုင်လောက်သည်အထိ
အမြင့်ဆုံးသောအာဏာကို ကျင့်သုံးပြလိုက်ပါပြီ။ ယင်းနှင့်စပ်လျှဉ်း၍
စက်တင်ဘာလ (၆)ရက်နေ့ည၌ ဘီဘီစီ အင်တာဗျူးတွင် စာရေးသူ၏ ဖြေကြားချက်ကို
ဤလင့်ခ်တွင် နားဆင်နှင့်ပါသည်။
https://docs.google.com/open?id=0BzC8VZhwp11ANW5UMFlrVDd2dEk
၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
တရားသူကြီးအားလုံးကို ဖြုတ်ထုတ်လိုက်ပြီ ဖြစ်သဖြင့် နောက်အသစ်ခန့်ထားမည့်
တရားသူကြီးများသည် လွှတ်တော်အား လုံးဝပင်ရိုးကျိုးရပါတော့မည်။ ဤဖြစ်ရပ်မှာ
လက်ရှိ အမြင့်ဆုံးအခြား တရားရုံးကြီးဖြစ်သည့် တရားလွှတ်တော်ချုပ်ကို
ပါရိုက်ခတ်သွားပြီး ၄င်း၏ဦးခေါင်းကိုပါ ချိုးနှိမ်လိုက်သကဲ့သို့
ဖြစ်သွားပါပြီ။ လူထုအတွက် အားကိုးတိုင်တန်းရမည့် လွတ်လပ်၊ ဘက်မလိုက်၊
ထက်မြက်သည့် တရားစီရင်ရေးစနစ် ပေါ်ပေါက်လာရေး ဆိုသည်မှာ ရေပေါ်တွင်
အရုပ်ရေးသည့် အဆင့်ဖြစ်သွားပါပြီ။
လူထုကိုယ်စားလည်များနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်၊ လူထုနှင့်
နီးစပ်သည့်လွှတ်တော်က ယင်းသို့အမြင့်ဆုံးအာဏာကို ကျင့်သုံးခြင်းမှာ
မကောင်းဘူးလားဟူ၍ စောဒကတက်စရာရှိသည်။ သို့ရာတွင် ကြိုတင်မဲများဖြင့်
နေရာယူထားကြသော လူထု ကိုယ်စားလှယ် အစစ်အမှန်မဟုတ်သူများမှာ အများစုကြီး
ဖြစ်နေသည့်အပြင် စစ်ဗိုလ်တမတ်သားပါ ပါဝင်နေသော လွှတ်တော် ဖြစ်နေသည့် ပကတိ
လက်တွေ့အခြေအနေကို မမေ့စေလို။ လူထုကိုယ်စားလှယ်
စစ်စစ်မှန်မှန်များနှင့်ပင် ဖွဲ့စည်းထားစေဦးတော့
တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် လွတ်လပ်စွာ သီးခြားရပ်တည်ကာ Judicial Review
ဟုခေါ်သော ပြန်လည်သုံးသပ်သည့် အခွင့်အာဏာကို သုံးစွဲလျှက်
ဥပဒေပြုလွှတ်တော်နှင့် အစိုးရအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
အခြားဥပဒေများရှုဒေါင့်မှ ကြပ်မတ်လည်ပတ်စေသည့် ဒီမိုကရေစီနိုင်ငံများ၏
အစဉ်အလာကိုပါ ပြန်လည်စဉ်းစားဖို့ လိုပါမည်။ ယခု ဤအခြေခံကို
လက်ရှိလွှတ်တော်က ငြင်းပယ်လိုက်ပါပြီ။
အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ ကိုယ်ပိုင်ပစ္စည်းစာရင်းကောက်ယူရေး
ဥပဒေကြမ်းတင်သွင်းရန်ကြိုးပမ်းသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်ပြုရပါမည်။ သို့ရာတွင်
ယင်းကြိုးပမ်းမှုကို လူများစု မဲဟူသည်အား အသုံးပြုကာ အသာကလေး
ရိုက်ချလိုက်ခဲ့ပြီကို သုံးသပ်သင့်ပါသည်။ လူထုအတွက် စစ်စစ်မှန်မှန်
