This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, August 30, 2012

သြဂုတ်က ၂၇ ရက်နေ့မှစတင်ပြီး ဖားကန့်ဒေသတွင် တိုက်ပွဲများပြင်းထန်နေကြောင်းသိရ




https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-snc6/199755_423952527642376_920795105_n.jpg
ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း သြဂုတ်လ ၂၇ ရက်နေ့မှစတင်ပြီး KIA နှင့် တပ်မတော်အကြား တိုက်ပွဲ များ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရှိရသည်။

သြဂုတ်လ ၁၇ ရက်နောက်ပိုင်းမှစတင်ပြီး ဖားကန့်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် အပြန်အလှန်ပစ်ခတ်မှု များဖြစ်ပေါ်ခဲ့သည်ဟု သိရပြီး သြဂုတ် ၂၇ ရက်နောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်ထန်လာခဲ့ခြင်းဟုသိရသည်။ အဆိုပါတိုက်ပွဲများကြောင့် ဖားကန့်မြို့ပေါ်သို့ လူဦးရေ တစ်သောင်းကျော် လာရောက်ခိုလုံလျက်ရှိသည်ဟု ဖားကန့်မြို့ခံတစ်ဦးကပြောပါသည်။

“အရင်က KIA စခန်းတွေနဲ့ နီးတဲ့ရွာတွေကို တပ်က ကင်းလှည့်သွားတဲ့အချိန်မှ နည်းနည်းပစ်တာခတ်တာရှိ တာ။ အခုရက်ပိုင်းမှာတော့ လက်နက်ကြီးတွေနဲ့ ပစ်တာခတ်တာတွေပါ ရှိလာတယ်။ သြဂုတ်လ ၂၉ ရက်နေ့က ဆိုရင် ဖားကန့်မြို့နားမှာ ကပ်ပြီး ဖြစ်တာ။ လက်နက်ကြီးတွေနဲ့ ပစ်ကြခတ်ကြလို့ မီးခိုးတွေတက်လာတာကို မြို့ ထဲကတောင် မြင်နေရပါတယ်။ ဒုက္ခသည် အရေအတွက်က သြဂုတ် ၃၀ ရက်နေ့မှာ သောင်းဂဏန်းလောက် ရှိနေပါပြီ” ဟု အဆိုပါမြို့ခံကပြောပါသည်။

တိုက်ပွဲများ ဖြစ်ပွားရာမှ ထွက်ပေါ်လာသော မီးခိုးများကို ဖားကန့်မြို့အတွင်မှ

Malwarebytes Anti-Malware (PRO) 1.65.0.1000 Beta (သုံးကြည့်ပေးပါ)



မင်္ဂလာပါခင်ဗျာ... Malware တွေကို အကောင်းဆုံး ဖယ်ရှားရှင်းလင်းပေးနိုင်မယ့် Malwarebytes Anti-Malware (Pro) လေးကို မျှဝေပေးလိုက်ပါတယ်... တစ်ခုပြောပြချင်တာက Antivirus တစ်မျိုးမျိုးတင်ထားရင် လုံလောက်တယ်လို့ မထင်စေချင်ပါဘူးခင်ဗျာ... ယခုကျွန်တော့် ကွန်ပျူတာမှာ Kaspersky Internet Security 2013 တင်ထားပါတယ် SUPERAntiSpyware တင်ထားပါတယ်... အခုထပ်ပြီး Malwarebytes Anti-Malware တင်လိုက်ပါတယ်... သိစေချင်တာက သုံးမျိုးစလုံးတင်သုံးလို့ ရတယ်ဆိုတာကိုပါ...  FB မှာလည်းသူငယ်ချင်း တစ်ယောက်မေးထားပါတယ်... Antivirus နဲ့ AntiSpyware နှစ်မျိုးစလုံးတင်သုံးလို့ရလားတဲ့... တင်သုံလို့ရယုံတင်မဟုတ်ပါဘူး တင်သုံးသင့်ပါတယ်ခင်ဗျာ... ကျွန်တော်တို့ အင်တာနက်အသုံးပြုသူတွေဆိုတာ ဆိုက်ပေါင်းစုံ ၀င်ကြတာများပါတယ်... FB မှာလည်းလင့်တွေက အမျိုးမျိုးစုံရှယ်နေကြတာပါ... ကျွန်တော်တို့လိုပြန်လည်ဝေမျှနေတဲ့သူတွေဆို ပိုဂရုစိုက်ရပါတယ် Software တစ်ခုကို ကိုယ်တိုင်စမ်းပြီး Full version အဆင်ပြေတယ်ဆိုကာမှ Virus, Malware တွေစစ်ပြီး ကိုယ်တိုင် Upload ပြန်တင်ပေးတာပါ...  အခုတင်ပေးလိုက်တဲ့ Malwarebytes Anti-Malware လေးကိုသုံးကြည့်ပေးပါ Pro ဖြစ်ဖို့အတွက် keygen ထည့်ပေးထားပါတယ်.... မိမိစက်မှာ တွယ်ကပ်နေတဲ့ Malware တွေနဲ့ တစ်ချို့ဆိုက်တွေမှာ ရှိနေတဲ့ Malware တွေကို ရှင်းလင်းဖယ်ရှားပေးပါလိမ့်မယ်... Malware ရှိနေတဲ့ဆိုက်တွေကို ၀င်မိရင်ရှိကြောင်းကို ညာဘက်အာက်ခြေနားမှာ ဖော်ပြပေးမှာဖြစ်ပြီး ရှင်းလင်းပေးပါလိမ့်မယ်... ဒီကောင်လေး တင်ပြီးသွားရင်လည်း Update ပုံမှန်လေးလုပ်ပေးပါ... Minus, Mediafire နှစ်နေရာ

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့ ပူးတွဲ တည်ဆောက်ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး


2012-08-28
 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbp_v0Ok8hvhjmjw_ckYWW2bb5GjouyBQUEzt4NLHegeZbQmIgBxrDcNQ62rhbVG1DWkwRTnsJ0kSeTRKAFOn6ACSl7XnZ6XiplrWAW4gHw_F8QZcL1eluqKajbNE7uuIEJOBMU9H70gk/s1600/Fire.jpg
မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံနိုင်ဖို့အတွက် ဧကပေါင်း ခြောက်သောင်းနီးပါး ကျယ်ဝန်းတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့ ပူးတွဲ တည်ဆောက်ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။
 
