This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Saturday, September 1, 2012
မန္တလေးတွင် လ.၀.က သတ်မှတ်ချက်အရ အိန္ဒိယ-ဗမာ များနေ *
Inbox
x
မင်းမင်းလတ်(မြစ်မခ)
by Myit Makha Mediagroup on 31 Aug, 2012
မန္တလေးမြို့တွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင်၊ဟိန္ဒူဘာသာဝင်များအား လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်ပုံတင်အသစ်ပြန် လည်ပြုလုပ်ခိုင်းပြီး၊  အိန္ဒိယ- ဗမာ ဟု သတ်မှတ်ခြင်းများရှိနေကြောင်း မြို့ခံများက ဆိုသည်။
အစ္စလာမ်ဘာသာဝင် ဗမာအမျိုးသမီးတစ်ဦး၏မှတ်ပုံတင်အား လူမျိုးအမည်ပြန်လည်ပြင်ဆင်ပြောင်းလဲရန်အတွက် မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်ပုံတင်အသစ်ပြန်လည် ပြုလုပ်ခိုင်းခဲ့သည်ဟု ကာယကံရှင် မတင်တင်ရီက  ဆိုသည်။
သမီးဖြစ်သူအတွက် မှတ်ပုံတင်သွားရောက်ပြုလုပ်စဉ် ထိုကဲ့သို့ စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးက ပြောကြားခဲ့သည်။
 " ကျမသမီးအတွက် မှတ်ပုံတင်သွားလုပ်တဲ့အခါ မိဘဖြစ်တဲ့သူက လူမျိုး-ဗမာ၊ ကိုးကွယ်သည့် ဘာသာ- အစ္စလာမ် ဖြစ်နေလို့ လက်သင့်မခံနိုင်ဘူး ၊ ဒါကိုပြန်လည်ပြင်ဆင်ရန် အသစ်ပြန်လျှောက်ပါဆိုပြီး လျှောက်လွှာတစ်စောင်ကို ဦးစီးမှူးလက်မှတ်ထိုးပြီး လုပ်ခိုင်းလိုက်တယ် ´´ဟု ၎င်းက ပြောကြားသည်။
မတင်တင်ရီသည် ၎င်းအပေါ်ထိုကဲ့သို့ ဆက်ဆံလိုက်ခြင်းအပေါ် ကျေနပ်မှုမရှိကြောင်းနှင့် ၎င်း၏မျိုးရိုးသည် ဗမာလူမျိုးစစ်စစ် များဖြစ်ကြောင်းကို မီဒီယာသမားများနှင့်တွေ့ဆုံပြောကြားခဲ့သည်။
" အဖိုးက နန်းတွင်း တိုင်းရင်းဆေးသမားတော်ဦးကျော် ၊ အဖွားက စုဖုရားလတ်ရဲ့စာချွန်တော်ဖတ် ဒေါ်ဖွားနှစ် ၊ ကျမတို့ အမျိုးက နန်းတွင်းကို ခြေကန်မွေးလာကြတာ ၊ ကျမတို့က ဗမာလူမျိုးစစ်စစ်သာ ဖြစ်တယ် ၊ အခု အိန္ဒိယ- ဗမာလို့ သတ်မှတ် မယ်ဆိုတာတော့ လုံးဝလက်မခံသလို ၊အိန္ဒိယ နိုင်ငံသား တွေလဲမဟုတ်တဲ့အပြင် အဲဒီမှာ မိတ်ဆွေတောင် မရှိဘူး" ဟုသူမက ဆက်လက်ပြော ကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားရောက်မေးမြန်းရာ ၊ ကာယကံရှင်ဖြစ်သူများမှ ၎င်းတို့သည် အိန္ဒိယနွယ်ဖွားများဖြစ်ကြောင်းကို ၀န်ခံထွက်ဆိုခဲ့သည်ဟု ဦးစီးမှူး ဖြစ်သူ ဦးတင်မျိုးအောင်က ပြန်လည်ဖြေကြားခဲ့သည်။
'' ကလေးတွေကို လာလုပ်တဲ့အခါကျတော့ သူတို့ကိုယ်တိုင် အိန္ဒိယ- ဗမာပါလို့ဝန်ခံ ထွက်ဆိုချက်တွေ ပေးတယ်။ ကလေးတွေတောင်မှာအိန္ဒိယ- ဗမာ  ဖြစ်နေပြီ သူတို့ကိုင်ထားတဲ့ဟာတွေကြတော့ ရှေ့နောက် မညီတော့ဘူးလေ ၊ အဲဒီတော့ ပြန်ထုတ်ပေးဖို့ရာအတွက် ကျနော်တို့က ပြန်လျှောက် ခိုင်းတာ '' ဟု ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက ထိုကဲ့သို့ဖြစ်နေရခြင်းမှာ ကိုးဆယ်ခုနှစ်ရွေးကောက်ပွဲပြုလုပ်ခါနီးတွင် တစ်တိုင်းပြည်လုံး မှတ်ပုံတင်လုပ်ခြင်း ပမာဏများပြား၍ စီစစ်မှုအားနည်းခဲ့သောကြောင့်ဖြစ်ပြီး ၊လက်ရှိလွှတ်တော်တွင် ထိုကိစ္စများကိုဆွေးနွေးသင့်ပြီး အနာဂတ်တွင် တိကျသည့်မူဝါဒများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့ ကာယကံရှင်များက အိန္ဒိယနွယ်ဖွားများအဖြစ် ၀န်ခံထွက်ဆိုခဲ့သည်ဟု ဦးစီးမှူး၏ ပြောကြားချက်ကို ကာယကံရှင်ဖြစ်သူ မတင်တင်ရီမှ ငြင်းဆိုခဲ့ပြီး ထိုကဲ့သို့ ပြောဆိုခိုင်းခြင်းကြောင့်မှတ်ပုံတင်ဆက်မလုပ်နိုင်ကြောင်းကိုလည်း သိရသည်။
'' ကျမတို့ အိန္ဒိယနွယ်ဖွားအဖြစ် မ၀န်ခံခဲ့ပါဘူး ၊ အဲဒီလိုဝန်ခံခိုင်းလို့ ကျမတို့လျှောက်လွှာကို ပြန်တောင်းတဲ့ အချိန်ကြတော့ ဦးစီးမှူးလက်မှတ်ပါနေလို့ ပြန်မပေးနိုင်ဘူး ၊ လုပ်ချင်တဲ့အချိန်ပြန်လာခဲ့ပါ မပျေက်စေရပါဘူး ဆိုပြီး သိမ်းထားလိုက်တယ်''  ဟု မတင်တင်ရီမှ ပြောဆိုခဲ့သည်။
 အလားတူဖြစ်ရပ်များအား မန္တလေးမြို့တွင်းတွင် ဖြစ်ပျက်မှုများပြားနေပြီး သမီးတော်ဈေး (ပြည်ကျော်ဈေး)အနောက်တွင်   နေထိုင်သည့် ပြည်ကြီးပျော်ဘွယ်အနောက်နေ ပုဏ္ဍားလူမျိုးစုအများစုကိုလည်း အိန္ဒိယ-ဗမာဟု ထည်သွင်းထားကြောင်း ပုဏ္ဍားစုတွင်နေထိုင်သူများက ဆိုသည်။
--
ရင်ခုန်သံမြန်စေမယ့် ချန်ပီယံလိဂ်အုပ်စုများ ထွက်ပေါ်လာပြီ
(ဓာတ်ပုံ – gcprive.greekconcierge.com)
ဘောလုံးရာသီစရင် ပရိသတ်တွေ စောင့်မျှော်နေတတ်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်များ မဲခွဲမှုကို မနေ့က ပြုလုပ်သွားခဲ့ပါပြီ။ ထူးထူးခြားခြားအနေနဲ့ ကိုယ့်နိုင်ငံမှာ လိဂ်ချန်ပီယံတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ အိုင်းယက်စ်၊ ဘရော့ရှား ဒေါ့မွန်အသင်းတို့ အုပ်စု (D) မှာ ထိပ်တိုက် တွေ့ဆုံကြတော့မှာဖြစ်ပြီး မရဏအုပ်စုအဖြစ် သတ်မှတ်ခြင်း ခံလိုက်ရပါတယ်။
လက်ရှိချန်ပီယံ ချယ်ဆီးအသင်းကတော့ စီးရီးအေ ချန်ပီယံ ဂျုဗင်တပ်နဲ့ တအုပ်စုထဲကျပြီး ရှက်တာဒိုးနက်၊ အက်ဖ်စီ နော့ဂျာလန် စတဲ့ အသင်းသေးတွေ ပါဝင်လာပါတယ်။ နာမည်ကြီး ဘာစီလိုနာအသင်းက ခြေမာတဲ့ ဘန်ဖီကာ၊ စပါတပ် မော်စကို၊ ဆဲယ်တစ် အသင်းတို့နဲ့ ထိပ်တိုက်တွေ့ဆုံရမှာဖြစ်ပါတယ်။
အင်္ဂလန် အသင်းတွေထဲက မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ အုပ်စုချောင်တယ်လို့ ဆိုရမှာဖြစ်ပြီး ဘရာဂါ၊ ဂလက်တာစာရေး၊ ကလက်ခ်ျ စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်က ဂျာမန်ကလပ် ရှော်ကေး၊ အိုလံပီယာကော့စ်၊ မွန့် ပယ်လီယားစတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပရိသတ် စိတ်ဝင်စားဆုံး အုပ်စုဖြစ်လာတဲ့ အုပ်စု (D) ကတော့ နာမည်ကြီး နည်းပြတွေဖြစ်တဲ့ မော်ရင်ညိုနဲ့  ရောဘတ်တို မန်ချီနီတို့ရဲ့ အားပြိုင်ပွဲဖြစ်လာနိုင်ပါတယ်။ ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း အီမီလီယိုကတော့ ရီးယဲလ်နဲ့ မန်စီးတီးအသင်းသာ အုပ်စုတက်ဖို့ ရေပန်းစားနေပေမယ့် နောက်တဆင့်တက်ဖို့ အသင်းတိုင်းဟာ အကောင်းဆုံး ခြေစွမ်းမှာရှိနေတာကြောင့် ပရိသတ်တွေ နှစ်ခြိုက်မယ့် ပွဲစဉ်တွေ ဖြစ်လာဖွယ်ရှိကြောင်း ပြောသွားခဲ့ပါတယ်။
မန်စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့် ကွန်ပနီကတော့ “ဒီနှစ်လည်း ချန်ပီယံလိဂ်မှာလည်း သက်သက်သာသာနဲ့ အုပ်စုလမ်းတက်ဖို့ မမြင်ပြန်ပါဘူး။ ဒါပေမယ့် ပရိတ်သတ်တွေ အတွက်တော့ အကြိုက်တွေ့မယ့် ပွဲစဉ်တွေ ဖြစ်လာမှာပါ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
အုပ်စုပွဲစဉ်တွေကို စက်တင်ဘာ ၁၈၊ ၁၉ ရက်တွေက စတင်ပြီး ဒီဇင်ဘာ ၄၊ ၅ ရက်တွေမှာ အုပ်စုပွဲစဉ်တွေ ပြီးဆုံးမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဘာစီလိုနာ ကစားသမား အန်ဒရေ အင်နီယေစတာက ယူအီးအက်ဖ်အေရဲ့ ဥရောပ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားပြီး အသင်းဖော် မက်ဆီ၊ ရီးရဲယ်မက်ဒရစ်မှ ကစားသမား ရော်နယ်ဒိုတို့ကို ဖြတ်ကျော်ကာ ရရှိသွားခဲ့ပါတယ်။ အင်နီယေစတာဟာ ယူရို ၂၀၁၂ တုန်းကလည်း ပြိုင်ပွဲအတွင်း အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ဖူးပါတယ်။