အကျိုးရှိမည့် ဥပဒေများ ဤအတုအယောင် လွှတ်တော်ကြီးမှ ပေါ်ထွက်လာရန်
မဖြစ်နိုင်ပါ။ သို့ရာတွင် လူထုက စစ်မှန်စွာရွေးချယ် တင်မြှောက်ခြင်း
ခံထားရသည်ဟု လက်ခံထားကြသော အမတ်အချို့မှာပင် လွှတ်တော်ကို
အကောင်းမြင်လွန်းနေကြဆဲ ဖြစ်ကြောင်းတွေ့ရသည်။ လူဟူသည်မှာ
မိမိတာဝန်ယူဆောင်ရွက်နေသော အလုပ်အပေါ် တန်ဘိုးထား လေ့ရှိကြသဖြင့်
အကောင်းမြင်ခွင့်ရှိပါသည်။ သို့ရာတွင် မည်သည့်အတွက် ယင်းသို့
အကောင်းမြင်နေသည်ကိုမူ လူထုကို ရှင်းပြသင့်သည်။
စာရေးသူအနေဖြင့်မူ လွှတ်တော်၏ပကတိအနေအထားကို အောက်ပါအတိုင်းသုံးသပ်ပါသည်။
(၁) ယင်းလွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံ၏ မည်သည့် ကြောရိုး
တစ်ခုတစ်လေကိုမျှ ပြင်နိုင်ခြင်းမရှိသေးပါ။ အရေးမပါသည့်
ပုဒ်မအချို့လောက်ကို ပြင်ခွင့်ပေးပြီး ၂၀၁၅ ရွေးကောက်ပွဲအထိ
အချိန်ဆွဲထားမည့် အလားအလာကိုသာ တွေ့နေသည်။
(၂) စစ်အာဏာရှင်စနစ်ကို ပံ့ပိုးပေးသည့် ဖေါက်ပြန်ဖိနှိပ်သည့်
တည်ဆဲအုပ်ချုပ်ရေး ယန္တယားများအား ပြင်ဆင်ဖွဲ့စည်းရေး အတွက် မည်သည့်
ဥပဒေတစ်ခုတစ်လေကိုမျှ မပြဌာန်းနိုင်သေးပါ။
(၃) ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ ယခုအချိန်
တည်ရှိနေဆဲဖြစ်ပြီး လူ့အခွင့်အရေးအခြေခံကို ရုပ်သိမ်းထားသည့် အဓိကကျသော
မတရားဥပဒေကြီးများအနက် တစ်ခုတစ်လေကိုမျှ ရုပ်သိမ်းနိုင်ခြင်း မရှိသေးပါ။
(၄) လူ့အခွင့်အရေးအခြေခံကို ဖေါ်ဆောင်ပေးမည့် မည်သည့်
ဥပဒေသစ်တစ်ခုတစ်လေကိုမျှ ပြဌာန်းနိုင်ခြင်းမရှိသေးပါ။ သတင်းမီဒီယာ
လွတ်လပ်ခွင့်ကို အာမခံမည့် ဥပဒေဆိုသည်မှာလဲ အသံသာကြားပြီး အဆံမရှိသည့်
အမြှောက်ပမာ ဖြစ်နေသည်။ ပြီးခဲ့သော နှစ်များအတွင်း လူ့အခွင့်အရေး
ချိုးဖေါက်ခံခဲ့ရသဖြင့် နစ်နာဆုံရှုံးခဲ့ရသည့် တိုင်းရင်းသားပေါင်းစုံ
လူထုကြီး၏ ဘ၀ကို ကုစားပေးရေး၊ လျော်ကြေးများရရှိရေး၊
ပြန်လည်ထူထောင်နိုင်ရေးတို့အတွက် မည်သည့်ဥပဒေ တစ်စုံတစ်ရာမျှ
ပြဌာန်းခြင်း မရှိသေးပါ။ ပြဌာန်းမည့် အလားအလာလည်း စိုးစဉ်းမျှ မတွေ့ရပါ။
(၅) အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်များပေးထားသည်ဟူသော
ဥပဒေမှာလည်း တစ်ဖက်မှလှည့်ပြီး ထိမ်းချုပ်ထားသည့် ဥပဒေသာ ဖြစ်နေသည်။
ဖျက်သိမ်းလိုက်သည့် "၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂဥပဒေမှာ" ယခု လွှတ်တော်က
အသစ်ပြဌာန်းလိုက်သော ဥပဒေထက် အဆတရာ ကောင်းမွန်ပါသည်။
လယ်သမားများအတွက်လည်း လယ်လုပ်သူ လယ်ပိုင်ခွင့်ရှိသည့် မည်သည့်ဥပဒေကိုမျှ