အဲဒီလုပ်ငန်းစုမှာ မစ်ဆူဘီရှီ၊ မာရူဘီနီနဲ့ ဆူမီတိုမို ဆိုတဲ့ ဂျပန် ကော်ပိုရေးရှင်းကြီး သုံးခုပါဝင်ပြီး စီမံကိန်းရဲ့ ရှယ်ယာ ၄၉ ရာနှုန်း ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းက အများပြည်သူတွေကိုလည်း ရှယ်ယာတွေ ပါဝင်ကြဖို့ အစိုးရက ခေါ်ယူထားပါတယ်။
 
ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ရုံ အပါအ၀င် စက်မှုလုပ်ငန်း အများအပြား ပါဝင်မယ့် သီလ၀ါ အထူးစီပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်အစိုးရက ဘဏ္ဍာရေး အကူအညီတွေ ပေးမှာ ဖြစ်ကြောင်းလည်း ပြည်ထောင်စု ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။
 
သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်ခဲ့စဉ်အတွင်း ဂျပန်အပေါ် မြန်မာက တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ သန်းပေါင်း လေးထောင်နီးပါးကို ဂျပန်အစိုးရက လျှော်ပစ်လိုက်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်ရေးတွေ ပြန်လည် စတင်နိုင်ရေးအတွက် နောက်ထပ်ငွေချေးဖို့ သဘောတူခဲ့ပါတယ်။
 
အဲဒီနောက် မြန်မာနိုင်ငံမှာ စတော့ရှယ်ယာဈေးကွက် ထူထောင်ရေးမှာ ကူညီဖို့ ဂျပန် ဒိုင်ဝါ လုပ်ငန်းအုပ်စုက သဘောတူညီခဲ့ပြီး မြန်မာ အစိုးရအနေနဲ့ ဂျပန် နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ ပူးတွဲ ဆောင်ရွက်နိုင်အောင် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ကျောထောက်နောက်ခံ ဌာနတစ်ရပ် ထူထောင်ရေးအတွက် ဒေါ်လာသန်း ၃၈၀ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။
 
အလားတူ ဆူမီတိုမို မစ်ဆူအီဘဏ်ကလည်း မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်တဲ့ ကမ္ဘောဇဘဏ်ရဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေကို ကူညီမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ကျောက်ဖြူနဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွေမှာလည်း ဂျပန်က ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်ေ

ဆမ္မဆယ်လမ်းကြောင်းမှ တစ်နေ့လျှင်နွားကောင်ရေ တစ်ထောင်ဝန်းကျင် တရုတ်သို့တင်ပို့နေ


ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုနယ် ဆမ္မဆယ်ကျေးရွာမှ တဆင့် တရုတ်ပြည်သို့ နွားကောင်ရေ တင်ပို့မှုများရှိ နေရာ  တစ်နေလျှင် နွားကောင်ရေ (၁၀၀၀)၀န်းကျင်  တင်ပို့နေ သည်ဖြစ်၍ နွားမျိုးပြုန်း တီးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

နောင်ချိုမြို့နယ်   ဆမ္မဆယ်မှတဆင့် တရုတ်ပြည်သို့တင်ပို့ရာတွင်   (၁၂)ဘီးကားကြီးများဖြင့် တင်ပို့နေခြင်း ဖြစ်ပြီး   ကားတစ်စီးလျှင်နွားအကောင်ရေ(၂၀)မှ(၂၅)ကောင်အထိ တင်ဆောင်ကာတစ်နေ့လျှင်  ကားအစီးရေ (၅၀)အထိ  သယ်ဆောင်နေခြင်းဖြစ်သည်။

“တစ်နေ့ကိုကားအစီးရေ (၅၀)လောက် တင်ပို့နေတော့ ကြာရင်နွားကောင်ရေ မျိုးတုန်းသွားမှာကို ဒေသခံတော်တော်များများက  စိတ်ပူနေကြတယ်”ဟု   ဆမ္မဆယ်ရွာခံတစ်ဦးဖြစ်သူကပြောသည်။

အဆိုပါနွားများမှာ မြန်မာပြည်အလယ်ပိုင်းမှ  အများဆုံးဖြစ်ပြီး   ဈေးကောင်းပေးဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တင်ဆောင်သောကားများမှာ   ဆမ္မဆယ်မှမူဆယ်အထိ  တစ်ကြောင်းလျှင်

သာကေတ ကန်ကြီးဒေါင့် မှတ်တိုင်တွင် ယာဉ်တိုက်မှု ဖြစ်ပွါး


သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့် က ရန်ကုန်တိုင်း သာကေတမြို့ နယ် ကန်ကြီးဒေါင့် မှတ် တိုင် Horizon ကျောင်းအနီးမှာ ဆွမ်းခံကြွ ဆရာတော်များ တင်ဆောင်လာသည့် light truck ကားနှင့် သစ်လုံးတင် ဆောင်လာသည့် ကွန်တိန်နာကား တိုက်မိခဲ့ ကြောင်းသိရပါတယ်။

သံဃာ ကိုးပါးနှင့် လူလေးဦး လိုက်ပါလာသော Light Truck ယာဉ်သည် သာကေတ မြို့ နယ်မှ ယုဇန ဥယာဉ်မြို့ တော် အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းသို့ အသွားမှာ ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့တာပါ။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သံဃာလေးပါးနှင့် လူနှစ်ဦး ထိခိုက် ဒါဏ်ရာရခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူ တဦးက Myanmar News Now သိရပါတယ်။

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ


အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ
        တိုက်ပွဲများကြောင့် ဖါးကန့်မှ ထွက်ခွာရန် ကြိုးပမ်းနေသည့် ကုမ္ပဏီ စက်ယန္တယားများ။
29 August 2012
ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော်ရာဒေသဖြစ်သော ဖားကန့်မြို့ရှိ ကျေးရွာ ၁၁ ရွာကို မြန်မာအစိုးရတပ်ဖွဲ့များမှ အသံချဲ့စက်အသုံးပြုကာ မိမိနေအိမ်မှ ပစ္စည်းများတစ်ခု မကျန် သိမ်းဆည်းကာ ပြောင်းရွှေ့သွားရန် ယနေ့မနက်တွင် လိုက်လံသတိပေးပြောဆိုခဲ့ကြောင်း ဒေသခံများပြောသည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် အစိုးရတပ်များမှ ဖားကန့်မြို့နယ်တွင်း မှော်မောင်းလယန်၊ မှော်မောင်ကုန်း၊ အင်ဗလခ၊ တောင်ပြို၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ မနား၊ ကလောမှော်၊ ပီကျောင်၊ မှော်ဝမ်းကလေး စသည့်ကျေးရွာရှိဒေသခံများအား ပြောင်းရွှေ့ရန်

