Sunday, September 9, 2012

ဘယ် Browser အကောင်းဆုံးလဲ ?

Slideshow Image 2 Slideshow Image 3



အင်တာနက် အသုံး ပြုသူတွေ မဖြစ်မနေ ထိတွေ့  ရမဲ့ အရာ တစ်ခု ဖြစ်တဲ့ .Web Browser အင်တာနက်လို့ ခေါ်တဲ့ ... ကွန်ယက်ပေါ်က အကြောင်း အရာတွေကို မြင်တွေ့နိုင်ဖို့  Web Browser ဆိုတာ ရှိရပါတယ် ။ အဲဒီ Web Browser တွေထဲမှာမှ ဘယ်ဟာ အကောင်းဆုံးလဲ ဆိုတာ စာဖတ်သူတွေ အနေနဲ့ သိချင်ကြမှာတော့ သေချာပါတယ်။ ကဲ ဒါဆို ဘယ် Browser အကောင်းဆုံးလဲ ဆိုတာကို စမ်းသပ်ထားတဲ့အချက် အလက်တွေ ကို ကြည့်ကြရအောင်လားဗျာ ။

Cold Boot-Up—Winner: Opera!

Cold Boot-Up
လို့ ခေါ်တဲ့  ဖွင့်လိုက်ရင် အမြန်ဆုံး တက်တဲ  Browser ကတော့  Opera ပါတဲ့ဗျာ .. ၄ စက္ကန့်လောက်ပဲ ကြာပါသတဲ့။ သူ့ နောက်မှာတော့ Firefox 7 က ၅ စက္ကန့် စွန်းစွန်း Chrome 14 က ၆စက္ကန့် ကျော်ကျော် ကျွန်တော်တို့ ရဲ့  အချစ်တော် Microsoft ရဲ့  IE 9 ကတော့ ၁၁ စက္ကန့် နီးပါးကြာပါသတဲ့ဗျာ ။
Tab Loading—Winner: Opera!

Tab Loading  လို့ ခေါ်တဲ့ နောက်ထပ် Tab တစ်ခု ဖွင့်လိုက်တိုင်း ဖွင့်လိုက်တိုင်းမှာ အမြန်ဆုံး တက်တာကတော့ Opera ပဲ ဖြစ်နေပါတယ်။ သူ့ နောက်မှာ တော့ ကျွန်တော်တို့ ရဲ့  အချစ်တော် IE 9 က ဒီနေရာမှာ ဒုတိယအမြန်ဆုံးပါတဲ့ဗျာ။ Chrome 14 ကတော့ Tab Loading မှာ ၁၀ စက္ကန့် ကျော်ကြာပါသတဲ့ Firefox 7 ကတော့ ၇ စက္ကန့် ကျော်ကျော်ကြာပါသတဲ့ ။

JavaScript—Winner: Chrome!

Java Script Performance မှာတော့ တော့ Chrome 14 က အပြတ်အသတ်နဲ့ အနိုင်ရရှိသွားပါတယ်။ သူ့နောက်မှာ Firefox ၊ IE9 ၊ Opera အစဉ်လိုက် ရပ်တည်ခဲ့ ကြပါတယ်။

DOM/CSS—Winner: Opera!

DOM/CSS Performance မှာတော့ Opera က ထိပ်ဆုံးမှာ ပြေးနေပါတယ်။ သူ့နောက်မှာတော့ Firefox က ဒုတိယ IE9 က တတိယနေရာမှာ ရှိနေပါတယ်။

Memory Use (No Extensions)—Winners: Opera and Firefox!

Memory Usage Extension မပါပဲ Run တဲ့ အခါ  Opera နဲ့ Firefox တို့ က ဦးဆောင်ပါတယ်။

Memory Use (Five Extensions)—Winners: Opera and Firefox!


Memory Usage (5 Extension) Extension  ၅ခု နဲ့ Run ကြည့်တာမှာလဲ Opera နဲ့ Firefox က အနိုင်ရရှိ ပါတယ်။

အဲတော့ အကုန်လုံး ခြုံ ကြည့်လိုက်တော့ ဘယ် Browser အကောင်းဆုံးပါလဲ .အောင်မှာ Overall Result ကို ကြည့်ရအောင်..
Overall Result
  1. Opera 11.51: 82%
  2. Firefox 7: 73%
  3. Internet Explorer 9: 47.5%
  4. Chrome 14: 43%
ကဲ အဲဒီတော့ ဘယ် Browser အကောင်းဆုံးပါလဲ. အင်တာနက် ကွန်နက်ရှင် လေးလံ နှေးကွေး လှတဲ့ ကျွန်တော်တို့ ဆီမှာတော့. ဘယ် Browser အကောင်းဆုံး လဲ ရွေးရ ခက်မယ် ထင်ပါတယ်ခင်ဗျာ။

Posted By admin

2 ကွန်မန့်ရေးရန်:

Post a Comment