ပြဌာန်းမပေးသဖြင့် တပြည်လုံးအနှံ့ မြေယာကိစ္စများ ပြဿနာတက်လျှက်ရှိသည်။
ယခုလယ်သမားထု၏ မြေသိမ်းတိုက်ပွဲ တစ်စုံတစ်ရာ စတင်နေပြီကို
တွေ့မြင်နိုင်ပါသည်။
(၆) လာမည့် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲ လွတ်လပ်မျှတစေရန်၊ ၂၀၁၀ ခုနှစ်က
အတွေ့အကြုံမျိုးကို ရှောင်ရှားနိုင်စေရန် လွတ်လပ်သည့်
ရွေးကောက်ပွဲကော်မရှင်တရပ် ပေါ်ထွန်းလာစေရေးအပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ
ဥပဒေတစ်စုံလုံးကို အသစ်ပြဌာန်းရန်လိုပါမည်။ ယခုအချိန်အထိ ယင်းအတွက်
မည်သည့်လှုပ်ရှားမှု တစ်ခုတစ်လေကိုမျှ လွှတ်တော်အတွင်းတွင် မတွေ့ရပါ။
လူထုထံမှ အကြံဥာဏ်များ ရယူသံလည်း မကြားရပါ။
(ရ) တိုင်းပြည်မှ နည်းလမ်းအမျိုးမျိုးဖြင့် လက်ခံ၊ ရှာဖွေ၊
ရယူကာတပ်မတော်က အသုံးပြုနေသည့် ဘဏ္ဍာငွေကြေးများ အားလုံးကို
သိရှိနိုင်အောင်၊ ကြီးကြပ်စစ်ဆေးခွင့်ရအောင်၊ အလွဲသုံးမှုများတွေရှိပါက
အရေးယူခွင့်ရအောင် ဥပဒေ တစ်ခုတစ်လေကိုမျှပြဌာန်းခြင်း ပြဌာန်းရန်
လေ့လာဆွေးနွေးနေကြခြင်းများ တစ်စုံတစ်ရာမျှ မကြားရပါ။ ယင်းနှင့်
သက်ဆိုင်ရာ ဥပဒေပေါ်ထွက်မလာပါက မြန်မာနိုင်ငံသည် " အိပ်ပေါက်နှင့်
ဖားကောက်တဲ့ဘ၀" က တက်နိုင်မည်မဟုတ်။ အခြေခံလူထုများသည် ကြောမွဲနင်းပြား
ဆင်းရဲသားများဘ၀မှ မည်သည့်အခါတွင်မျှ တက်လာနိုင်မည်မဟုတ်ပါ။ လက်ရှိ
လွှတ်တော်က ပြဌာန်းပြီးခဲ့သမျှသော ဥပဒေများမှာ စနစ်ဟောင်းနှင့်
တည်ဆဲအုပ်ချုပ်ရေး ယန္တရားဟောင်းများ လည်ပတ်အောင် ပံ့ပိုးပေးသည့်
ဥပဒေများသာ ဖြစ်နေပါသည်။
အမှန်ဆိုရလျှင် ယင်း ဥပဒေများအား ယခင် နအဖ၊ န၀တ ခေတ်က လူ(၅၀)ခန့်မျှနှင့်
ပြဌာန်းနိုင်ခဲ့သော ဥပဒေများဖြစ်သည်။ ယခု လူတစ်ထောင်ခန့် အင်အားသုံးပြီး
ပြဌာန်းနေရသည့် အနေအထားမျိုးသာ ရှိနေသည်။ ယင်းသို့ဖြစ်လျှင် လွှတ်တော်
ဆိုသော အရာသည် လူထုအကျိုးစီးပွားအတွက် ရပ်တည်ဖေါ်ဆောင်နေသည်ဟု
မည်သို့ပြောနိုင်ပါအံ့နည်း။ နေ့စဉ် ကျပ်သိန်းထောင်နှင့်ချီကုန်ကာ
လွှတ်တော်အစည်းအဝေးများ ကျင်းပသည့် စားရိပ်၊ လွှတ်တော်အမတ်များအတွက် လစဉ်
ထောက်ပံ့ကြေးပေးရသည့် စားရိပ်များနှင့် လွှတ်တော်ကော်မတီများ
လှုပ်ရှားလည်ပတ်သည့် စားရိပ်များအားလုံးကိုပေါင်းလျှင် တိုင်းပြည်အပေါ်
မတန်တဆ ကြီးမားသည့် ၀န်ကြီးပိလျှက်ရှိသည်။ လူထုအတွက် အသုံးပြုရမည့်
ကျမ်းမာရေး၊ ပညာရေး၊ လူမှုရေး ဘတ်ဂျက်များမှ ကျခံသုံးစွဲနေရခြင်းသာ
အဖတ်တင်သည်။