Mobile Reviews: Samsung Galaxy Note II


Share


Samsung ချစ်သူတို့ မျှော်လင့်စောင့်စားနေကြတဲ့ Samsung Galaxy Note II ဟာ ၃၀ ရက်နေ့ Samsung Unpacked 2012 ပွဲမှာ ပွဲထုတ်ပြသခဲ့ပြီဖြစ်ပါတယ်။ Galaxy Note II ကိုအဖြူရောင် နဲ့အနက်ရောင်နှစ်မျိုးထုတ်လုပ်ထားပါတယ်။  Screen size ကတော့ ၅ လက်မခွဲရှိပါတယ်။ Galaxy Note II ရဲ့ Processor ကို Quad-core 1.6 GHz Cortex-A9 Processor ကိုအသုံးပြုထားတာကြောင့် Samsung Galaxy SII ထက် Processor အလုပ်လုပ်နှုန်းကပိုမိုမြန်ဆန်တာကိုတွေ့ရပါတယ်။ ဖုန်းရဲ့ Operating System ကိုတော့ Android ရဲ့နောက်ဆုံးထွက် version Android 4.1 JellyBean ကိုအသုံးပြုထားပါတ

မြန်မာဝန်ကြီးအပြောင်းအလဲအပေါ် တုံ့ပြန်မှု



မြန်မာအစိုးရ အဖွဲ့တွင်း ၀န်ကြီး အပြောင်း အလဲတွေ ဆက်တိုက် လုပ်လာတဲ့ အပေါ် အများစုက အကောင်း မြင်ကြပါတယ်။ သမ္မတဦးသိန်းစိန် အနေနဲ့ သူ့ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့ မယ်လို့ မြင်ကြတာပါ။
ဝန်ကြီးတချို့ကို ဌာနနေရာ ပြောင်းရွှေ့ခန့်ထား လိုက်တာမှာ ပြုပြင်ပြောင်းလဲရေးလိုလားသူတွေလို့ အများက သတ်မှတ်သူတွေ ပို နေရာရ လာပြီးတော့ ပြုပြင်ပြောင်းလဲရေးကို တင်းခံနေသူတွေလို့ မြင်ကြသူတွေကတော့ တာဝန်က နုတ် ထွက်ရတာ၊ သိပ် မထင်ရှားလှတဲ့ နေရာတွေကို ရောက်ကုန်တာကြောင့်လည်း အဲဒီလိုမြင်ကြတာ ဖြစ် ပါတယ်။ မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ အပေါ် တုံ့ပြန်ချက်တချို့ကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီး နောက်ပိုင်း သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ အဖွဲ့ တက်လာပြီးကတည်း ကဆိုရင် အစိုးရအဖွဲ့တွင်း အဓိကအပြောင်းအလဲတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ သမ္မတဦးသိန်းစိန်က ကြေညာခဲ့ပါတယ်။ ဒါဟာဖြင့် တချိန်တုန်းက ကမ္ဘာ့ပြင်ပ က နိုင်ငံ တခုလိုဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ရှေ့

အမေရိကန် စတိုးဆိုင်တွေပေါ်က ခုန်ချပေးရမယ့် ဆမ်ဆောင်း



တောင်ကိုရီယားနိုင်ငံက ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီကတော့ ဆမ်ဆောင်က ထုတ်လုပ်တဲ့ စမတ်ဖုန်းအပါ အ၀င် ဆမ်ဆောင်တံဆိပ် ပစ္စည်း ၈ မျိုးကို အမေရိကန်က စတိုးဆိုင်တွေပေါ်မှာ တင်မရောင်းဘို့ Apple က တောင်းဆိုမှု ကို ကတိပေးလိုက်ရပါပြီ။


လွန်ခဲ့တဲ့ အပတ်က အမေရိကန် တရားရုံးမှာ Apple ကုမ္ပဏီက ဆမ်ဆောင်ဆီက အမေရိကန် ဒေါ်လာ ၁.၀၅ ဘီလျံ အလျော်ရမယ်ဆိုတဲ့ အောင်ပွဲဆင်ပြီးနောက်မှာ Apple က လွန်ခဲ့တဲ့ တနင်္လာနေ့က တရားရုံးမှာလျှောက် ထား လိုက်တာကတော့ ဆမ်ဆောင်က ထုတ်တဲ့ Galaxy၊ Droid စမတ်ဖုန်းတွေနဲ့ ဆမ်ဆောင်ထုတ် မိုဘိုင်း ပစ္စည်း ၈ မျိုးကို တားမြစ်ပေးဖို့ ဖြစ်ပါတယ်။

ကမ္ဘာအကြီးဆုံး နည်းပညာ ကုမ္ပဏီကြီး တခုဖြစ်တဲ့ ဆမ်ဆောင်က

မြွေ - ၃



~




ဆရာကြီး စံဇာဏီဘို၏ ၃၀-၈-၂၀၁၂ မှ ၅-၉-၂၀၁၂ အတွင်း အဌဟောကိန်း







တနင်္ဂနွေ
 
အတွေ့အကြုံသစ်များ ရရှိမည်။ စိတ်အနှောင့်အယှက်များကြုံမည်။ နာရေး ကိစ္စ၊ 
လူမှုရေးကိစ္စများအတွက် အချိန်ပေးရမည်။ ကိုယ်နှင့်ပတ်သက်သည့် 
ဝန်းကျင်အတွင်း ချူချာသူများတစ်ဦးပြီးတစ်ဦးရှိမည်။ ဆွေမျိုးမကင်းသူထဲမှ
 ဖြစ်စေ၊ မိတ်ဆွေရင်းထဲမှဖြစ်စေ နာရေးကိစ္စကြုံက လူမှုရေးကူညီမှုများ 
မပျက် ကွက်သင့်ပါ။ ငွေမြှုပ်နှံမှုများ ထင်သလောက်အကျိုးမရှိ။
ယတြာ ။ ။ မွေးနေ့တွင် ကြံသကာဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
 