ချန်ပီယံလိဂ် အုပ်စုဇယား
အုပ်စု (A) ပေါ်တို၊ ဒိုင်နမိုကီးယပ်၊ ပီအက်စ်ဂျီ၊ ဒိုင်နမို ဇာဂရက်
အုပ်စု (B) အာဆင်နယ်၊ ရှော်ကေး၊ အိုလံပီယာကော့်စ်၊ မွန့်ပယ်လီယား
အုပ်စု (C) အေစီမီလန်၊ ဇင်းနစ်၊ အန်ဒါလက်၊ မာလာဂါ
အုပ်စု (D) ရီးယဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီး၊ အိုင်းယက်စ်၊ ဘရော့ရှား ဒေါ့မွန်
အုပ်စု (E) ချယ်ဆီး၊ ရှက်တာဒိုးနက်၊ ဂျုဗင်တပ်၊ အက်ဖ်စီ နော့ဂျာလန်
အုပ်စု (F) ဘိုင်ယန်မြူးနစ်၊ ဗလင်စီယာ၊ လိုင်လီ၊ ဘိတ် ဘိုရီဆော့
အုပ်စု (G) ဘာစီလိုနာ၊ ဘန်ဖီကာ၊ စပါတပ် မော်စကို၊ ဆဲယ်တစ်
အုပ်စု (H) မန်ချက်စတာ ယူနိုက်တက်၊ ဘရာဂါ၊ ဂလက်တာစာရေး၊ ကလက်ခ်ျ
Source: BBC
http://burma.irrawaddy.org/archives/19057
တရုတ်နိုင်ငံတွင် ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် ၁၉ ဦး သေဆုံးပြီး ၂၈ ဦး ပိတ်မိနေ
တရုတ်နိုင်ငံ အေနာက်တောင်ပိုင်း
 စီချွမ်ခရိုင် ကျောက်မီးသွေး သတ္တုတွင်းမှာ
 ဓာတ်ငွေ့ပေါက်ကွဲခဲ့တဲ့အတွက် သတ္တုတွင်း
သမား ၁၉ ဦး သေဆုံးပြီး ၂၈ ဦး ပိတ်မိနေ
တယ်လို့ ဒေသခံအစိုးရကပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညေန ၆ နာရီလောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှု
 ဖြစ်ပွားခဲ့တဲ့ ပန်ဇီဟူ အာမြို့ ဇီအောချီဝမ် ကျောက်မီးသွေးတွင်းထဲမှာ သတ္တုတွင်း အလုပ်သမား
၁၅၂ ဦး လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
ဒီနေ့ မနက် ၆ နာရီမှာတော့ ၁၀၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီးတော့ ပန်ဇီဟူအာမြို့က ဆေးရုံကို
ပို့ဆောင်ခဲ့ပေမယ့် သတ္တုတွင်းသမား ၃ ဦးကေတာ့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။
မြေအာက်မှာ ပိတ်မိနေတဲ့ အလုပ်သမား ၁၅ ဦးသေဆုံးတာကိုလည်း အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။
ကယ်ဆယ်ရေး အလုပ်သမားတွေလည်း ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်အောင် ကြိုးစားနြေပီး
သတ္တုတွင်း ပိုင်ရှင်ကိုလည်း စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ဖို့အတွက် ရဲစခန်းက
ခေါ်ဆောင်သွားပါတယ်။
 ကျောက်မီးသွေးတွင်းကို ဇန်ကျင် စက်မှုကုန်သွယ်ရေး ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။တရုတ်သတ္တုတွင်း
တွေက လျော့ရဲတဲ့ စည်းမျဉ်းတွေကြောင့် ကမာ္ဘေပ်ါမှာ လူအေသအေပျာက် အများဆုံးဖြစ်ပေမယ့်
အစိုးရကတော့ အေသအေပျာက် စာရင်းတွေ ကျလာတယ်လို့ ပြောပါတယ်။
အရင်နှစ်ကလည်း သတ္တုတွင်း အလုပ်သမား ၁၉၇၃ ဦး သေဆုံးခဲ့သလို ၂၀၁၀ ကလည်း ၂၄၃၃ သေဆုံးခဲ့တယ်လို့ အစိုးရ အလုပ်လုံခြုံရေးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့တွေက ပြောပါတယ်။
DVB( မြန်မာပိုင်း)
ရွှေမြန်မာ
မြေပုံမြို့တွင် ညဥ့်အချိန် စစ်တပ်မှ သေနတ်ပစ်ခတ်၍ ပြည်သူများ အထိတ်တလန့် ဖြစ်ပွား
နိရဉ္စရာ
ရ ခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့်အချိန် တွင် စစ်တပ်မှ သေနတ် ပစ်ခတ်သဖြင့် မြို့သူမြို့သားများ အကြား အ ထိတ် တလန့် ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
“ ညဥ့် ၈ နာရီကျော်လောက်မှာ သေနတ်သံတွေ ဆက်တိုက် ထွက်လာ တော့ လူတွေက အထူး စိုးရိမ်သွားကြပါတယ်။ ၁၀ ချက်ခန့် ဆက်တိုက် ဆက်တိုက် ပစ်ပါတယ်။ မြို့ထဲမှာ အခုလို ပစ်ခတ်တော့ တစ်မြို့လုံး လုံးဝ ငြိမ်သက် တိတ်ဆိတ် သွားခဲ့ပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။
သေနတ်သံမှာ မြေပုံမြို့ မွတ်ဆလင် ဗလီ အနားမှဆင့်ကာဆင့်ကာထွက် လာသဖြင့် လူများမှာ ကြောက်လန့်ပြီး ပြေးသူပြေး၊ ပုန်းသူ ပုန်းဖြင့် ရှုတ်ယှတ်ခတ်သွားခဲ့သည်ဟု ဆိုသည်။
“ ခုလို သေနတ်သံကို မကြားဖူးတော့ လမ်းမှာရှိတဲ့ သူတွေက ထွက်ပြေး၊ ဆိုင်တွေကို ပိတ်၊ မီးတွေ မှိတ်နဲ့ တမြို့လုံး ရှုပ်ယှတ်ခတ်သွားခဲ့ပါတယ်။ တညဥ့်လုံး လူတွေက ဘာဖြစ်သလဲဆိုတာကို အတိအကျ မသိတော့ အိပ်တောင် မပျော်ခဲ့ပါဘူး” ဟု ပြောသည်။
မနက်လင်းမှ စစ်သား တစ်ဦး အရက်မူးရာမှ သေနတ် ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်ဟု သူက ဆိုသည်။ သို့သော် တစ်စုံ တစ်ဦးမျှ ထိ ခိုက် ဒဏ်ရာ ရရှိခြင်း မရှိကြောင်း၊ စစ်သားများမှာ မြေပုံမြို့ထဲရှိ ဈေးထဲ ဓမ္မာရုံနှင့် မြေပုံမြို့ ဗလီနားတွင် လုံခြုံရေး ယူထားကြောင်း သူက ဆက်ပြောသည်။
ယခုကဲ့သို့ လူအများ စိုးရိမ်စိတ်များ ၀င်နေချိန်တွင် မြို့ထဲတွင် စစ်တပ်မှ အချိန် မတော် သေနတ်ပစ်ခတ်သဖြင့်ပြည်သူများကိုအထူး အ ထိတ် တလန့် ဖြစ်စေခဲ့ကြောင်း သတင်းများ ရရှိသည်။
မြန်မာအစိုးတပ်၏ စောင့်ကြိုပစ်ခတ်မှုတွင် KIA ပြည်သူ့စစ် ၂ ဦးသေဆုံး
KNG
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆမ်ပိုင် (Sambai) သွားလမ်းမှ မိုင် ၄၀ ကျော်ရှိသည့် ဒါဂါယန် (Daga Yang) နှင့် လိုင်ဖောန် (Lai Hpaw ng) ကြားတွင် ၂၉ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီအချိန်က ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ KIA ပြည်သူ့စစ် ၂ ဦး မြန်မာအစိုးရ တပ်၏ စောင့် ကြိုပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
၎င်းတို့ ၂ ဦးသည် ဆိုင်ကယ်ဖြင့် လိုင်ဖောန် (Lai Hpawng) KIA ပြည်သူ့စစ်တပ်ဖွဲ့ရှိရာသို့ အစားအသောက်နှင့် လိုအပ်သည့် ပစ္စည်းများ ကို လာပို့သည့်အချိန်တွင် မြန်မာစစ်တပ် ခမရ (၃၀၁) စစ်သားများ ခြုံခိုပစ်ခတ်ခြင်းဖြစ် သည်။
“အရင်ကတော့ ထိုလမ်း လွတ်လွတ်လပ်လပ် ကျနော်တို့ သွားနေတဲ့ လမ်းဖြစ်တယ်။ ဒါမဲ့ ထိုတပ် က ပြောက်ကျားနည်းလို့ ပြောရမယ်ထင် တယ်။ ကျနော်တို့ သွားနေတဲ့လမ်းမှာ ဒီလိုနဲ့အသင့်စောင့်နေပြီး ပစ်လိုက်တာ။”
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) အောက် တပ်ရင်း (၃)ဒေသတွင် ပြည်သူ့စစ်တပ်ဖွဲ့များအား ကူညီပေးနေသော တပ်ဖွဲ့ဝင် ၂ ဦးသည် ဂါးရာယန်ကျေးရွာ (Gara Yang mare)မှ ကို မဂျီဆိုင်းအောင် (Maji Seng Awng)ဖြစ်ပြီး၊ ဝါးရှောင် (Washawng)မှ ဦး ခေါင် ဇယ် (Hkawng Je) ဖြစ်ကြောင်းသိရသည်။ ၎င်းတို့တွင် သေနတ်တလက်လည်းပါကြောင်းသိရသည်။
ထိုသူ ၂ ဦးသည် တိုက်ပွဲစတင်ချိန်မှ စပြီးထို နေရာများသို့ လိုအပ်သည့် ပစ္စည်း ရိက္ခာများပေးပို့နေသည့် သူများဖြစ်ကြောင်း KIA ရှေ့တန်းစ ခန်းမှ ဆိုသည်။
ယနေ့ နံနက်မှ ထိုနေရာတွင် တိုက်ပွဲများဖြစ်နေပြီး ညနေ ၃ နာရီမှ ပြန်လည်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
မြစ်ကြီးနား-လိုင်ဇာသွားလမ်းပေါ်ရှိ ဂါရားယန် (Gara Yang) ဘက်သို့ ထိုးစစ်ဝင်လာ မြန်မာအစိုး ရတပ် စစ်ကား ၁ စီးကို ၂၉ ရက် ဗုဒ္ဓဟူးနေ့တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၃) တပ်များမှ မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာမြန်မာအစိုးရဘက်မှ သေ ဆုံး ဒဏ်ရာရရှိကြောင်း သိရသည်။