ထပ်မံ ဆိုးဝါးသွားစေသည့်အချက်မှာ အချိုးကျကိုယ်စားပြု မဲပေးစနစ်ကို
အသုံးပြုသည့် ဥပဒေတစ်ရပ် ပေါ်ထွက်လာစေရန် လှုပ်ရှားမှုကိုတွေ့နေရခြင်း
ဖြစ်သည်။ စစ်မှန်သည့်ဒီမိုကရေစီ အခြေခံနှင့် လွတ်လပ်သည့်
တရားစီရင်ရေးစနစ်ကို မတည် ဆောက်နိုင်သေးဘဲ အချိုးကျကိုယ်စားပြု
မဲပေးစနစ်ကိုကျင့်သုံးကာ ရွေးကောက်ပွဲကျင်းပလျှင် နိုင်ငံရေးပါတီတိုင်းက
ရွေးကောက်ပွဲဝင်သူများသည် အနိမ့်ဆုံးသတ်မှတ်သည့် ဆန္ဒမဲအရေအတွက်ရရုံဖြင့်
လွှတ်တော်အမတ် ဖြစ်သွားပေတော့မည်။ ပါတီငယ်မှန်သမျှသည်လည်း လွှတ်တော်အတွင်း
နေရာများရကြပေတော့မည်။ ယင်းရွေးကောက်ပွဲ စနစ်အောက်တွင်
မည်မျှအားကောင်းသည့် ပါတီဖြစ်စေ လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၅၀% အထက်
ကျော်ရန်ပင် မလွယ်တော့။ လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၇၅ % ကျော်ရမှသာ ၂၀၀၈
အခြေခံဥပဒေ၏ ကြောရိုးများအား ပြင်ဆင်နိုင်မည့် ပြဌာန်းချက် ရှိသဖြင့်
၂၀၁၅ ရွေးကောက်ပွဲပြီးနောက်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကြောရိုးများအား
ပြင်နိုင်ရေးဟူသော မျှော်မှန်းချက်မှာ မိုးကောင်းကင်ပေါ်မှ သက်တန့်ကို
ဆုပ်ကိုင်ရန် ကြိုးပမ်းနေသူနှင့်သာ ပမာတူပါမည်။
သို့ဖြစ်၍ ယခုအချိန်၌ လွှတ်တော်အားကောင်းလာခြင်းသည်
တိုင်းပြည်အခြေအနေဆိုးလာစေမည့် သဘောဆောင်လျှက်ရှိသည်။ လွှတ်တော်သည် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ၄င်းတို့လိုချင်သောအပိုင်းကိုသာ လိုက်နာသည်။
မလိုခြင်သောအပိုင်းကို ပစ်ပယ်ထားလိုက်သည်။ ဤသည်မှာ
ဥပဒေစိုးမိုးရေးအခြေခံကို လုံးဝဆန့်ကျင် လိုက်ခြင်းပင် ဖြစ်သည်။ ၂၀၀၈
ဖွဲ့စည်းပုံ ပုဒ်မ ၃၂၄ ပါ " ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံး၏ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။" ဟူသော ပြဌာန်းချက်ကို
လွှတ်တော်သည် လုံးဝပင် မျက်ကွယ်ပြုလိုက်ပြီ။ နည်းနည်းကလေးမျှ ဂရုမထားတော့။
၎င်းတို့ပြဌာန်းအတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံကိုမျှ မလိုက်နာလျှင်
ဥပဒေစိုးမိုးရေးဟူသော စကားလုံးကို အဘယ်ကြောင့် သုံးစွဲနေပါသနည်း။
လွှတ်တော်သည် လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သည့် တရားစီရင်ရေး စနစ်အခြေခံတွင်
ဥပဒေစိုးမိုးရေးတည် ဆောက်ရမည့်အစဉ်အလာကို ဆန့်ကျင်လိုက်ပြီ။
ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတွင် အသစ်ခန့်မည့် တရားသူကြီးများသည် လွှတ်တော်၏