လုပ်သမျှအောင်မြင်၍ ဘဝခရီးတိုးတက်မည့်ကာလဖြစ်သည်။
 မိမိကိုယ်မိမိ မှန်းမထားသော အောင်မြင်မှုရမည်။ အများကလ

""ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားမှုတစ်ခုဖြစ်ပွား""



ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည
၉နာရီခွဲအချိန်ခန့်က အမျိုးသား၊ အမျိုး
သမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်
စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်

အတွင်းဝင်ရောက်ကာ ၄င်းရပ်ကွက်အတွင်း
တွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေ့းရှိ ပစ္စည်းများကိုဖျက်စီးခြင်း၊

နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းမှု ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လူအင်အားအဖွဲ့သည် အမှတ် ၁၅ ရပ်ကွက် ၊ မြစ်ကိုင်းရပ် လက်ပံကန်ချောင်တွင်နေထိုင်သော လူအချို့ဖြစ်ပြီးယခင်ကလည်းယခုလိုဖြစ်ရပ်ကဲ့သို့ပင်

"ကသာမြို့မှ ၁၂နှစ်သမီးလေး အဓမ္မပြုကျင့်သတ်ဖြတ်ရမှု ဆရာတော်ဦးဝီရသူ ကူညီသွားမည်"



၇၊၂၀၁၂ရက်နေ့ကကသာမြို့နယ်အပိုင်၊
အင်းရွာကျေးရွာရှိကြံခင်းအနီး၁၂နှစ်အရွယ်
မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခါ ဇက်ချိုးသတ်ဖြတ်မှုတစ်ခုဖြစ်ပွားသွားခဲ့
ပါသည်။


သတ်ဖြတ်ခံသည့် ကလေးငယ်မှာ မလှလှဆိုသူဖြစ်ပြီး အင်းရွာရဲ
စခန်းမှ တရားခံပေါ်ပေါက်ရေးစစ်ဆေးနေကြောင်းသိရခဲ့ရပါသည်။

မှုခင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ကသာခရိုင်မှ ရဲအရာရှိ(၂၀)ကျော်စေလွှတ်စုံစမ်းခဲ့သော်လည်း ရက်အတန်ကြာသည်အထိတရားခံဖေါ်နိုင်ခဲ့ခြင်းမရှိခဲ့ပါ၊

နောက်တွင်စစ်ကိုင်းတိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးသာအေးမှကသာသို့ရောက်ရှိစဉ် တာဝန်ရှိရဲများ
အား တရားခံမပေါ်ပေါက်ပါကထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းညွှန်ကြားသွားခဲ့ပါသည်၊။

ထိုသို့ညွှန်ကြားသွားပြီး (၂)ရက်အကြာတွင် လူသတ်မဒိန်းကျင့်သော တရားခံမှာ အသတ်ခံရသူမလှလှ၏ အဖိုးအရင်းဦးမြဒေါင်း(၅၇)နှစ်ကိုယ်တိုင်ဖြစ်ကြောင်းကြားရသော်အခါ မြို့ပေါ်မှ သို့လော သို့လော
ဖြစ်ကုန်ကြပါသည်။

ဦးမြဒေါင်းမှာ အရက်စွဲနေသူတစ်ယောက်သာဖြစ်ကြောင်း၊အင်းရွာကားလမ်းခွဲ၌ နေ့စဉ်ကုန်ထမ်းပိုးခြင်းဖြင့် အရက်ဖိုးရှာကြောင်း၊ရဲများက နှိပ်စက်ညှင်းပမ်းမှုကြောင့်

သမ္မတကြီး ဦးသိန်းစိန် မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ဝေဖန်သံများညံ



မောင်အေး
မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည်
ရခိုင်ပဋိပက္ခတွင် အပြစ်ရှိ၍ ဖမ်းဆီး
ထောင်ချခံရ ဘင်္ဂလီ မွတ်ဆလင် များ
ကို သမ္မတ အာဏာကို အသုံးပြုပြီး


တစ်ယောက်ပြီး တစ်ယောက် ပြန်လည် လွှတ်ပေး နေသော်လည်း ထောင်ချခံ ရခိုင် တိုင်းရင်းသားများကိုမူ တစ်ဦးတစ်ယောက်ကိုမှ ပြန်လည် လွှတ်မပေးသဖြင့်

 ယခုအခါ  သမ္မတကြီး ဦးသိန်းစိန်ကို မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ပြည်သူများက
ဝေဖန် ပြောဆိုလျှက် ရှိကြောင်း သတင်း ရရှိသည်။

မောင်တော ဆူပူ အကြမ်းဖက် ဖြစ်စဉ်တွင် အဓိက ကြိုးကိုင်ခဲ့သူများဟု တရားရုံးက ဆုံးဖြတ်ပြီး ထောင် (၂)  နှစ်မှ (၆) နှစ်ထိ ချမှတ်ခံခဲ့ရသူ မြန်မာ မွတ်ဆလင် အမျိုးသမီး တစ်ဦးနှင့် ဘင်္ဂလီ မွတ်ဆလင် ( ၂) ဦးအား

သမ္မတ အမိန့်ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီက ဘူးသီးတောင်ထောင်ထဲမှ ပြန်လည် လွှတ်ပေးခဲ့သည်။
သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများမှာ ထောင် (၆) နှစ် ချမှတ်ခံထားရသူ UNHCR ၀န်ထမ်း ဒေါ်ချိုလေးမာခါတုန်၊ ဘူးသီးတောင် မြို့မှ ထောင်

USB Stick ကို အလွယ်တကူ ပြန်ဖြုတ်နိုင်တဲ့ Software ဒီမှာ ယူလိုက်ကြပါ



 သူငယ်ချင်းတို့ စက်တွေမှာ USB Stick တွေ အသုံးပြုပြီး အပြစ်ကင်းစွာ ပြန်ဖြုတ်ဖို့ အခက်အခဲ ရှိနေပါသလား?
 ဒါဆို ရှည်ရှည်ဝေးဝေး မစဉ်စားနေပါနဲ့။ အောက်မှာ ကျွန်တော်ပေးထားတဲ့ Software ကိုသာ ဒေါင်းယူပြီး Desktop ပေါ်မှာ Drag ဆွဲယူပြီး တင်ထားလိုက်ရုံပါပဲ။
 Install လုပ်စရာလည်းမလို နှစ်ချက်ကလစ်လိုက်ရုံနဲ့ တပ်ဆင်ထားတဲ့ USB Stick ကို အပြစ်ကင်းစင်စွာ အလွယ်တကူ ပြန်ဖြုတ်နိုင်ပါလိမ့်မယ်။
Zip File ဖြစ်ပြီး 924KB သာ ရှိပါ