ထိုအစိုးရတပ် တပ်မ (၈၈) တပ်ကို နံနက် ၇ နာရီခွဲအချိန်တွင် ပစ်ခိုက်တိုက်ခိုက်လိုက်ရာ မြန်မာအစိုးရတပ်မှ ၂ ဦး ကျဆုံးပြီး ၇ ဦး ဒဏ် ရာရ ရှိကြောင်း KIA အရာရှိများဆိုသည်။
“သူတို့က ရွှေညောင်ပင်ဘက်မှ ကားနဲ့ဝင်လာတာ……ကျတော်တို့ဘက်က အသင့်ကြိုနေတာနဲ့ ပစ်လိုက်တာ” ဟု ရှေ့တန်းမှ KNG ကချင်သ တင်းဌာနသို့ပြောသည်။
မြေသိမ်းခံ လယ်သမားများကို ယုဇနဦးဌေးမြင့် အလျော်ပေးမည်
လဖိုင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ၀ါရာဇွပ်ကျေးရွာအုပ်စုမှ လယ်မြေဥယျာဉ်များ သိမ်းယူထားမူအတွက် ဆန္ဒပြရန် ရန်ကုန်မြို့သို့ ရောက် လာ သည့် လယ်သမားများသည် ယုဇနကုမ္မဏီပိုင်ရှင် ဦးဌေးမြင့်မှ အချိန်မီ ညှိနှိုင်းရန် ကမ်းလှမ်းခဲ့ခြင်းကြောင့် ဆန္ဒပြခြင်းကို ရွှေ့ဆိုင်း လိုက် ကြောင်း သိရသည်။
“၂၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဦးဌေးမြင့်ကိုယ်တိုင် ညိုမယ်ဆိုပြီး ဆက်သွယ်လာတယ်။ နေပြည်တော်မှာ သွားညှိပြီးတော့ လယ်မြေ တွေ ပြန်လုပ်လို့ရအောင် လုပ်ပေးမယ်ပြောတယ်” ဟု ကိုယ်တိုင် လယ်အသိမ်း ခံရပြီး လက်ရှိ လယ်သမား အရေး ဆောင်ရွက်နေသူ ဒေါ် ဘောက် ဂျာက ပြောသည်။
“မီဒီယာထဲမှာထည့်ပြီး အရှက်ခွဲလို့တဲ့ ဦးဌေးမြင့်က ပြောတာ။ ဒါနဲ့ သူများလယ် သိမ်းတာတော့ အားမနာဘူးလားလို့ ပြန်မေးခဲ့တယ်” ဟု ဒေါ် ဘောက်ဂျာက ဆိုသည်။
ဆန္ဒပြရန်အတွက် ခွင့်ပြုချက်လျှောက်ထားစဉ် ဗဟန်းရဲစခန်းက နေရာရွှေ့ပြီး ဆန္ဒပြရန်ပြောခဲ့ကြောင်း၊ ခွင့်ပြုချက် မရသော်လည်း ဆန္ဒ ပြ ရန် စီစဉ်ခဲ့ကြောင်း သိရသည်။
“ဆင်းလာကတည်းက ယုဇနကို ပြဖို့လာတာ။ အဲဒီမှာ မပြရရင် ရဲစခန်းရှေ့မှာ ပြမယ်လို့ပြောတော့ ဆန္ဒပြခွင့် မပြုတဲ့အကြောင်း စာရွက်ထုတ် ပေးတယ်” ဟု ဒေါ်ဘောက်ဂျာကပြောသည်။
မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဌေးမြင့်က ၄င်းသိမ်းဆည်းထားသည့် ဧကနှစ်သိန်းကျော်သော မြေများအ နက်မှ ပြန်ရလိုကြောင်း တရားစွဲဆိုထားသည့် လယ်သမား ၈၇ ယောက်၏ လယ်မြေများကို မူလနေရာတွင် မဟုတ်သည့်တိုင် လုပ်ကိုင် စား သောက်နိုင်သည့် နေရာတွင် အမည်ပေါက်ဖြင့် ပြန်လည်ပေးမည် ဖြစ်ကြောင်း၊ ဘူဒိုဇာများဖြင့် ထိုးဆွခဲ့သဖြင့် ပျက်စီးသွားသည့် လယ်မြေများ အတွက် လျော်ကြေး ကိုလည်း ပြည်နယ် တရားရုံးက ချမှတ်သည့်အတိုင်း ပေးဆောင်သွားမည်ဟု ညှိနှိုင်းခဲ့ကြောင်း၊ အ သေးစိတ်ကို လွှတ် တော်ပြီးချိန်တွင် ရန်ကုန်၌ ဆက်လက် ဆွေးနွေးသွားမည်ဟု ဦးဌေးမြင့်က ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
လယ်ယာမြေသိမ်းမူကို ဦးဌေးမြင့်က သူမသိကြောင်း၊ အစိုးရလုပ်ခိုင်းသဖြင့် လုပ်ရကြောင်း၊ တောင်သူပိုင် ခြံမြေ လယ်ယာများ ဖျက်ဆီးမူ များ ကိုလည်း သူမသိကြောင်း၊ အိန္ဒိယနှင့်ဆက်သွယ်ပြီး ဒေသဖွံဖြိုးရေး မြို့တည်ပြီး စည်ကားအောင်ပြုလုပ်ပေးရန် မည်သူမှ မ၀င်လို သည့် အချိန်တွင် သူဝင်ကြောင်း၊ ပီလောပီနံမှာလည်း နိုင်ငံတော်လောင်စာဆီ လိုအပ်ချက်အရ စိုက်ပျိုးရခြင်းဖြစ်သည်ဟု ညှိနှိုင်းသည့်အ ချိန်တွင် ရှင်းပြကြောင်း ဒေါ်ဘောက်ဂျာက ပြောသည်။
လယ်ယာမြေမဲ့သွားသည့် လယ်သမားများကို သူသိမ်းထားသည့်နေရာတွင် လာရောက် စိုက်ပျိုးစေပြီး ထွက်ရှိသည့် သီးနှံများကို တယောက်တ၀က် ရယူရန်အတွက်လည်း ဦးဌေးမြင့်က အကြံပြုခဲ့သေးကြောင်း သိရသည်။
“မြန်မာပြည်မှာ လျော်ကြေးတွေ၊ နစ်နာကြေးတွေသာ ပေးနေရမယ်ဆိုရင်ဘာမှ လုပ်စားလို့ရမှာ မဟုတ်ဘူးတဲ့၊ ဒါကြောင့် နစ်နာကြေးပုံစံ မ ဟုတ်ဘဲ ပျက်ဆီးသွားတာတွေအတွက် တရားရုံးက ချမှတ်တဲ့အတိုင်း ပေးမယ်လို့ ဦးဌေး မြင့်က ပြောတယ်” ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယုဇနကုမ္ပဏီမှ ကျောင်းများဆောက်ပေးမည်ဟု ဆိုသော်လည်း လက်တွေ့တွင် မဖြစ်လာသေးကြောင်း လယ် မြေ သိမ်းခံရသူတဦးက ပြောသည်။
“ဘာကျောင်းမှမရှိဘူး။ အင်္ဂလိပ်ခေတ်က သံတံတား အကောင်းစားတွေကို ဖြုတ်ယူသွားပြီး တံ တားအစား ကွန်ကရစ်ပိုက်လုံးတွေ လုပ်ပေး တယ်။ မိုးရွာတော့ ပိုက်လုံးနဲ့ရေမဆံ့တော့ သွားရေးလာရေး အကုန်ခက်ကုန်တယ်။ နောက် ပြီးတော့ လမ်းလုပ်တယ်တဲ့၊ မြေကြီးကိုဖို့ထားတာ နွေရာသီတော့ နည်းနည်းကောင်းတယ်။ မိုးရာသီဆိုတော့ ဗွက်တွေချည်းပဲ အရမ်းဆိုး သွားတယ်” ဟု ၄င်းက ဆက်ပြောသည်။
ကျားထိန်းသိမ်းရေး ဧရိယာဖြစ်သော်လည်း ဆိုင်းဘုတ်နားတ၀ိုက်တွင်သာ ဟန်ပြ တောအနည်းငယ် ချန်ထားပြီး တောအကုန် ရှင်းသဖြင့် ကျားလျှောက်လမ်းပင် မရှိတော့ကြောင်း ၀ါရာဇွပ်ရာသားတဦးက ပြောသည်။
ယုဇနကုမ္မဏီမှ လယ်ယာများကို ထိုးဆွသည့် ဘူဒိုဇာ ၁၀ စီးကို ရွာသားများက တူမီးသေနတ်နှင့် တားမြစ်ခဲ့သည်အထိ ပဋိပက္ခဖြစ်ခဲ့ဖူး ပြီး ပြည်နယ် တရားရုံးသို့ တိုင်ကြားရာတွင်လည်း အမူကို ပလပ်ခဲ့သဖြင့် ၂၄ ရက်နေ့တွင် အထူးအယူခံ ၀င်ထားကြောင်း သိရသည်။
သိမ်းယူထားသည့် လယ်မြေများကို တလအတွင်း လုပ်ကိုင်နိုင်ရေး ပြင်ဆင်ပေးရန် ယဇနကုမ္ပဏီထံ တောင်းဆို ထားသည်ဟု ဒေါ် ဘောက် ဂျာက ပြောသည်။
၎င်းက “သူတို့တတွေ ညတွင်းချင်းတောင် ဧကများစွာကို ထိုးကော်ပစ်ခဲ့တာ စက်တွေအများကြီး ရှိ တယ်။ တလဆိုတာ လုံလောက်ပါတယ်” ဟု ပြောသည်။
ဦးဌေးမြင့်၏ ယုဇနကုမ္မဏီကဲ့သို့ပင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္မဏီသည်လည်း လယ်မြေသိမ်း ခံရ သည့် လယ်သမားများ၏ ဆန္ဒပြမူများနှင့် ရင်ဆိုင်နေရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမြင့်သည် ရင်းနှီးမြှုပ်နှံမူကော်မတီတွင် အဖွဲ့ဝင်တဦးလည်းဖြစ်သည်။
သတင်းထောက်များအား ဇာဂနာ ညစ်ညမ်းစွာဆဲဆို
ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာ
နိုင်အောင်မြန်မာနိုင်ငံသို့ ပြန်လည်
ရောက်ရှိလာမှုကို ရန်ကုန်အပြည်
 ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်း
သတင်းရယူနေသော ပြည်တွင်း ပြည်ပ
 သတင်းထောက်များအားစွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။
ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊ ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊
 ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင် ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။
ယင်းသို့ သတင်းရယူခြင်း သတင်းဓာတ်ပုံရိုက် ကူးရန် စောင့်ဆိုင်းနေသည့် ဂျာနယ်လစ် ၅ဝ
ဝန်းကျင် ခန့်ရှိပြီး ပြည်ပဆိုက်ရောက်ဌာန အထွက်လမ်းတွင် ဝိုင်း ဝန်းပိတ်ဆို့နေကြသည့်
အတွက် ဒေါက်တာနိုင်အောင်နှင့် အဖွဲ့အား လမ်းရှင်းပေးနေသည့် ဇာဂနာက ညစ်ညမ်းစွာ
ဆဲဆိုခဲ့ခြင်းဖြစ်သည်။
''သူပြောတဲ့ အသံအနေအထားက သာမန်ပြောတဲ့ အနေအထားမျိုးမဟုတ်ဘဲ ဒေါသသံနဲ့
ပြောတာ၊ ခင်ဗျား တို့ ဗမာလိုပြောနေတာ နားမလည်ဘူးလား၊
.""လီ"" ပဲ ကွာလို့ အကျယ်ကြီးနဲ့ ဆဲတာ'' ဟု ကိုယ်တွေ့ကြုံရ သည့် သတင်း
ထောက်တစ်ဦးက ပြောသည်။
''တကယ်တော့ သူတို့က နိုင်ငံရေးလုပ်ဖော်လုပ် ဖက် အသိမိတ်ဆွေပေါ့ဗျာ၊ ကာယကံရှင်ဘက်က