နိုင်ငံရေးအာဏာကို မလွန်ဆန်ရဲတော့။ ပြည်ထောင်စု တည်ဆောက်ရာတွင်
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ အကြား၊ ပြည်နယ်အစိုးရ
အချင်းချင်းအကြား၊ တိုင်းပြည်အာဏာပိုင်အဆောက်အအုံများ အချင်းချင်းအကြား
ပေါ်ပေါက်သည့် ဖွဲ့စည်းပုံဆိုင်ရာပြဿနာများအားလုံးကို လွတ်လပ်၊ ဘက်မလိုက်
ထက်မြက်သည့် ဖွဲ့စည်းပုံဆိုင်ရာတရားရုံး၏ အဆုံးအဖြတ် ကို အပြီးသတ်
ခံယူနိုင်ကြမှသာ ပြည်ထောင်စုကြီးတည်ငြိမ်မည်။ ယခုယင်းအခြေခံအား ၂၀၀၈
ဖွဲ့စည်းပုံကိုသုံး၍ပင် ငြင်းပယ်လိုက်ပြီ။ သို့ဖြစ်၍ ၂၀၀၈
ဖွဲ့စည်းပုံအောက်တွင် လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သည့် တရား စီရင်ရေးစနစ်
ပေါ်ပေါက်ရေးသည် ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်ခဲ့ပြီ။
၂၀၀၈ ဖွဲ့စည်းပုံ တည်ရှိနေသမျှကာလပတ်လုံး ဥပဒေစိုးမိုးရေး အခြေခံတွင်
ပြည်တွင်းစစ်ငြိမ်းသတ်ရေး၊ ပြည်တွင်းစစ်မဖြစ် အောင် တားဆီးရေး၊
ပြည်ထောင်စုတည်ငြိမ်ရေးကို မျှော်မှန်း၍ မရနိုင်တော့။
အတုအယောင်လွှတ်တော်သည် အားလုံး၏ အထက်တွင် အတိအလင်း နေရာယူလိုက်ပြီ။
ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီးများကို ဖြုတ်ချသည့် ဖြစ်စဉ်မှာလည်း
မြန်လွန်းအားကြီးနေသည်။ ခုံရုံးတရားသူကြီး အဖွဲ့များကိုယ်တိုင်
လာရောက်အစစ်မခံခဲ့ကြ။ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ စစ်ဆေးပေးရန်
ခုံရုံးက လွှတ်တော်သို့ စက်တင်ဘာလ(၅)ရက်နေ့တွင် ဥပဒေနှင့် အခြားသက်ဆိုင်ရာ
စာရွက်စာတမ်း အကိုးအကား အမြောက်အများ ပေးပို့ခဲ့သည်။ ပြည်သူ့လွှတ်တော်
စုံစမ်းစစ်ဆေးရေးအဖွဲ့က တစ်ဘက်သတ် ကြားနာစစ်ဆေးသည် ဟူသည်မှာ တရက်မျှသာ
ကြာခဲ့သည်။ ဤမျှများပြားသော ဥပဒေအကိုးအကားများကို ဖတ်ရှုလေ့လာခြင်း၊ ဤမျှ
အရေးကြီးလှသည့်ကိစ္စကို စစ်ဆေးခြင်းတို့ တစ်ရက်အတွင်း ပြီးသွားသည်မှာ
အတော်ပင် အံ့သြစရာကောင်းလှသည်။
ကြက်တကောင်သတ်သည်ကမှ ခက်ပါဦးမည်။ တိုင်းပြည်၏ အမြင့်ဆုံး
ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီး(၉)ဦးကို အရေးယူသည့်အမှုအား
ဆုံးဖြတ်ခြင်းမှာ လွယ်လိုက်သည့် ဖြစ်ခြင်း။ တစ်ရက်အတွင်း ပြီးသွားခဲ့သည်။
စက်တင်ဘာ(၆) ရက်နေ့တွင် အဖြေထွက်လာပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏
တွေ့ရှိချက်ကို သမ္မတရုံးကို ပေးပို့သွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များက