အီရန်အမျိုးသမီးများတက္ကသိုလ် ပညာသင်ကြားခွင့် အပိတ်ခံရ



                    တက္ကသိုလ်သင်တန်း  ရ၀  ကျော်တွင် အမျိုးသမီးများတတ်ရောက်သင်ကြားခွင့်ကို
အီရန်နိုင်ငံတွင် တားမြစ်ပိတ်ပင်လိုက်ကြောင်း ဗြိတိန်နိုင်ငံထုတ် ဒေးလီးတယ်လီဂရပ် သတင်းစာ
က သြဂုတ်လ ၂၀ ရက်နေ့တွင် ဖေါ်ပြသည်။
                    အီရမ်အစ္စလာမ်မစ် သမ္မတနိုင်ငံ မှုဝါဒအသစ်အရ ယင်းနိုင်ငံရှိ တက္ကသိုလ်ကျောင်းပေါင်း 
၃၆ ကျောင်းတိုသည် လာမည့်ပညာသင်နှစ်အတွင်း ၀ဇ္ဖာဘွဲ့ သင်တန်းနှင့် သိပ္ပံဘွဲ့ သင်တန်း ၇၇ ခု တို့
တွင် အမျီုးသမီးများတတ်ရောက်သင်ကြားမှုကိုပိတ်ပင်တားမြစ်ခဲ့သည်။  အီရမ်အမျိုးသမီးထုအတွင်း 
အသိပညာမြင့်မားလာမှုနှင့်အတူ ပေါ်ပေါက်လာသော ကလေးမွေးဖွားမှုနှုံးနှင့် လက်ထပ်ထိန်းမြားမှု့  တို့
ကျဆင်းလာခြင်းအပါအ၀င် လူမှုရေးအကျိုးသက်ရောက်မှု့ များအပေါ် အီရန်နိုင်ငံဧ။် ဘယသာရေးခေါင်းဆောင်များ
မှ စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။
                  ထိုသို့ တက္ကသိုလ် ဘွဲ့သင်တန်းများတွင် အမျိုးသမီးများ တတ်ရောက်ပညာသင်ကြားခွင့်ကို 
ပိတ်ပင်ခြင်းသည် နိုင်ငံတော်က တရားဝင်ခွင့်ပြုထားသော လွိင်ခွဲခြားမှုစနစ်ဖြစ်ကြောင်းဝေဖန်သူများမှ ပြောကြားခဲ့
သည်။ပြီးခြ့သည့်နှစ်များအတွင်း အီရန်ကျောင်းသူများသည် အမျိုးသားများထက် ပညာအရေအသွေးပိုမိုပြသနိုင်ခဲ့ရာ 
အစဉ်အလာအားဖြင့်  မဟာပုရိသ ( မဟာယောက်ကျား ၀ါဒ )အယူအဆကို

Computer ကိုမ Slow အောင်ဘယ်လိုဘယ်လိုလုပ်ရမလဲ။




Computer နှေနေတာဘာကြောင့်လဲ မနှေအောင်ဘယ်လိုလုပ်ရမလဲ Computer
နှေနေရင်တော့ ကျွန်တော်ပြောတဲ့အတိုင်းတာလုပ်ကြည်ပါ ဘာကြောင့်နှေနေရတာ
လဲဆိုရင်တော့ Computer မှမလိုအပ်တဲ့ဟာတွေ Computer မှာများနေလိုပါ ဒါကြောင့်
Computer ဟာနှေကွေးနေတာပါ။ ကဲစရအောင်အရင်ဦးဆုံ Windows စစခြင်မှာဘဲ
ဥပမာဘော့ Google Talk လေးမဖွင့်ဘဲ အလိုဖွင့်လာတယ် အဲဒါမျိုးက

သင့် computer ကို အန္တရာယ်ပေးမယ့် ခြိမ်းခြောက်နေတဲ့ အရာတွေကိုဖယ်ရှာပေးမယ့်Process Hacker




Hacker ဆိုလို့ လန့်မသွားပါနဲ့။ ဒီ Hacker က သင့် Computer လုပ်ငန်းစဉ်ကို ၀န်ဆောင်းမှုပေး မယ့် Process Hacker ပါ။ သင့် computer လုပ်ငန်းစဉ်များကို စစ်ဆေးကြည့်နိုင်ပြီး လုပ်ငန်းစဉ် များ ကို စီမံ ပေးနိုင်ပါတယ်။ Process Hacker သည် Open Source Application ဖြစ်ပြီး Task Manager ရဲ့ အသွင်အပြင် များကို သူ့ရဲ့ လုပ်ဆောင်ချက်အသစ်များနဲ့ ပူးပေါင်းပြီး သင့် computer ကို အန္တရာယ်ပေးမယ့် ခြိမ်းခြောက်နေတဲ့ အရာတွေကို စောင့်ကြည့်ပေးမှာပါ။

Computer ကို ဖွင့်ပြီး စသုံးလိုက်တာနဲ့စနစ်နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ application တွေ ရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့သိထားသင့်ပါတယ်။ Windows Task Manager နဲ့ စစ်ကြည့်နိုင်ပေမယ့် အသေးစိတ်တော့မသိနိုင်ပါ။ ဒီ အားနည်းချက်ကို Process Hacker က အားဖြည့်ပေးခြင်း ဖြစ်ပါတယ်။ Process Hacker က ဖျောက်ထားတဲ့ ၊ ဖွက်ထားတဲ့ လုပ်ငန်း စဉ်များကိုပါ သိတာတယ်။ တစ်ချို့က ဒါတွေ သိစရာမလိုဘူးလို့ ပြောကြပါတယ်။ Computer မှာ Error တွေ ခဏခဏ တက်နေတဲ့အခါ (သို့) စနစ်က အလုပ်ကောင်းကောင်း မလုပ်တဲ့အခါ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ သိဖို့ လိုလာ ပါပြီ။.....