ဘာမှ မပြောဘဲနဲ့ သူ့ဘက်က အခုလို ရိုင်းစိုင်းတဲ့အသုံးအနှုန်း ပြောခဲ့တာကတော့ နိုင်ငံရေးလုပ်နေတဲ့ သူတစ်ယောက် အနုပညာရှင်တစ်ယောက်အနေနဲ့ မလုပ်သင့်လုပ်ထိုက် ဘူးလို့ ကျွန်တော်ထင်ပါတယ်။
မီဒီယာတွေက ပိတ်နေ တာကို အခုလိုမျိုး အသုံးအနှုန်းမျိုးမဟုတ်ဘဲ အခြား အသုံးအနှုန်းတစ်ခုခုနဲ့ ပြောရင်လည်း ရမှာပါ။
အလွန် ဆုံးအနေနဲ့ လေသံခပ်တင်းတင်းနဲ့ပြောရင်တောင် ကျွန် တော်တို့ဘက်က အဆင်ပြေအောင် လုပ်ပေးနိုင်မှာပါ။ ခုကျတော့ သူ့အနေနဲ့ လိုအပ်တဲ့ အတိုင်းအတာထက် ပိုသွားတယ်လို့
ကျွန်တော်မြင်တယ်။
 မီဒီယာဘက်က တော့ဗျာ သတင်းဖြစ်တဲ့လူလာတော့ သတင်းအချက်အ လက်တွေ၊ ပုံတွေရဖို့ ကြိုးစားကြတာပေါ့။
သူ့အနေနဲ့ နားလည်ပေးသင့်တယ်။ သူထောင်က လွတ်လာတုန်း ကလည်း ခုလိုပဲ ဖြစ်ခဲ့တာ''
ဟု အဆိုပါ နေရာတွင် သတင်းရယူနေသည့် ပေါ်ပြူလာသတင်းဂျာနယ်မှ အယ်ဒီတာ
ကိုဥာဏ်လင်းအောင် မှတ်ချက်ပြုပြောကြားသည်။
''တို့သတင်းထောက်တွေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာ လက်ခံပါတယ်။ ကိုယ့်အလုပ်ကိုပဲ
အာရုံ စိုက်ပြီးလုပ်တဲ့အတွက် တခြားသူကို ထိခိုက်သလို ဖြစ် သွားတာတွေလည်း ရှိနိုင်ပါတယ်။
 ဒီအပေါ်မှာ အဆူခံ၊ အပြောခံရတာတွေရှိပေမယ့် အခုလို အဆဲခံရတာတွေအ
ထိတော့ မဖြစ်သင့်ဘူး။
အထူးသဖြင့် တစ်စုံတစ်ရာအ တိုင်းအတာအဆင့်ရှိတဲ့ သူက အခုလို လုပ်တာတော့ မဖြစ်သင့်ဘူး၊
သူက လူကြီးပဲ၊ ဆုံးမရင်တောင် ရနိုင် ပါတယ်။'' ဟု NHK သတင်းဌာနမှ
ကိုသီဟက ပြော သည်။
Messenger news
ရွှေမြန်မာ
SSPP/SSA နှင့် ပတ်သက် ဆက်နွယ်သည်ဟု သင်္ကာမကင်း ဖြစ်သူများကို မြန်မာစစ်တပ်က ဆက်တိုက် ဖမ်းဆီး နေ -
( ဒေသခံရွာသားများအား ပေါ်တာထမ်း လမ်းပြဖို့ ဖမ်းခေါ်လာသည့် မြန်မာအစိုးရစစ်ကြောင်း( ဓါတ်ပုံ- အင်တာနက်)
သြဂုတ်လ ၃၁ရက် ၂၀၁၂။
သျှမ်းပြည် တပ်မတော်၏ အမာခံလူဟုဆိုကာ ဖမ်းဆီးသွားသော နမ္မတူဒေသခံ စိုင်းကျော်အေးခေါ် အား ပြန် မလွှတ်ပေးသေးသည့်အပြင် သျှမ်းတပ်နှင့် ပတ်သက် ဆက်နွယ်နေသူများကို လိုက်ပြပေးရန် ဆက်လက် ခေါ်ဆောင်သွားသဖြင့် ဒေသခံများ စိတ်လက်မအေး ဖြစ်နေရကြောင်း ဒေသခံများ သတင်းရပ်ကွက်က ဆိုပါသည်။
 “၂၃ ရက်နေ့က ဖမ်းတဲ့ ပိန်းထော်(န်) ရွာသား စိုင်းကျော်အေးကို သူတို့စစ်ကြောင်းကို လမ်းပြပေးဖို့ခေါ်သွား တယ်။ ပိန်းထော်န် ရွာသူကြီး စိုင်းအောင်ညွန့် ကိုလည်း ဖမ်းသွားတယ်။ ၂၇ ရက်မှာ ည ၈ နာရီ မန်စံရွာထဲ ဝင်တယ်။ နမ့်ပိုင်သူကြီး စိုင်းထွေး ညွန့်၊ ရွာသား စိုင်းဝဏ္ဏကို ကို ထပ်ဖမ်းတယ်။ ၂၈ ရက်နေ့ ပန်လှ၊ ပန်ဆော့ရွာဖက် ဆက်သွားတယ်။ ဆန်ခါဘက်ဖြတ်သွား တော့ ဆန်ခါရွာသား တွေကို သူတို့ကို နားဟုတ် နောင်ငင်းရွာကို ပို့ခိုင်းတယ်။ ဆန်ခါမှာ ဗမာစစ်တပ် လူစုခွဲပြီး နောင်ငင်းကို ၉၄ ယောက် ရောက်တယ်။ ၂၉ ရက် နားဟုတ်ကနေ မန်စံ တောင်ဖက်ဆင်း တယ်။ စိုင်းကျော်အေးနဲ့ စိုင်းအောင်ညွန့်ကို ဗမာ စစ်အင်္ကျီ နဲ့ ပုဆိုးနဲ့ ဝတ်ပေးပြီး လက်ထိပ်ခတ်ကြီးနဲ့ေ ခ်ါသွားတယ်။ အဲဒီစစ်သားတွေကျတော့ သျှမ်းစစ်သား ဝတ်စုံတွေ ဝတ်ကြတယ်လို့လဲ ရွာသားတချို့ပြောကြတယ် ” ဟု နမ္မတူသား စိုင်းခမ်းက
ပြောသည်။
ယခုလ ၂၃ ရက်နေ့က ပိန်းထော်န်ရွာသားစိုင်းကျော်အေးနှင့် နောင်အော့ရွာသား စိုင်းကမ်တို့ နှစ်ယောက် နမ္မတူမြို့နယ် ဝမ့်စန် ကျေးရွာအုပ်စုမှ နောင်အော့်ရွာသို့ ဆိုင်ကယ်ဖြင့် အပြန် နောင်အော့ နတ်စင်အနီး၌ နမ္မတူအခြေစိုက် ၃၂၄ နှင့် နောင်ချိုအခြေစိုက် ၅၀၄ ပူးပေါင်းတပ် အင်အား ၁၀၀ ခန့်က ဖမ်းဆီးခဲ့ရာမှစ၍ ယနေ့တိုင် သင်္ကာမကင်းဖြစ်သူများကို ဆက်လက်ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု မန်စန်ဒေသခံများက ပြောပါသည်။
အဆိုပါ မြန်မာစစ်တပ်၏ပူးပေါင်းစစ်ကြောင်း ဝင်ရောက်မွှေနှောက်နေသော နယ်မြေများသည် သျှမ်းပြည် တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုမရှိသေးသကဲ့သို့သျှမ်းပြည် တပ်မတော်မှ ဝင်ရောက် ပြောဆို ဖြေရှင်းပေးခြင်းလည်းမရှိသေးကြောင်း စိုင်းခမ်းက ဆက်လက်ပြောပြသည်။
၎င်းနှင့်ပတ်သက်၍လည်း သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း မှ အရာရှိတဦးက အဆိုပါ အကြောင်း ကိစ္စမသိရှိရသေး ကြောင်းပြောဆိုခဲ့သည်။
“ ဒီစစ်ကြောင်းတွေကနေ လူတွေလိုက်ဖမ်းနေတာ လွယ်လွယ်နဲ့ရပ်မယ်မထင်ဘူး။ စစ်သားတိုင်းဟာ သျှမ်းစကားကိုမွှတ် နေအောင်ပြောတတ်တယ်။ ရွာသားတွေကို သျှမ်းစစ်တပ်နဲ့ မပတ်သက်စေချင်တဲ့စီမံကိန်း နဲ့ ရှင်းလင်းနေတာဖြစ်နိုင်တယ်။ သူတို့ဖမ်းသွားတဲ့လူတိုင်း ညိုမဲဒဏ်ရာတွေပြည့်နေတယ်လို့ မြင်တဲ့လူတွေက ပြောပြတယ်။ ဒီတိုင်းဆက်လုပ်နေမယ်ဆို ရင်တော့ မကြာခင်ရွာသားတွေ ပြောင်းကြရွှေ့ကြမယ့်အနေအထား မှာရှိတယ်” ဟု ခေတ်ပညာတတ် နမ္မတူလူငယ် တဦး ကလည်းပြောသည်။
ထိုသို့ ခြေလျင်စစ်ကြောင်းများအပြင် စစ်ယာဉ်တန်းဖြင့်လည်း လားရှိုးမှ နမ္မတူဘက်သို့ အင်အားပို့ဆောင် နေကြောင်း ဒေသ ခံများကပြော၏။
အဖမ်းခံရသူ၏ မိဘဆွေမျိုးများက စိုးရိမ်ပူပန်မှုဖြင့် ဒေသတွင်းရှိ နိုင်ငံရေးပါတီများ အုပ်ချုပ်ရေးအာဏာ ပိုင်များမှတဆင့် အကူအညီတောင်းဆိုထားသော်လည်း ဗျူဟာမှူးများက တိုင်းမှလာသောအမိန်ဖြစ်သဖြင့် မတတ်နိုင်ကြောင်းသာ ပြန်ပြော သည်ဟု ဆို၏။
သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် ဦးသိန်းစိန် အစိုးရနှင့် ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်နေ့၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရယူ ထားသည့် အဖွဲ့ဖြစ်ပါသည်။
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်
မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။
Photo:Myanmar President Office
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဟာ ယခင်စစ်အစိုးရ လက်ထက် နောက်ဆုံးသက်တမ်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (၂) ခုကို ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ဝန်ကြီးအဖြစ် ဦးဆောင် လုပ်ကိုင်ခဲ့တာပါ။
အခုလို မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ဖြစ်လာရတာဟာ ဒီဝန်ကြီးဌာနရဲ့ ဘတ်ဂျက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်စလုံးက ကန့်ကွက် ဆွေးနွေးခဲ့တာကြောင့် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်က RFA ကို ရှင်းပြပါတယ်။
" နယကရဲ့ လက်ထက်က အတည်ပြုခဲ့တဲ့ ဘတ်ဂျက်မှာ မပါဘဲနဲ့ ဘတ်ဂျက်မဲ့ သုံးစွဲတာဖြစ်တယ် ဆိုပြီးတော့ အခါမှာ အခြေအတင် ဆွေးနွေးမှုတွေ အလီလီဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နဘူးအိုင် စီမံကိန်းတို့မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လုပ်မဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဋ္ဌာနကလုပ်မဲ့ အစီအစဉ်တွေကို ဗိုလ်ချုပ်ကြီးသိန်းဌေးက ပြည်ထောင်စု လွှတ်တော်ကို တင်ပြတဲ့အခါမှာ လွှတ်တော်အမတ်တွေက ဘယ်ဘတ်ဂျက်နဲ့ သုံးသလဲ၊ အဲဒီလိုမေးခွန်းတွေ မေးတာတို့၊ အဆိုပြုတာတို့ ရှိခဲ့ပါတယ်။ သူတို့ဖြေတာကတော့ဖြင့် သမ္မတရုံးရဲ့ အထူးရန်ပုံငွေထဲက သုံးတယ်ဆိုတဲ့ သဘောပဲ ရှိတဲ့အခါကျတော့ ပြည်ထောင်စုလွှတ်တော် တစ်ခုလုံးကပဲ ဒီဝန်ကြီးဋ္ဌာနကိုဖျက်ဖို့ ကျွန်တော်တို့ ဆွေးနွေး အဆိုပြုခဲ့ကြတာ ရှိပြီးတဲ့နောက်မှာ ဒီဝန်ကြီးဋ္ဌာနရဲ့ ဘတ်ဂျက် အကုန်လုံးကို ဆက်မပေးတော့ဘူး ဆိုတဲ့သဘောနဲ့ ဆွေးနွေးခဲ့ကြတာ ရှိပါတယ်"