ပြောကြသည်။ ထိုသို့ပြောကြသည့်ညနေမှာပင် သမ္မတရုံးညွှန်ကြားရေးမှူး
ဦးဇော်ဌေးအား ဘီဘီစီမှ မေးမြန်းရာ "ဖွဲ့စည်းပုံအရ ပို့လာရင် သမ္မတက
နုတ်ထွက်ခိုင်းရမယ်" ဟု ၄င်းက လွယ်လင့်တကူပင် ပြောဆိုခဲ့သည်။
သမ္မတရုံးညွှန်ကြားရေးမှူးက သမ္မတကိုယ်စား အဘယ်ကြောင့်
ဤသို့ချက်ချင်းပြောနိုင်သနည်း။ မူလကတည်းက စီစဉ် ခင်းကျင်းအကွက်ချထားခြင်း
မရှိပါက ဤသို့ တမူဟုတ်ချင်းပြောနိုင်ပါ့မလား။ လွှတ်တော်ဥက္ကဌ
သူရဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်တို့အကြား ပဋိပက္ခဖြစ်နေသယောင်
အသွင်ဆောင်ပြီး (သမ္မတ အကြံပေး ဦးကိုကိုလှိုင်၏ စကားလုံးအရဆိုလျှင်)
ဇာတ်ထုတ်တစ်ထုတ်တည်း၌ သူ့နေရာနှင့်သူ တာဝန်ခွဲ ကပြနေကြသလား။
ဦးဇော်ဌေးပြောဆိုပြီး မရှေးမနှောင်းမှာပင် ခုံရုံး တရားသူကြီးများ
နုတ်ထွက်သွားကြပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။ အံ့သြစရာ
ကောင်းလိုက်သည့် ဖြစ်ခြင်း။ အမ်ဂျီအိုဟု ခေါ်သည့် လွတ်လပ်သော
လူထုအသင်းအဖွဲ့တစ်ခုမှာ အလုပ်လုပ်နေသည့် ၀န်ထမ်းတစ်ဦးကိုပင် အလုပ်မှ
ထုတ်ပစ်ရေးမှာ အလွယ်တကူလုပ်၍မရပါ။ အစိုးရ၀န်ထမ်းတစ်ဦးကို ဖြုတ်ရေးမှာမူ
ပို၍ပင်ခက်ပါသည်။ တိုင်းပြည်၏ အမြင့်ဆုံး ဖွဲ့စည်းပုံဆိုင်ရာ
ခုံရုံးတရားသူကြီး(၉)ဦးကို အရေးယူသည့်ကိစ္စမှာ အခက်တကာ့အခက်ဆုံး
ဖြစ်ရပါမည်။
နိုင်ငံအတော်များများ၌ တရားသူကြီးများ၏ ရာထူးနေရာတည်မြဲမှုကို
ဖွဲ့စည်းပုံအရပင် အာမခံချက်ပေးရပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင်
ခုံရုံးတရားသူကြီး(၉)ဦးကို အရေးယူလိုက်သည့်ကိစ္စမှာ
တုန်လှုပ်ဖွယ်ကောင်းလောက်အောင်ပင် လွယ်ကူလွန်းလှသည်။
ဒီမိုကရေစီနိုင်ငံကြီးများတွင်ဆိုက ယင်းကိစ္စမှာ တစ်ပြည်လုံး
ဟိုးလေးတစ်ကျော်ဖြစ်၊ ပွက်ပွက်ညံ သွားပါမည်။ မြန်မာနိုင်ငံ၌မူ ကရော်ကမယ်
နိုင်လွန်းလှသည်။ ခုံရုံးတရားသူကြီးများ၏ ဂုဏ်သိက္ခာမှာ ရစရာမရှိလောက်
အောင်ပင် ကျဆင်းသွားခဲ့သည်။ ဤအချက်က ၂၀၀၈ ဖွဲ့စည်းပုံအောက်၌
တရားစီရင်ရေးမဏ္ဍိုင်၏ မခိုင်မြဲမှုကို အတိအလင်း သက်သေ ပြလိုက်ခြင်းပင်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေအား ဒုသမ္မတနေရာ ရာထားပြီးမှ
၎င်း၏သား သြစတြေးလျ နိုင်ငံသားခံယူ ထားသည်ဟူ၍ သတင်းထွက်ပေါ်လာပြီးနောက်
၎င်းရာထားချက်ကို ပယ်ချခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတ၏
အရည်အချင်းများတွင် ဇနီး၊ ခင်ပွန်း၊ သားသမီး တစ်ဦးဦးသည် တိုင်းတစ်ပါး၏