တို့ဆေး


   တို့ဆေး  
မချွင်လေး(ပါရီ)
   ဟိုတလောက visiting card တွေမှာ BURUNDANGA ဆေးသုပ်ထားပြီး၊ အမျိုးသမီးတွေ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီထည့်နေတုန်းပေးပြီး၊ အဲဒီအမျိုးသမီးဆေးကြောင့် ကားမမောင်းနိုင်တဲ့ အခါနောက်ကလိုက်ပြီးဒုက္ခပေးတတ်ကြောင်းဖတ်လိုက်ရတော့ မြန်မာပြည်မှာခေတ်စားတဲ့ တို့ ဆေး ဆိုတာသတိရပြီး BURUNDANGA ဆေးအကြောင်းရှာကြည့်မိပါတယ်။
ရန်ကုန်မှာမကြာခဏဆိုသလို၊ တစိမ်းတစ်ယောက်ကလက်တို့ပြီး၊ ဝတ်ထားတဲ့ လက်ဝတ်လက်စားတွေ၊ ပိုက်ဆံတွေပေးခိုင်းတဲ့အခါ တဘက်လူရဲ့ ပြောစကားကိုမှင်သက်မိပြီး တစ်သွေမသိမ်းလိုက်နာကြပြီး၊ အဲ့ဒီလူထွက်သွားမှပြန်သတိလည်လာတယ်လို့ကြားရပါတယ်။ အထက်လမ်းနည်းလိုလို၊ အောက်လမ်းနည်းလိုလိုနဲ့ ဘာကြောင့်မှန်း သေသေချာချာမသိရလို့၊ ယုံရအခက်၊ မယုံရအခက်ဖြစ်ခဲ့ ပါတယ်။
  လက်စသတ်တော့ သူက ဆုပ်လည်းဆူး၊ စားလည်းရူး ဆိုတဲ့ ပဒိုင်းသီးအပင်ကရတဲ့ scopolamine ဆေးဖြစ်နေပါတယ်။ ဒီဆေးက အလွန်သေးငယ်တဲ့ ပမာဏနဲ့ အကျိုးသက် ရောက်စေတဲ့ ဆေးဖြစ်ပါတယ်။ ဒီဆေးကိုစားလို့၊ သောက်လို့ပဲဖြစ်ဖြစ်၊ အကြောထဲပဲထိုးထိုး၊ အရေပြား မှာ စက္ကူနဲ့ပဲကပ်ကပ်၊ မျက်စဉ်းပဲခပ်ခပ်၊ နှခေါင်းကပဲရူရူ၊ အစွမ်းပြတဲ့ ဆေးလည်း ဖြစ်ပါတယ်။ သူ့မှာ အရောင်အဆင်း၊ အနံ့ အရသာ မရှိပဲ၊ ရေမှာလွယ်ကူစွာပျော်ဝင်လို့ လည်း အစားအစာတွေမှာ အလွယ်တကူဆေးခပ်လို့ရပါတယ်။
ဒါကြောင့် ဆေးရည်ကိုလက်မှာသုပ်ပြီး၊ နှောက်ယှက်လိုသူရဲ့အသားကိုတို့ပြီး၊ ဒါမှ မဟုတ် ဆေးမှုံကိုမျက်နှာပေါ်မှုတ်ထုတ်ပြီး သူလိုတာခိုင်းခဲ့ တာကိုးလို့ သဘောပေါက် ပါ တော့တယ်။
ရွှေပေလွှာ (Chain letters) ဆိုတဲ့ ယခုရသောစာကို ဘယ်နှစ်စောင်ဝေပါ။ ဘယ်သူ ကလေို့ထီပေါက်သွားတာ၊ ဘယ်လို ကောင်းကျိုး ရသွားတာ၊ မဝေလို့ ဘယ်လိုဒုက္ခရောက် သွားတယ်ဆိုတဲ့ စာတွေ ရခဲ့ဖူးမှာပါ။ တကယ်က ရွှေပေလွှာတွေမဟုတ်ပါဘူး။ အဆိပ်