တရုတ်နိုင်ငံမှာ စက်မှုဖွံ့ဖြိုးရေး ဆောင်ရွက်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲခဲ့တဲ့ စံနမူနာတွေအတိုင်း လုပ်ဆောင်ဖို့ အခုဖျက်သိမ်းတော့မယ့် မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပြီး ဒီဝန်ကြီးဌာနအတွက် သမ္မတရဲ့ အထူးဘဏ္ဍာငွေထဲက သုံးစွဲနေတာ ဖြစ်ကြောင်း သိရပါတယ်။
RFA Burmese
""အကြမ်းဖက် ရိုဟင်ဂျာလူမျိုး တစ်စုက ရိုတ်သက်မူကြောင့် အတွင်းလူနာအဖြစ် နှစ်လကျော်ကုသခဲ့သော်လည်းသေဆုံး""
မလေးရှားနှိုင်ငံဂျိုဟိုပြည်တွင်နေထိုင်
သောရခိုင် လူမျိုးသုံးဦးကိုအမည်မသိရိုဟင်
ဂျာလူမျိုး တစ်စုက အကြမ်းဖက်ရိုက်သက်
မူကြောင့် နှုစ်ဦးပြင်းထန်စွာဒဏ်ရာရရှိကာ
 တစ်ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။
 ဖြစ်စဉ်မှာ ၆ လ ပိုင်း ၁၁ နေ့ က ""ဂျိုဟိုပြည်ကိုတာသိမ်ဂိမ် မှ"အိမ်မှာနေရင်း ရိုဟင်ဂျာလူတစ်စုက၀င်ရောက်အကြမ်းဖက်သွားကြောင့်သေဆုံးသွားသူ၏
အတူနေ ကိုထွန်းဝင်းက ရွှေမြန်မာမီဒီယာသို့ ယခုလို ပြောသည်။
 ""ပထမတော့ လူနှုစ်ယောက် ကျနော်တို့  အိမ်ကို တခါးလာခေါက်ပါတယ်။ မြန်မာလူမျိုးပါတဲ့ ရခိုင်လိုပြောပြီးတော့အိမ်ထဲမှာစကားပြောချင်ပါတယ်။ ၀င်ပါရစေနော်ဆိုပြီးပြောပါတယ် ။။
ပထမတော့အေးဆေးပြောပါတယ်။
(  သေဆုံးသွားသူ အောင်ဇော်မိုး၏အလောင်း)
(ဓါက်ပုံရွေမြန်မာမီဒီယာ)
စကားတွေ ပြောရင်းနဲ့  တစ်ယောက် ကအိမ်သာသွားချင်တယ်တဲ့ ။တစ်ယောက်
ကျနော်တို့ နဲ့ စကားပြောနေတယ်။
အိမ်သာထဲမှာဖုန်းခေါ်သံတော့ကြားရပါတယ်။သိပ်မကြာပါဘူး။လူအုပ်တစုရောက်လာပြီး.
တုတ်တွေဓါးတွေနဲ့ ရောက်လာကြတယ်။အခန်းထဲကို ရှိတဲ့ လူတွေ အကုန်ဝင်
ရိုက်ပါတယ်။
မင်းတို့  ရခိုင်တွေ ကိုအကုန်အပြတ်ရှင်းမယ်ဆိုပြီးအကုန်ရိုက်သက်ပါတယ်။
သုံး ယောက်ကအပြင်းအထန် ဒဏ်ရာရှိသွားပါတယ်"ဟုကိုထွန်းဝင်းပြောသည်။
အဆိုပါရိုက်နှက်သက်မူကြောင့် သေဆုံးသွားသူမှာ အောင်ဇော်မိုးအသက်၂၄ ဖြစ်ပြီး။
သံတွဲမြို့ နယ် စပါးတန်ကျေးရွာဦးဖြူလှအောင်ရဲ့ သားဖြစ်သည်ဟုသိရသည်.။
အောင်ဇော်မိုးကို  ဂျိုးဟိုးဆေးရုံးကြီးတွင်အတွင်းလူနာအဖြစ် နှုစ်လကျော်ကူးသ
ခဲ့သော်လည်းအတွင်းဒဏ်ရာ ပြင်းထန်းသောကြောင့်၂၄ ရက်နေ့  ညနေတွင်သေဆုံးသွားပြီး ယခုလ၂၉ရက်နေ့ တွင်သဂြိုလ်ခဲ့သည်ဟုသိရသည်။
သွားသည်ဟုသိရသည်။
အဆိုပါပြင်းထင်ဒဏ်ရာရသွားသူနှုစ်ဦးများ မှာ"ပျိုချေ"ဖြစ်ပြီး ဦးကျော်ဖြူရဲ သားဖြစ်သား
ရွေမြန်မာမီဒီယာဂရု
KIA အား လေကြောင်းဖြင့် တိုက်ခိုက်ရန် အစိုးရ ရှေ့တန်း တပ်များက တောင်းဆိုလာ
  -
( KIA ၏ခံကတုတ်များ (ဓါတ်ပုံ KIA)
 Friday 31 August 2012
ထိုးစစ်အတွက် ရှေ့မတိုးသာဖြစ်နေသော အစိုးရ တပ်ဖွဲ့များသည် စစ်ဆင်ရေး အခြေအနေကို ပြောင်းလဲပစ်ရန် လေကြောင်း စစ်ဆင်မှုကိုပါ အသုံးပြုလာဖွယ် ရှိသည်ဟု ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဌာနချုပ်မှ တပ်မှူး တဦးက ရွှေဟင်္သာသတင်း ဌာနကို ပြောကြား ခဲ့ပါသည်။
“ KIA ကလည်း တန်ပြန်နေတယ်လေ။ သူတို့ကတော့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်။ ဒါကိုကျော်လွှားဖို့ ထင်ပါတယ်။ အရေးကြီးတဲ့ ပွိုင့် တွေကိုလေကြောင်းနဲ့ ဗုံးကျဲ ဖို့လိုအပ်တယ်ဆိုပြီး၊ အချင်းချင်း ဆက်သွယ်ရေးစက်နဲ့ အကူအညီတောင်းနေ တယ်။ နေပြည်တော်ကတော့ ဘာအမိန့်ချမလဲတော့ မသိဘူး။ လောလောတော့ငြိမ်နေတယ်။ စောင့်ကြည့်နေတယ်။ ကျနော်တို့ကတော့ အဲဒီအတွက် အစကတည်းက ပြင်ထားပြီးသားပါ ”ဟုဆိုပါသည်။
အထူးသဖြင့် လိုင်ဇာ စစ်မျာက်နှာရှိ KIA တပ်များနေရာယူထားသော တောင်ကုန်းပွိုင့်များကို ဗုံးကြဲဖွယ် ရှိသည်ဟု KIA ဖက် မှခန့်မှန်း ထားပါသည်။ သို့သော် KIA ၏ အစိုးရရှေ့တန်း စစ်တပ်အတွက် ထောက်ပံ့ရေး ရိက္ခာ လမ်းကြောင်းများကို ဖြတ် တောက်သည့် တိုက်ပွဲများကြောင့် ရှေ့တန်း တပ်ဖွဲ့များတွင် ရိက္ခာ ပြသနာဖြစ်ဖွယ် ရှိနေပါသည်။ ဤပြသနာကို အစိုးရဖက်က လေကြောင်းနည်းဖြင့် ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ ချပေးနိုင်ဖွယ်ရှိ နေပါသည်။
KIA သည် ၄င်းတို့၏ တန်ပြန် ထိုးစစ်ကို၊ စခန်းသိမ်း ချေမှုန်းရေး တိုက်ပွဲများ အပါဝင် ပျောက်ကျား စနစ်နှင့်၊ မိုင်းစစ်ဆင်ရေး နည်းလမ်းများကို အသုံးပြုပြီး အစိုးရ တပ်ဖွဲ့များအား ပြန်လည် တိုက်ခိုက်
နေသည်ဟု ဆိုပါသည်။ အထူးသဖြင့် လိုင်ဇာစစ် မျက်နှာ၊၀ိုင်းမော်နှင့် တပ်မဟာ (၅) ဧရိယာ၊ တပ်မဟာ (၃)နှင့် တပ်မဟာ (၄) ဧရိယာ နှင့် ဖါးကန့်နယ်ရှိ KIA တပ်ရင်း (၃) ဧရိယာ၌ နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေပါသည
်။
အစိုးရ တပ်ဖွဲများသည်လည်း KIA တပ်ဖွဲ့များ၏ တန်ပြန်မှုကို တန်ပြန်စစ်ဆင်ရေးဖြင့် တုန့်ပြန်နေသည်ဟုဆိုပါသည်။ ဤ ကဲ့သို့ ပြင်းထန်လာနေသော စစ်ရေးအခြေအနေကြောင့် ကချင် စစ်ပြေး ဒုက္ခသည်များ တိုးလာနေပြီး ယခုဆိုလျှင် ဒုက္ခသည်များ တသိန်းဝန်းကျင်ခန့် ရှိလာနေ ပြီးဟု ဒုက္ခသည်ကော် မီတီ များက ခန့်မှန်းနေပါသည်။ အထူးသဖြင့် ဖါးကန့်ဒေသ၌ ကျေးရွာ (၁၁) ရွာမှ လူထုများ ပြောင်းရွှေ့ပေးရန် အစိုးရ တပ်ဖွဲ့များက ထပ်မံ အမိန့်ပေးထားသည်ဟု ဒေသခံများကဆိုပါ သည်။
ဤကဲ့သို့ KIA နှင့်အစိုးရတို့၏ ရှေ့မတိုးသာ ဖြစ်နေသော ပြသနာကို ၀ိုင်းဝန်း ကူညီဖြေရှင်းပေးရန် အမေရိကန်နိုင်ငံက တ ရုတ်နိုင်ငံအား တောင်းဆိုထားကြောင်း အမေရိကန် အစိုးရ ထုတ်ပြန်ချက်တခု၌ တွေ့ရပါသည်။ ထို့အပြင် ကချင်စစ်ပြေး ဒုက္ခသည်များကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များက အကူအညီပေးနိုင်ရန် တရုတ်နယ်မြေကို အသုံးပြု ခွင့်ပေးရန် လည်းတောင်းဆိုထားပါသည်။
ဤစစ်ပွဲသည်၊ တိုင်းရင်းသားများအပေါ် အစိုးရသဘောထား၏ နောက်ဆက်တွဲပြသနာဟု KIA ကခံယူသလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အကူအညီပေးနေသော နော်ဝေးနိုင်ငံမှ Myanmar Peace Support Initiative (MPSI) ကလည်း မြန်မာ့ငြိမ်းချမ်းရေးသည် အစိုးရမှ KIA အပေါ် ထားရှိသောသဘောထား၌ မူတည်သည်ဟု မှတ်ချက်ပြုခဲ့ပါသည်။
သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန
မိုဘိုင်းဖုန်းမှ Wi-Fi hotspot တည်ဆောက်ပြီး အင်တာနက်ကွန်နက်ရှင် မျှဝေအသုံးပြုခြင်း
အင်တာနက်ရရှိသော မိုဘိုင်းဖုန်းမှ တခြားကွန်ပျူတာ, မိုဘိုင်းဖုန်းနှင့်Tablet များထံသို့ အင်တာနက်