နိုင်ငံသားမဖြစ်စေရဟူသော ပြဌာန်းချက် ပါရှိသည်။ ဦးမြင့်ဆွေ
ပယ်ချခံလိုက်ရသော ဖြစ်ရပ်ကိုထောက်ပြပြီး ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ
ပုဂ္ဂိုလ် တစ်ဦးက "တစ်ကောင်ကျွေးပြီး ဘုရင်မကို စားလိုက်ပြီ" ဟု
သုံးသပ်ခဲ့ဖူးသည်။ ဆိုလိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ တည်ရှိနေသမျှ
ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်အခါတွင်မျှ သမ္မတမဖြစ်နိုင်တော့။
ယခုဖြစ်ရပ်တွင်မူ " ဖွဲ့စည်းပုံခရုံး တရားသူကြီး(၉)ဦးကို စတေးပြီး
တစ်ပြည်လုံးကိုပင် စားလိုက်ပြီ" ဟု ပြောရပါတော့မည်။
တစ်ပြည်လုံးလူထုက အားကိုးလျှောက်လှမ်းရမည့် ဥပဒေစိုးမိုးရေးမဏ္ဍိုင်ကြီး
တည်ဆောက်ရေးမှာ အိပ်မက်မျှသာ ဖြစ်သွားသောကြောင့်ပင်။
ဝမ်းနည်းစရာအကောင်းဆုံးမှာ ဤမျှအရေးကြီးလှသော အရေးယူမှုကြီးအတွင်း
လွှတ်တော်ပြင်ပရှိ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား
အဖွဲ့အစည်းကြီးများ၊ လူထုများ၏ အခန်းကဏ္ဍ လုံးဝပျောက်နေခြင်းဖြစ်သည်။ သမ္မတ
ကလည်း တစ်စုံတစ်ရာ အကျယ်တ၀င့်လူထုကို ရှင်းပြခြင်းမရှိ။
လွှတ်တော်အမတ်များကလည်း လူထုထံမှ သဘောထားများ တောင်းခံရယူခြင်းမပြု။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာဆွေးနွေးပွဲများ၊ သဘောထားအမြင်
ထုတ်ဖေါ်ပွဲများ အင်တိုက်အားတိုက်ကျင်းပသည့် အသံများမကြားရ၊
ယင်းသို့ကျင်းပနိုင်စေရန် လူထုပါဝင်ခွင့်ရရန် တိုင်းပြည်က
စီစဉ်ဆောင်ရွက်နေသည်များ မတွေ့မြင်ရ။ ဤသည်မှာ ဒီမိုကရေစီကို
လျှောက်လှမ်းနေခြင်း ဟုတ်ပါရဲ့လား။ နေပြည်တော်တွင်
ဖွဲ့စည်းပုံခုံရုံးတရားသူကြီးများအား ဖြုတ်ထုတ်ရုံသာမက
တရားစီရင်ရေးမဏ္ဍိုင်ကြီး တစ်ခုလုံးကို ချနင်းနေသည့်အချိန်၌ ရန်ကုန်တွင်
ဟိုပွဲ သည်ပွဲများနှင့် စည်ကားနေအောင် ၀န်ကြီးများက
အားပေးဆင်နွှဲလျှက်ရှိသည်။ သီပေါဘုရင်ခေတ် မန္တလေးနန်းတွင်း
လူသတ်ပွဲကြီးကျင်းပနေစဉ် နန်းပြင်၌ ပျော်ပွဲရွှင်ပွဲများ
ဆင်နွှဲထားစေခဲ့သည့် ဖြစ်ရပ်ကို သတိရမိပါသည်။
အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။
http://blueskyforest.blogspot.se/2012/09/blog-post.html
အောင်ထူး (ရှေ့နေ)
--
[image: Inline image 1]http://www.facebook.com/groups/Myanma.ArunThit.Org/
*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*
**
သဘာဝကျကျပုံလေးတွေပါရှင်(၃)