မင်းအုပ်စိုး ၏ လှူဒါန်းတတ်ကြပါစေ




    ဒီစာကိုရေးဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ရပါတယ်။ မရေးတော့ဘူးလို့လည်း ခဏခဏဆုံးဖြတ်ခဲ့ပါတယ်။ မရေးဖြစ်အောင်လည်း ကိုယ့်စိတ်ကို ထိန်းထား ပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်ထိန်းထိန်း ကျွန်တော့်ရဲ့ သန္ဓေဗီဇကိုက မကောင်းတဲ့အတွက် ဘယ်လို မှ ထိန်းမရတော့ဘဲ ဒီစာကို ရေးဖြစ်သွား တာပါ။
    ဒီစာကိုရေးဖြစ်တဲ့အတွက် ရှိပြီးသားမိတ်ဆွေတွေ ဆုံးရှုံးကုန်မှာ ဖြစ်သလို မိတ်ဆွေအဖြစ် မရှိသေးတဲ့ သူတွေလည်း ရန်သူအဖြစ်ရောက်သွားမှာ သေချာပါတယ်။ နဂိုကတည်းက ကျွန်တော့် အပေါ် ခါးခါး သီးသီးမုန်း နေတဲ့ လူတွေကတော့ မျက်နှာကို မကြည့်ချင်လောက်အောင် အသံကို မကြားချင် လောက်အောင် ရွံရှာစက်ဆုပ်သွားမှာ သေချာပါတယ်။
    ဘာအကြောင်းကြောင့် အဲ့ဒီလိုဖြစ်သွားရမှာလဲလို့ မေးခဲ့ရင် ကျွန်တော်ရေးမယ့်အကြောင်း က မြန်မာ တစ်ပြည်လုံးက ပရိသတ်တွေ သည်းသည်းလှုပ်ချစ်နေကြတဲ့ အားပေးနေကြတဲ့ နိုင်ငံ ကျော်အနုပညာရှင် ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ အကြောင်းပါ။
    အထူးသဖြင့် ပြေတီဦးပညာရေးဖောင်ဒေးရှင်းအကြောင်းပါ။
    ဒီစာကို ဖတ်ပြီးတဲ့အချိန်မှာ တော်တော်များများက ကျွန်တော့်အပေါ် မှတ်ချက်ချကြပါ လိမ့်မယ်။
    ပြေတီဦးရဲ့ အောင်မြင်ကျော်ကြားမှုကို
    ကျွန်တော် က မနာလိုလို့  မရှုစိမ့်လို့    မုဒိတာမပွားနိုင်လို့     ဒီလိုမျိုးရေးတာလို့ သတ်မှတ်မှာ သေချာ ပါတယ်။ သူတို့ဇနီးမောင်နှံအပေါ်မှာ အချစ်ကြီး ချစ်နေတဲ့ ပရိသတ် တွေလည်း ကျွန်တော့်အပေါ် အမုန်းကြီး မုန်းသွားမှာ သေချာပါတယ်။
    တကယ်တော့ ပြေတီဦးနဲ့ကျွန်တော်ဟာ အင်မတန်မှ ချစ်ခင်ရင်နှီးတဲ့ သူငယ်ချင်းအရင်း ကြီးတွေပါပဲ။ သုညအောက် ရောက်နေတဲ့ ဘသတွေကို အတူတူဖြတ်သန်းရင်း လည်ပင်းဖက် ပေါင်းလာကြတဲ့ ညီအစ်ကို သူငယ်ချင်းတွေပါ။ အခုအချိန်ထိလည်း သူနဲ့ကျွန်တော်နဲ့ကြားမှာ အမုန်း ပွားစရာတစ်စက်မှ မရှိ သလို ပြဿနာလည်း နည်းနည်းလေးတောင် မရှိပါဘူး။
    ဒါဆိုရင် ဒီစာမရေးဘဲ မင်းတို့သူငယ်ချင်းအချင်းချင်း လူချင်းတွေ့ပြီး ပြောလိုက်ပါလားလို့ စာဖတ် ပရိသတ်ကြီးက ပြောချင်ကောင်းပြောချင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဘာကြောင့် ကျွန်တော် ဒီစာကို ရေးရသလဲ ဆိုရင်...
    ဒီစာထဲမှာပါတဲ့အကြောင်းအရာဟာ ပြေတီဦးတစ်ယောက်တည်းနဲ့ ပတ်သက်နေတာ မ ဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရဲ့ စာနယ်ဇင်းလောကမှာ အင်မတန်မှကို ထိပ်ဆုံးရောက်နေတဲ့ ဆရာ ဦးဝင်းငြိမ်းနဲ့ ဆရာ ဦးမြတ်ခိုင် တို့ နှစ်ယောက်လည်း ပါဝင်ပတ်သက်နေ

ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း


ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း
အခုခေတ်လူငယ်တွေသိထားသင့်ထင်လို့အခုလိုမျိုးမျှဝေလိုက်တာပါ
ဒါလေးလဲမှတ်ထားသင့်တယ်လို့ထင်ပါတယ်........
(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။
(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။
(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲမရှိပါ ။
(၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။
(၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။
(၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။
(၇)ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။
(၈)စေတနာသည် ကံတရား၏အရင်မြစ်ဖြစ်သည် ။
(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။
(၁၀)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။
(၁၁)ကံကြမ်မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ် ။
(၁၂)လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်း
နေတာပါပဲ ။
(၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ ။
(၁၄)ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။
(၁၅)ဒုက်ခအနီးတွင် သုခရှိ၏ ။
(၁၆)ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့ ။
(၁၇)ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ် ။
(၁၈)ဘ၀သည်အစမ်းသဘောဖြစ် နေထိုင်ခွင့်မရှိသေားအရာ ။
(၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပဲ ။
(၂၀)အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပဲ ။
(၂၁)နာလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာေ

ဝိတ်လှော့နည်း (၁၀)ချက်ပါ...ဆိုဒ်လေးတစ်ခုမှာ ဖတ်မိလို့ မမ၀၀ ၊ ကိုကို ဖက်တီးတို့ အတွက်ပါ ..... မီးမီးတို့လို မော်ဒယ်လေးတွေပါဘူးနော်....


၀၀လေးနှင့် လှလှလေး စာရင်းတွင် ပါနေသော၊ ရှိသင့်သော ကိုယ်အလေးချိန်ထက် အနည်းငယ်/လွန်စွာ ပိုနေသော၊ သို့သော်လည်း ၂၀၁၂တွင် ကိုယ်အလေးချိန်လျော့ချလိုသော သူများအနေဖြင့် အချက် (၁၀)ချက်ကို လိုက်နာနိုင်လျင် ၂၀၁၂နှစ်ကုန်ချိန်၌ ကိုယ်ရေစစ်ခြင်းနှင့်အတူ ကျန်းမာသန်စွမ်းဖျတ်လတ်မှုကို ခံစားရမည် ဖြစ်သည်။

၁။ အစားအသောက် ဆင်ခြင်ရန်။
ဥပမာ -Coke တစ်ဗူးသောက်ခြင်းသည် ၂၅၀ကယ်လိုရီ စားသုံးလိုက်ခြင်းဖြစ်သည်။ ထိုစားသုံးလိုက်သော ၂၅၀ကယ်လို ရီ လောင်ကျွမ်းရန်အတွက်မူ မိနစ်၃၀ခန့် ပြေးရမည်။(စားသုံးသော အစားအစာ ပမာဏ – ကိုယ်လက်လှုပ်ရှားမှု = အ၀ လွန်ခြင်း ဖြစ်သည်။) လူအများစုသည် မိမိခန္ဓာကိုယ်၏ လိုအပ်ချက်ထက် ပိုမိုစားသောက်သောကြောင့်သာ ၀ နေခြင်း ဖြစ်၏။
ထို့ကြောင့် တစ်ခြား လေ့ကျင့်ခန်းအစီအစဉ်များ မစတင်မီတွင် အစားအသောက်ကို ကျန်းမာရေးနှင့်အညီ စားသောက်တတ်ရန် လိုအပ်သည်။ အစားအသောက်လျော့ရန် မဟုတ်ချေ။ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများကို များများစားတတ်ရန် ဖြစ်၏။၂။ ရေများများ သောက်ရန်။
ရေသောက်ခြင်းဖြင့် ဗိုက်ပြည့်နေတတ်ပြီး တစ်ခြား သားရည်စာများ၊ အချိုရည်များ မသောက်ဖြစ်တော့ချေ။ ထို့အပြင် ရေများများသောက်ခြင်းဖြင့် ကိုယ်တွင်း၌ အစာချေဖျက်မှုမြန်ဆန်လာပြီး အဆီချေဖျက်အား