ကွန်နက်ရှင်ကို မျှဝေ အသုံးပြုလို့ ရပါတယ်။ အင်တာနက် ရရှိတဲ့ ဖုန်းကနေပြီးတော့ Wi-Fi hotspot တစ်ခု တည်ဆောက်ပေးလိုက်ရင်တော့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ အရေအတွက် ရှစ်လုံးအထိ အင်တာနက် မျှဝေ အသုံးပြုနိုင်ပါတယ်။ ပထမဦးဆုံး အင်တာနက် ရရှိတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ကွန်နက်ရှင်ကို On ပေးပါ။ Wi-Fi hotspot တစ်ခု တည်ဆောက်မှာဖြစ်တဲ့အတွက်ကြောင့် ဖုန်းရဲ့ Settings ကို ဖွင့်လိုက်ပါ။ Wireless & networks တွေ့ရင်တော့ select လုပ်ပါ။ အင်တာနက် ကွန်နက်ရှင်ကို Share ပေးမှာဖြစ်တဲ့ အတွက်ကြောင့် Tethering & portable hotspot ကို ရွေးပေးပါ။ Portable WLAN
hotspot ကို တွေ့ရင်တော့ check box မှာ အမှန်ခြစ်ပြီး Portable WLAN hotspot settings ထဲသို့ ၀င်လိုက်ပါ။ အခြား devices
များနှင့် ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့် မိမိရဲ့ အင်တာနက် ကွန်နက်ရှင် လုံခြုံစိတ်ချရစေဖို့အတွက် Configure WLAN hotspot ထဲကို ၀င်ပြီး
Security Password ပေးရပါမယ်။ Configure WLAN hotspot ထဲမှာ Network SSID, Security, Passwordဆိုပြီး tabs သုံးခုကို တွေ့ရပါမယ်။
Network SSID မှာ မိမိစိတ်ကြိုက် SSID Name ပေးလို့ ရပါတယ်။ Security ထဲမှာတော့ WPA2 PSK ကို ရွေးပေးလိုက်ပါ။ Password ကတော့ မိမိ
စိတ်ကြိုက်ပေးလို့ ရပြီး အနည်းဆုံး characters အရေအတွက် ရှစ်လုံး အထိ ရိုက်ထည့်ပေးရပါမယ်။ အာလုံးလုပ်ပြီးသွားရင်တော့ Save လုပ်လိုက်ပါ။
တဖက်မှာလည်း အင်တာနက် လက်ခံအသုံးပြုမယ့် မိုဘိုင်းဖုန်းနဲ့ Tablet မှာ WLAN Settings ထဲကို ၀င်ပြီး အင်တာနက် လွှင့်ထားတဲ့ SSID
Name ကို တွေ့တာနဲ့ Password ရိုက်ထည့်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် အသုံးပြုချင်ရင်တော့ ကွန်ပျူတာရဲ့
Control Panel > Network and Internet > Manage Wireless Networks ထဲမှာ အင်တာနက် လွှင့်ထားတဲ့ SSID Name ထဲ ၀င်ပြီး Password
ရိုက်ထည့်ကာ အင်တာနက် အသုံးပြုနိုင်ပါပြီ ခင်ဗျာ။ 
မျိုးဇင်ကို 
Ref : ICT ဂျာနယ်
ဖုန်းငွေဖြည့်ကတ် အွန်လိုင်းမှ ဝယ်နိုင်တော့မည်
မိုဘိုင်းလ်ဖုန်း ကြိုတင်ငွေဖြည့်ကတ်တွေကို စက်တင်ဘာလ ဒုတိယပတ်ကစပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မယ်လို့ သိရတယ်။ ဂျီအက်စ်အမ်နဲ့ စီဒီအမ်အေ 450/800MHz မိုဘိုင်းလ်ဖုန်းတွေအတွက် ကြိုတင်ငွေဖြည့်ကတ်တွေကို
ဝယ်ယူနိုင်မှာပါ။ အွန်လိုင်းက ဝယ်ယူလိုတဲ့သူတွေ အနေနဲ့ http://www.prepaidcard.com.mm/ ကနေတစ်ဆင့် ကိုယ်ဝယ်လိုတဲ့ ကြိုတင်ငွေဖြည့်ကတ်တွေကို ဝယ်ယူနိုင်မှာပါ။ ကြိုတင်ငွေဖြည့်ကတ်ရဲ့ အချက်အလက် နံပါတ်တွေကို ငွေပေးချေပြီးရင် အီးမေးလ်နဲ့ ချက်ချင်းပို့ပေးမှာ ဖြစ်တယ်လို့ သိရတယ်။ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ သုံးနေတဲ့ ကြိုတင် ငွေဖြည့်ကတ်တွေ၊ နိုင်ငံတကာမှာ သုံးနေတဲ့ အိုင်ကျွန်းကတ်တွေကိုပါ ဝက်ဘ်ဆိုက်မှာ ရေးချပေးသွားမယ်လို့ ဝန်ဆောင်မှုကို စီစဉ်နေတဲ့ တာဝန်ရှိသူတစ်ဦးက အီးမေးလ်ကတစ်ဆင့် ပြောပါတယ်။ ငွေပေးချေမှု စနစ်အတွက် Myanpay အွန်လိုင်း ငွေပေးချေမှုစနစ်ကို သုံးထားပြီး အွန်လိုင်းကနေ ဝယ်ယူတဲ့သူတွေ အနေနဲ့ ငွေပေးချေပြီးတာနဲ့ သူတို့ရဲ့ အီးမေးလ်မှာ ကြိုတင်ငွေဖြည့်ကတ်ရဲ့ အချက်အလက်တွေ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကြိုတင်ငွေဖြည့်ကတ်တွေရဲ့ ဈေးနှုန်းကိုလည်း အပြင်ဈေးထက်ပိုပြီး သက်သာအောင် စီစဉ်ထားတယ်လို့ သိရတယ်။ ကြိုတင်ငွေဖြည့်ကတ်ကို အွန်လိုင်းက စရောင်းချပေးမယ့် http://www.prepaidcard.com.mm/ ကို စက်တင်ဘာလ ဒုတိယပတ်ကစပြီး လည်ပတ်မယ်လို့ သိရတယ်။ Myanpay အွန်လိုင်းငွေပေးချေမှုစနစ်နဲ့ ချိတ်ထားတဲ့အတွက် အွန်လိုင်းကနေ ကြိုတင်ငွေဖြည့်ကတ် ဝယ်ယူချင်သူတွေ အနေနဲ့ Myanpay အကောင့်ရှိဖို့ လိုအပ်တယ်လို့ သိရကြောင်း ၂၀၁၂ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
By International Social Network Myanmar
ဒေါ်လာ ၉၀ ဝန်းကျင် တန်ဖိုးရှိသော ကမ္ဘာ့ ဈေးအပေါဆုံး Laptop
ဒေါ်လာ ၉၀ ဝန်းကျင် တန်ဖိုးရှိသော ကမ္ဘာ့ ဈေးအပေါဆုံး Laptop
ကမ္ဘာ့ ဈေးအပေါဆုံး Laptop ကိုစာဖတ်သူအချို့ သိရှိပြီး ဖြစ်မယ် ထင်ပါတယ်။
ယခုနှစ် ဇွန်လ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ မှာ ထုတ်ဖော်ပြသခဲ့ တာ ဖြစ်ပါ တယ်။ ဗြတိန်နိုင်ငံမှ နည်းပညာ ကုမ္မဏီကြီး Allied Computers International မှ ဆင်းရဲသားများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Laptop ဖြစ်ပါတယ်။
ဈေးနှုန်းအားဖြင့် အိန္ဒိယ ရူပီ ၄၉၉၉ တန်ဖိုးပဲ ရှိပါတယ်။ အမေရိကန်ဒေါ်လာ နဲ့တွက်ကြည့်မယ်ဆိုရင် $90 ဝန်းကျင် ရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် ၈သောင်း ဝန်းကျင်ပဲ ရှိမယ်ထင်ပါတယ်။
သို့ပေမယ့် အဲဒီ Laptop တွေမြန်မာပြည်မရောက်နိုင်သေးပါဘူး။ အိန္ဒိယမှာပဲ ရောင်းချတာ ဖြစ်ပါတယ်။
မျက်နှာပြင် - ၁၀.၂လက်မ LED (1024 x 768 resolution)
Memory - 512MB (1.0GB RAM အထိ တိုးမြင့်နိုင်)
Storage - 4GB (32GB အထိ ထပ်မံတိုးမြင့်နိုင်)
အသံထွက်စနစ် -- High Definition Audio
Communication - 10/100 Ethernet Adaptor , Wireless Adaptor , 3G ready (Optional) via USB dongle
Ports - USB 2.0 ၃ ပေါက်
Card Reader - Push Card Reader - MMC / SD - ၁ပေါက်
Imaging Device - Web ကင်မရာ
အရွယ်အစား - 11.0 x 7.25 x 1.0 လက်မ
အလေးချိန် - ၀.၇ ကီလိုဂရမ်
------
ပညာရေးမှာ အသုံးပြုရန် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ အိန္ဒိယကျောင်းသားလူငယ်များတအတွက် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဆော့ဖ်ဝဲထုတ်လုပ်မှုအများဆုံး နိုင်ငံတွေထဲက တစ်ခုအပါ အဝင်ဖြစ်ပါတယ်။ အဓိက ဖောက်သည်များ ဖြစ်တဲ့ အာရှမှာဆိုရင် ဂျပန်နိုင်ငံ၊ ဥရောပမှာဆိုရင် ဗြိတိန် နှင့် အခြား အမေရိက နိုင်ငံများမှ မှာယူမှုကြောင့် ဆော့ဖ်ဝဲများ ထုတ်လုပ်ပေးနေရပါတယ်။
ဒီလို ဆော့ဖ်ဝဲဖန်တီးခြင်း အတတ်ပညာအား လူငယ်တွေကို သင်ကြား ပြုစု ပျိုးထောင်ပေးဖို့အတွက် အခြေခံ လိုအပ်ချက် ဖြစ်တဲ့ ကွန်ပျူတာကို ထောက်ပံ့ပေးရန် လိုအပ်လာပါတယ်။ ဒါကို ရှေးရှုပြီးတော့ ဗြိတိန်အခြေဆိုက် Aci မှ ယခုလို ဈေးပေါပေါ ဖန်တီးပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 
Be Faster 4.2 (အင်တာနက် Connection ကိုမြှင့်ဖို့)
 Be Faster ဆိုတဲ့ နာမည်လေးအတိုင်းပါပဲ ... အင်တာနက် Connection ကိုမြှင့်တင်ပေးတဲ့ Software လေးပါ ... စမ်းသုံးကြည့်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်....:)
Common Features
  • Automatic optimization. All users can easily choose connection type and click optimize button to be faster.
  • Optimization for online/network gaming. This will reduce "ping" timeouts at your connections.
  • It supports all popular connection types: AOL, Opera, IE, Symantec PcAnyWhere, DUN, Dial-up connections, ISDN connections, LAN connections, Cable Modem connections, Wireless connections, T1 or T3 conections, DirecPC (satellite) connections, xDSL connections (ADSL, SDSL, HDSL, VDSL, IDSL), Cable or xDSL that are running PPPoE, Cable or xDSL that are running PPPoA.
  • Super-Ping tool. It prevents connection drops.
  • Ping-Now function. It awakes suspended modems. Sometimes you wait page loading but it is slow. In that cases just use this function instead of refreshing your browser.
  • Multi-language interface. Over 27 languages : Arabic, Bulgarian, Catalan, Chinese-big5, Croatian, Czech, Danish, Dutch, English, French, German, Greek, Hungarian, Italian, Japanese, Latvian, Lithuanian, Polish, Portuguese-Br, Romanian, Russian, Serbian, Slovak, Spanish, Swedish, Turkish, Ukrainian.
  • Live Update property to check new versions or updated help files.
  • Safe mode support. You can optimize your settings in program's safe mode. This will prevent incompabilities.
  • Online help support. You can always check online help or offline help. If you are registered user, our support team will respond you faster.32bit Windows
  • Windows support. It can run on 64bit Windows but natively it is designed for 32bit Windows. It does not support Linux, Macintosh and Windows 3.1.
  • 15 days trial period. After you use 15 days, you must either register (order) this program or delete it from your disk.
ဖားကန့် ပေါက်ကွဲမှု အစိုးရတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးဟုဆို
August 31, 2012
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ပွဲကြောင့် ယမ်းဂိုဒေါင်တခု ပေါက်ကွဲခဲ့ကာ အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀ ကျော် ကျဆုံးသွားကြောင်း KIA မှ အရာရှိတဦးက ပြောသည်။
သြဂုတ်လ ၂၉ ရက်နေ့က ဖားကန့်မြို့နှင့် ၄ မိုင်ခန့်အကွာ စိုင်းဂျာဘုံကျေးရွာ၏ အရှေ့ဘက်ရှိ ဝေအောင်ကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအနီးတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၉ တပ်ရင်းနှင့် KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှတဆင့် ယမ်းဂိုဒေါင်ပေါက်ကွဲကာ ကုမ္ပဏီအဆောက်အအုံကို အကာကွယ်ယူ တိုက်ခိုက်နေသော အစိုးရတပ်များ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“သူတို့တပ်တွေနဲ့ ကျနော်တို့ တပ်တွေက မျက်နှာချင်းဆိုင် သတိအနေအထားနဲ့ တိုက်နေတဲ့အချိန် ကုမ္ပဏီကို အကာကွယ်ယူပြီး သူတို့က တိုက်တယ်။ ကျနော်တို့ ပစ်လိုက်တဲ့ ပစ်မှတ်က ကုမ္ပဏီဘက်ကျပြီး ယမ်းစိမ်းတွေ လှောင်ထားတဲ့ ဂိုဒေါင်ပေါက်ကွဲသွားတော့ အုပ်စုလိုက် ကျကုန်တာ” ဟု KIA တပ်မဟာ ၂ လက်အောက်ခံ ရှေ့တန်း စစ်မြေပြင်မှ ဗိုလ်ကြီး လဒွဲက ဧရာဝတီသို့ ပြောသည်။
ပေါက်ကွဲမှုကြောင့် ကုမ္ပဏီ အဆောက်အအုံများ အားလုံးနှင့် ကျောက်စိမ်းတူး စက်ကိရိယာများ ပျက်စီးကုန်ကြောင်း၊ ထို့အတူ KIA တပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ယမ်းများမှာ ၃ တန်အထက်တွင် ရှိကြောင်း KIA ရှေ့တန်း တပ်ဖွဲ့များက ခန့်မှန်း ပြောဆိုသည်။
သိုလှောင်ထားသော အဆိုပါယမ်းများသည် ကျောက်စိမ်းတူးဖော်ရာတွင် စက်များဖြင့် ဖြိုခွဲ၍ မရသော ကျောက်တုံး ကျောက်ဆောင်များကို ဖောက်ခွဲရန် အတွက် အသုံးပြုသည့် ယမ်းများဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ နောက်တနေ့တွင် KIA တပ်ရင်းတပ်ဖွဲ့များ သွားရောက် စစ်ဆေးရာတွင် အစိုးရတပ်ရင်းမှ ကျဆုံးသွားသော တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၂၀ ကျော်နှင့် ရုရှားနိုင်ငံထုတ် ၇၃ မမ ဒုံးကျည်အခွံများ၊ ပျက်စီးနေသော လက်နက်များတွေ့ရှိခဲ့ရကြောင်း ရုပ်အလောင်းအများစုမှ ပေါက်ကွဲမှုကြောင့် မြေဖုံးလွှမ်းသွားကြောင်း ဗိုလ်ကြီး လဒွဲက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ကုမ္ပဏီအနီးရှိ စိုင်းဂျာဘုံ၊ ဗလခ၊ မြောက်ဖြူ၊ ရှရှော်ခ စသည့် ကျေးရွာများရှိသော်လည်း ထိုကျေးရွာခံများကို ယခုလ ၂၄ ရက်နေ့ မတိုင်ခင်ကတည်းက နှစ်ဖက်တပ်များက သတိပေးထားသဖြင့် ဖားကန့်မြို့ပေါ်သို့ ရွှေ့ပြောင်း ခိုလှုံနေကြသဖြင့် ဒေသခံများ ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။
ပေါက်ကွဲမှုအရှိန်ကြောင့် အနီးရှိကျေးရွာများမှ အိမ်တချို့ ပြိုကျပျက်စီးကုန်ကြောင်း လုံးခင်းကျေးရွာသူတဦးက ပြောသည်။ ထို့အတူ ပြင်ထန်သည့် ပေါက်ကွဲမှု၏ တုန်ခါမှုကြောင့် ဖားကန့်မြို့ပေါ်ရှိ အဆောက်အအုံတချို့မှ မှန်ပြတင်းတခါးများလည်း ပျက်စီးကုန်ကြောင်း မြို့ခံများက ပြောသည်။
ဗလခ ရွာသူတဦးကလည်း “ကျမတို့ ဈေးဆိုင်ပေါ်ကိုလည်း ခဲလုံးတွေကျလို့ ပျက်စီးကုန်တယ်လို့ အစောင့်ကျန်ခဲ့တဲ့ လူတွေက တဆင့်သိရတယ်။ ပြန်တော့ မကြည့်ဖြစ်ဘူး။ ရွာကလူတွေက မြို့ပေါ်ကို အကုန်လုံးလိုလို ထွက်ပြေးလာတော့ လူတွေတော့ ထိခိုက်မှု မရှိပါဘူး” ဟု ပြောသည်။
ပေါက်ကွဲမှု၊ သေဆုံးမှုများနှင့် ပတ်သက်၍ နှစ်ဖက်အတည်ပြုနိုင်ရန် အနီးစပ်ဆုံးဖြစ်သော ဖားကန့်မြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ပေါက်ကွဲမှုကို အတည်ပြုသော်လည်း မြို့တွင်းလုံခြုံရေးကို ဂရုစိုက်နေရသဖြင့် အစိုးရတပ်များ ကျဆုံးမှုကို သိရှိခြင်း မရှိကြောင်း ဖြေကြားသည်။
သို့သော် ပြည်တွင်း အခြေစိုက် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာတွင် အဆိုပါ ပေါက်ကွဲမှုသည် KIA အဖွဲ့များ ထောင်ထားသည့် အတွဲလိုက်ပေါက်ကွဲသော မိုင်းပဒေသာ ပေါက်ကွဲမှုဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုတွင် အစိုးရတပ် ခလရ ၂၆၉ မှ အရာရှိ ၆ ဦးအပါအဝင် စုစုပေါင်း ၄၈ ဦး ကျဆုံးသွားကြောင်း ဗန်းမော်အခြေစိုက် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (စကခ) (၂၁) ကို ကိုးကား၍ ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ ဖားကန့်မြို့နယ် အတွင်းရှိ စိုင်းတောင်၊ လုံးခင်းနှင့် စမား စသည်နေရာများတွင် အခြေချထားသည့် အစိုးရတပ်စခန်းများကို လက်နက်ခဲယမ်းနှင့် တပ်အင်အားများ တိုးချဲ့နေကြောင်း ယခုအခါ နှစ်ဖက် အသင့်အနေအထားတွင် ရှိနေကြောင်း KIA က ပြောသည်။
ယခင်က ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များအနေဖြင့် KIA အပေါ် ယခုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မရှိခဲ့သော်လည်း ယခုလ ၂၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဒေသတွင်းရှိ ဗလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၈ ထောင်ကျော်သည် အိုးအိမ်များကို စွန့်ကာ ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည်။
Copy from - Irrawaddy News
ပြန်ကြားရေး ဒုဝန်ကြီးသစ်ရဲ့ အံထွက်လာတဲ့ စကားများ
ဒု ၀န်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရတဲ့ ပြန်ကြားရေး ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က သတင်းကြေညာ
အပြီး မိနစ်ပိုင်းမှာဘဲ သူ့ကို ရာထူး တဆင့် တိုးပေးလိုက်တဲ့ သမ္မတကြီးကို လေးစားကျေးဇူးတင်ကြောင်း
သူ့ ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ရေးသား ထားပါတယ်။