တောင်ဥက္ကလာတွင် ရဲတစ်ဦး ကားတိုက် ခံရ၍ သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ရဲ တပ်ကြပ် စီးနင်း လာသည့် မော်တော် ဆိုင်ကယ်နှင့် ကိုယ်ပိုင်ယာဉ် တစ်စီး တိုက်မိရာမှ ရဲတပ်ကြပ် တစ်ဦး သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။---

ညီမလေးတွေ အထူးသတိထားစေဖို့

မုဒိမ်မှု ဖြစ်ပွါးခဲ့သည့် ၀မ်းအလှ ပြုပြင်ရေး ဆိုင်


တနသာင်္ရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်း နယ်မြေ၊ မင်္ဂလာလမ်း၊ အိမ်အမှတ်(၇၆)တွင် ၀မ်းအလှပြုပြင်ရေး ဆိုင်ဖွင့်လှစ် ထားသော မိန်းမလျှာ ၀မ်း(ခ) ကိုတင်မျိုးဦးမှ အသိဥာဏ်(နဲနဲပါးပါး)ချို့တဲ့ နေသော မိန်းကလေးဖြစ်သူ၊မ.......အားဓါးထောက် မုဒိမ်းကျင့်ပြီး ထွက်ပြေး တိမ်းရှောင် ----

အမျိုးသားများအတွက်အန္တရယ်အကြီးဆုံးငါး

Photo: အဏ္ဏဝါ ရေပြင်တွေမှာ အင် မတန် ထူးခြား ဆန်းပြားတဲ့ ငါးတွေရှိ တယ် ဆိုတာကို အားလုံးသိပြီးသားပါ။ အခုလည်း အဲဒီလို ထူးခြားတဲ့ ငါးတစ် မျိုးကြောင့် အမေရိကန်နိုင်ငံ အီလီ နွိုက်စ်ပြည်နယ်က နာမည်ကြီးရေကန် တစ်ခုမှာ လုံခြုံရေးတွေ တင်းတင်း ကျပ်ကျပ်ချထားရပါပြီ။ အရင်တ လောတုန်းက ပါးပူးဝါးနယူးဂီနီ ငါး ဖမ်းသမားနှစ်ဦးကို သေဆုံးစေခဲ့တဲ့ Pacu ငါးတစ်ကောင်ကို အဲဒီရေကန်မှာ ဇူလိုင် (၇) ရက်နေ့က ဖမ်းဆီးရမိခဲ့ တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါ တယ်။ အဲဒီ Pacu ငါးက သေဆုံးသွား တဲ့ ငါးဖမ်းသမား (၂) ယောက်ရဲ့ ဝှေးစေ့တွေကို ကိုက်ဖြတ်ခဲ့တာပါ။ ဒါ ကြောင့် သွေးထွက်လွန်ပြီး သေဆုံးကြ တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ပိုင်း Pacu ငါးတွေကို အမျိုးသား လိင် အင်္ဂါတွေကို စားတဲ့ငါးတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူတို့မှာ မာ ကျောချွန်ထွက်တဲ့ သွားတွေရှိတာ ကြောင့် သားကောင်ကို အလွယ်တကူ ကိုက်ဖြတ်ဝါးစားနိုင်ပါတယ်။ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “Lou Yaeger ရေကန်မှာPacu ငါး တစ် ကောင်တွေ့တယ်ဆိုတဲ့ သတင်းကြား လိုက်တော့ အားလုံးတုန်လှုပ်သွားခဲ့ကြ ပါတယ်။ သူတို့ကြောင့် ငါးဖမ်းသ မားနှစ်ဦး ရုပ်ပျက်ဆင်းပျက် သေသွား တာကိုလည်း ကျွန်မတို့ သိထားပါပြီ။ အမျိုးသားတန်စာမှန်း မသိကြပေမယ့် သူတို့က အဲဒီနေရာကိုမှ ရွေးကိုက်ကြ တာပါ။ အတော်လေး ကြောက်စရာ ကောင်းပါတယ်"လို့ ပြောကြားခဲ့ပါ တယ်။ <a href=

 အဏ္ဏဝါ ရေပြင်တွေမှာ အင် မတန် ထူးခြား ဆန်းပြားတဲ့ ငါးတွေရှိ တယ် ဆိုတာကို အားလုံးသိပြီးသားပါ။ အခုလည်း အဲဒီလို ထူးခြားတဲ့ ငါးတစ် မျိုးကြောင့် အမေရိကန်နိုင်ငံ အီလီ နွိုက်စ်ပြည်နယ်က နာမည်ကြီးရေကန် တစ်ခုမှာ လုံခြုံရေးတွေ တင်းတင်း ကျပ်ကျပ်ချထားရပါပြီ။ အရင်တ လောတုန်းက ပါးပူးဝါးနယူးဂီနီ ငါး ဖမ်းသမားနှစ်ဦးကို သေဆုံးစေခဲ့တဲ့ Pacu ငါးတစ်ကောင်ကို အဲဒီရေကန်မှာ ဇူလိုင် (၇) ရက်နေ့က ဖမ်းဆီးရမိခဲ့ တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါ တယ်။
အဲဒီ Pacu ငါးက သေဆုံးသွား တဲ့ ငါးဖမ်းသမား (၂) ယောက်ရဲ့ ဟာတွေကို ကိုက်ဖြတ်ခဲ့တာပါ။ ဒါ ကြောင့် သွေးထွက်လွန်ပြီး သေဆုံးကြ တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ပိုင်း Pacu ငါးတွေကို အမျိုးသားများရဲ.အင်္ဂါကို စားတဲ့ငါးတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူတို့မှာ မာ ကျောချွန်ထွက်တဲ့ သွားတွေရှိတာ ကြောင့် သားကောင်ကို အလွယ်တကူ ကိုက်ဖြတ်ဝါးစားနိုင်ပါတယ်။
ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “Lou Yaeger ရေကန်မှာPacu ငါး တစ် ကောင်တွေ့တယ်ဆိုတဲ့ သတင်းကြား လိုက်တော့ အားလုံးတုန်လှုပ်သွားခဲ့ကြ ပါတယ်။