ဒု ၀န်ကြီးဖြစ်သွားပေမယ့် သူ့ဖေ့စ်ဘုတ် စာမျက်နှာကိုလည်း ဆက်လက်ထားရှိမှာ ဖြစ်ပြီး ဖေ့စ်ဘုတ်က အကြံပြုမှုတွေကိုလည်း ကြိုဆိုနေမယ်လို့ သူက ရေးထားပါတယ်။
သူကတိပေးထားတဲ့ အတိုင်း စောင့်ကြည့်သွားကြရမည်သာဖြစ်ပါကြောင်း။
"ကျွန်တော့်ကို တစ်ဆင့်မြင့်ရာထူးအတွက် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးခဲ့တဲ့ သမ္မတကြီး ကို လေးစား ကျေးဇူး တင်ပါတယ်။
ဒီလို တာဝန်မျိုးကိုထမ်းဆောင်နိုင်အောင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ပျိုးထောင်ပေးခဲ့တဲ့ ဗိုလ်လောင်းဘ၀ကနေ ဒီကနေ့အထိ ကြုံတွေ့ခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာအားလုံးကို ကျေးဇူး တင်ပါတယ်။
နိုင်ငံနဲ့လူမျိုးကိုချစ်တတ်အောင်၊ စာပေလေ့လာဖတ်ရှုလိုစိတ်ရှိအောင် တိုက်တွန်းအားပေးခဲ့သော မိဘ နှစ်ပါးကို ကျေးဇူးတင်ပါတယ်။
ကျွန်တော်ဘာလုပ်လုပ် အမြဲနားလည်ပေးသော ချစ်ဇနီးနဲ့ သမီးများကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော့်ကို ဂုဏ်ယူကြောင်း ဖုန်းဖြင့်၊ message , comment များဖြင့် အကြောင်းကြားခဲ့သော မိတ်ဆွေများကိုလည်း ကျွန်တော့်အပေါ် ထားရှိသည့်ယုံကြည်မှုများအတွက် ကျေးဇူးတင်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဝေဖန်တိုက်ခိုက်ခဲ့သူများကိုလည်း လောကဒဏ်ကိုနားလည်အောင် လုပ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ပြန်ဆက်ဒုညွှန်ချုပ်၊ ညွှန်ချုပ်တာဝန်ထမ်းဆောင်စဉ်ကာလ၊ တပ်မတော်အတွင်းတာဝန်ထမ်းဆောင်စဉ် ကာလတွင် ကျွန်တော်နှင့်လက်တွဲခဲ့သော လက်အောက်ဝန်ထမ်းများကိုလည်း သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်။ သူတို့သာမရှိရင် ကျွန်တော်လည်း ဒီနေရာမှာ ရှိနေမှာမဟုတ်ပါဘူး။
ဒီလိုပဲ လက်တွဲလုပ်ဆောင်ခဲ့သော ရဲဘော်ရဲဘက်များကိုလည်း ကျေးဇူးတင်ပါ တယ်။ သူတို့ရဲ့ ပူးပေါင်း ကူညီမှုများသာမရှိရင် ကျွန်တော်အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့မှာမဟုတ်ပါဘူး။
ရာထူးတိုးမြှင့်ခံရခြင်းသည် အခွင့်အရေးကို တိုးမြှင့်ခံစားရန်မဟုတ်ဘဲ တာဝန်ကို ပိုမိုထမ်းဆောင်ရန် ဖြစ် သည်ဟု ခံယူပါတယ်။
ဒါ့ကြောင့် သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ပါဝင်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါတယ်။
မိတ်ဆွေများ၊ သံသယရှိနေဆဲသူများအားလုံးနှင့် ပူးပေါင်းပြီး နိုင်ငံနှင့်လူမျိုးအတွက် ကြိုးစားဆောင်ရွက် သွားပါမယ်။
ကျွန်တော့် FB ကိုလည်း ဆက်ထားပါတယ်။ အကြံပေးလိုသူများ၊ ဝေဖန်လိုသူများ ဒီနေရာ ကနေ စောင့်ကြည့်ပြုပြင်ပေးသွားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။" လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။
By Irrawaddy
သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ထိုင်းနိုင်ငံ အာဏာသိမ်းမှုအကြောင်း ဖော်ပြလာ
လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအကြား အငြင်းပွားမှု ပြင်းထန်နေချိန်တွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ထိုင်းနိုင်ငံ အာဏာသိမ်းမှုအကြောင်း ဖော်ပြလာ
လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးအကြား အငြင်းပွားမှု ပြင်းထန်နေချိန်တွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ထိုင်းနိုင်ငံ အာဏာသိမ်းမှုအကြောင်း ဖော်ပြလာသည်ကို တွေ့ရှိရပါသည်။
သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ၎င်း၏ Facebook စာမျက်နှာတွင် "၀ီကီပီးဒီးယားက ထိုင်းနိုင်ငံရေး သမိုင်းကြောင်းပါ" ဟူသည့် ခေါင်းစဉ်ဖြင့် "မြန်မာနိုင်ငံနဲ့ ရေမြေဆက်စပ်နေတဲ့ နိုင်ငံပါ။ ထိုင်း ဒီမိုကရေစီဟာ အာဏာသိမ်းမှုပေါင်း ဂဏန်းနှစ်လုံးရှိပါတယ်။ ရွေးလိုက်-ဖြုတ်ချလိုက်-သိမ်းလိုက်-ရွေးလိုက် သံသရာလည်ခဲ့တာပါ။ ဒီလို လည်နေရင်းနဲ့ပဲ ထိုင်းဒီမိုကရေစီ ရင့်ကျက်လာတယ်လို့ ဆိုပါတယ်"ဟု ရေးသားထားကာ ထိုင်းနိုင်ငံ၏ အာဏာသိမ်းမှုဖြစ်စဉ်များ ပါဝင်သည့် ၀ီကီပီးဒီးယား၏ ဖော်ပြချက်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
ဖားကန် အနီးမိုင်းထိ၍ မြန်မာ့ တပ်မတော် အရာရှိ ၆ ဦးပါဝင် ၄၈ ဦးကျဆုံး
ရန်ကုန် ဩဂုတ် ၃၁
အစိုးရတပ်ဖွဲ များနှင့်ကေအိုင်အေတို့တိုက်ပွဲ များဖြစ်ပွါးနေသော မြန်မာနိုင်ငံမြောက်ပိုင်းကချင်
ပြည်နယ် ဖားကန့် နယ်မြေအနီးတွင် မြန်မာ့တပ်မတော် ခလရ (၂၆၉) တပ်ရင်းသည်ဩဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အေ များခိုအောင်းနေထိုင်နေသည် ကျေးရွာ ကိုဝင်ရောက်ရှင်းလင်းရာ ကေအိုင်အေ တို့ထောင်ထား သည် မိုင်းပဒေ သာအတွဲလိုက် ထိမှန်ပြီးအရာရှိ ၆ ဦးနှင့် အခြားအဆင့် တပ်သားစုစုပေါင်း ၄၂ ဦး စုစုပေါင်း ၄၈ ဦးကျဆုံးသွားကြောင်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ် မှတစ်ဆင့်သတင်းများရရှိ သည်။
The Voice Weekly
အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အကြီးအကဲ စစ်တွေ သို့ရောက်ရှိ
ရန်ကုန် သြဂုတ် ၃၁
အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနမှ အကြီးကဲဖြစ်သူ (Mr.Arifin Muh Hadi ) မစ္စတာ အာရီမူဟာဒီ နှင့် အဖွဲ့ သည် သြဂုတ်လ ၃၀ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေပြီး ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာလျှက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။
“ဘင်္ဂါလီ ဒုက္ခသည် စခန်းတွေကို အရင် သွားတယ်။ပြီးမှ ရခိုင်ဒုက္ခသည် စခန်းတွေကို သွားမယ်လို့ ပြောတယ်“ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်း ပြန်ကြားရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
အဆိုပါ(Mr.Arifin Muh Hadi ) မစ္စတာ အာရီမူဟာဒီ နှင့် အဖွဲ့သည် စစ်တွေမြို့ရှိဒုက္ခသည်များ၏  ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများအတွက် ပြည်နယ် ကျန်းမာရေး တာဝန် ရှိသူများနှင့်ပါ  တွေ့ဆုံရန် ရှိကြောင်း ၄င်း ကဆိုသည်။
"၂ ရက် ၃ ရက် ကြာမယ်လို့တော့ပြောတယ်။ ပြန်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးဘူး။ လောလောဆယ်တော့ Camp တွေအတွင် လိုအပ်တာတွေထောက်ပံ့ဖို့လုပ်နြေ
ကပါတယ်။“ဟု ၄င်းက ရှင်းပြသည်။
သြဂုတ်(31)ရက်နေ့ဘလော့ဂါဒေးအမှတ်တရ(ဘလော့ဂါ(စာရေးသူအားလုံးကိုဂုဏ်ပြုလိုက်ပါတယ်)
အားလုံးမင်္ဂလာပါရှင့်
သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးအမှတ်တရအနေနဲ့
ဘလော့ဂါအားလုံးကိုလေးစားမိပါတယ်။
ဘလော့ဂါဒေးဆိုတာဘာလည်း
တကယ်တော့ကျွန်မလည်းအရင်ကမသိခဲ့ပါဘူး။
စာရေးဖန်များလာ
စာဖတ်ဖန်များလာတဲ့အခါ
ဘလော့ဂါဆိုတာဘာလည်းသိလာပါတယ်
ဘလော့ဂါဆိုတာစာရေးသူများကိုဆိုလိုတာပါ
ကဗျာပဲရေးရေး၊သုတပဲရေးရေး၊ဆောင်းပါးပဲရေးရေး
စာရေးသူတိုင်းအားလုံးကဘလော့ဂါတွေပါပဲ။
ဘလော့ဂါတိုင်း(စာရေးသူတိုင်း)စိတ်ထဲမှာ
ရည်ရွယ်ချက်ကတော့တူညီပါလိမ့်မယ်။
စာဖတ်သူများကို ပညာတခုခု၊အသိတခုခု၊ရသတခုခုပေးဖို့ရေးကြခြင်းဖြစ်ပါတယ်။
ဘလော့ဂါတိုင်းအားလုံးလိုလို
ကိုယ့်ရဲ့အသိပညာ၊ ဗဟုသုတ၊အတွေ့အကြုံ၊ စိတ်ခံစားချက်ကို
ဘလော့ဂ်ပေါ်မှာမျှဝေကြသူတွေပါ။
စာရေးသူတွေကစာမရေးရရင်ကိုမနေနိုင်သူတွေပါ
ဘယ်လောက်ကွန်နက်ရှင်ကျကျ
ဘယ်လိုပဲဖြစ်နေဖြစ်နေစာအလွန်ရေးချင်သူတွေပါ
ဝေဖန်ဒဏ်လည်းခံရလည်းပျော်ပျော်ပဲ
ကိုယ်မသိလို့ပြောတာပဲလေ.ပိုကြိုးစားလိုက်မယ်
ဒီလိုစိတ်လေးနဲပေါ့
အားပေးစကားများကလည်း အားဆေးတခွက်ပါပဲ
စာရေးသူများအတွက်တော့
(စာရေးသူတိုင်းအတွက်ကော်မက်တခုကအားဆေးတခွက်ပါပဲ)
ကိုယ်ရေးတဲ့စာတွေ သူတစ်ပါးကို မထိခိုက်စေချင်သလို
စိတ်ညစ်တာတွေလည်း မကူးစက်ချင်သူပါ
စာဖတ်သူတွေ ဘလော့တွေဖန်တီးပေးနေရတာကိုကျေနပ်နေသူတွေပါ။
ဤစာဖြင့်ဒီနေ့
သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးမှာ
Forverfriendsတွင်းရှိစာရေးသူ ဘလော့ဂါအားလုံးကိုဂုဏ်ပြုလိုက်ပါတယ်။
စာပေအကျိုးဆထက်တိုးလို့ထမ်းရွတ်နိုင်ပါစေ။